Friday, November 30, 2012

စစ်အာဏာရှင် (သို့) အသုံးချလွှတ်တော်

(ရွှေဟင်္သာသတင်းဌာန)


ဤလွှတ်တော်ကို စဖွဲ့ရတဲ့ ရည်ရွယ်ကိုက ဆူနာမီသေဆုံးမှုမှ နဲ့ထောက်ခံ ခဲ့ရပါတယ်။ အစ မကောင်းခဲ့တဲ့ အပြင် အခုလည်း ကြေးနီတောင်ပွဲ ဦးထွက် ဘီလူးဇာတ်က လွှတ်တော်က အတည်ပြုပေးခဲ့တယ် မဟုတ်လား။

ဘောလီဘောနည်း အရ ပြောရရင် ကိုယ့်ဟာကို ထောင်လိုက်တဲ့ ဘောလုံးကို ကိုယ့်ဟာကို ခုတ်ပေါ့။ နာမည်ကောင်းကို တုချင်တဲ့ ဘီလူး အခုတော့ အရူးဇာတ်ပေါ်လို့ ထုတ်တန်ထုတ် ဖြုတ်တန်ဖြုတ်တဲ့ ကြေညာချက် တွေနဲ့ဖြစ်နေပြီး မဟုတ်လား။ မတူရင်မတုပါနဲ့ မောင်ကာလုရယ် အယောင်အဆောင်တွေက ခေတ်မရှိတော့ပါဘူး။ 


“ဒဏ်ရာတွေကို ဖုံးဖိထားလို့ မရဘူး”

(ဧရာဝတီ)


ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း (ဓာတ်ပုံ – DVB)

နိုဝင်ဘာလ၂၉ ရက်နေ့ မနက် ၃ နာရီမှာ မုံရွာမြို့နယ် လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း သပိတ်ကို အစိုးရ လုံခြုံရေး ရဲ တပ်ဖွဲ့က အင်အားသုံးဖြိုခွဲခဲ့ပါတယ်။ သပိတ်တိုက်ပွဲ ဆင်နွှဲနေတဲ့ ရဟန်းရှင်လူ ၁၀၀ ကျော် မီးလောင် ဒဏ်ရာတွေ အပြင်းအထန် ရခဲ့ပါတယ်။ သမ္မတရုံးက ဓာတုဆေးဝါးပါဝင်တဲ့ဗုံးကို အသုံးမပြုခဲ့ဘူးလို့ (တရားမဝင် ဖေ့စ်ဘွတ်ကတဆင့်) ဆိုပေမယ့် ဒဏ်ရာရသူတွေနဲ့ မျက်မြင်အရပ်ဘက် သတင်းတွေ၊ မုံရွာဆေးရုံ သတင်းရပ်ကွက်တွေကတော့ ဒါဟာ လူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ လောင်ကြွမ်းစေတဲ့ ဓာတုဆေးရည်ပါတဲ့ မီးလောင်ဗုံးတွေ ဖြစ်နိုင်တယ်လို့ သံသယရှိနေပါတယ်။

Thursday, November 29, 2012

တပ်မတော်(ကြည်း) တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်များရဲ့ဘ၀ - အပိုင်း (၆)

(စည်းလုံးခြင်းရဲ့အင်အား)

ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၄၃၅) ခြေမြန်တပ်ရင်း၏ ဂိတ်ဝ

ဒီတစ်ပတ်မှာတော့ စည်းလုံးခြင်းအင်အား ၀က်ဘ်ဆိုက်ဒ်မှာ တင်ပြပေးခဲ့တဲ့ အောက်ခြေတပ်ရင်း၊ တပ်ဖွဲ့များရဲ့ အရာရှိ/စစ်သည်များ စားဝတ်နေရေးတွေ ယနေ့အချိန်ထိ ဘာကြောင့် မပြေလည်နိုင်တာလဲဆိုတာကို တပ်ရင်းတစ်ခုနှင့်တစ်ခု နှိုင်းယှဉ်သုံးသပ်ချက်တွေနှင့်အတူ မေးမြန်ဆွေးနွေးခန်းကဏ္ဍအနေနဲ့ တင်ပြနေပါတယ်။

မေး။    ။ ဗိုလ်မှူးရေ၊ ကက(ပံ့) လက်အောက်ခံတပ်ရင်းနဲ့ ရိုးရိုးခြေလျင်တပ်ရင်းတို့ ကွာခြားချက်ရှိတယ်ဆိုတာ တော်ရုံလူတော့ ခန့်မှန်းတတ်ပါတယ်။ ဒါပေမဲ့ ချမ်းသာပါတယ်ဆိုတဲ့ တပ်တွေကရော အဲဒီတပ်တွေမှာရှိတဲ့ စစ်သည်တွေဟာ အပျံစားနေနိုင်တယ်လို့ ဆိုနိုင်မလား။

အကြံအဖန် ဂွင်လုပ်လို့ရတဲ့ ထောက်/ပို့တပ်တွေရဲ့ စရိုက်

(စည်းလုံးခြင်းရဲ့အင်အား)

ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ်ရင်းတစ်ရင်းရှိ အရာရှိငယ်များအား တပ်ရင်းမှူးမှ လိုအပ်သည်များ မှာကြားနေစဉ်

ထောက်ပံ့ပို့ဆောင်ရေးတပ်တွေဟာ အနည်းနဲ့အများဆိုသလို တပ်မတော်ရိက္ခာအင်အား ဖြည့်တင်းမှုအပေါ် မူတည်ပြီး အကြံအဖန် ဂွင်လုပ်လို့ရတယ်လို့ သိရှိရပါတယ်။ ရှေ့တန်းရိက္ခာပို့ရရင် ရိက္ခာပို့တဲ့ ထောက်ပံ့ရေးတပ်က လူတွေရော၊ ရိက္ခာဂိုဒေါင်က လူတွေရော တရားမ၀င် ၀င်ငွေ အများကြီးရပါတယ်။ တောင်ငူ အခြေစိုက် အမှတ် (၉၃၀) ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်ဆိုရင် ကရင်ပြည်နယ်၊ ဘောဆာကြီးကို မကြာခဏ ရိက္ခာပို့ရပါတယ်။ ရိက္ခာပို့တဲ့ လမ်းကြောင်းအနေနဲ့ ကုန်းကြောင်းက တိုက်ရိုက်သွားပို့တဲ့ လမ်းကြောင်းနဲ့ လေကြောင်းက ခရီးတစ်ဝက်ပို့ပြီး ကျန်တဲ့ခရီးကို ယာဉ်တန်းနဲ့ ပို့ရတာမျိုးလည်း ရှိပါတယ်။ ရိက္ခာယာဉ်တန်း တစ်တန်းဆိုရင် ကားကြီး (၂၀) လောက် ပါဝင်ပြီး စည်သွပ်ဘူးနဲ့ ဆန်အိတ်တွေ ပါရှိပါတယ်။ ကားတစ်စီးကို စည်သွပ်ဘူးဖာ (၆၀) ကျော် တင်လို့ရပေမဲ့ ကားပေါ်မှာ (၄၀) ကျော်လောက်ပဲ တင်ပေးပြီး (၂၀) ကျော်လောက်ကို ထောက်/ပို့တပ်တွေက ဖြတ်ယူထားပါတယ်။ ဆန်အိတ်ဆိုရင်လည်း ကားတစ်စီးကို (၅၀) ကျော်လောက် တင်လို့ရပေမဲ့ (၁၀) အိတ်ကျော်လောက်က ထောက်/ပို့တပ်တွေက ဖြတ်ယူထားပါတယ်။ ဒါကြောင့် ရှေ့တန်း ရိက္ခာထောက်ပံ့ရေး စစ်သည်တွေအားလုံးလိုလိုဟာ ၀င်ငွေကောင်းကြပါတယ်။

ပြည်သူတွေကို ကာကွယ်ပါ

(Dr. Lun Swe Blog)


ဒေါ်အောင်ဆန်းစုကြည် လူထုကို ကယ်တင်ဖို့ အချိန်ကျပါပြီ။

လက်ပံတောင်းမှာ ပြည်သူလူထုတွေ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ။ ဦးသိန်းစိန်အစိုးရက အစွယ်ထုတ်ပြဖို့ ပြင်နေပြီ။ မင်းသားခေါင်း ချွတ်ပြီး ဘီလူးက ကဖို့ ပြင်နေပါပြီ။

တချို့ကို အခု ဖမ်းပြီးနေပြီ။ ရဲစခန်းရောက်အောင် ပုဒ်မ ၁၈ နဲ့ လိမ်ခေါ်ပြီး ရဲစခန်းရောက်တော့မှ ပုဒ်မပြောင်းတပ်ပြီး တရားစွဲလိုက်ပြီ။ ညစ်တဲ့ ယုတ်တဲ့နေရာမှာ အရင်အစိုးရနဲ့ ဘာမှ မကွာသေးတာ၊ ဘာမှ မပြောင်းလဲသေးတာကို ထင်ထင်ရှားရှား တွေ့နေရပြီ။ အများပြည်သူတွေဘက်က အလျှော့ပေးလိုက်ရရင် အဲဒီလူတွေကို ထောင်ချမှာ သေချာနေပြီ။
လက်ပံတောင်းမှာ အခုသံဃာတွေကို တုတ်နဲ့ ဒိုင်းနဲ့ ဝိုင်းထားကြပြီ။ ကျနော်တို့က အရိုက်ခံရဖူး၊ အဝိုင်းခံရဖူးတဲ့သူတွေဆိုတော့ သွေးနံ့ရနေတယ်။ မယုံမရှိပါနဲ့။ ဦးသိန်းစိန်ဟာ စစ်အာဏာရှင်ပါ။ အရင်စစ်အာဏာရှင်နဲ့ အခုစစ်အာဏာရှင်ဟာ မင်းသားခေါင်းဆောင်းထားတာက လွဲပြီး ဘာမှ မကွဲပါ။ သူတို့လုပ်မှာပါ။ လုပ်ဖို့ ပြင်နေတာပါ။ သူတို့ဘက်က နာမည်ပျက်သက်သာလိုသက်သာငြား တတ်နိုင်သမျှ သိက္ခာထိန်းနိုင်အောင် အချိန်ဆွဲနေတာပါ။ နိုင်ငံတကာမှာ ဦးသိန်းစိန် သူတော်ကောင်းကြီး၊ ငြိမ်းချမ်းရေးသမားကြီး၊ ကယ်တင်ရှင်ကြီးဆိုပြီး နာမည်ကောင်းယူနေတာကို အမည်းကွက် မထင်အောင် တတ်နိုင်သမျှ အချိန်ဆွဲပြီး ထိန်းနေတာပါ။ ဒါပေမယ့် စစ်အာဏာရှင်ဟာ စစ်အာဏာရှင်ပဲမို့ သူတို့ဦးပိုင်ရဲ့ စီးပွားဥစ္စာကို အထိခံမှာ မဟုတ်ပါဘူး။ သူတို့ ချေမှုန်းမှာပါ။ ဖမ်းဆီးမှာပါ။ ရိုက်နှက်မှာပါ။

လက်ပံတောင်းမှာ နောက်ပြန်လှည့်ပြီလား



လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး သပိတ်မှောက် ဆန္ဒပြသူများကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ မုံရွာခရိုင် ရဲတပ်ဖွဲ့က ညဥ့်သန်းခေါင်ကျော်အချိန် အင်အားသုံး နှိမ်နင်းသောကြောင့် သံဃာတော်များ အပါအဝင် ပြည်သူ ၇၀ ကျော် ဒဏ်ရာ အနာတရ ခံစားကြရသည်။

အစိုးရ၏ ထုတ်ပြန်ကြေညာချက်တွင် “နိုင်ငံတကာက အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများနှင့် မီးခိုးဗုံးများကိုသာ အသုံးပြုခဲ့ပြီး အင်အား အလွန်အကျွံ သုံးစွဲ ဆောင်ရွက်ခဲ့ခြင်းမရှိ” ဟု ဆိုသော်လည်း ပြန်လည် ခုခံခြင်းမရှိသည့် လက်နက်မဲ့ ပြည်သူလူထုကို ညဥ့်သန်းခေါင်ကျော် အိပ်မောကျချိန်တွင် အင်အားသုံး အကြမ်းဖက် နှိမ်နင်းခြင်း ဖြစ်သောကြောင့် အလွန် အရုပ်ဆိုးသည့် လုပ်ရပ်ဖြစ်သည်။
ထိုကဲ့သို့သော နှိမ်နင်းမှုမျိုးမှာ စစ်မြေပြင်တွင် တဖက်ရန်သူကို အငိုက်ဖမ်း တိုက်ခိုက်မှုမျိုး ဖြစ်သောကြောင့် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နေသည်ဟူသော အရပ်သားအမည်ခံ အစိုးရတရပ်၏ လုပ်ဆောင်ချက်အဖြစ် မြင်တွေ့ရသည့်အခါမူ ပြုပြင်ပြောင်းလဲမှုများနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်မည်ဟူသော ကတိကဝတ်များ ဂငယ်ကွေ့ ပြန်ကွေ့တော့မည်လားဟု မေးစရာ ရှိနေသည်။

လက်ပံတောင်း အင်အားသုံး ဖြိုခွင်းမှုကို ဒီလိုမြင်ကြတယ်

(ဧရာဝတီ)


ဦးဝီရသူ (မစိုးရိမ် တိုက်သစ်ဆရာတော်)
လုံးဝ မကျေနပ်ဘူး။ လုံးဝ သည်းမခံနိုင်ဘူး။ ဦးဇင်းတို့က သံဃာတွေကို အဲဒီကို ပို့ထားတယ်ဆိုတာ ပြည်သူလူထုကလည်း ၀မ်ပေါင်ကုမ္ပဏီကို အကြမ်းမဖက်အောင်၊ အစိုးရကလည်းပဲ ပြည်သူလူထုကို အကြမ်းမဖက်အောင် စောင့်ရှောက်တဲ့အနေနဲ့ ပို့ထားတာလေ။ စောင့်ရှောက်နေတဲ့ သံဃာတွေကို ရန်သူစခန်းတခုကို ဖြိုခွင်းသလို အဲဒီလို မီးလောင်ဗုံးတွေ၊ မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ်ပြီးတော့ အဲလိုလုပ်တော့ သံဃာတွေ အကုန်လုံးက ဒုက္ခသုက္ခတွေ ဖြစ်ကုန်တယ်။ ငြိမ်းချမ်းရေးအတွက်လာပြီး စောင့်ရှောက်နေတဲ့ သံဃာတွေကို ဒီလို ဖြိုခွင်းတာနဲ့ ပတ်သက်ပြီးတော့ ဦးဇင်းတို့ မန္တလေး သံဃာထုတင်မကဘူး။ မြန်မာတနိုင်ငံလုံးရှိတဲ့ သံဃာထုကလည်း ၀ိုင်းဝန်းရှုံ့ချပြီးတော့ ထိရောက်တဲ့ တုံ့ပြန်မှုတွေနဲ့ တုံ့ပြန်သွားဖို့ ဦးဇင်းတို့ စီစဉ်နေပါတယ်။ ဒီလက်ချက်က ဘယ်သူလက်ချက်လဲဆိုတာ ဦးဇင်းတို့ စောင့်ကြည့်နေပါတယ်။ အဖြေအတိအကျ သိပြီဆိုရင် ဦးဇင်းတို့ ထိထိရောက်ရောက် တုံြ့ပန်သွားမယ်။ ဦးဇင်းတို့ ဆက်ပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။

ပျက်စီးနေသော တရားစီရင်ရေးနှင့် ချည့်နဲ့နေသော မဏ္ဍိုင်များ

(ဧရာဝတီ)


မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးသမိုင်းဟာ ၁၉၄၈ မတိုင်မီက မြန်မာနိုင်ငံမှာ High Court သာရှိပြီး အယူခံကိုတော့ အိန္ဒိယနဲ့ အင်္ဂလန်ကိုသွားရတယ်။ အဆင့်အနေနဲ့တော့ နိမ့်တာပေါ့။ ၁၉၄၈ လွတ်လပ်ရေးရပြီးတော့ မြန်မာတရားစီရင်ရေးက Common Law Family ထဲမှာပါပြီး တရားစီရင်ရေးဆိုင်ရာ ဥပဒေအခြေခံ မူသဘောတရားတွေ (Legal Principles) နဲ့အညီ ဆောင်ရွက်ခဲ့ကြတယ်။ ဟိုခေတ်က ဥပဒေပညာသင်တဲ့ သူတွေကလည်းများတော့ တတ်ကျွမ်းကြတယ်။ လူအများစုကလည်း တရားစီရင်ရေးအပေါ် လေးစားကြတယ်။ အုပ်ချုပ်ရေးပိုင်းက မတရားဆောင်ရွက်တာတွေကို တရားစီရင်ရေးက ကြပ်မတ် ထိန်းသိမ်းပေးရတယ်။

၁၉၆၂ တော်လှန်ရေးကောင်စီ တက်တော့ အခြေအနေက တဖြည်းဖြည်း လျော့လျဲလာတယ်။ ဒါပေမယ့် တရားစီရင်ရေးကို အာဏာရှင်ကြီး ဦးနေဝင်း ကျော်လို့မရခဲ့ဘူး။ အဲဒီလို ကျော်လို့မရတဲ့အတွက် ဖျက်ဆီးပစ်လိုက်ပါတယ်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥဒေအသစ် ရေးဆွဲတယ်။ ပြီးတော့ ပြည်သူ့တရားစီရင်ရေးဆိုပြီး ဥပဒေက မည်သို့ပင်ဆိုစေကာမူဆိုတဲ့ သဘောတရားနဲ့ နင်းချေခဲ့ပါတယ်။

Friday, November 16, 2012

စစ်တပ်ကိုယ်စားလှယ်တွေ ပူးပေါင်းမှသာ ဒီမိုကရေစီ ပန်းတိုင် ရောက်မည်


2012-11-15 (RFA)
လွှတ်တော်တွင်းမှာ ကိုယ်စားပြုနေတဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက မိမိတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိမှသာ အကြမ်းမဖက်လမ်းစဉ်နဲ့ ဒီမိုကရေစီပန်းတိုင်ကို ရောက်နိုင်မယ့် တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ် တတိယနေ့မှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ အိန္ဒိယမီဒီယာ CNN-IBN နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အင်္ဂလိပ်ဘာသာနဲ့ ပြောဆိုခဲ့ရာမှာ အခုလို ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဒီမိုကရေစီ သမ္မတအပေါ် စစ်တပ်၏ ရိုသေမှု

(ရွှေဟင်္သာသတင်းဌာန)


ဒီမိုကရေစီ ခိုင်မာတဲ့ နိုင်ငံတွေမှာ အရပ်သား သမ္မတကို ၄င်းတို့ရဲ့ တပ်မတော်က ဘယ်လောက်အထိ အလေးထား စောင့်ရှောက် ကာကွယ်လေ့ ရှိတယ် ဆိုတာ နမူနာ ယူနိုင်စေဖို့နဲ့ လူတချို့ထင်သလို အိုဘာမား ခရီးစဉ်က လုံခြုံရေး အစီအစဉ်ဟာ မြန်မာနိုင်ငံဖြစ် (လုံခြုံရေးစိတ်မချ) တဲ့အတွက် လုံခြုံရေး အဲဒီလောက်အထိ လုပ်ပြီး ကိန်းကြီး ခန်းကြီး နိုင်တယ်ဆိုတာ မဟုတ်ကြောင်း သက်သေပြတဲ့ အနေနဲ့ပါ..။ 

သမ္မတကြီး ဦးသိန်းစိန် အမေရိကန် ခရီးစဉ်က ပြန်လာလို့ ကြိုဆိုတဲ့ အချိန်မှာ လုံခြုံရေး တာဝန်ယူထားတဲ့ ရဲတပ်သားရဲ့ အပေါ် လက်ပြတ် ကျည်ကာ အကျီ အောက်က ဘောလုံးကန် အင်္ကျီကို မြင်ခဲ့သဖြင့် လည်းကောင်း၊ တပ်မတော် အငွေ့အသက် လုံးဝမရှိသော လုံခြုံရေးကို မြင်သဖြင့် ယခုပို့စ်ကို ဖော်ပြခြင်း ဖြစ်ပါတယ်။
---------------------------------------------------------------------------------------------------------
ပြီးခဲ့တဲ့ ၂၀၁၁ မေလထဲက အိုဘားမား ဇနီးမောင်နှံနဲ့ အဖွဲ့ အင်္ဂလန်ကို လာလည်တော့လဲ လုံခြုံရေးစနစ် များလွန်းလို့ အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမော ဖြစ်ကုန်ပါတယ်။

အစိုးရအသုံးစရိတ် တိုးတောင်း၍ ဘတ်ဂျက်လိုငွေ ကျပ် ၂ ထရီလီယံအထိ မြင့်တက်

(ဧရာဝတီသတင်းဌာန)


ပြည်ထောင်စုအစိုးရက  ယခုဘဏ္ဍာနှစ်အတွက် အစိုးရအသုံးစရိတ်ကို ငွေကျပ် ဘီလီယံ ၄၃၀ ကျော် ပြည်ထောင်စု လွှတ်တော်ထံသို့ တင်ပြတောင်းခံလာသဖြင့် နိုင်ငံ၏ ဘတ်ဂျက်လိုငွေပြမှုမှာ ကျပ်ငွေ ၂ ထရီလီယံကျော်အထိ မြင့်တက်လာကြောင်း သတင်းရရှိသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် အစိုးရအသုံးစရိတ်အဖြစ် ပြည်ထောင်စုလွှတ်တော်က  ကျပ်သန်းပေါင်း ၁၂,၄၈၃,၅၆၀ ခွင့်ပြုထားပြီး ဖြစ်သော်လည်း အစိုးရက လုံလောက်မှု မရှိသဖြင့်ကျပ်ငွေ ဘီလီယံ ၄၃၀ ဒသမ ၃၉၅ ဘီလီယံ တိုးမြှင့်တောင်းခံလာခြင်းဖြစ်သည်ဟု သိရှိရသည်။

Thursday, November 15, 2012

တစ်သက်လုံး မလုံခဲ့တဲ့ ခေါင်းမိုးအတွက် တံစက်မြိတ်ကို ယိုးမယ်ဖွဲ့မယ့် စာရင်းစစ်နည်း

တူမောင်ညို ။၂၀၁၂  နိုဝင်ဘာ ၁၅

စာရင်းစစ်လောကမှာ “ ဘုရားသခင်ကလွဲရင် အားလုံးကို စာရင်းစစ်မယ်” ဆိုတဲ့ ပြောရိုးတစ်ခုကြားဖူးတယ်။

(ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရအတွက်တော့  အဆိုပါပြောရိုးစကားမှာ “ဘုရားသခင်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကလွဲရင် အားလုံး ကို စာရင်းစစ်မယ်” ဆိုပြီး ဖြည့်စွက်ရလိမ့်မယ်ထင်တယ်။


 ပဉ္စအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး(ပဉ္စမနေ့)  မှာ စာရင်းစစ်ချုပ် ဦးသိန်းထိုက်က
“ပြည်ထောင်စုအစိုးရဌာန အဖွဲ့အစည်းများရဲ့ ၂၀၁၁ – ၂၀၁၂ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံး ဆိုင်ရာစစ် ဆေးခြင်းနှင့်စပ်လျဉ်း၍ အရေးကြီးသည့် စစ်ဆေး တွေ့ရှိချက်များ”

အလွဲသုံးစား ပြည်သူ့ဘဏ္ဍာများ ပြန်မပေးလျှင် ၀န်ကြီးဌာနများ တရားစွဲခံရမည်

(ဧရာဝတီသတင်းဌာန)


ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသော ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အစီရင်ခံစာမှာ သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထားသည် (ဓာတ်ပုံ – ဧရာဝတီ)

အစိုးရ၀န်ကြီးဌာန ၁၅ ခုက ယမန်နှစ်ဘဏ္ဍာနှစ်အတွင်း အလွဲသုံးစား ထားသောပြုလုပ်ထား ပြည်သူ့ဘဏ္ဍာ များကို နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းခြင်း မရှိပါက ၀န်ကြီးဌာနများကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်က ပြောဆိုလိုက်သည်။
ယမန်နေ့ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသော ပြည်ထောင်စုအစိုးရဌာနအဖွဲ့အစည်းများ၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စစ်ဆေးတွေ့ရှိခြင်းနှင့်စပ်လျဉ်းသော အရေးကြီးအစီရင်ခံစာတွင်  ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးသိန်းထိုက်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။

မြေငလျင်ဂယက် ဦးသိန်းစိန်အပျက်

(စည်းလုံးခြင်းရဲ့အင်အား)

နိုင်ငံတကာတွင် Image တက်နေသည့် သမ္မတကြီးဦးသိန်းစိန်

မန္တလေးတိုင်းရွှေဘိုမြို့ မြောက်ဘက် (၄၅) မိုင်အကွာနှင့် သပိတ်ကျင်းမြို့ အနီး (၄) မိုင်ခန့်အကွာနေရာများမှာ ဗဟိုပြုပြီး အင်အားပြင်းထန်တဲ့ မြေငလျင်ကြီးနှင့် ငလျင်ငယ်များ နိုဝင်ဘာလ (၁၁) ရက်နေ့က ဆက်တိုက် လှုပ်ရှားသွားခဲ့ပါတယ်။ မြန်မာနိုင်ငံ ဝေဒနှင့်နက္ခတ်ဗေဒ ပညာရှင်များရဲ့ ဟောစာတမ်းများအရ မြေငလျင် လှုပ်ခတ်တဲ့ အသွင်လက္ခဏာ တွေဟာ (၁၁) လပိုင်း၊ (၁၁) ရက်နေ့ (၁၁) ဂဏာန်းတွေဖြစ်လို့ (၉/၁၁) နှင့်ဆင်ကာ နိုင်ငံအတွက် ကောင်းတဲ့နမိတ် မဟုတ်ကြောင်း၊ နိုင်ငံအတွင်း အောက်ခြေ လူတန်းစားမှ အုပ်ချုပ်သူ လူတန်းစားထိ လူအများစုဟာ လောဘ၊ အတ္တကြီးမားပြီး အကျင့်သီလ ပျက်စီးနေကြလို့ လူပ်ခတ်သွားတာ ဖြစ်ကြောင်း၊ တန်ခိုးကြီးဘုရား ထီးတော်၊ စိန်ဖူးတော်များ ပြိုကျ ပျက်စီးကုန်ကြောင်း၊  အဆိုးဆုံးက အုပ်ချုပ်တဲ့ မင်းတောင် ထီးနန်းစွန့်ရပြီး မင်းပြောင်းမင်းလွှဲ ရှိတတ်ကြောင်းသိရပါတယ်။


Tuesday, November 13, 2012

တပ်မတော်(ကြည်း) တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်များရဲ့ဘ၀ - အပိုင်း (၅)

(စည်းလုံးခြင်းရဲ့အင်အား)

ရိက္ခာပစ္စည်းများသယ်ယူပို့ဆောင်ရန် စီစဉ်နေသည့် တပ်မတော်စစ်သည်များ

ဒီတစ်ပတ်မှာတော့ စည်းလုံးခြင်းအင်အား ၀က်ဘ်ဆိုက်ဒ်မှာ တင်ပြပေးခဲ့တဲ့ အောက်ခြေတပ်ရင်း၊ တပ်ဖွဲ့များရဲ့ အရာရှိ/စစ်သည်များ စားဝတ်နေရေးတွေ ယနေ့အချိန်ထိ ဘာကြောင့် မပြေလည်နိုင်တာလဲ။ တပ်ရင်းတစ်ခုနှင့်တစ်ခု နှိုင်းယှဉ်သုံးသပ်ချက်တွေနှင့်အတူ မေးမြန်းဆွေးနွေးခန်းကဏ္ဍအနေနဲ့ တင်ပြသွားပါတယ်။

စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုက်ဒ်အနေနဲ့ တပ်မတော်ပြိုကွဲအောင် ရည်ရွယ်ချက်နဲ့ဖော်ပြတာမဟုတ်ပဲ တပ်မတော်အား Professional Army ဖြစ်လာရေးနဲ့ အမှန်တကယ် တပ်နေပျော်ရေးကို ဦးတည်ကာ တင်ပြနေခြင်း ဖြစ်ပါတယ်။

ထောက်/ပို့တပ်ရင်းတွေရဲ့ သဘောသဘာဝ

(စည်းလုံးခြင်းရဲ့အင်အား)
 
ထောက်/ပို့တပ်ရင်းတစ်ခုတွင် ပြုလုပ်သော မီးဘေးအန္တရာယ် ကာကွယ်ရေး သင်တန်းမြင်ကွင်း

တပ်မတော် လက်အောက်ခံ တပ်တွေထဲမှာ ထောက်/ပို့တပ်ရင်းတွေဟာ အေးအေး လူလူနေရပြီး ထောက်/ပို့ ဆိုတဲ့အတိုင်း ရိက္ခာ ထမင်းအိုးကြီးကို ခွကိုင်ရတာမို့ တပ်မတော်သား အများစု အကြိုက် တာဝန် ထမ်းဆောင်ဖို့ လိုလားကြတဲ့ ရေပန်းစားတဲ့ တပ်တွေထဲမှာ ပါဝင်ပါတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင်တွေဟာ အောက်ခြေတပ်ရင်း/တပ်ဖွဲ့တွေ အင်အားနည်းနေတာကို သိလျှက်နဲ့ မသိကျိုးကျွံပြုပြီး ထောက်/ပို့တပ်ရင်းတွေလို တပ်မျိုးကိုတောင် အင်အားထုတ်နုတ်ကာ ခိုင်းစေတာမျိုး ရှိပါတယ်။ ဥပမာ တောင်ငူအခြေစိုက် အမှတ် (၉၃၀) ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်ဆိုရင်  စစ်သည်အများစုဟာ တပ်ရင်းဌာနချုပ်မှာ လနဲ့ချီပြီး နေထိုင်ခွင့်ရတာ အင်မတန်နည်းပါးကြောင်း သိရှိရပါတယ်။ အဲဒီတပ်က စစ်သည်တွေဟာ ခပေါင်းတံတား လုံခြုံရေးတာဝန်ကျနေသူနဲ့ ကရင်ပြည်နယ်၊ သံတောင်မြို့ဧရိယာတွေမှာ လုံခြုံရေးတာဝန်ကျနေတဲ့သူတွေ အများကြီးရှိကြောင်း သိရှိရပါတယ်။ တပ်ရင်းမှူးတောင် တပ်ရင်းဌာနချုပ်မှာ အမြဲတမ်း မရှိတာများကြောင်း သိရှိရပါတယ်။

Tuesday, November 6, 2012

တပ်မတော်(ကြည်း) တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်များရဲ့ဘ၀ - အပိုင်း (၄)

(စည်းလုံးခြင်းရဲ့အင်အား)


တပ်ရင်းတစ်ခုရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်အားပေးနေကြသည့် စစ်သည်များ၏ မိသားစုဝင်များ

ဒီတစ်ခေါက်တော့ ခြေလျင်တပ်ရင်း/တပ်ဖွဲ့တွေဟာ တိုင်းစစ်ဌာနချုပ်အလိုက် အရာရှိ/စစ်သည်တွေရဲ့ စားဝတ်နေရေး ဘယ်လိုပုံစံမျိုးနဲ့ဖြေရှင်းပေးနေကြတယ်ဆိုတာ စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုက်ဒ်မှ တင်ပြသွားပါမယ်။

တပ်မတော်(ကြည်း) တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်များရဲ့ဘ၀ - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)

တပ်မတော်တွင် အရာရှိစစ်သည်များကို တပ်ထဲမှာ နေပျော်အောင် အထက်ဌာနက စီမံချက်တွေ ရေးဆွဲခိုင်းတယ်လို့ အပိုင်း (၂) မှာ တင်ပြထားပြီး ဖြစ်ပါတယ်။ ယခုအပိုင်းမှာတော့ ပြည်သူလူထုနှင့် နိုင်ငံတကာမှ စစ်ရေးလေ့လာသူများ၊ အသေးစိတ် သိချင်သူများအတွက် ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ရင်းတစ်ရင်းရဲ့ စီမံချက်တွေနဲ့ တပ်ရင်းရန်ပုံငွေ အသေးစိတ်ကို ဘယ်လိုစီမံခန့်ခွဲထားတယ် ဆိုတာကို နမူနာအနေနဲ့ တင်ပြပေးသွားပါမယ်။

တပ်မတော်မှာ တပ်ရင်း/တပ်ဖွဲ့ များစွာရှိတဲ့အနက် ချမ်းသာတဲ့ တပ်များထဲမှာ ထိပ်ဆုံးနားတွင် ပါဝင်တဲ့တပ်ကတော့ ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ရင်းတွေပဲ ဖြစ်ပါတယ်။ ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ရင်းတစ်ရင်းရဲ့ ပျှမ်းမျှ တစ်နှစ် စာရင်းရှင်းတမ်း အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

တပ်မတော်(ကြည်း) တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်များရဲ့ဘ၀ - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)

ယနေ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ တပ်မတော်အောက်ခြေဟာ ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံမှု မရှိသည့်အားလျော်စွာ တပ်မတော်သားတွေကရော ပြုပြင်ပြောင်းလဲရေး အသီးအပွင့်တွေ တကယ်ကော ခံစားခွင့် ရရှိကြရဲ့လားဆိုတာကို ပြည်သူလူထုက တစေ့တစောင်း သိချင်နေကြပါတယ်။ ရှေးဦးစွာ တပ်မတော်အတွင်း အခြေခံအကျဆုံး တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်တွေကို တပ်ထဲမှာ နေပျော်အောင် ဘယ်လို ပြုလုပ်ထားရမယ်ဆိုတဲ့ အထက်ဌာနရဲ့ စီမံချက်တွေကို သိရှိအောင် စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုက်ဒ်မှ တင်ပြပေးလိုက်ပါတယ်။

တပ်မတော်မှ စစ်ပြေးများ၊ ခွင့်မဲ့ပျက်ကွက်များကို လစဉ်ပြန်တမ်းများမှာ ထည့်သွင်းရေးရတဲ့ ကိစ္စတွေဟာ တပ်ရင်း/တပ်ဖွဲ့များရဲ့ ခေါင်းကိုက်ရတဲ့ ပြဿနာ ဖြစ်ပါတယ်။ လေးလပတ် အစည်းအဝေးတွေမှာ တပ်ရင်းမှူး/တပ်မှူးတွေဟာ တပ်ရေးဗိုလ်ကြီးများ၊ စစ်ဦးစီးအရာရှိများနဲ့ ညှိနှိုင်းပြီး စာရွက်ပေါ်တွင် ချွေတာ ပြသနေရပါတယ်။ ဒါကိုသိတဲ့ တပ်မမှူးများ၊ တိုင်းမှူးများနဲ့ အထက်ဗိုလ်ချုပ်တွေဟာ လက်အောက်ခံ တပ်ရင်းမှူး/တပ်မှူးများကို တပ်နေပျော်ရေး စီမံချက်ရေးဆွဲဖို့ ဖိအားပေး အကောင်အထည် ဖော်ခိုင်းပါတော့တယ်။ 


တပ်မတော်(ကြည်း) တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်များရဲ့ဘ၀ - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)


            ရှေ့တန်းတွင် စစ်တိုက်ရသလို နောက်တန်းတွင်လည်း လုပ်အားပေးနေရသောစစ်သည်များ

တပ်မတော်(ကြည်း) ရဲ့အခြေခံအကျဆုံးဖြစ်တဲ့ တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်များဟာ ယနေ့ခေတ်ကာလ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသွားနေစဉ် သူတို့ရဲ့စားဝတ်နေရေးကို အထက်ဌာနမှ ဘယ်လိုပုံစံနဲ့ ဖြေရှင်းပေးနေတယ်၊ တပ်မတော်ရဲ့လှုပ်ရှားမှု အသွင်သဏ္ဍာန်၊ ဖွဲ့စည်းပုံနဲ့ တာဝန်၊ ပြန်တမ်းအစီရင်ခံစာများ ဘယ်လိုအနေအထားမျိုးနဲ့ ရှိနေတယ်ဆိုတာကို ပြည်သူလူထုနဲ့ နိုင်ငံတကာမှလေ့လာသူများက သိချင်နေကြပါတယ်။ ဒါ့ကြောင့် စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုက်ဒ် အယ်ဒီတာအဖွဲ့အနေနဲ့ ပြည်တွင်းရှိ တပ်မတော်သားများ၊ အရာရှိ/စစ်သည် အချို့နဲ့ဖြစ်စေ၊ တပ်မှပြောင်းလာတဲ့ နယ်ဘက်ဌာနဆိုင်ရာအရာရှိများနဲ့ဖြစ်စေ၊ စစ်တပ်မှ အငြိမ်းစား ယူသွားခဲ့တဲ့ အရာရှိစစ်သည်များကို အလျဉ်းသင့်သလို တွေ့ဆုံအင်တာဗျူးပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။