Sunday, June 30, 2013

ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ပါတီ နဲ့ NLD

(VOA)

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် တာဝန်အရှိဆုံးအဖွဲ့အစည်းဟာ ပြည်ခိုင်ဖြိုး (ခေါ်) ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဖြစ်တယ်လို့ ဗဟိုကော်မတီအစည်းအဝေးမှာ ပါတီဥက္ကဋ္ဌဦးရွှေမန်းက ပြောဆိုသွားကြောင်း သိရပါတယ်။ အင်အလ်ဒီအဖွဲ့ချုပ်နဲ့ လက်တွဲနိုင်မယ့် အလားအလာအကြောင်း အမေရိကန် ခရီးစဉ်မှာကို ဦးရွှေမန်းပြောတာကိုတော့ အစည်းဝေးမှာ လုံးဝမဆွေးနွေးဘူးလို့ ဒု-ဥက္ကဋ္ဌဦးဌေးဦး က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီကိစ္စမှာ ဒု-ဥက္ကဋ္ဌ ဦးအောင်သောင်းကလည်း ဘဝင်မကျဖြစ်နေပုံ ရပါတယ်။ ပါတီဥက္ကဋ္ဌ ပြောတာကို ဒု-ဥက္ကဋ္ဌ နှစ်ဦးစလုံးက လက်မခံနိုင်သလို ဖြစ်နေပါတယ်။

ကြံ့ဖွံ့အစိုးရ ပစ်လိုက်တဲ့ မျိုးစောင့်ဥပဒေဆိုတဲ့ ခဲတလုံး

တူမောင်ညို

“လူမျိုးရေး၊ ဘာသာရေး သွေးခွဲ ရန်တိုက်ပေးမှု” ဆိုတာ နယ်ချဲ့သ မားနဲ့ ဖောက်ပြန်တဲ့ အုပ်စိုးသူများအတွက် မရိုးနိုင်တဲ့ ထိရောက်မှုအရှိဆုံး လက်သုံးနည်းတခုသာ ဖြစ်ပါတယ်။

ပြင်းထန်သည်းသန်လာတဲ့ ပြည်သူလူထုရဲ့ အထွေထွေမကျေနပ်မှု ဦးတည်ချက်ကို ရည်ရွယ်ချက် လွဲမှားသွေဖီသွားစေပြီး ဖရိုဖရဲ ပြိုကွဲသွားစေဖို့တွက် ဒီနည်းကို သုံးလေ့ရှိတယ်။ သုံးမြဲဖြစ်တယ်။ ဒီနည်းနဲ့ သူတို့ရင်ဆိုင်နေရတဲ့ အကြပ်အတည်းကနေ ယာယီ ထွက်ပေါက်ရှာလေ့ရှိတယ်။ သူတို့ ယာယီ ထွက်ပေါက်ရဖို့ ပြည်သူများရဲ့ အသက်သွေးနဲ့ စည်းစိမ်းဥစ္စာတွေကို ပက်ပက်စက်စက် စတေးလေ့ရှိတာပါပဲ။

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၇)

(စည်းလုံးခြင်းရဲ့အင်အား)


အယ်ဒီတာအဖွဲ့၏ တင်ပြချက် (၃)။ လွတ်လပ်ရေး ရပြီးခါစက တရုတ်ဖြူ တပ်ဖွဲ့များ မြန်မာနိုင်ငံကို ကျူးကျော် ဝင်ရောက်ခဲ့လို့ ပြည်ထောင်စု တပ်မတော်က ကွန်မြူနစ်များကပင် ယာယီအပစ်ရပ်ပြီး တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်စွာဖြင့် တွန်းလှန်တိုက်ထုတ်နိုင်ခဲ့သည်။ တဖန် ကွန်မြူနစ် တရုတ်နီအစိုးရက မြန်မာနိုင်ငံရှိ အဝေးပြေး လမ်းမကြီးများ၏ အလယ်တွင် ကျွန်းများ ပြုလုပ်၍ သစ်ပင်များ စိုက်ပေးမည်ဟု တရုတ်နိုင်ငံ၏ မဟာကရုဏာ စေတနာကို သိမြင်ခဲ့ရပါသည်။ အမှန်စင်စစ် လမ်းမကြီးပေါ်တွင် လေယာဉ် ဆင်းသက်၍ မရအောင် တရုတ်တို့က ကြံစည်ခဲ့ဟန် တူသည်ဟု ရှေ့လူကြီးသူမများက ပြောဆို ခဲ့ပါသည်။ တရုတ်နိုင်ငံမှ ဘိန်းစိုက်ပျိုးသည့် အလေ့အထများကြောင့် မြန်မာနိုင်ငံသို့ ကူးစက် ခဲ့ရသဖြင့် ယခုအခါ ဘိန်းထုတ်လုပ်သည့် နိုင်ငံအဖြစ် နံမည်ပျက်ခဲ့ရပါသည်။ ကုလသမဂ္ဂ အစီရင်ခံစာ တင်ပြချက်အရ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံသည် မူးယစ်ဆေး (ရာဘ) ထုတ်လုပ်မှု အများဆုံး စံချိန်တင်ခဲ့သည်။ တရုတ်လူမျိုးများကြောင့် တချို့ ရှမ်းယောင်္ကျားများမှာ ဘိန်းရှူသည့် အလေ့အကျင့် ဖြစ်လာပြီး ရှမ်းအမျိုးသမီးများက ရှာဖွေကျွေးမွေးရသည့်ဘဝမှ ရုန်းမထွက်နိုင်ဘဲ ဒုက္ခတောထဲကို သက်ဆင်းခဲ့ရသည်။

Friday, June 28, 2013

ထောက်လှမ်းရေး အဖွဲ့ကို ပြုပြင် ဖွဲ့စည်းခြင်း - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)

၁၉၉၀ နဲ့ ၁၉၉၁ ခုနှစ်အတွင်းမှာ UOUD/ ကို အလွန် ကွဲပြားတဲ့ အုပ်စုတွေနဲ့ ဖွဲ့စည်းထားတယ်။ ပထမ အုပ်စုမှာ စီစစ်ရွေးထုတ်မှုကနေ အောင်မြင်လာတဲ့ အရင် StB ဝန်ထမ်းတွေ ပါတယ်။ ဒီလူတွေက ပြင်ပရန်သူနဲ့ စီးပွားရေး ကာကွယ်ရေး ဌာနက အဖွဲ့ဝင်တွေကော နည်းပညာ လုံခြုံရေးနဲ့ ထိန်းသိမ်းရေး ဌာနက အဖွဲ့ဝင်တွေကော ဖြစ်တယ်။ ခြွင်းချက် တစ်ခုကတော့ အတွင်းရန်သူ ဌာနက ထောက်လှမ်းရေးတွေ မပါဘူး။ ပြန်လည် ဖွဲ့စည်းရေး ပထမအဆင့်မှာ အရင် StB အဖွဲ့ဝင်တွေက ရာနဲ့ချီ ရှိတယ်။ နောက်ဆက်တွဲအဆင့် ဖွဲ့စည်းရေးနဲ့ သန့်စင်ရေးတွေမှာ သူတို့ရဲ့ အရေအတွက်ကို ဆယ်ဂဏာန်းအထိ လျှော့ချပစ်လိုက်တယ်။ နေရာဌာနတိုင်း လိုလိုမှာ သူတို့က ဦးစီးဦးကိုင် ရာထူး မှာတော့ မရှိကြပါဘူး။ သူတို့ဟာ လုပ်ငန်းရဲ့ ပရိယာယ်ကို နောကျေနေ သူတွေ၊ အခြေအနေ သစ်မှာ တက်တက်ကြွကြွ အလုပ် လုပ်သူတွေ၊ စည်းကမ်းရှိပြီး အကြီးအကဲသစ်တွေ အပေါ်မှာ သစ္စာရှိသူတွေ ဖြစ်ကြတယ်။ ဒုတိယ အုပ်စုမှာ တစ်ဖြစ်လဲ ထောက်လှမ်းရေးတွေ ပါတယ်။ သူတို့ထဲက အများစုဟာ နောက်နှစ်နှစ်အတွင်း အငြိမ်းစား ယူသွားကြတယ်။ သူတို့ရဲ့ ပြဿနာကတော့ ထောက်လှမ်းရေး လုပ်ငန်းရဲ့ အခန်းကဏ္ဍကို ၁၉၆၀ လွန် နှစ်တွေတုန်းက သူတို့ လုပ်ခဲ့သလိုမျိုး ရှုမြင်နေကြပြီး ကမ္ဘာကြီး လုံးဝ ပြောင်းသွားပြီဆိုတာကို နားမလည်ကြတာပဲ ဖြစ်တယ်။

Thursday, June 27, 2013

မြန်မာစစ်တပ်အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - အပိုင်း (၁၂)

(စည်းလုံးခြင်းရဲ့အင်အား)

နိုင်ငံတစ်ခုရဲ့ ပြုပြင်ပြောင်းလဲရေး ဆိုရာမှာ နိုင်ငံရေး လုပ်ငန်းစဉ်အရ ပြုပြင်ပြောင်းလဲခြင်းနှင့် စစ်တပ် ပြုပြင်ပြောင်းလဲရေးဆိုပြီး အခန်းကဏ္ဍ နှစ်ရပ်ရှိနေရာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး စာဖတ် ပရိတ်သတ်များ အနေနဲ့ လေ့လာသုံးသပ်နိုင်ရန် နိဂုံးချုပ် အနေနဲ့ တင်ပြလိုက်ရပါတယ်။

ကာကွယ်ရေး ဝန်ကြီးက ဦးဆောင်နိုင်ဖို့၊ ကာကွယ်ရေး ဘတ်ဂျက်ကို သတ်မှတ်ပေးနိုင်ဖို့နဲ့ စစ်တပ်ကို ကိုင်တွယ်နိုင်ဖို့ဟာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက် ပညာရှင်တွေကပါ ကြိုးစား လေ့လာရမယ်။ နို့မို့ဆိုရင် မိမိကိုယ်ကို ယုံကြည်မှု မရှိဘဲ ပြဿနာတက်ကာ နှုတ်ထွက်ရတာမျိုး ရှိပါတယ်။ ရွေးကောက်ပွဲ ရှေ့ပိုင်းကာလတွေမှာတော့ လွှတ်တော်က ကာကွယ်ရေး ဘတ်ဂျက်ကို Review လုပ်တာမျိုးနှင့် Report လုပ်တာမျိုးလောက်ဘဲ ရမယ်။ နောက်တစ်ခုက တပ်ရဲ့ အသုံးစရိတ်ကို စာရင်းစစ်တာမျိုးဟာ တပ်တွေမှာ UA လို့ ခေါ်တဲ့ လက်ရှိ Audit အပြင် အရပ်ဖက် ကာကွယ်ရေး ဝန်ကြီးဌာနက ဝင်ရောက် စစ်ဆေးတာမျိုး၊ လွှတ်တော်က ကော်မတီဖွဲ့ပြီး စစ်ဆေးတာမျိုး လုပ်သင့်ပါတယ်။ ဒါမှ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ရသွားမှာ ဖြစ်ပါတယ်။

ဖုန်းဈေးကျမှာကို လွှတ်တော်က ဘာကြောင့် ကြောက်နေသလဲ

(Irrawaddy)

ဆက်သွယ်ရေးအော်ပရေတာ လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီအမည် ကြေညာမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းပေးဖို့ အစိုးရကို တိုက်တွန်းကြောင်း  မနေ့က ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်ပါပြီ တဲ့။

သို့သော်လည်း ဆက်သွယ်ရေးဌာနကတော့ စီစဉ်ထားတဲ့အတိုင်း ဒီကနေ့ ကြေညာပါ့မယ် ဆိုတဲ့အကြောင်း ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း တင်ဒါခေါ်ယူရေး ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်ကို ကိုးကားပြီး  The Voice Daily သတင်းစာမှာ မျက်နှာဖုံးသတင်းအဖြစ် ရေးထားပါတယ်။

Wednesday, June 26, 2013

လွှတ်တော်က ဖျက်လို့ ဆက်သွယ်ရေး တင်ဒါပွဲ ပျက်ပြီလား

(ဧရာဝတီ)

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအတွက် ပြည်ပကုမ္ပဏီ ၂ ခု အတွက် အော်ပရေတာ လိုင်စင်ကို ဇွန် ၂၇ ရက်မှာ ချထားပေးမယ့်ဆဲဆဲမှာ ယနေ့ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ဆက်သွယ်ရေး ဥပဒေ ထွက်လာပြီးမှ ပြန်စဉ်းစားတော့မယ်ဆိုပြီး ဆုံးဖြတ်ချက် ထွက်လာခဲ့ပါတယ်။

ယနေ့ ဇွန် ၂၆ ရက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးမှာ တမူးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ဆက်သွယ်ရေးဆိုင်ရာ ရေးရာကော်မတီ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးမျိုးဆွေက ဆက်သွယ်ရေးအော်ပရေတာ ကိုယ်စားလှယ် ရွေးချယ်ရာမှာ ပြည်တွင်းဖက်စပ် ကုမ္ပဏီတွေကိုသာ တင်ဒါ အနိုင်ပေးသင့်တယ်လို့ အရေးကြီး အဆို တင်သွင်းခဲ့တဲ့အပေါ် ပြည်သူ့လွှတ်တော်က ဆွေးနွေးပြီး ဆက်သွယ်ရေးဥပဒေ ဆွဲပြီးမှ အော်ပရေတာ ရွေးမယ်ဆိုပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာကြောင့် မနက်ဖြန် ထုတ်ပြန်မယ်လို့ စီစဉ်ထားတဲ့ ဆက်သွယ်ရေး တင်ဒါ အောင်မြင်တဲ့ကုမ္ပဏီ စာရင်း ထုတ်ပြန်ရေး ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းပြီလို့ ထင်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ယှဉ်ပြိုင်ခွင့်မရှိပါက၂၀၁၅ရွေးကောက်ပွဲ သြစတြေးလျ ကူညီမည်မဟုတ်ဟုဆို

(The Voice Weekly)

သမ္မတနေရာ တွင် ဒေါ်အောင်ဆန်း စုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် တားမြစ်ထားသည်ဆိုသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို မပြင်ဆင်ပါက၂၀၁၅ ရွေးကောက်ပွဲ တွင် သြစတြေးလျ အစိုးရအနေနှင့် အကူအညီ ပေးအပ်မည် မဟုတ်ကြောင်း သြစတြေးလျ-မြန်မာ ပါလီမန် အဖွဲ့ဥက္ကဋ္ဌ Ms. Janelle Saffin က The Voice သို့ ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အကူအညီပေးအပ်ရန် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ တောင်းဆိုချက်ကို သြစတြေးလျ အစိုးရ က သဘောတူထားသော်လည်း လွတ်လပ်မျှတမှု မရှိနိုင်သော ရွေးကောက် ပွဲကိုမူ ကူညီမည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။

ငွေစက္ကူအတုထိန်းချုပ်ရန် အထူးစစ်ဆင်ရေး တစ်ရပ်လိုအပ်နေ

(7 Day News)

ငွေစက္ကူအတုများ ပြည်တွင်း၌ ပျံ့နှံ့လာမှုကို တားဆီးရန်နိုင်ငံတော် အစိုးရနေဖြင့် စစ်ဆင်ရေး တစ်ရပ် ဆောင်ရွက်သင့်ကြောင်း စီးပွားရေး ပညာရှင်များက ပြောကြားသည်။
ငွေစက္ကူ အတုများ ပြည်တွင်း၌ ပျံ့နှံ့မှုများလာပါက ကျပ်ငွေအပေါ် လူထု၏ ယုံကြည်မှုလျော့နည်း သွားပြီး စီးပွားရေးလုပ်ငန်းများတွင် အခက်အခဲများကြုံတွေ့လာနိုင်ကြောင်း နိုင်ငံတော်သမ္မတ၏ လူမှုစီးပွားအကြံပေးကောင်စီဝင် စီမံခန့်ခွဲရေးပညာရှင် ဒေါက်တာ အောင်ထွန်းသက်က ပြောကြားသည်။

ဆန္ဒထုတ်ဖော်ခွင့်နှင့် အမှောင်ခေတ်ရဲ့ ဥပဒေများ

(Mizzima)

မိမိတို့ မြန်မာနိုင်ငံသည် ယခုတိုင် ဖိနှိပ်ချုပ်ချယ်ထားသည့် အာဏာရှင်နိုင်ငံမျိုးပေလော ... မေးခွန်းထုတ်စရာ ရှိနေသည်။

လက်ပံတောင်းရှိ ကြေးနီမိုင်းအပေါ် ဆန့်ကျင်ဆန္ဒပြကြသူသုံးဦးကို ဖမ်းဆီးရမ်းဝရမ်းအမိန့် ထုတ်ပြန်လိုက်ခြင်း
ကြောင့် မြန်မာနိုင်ငံသည် အမှောင်လွှမ်းခဲ့သည့် နှစ်ကာလများက ဥပဒေများကို ဆက်လက်ကျင့်သုံးနေကြောင်း ပို၍ သေချာလာသည်ဟု ပြောရပါမည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား တိုက်လေယာဉ်များ လေ့လာ

(ဧရာဝတီ)

ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မစ်လို့ လူသိများတဲ့ MiG တိုက် လေယာဉ်တွေ ထုတ်လုပ်ရာ စက်ရုံကို သွားရောက်လေ့လာခဲ့တယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါ တယ်။

ကာကွယ်ရေးဦးစီးချုပ်နဲ့ အတူလိုက်ပါသွားတဲ့ တပ်မတော်(လေ) စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် လွင်ဦး ကိုယ်တိုင် အဆင့်မြှင့် ထားတဲ့ MiG 29 M လေယာဉ်ကို စမ်းသပ်မောင်းနှင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

Tuesday, June 25, 2013

တရားဥပဒေ စိုးမိုးမှု မရှိသဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေဆဲဟုဆို

(ဧရာဝတီ)

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် လူ့အခွင့်အရေး အခြေအနေမှာ တိုးတက်မှု ရှိလာသော်လည်း တရားဥပဒေစိုးမိုးမှု မရှိသေးသောကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေဆဲ ဖြစ်ကြောင်း လူ့အခွင့်အရေး ဆောင်ရွက်နေသူများက ဧရာဝတီသို့ ပြောသည်။

စစ်တပ်မှ ကလေးစစ်သား အဖြစ် စုဆောင်းခြင်း၊ အသက်ပြည့်သူများကိုလည်း အတင်း အဓမ္မ စစ်တပ်ထဲသို့ ခေါ်သွင်းခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ ငွေရှင်ကြေးရှင်များက အာဏာပိုင်များနှင့် ပူးပေါင်း၍ လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ ဆင်းရဲမွဲတေမှုကြောင့် လူကုန်ကူးခံရခြင်း စသည့် ပြဿနာများစွာ ရှိနေသေးကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီ အစည်းအဝေး ဒီမိုကရေစီနှင့် ရင်ကြားစေ့ရေး အတွက် မူဝါဒ မထုတ်ပြန်နိုင်

(ဧရာဝတီ)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ပထမဆုံးသော ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို ဇွန်လ ၂၂ ရက်နေ့ မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် တိကျ ရှင်းလင်းသော မူဝါဒ ထုတ်ပြန်နိုင်ခြင်း မရှိကြောင်း သတင်းရရှိသည်။

တောင်သာဗိုလ်နှင့် ဗိုလ်ရွှေမန်း

တူမောင်ညို

အကြမ်းဖက်သမား စွမ်းအားရှင်များက မိထ္ထီလာ၊ ဥက္ကံ၊ လားရှိုး ...အစရှိသော မြို့များမှ အကြမ်းဖက်မှုများတွင် တုတ်/ဓားကိုင်ပြီး အစွမ်းပြပါသည်။ သင်္ကန်းဝတ် စွမ်းအားရှင်က “မျိုးစောင့်ဥပဒေ” နဲ့ အစွမ်းပြပါသည်။ ယင်းသို့ အစွမ်းပြမှုများကို “တိုင်းမဂ္ဂဇင်းအား ကန့်ကွက်ချက်” ဆိုသည်ဖြင့် သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရက လက်ခုပ်တီး၍ သြဘာပေးလိုက်သည်။ ရပ်တည်ပြလိုက်သည်။ အကြမ်းဖက်မှုများနောက်ကွယ်တွင် ကြံ့ဖွံ့အစိုးရ ရှိနေသည်ကို ကိုယ်ထင်ပြလိုက်ခြင်းဖြစ်သည်။

တကယ်တော့ ကြံ့ဖွံ့အစိုးရ ထုတ်ပြန်ခဲ့သည့် “တိုင်းမဂ္ဂဇင်းအား ကန့်ကွက်ချက်” ဆိုသည်မှာ ကြံ့ဖွံ့ပါတီ၏ သဘောထားပင်ဖြစ်သည်။ ကြံ့ဖွံ့အစိုးရကို ကြံ့ဖွံ့ပါတီ၏ ဦးဆောင်မှုဖြင့် ရွေးချယ် တာဝန်ပေးအပ်ထားခြင်းဖြစ်သည်။ ကြံ့ဖွံ့အစိုးရသည် ကြံ့ဖွံ့ပါတီကို နာခံရမည်။ (နအဖ) ဥက္ကဋ္ဌ ဗိုလ်သန်းရွှေက ကြံ့ဖွံ့ပါတီထံ အာဏာလွှဲပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဤအချက်ကို ကြံ့ဖွံ့ပါတီ အတိုင်ပင်ခံအဖွဲ့ဝင် (ဗိုလ်) ဦးအောင်သောင်းက ထုတ်ပြောခဲ့သည်။

Monday, June 24, 2013

မြန်မာစစ်တပ်အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - အပိုင်း (၁၁)

(စည်းလုံးခြင်းရဲ့အင်အား)

နိုင်ငံတစ်ခုရဲ့ ပြုပြင်ပြောင်းလဲရေး ဆိုရာမှာ နိုင်ငံရေး လုပ်ငန်းစဉ်အရ ပြုပြင်ပြောင်းလဲခြင်းနှင့် စစ်တပ် ပြုပြင်ပြောင်းလဲရေးဆိုပြီး အခန်းကဏ္ဍ နှစ်ရပ်ရှိနေရာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး စာဖတ် ပရိတ်သတ်များ အနေနဲ့ လေ့လာ သုံးသပ်နိုင်ရန် ဆက်လက် တင်ပြလိုက်ရပါတယ်။

အင်ဒိုဗိုလ်ချုပ်ကြီးက ဆက်လက် ဆွေးနွေးရာမှာ နောက်တစ်ချက်က ဥပဒေဆိုင်ရာ ပြုပြင် ပြောင်းလဲရေးနဲ့ တရားရုံးတွေကို ပိုမိုအားကောင်းအောင် ပြုလုပ်ရမယ်၊ ရွေးကောက်ပွဲ ဥပဒေအရ တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ဖို့ရန်လိုတယ်။ မြန်မာနိုင်ငံက ရွေးကောက်ပွဲ တရားမျှတတယ်လို့ အစိုးရက ကြွေးကြော်နေပေမဲ့ တပ်မတော်သားတွေ USDP ကို အတင်းအကြပ် ဝင်ခိုင်းလိုဝင်ခိုင်း၊ USDP ကို မဲမထည့် မနေရအမိန့် မထုတ်ရုံတမယ် ဖိအားပေး စီမံတာမျိုး မလုပ်သင့်ဘဲ တပ်က ဘယ်ပါတီကိုမှ ထောက်ခံ အားပေးတာမျိုး မလုပ်ဘဲ ရှောင်ရှားသင့်တယ်။ အင်ဒိုမှာ စစ်တပ်ဟာ ယခုဆိုရင် ဘယ်ပါတီရဲ့ သြဇာလောင်းရိပ်မှ မရှိဘဲ လွတ်ကင်းနေပြီ ဖြစ်တယ်။ အခြေခံ ဥပဒေအရ ၅ (ည) နှင့် ၁၇ (၁) လိုမျိုး လိုသလို ဆွဲစိလို့ရတဲ့ ဥပဒေမျိုးကို ပြင်သင့်တယ်။

တိုင်းမ်မဂ္ဂဇင်းကို သမ္မတရုံး ဘာကြောင့် ကန့်ကွက်ရလဲ

(ဧရာဝတီ)

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 တွင် ဦးဝီရသူအား မျက်နှာဖုံးတင်၍ “THE FACE OF BUDDHIST TERROR” ဆောင်းပါးအား ဖော်ပြခဲ့သည်ကို သမ္မတရုံးက ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းထုတ်ပြန်ကြေညာချက်ကို မည်သည့်အတွက် ထုတ်ပြန်ရသည်၊ ကြေညာချက်သည် ဦးဝီရသူနှင့် ၉၆၉ အဖွဲ့ကို ထောက်ခံအသိမှတ် ပြု မပြု၊ တိုင်းမ်မဂ္ဂဇင်းကို ပိတ်ပင်ရန် ရှိ မရှိတို့ကို သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းထားပါသည်။

မြန်မာ ဝမ်ပေါင် ကုမ္မဏီတာဝန်ခံ ဖြေရှင်းချက် (အပိုင်း - ၄)

(VOA)

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ထဲမှာ အခြေစိုက်ထားတဲ့ ကြေးစင်တောင်၊ စံပယ်တောင်၊ စံပယ် တောင် (တောင်ပိုင်း) နဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လေးခုကို၊ “မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်” Myanmar Economics Holding Ltd. (MEHL) နဲ့ ဖက်စပ်လုပ်ကိုင်နေပြီး တရုတ်နိုင်ငံက လာရောက်ရင်းနှီး မြှုပ်နှံတဲ့ ကုမ္ပဏီကတော့ “မြန်မာ ဝမ်ပေါင် ကြေးနီသတ္ထုတူးဖေါ်ရေး လီမိတက်” Myanmar Wanbao Mining Copper Ltd. (MWMCL) ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ (၄)ရက်နေ့က၊ ဝမ်ပေါင်ကုမ္ပဏီရဲ့ ဖိတ်ခေါ် ချက်နဲ့ ဒီ ကြေးနီစီမံကိန်း လေးခုထဲက အကြီးဆုံးဖြစ်တဲ့ လက်ပံတောင်းတောင်က ကြေးနီသတ္ထုတူးဖေါ်ရေး နယ်မြေရုံးမှာ ဗီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်းက သွားရောက်ပြီး  ဦးဆောင်ညွှန်ရေးမှူး Mr. Geng Yi ကို သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ရဲ့ တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ဒီအစီရင်ခံစာအတိုင်း အကောင်အထည်ဖေါ်ရေး အစိုးရဖွဲ့စည်းပေးတဲ့ ကော်မီတီ တစ်ရပ်လည်း ပေါ် ပေါက်လာခဲ့ပါတယ်။ ဒီအခြေအနေမှာ “မြန်မာ ဝမ်ပေါင် ကြေးနီသတ္ထုတူးဖေါ်ရေး လီမိ တက်ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး၊ Mr. Geng Yi နဲ့ တွေ့ဆုံမေးမြန်း ခန်း နောက်ဆုံးအပိုင်း (အပိုင်း - ၄) ကို၊ ဒီ သီတင်းပတ်ရဲ့ မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍကနေ ထုတ်လွှင့်ပေးလိုက်ပါတယ်။

Sunday, June 23, 2013

ဘယ်လမ်းကို ဘယ်လိုရွေးမှာလဲ

(နေ့သစ်)

၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲ၊ သမ္မတ ဆက်ဖြစ်လိုဟန်ရှိသူ ဦးသိန်းစိန်နှင့် သမ္မတ ဖြစ်လိုပါသည်ဟု လူသိရှင်ကြား ကြေညာထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း။ ပီ၊ အာလို့ ခေါ်တဲ့ မဲအချိုးကျနှုန်းဖြင့် ပါလီမတ်အမတ် ရွေးချယ်တင်မြှောက်ရေး။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်ရေး။ ငြိမ်းချမ်းရေး စကားများ ပြောနေသော်လည်း တိုင်းရင်းသား နယ်မြေများတွင် ပေါက်ပေါက် ဖောက်သလို သေနတ်သံများ။ ၂ဝ၁၅ ရွေးကောက်ပွဲအပြီး လိုအပ်ပါက ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့ ကြိုတင်ကမ်းလှမ်းလာသူ။ ဘာပဲဖြစ်ဖြစ် အန်အယ်ဒီသည် ကြံ့ဖွံ့နှင့် ညွှန့်ပေါင်းအစိုးရဖွဲ့မည် မဟုတ်ဟု ပြောကြားလာသည့် အန်အယ်ဒီ ဝါရင့်ခေါင်းဆောင် တဦး။ အစရှိသဖြင် ဒါတွေက အခုလတ်တလောမှာ ဟော့ ဖြစ်နေသည်။

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၆)

(စည်းလုံးခြင်းရဲ့အင်အား)

မြန်မာတပ်များချီတက်ခြင်း

မဟာစည်သူ စစ်ကြောင်း - ပင်မတပ်

တပ်ပေါင်း ၃၀ - ကို ဦးစီး၍ ၀န်ကြီးမဟာစည်သူသည် အင်းဝမှ ၁၁၂၉ - ခု ပြာသိုလဆန်း ၅ - ရက်နေ့ ထွက်သည်။ မတ္တရာအနီး ကင်းရွာ၊ ထိုမှ သရက်ပင်ကိုင်း၊ သဖန်းကိုင်း၊ အုန်းလွတ်၊ ကျောက်မဲရွာများကိုဖြတ်၍ သုံးဆယ်သို့ ချီမည်ဟု ခန့်မှန်းရသည်။ သုံးဆယ်မှ ဂုတ်တွင်းကိုဖြတ်၍ ရန်သူတပ်များနှင့် တွေ့ထိရန် သီပေါဘက်သို့ ချီတက်သည်။

မြန်မာအင်ပါယာ (Burmese Kingdom)

(မိုးမခ)
မြန်မာနိုင်ငံသမိုင်း သရုပ်ပြပုံဖြစ်ပါသည်။

အနော်ရထာမင်း ပုဂံမြို့တော်မှ AD 849 တွင် စတင်ခဲ့သည်။ နှစ်ပေါင်း ၄၅၀ခန့် တည့်တံ့ခဲ့ပြီး၊ မွန်ဂိုအင်ပါယာ ကျုးကျော်မှုကြောင့် ပုဂံမင်းဆက်ပျောက်ခဲ့သည်။

Saturday, June 22, 2013

မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှု – ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ် နိုင်ခြေ အနေအထား ၄ ခု (၂)

(စည်းလုံးခြင်းရဲ့အင်အား)

စီးပွားရေး အကျပ်ရိုက်ခြင်း သို့မဟုတ် သဘာဝကပ်ဘေးများ
၂၀၀၇ ခုနှစ်ကနေ စတင် ရေတွက်လိုက်မယ်ဆိုရင် အဖြစ်အပျက် နှစ်ခုကြောင့် တည်ငြိမ်မှုတွေ အကြီးအကျယ် ပျက်စီးခဲ့ပါတယ်။ ပထမ တခုကတော့ လောင်စာစီ ဈေးနှုန်းတွေ မြင့်တက်လာရာကနေ စတင်မြစ်ဖျားခံလာတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးဖြစ်ပြီး နောက်တခုကတော့ ၂၀၀၈ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းပဲ ဖြစ်ပါတယ်။ ရွှေဝါရောင် တော်လှန်ရေးက အာဏာရှင်အစိုးရရဲ့ တရားဝင်မှုကို တရားနည်းလမ်းကျကျ တိုက်ရိုက် စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကို အစိုးရကိုင်တွယ်ဖြေရှင်း ပုံကတော့ ပြည်သူတွေအပေါ် ထားတဲ့ အာဏာာရှင်အစိုးရရဲ့ ရက်စက်တဲ့ သဘောထားကို ပေါ်လွင်စေခဲ့ပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုကို ဖြစ်စေတဲ့ အဆိုပါ အဖြစ်အပျက်နှစ်ခုလုံးကို စစ်အစိုးရက ကျော်လွှား ဖြတ်သန်းနိုင်ခဲ့ပေမယ့် နိုင်ငံရေး အင်အားစုအသစ်တွေ ပေါ်ထွက်လာခဲ့ပြီး ပြောင်းလဲမှုတွေကို အလျင်အမြန် လုပ်ဆောင်လာစေဖို့ မျိုးစေ့ချပေးခဲ့ပါတယ်။

Friday, June 21, 2013

ထောက်လှမ်းရေး အဖွဲ့ကို ပြုပြင် ဖွဲ့စည်းခြင်း - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)

ဆောင်းပါးရှင် - ပီတာဇီမန်း။

ရွေးထုတ်စီစစ်ရေး ကော်မတီ

အစိုးရ အပြောင်းအလဲ ဖြစ်ပြီး နှစ်လ အကြာမှာ ပြည်ထဲရေး ဝန်ကြီးဌာန ဌာနစိတ် (၂) (နိုင်ငံတော် လုံခြုံရေး ဌာန StB) ကို ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အမိန့်နဲ့ ဖျက်သိမ်းလိုက်တယ်။ အဲဒီကာလက စလို့ ဌာနစိတ် (၂) အဖွဲ့ဝင်တွေဟာ ပြည်သူ့ကော်မတီနဲ့ ရွေးချယ် စီစစ်ရေး ကော်မတီလို့ ခေါ်တဲ့ ကော်မတီတွေရဲ့ စီစစ်ခံ ပုဂ္ဂိုလ်တွေ ချက်ချင်း ဖြစ်လာကြတယ်။ ပြည်သူ့ ကော်မတီများကို ပြည်သူ့ဟစ်တိုင်နဲ့ တခြား ပါတီများရဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတယ်။ ဒါတွေက တော်လှန်ရေး အဖွဲ့အစည်း စစ်စစ် ဖြစ်တယ်။ ပြည်သူ့ ကော်မတီရဲ့ လမ်းစဉ်ကို လက်တွေ့ အကောင်အထည်ဖေါ်တဲ့ အဖွဲ့ဖြစ်တဲ့ ရွေးထုတ် စီစစ်ရေး ကော်မတီမှာ ထောက်လှမ်းရေး တဖြစ်လဲတို့က တက်ကြွတဲ့အခန်းက ပါဝင်ကြတယ်။

Thursday, June 20, 2013

မြန်မာစစ်တပ်အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - အပိုင်း (၁၀)

(စည်းလုံးခြင်းရဲ့အင်အား)

နိုင်ငံတစ်ခုရဲ့ ပြုပြင်ပြောင်းလဲရေး ဆိုရာမှာ နိုင်ငံရေး လုပ်ငန်းစဉ်အရ ပြုပြင်ပြောင်းလဲခြင်းနှင့် စစ်တပ် ပြုပြင်ပြောင်းလဲရေးဆိုပြီး အခန်းကဏ္ဍနှစ်ရပ် ရှိနေရာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး စာဖတ် ပရိတ်သတ်များ အနေနဲ့ လေ့လာသုံးသပ်နိုင်ရန် ဆက်လက် တင်ပြလိုက်ရပါတယ်။ အင်ဒိုဗိုလ်ချုပ်ကြီးနှင့် မြန်မာစစ်တပ်အရာရှိများ အပြန်အလှန် ဆွေးနွေးရာမှာ -  ပြုပြင်ပြောင်းလဲရေး ဆိုရာမှာ နိုင်ငံရေး လုပ်ငန်းစဉ် တစ်ခုတည်း ပြောင်းလို့မရကြောင်း၊ ပြောင်းလဲလိုက်တဲ့ နိုင်ငံရေး အားနည်းချက်အပေါ် မူတည်ကာ တပ်က ပြန်လည် ကိုင်တွယ်သွားရတဲ့ ဖြစ်စဉ်မျိုး ရှိတတ်တာမို့ တပ်ကိုပါ ပြုပြင် ပြောင်းလဲဖို့လိုတယ်လို့ အင်ဒိုဗိုလ်ချုပ်ကြီးက ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ပြုပြင်ပြောင်းလဲရေး နှစ်ခုစလုံးက တပြိုင်နက် ပြောင်းလဲဖို့ လုံးဝမလွယ်ကူပါ။ အင်ဒိုစစ်တပ် ပြုပြင်ပြောင်းလဲရေးကို အဆင့် နှစ်ဆင့်ထားပြီး သတိထား ကြိုးစား ပြောင်းလဲနေရကြောင်း အင်ဒိုဗိုလ်ချုပ်ကြီးက ဆိုပါတယ်။ တချို့အဆင့်တွေဟာ ပြည့်စုံသွားတာ ရှိသလို တချို့အဆင့်တွေက ယနေ့ထိ မပြီးပြတ်သေးဘဲ အရှိန်ယူတုန်း ကြိုးစားတုန်းဘဲ ရှိနေတယ်။

အစိုးရတပ်မှ တောင်ငူ ဘက်တွင် ဗုံးကြဲလေ့ကျင့်နေ

(ကေအိုင်စီ)
မြန်မာအစိုးရတပ်မှ စစ်လေယာဉ်များသည် ပဲခူးတိုင်း တောင်ငူခရိုင်ရှိ ထန်းတပင် မြို့နယ်အတွင်း၌ ယခုရက်ပိုင်းအတွင်း စစ်ရေးအရ ဗုံးကြဲလေ့ကျင့်မှုများ ပြုလုပ်လျှက်ရှိကြောင်း ထိုဒေသမှ လာသည့် သတင်းများအရ သိရသည်။


“ဒီရက်ပိုင်းတွေ စစ်လေယာဉ်တွေ ဗုံးကြဲလေ့ကျင့်နေတယ်။ အခုက ကြုံကြိုက်ပြီး ခပ်လှမ်းလှမ်းကနေ ကြည့်တာကို။

လျစ်လျူရှုခံခဲ့ရသည့် အခြေခံဥပဒေ

(Mizzima)

မိမိတို့ မြန်မာနိုင်ငံသားများသည် ယခုအခါ နိုင်ငံ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပေါ် ယခင်ကထက်ပိုပြီး အာရုံစိုက်မှု ရှိလာနေကြသည်ကို တွေ့မြင်လာရသည်။ အခြေခံ ဥပဒေအတည်ပြုခါစ ၂ဝဝ၈ ခုနှစ်ဝန်း ကျင်တွင် အဓိကပါတီကြီးတစ်ပါတီက ယင်းအခြေခံဥပဒေကို လက်မခံဟု ထုတ်ဖော်ပြောဆိုခဲ့ကာ အခြားသော နိုင်ငံရေးအင်အားစု အများအပြားကလည်း အခြေခံဥပဒေကို လျစ်လျူရှုခဲ့ကြသည်။

၂ဝ၁၁ ခုနှစ်နောက်ပိုင်းတွင် ယခင်က လုံးဝငြင်းပယ် လျစ်လျူရှုထားသည့် နိုင်ငံရေးအင်အားစုများက ၂ဝဝ၈ အခြေခံဥပဒေကို ရှေ့ဆက်ရမည့် လမ်းခရီးတွင် စီးနင်းစရာယာဉ်အဖြစ် သဘောထားကာ ယင်းဘောင်ထဲမှ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆီ ဆက်လက်တက်လှမ်းဖို့ စဉ်းစားလာကြသည်။ ထို့ပြင် ယမန်နှစ်က ၂ဝဝ၈ အခြေခံဥပဒေကို ရေးဆွဲပြင်ဆင်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များသည်ပင်လျှင် ၎င်းတို့ ဥပဒေ ကိုပြင်ဆင် ဖြည့်စွက်ရန်လိုသည်ဆိုသည့်အချက်ကို လက်ခံကာ ဆွေးနွေးကြရန် သဘောတူခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲ အကြိုနဲ့အလွန် မြန်မာ့နိုင်ငံရေး

(VOA)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲအကြိုနှင့်အပြီး ဖြစ်ထွန်းနေတဲ့ ဖြစ်ထွန်းလာနိုင်တဲ့ နိုင်ငံရေးပြဿနာ အခြေအနေတချို့ကိုတော့ သုံးသပ်စောင့်ကြည့်နေသူတွေဖြစ်ကြတဲ့ ဦးဝင်းမင်း ဦးအောင်သူငြိမ်းတို့နှင့် ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးဝင်းမင်းတို့ ကိုအောင်သူငြိမ်းတို့က မြန်မာနိုင်ငံကို မကြာခဏ ပြန်သွားတော့ ပြန်လိုက်တိုင်း အရင်ကထက် ဒီနေရာဖြင့် တိုးတက်နေပါလား ဆိုတာမျိုးတွေ တွေ့ရပါလား။

Wednesday, June 19, 2013

ဒို့ပြည်သူတွေ အလေးပြုကြရမယ့် ‘ဒို့အလံ’

(ဧရာဝတီ)
နိုင်ငံတော်အလံဆိုတာ ဗေဒင်တွေ ယတြာတွေ ဂြိုဟ်စီးဂြိုဟ်နင်းတွေနဲ့ စီရင်တွက် ချက်ပြီးမှ ရေးဆွဲဖန်တီး ရတဲ့ အရာမဟုတ်ပါ (ဓာတ်ပုံ- ဧရာဝတီ)

ဒီအချိန်ဒီကာလဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးအတွက် တနိုင်ငံလုံး စိတ်ဝင်တစား စိုင်းပြင်း ဆောင်ရွက်နေ ချိန်ဖြစ်ကြောင်း အားလုံးသိပြီးဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေက ပြည်သူ့အသံကို နားစွင့်ပြီး ပြင်ဆင် သင့်တဲ့အချက်တွေကို ကြိုတင်ညှိနှိုင်းပြုစုနေတဲ့ အချိန်လည်းဖြစ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စတဲ့ အရေးကိစ္စတွေအပေါ် သုံးသပ်အကြံပြုဖို့ကိစ္စမှာတော့ ကျနော့်အနေနဲ့ ၀င်မရှုပ်လိုပါ။

Monday, June 17, 2013

စစ်ကိုင်းတိုင်းက ရဲစခန်းတွေကို နေပြည်တော် ရဲဌာနချုပ်က ဝင်ရောက်စီးနင်း

(RFA)

ဇွန်လ ၁၆ ရက် မနေ့ညက စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ရဲတပ်ဖွဲ့စခန်းနဲ့ တမူးခရိုင် ရဲတပ်ဖွဲ့စခန်းတွေကို နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ဒုတိယရဲချုပ်ဦးစီးတဲ့ ရဲအင်အား ၁ဝဝ လောက်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။

ကလေးခရိုင် ရဲတပ်ဖွဲ့စခန်းကို ဝင်ရောက်စီးနင်းပြီးချိန် မှာ  ခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှူးကြီး ဇော်နိုင်ထွန်းထံက  လိုင်စင်မဲ့ကားအစီးရေ ၂ဝ ကျော်ကို သိမ်းဆည်းရမိပြီး၊  တမူးခရိုင်ရဲတပ်ဖွဲ့မှူး ဦးလှဝင်းရဲ့ကားပေါ်က အိန္ဒိယနိုင်ငံက တင်သွင်းတဲ့  တရားမဝင်ဆေးဝါး တချို့ကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ကလေးခရိုင် ရဲတပ်ဖွဲ့မှူးနဲ့ တမူးခရိုင်ရဲတပ်ဖွဲ့မှူးတို့အပြင် ရဲအရာရှိတချို့ကို နေပြည်တော်ကို ခေါ်ဆောင်သွားတယ် လို့ သိရပါတယ်။

ပြည်ထဲရေးရဲ့ ဗရမ်းဗတာကြောင့် အစိုးရထိုင်ခုံ လှုပ်နေရ

(စည်းလုံးခြင်းရဲ့အင်အား)

၂၀၁၂ ခုနှစ် ဇွန်လ စစ်တွေမြို့တွင်း လမ်းပေါ်မှ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ ပြုပြင်ပြောင်းလဲရေးကို အစိုးရက တစိုက်မတ်မတ် လုပ်နေပေမဲ့ ပြည်ထဲရေးရဲ့ လုပ်ကိုင်ပုံကြောင့် ဗရမ်းဗတာ ဖြစ်နေရလို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူလူထုက အစိုးရကို ပြစ်တင် ဝေဖန်လျက်ရှိကြောင်း စစ်ဖက်နီးစပ်သူများက အခုလို တင်ပြလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အာဏာရူးနေသလော

(ဧရာဝတီ)

နိုင်ငံရေးသမားများကို အလွယ်တကူ ပုတ်ခတ်စော်ကားလိုသူတွေ သုံးစွဲလေ့ရှိသော စကားလုံးတလုံးရှိသည်။ ယင်းမှာ “အာဏာရူး” ဟူသော စကားလုံးဖြစ်သည်။ ၈၈ အရေးအခင်းကာလ ဦးနုက သူသာလျှင် ပြည်သူကရွေးကောက် တင်မြှောက်ထားသော ၀န်ကြီးချုပ်ဖြစ်ပါသည်(၁၉၆၂ တွင် ဗိုလ်နေ၀င်းက အာဏာကို လက်နက် အားကိုးဖြင့် လုယူခဲ့တာ ထင်ရှားစေချင်သည်) ဟု ကြေညာ၏။ သူက အစိုးရ (စင်ပြိုင်) ဖွဲ့သည်။ နိုင်ငံရေးပါး မ၀သူတွေက ပွဲလန့်တုန်း ဖျာခင်းသည့် အာဏာရူးကြီးဟု ၀ိုင်းစွပ်စွဲကာ ကန့်ကွက်ကြသည်။ ဦးနု၏ နိုင်ငံရေးခြေလှမ်းကို မရိပ်စားမိ။ ထိုအခြေအနေလည်း ပျက်ပြယ်သွားသည်။

မြန်မာ ဝမ်ပေါင် ကုမ္မဏီတာဝန်ခံ ဖြေရှင်းချက် (အပိုင်း - ၃)

(VOA)

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ထဲမှာ အခြေစိုက်ထားတဲ့ ကြေးစင်တောင်၊ စံပယ်တောင်၊ စံပယ် တောင် (တောင်ပိုင်း) နဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လေးခုကို၊ “မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်” Myanmar Economics Holding Ltd. (MEHL) နဲ့ ဖက်စပ်လုပ်ကိုင်နေပြီး တရုတ်နိုင်ငံက လာရောက်ရင်းနှီး မြှုပ်နှံတဲ့ ကုမ္ပဏီကတော့ “မြန်မာ ဝမ်ပေါင် ကြေးနီသတ္ထုတူးဖေါ်ရေး လီမိတက်” Myanmar Wanbao Mining Copper Ltd. (MWMCL) ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ (၄)ရက်နေ့က၊ ဝမ်ပေါင်ကုမ္ပဏီရဲ့ ဖိတ်ခေါ်ချက်နဲ့ ဒီ ကြေးနီစီမံကိန်း လေးခုထဲက အကြီးဆုံးဖြစ်တဲ့ လက်ပံတောင်းတောင်က ကြေးနီသတ္ထုတူး ဖေါ်ရေး နယ်မြေရုံးမှာ ဗီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်းက သွားရောက်ပြီး  ဦးဆောင်ညွှန်ရေးမှူး Mr. Geng Yi ကို

Sunday, June 16, 2013

လိပ်ပေါက်တူးနဲ့တူတဲ့ နိုင်ငံတော်သမတကြီး ဦးသိန်းစိန် – အပိုင်း (၃)

(မိုးမခ)

အပိုင်း ၁ နဲ့ အပိုင်း ၂ မှာ သမတကြီး ဦးသိန်းစိန်ဟာ စစ်သားလူထွက်ကြီးပီပီ သူ့စစ်တပ်နဲ့ သူဦးစီးနေတဲ့အရပ်သား တပိုင်းစစ်အစိုးရအတွက်လိမ်ညာ လှည့်ပတ်ပြီးပြောေ နတာတွေကိုပေါ်လွင်အောင် ဖေါ်ပြထားပြီး အခုနောက်ဆုံးပိုင်းမှာတော့ သူ့ရဲ့ အမေရိကန်ခရီးစဉ်အတွင်း ပြောထားတဲ့စကားလက်ကျန်အချို့ကို ဆက်ပြီးရှင်းပြမှာဖြစ်သလို ဦးသိန်းစိန်ရဲ့ လိမ်ညာချင်တဲ့ ပင်ကိုယ်စိတ်ဗီဇကို ပိုမိုထင်ဟပ်စေဖို့ ပြည် သူအချို့ရဲ့ တုံ့ပြန်မှုများကိုပါ ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၅)

(စည်းလုံးခြင်းရဲ့အင်အား)


နိုင်ငံခြား ပညာတော်သင်သွား မြန်မာ့ စစ်သည်တော်များ

အယ်ဒီတာအဖွဲ့၏ တင်ပြချက် (၂)။ လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ တရုတ်နိုင်ငံ အနေဖြင့် ဆွေမျိုးပေါက်ဖေါ်ပမာ ချစ်ခင်နေပါသည်ဟု မည်သို့ပင် ပြောနေစေကာမူ UWSA အား ကြားခံနယ်မြေအဖြစ် ထူထောင် အားပေးနေသည်ဆိုသော သံသယဖြစ်ဖွယ် စွပ်စွဲချက်များ ပေါ်ထွက်လျက် ရှိနေရာ အမိနိုင်ငံ ချစ်မြတ်နိုးသူတိုင်း တော်လှန်ရေးသတိနှင့် ပြုမူနေထိုင်သွားရန် လိုအပ်ပါသည်။ UWSA တပ်ဖွဲ့ဝင်များအား တရုတ်စစ်တပ်မှ အငြိမ်းစား ယူသွားသည် ဆိုသော အရာရှိကြီးများက လေ့ကျင့်ပေးခြင်း၊ ဂျိမ်းစာစောင်၏ ဖော်ပြချက်အရ သံချပ်ကာများနဲ့ ရုရှားလုပ် MI – 17 ရဟတ်ယာဉ်များကို တဖက်လှည့်နှင့် ထောက်ပံ့ပေးခြင်း စသည့် သတင်းများ ပေါ်ထွက်ခဲ့ပါသည်။ မြန်မာနိုင်ငံ သမိုင်းရာဇဝင် အဆက်ဆက် တရုတ်တို့ ကျူးကျော်မှု၊ ဝင်ရောက် စွက်ဖက်မှု ရှိခဲ့သည်။ ဗျူစောထီးမင်း လက်ထက်တွင် တစ်ကြိမ်၊ နရသီဟပတေ့ လက်ထက်တွင် တစ်ကြိမ်၊ မင်းခေါင်ကြီး လက်ထက်တွင် တစ်ကြိမ်၊ ထူပါရုံ နရပတိ လက်ထက်တွင် တစ်ကြိမ်၊ ပင်းတလဲနှင့် ပြည်မင်း လက်ထက်တွင် တစ်ကြိမ်၊ တရုတ်တို့ အကြိမ်ကြိမ် လာရောက် တိုက်ခိုက်ကြသော်လည်း ပြန်လည် ဆုတ်ခွာ သွားကြရသည်။ လွတ်လပ်ရေး ကြိုးပမ်းမှု စတင်ခဲ့သည့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းသည် တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုကို မျှော်လင့် တောင်းခံခဲ့ကြပေမဲ့ ရရှိခဲ့ခြင်း မရှိသဖြင့် ဂျပန်သို့ ဆက်လက် ချဉ်းကပ်ခဲ့ရပါသည်။

Saturday, June 15, 2013

မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှု – ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်နိုင်ခြေ အနေအထား ၄ ခု

(ဧရာဝတီ)

သဘောထားကွဲပြားမှု အားလုံးနီးပါးလောက်ကို ခွင့်မပြုဘဲ အထီးကျန်ဆန်ဆန် နေတတ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင် အုပ်စိုးမှု နိုင်ငံအဖြစ်ကနေ နိုင်ငံတကာရဲ့ အားပေးချီးမြှောက်မှုကို မြန်မာနိုင်ငံက ခံယူရရှိထားပါပြီ။ ဒါ့အပြင် ဒီမိုကရေစီ နည်းအရ တရားဝင်မှုကို အပေါ်ယံဟန်ပြ ရရှိထားပြီး ပြုပြင်ပြောင်းလဲရေး အစိုးရ အုပ်ချုပ်တဲ့ နိုင်ငံအဖြစ်ကို မြန်မာက တနှစ်နီးပါး အချိန်အတွင်းမှာ ကူးပြောင်း ရောက်ရှိသွားပါပြီ။

နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ၀ါရင့် အတိုက်အခံ ခေါင်းဆောင်တွေ အပါအ၀င် စစ်ဖက်ပုဂ္ဂိုလ်တွေကပါ မြန်မြန်ဆန်ဆန် ထောက်ခံမှု ပေးခဲ့ကြပြီး နိုင်ငံတကာ မိသားစုကလည်း အကူအညီ အထောက်အပံ့တွေပေးဖို့ ကမ်းလှမ်းထားကြပါပြီ။ ဒီအတွက်ကြောင့်ပါပဲ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တိုင်းပြည်အတွက် အကောင်းမြင်မှုနဲ့ မျှော်လင့်ချက် ထားမှုတွေကို ပြန်လည် မွေးဖွားပေးနိုင်ခဲ့ပါတယ်။ အစိုးရနဲ့ အတိုက်အခံ နှစ်ဖက်လုံးက အချိန်ယူညှိနိုင်းပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်ခြင်းသည်သာ အောင်မြင်ဖို့ အနီးစပ်ဆုံး ဖြစ်နိုင်သလို ပိုလိုလား နှစ်သက်စရာလည်း ကောင်းတယ်ဆိုတာ အားလုံးက တဖြည်းဖြည်း သဘောတူ လက်ခံလာပေမယ့် ဖြစ်လာဖို့ဆိုတာတော့ မသေချာသေးပါ။

ဗမာပြည်မှာ နောက်လိုက်အများဆုံး ဖြစ်လာနိုင်တဲ့ အုပ်စု (သို့) Hate Group

(မိုးမခ)

အမုန်းနိဒါန်း
လွန်ခဲ့တဲ့ လေးငါးနှစ်က ဗြိတိသျှရုပ်သံက “အမေရိကားမှာ လူမုန်းအများဆုံး မိသားစု” ဆိုတဲ့ နာမည် နဲ့ သတင်းမှတ်တမ်းရုပ်ရှင် တခု လွှင့်တယ်။  လူကြည့်များ၊ လူကြိုက်များခဲ့ကြတယ်။
 
မှတ်တမ်းပါ မိသားစု (အုပ်စုအဖွဲ့) မှာ လူ လေးငါးဆယ် လောက် ရှိတယ်။ နှစ်ခြင်း (Baptist) အသင်းတော် ဘုရားကျောင်း တခု အနေနဲ့ သူတို့ဘာသာ “သီးသန့်” ထူထောင်ပြီး သူတို့ယုံကြည်တာတွေကို ဟောပြောတယ်။  သမ္မာကျမ်းမြတ်ကို သူတို့ သဘောနဲ့ လိုသလို အဓိပ္ပာယ်ဖွင့်တယ်။  ဘာသာရေးလမ်းစဉ်နဲ့ ယုံကြည်ချက်ကို အခြေပြုပြီး သူတို့ အဓိကထား တိုက်ခိုက်တာကတော့ လိင်တူချစ်သူတွေ နဲ့ ဂျူးလူမျိုးတွေ ကိုပဲ။  ဒီ လူအုပ်စု နှစ်ခုစလုံးကို အမေရိကား က သည်းခံ နေတယ်ဆိုပြီး အမေရိကန်အစိုးရအဖွဲ့ နဲ့ လူ့အဖွဲ့အစည်းကို ရှုတ်ချတယ်။  ကိုယ်ကျင့်တရာ ပျက်ယွင်း၊ မှားယွင်းမှု (Morally Wrong) ဖြစ်နေတယ်လို့ သူတို့ သတ်မှတ်တယ်။  
 

တရားဥပဒေ ပြုပြင်ရေး အကဲဖြတ်ချက်

(VOA)

အနှစ် (၂၀) ကျော် အခြေခံဥပဒေမရှိဘဲ စစ်တပ်ကထင်သလို အုပ်ချုပ်ခဲ့တဲ့နိုင်ငံမှာ ဒီမိုကရေစီပြုပြင်ရေးလုပ်ဖို့ ကြိုးပမ်းနေတာကြောင့် တရားဥပဒေ စိုးမိုးနိုင်ဖို့ အလားအလာရှိရဲ့ လားဆိုတာကို လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရှေ့ နေအသင်း International Bar Association က လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အကဲဖြတ်စာတမ်းတစောင် ထုတ်ဝေခဲ့ပါတယ်။ ဒီ စာတမ်းအကြောင်း ကျနော်တို့ တင်ပြပြီး ဖြစ်ပါတယ်။ မရှေးမနှောင်းမှာ အင်္ဂလိပ်-အမေရိကန် ဥပဒေလုပ်ငန်းတွေဖြစ်တဲ့ New Perimeter, Perseus Strategies (ပါးစူးစ်) နဲ့ ဂျေးကော့ဗ်ဗလပ်စ်တိန်း (Jacob Blaustein) က ဥပဒေပညာရှင်တစု မြန်မာပြည်ကို သွားကြပါတယ်။ နောက်တော့ သူတို့ရဲ့  လေ့လာအဲဖြတ်ချက်တွေကို လွန်ခဲ့တဲ့ မတ်လက ထုတ်ပြန်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ဖွယ်ရှိကြောင်း အာဏာရပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

(Eleven Media Group)

လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ဖွယ်ရှိကြောင်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန် ၁၃ ရက်တွင် ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်သည့် သူရဦးရွှေမန်းက အမေရိကန်ပြည်ထောင်စု လေ့လာရေး ခရီးစဉ်အတွင်း အေပီသတင်းဌာနအား ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ သူရဦးရွှေမန်းက ၎င်း၏ ပါတီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်းလည်း ပြောကြားသည်။

Friday, June 14, 2013

စွမ်းအားရှင်နဲ့ မပတ်သက်ပါဘူးဆိုတဲ့ ဦးအောင်သောင်းနဲ့ …

(ဧရာဝတီ)

ယမန်နှစ်ကစ၍ မြန်မာနိုင်ငံ အနှံ့အပြားတွင် လူမျိုးရေးဘာသာရေးနှင့် ဆက်နွှယ်သော ဆူပူအကြမ်းဖက်မှုများ ဆက်တိုက် ဆိုသလို ဖြစ်ပွားခဲ့ရာ လူပေါင်းရာနှင့်ချီ၍ သေဆုံးခဲ့ရပြီး သိန်းဂဏန်းရှိသည့် ပြည်သူများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ဘာသာရေး အဆောက်အအုံများ အပါအ၀င် လူနေအိမ်ခြေများ၊ စီးပွားရေးလုပ်ငန်းများ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။  မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်မှ အစပြု၍ မကြာသေးခင်က နောက်ဆုံး ဖြစ်ပွားခဲ့သည့် အရှေ့မြောက်ဘက် ရှမ်းပြည်နယ် လားရှိုးမြို့အထိ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများတွင် ကိုယ်တိုင်ကြုံခဲ့သူများ၊ မျက်မြင် သက်သေများ၏ ပြောပြချက် များကို ကိုးကား၍ အကြမ်းဖက်သူများသည် စုစုစည်းစည်း ရှိကြပြီး စနစ်တကျ လှုပ်ရှားတတ်ကြသည့်အတွက် သေချာစွာ လေ့ကျင့်ပေးထားသူများ ဖြစ်ဖွယ်ရှိသည်ဟု သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။ ထိုအခါတွင် ပြည်သူအများစုက ယခင်စစ်အစိုးရ လက်ထက်၌ နာမည်ဆိုးနှင့် ကျော်ကြားခဲ့သော စွမ်းအားရှင်ဆိုသည့် အဖွဲ့အစည်းတခု အပေါ်တွင်ပြန်လည် အာရုံစိုက်မိလာကြသည်။

စစ်အရာရှိများကို ရေကြောင်းနှင့် လေကြောင်း ရဲတပ်ဖွဲ့တွင် ပြောင်းရွှေ့ ခန့်အပ်

(ဧရာဝတီ)

မြန်မာ့ တပ်မတော်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့် အရာရှိ ၃၀ ခန့်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရေကြောင်းနှင့် လေကြောင်း ရဲအရာရှိများအဖြစ် ပြောင်းရွှေ့ ခန့်ထားလိုက်ကြောင်း သိရသည်။

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ၏ စစ်ရာထူးခန့်ချုပ်က တပ်မတော် (ရေ) မှ ဗိုလ်မှူးအဆင့် ၁၁ ဦးကို ရဲမှူးရာထူးများနှင့် ဗိုလ်ကြီး အဆင့် ၃ ဦးကို ရေကြောင်း ရဲတပ်ဖွဲ့၏ ဒု ရဲမှူးများအဖြစ် ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့လိုက်ကြောင်း ရန်ကုန် မီဒီယာဂရု(ပ်) ၏ အင်တာနက် စာမျက်နှာတွင်  ဇွန်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

ထောက်လှမ်းရေးအဖွဲ့ကို ပြုပြင် ဖွဲ့စည်းခြင်း - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)

အစ္စရေး အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ Mossad ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်

ဆောင်းပါးရှင် - ပီတာဇီမန်း

ပီတာဇီမန်း။ ။ သဘာဝ သိပံ္ပဖြင့် ဘွဲ့ရသည်။ ၁၉၆၀ ပြည့်လွန်နှစ်များ အဆုံးပိုင်းတွင် ကျောင်းသား လှုပ်ရှားမှု များတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၇၀ နှင့် ၁၉၈၀ လွန်နှစ်များအတွင်း သူ့ကို သဘောဝ သိပံ္ပ ပညာဖြင့် အလုပ်လုပ်ခွင့် မပြုသဖြင့် ကာယလုပ်သားအဖြစ် နောက်ပိုင်း နည်းပညာရှင်အဖြစ် အသက်မွေးသည်။ ၁၉၉၇ ခုနှစ်တွင် ပဋိညာဉ် စာတမ်း (၇၇) ကို လက်မှတ်ထိုးသည်။ ၁၉၉၀ ပြည့်နှစ်တွင် မြို့တော် ကော်မတီဝင် ဖြစ်လာသည်။ ၁၉၉၀ မှ ၁၉၉၈ ခုနှစ်အထိ အရပ်ဘက် တန်ပြန် ထောက်လှမ်းရေး၌ အမှုထမ်းသည်။ ၁၉၉၈ နှင့် ၂၀၀၁ ခုနှစ်အတွင်း အရပ်ဘက် ပြည်ပ ထောက်လှမ်းရေး အဖွဲ့ အကြီးအကဲ ဖြစ်လေသည်။  နိုင်ငံအသီးသီး၊ အစိုးရအမျိုးမျိုး၊ သမိုင်းကာလအထွေထွေရှိ ထောက်လှမ်းရေး၊ လုံခြုံရေးဌာနတို့ အသုံးပြုတဲ့ အရာတွေဟာ သဘောတရားအနေနဲ့ သိပ်မခြားနားလှပါဘူး။ လျှို့ဝှက်သတင်းပေးတွေကို သတင်းရရာ ရကြောင်း အခြေခံ အရင်းအမြစ် တစ်ခုအနေနဲ့ အားလုံးက သုံးကြပါတယ်။ ထောက်လှမ်းဖို့၊ စောင့်ကြည့်ဖို့၊ သက်သေအထောက်အထား ရဖို့ ပစ္စည်း ကိရိယာတွေကို အားလုံးက သုံးကြပါတယ်။ နည်းပညာအဆင့်မှာပဲ ကွာကြတာပါ။ လျှို့ဝှက်မှု၊ လုံခြုံမှု၊ သတင်းကွာခြားလိုမှုတွေကို အားလုံးက လိုက်နာ စောင့်ထိန်းကြတယ်။ အထူး အခွင့် အာဏာကို အားလုံးက ကျင့်သုံးကြတယ်။

မြန်မာ့စစ်တပ် အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - အပိုင်း (၉)

(စည်းလုံးခြင်းရဲ့အင်အား)

တပ်မတော် ပြုပြင်ပြောင်းလဲရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စပ်လျဉ်းပြီး ပြည်တွင်းပြည်ပရှိ တပ်မတော် အရာရှိတချို့နဲ့ စည်းလုံးခြင်းရဲ့ အင်အား အဖွဲ့တို့ အပြန်အလှန် ဆွေးနွေးခဲ့ပုံတွေကို ဆက်လက် တင်ပြသွားပါမယ်။

အင်တာနက်၊ ရေဒီယို Propaganda မျိုးနဲ့ ဖြန့်ချီထိုးဖောက် စည်းရုံးနိုင်သလို မြေပြင်လက်ကမ်း စာစောင်နဲ့ သွားလို့ရရင် သွားရမှာ ဖြစ်ကြောင်း၊ နောက်တစ်ခု Issue က ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းကြောင်းကို တပ်အတွင်း ဖျောက်ဖျက်ထားမှုအား ပြန်တင်ပြရမှာဖြစ်ကြောင်း၊ တပ်မတော်သားများ အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓလေ့စရိုက်တွေ၊ မိန့်ခွန်းတွေ၊ ဓါတ်ပုံတွေကို

Thursday, June 13, 2013

ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရ လုပ်ရပ်နှိုင်းယှဉ်ခြင်း

(Khonumthung)
Pu Lal Maung Cung ( MLA)
၁။ ပြည်ထောင်စုအစိုးရ                                                                  
-       သမ္မတ ဦးသိန်းစိန်သည် လူမျိုး၊ဘာသာ ဂိုဏ်းဂဏ မခွဲခြားပါ၊ အမျိုးသားလွှတ်တော်၊ ပြည်သူလွှတ်တော် ကိုယ် စားလှယ်၊ လူထုသဘောထားဆန္ဒကို လေးစားသမှုပြုသည်။ ကိုယ်ကျင့်တရားမကောင်းတဲ့ လွှတ်တော် ကိုယ် စားလှယ် ၊ အစိုးရ ၀န်ထမ်းတွေကို ပေါ်တင်ဖြုတ်ချရဲသည်။
ပြည်နယ်အစိုးရ
-       ၀န်ကြီးချုပ်နှင့် ၀န်ကြီးအဖွဲ့သည် ပါတီ၊ ပုဂ္ဂိုလ်ရေး၊ ဒေသ ခွဲခြားမှုရှိသည်၊ လွှတ်တော်ကိုယ်စားလှယ်၊ လူထု ဆန္ဒ ကို အလေးမထားပဲ သူတို့ သဘောထားဆန္ဒကို ပိုပြီးအလေးပေးသည်၊ ကိုယ်ကျင့်တရားမကောင်းသော အစိုးရ၀န်ထမ်းများ ပေါ်တင်အရေးယူမှုမရှိ၊

ကလေးလုပ်သားများကို အနှိပ်စက်ဆုံး နိုင်ငံ စာရင်းတွင် မြန်မာဦးဆောင်

7Day News Journal

ရန်ကုန်- ကမ္ဘောတစ်လွှားနိုင်ငံများ တွင် ကလေးအလုပ်သမားများကို အနိုင်အထက်ပြုကျင့်မှုအဆိုးရွား ဆုံးနိုင်ငံစာရင်း၌ မြန်မာနိုင်ငံက ထိပ်ဆုံးစာရင်းမှ ရပ်တည်နေဆဲ ဖြစ်ကြောင်း နိုင်ငံတကာအလုပ်သ မားအဖွဲ့အစည်း (ILO)၏ သုတေသနစာရင်းတွင်ဖော်ပြထားသည်။

ကလေးလုပ်သားများကို အနိုင်အထက်ပြုမှုအဆိုးရွားဆုံး နိုင်ငံများဖြစ်သော မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ ကွန်ဂို၊ ဇင်ဘာဘွေ၊ အာဖဂန်နစ္စတန်၊ ဘရွန် ဒီ၊ ပါကစ္စတန်နှင့် အီသီယိုပီးယားနိုင်ငံတို့၏ ထိပ်တွင် မြန်မာ နိုင်ငံက ရပ်တည်နေခြင်းဖြစ်သည်။

ပဋိပက္ခ နောက်ကွယ်မှာ ဘယ်သူ ကြိုးကိုင်နေလဲ

(ဧရာဝတီ)

မိထ္တီလာ၊ ဥကံ္ကနှင့် လားရှိုးမြို့ အကြမ်းဖက် ဖြစ်စဉ်များသည် ယခင် စစ်အစိုးရ အုပ်ချုပ်ခဲ့စဉ်ကာလအတွင်း လူအများက ရွံကြောက်ဖြစ်ခဲ့ရသည့် စွမ်းအားရှင်အဖွဲ့၏ လုပ်ပုံကိုင်ပုံများနှင့် တူပြီး ၉၆၉ အဖွဲ့၏ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ပေါင်းစည်းသွားမိခြင်းဟု စင်္ကာပူထုတ် သတင်းစာတစောင်က ရေးသားထားသည်။

ဇွန်လ ၂ ရက်နေ့ထုတ် The Straits Times သတင်းစာက အုပ်စုလိုက် လုယက်တိုက်ခိုက်ခြင်းများသည် “တောင်သာ တပ်ဖွဲ့”၏ လက်ရာခြေရာများနှင့် ဆင်တူသည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးအောင်သောင်း၏ မွေးရပ်ဇာတိ တောင်သာမြို့ကို အစွဲပြုပြီး ၂၀၀၃ ခုနှစ် ဒီပဲယင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို ရိုက်နှက်ခြင်းတို့တွင် ပါဝင်ခဲ့ကြောင်း လူအများက ယုံကြည်သော စွမ်းအားရှင်အဖွဲ့ကို ရည်ညွှန်း ရေးသားထားသည်။

ပြင်ဆင်ရေးဆွဲရမည့် ၂၀၀၈ ဖွဲ့စည်းပုံ

(VOA)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်တပ်ရဲ့အခန်းကဏ္ဍကို အတင်းအကျပ် လျော့ချဖယ်ရှားပစ်ဖို့ ကြိုးပမ်းကြမယ်ဆိုရင် စစ်အာဏာသိမ်းမှုဖြစ်မှာကို စိုးရိမ်ရတယ်လို့ ဖွဲ့စည်းပုံဥပဒေပညာရှင် ပါမောက္ခ David Williams က ပြောဆိုလိုက်ပါတယ်။ ဒါဆိုရင် ဘာတွေကို ဘယ်လို ပြင်သင့်လဲဆိုတာ အမေရိကန်ပြည်ထောင်စု Indiana တက္ကသိုလ်က ပါမောက္ခ David Williams နှင့် ဦးကျော်ဇံသာ ဆွေးနွေးတင်ပြထားပါတယ်။

Wednesday, June 12, 2013

ဗျူဟာမှူးအမိန့်ကို လက်အောက်ခံတပ်ရင်းမှူး မနာခံ

(KIC)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲရှိ ၀ါးတောရွာသားလေးဦးကို ခိုင်းမရ၍ ရိုက်နှက်ခဲ့သည့် အစိုးရတပ် စစ်ကွပ် ကဲရေးဌာနချုပ်(စကခ-၁၉) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၅၈၈) တပ်ရင်းမှ ဗိုလ်မှူးအောင်ဝင်းထူးသည် ဇွန်လ ၈ ရက် နေ့က ၀ါးတောတောင်သူတစ်ဦးအား ထပ်မံ ခြိမ်းခြောက်ခဲ့သည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ဇွန်လ ၇ ရက်နေ့က ဗိုလ်မှူးအောင်ဝင်းထူးကို မေတ္တာမြို့က ဗျူဟာက ခေါ်တယ်။ ခေါ်ပြီး အဲဒီညနေမှာပဲ ပြန်လာတယ်။ ပြန်လာပြီး နောက်နေ့မနက်မှာပဲ တောင်ယာခင်းက ပိုးသတ်ဆေးဖြန်းနေတဲ့ ၀ါးတောရွာက စော ချစ်မောင် ၂၀ နှစ်ကို ဘယ်သူ့အမိန့်နဲ့ ဒီဆေးကို ဖြန်းတာလဲမေးပြီး မင်းရဲ့ ၀ါးတောရွာ ဥက္ကဌကို သွားခေါ်စမ်းလို့ခိုင်းတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
 

Tuesday, June 11, 2013

မြန်မာ့စစ်တပ် အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - အပိုင်း (၈)

(စည်းလုံးခြင်းရဲ့အင်အား)

တပ်မတော် ပြုပြင်ပြောင်း လဲရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စပ်လျဉ်းပြီး ပြည်တွင်းပြည်ပ တပ်မတော် အရာရှိ တချို့နဲ့ စည်းလုံးခြင်းရဲ့အင်အား အဖွဲ့တို့ အပြန်အလှန် ဆွေးနွေးခဲ့ပုံတွေကို ဆက်လက် တင်ပြသွားပါမယ်။ ယခင်စစ်အာဏာရှင် ဦးသန်းရွှေလက်ထက်မှစပြီး တပ်မတော်အတွင်း စိတ်ဓါတ် စစ်ဆင်ရေးကို စနစ်တကျ ရိုက်သွင်းထားမှုကြောင့်  တပ်မတော်ပြုပြင် ပြောင်းလဲရေးဆိုတာနဲ့ တပ်ဖြိုခွဲရေးလို့ စွပ်စွဲကာ အရာရှိများ တွန့်ဆုတ်ကြောက်ရွံ့သွားအောင် ၀ါဒဖြန့်ထားကြောင်း၊ အမှန်တကယ် စွမ်းရည်ရှိကာ ပြည်သူလူထုရဲ့ အားကိုးယုံကြည်မှုနဲ့ ကျစ်လစ်ခိုင်မာပြီး သက်သာချောင်ချိရေး ကောင်းမွန်သော

ဦးခင်ညွန့်ရဲ့ လက်ရာ ငရဲနဲ့ တာဝတိံသာ

(ဧရာဝတီ)

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့် ဟာ နေအိမ်အကျယ်ချုပ် ကျခံနေရာကနေ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပြီးတဲ့နောက် သူအရင် နေထိုင်ခဲ့တဲ့ ခြံဝန်းကြီးထဲမှာ နဝဒေး ပန်ချီပြခန်း နဝဒေး ကော်ဖီကော်နာနဲ့ နဝဒေး အမှတ်တရ ပစ္စည်းဆိုင်တွေကို ဖွင့်လှစ်ခဲ့ပါတယ်။

ဒီဆိုင်တွေကို ကျပ်သိန်းထောင်ချီ အကုန်အကျခံ တည်ဆောက်ခဲ့တဲ့ ဦးခင်ညွန့်က “ဘဘ ချမ်းသာတဲ့ သူမဟုတ်ဘူး” လို့ ပြောဆိုခဲ့ပေမယ့် နိုင်ငံရေးယုံကြည်ချက်နဲ့ ထောင်ကျပြီး လွတ်မြောက်လာခဲ့သူတွေနဲ့ စာရင် စစ်ဗိုလ်ချုပ်ကြီးဟောင်း က တိုက်တာ ခြံဝန်းတွေနဲ့ စည်းစိမ် မပြတ်နေနိုင်တာ တွေ့ရပါတယ်။

Monday, June 10, 2013

ရွာသားများအား ရိုက်နှက် ခဲ့သူ အစိုးရတပ်ရင်းမှူး ခြိမ်းခြောက်မှုဆက်လုပ်နေဆဲ

(ကေအိုင်စီ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲရှိ ၀ါးတောရွာသားလေးဦးကို စေခိုင်းမရ၍ ရိုက်နှက်ခဲ့သည့် အစိုးရတပ် စစ်ကွပ် ကဲရေးဌာနချုပ်(စကခ-၁၉) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၅၈၈) တပ်ရင်းမှ ဗိုလ်မှူးအောင်ဝင်းထူးသည် ဇွန်လ ၈ရက် နေ့က ၀ါးတောတောင်သူတစ်ဦးအား ထပ်မံ ခြိမ်းခြောက်ခဲ့သည်။


အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ဇွန်လ ၇ရက်နေ့က ဗိုလ်မှူးအောင်ဝင်းထူးကို မေတ္တာမြို့က ဗျူဟာက ခေါ်တယ်။ ခေါ်ပြီး အဲဒီညနေမှာပဲ ပြန်လာတယ်။ ပြန်လာပြီး နောက်နေ့မနက်မှာပဲ တောင်ယာခင်းက ပိုးသတ်ဆေးဖြန်းနေတဲ့ ၀ါးတောရွာက စော ချစ်မောင် ၂၅နှစ်ကို ဘယ်သူ့အမိန့်နဲ့ ဒီဆေးကို ဖြန်းတာလဲမေးပြီး မင်းရဲ့ ၀ါးတောရွာ ဥက္ကဌကို သွားခေါ်စမ်းလို့ခိုင်းတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

၂ဝ၁၅ ရွေးကောက်ပွဲနှင့် ပြည်သူ့လိုအပ်ချက်

(Mizzima)

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတအဖြစ် ရည်မှန်းချက် ရှိထားကြောင်း လူသိ ရှင်ကြား ပြောဆိုထားပြီး ဖြစ်သည်။ အလားတူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ကလည်း သူ့အနေနှင့် ၂ဝ၁၅ ရွေးကောက်ပွဲအပြီးတွင် သမ္မတ ဦးသိန်းစိန် နေရာကိုဆက်ခံရန် စိတ်ဝင်စားကြောင်း Irrawaddy မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းရာတွင် ဆိုသည်။

Sunday, June 9, 2013

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၄)

(စည်းလုံးခြင်းရဲ့အင်အား)


(ဝဲမှ ယာ) မြန်မာ့မင်းများ ဖြစ်ကြတဲ့ အနော်ရထာ၊ ဘုရင့်နော်နဲ့ အောင်ဇေယျတို့၏ ရုပ်ထုကြီးများ

စစ်မဟာဗျူဟာစီမံချက်

ရန်သူတို့၏ အဓိကစစ်ကြောင်းကို မိမိတို့၏ ပင်မတပ်နှင့် တောတောင်ကောင်းရာက ထိပ်တိုက်ဆီးဆို့ တိုက်ခိုက်ထားမည်။

သူတို့၏ မျိုးရိက္ခာပို့တပ်များကို အခြားစစ်ကြောင်းဖြင့် လှည့်ပတ်တက်ပြီး ဖြတ်တောက် တိုက်ခိုက်မည်။

Saturday, June 8, 2013

မြန်မာနိုင်ငံရဲ့  ရဲတပ်ဖွဲ့ ဘယ်လဲ

(VOA)

မကြာခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်၊ မိတ္ထီလာ နဲ့ ဥက္ကံ ပဋိပက္ခတွေမှာ ရဲတပ်ဖွဲ့လုပ်ရည်ကိုင်ရည် ညံ့ဖျင်းတဲ့အတွက် ပဋိပက္ခကျယ်ပြန့်လာပြီး မထိန်းနိုင်မသိမ်းနိုင် ဖြစ်ခဲ့ရတယ်လို့ ဝေဖန်ကြပါတယ်။ လက်ပံတောင်းတောင် ဆန္ဒပြပွဲကို ဖြိုခွဲဖို့ကြိုးပမ်းရာမှာ မီးစုန်းဖြူပါတဲ့ ဓါတ်ငွေ့ဗုံးသုံးတဲ့အတွက် သံဃာတွေပါ မီးလောင်ကုန်တဲ့ အဖြစ်ဆိုးဟာ ရဲတပ်ဖွဲ့ကို နာမည်ပျက်စေပြန်ပါတယ်။ ဒါကြောင့် သံဃာတွေကို ရဲတပ်ဖွဲ့က တောင်ပန်းတဲ့ ကန့်တော့ပွဲကြီးကျင်းပပြီး အဖက်ဆယ်ဖို့ ကြိုးစားတာတွေ့ရပါတယ်။

Friday, June 7, 2013

စစ်တပ်ဆက်နွယ် ရင်းနှီးမြှုပ်နှံမှုအပေါ် ဒေါ်စုအမြင်

(VOA)

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် အဓိက အကန့်အသတ်နှစ်ခုဟာ တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံ အဆောက်အအုံပိုင်းဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ ဒါ့အပြင် စစ်ဘက်နဲ့ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်း တွေမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ လုပ်ဆောင်သင့်တာကိုလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် အဲဒီလိုပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
 

ပြုပြင်ပြောင်းလဲမှု နောက်ပြန်မလှည့်နိုင်ဘူး ဆိုတာ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

(မြစ်မခ)


ဇွန်လ ၆-ရက်နေ့က နေပြည်တော်တွင် ဆက်လက်ကျင်းပနေသော (World Economic Forum East Asia 2013) ကမ္ဘာ့စီးပွားရေးဖိုရမ်အတွင်း ဘီဘီစီ အသံလွှင့်ဌာနနှင့်ပူးတွဲကျင်းပသည့် “မြန်မာပြည်၏အနာဂတ် ဆွေးနွေးပွဲ အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ရိန်းဖောမြန်မာအဖွဲ့ပူးတွဲတည်ထောင်သူမဇင်မာအောင်တို့ ပါဝင်ဆွေးနွေးခဲ့ ကြသည်။

 

အင်္ဂလန် နိုင်ငံခြားရေးဝန်ကြီး Baroness Warsi ရဲ့ သဘောထားအမြင်ကို မြန်မာပြည်သားတို့ လက်မခံ

(မြစ်မခ)

မြန်မာနိုင်ငံအတွင်းရှိ ဘင်္ဂါလီများအား အင်္ဂလန်နိုင်ငံခြားရေး ၀န်ကြီး Baroness Warsi က ရိုဟင်ဂျာဟု သုံးနှုန်းပြီး လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခု ဖွဲ့သင့်သည်ဟု အင်္ဂလန်နိုင်ငံ အောက်လွှတ်တော်တွင်   ပြောကြားခဲ့ကြောင်း သိရှိရသည်။
 
အင်္ဂလန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Baroness Warsi သည် ဇွန်လ (၅)ရက်နေ့က အင်္ဂလန်နိုင်ငံ   အောက်လွှတ်တော်အတွင်း၌  Baroness Warsi နှင့် ပြည်ပအခြေစိုက်Burma Campgin UK နှင့် Debate  (စကားစစ်ထိုးပြီး) ပြောကြားခဲ့ခြင်းဖြစ်ကြောင်း  သိရှိရသည်။
 

ယနေ့ခေတ် သမ၀ါယမ စနစ်လည်း ခြစားမှုများရှိနေ

(ဧရာဝတီ)

သမ၀ါယမ ၀န်ကြီးဌာန သမ၀ါယမ ဦးစီးဌာနက လူသုံးကုန်ပစ္စည်းနှင့် လုပ်ငန်းသုံးပစ္စည်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေး ရာတွင် အောက်ခြေ အဆင့် မှ တာဝန်ခံများနှင့် နီးစပ်သူများသာ ၀ယ်ယူခွင့်ရရှိကြကြောင်း ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

ဇွန်လ ၂ ရက်နေ့က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များကို အပ်ချုပ်စက်၊ ဆိုက္ကား၊ လယ်ယာသုံးပစ္စည်းများ နှင့် မော်တော်ကား များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးမှုတွင် ရန်ကုန်မြို့ခံ အများစုက မသိရှိကြကြောင်း ပြောဆိုသည်။

မြန်မာ့စစ်တပ် အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - အပိုင်း (၇)

(စည်းလုံးခြင်းရဲ့အင်အား)

ဦးပိုင်မှ ကြီးကြပ်ကွပ်ကဲနေတဲ့ မြဝတီဘဏ် လီမီတက်

ဒီနေ့မှာတော့ ဒီမိုကရေစီနှင့် လူအခွင့်အရေး အခြေခံပေါ် မူတည်ပြီး Sanction လုပ်တဲ့အခါ ဘယ်လောက် အတိုင်းအတာထိ လုပ်သင့်ပြီး အကျိုး ရှိ မရှိ စဉ်းစားရမဲ့ အပိုင်းတွေ၊ စစ်တပ် အရာရှိတွေအပြင် အရပ်ဘက် အရာရှိတွေ အနေနဲ့လည်း ဘယ်လို လေ့လာသင့်တယ် ဆိုတာတွေကို အင်ဒိုဗိုလ်ချုပ်ကြီးရဲ့ ဆွေးနွေး သုံးသပ်ချက်များအား ဆက်လက် တင်ပြသွားပါမယ်။

ပြည်ထဲရေး ဝန်ကြီးဌာနနှင့် လုံခြုံရေး တပ်ဖွဲ့များ အသွင် ကူးပြောင်းရေး လုပ်ငန်း - အပိုင်း (၇)

(စည်းလုံးခြင်းရဲ့အင်အား)

ဆောင်းပါးရှင် - ဂျန်ရမ်လ်။

အယ်ဒီတာအဖွဲ့၏ တင်ပြချက်။    ။ နိုင်ငံတော်အုပ်ချုပ်ရေးယန္တယားကို ထိန်းချုပ်ထားတတ်တဲ့ တပ်မတော်၊ ထောက်လှမ်းရေးအဖွဲ့၊ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ လုံခြုံရေးတပ်ဖွဲ့များနှင့် လျှို့ဝှက်ရဲ အဖွဲ့တွေဟာ ပြည်သူလူထုအပေါ် လူတစုအာဏာတည်မြဲရေး အတွက် နှိပ်ကွပ် ဖိနှိပ်တတ်ကြပါတယ်။ သူတို့ရဲ့ ဌာနချုပ်တွေကိုသာမာန် အစိုးရရုံးတွေနှင့် မရောထွေး၊ မစပ်ယှက်ဘဲ သီးခြားလျှို့ဝှက်စွာ ရပ်တည်လှုပ်ရှား ဆောင်ရွက်ကြပါတယ်။ ရုံးအဆောက်အဦး တည်ဆောက်သည်မှအစ သီးခြား ကမ္ဘာလေးသဖွယ် လူသူမရောက်တဲ့နေရာများမှာ တည်ဆောက်ထား တတ်ကြပါတယ်။ ကွန်မြူနစ်ပါတီအပါအ၀င် အာဏာရှင်စနစ်တည်မြဲရေးအတွက် လက်တဆုတ်စာ လူတန်းစား အကျိုးစီးပွားအား အဲဒီအဖွဲ့အစည်းများက အကာအကွယ်ပေးခဲ့ကြပါတယ်။ အာဏာရှင်တွေဟာ အန္တာရာယ်ပြုမဲ့ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး စစ်ကြောရေးစခန်းမှာ စစ်ဆေးကာ အဖွဲ့အစည်းဖြစ်က မတရားအသင်းအဖြစ်  ကြေ ညာပြီး တဦးချင်းလူပုဂ္ဂိုလ်များကို ပုဒ်မ (၅) ည ကဲ့သို့ ပုဒ်မများနှင့် နှစ်ရှည်ထောင်ဒဏ် ဖြုတ်ထုတ် ချခဲ့ပါတယ်။

World Economic Forum တွင် ပြုပြင်ပြောင်းလဲမှု၊ မီဒီယာ၊ တိုင်းရင်းသား ရင်ကြားစေ့ရေး စစ်တပ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ စကားစစ်ထိုးပွဲကျင်းပ

(Eleven Media Group)

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မဇင်မာအောင်တို့ကို စကားစစ်ထိုးပွဲတွင် တွေ့ရစဉ် (Photo: AFP)

ဘီဘီစီရုပ်သံလိုင်းမှ အပတ်စဉ် ကျင်းပသည့် စကားစစ်ထိုးပွဲအား နေပြည်တော်တွင် ကျင်းပသည့် အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ်၏ ဖွင့်ပွဲတွင် လာရောက်ပြုလုပ်ခဲ့သည်။
အဆိုပါ စကားစစ်ထိုးပွဲမှ ပြောကြားချက်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ပြုပြင်ပြောင်းလဲမှု
Nick Goring (Presenter) - မြန်မာနိုင်ငံရဲ့ လက်ရှိအပြောင်းအလဲ ဖြစ်စဉ်အား နောက်ပြန် ပြန်လှည့် သွားနိုင်လား။

ဒေါ်အောင်ဆန်းစုကြည် - တကယ်မေးရမယ့် မေးခွန်းက ပြုပြင်ပြောင်းလဲမှုတွေဟာ နောက်ပြန် လှည့်နိုင်သလား ဆိုတာထက် လူတချို့ရဲ့ စိတ်နေစိတ်ထားတွေဟာ ပြောင်းလဲသွားနိုင်သလား ဆိုတဲ့မေးခွန်းကို ပိုမေးသင့်ပါတယ်။ တကယ်လိုအပ်တဲ့ အရာက အမျိုးသား ရင်ကြားစေ့ရေးပါ။ ပြည်သူအများစုဆီက ရှေ့ဆက်သွားလိုတဲ့ ဆန္ဒရှိဖို့ လိုအပ်ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ ယုံကြည်ချက်တွေနဲ့ ဆုံးဖြတ်မှုတွေ အပေါ်မှာ အများကြီး မူတည်ပါတယ်။

မူဆလင် တိုက်ခိုက်ရေးဟာ ဘယ်သူက စပြီး ဘယ်သူ့ကို ဦးတည် နေသလဲ?

(Kachin duwa)

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတ ဖြစ်ချင်တယ် ဆိုတဲ့ သတင်း အောက်မှာ ကွန်မန့် ပေးသူတွေမှာ လေ့လာမိသလောက် နဲ့ အတွေးကို ဆက်နယ်ချဲ့လိုက်တော့ ပုံရိပ်တခု ကို ပိုပြီး ပီပီပြင်ပြင် တွေ့လာတယ်။
အဲဒီ ကွန်မန့် တွေမှာ လူတစ်စုပေးတဲ့ ကွန်မန့်တွေရဲ့ သွားတဲ့ လမ်းကြောင်းတွေ စုလိုက်တော့
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရင် ကုလားတွေကို အခွင့်အရေး ပေးတော့မယ်... ဆိုတဲ့ ဆိုက်ဝါး ကို အထင်းသား တွေ့လိုက်ရတယ်။ ဒီလို ဆိုက်ဝါးဟာ မသိနားမလည် တဲ့ ဗမာ လူထုရဲ့ အသဲနှလုံးတွေကို လှုပ်ခါ စေပါတယ်။

ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ ဇာတ်ခုံမှာ ဒီမိုကရေစီ အိုင်ကွန် အနေနဲ့ နာမည်ကြီးလာတာနဲ့အမျှ နိုင်ငံတကာ စံချိန် စံညွန်းအရ ဒီမိုကရေစီ နဲ့ ထိုက်တန်တဲ့ စကားကိုတော့ ပြောရပါလိမ့်မယ်။ အဲဒါက ဥပဒေ ထဲက နိုင်ငံသား အခွင့်အရေး ပါပဲ။ ကုလားပဲ ဖြစ်ဖြစ်၊ တရုတ်ပဲ ဖြစ်ဖြစ်၊ ဗမာ ပဲ ဖြစ်ဖြစ်၊ ကချင်ပဲ ဖြစ်ဖြစ်၊ ဗုဒ္ဓပဲ ဖြစ်ဖြစ်၊ မူဆလင်ပဲ ဖြစ်ဖြစ်၊

ကလေးဖျက်ချခွင့် ဥပဒေ မရှိပဲ၊ ရိုဟင်ဂျာ ကလေးနှစ်ယောက် အစီအစဉ် ဘယ်လို ဖြစ်လာမလဲ?

(Kachin duwa)
UN Declares Birth Control a Human Rights ဆိုတာ ကို အဓိပ္ပါယ် တမျိုးပေါက်အောင် ဘာသာပြန်ထားပြီး ရခိုင်က ရိုဟင်ဂျာကလေး နှစ်ယောက်အစီအစဉ်မှာ လူ့အခွင့်အရေး ချိုးဖေါက်တယ် လို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလဲ ငတုံး ဖြစ်အောင် ပြောနေတာတွေ တွေ့ရပါတယ်။

ဒီလိုကွဲ့.....

ယူအန်ရဲ့ ကလေးထိန်းချုပ်မှု ဆိုတာ အာဏာ နဲ့ အဓမ္မလုပ်ဖို့ မဟုတ်ဘူး။ ကိုယ့်အသိစိတ်နဲ့ ကိုယ်ဆုံးဖြတ်ပိုင်ခွင့် ပေးဖို့ ဖြစ်တယ်။ လူထုပညာပေးခြင်း၊ ကလေးမရအောင်လိင် ဘယ်လို ဆက်ဆံရမယ်ဆိုတာ မိသားစု နဲ့ ကျောင်းတွေ မှာ လိင်ပညာပေးခြင်း၊ အမျိုးသမီး တွေ လွတ်လပ်စွာ ကိုယ်ဝန်ဖျက်ချခွင့် စတာ တွေ ဖြစ်ပါတယ်။ နောက်ပြီး ဥပဒေ ပြဠာန်းရမယ်။ ဒီလိုနည်းနဲ့ ပညာရေးမြင့်မားလာတဲ့ အနောက်နိုင်ငံတွေမှာက ကလေးယူခိုင်းရင်တောင် မယူတော့လို့ အစိုးရက ကလေးထောက်ပံ့ကြေးတွေပေးပြီး ကလေးမွေးဖို့ ဆော်သြနေရပါတယ်။

Thursday, June 6, 2013

ဇူလိုင် ၇ အရေးတော်ပုံကို စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စုံးစမ်းပေးပါ” ဦးလှရွှေ ပြော

(Mizzima)

ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီ စစ်အစိုးရ အုပ်ချုပ်စဉ် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က တက္ကသိုလ်ဝင်းအတွင်း ဆန္ဒပြနေသည့် ကျောင်းသားများကို အစိုးရတပ်မှ အကြမ်းဖက် ပစ်ခတ်ခဲ့သည့်
ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့၍ ဖော်ထုတ်ပေးရန် ယင်းကာလက ကျောင်းသားခေါင်းဆောင် ဦးလှရွှေ က တောင်းဆိုလိုက်သည်။

၁၉၇၄ အလုပ်သမားအရေးအခင်းနှင့် ၁၉၇၄၊ ၇၅၊ ၇၆ ခုနှစ် ကျောင်းသား အရေးအခင်းများ၏ အောက်မေ့ဖွယ်အဖြစ် ရန်ကုန်မြို့တွင် ဇွန်လ ၆ ရက်နေ့က ပြုလုပ်သည့် အထိမ်းအမှတ် အခမ်းအနားတွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ် ခွဲအတွင်းရှိ ရွာသားလေးဦး ကို အစိုးရစစ်တပ် ပါးရိုက်

(KIC)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ အတွင်းရှိ ၀ါးတော(၀ါ့ကလား) ရွာသားလေးဦးကို ဇွန်လ ၄နှင့် ၅ရက်နေ့တွင် မြန်မာအစိုးရတပ်က ခိုင်းစေမရ၍ ပါးရိုက်ခဲ့သည်ဟု အဆိုပါဒေသမှ လာသည့်သတင်းအရ သိရသည်။

မြန်မာအစိုးရ လှုပ်ရှားစစ်တပ် ထီးထာ့ရွာအခြေစိုက် နည်းဗျူဟာ(၂)၊ စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၁၉) လက်အောက်ခံ စစ် ကြောင်း-၁ ခြေမြန်တပ်ရင်း(ခမရ-၅၈၈)တပ်ရင်းမှ ဗိုလ်မှူးအောင်ဝင်းထူးဆိုသူသည် ၀ါးတောရွာသားများကို ပါးရိုက်ခဲ့ခြင်းဖြစ် သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အင်အားကောင်း နှစ်ပါတီစနစ်ကို မဖြစ်ညစ်ကျယ် ပီအာနဲ့ အစားထိုးမလား

(Mizzima)

သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးဆိုသည်များမှာ အပေါ်ယံမဲဆွယ် စကားများသာ ဖြစ်နေပါသည်။ အပေါ်ကတော့ ပြောင်းလဲပါရဲ့ အောက်ခြေက လိုက်မပြောင်း ဘူးဟူသော စကားသည် ကိုယ့်ကိုယ်ကိုယ် လှည့်စားခြင်း၊ ရာစုနှစ်တစ်ခုစာ အကြောက်တရားကြီးစိုးခဲ့ခြင်း၏ ပုံစံကျခြင်း၊ မလှန်ရဲခြင်းများကို ပြသည်။ ဒီမိုကရေစီ နိုင်ငံရေးသမားတို့ကို အထီးကျန်ထားနိုင်လျှင် ပြီးရောဟူ၍ အရင်းရှင်မွေး၊ ဝန်ထမ်းတွေ မက်လုံးပေး
နှင့် နှစ်၂ဝ ကျော်ကြာ ထပ်မံလမ်းလွဲခဲ့သော ဖွံ့ဖြိုးမှု နောက်ကျသည့် နိုင်ငံငယ်တစ်ခုတွင် အားကောင်းသောအစိုးရ၊ ပါးနပ်သောအစိုးရ လိုပါသည်။ ဟိုကြောက်ရ၊ ဒီမျက်နှာချိုသွေးရ၊ အိမ်ကျယ်အစိုးရမျိုးနှင့်လည်း မဖြစ်ပါ။

ကလေးကန့်သတ် ဒေသန္တရအမိန့် လုံးဝမရှိဟု ပြည်နယ်အစိုးရ ဆိုပြန်

(Mizzima)

လက်ရှိအစိုးရ လက်ထက်၌ ရခိုင်ပြည်နယ်တွင် ကလေးနှစ်ဦးထက်ပို မမွေးရန် ကန့်သတ် ထားသော ဒေသန္တရအမိန့် လုံးဝမရှိကြောင်း ပြည်နယ်အစိုးရ၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်း က ပြောဆိုလိုက်သည်။

ဇွန်လ ၆ ရက်နေ့ မနက် ၉ နာရီ ၃၀ က ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးတွင် ပြုလုပ်သော ပြည်နယ်အစိုးရ၏ သတင်းစာ ရှင်းလင်းပွဲ၌ ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

Wednesday, June 5, 2013

မြန်မာကို စစ်ရေးလေ့ကျင့်ပေးရေး ဗြိတိသျှ စစ်ဦးစီးချုပ် ဆွေးနွေး

(ဧရာဝတီ)

ရန်ကုန်မြို့အပြင်ဖက် ထောက်ကြံ့ရှိ ဓနသဟာယ စစ်သင်္ချိုင်းတွင် ဗိုလ်ချုပ်ကြီး Sir David Richards သွားရောက် အလေးပြုခဲ့စဉ် (ဓာတ်ပုံ – Reuters)

အင်္ဂါ နေ့က ပြီးဆုံးခဲ့သော ဗြိတိန် ကာကွယ်ရေးဦးစီးချုပ်၏ ခရီးစဉ်အတွင်းတွင် မြန်မာ့တပ်မတော်နှင့် ဗြိတိန်တပ်မတော် ပူးပေါင်းဆောင်ရွက်မည့် လေ့ကျင့်ရေးအစီအစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ ထိုခရီးစဉ်သည် ပြုပြင်ပြောင်းလဲရေးများ စတင်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးအဖြစ် အနောက်နိုင်ငံတခု၏ စစ်တပ်အကြီးအကဲ ရောက်ရှိလာခြင်းလည်း ဖြစ်သည်။

မြန်မာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု သိသာစွာကျဆင်း

(The Voice Weekly)

အရှေ့တောင် အာရှနိုင်ငံများ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အရှိန်နှင့်လှိမ့် ဝင်လာချိန်၌ တရုတ်-မြန်မာဆက်ဆံရေး အနည်းငယ် တင်းမာခဲ့သဖြင့် လွန်ခဲ့ သည့် နှစ်များနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံအတွင်း တရုတ် ရင်းနှီးမြှုပ်နှံ မှုများ သိသာစွာ ကျဆင်းလျက်ရှိကြောင်း The Wall Street Journal သတင်းတွင် ရေးသားဖော်ပြထားသည်။

    မြန်မာနိုင်ငံဘင်္ဂလားပင်လယ်အော်မှ တရုတ်တောင်ပိုင်းသို့ဆက်သွယ် ပို့ဆောင်မည့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပို့ဆောင်ရေး ပိုက်လိုင်းနှစ်သွယ် တည်ဆောက်ရေးလုပ်ငန်း စီမံကိန်းကို ယခုနှစ်အတွင်း ဖွင့်လှစ်ရန် သတ်မှတ် ထားသော်လည်း ခေတ္တ ရပ်ဆိုင်းသွားခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

လူ့အခွင့်အရေးလား၊ လူဦးရေ ထိန်းချုပ်မှုလား

(ဧရာဝတီ)

ဇွန် ၄ ရက်နေ့က တအိမ်ထောင် ကလေးနှစ်ဦး အမိန့် ထောက်ခံသည့်အနေဖြင့် ရခိုင်ပြည်နယ် စစ်တွေတွင် ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ – မင်းနိုင်သူ)

ရခိုင်ပြည်နယ်အစိုးရက ဒေသန္တရ အမိန့်တခု ထုတ်သည်။ ထိုအမိန့်မှာ ဘူးသီးတောင် မောင်းတောနေ ဘင်္ဂါလီမိသားစုများ ကလေးနှစ်ယောက်ထက် ပိုမယူရေး (Two Child policy) ဖြစ်သည်။ ဒါကို မေ ၂၇ တွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းအမိန့်သည် လူလူချင်း ခွဲခြား ဆက်ဆံခြင်းဖြစ်၍ လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်သည်ဟု ဝေဖန်သည်။ ထိုဝေဖန်မှုက အတန်ငယ် ဂယက်ထသွားသည်။ ထောက်ခံသူတွေရှိသလို ကန့်ကွက်သူတွေလည်း ရှိသည်။ ကန့်ကွက်သူ တွေထဲမှ တချို့က ဇွန်လ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့၌ ဆန္ဒပြမည်ဟူသော သတင်းများ ထွက်ပေါ်လာပြန်သည်။

ဦးသိန်းစိန်၏ ရေဒီယိုစကား မုသား – မယုံလေနဲ့သတိထား (Tu Maung Nyo)

(မိုးမခ) တူမောင်ညို  (၂၀၁၃ ခုနှစ်၊ ဇွန်လ ၅ ရက်)

သမ္မတ (ဗိုလ်)ဦးသိန်းစိန်ကို ဆူပါမီဒီယာကြီး(CNN) က (Icon of Reform) လို့ သမုတ်ပါတယ်။
 ကျနော်တို့ ပြည်သူပြည်သားများကလည်း အားကျမခံ သမ္မတကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ (Icon of Lie) လို့ အနွတ္တသညာပြု လိုက်ရပါတယ်။ 

“နိုင်ငံရေးအကျဉ်းသားမရှိ” လို့ ဗြောင်လိမ်ရာကနေ၊ “ရာဇဝတ်မှုနဲ့ နိုင်ငံရေးပြစ်မှု မကွဲပြား” တာပါလို့  ပတ်ပြီးလိမ်ညာလာပြန် ပါတယ်။ “နိုင်ငံရေးအကျဉ်းသား” အဖြစ် အသိအမှတ်ပြုဖို့အရေး (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရမှာ ခက်ခဲလှပါဘိတော့တယ်။

Tuesday, June 4, 2013

ဦးသိန်းစိန်ရဲ့ သမဝါယမစနစ် ဆိုရှယ်လစ်ကို ပြန်အသက်သွင်းတာလား

(ဧရာဝတီ)

ဇွန် ၂ရက်က သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်း မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်နိုင်ငံဖြစ်နေတာကြောင့် အခြေခံလူတန်းစားတွေဖြစ်တဲ့ တောင်သူလယ်သမားတွေနဲ့ လက်လုပ်လက်စား အလုပ်သမားတွေအတွက် သမဝါယမအသင်းတွေကတဆင့် အသေးစား ချေးငွေတွေ ထုတ်ပေးဖို့ စီစဉ်ပေးမယ်ဆိုလို့ ဆိုခဲ့ပါတယ်။
နိုင်ငံပိုင်သတင်းစာတွေမှာလည်း သမ္မတကြီးရဲ့ မိန့်ခွန်း အပြည့်အစုံနဲ့ သမဝါယမ အသင်းဝင်တွေရဲ့ ထင်မြင်ယူဆချက်တွေ ၊ အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတဲ့ အနှေးယာဉ်ဆိုက်ကားတွေရဲ့ ဓာတ်ပုံတွေကိုလည်း ဝေဝေဆာဆာ ဖော်ပြပေးခဲ့ပါတယ်။

ဒီမိုကရေစီလမ်းကြောင်းကနေ နောက်ပြန် လှည့်မည်မဟုတ်ဟု ကာကွယ်ရေး ဦးစီးချုပ်ပြော

(DVB)

တပ်မတော်က ဒီမိုကရေစီကို ဖော်ဆောင်ပေး ခဲ့တာဖြစ်လို့ လက်ရှိ အစိုးရ ဒီမိုကရေစီလမ်းကြောင်း ဆက်လျှောက်နိုင်အောင် ပူးပေါင်းသွားမှာဖြစ်ပြီး နောက်ပြန်လှည့်မှာ မဟုတ်ဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဇွန် ၃ ရက်နေ့က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဗြိတိသျှတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချက်နဲ့ တွေ့ဆုံစဉ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာလို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရသူ ဦးရဲထွဋ်က ဆိုပါတယ်။

ခြိမ်းခြောက်ငွေတောင်းသော ကျောက်တန်းမြို့ ဘေးပေါက်ရွာ အုပ်ချုပ်ရေးမှူး ကျပ်ဆယ်သိန်းဖြင့် အာမခံရရှိ

(Mizzima)

၁၂ နှစ်တိုင်တိုင် ရွာသားများထံမှ ငွေကြေးများကောက်ခံ၍ ကိုယ်ကျိုးသုံးသည်ဟု စွပ်စွဲကာ ကျောက်တန်းမြို့နယ်
ဘေးပေါက် ကျေးရွာအုပ်ချုပ်ရေးမှူးအား ကျောက်တန်းမြို့နယ် တရားရုံးက ပုဒ်မ ၅ဝ၆ (ခြိမ်းခြောက်မှု)ဖြင့် ထိုကျေးရွာမှ မဝါဝါခိုင် စွဲဆိုရာ မေလ ၃ဝ ရက်တွင် တရားရုံးက အတည်ပြုခဲ့ပြီး ထိုနေ့တွင် ကျပ်၁ဝသိန်းဖြင့် အာမခံရခဲ့ သည်။

''တရားသူကြီးကတော့ ဒီနေ့စွဲချက်ကို အတည်ပြုလိုက်တယ်။ အုပ်ချုပ်ရေးမှူး ဦးအေးလွင်ကို ဘေးပေါက်ရွာက ဦးသန်းဝင်းနဲ့ ဦးမြင့်ရွှေက တစ်ဦး ငါးသိန်းနဲ့ အာမခံနဲ့ ပြန်ထုတ်သွားတယ်''ဟု ဘေးပေါက်ရွာက ဦးအေးထွန်းက မဇ္ဈိမကို ပြောသည်။

အမေရိကန် – မြန်မာ စစ်ဖက် ဆက်ဆံရေး

(ဧရာဝတီ)

အမေရိကန် ပြည်ထောင်စုသို့ ပြီးခဲ့သည့် မေလအတွင်းက သမ္မတ ဦးသိန်းစိန်နှင့် အတူ ကာကွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် လိုက်ပါသွားခြင်းဖြင့် အမေရိကန်နှင့် မြန်မာ တပ်မတော်နှစ်ရပ်အကြား တရားဝင်ဆက်ဆံရေး ပြန်လည် စတင်လိုက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက စင်ကာပူနိုင်ငံတွင် ကျင်းပသည့် အာရှဒေသ လုံခြုံရေးဆိုင်ရာ ညီလာခံ (Shangri La Dialogue 2013) ၌ အမေရိကန် ကာကွယ်ရေး ၀န်ကြီး ချက်ခ် ဟေဂယ် (Chuck Hagel) က “မြန်မာပြည်က လက်ရှိအပြောင်းအလဲတွေကို စစ်တပ်အနေနဲ့ ထောက်ခံပြီး လူအခွင့်အရေးကို လေးစားလိုက်နာတဲ့ အရပ်သားအစိုးရ အားထားရတဲ့ စစ်တပ်ဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အပြန်အလှန် ဆက်ဆံရေးကို သေသေချာချာ တွက်ပြီး ဆက်ဆံရေး စတင်နေပါပြီ” ဟု ပြောဆိုသွားကြောင်း VOA သတင်းဌာနက ဖော်ပြသည်။

နောက်ဆုံးပေါ် အာဏာရှင် စည်းစိမ်ဖွက်နည်း

(စည်းလုံးခြင်းရဲ့အင်အား)

ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း

ဒီတခါတော့ ဘောဂဗေဒဘက် ခြေဦး လှည့်လိုက်ဦးမယ်ဗျာ။ နိုင်ငံတစ်နိုင်ငံ တိုးတက်မှုရဲ့ အခြေခံအချက်က စီးပွားရေးဆိုတာကြီး ဖြစ်နေလေတော့ ဒီဘောဂဗေဒ ဆိုတာကြီးကလည်း မပါရင် မပြီးပြန်ဘူးဗျို့။ ဘောဂဗေဒအကြောင်း ပြောမယ်ဆိုလို့ မင်းက ဘယ်လောက် နားလည်လို့လဲလို့ မေးလာရင် သိပ်တော့ နားမလည်ဘူးဗျ။ ဒါပေမဲ့ ဝိသမ လောဘဇော အမြတ်ကြီးစား စီးပွားရေး သောင်းကျန်းသူများကို ဦးတည်ချင်လို့ ဆက်စပ်ပြောရတာပါ။

သမ္မတပြောခွင့်ရ ဦးရဲထွဋ်ရဲ့ အမှားများ

(ဧရာဝတီ)

သမ္မတရဲ့ ပြောခွင့်ရသူ လည်းဖြစ်၊ ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်ကို မလေးရှား မှာ မြန်မာ တချို့ ရိုက်နှက် သတ်ဖြတ်ခံရတဲ့ ကိစ္စအပေါ် သတင်းမှားတွေသာဖြစ်တယ်လို့ ဇွန်လ ၁ ရက်နေ့ က ဖေ့စ်ဘုတ် စာမျက်နှာမှာ အသိပေး ရေးသားတုံ့ပြန်လိုက်တဲ့အပေါ် လူတွေ အတော်ဝေဖန်နေကြပါ တယ်။ 


မလေးရှားရှိ မြန်မာသံအမတ်ကြီးကို သူ ဆက်သွယ်မေးမြန်းပြီး သတင်းမှားတွေဖြစ်လို့ မယုံကြည် ဖို့ ဖေ့စ်ဘုတ်မှာ ရေးလိုက်တာပါ။ ဒီအတွက် ဦးရဲထွဋ်ဟာ သတင်း ထိန်ချန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ
ဖေ့စ်ဘုတ်ပေါ်မှာ ဆူညံသွားပါတော့တယ်။

Monday, June 3, 2013

စခန်းမှူးကို တရားစွဲဆိုသောအမှု ပလပ်ခံရ

ပြည်မြို့၊ မေ ၃၁

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပန်းတောင်းမြို့နယ်တွင် အချုပ်သား တစ်ဦး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ မိသားစုက တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ စခန်းမှူးအား တရားစွဲဆိုခဲ့သော အမှုကို မေလ ၂၈ ရက်နေ့က ပလပ်ခဲ့ကြောင်း ပန်းတောင်း မြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

မေလ ၂၃ ရက်နေ့က ပန်းတောင်းမြို့ ရဲစခန်းတွင် ချုပ်နှောင်ထားစဉ် လေးရက် မြောက်နေ့၌ သေဆုံးခဲ့သူ ဦးသန်းထွန်းနှင့် ပတ်သက်၍ ဇနီးဖြစ်သူဒေါ်မြင့်ဌေးက ပန်းတောင်းမြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထားကာ စခန်းမှူးဦးဆန်းလင်းကို တရားစွဲဆိုခဲ့သည်ကို ပလပ်ခဲ့ခြင်းဖြစ်ကြောင်း တရားလို ဒေါ်မြင့်ဌေးက ပြောကြားသည်။

အရာရှိဆိုးကြောင့် ဘုရားတနေရတဲ့ အမှတ်(၁၅) ရဲတပ်ရင်း

(သစ်ထူးလွင်)

မော်လမြိုင် အခြေစိုက် ရဲတပ်ရင်း(၁၅)မှာ ရဲတပ်ရင်းမှူး ဒု-ရဲမှူးကြီးမြင့်နိုင်နဲ့ ဇနီးတို့ဟာ ရဲဘော်နဲ့ အရာရှိတွေအပေါ် မညှာမတာ ပြုလုပ်နေတာတွေ ရှိနေကြောင်း စုံစမ်းသိရှိရပါတယ်။

၂၀၁၃သင်္ကြန် ရေကစား မဏ္ဍပ်လုံခြုံရေး တာဝန်ကျ ဒုရဲအုပ်ကျော်နိုင်ဦးနှင့်ဆွေအောင်
တို့မှ ရဲတပ်ရင်းမှူး ဒု-ရဲမှူးကြီးမြင့်နိုင် အိမ်က ရဲဘော် လက်ဖြောင့် (အမည်ပြောင်း) မူးလာတာကို တိန်းသိမ်းဆိုဆုံးမ ခဲ့ပါတယ်။ ရဲဘော်ကလည်း အရာရှိတွေကို ပြန်ပြောပါတယ်။