Monday, September 30, 2013

ဖွဲ့စည်းပုံပြင်ချင်ရင် အာဏာအရှိဆုံးသူနဲ့ နားလည်မှုရမှဖြစ်မယ် – ဒေါက်တာလွဏ်းဆွေ

(DVB)

၂၀၀၈ ဖွဲ့စည်း ပုံပြင်ဆင်ရေး (သို့) အသစ်ရေး ဆွဲရေးကိစ္စ အမျိုးသား ဒီမိုကေရစီအဖွဲ့ ချုပ်က လူထုသေဘာ ထား တောင်းခံထားပါတယ်။

ဒါဟာ ဘယ်လောက် လက်တွေ့ ကျပါသလဲ။ ဒီလိုဆောင် ရွက်ခြင်းရဲ့ အကျိုးဆက်အဖြစ် ဘာတွေဖြစ် လာနိုင်ပါသလဲ။ နိုင်ငံရေးသုံးသပ် ချက်ဆောင်း ပါးတွေ ရေးသားနေ တဲ့ မြားနတ်မောင် မဂ္ဂဇင်း အယ်ဒီတာဟောင်း ဒေါက်တာလွဏ်းဆွေကို ဦးမောင်တူးက တွေ့ဆုံမေးမြန်းထားပါတယ်။

အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်က ဒီရက်ပိုင်းအတွင်းမှာ ကြေညာချက် ထုတ်လာပါတယ်။ လူထုအေပ်ါမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လူထုဆန္ဒေကာက်ယူမှာနဲ့ ပတ်သက်ပြီး ဘယ်လိုများ ပြောလိုပါလဲ။

တပ်မတော်၏ အပြည့်အ၀ထောက်ခံမှု မရလျှင် ပြောင်းလဲမှု နှေးကွေးသွားနိုင်သည်

(Mizzima)

မိမိတို့နိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် ဆိုးသည့်ဘက်မှာပဲဖြစ်ပါစေ၊ ကောင်းသည့်ဘက်မှာပဲဖြစ်ပါစေ တပ်မတော်၏ အခန်းကဏ္ဍသည် အရေးပါခဲ့သည်သာဖြစ်သည်။ ဒါကိုတော့ မည်သူမျှမငြင်းနိုင်ပါ။

တစ်ခါတစ်ရံ တပ်မတော်၏ အခန်းကဏ္ဍကို ဆိုးသည့်ဘက်မှ ရှုမြင်မည်ဆိုပါက တပ်မတော်၏ ရပ်တည်ချက်သည် အငြင်းပွားစရာများ ရှိနေမည်ဖြစ်ပြီး ကောင်းသည့် ဘက်မှရှုမြင်လျှင်လည်း တပ်မတော်အပေါ် ရှုမြင်သုံးသပ်မှုများ
မှာေ၀၀ါးနေမည်သာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍသည် အရေးပါခဲ့ပြီး အနာဂတ်နိုင်ငံရေးတွင်လည်း အချိန်ကာလ အတိုင်းအတာတစ်ခုအထိ အရေးပါနေဦးမည်မှာလည်း သေချာနေသည်။

လူသတ်မှုတွင် အစွပ်စွဲခံရသော တပ်မတော်သားသုံးဦးကို အရေးယူခြင်းမရှိ၍ အာဆီယံနိုင်ငံ ကာ/ချုပ်များထံ စာပို့မည်

(Mizzima)

ပြည်မြို့ န၀ဒေးတံတားအနီး View Point ကမ်းနားသောင်ပြင်တွင်ဖြစ်ပွားခဲ့သည့် ပစ္စည်းလုကာလူသတ် ရိုက်နှက်မှု တွင် စွပ်စွဲခံထားရသော တပ်မတော်သား သုံးဦးအား အရေးယူနိုင်ခြင်း မရှိသေး၍ ဒေသခံများက လက်မှတ်ရေး ထိုးကာ အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးဦးစီးချုပ်များထံ ပန်ကြားလွှာပို့မည်ဟု သိရသည်။

ကာယကံရှင်များ၏ တောင်းဆိုမှုဖြင့် မြို့ခံလူမှုရေးအဖွဲ့များက ဦးဆောင်ကာ လက်မှတ်ကောက်ခံခဲ့ရာ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူအပါအ၀င် စုစုပေါင်း လက်မှတ်ရေးထိုးသူ နှစ်သောင်း ၀န်းကျင်ခန့်အထိ ရရှိပြီဖြစ်ကြောင်း ဦးဆောင်ပါဝင်သူတစ်ဦးက ပြောသည်။

Sunday, September 29, 2013

နိုင်ငံတော်ကို သစ္စာရှိစွာ ကာကွယ်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

(RFA)

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတဦးသိန်းစိန်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံတော်ကို သစ္စာရှိစွာ ကာကွယ်စောင့်ရှောက်မယ်လို့ ပြောကြားလိုက်ပါတယ်။

ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့ တပ်မတော် ခေါင်းဆောင်တွေ မနေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးရာမှာ အခုလိုပြောကြားခဲ့တာ ဖြစ်တယ်လို့ ကေအင်ယူ ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ဗဒိုမန်းငြိမ်းမောင်က RFA ကိုပြောပါတယ်။

Saturday, September 28, 2013

၂၀၁၅အလွန် ကုဋေကြွယ် ခရိုနီသူဌေးကြီးများ၏ မျှော်လင့်ချက်နှင့် မျှော်လင့်ချက်မဲ့နေတဲ့ မျှော်လင့်ခြင်းပြည်သူများ

( UNDP ) သည် မြန်မာပြည်ရှိ မြို့နယ်ပေါင်း (၆၀)ကျော်မှ ၀င်ငွေနည်းမိသားစု နှစ်သောင်း(၂၀၀၀၀)အား ၂၀၁၀ခုနှစ်တွင် စစ်တမ်းကောက်ခဲ့ရာ မိသားစုအားလုံးမှာ ကုန်ဈေးနှုန်းနှင့် စားစရိတ်ကြီးမြင့်မှု ဒဏ်ကို ကျောကော့အောင် ခံနေရသည် ဟုဆိုသည်။   ယခု ဦးသိန်းစိန်၏ အရပ်သားအစိုးရ လက်ထက်တွင် ပြည်သူများမှာ ဆင်းရဲမှုဒဏ်ကို ပိုမိုဆိုးရွားစွာ ခံစားနေရသည်ဟု စစ်တမ်းက ဖော်ပြခဲ့သည် . . .

ဦးသိန်းစိန်၏ အရပ်သား တစ်ပိုင်း အစိုးရ တက်လာ ပြီးနောက် မြန်မာနှင့် အနောက် နိုင်ငံတို့ ရွှေလမ်း၊ ငွေလမ်း ဖောက်ကာ လမ်းများ ပွင့်သွား ချိန်တွင် မြန်မာ့ စီးပွားရေး ကဏ္ဍ၌ အကျပ် အတည်း တစ်ရပ် ပေါ်ပေါက် လာခဲ့သည်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံ သူများ အနေဖြင့် မြန်မာပြည်မှ မည်သူနှင့် စီးပွား တွဲဖက် လုပ်ကိုင်မည် နည်းဟူသော ပြဿနာ အခက်အခဲ ဖြစ်သည်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများ စီးပွားဖက် အဖြစ် သတ်မှတ်ရန် အတွက် မြန်မာပြည်မှ အချမ်းသာဆုံး ပုဂ်္ဂိုလ် များမှာလည်း ယခင် အာဏာပိုင် များနှင့် နီးကပ် စပ်ယှက် ဆက်ဆံလျက် ရှိနေ ခြင်းနှင့် တခြားသော စွပ်စွဲ ခံရမှုများ ရှိနေ ခြင်းကြောင့် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု စာရင်းတွင် ၀င်လျက် ရှိနေ သေးခြင်းမှာ ရင်းနှီး မြှုပ်နှံသူများ အဖို့ ချီတုံ ချတုံ စဉ်းစားခန်း ဖွင့်ရန် အကြောင်း ဖန်လာ ခဲ့သည်။

မိုဘိုင်းဖုန်းကွန်ရက် ရင်းနှီးမြှုပ်နှံမှုနှင့် ခရိုနီဝါဒ

(Irrawaddy)

မြန်မာနိုင်ငံ မိုဘိုင်းတယ်လီဖုန်း ကွန်ရက်ဖွံ့ဖြိုးရေးတွင် လာရောက်ရင်းနှီးမြှုပ်နှံကြမည့် နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီ များကို ပင့်ကူအိမ်သဖွယ် ရှုပ်ထွေးသည့် ခရိုနီဝါဒနှင့် အကျင့်ပျက်ခြစားမှုများက စောင့်ကြိုလျှက်ရှိကြောင်း နိုင်ငံတကာ စီးပွားရေးလေ့လာမှု အစီရင်ခံစာ တစောင်တွင် သတိပေးထားသည်။

မိုဘိုင်းဖုန်း ကွန်ရက်ဖွံ့ဖြိုးရေးကို ကြီးကြပ်ရန် တာဝန်ရှိသည့် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တွင် ယခုအချိန် သြဇာရှိသော နိုင်ငံရေးသမားများနှင့် သာမက ယခင်စစ်အစိုးရ နှင့်ပါ ဆက်သွယ် ပတ်သက်မှုရှိသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များကို ဦးစားပေးရမည့် အစီအစဉ်များ ရှိနေနိုင်သည် ဟုလည်း အမေရိကန်အခြေစိုက် သုတေသနနှင့် သုတေသန အထူးပြုကုမ္ပဏီ Maplecroft က ဆိုသည်။

Friday, September 27, 2013

မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပါးရိုက်

(7 days)

ရန်ကုန်-မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခရီးစဉ်တွင် သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ကို ပါးရိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သပိတ်ကျင်းမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

စက်တင်ဘာ ၂၆ ရက်က သပိတ်ကျင်းမြို့နယ် ၀က်သေရွာနှင့် ဖက်ရွှေရွာတွင်ဖြစ်ပွားနေသော မြေယာအငြင်းပွားမှုပြဿနာအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးကျော်မြင့်ဦးဆောင်ကာ လာရောက်စစ်ဆေးသည့် ခရီးစဉ် ကြို ဆိုရန်ပြင်ဆင်နေစဉ် ယင်းပြဿနာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အခြေခံဥပဒေ မပြင်လျှင် အယောင်ဆောင် ဒီမိုကရေစီဟု ဒေါ်အောင်ဆန်းစုကြည်ပြော

(ဧရာဝတီ)

စစ်အစိုးရ ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းမပြုဘဲ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက အယောင်ဆောင်ဒီမိုကရေစီစနစ်အောက်တွင် တရားမျှတမှု မရှိသော ရွေးကောက်ပွဲ ကျင်းပမှုဟု ခေါ်ဆိုရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်သော NLD ၂၅ နှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်လျှင် စစ်မှန်သော ဒီမိုကရေစီစနစ်ဟု မခေါ်ဆိုနိုင်ဘဲ အယောင်ဆောင် ဒီမိုကရေစီစနစ် ဟုသာ ခေါ်ဆိုရမည်ဖြစ်ကြောင်း ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိမ်းဆည်းမြေဧက ၃ သောင်းကျော် ပြန်ပေး

(ဧရာဝတီ)

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တနိုင်ငံလုံးတွင် စစ်တပ် သိမ်းဆည်းထားသော မြေဧက ၂သိန်း ကျော် အနက်မှ မြေဧက ၃၈၀၀၀ ကို ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောသည်။

နေပြည်တော်တွင် ယနေ့ကျင်းပသော မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်းမှုနှင့်ဆက်စပ်သော အစည်း အဝေး တွင် စစ်တပ်က သိမ်းဆည်းထားသော မြေဧကတချို့ကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနဲ့မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှုရှိနေဆဲ

(VOA)

မြန်မာနိုင်ငံအနေနဲ့ ဒုံးလက်နက် နည်းပညာနဲ့ ပတ်သက်ပြီး မြောက် ကိုရီယားနဲ့ စစ်ရေးဆက် ဆံမှုတွေ ရှိနေ တုန်းပဲလို့ ၀ါရှင်တန် အခြေစိုက်တဲ့ ကိုရီယား သတင်းဌာန တခုမှာ ရေးသားပါ တယ်။ မြန်မာနိုင်ငံ အနေနဲ့ ရှိပြီးသား ဒုံးလက်နက် ပစ္စည်းတွေကို ပြင်ဆင်ထိမ်းသိမ်းဖို့ မြောက်ကိုရီးယားဟာ လိုအပ်နေတုန်းပဲလို့လည်း မြန်မာစစ်ရေးအကဲခတ်တဦးက ဗွီအိုအေကို ပြောပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားတာပါ။

Thursday, September 26, 2013

အစိုးရနဲ့ လွှတ်တော် ပွတ်တိုက်မှု ဆွေးနွေးခန်း - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)
ဦးခင်အောင်မြင့်

မေး။ ။ မင်္ဂလာပါ အဘခင်ဗျား။ သူရဦးရွှေမန်း အနေနဲ့ လွှတ်တော်သက်တမ်း တစ်ဝက်လောက် ကျော်လာပြီးတဲ့ အချိန်မှာ အတွေ့အကြုံ အထိုက်အလျောက် ရရှိနေပြီး နိုင်ငံတကာကိုလည်း လေ့လာရေးခရီး ထွက်ခဲ့ပြီးပါပြီ။ သူ့ရဲ့ လှုပ်ရှားပြုမူ ဆောင်ရွက်ချက်တွေဟာ သံတမန် စကားလုံး အသုံးအနှုန်း ကြွယ်ဝပြီး တည်ငြိမ်ရင့်ကျက်တဲ့ ဥပဒေဘက်တော်သား ပါလီမန်ဥက္ကဋ္ဌ ဖြစ်လာပြီလို့ အဘအနေနဲ့ မြင်ပါသလား။

Wednesday, September 25, 2013

အခြေခံဥပဒေပါ သမ္မတဖြစ်ခွင့်နှင့် ပတ်သက်သည့်အချက်များအား ပြင်ရန် မလိုအပ်ဟု တ-စ-ည ပါတီ ပြော

(Mizzima)

ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်မည်ဆိုပါက သမ္မတဖြစ်ခွင့်နှင့် စပ်လျဉ်းသည့် ပုဒ်မများကို ပြင်ဆင်ရန် မလိုအပ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ ဗဟိုကော်မတီဝင်များက ပြောကြားလိုက်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအား မိမိသဘောဆန္ဒနှင့် ကိုက်ညီမှုမရှိဟုဆိုကာ အသစ်ပြန်ရေးဆွဲရန် မလိုကြောင်းနှင့်
ပြင်ဆင်မည်ဆိုပါကလည်း သမ္မတဖြစ်ခွင့်နှင့် စပ်လျဉ်းသည့် ပုဒ်မများကို ပြင်ဆင်ရန် မလိုကြောင်း စက်တင်ဘာ လ၂၄ရက်က ပြုလုပ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၏ ၂၅ နှစ်မြောက်ငွေရတုအခမ်းအနား သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

စစ်ရေး အခြေအနေ သတင်းများ ထုတ်ပြန်မည့် ကာကွယ်ရေးဝက်ဘ်ဆိုက် လွှင့်တင်မည်

(ဧရာဝတီ)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့်ဖြစ်ပွားသော တိုက်ပွဲ အခြေအနေ သတင်းများ၊စစ်ရေး အခြေအနေသတင်းများ အပါအ၀င် တပ်မတော်နှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်မည့် ကာကွယ်ရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်တခုကို လွှင့်တင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကာကွယ်ရေး ၀န်ကြီးဌာန က အချိန်နှင့်တပြေးညီသတင်းများ ပြန်ကြားထုတ်လွှင့်နိုင်မည့် ၀က်ဘ်ဆိုက်တခု ရေးဆွဲ လျက် ရှိပြီး ယင်းဝက်ဘ်ဆိုက်တွင် တပ်မတော်နှင့်ပတ်သက်သော သတင်းများ၊ စစ်ရေးအခြေအနေသတင်းများအပြင် သတင်း မီဒီယာက သိရှိမေးမြန်းလိုသော အကြောင်းအရာများကို ချက်ချင်း ဖြေကြားပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီး ဌာန ရုံးအဖွဲ့မှူး ဦးကျော်သူက ဧရာဝတီသို့ ပြောသည်။

Tuesday, September 24, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေးဆွဲဖို့ မလိုကြောင်း ဦးဌေးဦး ပြော

(ဧရာဝတီ)

လက်ရှိပြဌာန်း ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုလုံးကို ဖျက်ပြီး နောက်ထပ် အသစ်တခုရေး ဆွဲပြဌာန်း ဖို့ မလိုအပ်ဘူး လို့ လက်ရှိ အာဏာရ ပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) ဒု ဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆို လိုက်ပါ တယ်။

နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ၊ ပြည်တွင်း၊ ပြည်ပ တတ်သိ ပညာရှင် တွေနဲ့ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေက လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဒါမှမဟုတ် အသစ်ရေးဆွဲပြဌာန်းဖို့ ပြောဆိုနေမှုတွေနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ သဘောထားကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာမှာ ဦးဌေးဦးက ခုလို ရှင်းပြတာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးစောမောင်အနားပေးခံရချိန်အထိအတူရှိနေခဲ့သော ရဲဘော်ဟောင်းတစ်ဦး၏ ပြန်လည်ပြောပြချက်

(ဒေါင်းမာန်ဟုန်)



Q - ဗိုလ်ချုပ်မှူးကြီးစောမောင်အနားယူတဲ့အချိန်အထိ ရုံးမှာရှိခဲ့တာဆိုတော့ နိုင်ငံ့အကြီးအကဲတစ်ယောက်ကို အနီးကပ် မြင်ခဲ့ရတဲ့အစ်ကို့ အမြင်လေးပြောပြပေးပါ။
A -
ကျွန်တော်က ဗိုလ်ချုပ်မှူးကြီးကိုအနားပေးလိုက်တဲ့အချိန်အထိ ၃ နှစ်လောက်အနီးကပ်နေခဲ့ရတာပါ။ ဆရာတပည့်လို ဆိုတာထက် သားသမီးလိုနေခဲ့ရတာများပါတယ်။ ဗိုလ်ချုပ်မှူးကြီးက အရမ်းရိုးဖြောင့်တယ်။ စစ်သားစိတ်အပြည့်ရှိတဲ့သူ။ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းပြောတယ်။ သံယောဇဉ်သိပ်ကြီးတယ်။

ဘလော်ဂါ ဦးရဲထွဋ်

(Irrawaddy)
 
ဒုတိယ ဗိုလ်မှူးကြီး အဆင့်ထိ တပ်မတော်ထဲမှာနေခဲ့တဲ့ ဦးရဲထွဋ်က

- သမ္မတရဲ့ ပြောခွင့်ရအရာရှိ
- ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး
-
Facebook   ဒုဝန်ကြီး (Facebook သုံးပြီး အသံထုတ်ဖော်တဲ့ တဦးတည်းသော ဗဟိုအစိုးရအဆင့် ဒုဝန်ကြီး)
စသဖြင့် စသဖြင့် ရာထူးအဆင့်၊ သတ်မှတ်ချက်တွေ ရှိပါလိမ့်မယ်။
အခုတော့ သူ့မှာ နောက်တခု တိုးလာပါပြီ။  


၁၁ ဘီလျံ ငွေစာရင်း ငါးခုတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ငွေစာရင်း ပါဝင်သည်ဆိုသော သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ မှတစ်ဆင့် ရှင်းလင်းဖြေကြား

(Eleven Media Group)

ပြည်တွင်းဂျာနယ် တစ်စောင်နှင့် ပြည်ပမီဒီယာ အချို့တွင် ဖော်ပြခဲ့သော ၁၁ ဘီလျံတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်း ပါဝင်ကြောင်း သတင်းထွက်ပေါ် ဆိုသော သတင်းနှင့် ပတ်သက်၍ The Daily Eleven သတင်းစာမှ မေးမြန်းချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှတစ်ဆင့် ရှင်းလင်း ဖြေကြားခဲ့သည်။

သံတော်ဆင့် ဂျာနယ်တွင် ၁၁ ဘီလျံတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်း ပါဝင်ကြောင်း သတင်းထွက်ပေါ် ဆိုသော သတင်းပါဝင်ပြီး နောက်ပိုင်း ပြည်ပမီဒီယာ အချို့မှလည်း အဆိုပါ သတင်းများကို ဆက်လက် ထုတ်လွှင့်ခဲ့သည့်အပေါ် အများပြည်သူ သိရှိလိုသည့် အတွက် အခြေပြုကာ ထပ်မံမေးမြန်း ခဲ့ပါသည်။

Monday, September 23, 2013

အစိုးရနဲ့ လွှတ်တော် ပွတ်တိုက်မှု ဆွေးနွေးခန်း - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)

ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေး ကျင်းပစဉ်

အစိုးရနဲ့ လွှတ်တော်အကြား ပွတ်တိုက်မှုများ ဖြစ်လာရတဲ့ အကြောင်းရင်းကို နိုင်ငံရေး လေ့လာသူများနဲ့ နိုင်ငံတကာမှ လေ့လာသုံးသပ်နိုင်ရန် စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်မှ ဆွေးနွေးခန်းအဖြစ် တင်ပြပေးလိုက်ပါတယ်။ အဆိုပါ ဆွေးနွေးခန်းမှာ ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးနဲ့ အမျိုးသား ညီလာခံ အခြေခံ ဥပဒေ ရေးဆွဲတုန်းက ပါဝင်ခဲ့တဲ့ စီမံခန့်ခွဲရေး ကော်မတီ လက်အောက်ခံ ဆပ်ကော်မတီ တစ်ခုမှ အငြိမ်းစား တပ်မတော် အရာရှိကြီး ဗိုလ်မှူးချုပ် တစ်ဦးနဲ့ တွေ့ဆုံ မေးမြန်းခွင့် ရခဲ့တာကို တင်ပြလိုက်ပါတယ်။

တပ်မတော်နဲ့ အမေရိကန် ဆက်ဆံရေး နီးကပ်လာပြီလော

(စည်းလုံးခြင်းရဲ့အင်အား)

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Mr. Chuck Hagel (ဝဲ) နဲ့ မြန်မာ ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် (ယာ) တို့ ဘရူနိုင်းနိုင်ငံ Jerudong မြို့ရှိ Empire Hotel မှာ သြဂုတ်လ ၂၈ ရက်နေ့ ၂၀၁၃ က တွေ့ဆုံခဲ့စဉ်
 
အမေရိကန် အစိုးရအနေဖြင့် Smart Power လို့ခေါ်တဲ့ အပြင်းနဲ့အပျော့ တပြိုင်နက် နည်းဗျူဟာများ ကျင့်သုံးပြီးတော့ မြန်မာအစိုးရအား ထိတွေ့ ဆက်ဆံခဲ့ပါတယ်။ အမေရိကန် အစိုးရဟာ သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကို အမေရိကန်သို့ ဖိတ်ကြားကာ နီးကပ်စွာ လေ့လာခဲ့ပါတယ်။ အမေရိကန်က လိုက်လျောသင့်တာထက် ပိုမို ဖြေလျော့မှု များလာလို့ အမေရိကန် ဥပဒေပြုအမတ်များ၊ လူ့အခွင့်အရေးအဖွဲ့များကတောင် စိုးရိမ်ကာ ထောက်ပြလျက် ရှိပါတယ်။
ယခုတလော ဦးသိန်းစိန်နဲ့ ဦးရွှေမန်း ခေါင်းဆောင်နှစ်ဦးတို့ရဲ့ ပွတ်တိုက်မှု အသံဗလံတွေကြောင့် အမေရိကန်က တပ်မတော်ထံသို့ ပိုမို ချဉ်းကပ်လာခဲ့ကြောင်း စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ 

စစ်ဥပဒေနှင့် စစ်ဗိုလ်ချုပ်များ

(စည်းလုံးခြင်းရဲ့အင်အား)

တပ်မတော်နေ့ အခမ်းအနားတစ်ခုအတွင်း တက်ရောက်လာကြတဲ့ စစ်ဗိုလ်ချုပ်များ

ဆောင်းပါးရှင် - ဗိုလ်အေးမင်းဦး

မြန်မာ့တပ်မတော်သည် ယခင်က အလွန်တရာမှ ဂုဏ်သိက္ခာ ရှိခဲ့သည်။ ပြည်သူလူထုနှင့် တပ်မတော်သည် တသားတည်း ဖြစ်ခဲ့သည်။ ယနေ့စစ်တပ်ကတော့ ယခင်နှင့် မတူတော့ပေ။ ပြည်သူလူထုနှင့် စစ်တပ်သည် ကွဲပြား၍ ရန်သူသဖွယ် ဖြစ်နေကြပေပြီ။ ထို့အတူ စစ်တပ်အတွင်းတွင်လည်း ဤသို့ ဖြစ်ပျက်လျှက်ရှိသည်။ အထက်ဗိုလ်ချုပ်များသည် အောက်ခြေ ရဲဘော်မှ အရာရှိငယ် အဆင့်အထိ နှိုင်းယှဉ်သော် ကွဲပြား၍ သခင်နှင့် ကျွန်သဖွယ် ဖြစ်နေပေပြီ။

ခရိုနီများနှင့် အသွင်ကူးပြောင်းနေဆဲ မြန်မာနိုင်ငံ

(Irawaddy)

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲတွေ အားလုံးဟာ လမ်းဆုံလမ်းခွ အခြေအနေမှာ ရောက်နေတာပါ။ အထူးသဖြင့်တော့ နိုင်ငံရေး အပြောင်းအလဲနဲ့အတူ အဲဒီရဲ့သက်ရောက်မှုကြောင့် စီးပွားရေး၊ လူမှုရေး နောက်ဆက်တွဲ အပြောင်းအလဲတွေကို ဘယ်လို စီမံခန့်ခွဲမလဲ ဆိုတဲ့ကိစ္စဟာ အရေးပါတဲ့ အချက်ဖြစ်ပါတယ်။

နိုင်ငံတကာ ဖြစ်စဉ်တွေမှာလည်း အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို ပြောင်းလဲတဲ့ နိုင်ငံတိုင်းမှာ ခရိုနီဆိုတဲ့ လက်သင့်ရာ စားတော်ခေါ် စီးပွားရေးလုပ်ငန်းရှင်တွေ၊ ခေတ်ပျက် သူဌေးတွေရဲ့ ပြဿနာကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ အခုလို အကဲဆတ်တဲ့ အကူးအပြောင်းကာလမှာ မလွဲမသွေ ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်။

Wednesday, September 18, 2013

စစ်တပ် အခန်းကဏ္ဍ လျှော့ချနေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

(Irrawaddy)

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေအရ ဒီမိုကရေစီ လမ်းကြောင်း ပေါ် လျှောက်လှမ်းနေပြီ ဖြစ်လို့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လျှော့ချနေကြောင်း ပြောဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မနေ့က ထိုင်းဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး မစ္စ ယင့်လတ် ရှင်နာဝပ်နဲ့ တွေဆုံပြီး အဲဒီလို ပြောဆိုခြင်း ဖြစ်တယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ထီရတ် ရသနစေ၀ီ(Teerat Ratanasevi)ကို ကိုးကားပြီး ဒီနေ့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားတာပါ။
ပထမအကြိမ် ထိုင်း-မြန်မာ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ အစည်းအဝေး (1st Thailand–Myanmar High Level committee meeting ) တက်ရောက်ဖို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထိုင်းနိုင်ငံကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိလာတာဖြစ် ပါတယ်။

စစ်အာဏာ ခြောက်အိပ်မက်မှ လွတ်မြောက်ဖို့ အချိန်တန်ပြီ

(Irrawaddy)

၁၉၈၈ မှ ပြန်တွက်လျှင် စစ်တပ်က အာဏာသိမ်းမှု ၂၅ နှစ်ပြည့်သော အချိန်တွင် အရပ်သားအစိုးရတပိုင်း လက်ထက် ဒီမိုကရေစီ အကူးအပြောင်းကာလ ၂ နှစ် ရှိပေပြီ။ တကယ်တမ်း တွက်စစ်လျှင် ၁၉၆၂ ခုနှစ်မှစ၍ စစ်အစိုးရ လက်အောက်သို့ ရာစုနှစ် ထက်ဝက်ခန့် ကျရောက်ခဲ့ရသော မြန်မာနိုင်ငံတွင် ၂ နှစ်တာ ဒီမိုကရေစီ ကူးပြောင်းဆဲ ကာလအတွင်း ခြောက်အိပ်မက်သဖွယ် ထုတ်နေရဆဲ မေးခွန်းမှာ “နောက်ကြောင်း ပြန်လှည့်နိုင်သလား” ဟူ၍ ဖြစ်သည်။

“နောက်ကြောင်းပြန်လှည့်” ဆိုသော စကားလုံးသည် စစ်ဖိနပ်သံကို ပြန်ကြောက်ရသည့် အခြေအနေသို့ ပြန်ရောက်ရဦးမည်လားဆိုသည့် စိုးရိမ်မှုဖြစ်ကြောင်း မြန်မာပြည်သူများ နားလည်ထားကြပါသည်။ အကြောက်တရားလွှမ်းမိုးခဲ့သည့် အတိတ်မှ အမှန်တကယ်ပင် လွတ်မြောက်ပြီ ဖြစ်ကြောင်း အာမခံချက်ခိုင်မာသည့် အခြေအနေတရပ်ကို မြန်မာပြည်သူများ လိုလားလျက်ရှိသည်။

ဦးရွှေမန်း ပြောဆိုချက် အစိုးရသတင်းစာ ဝေဖန်

(ဧရာဝတီ)

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာသုံးရပ်ပေါင်းမှ အစိုးရဟု ခေါ်ဆိုနိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်များ နှင့် လွှတ်တော်သည်လည်း အစိုးရပင် ဖြစ်သည် ဆိုသော ပြောဆိုချက် အပေါ် အစိုးရ သတင်းစာများက တုံ့ပြန် ဝေဖန်လိုက်ကြောင်း သတင်းရရှိသည်။

Monday, September 16, 2013

ဦးရွှေမန်းရဲ့ မဟာဗျူဟာ နိုင်ငံရေး ကစားကွက်

(စည်းလုံးခြင်းရဲ့အင်အား)

ပြည်ခိုင်ဖြိုးပါတီ ညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ သူရဦးရွှေမန်း

သူရဦးရွှေမန်းတစ်ယောက် ယခင်က ရည်မှန်းချက် ကြီးမားစွာ ထားရှိခဲ့ပေမဲ့ သမ္မတလည်းမဖြစ်၊ တပ်ချုပ်အဖြစ်မှလည်း လွဲခဲ့ရတာမို့ ဒီတစ်ကြိမ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျရင်တော့ သမ္မတဖြစ်ဖို့နဲ့ ရွေးကောက်ပွဲ အနိုင်ရဖို့အတွက် နိုင်ငံရေး မဟာဗျူဟာ အခင်းအကျင်း စီမံချက် Plan ချထားခဲ့ဟန်တူတယ်လို့ အငြိမ်းစား တပ်မတော် အရာရှိကြီး တစ်ဦးက အခုလို သုံးသပ် တင်ပြလာပါတယ်။

Sunday, September 15, 2013

လယ်သမားများကို ထမင်းတစ်နပ် လျှော့စားရန် ပြောကြားပြီးနောက် လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင် တစ်နိုင်ငံလုံး သောက်သုံးရေ မတူးပေးရန် အမိန့်ထုတ်ခဲ့ပြန်

ဧရာဝတီ တိုင်းဒေသကြီး ဓနုဖြူမြို့နယ် ၌ တောင်သူ လယ်သမား များနှင့် တွေ့ဆုံစဉ် လယ်သမားများအား စိုက်ပျိုးစရိတ် ချေးငွေများ အကျေဆပ်နိုင်ရန် တစ်ရက် ထမင်း တစ်နပ် လျှော့စား သင့်ကြောင်း လယ်/ဆည် ပြည်ထောင်စု ၀န်ကြီး ဦးမြင့်လှိုင်က ပြောကြားခဲ့ပြီးနောက် တစ်လခန့်အကြာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနက တူးဖော်ပေးလျက်ရှိသည့် သောက်သုံးရေ ရရှိရေး လုပ်ငန်းများအား လုပ်ဆောင်ပေးခြင်း မပြုရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ၀န်ကြီးရုံး တာဝန်ရှိသူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

Saturday, September 14, 2013

ခရစ္စတီးကျွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် အပြစ်မဲ့အရပ်သူအရပ်သားများကို စုပြုံသတ်ခဲ့မှု

စာရေးသူ ။ ဗိုလ်မှူးအောင်လင်းထွဋ်

၁၉၉၈ ခုနှစ် မေ လအတွင်း ခရစ္စတီးကျွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် အပြစ်မဲ့အရပ်သူ အရပ်သား များကို သတ်မိန့်ပေးခဲ့မှုကို ဘာအတွက်ကြောင့်အသတ်ခံခဲ့ရသည်ကိုမသိရှိဘဲ သေသွားခဲ့ရသော မွေးကင်းစ ခလေးငယ်လေးအပါဝင်ခလေး(၃)ဦး နှင့် အမျိုးသမီးများအပါအ၀င် လူစုစုပေါင်း (၈၁)ဦး ၏ ကိုယ်စား ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရမှုအဖြစ်မှန်ကိုတင်ပြလိုပါသည်။
 
၁၉၉၈ ခုနှစ် ဧပြီလ ဒုတိယအပတ်တွင် အိန္ဒိယ တပ်မတော်၏ သတင်းပေးချက်အရ မြန်မာရေပိုင်နက် ကော့သောင်မြို့၏အနောက်ဘက် ဇာဒတ်ကြီးရေတပ်စခန်း၏ တောင်ဘက် (အထက်ပါပုံ) ထိုင်း မြန်မာ ရေပြင် နယ်နမိတ် အနီး ခရစ္စတီးကျွန်း ဧရိယာ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှ ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေး တစ်ခုကို မေ လအကုန်ထိ ပြုလုပ်ခဲ့ပါသည်။
 

ရဲသားတစ်ဦး၏ ရင်ဖွင့် စကား

ကျွန်တော်တို့က ပြဿနာကောင်တွေလို့ ကင်ပွန်းအတပ်ခံရတဲ့ အထဲမှာ ပါတယ်။ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေကို မဆိုင်သလိုမနေဘဲ ငြိမ်ငြိမ်မနေတတ်ကြဘူး။ ကျွန်တော် အကြောင်းကိစ္စရှိလို့ ရန်ကုန်ပြန် ရောက်တဲ့အခါမှာ ကျွန်တော်နဲ့ ရင်နှီးကျွမ်းဝင်မှုတော့ သိပ်မရှိပေမယ့် သိကျွမ်းနေတဲ့ ရဲသားလေး တစ်ဦးနဲ့တွေ့ တဲ့အခါကြတော့ သူ့မှာ ပြောစရာစကားလေးတွေရှိနေတယ်။ စကားပြောကြရအောင်ပါတဲ့။ ခင်ဗျားတို့က ဖမ်းတဲ့ အမျိုး။ ကျုပ်ကကြောက်တယ်လို့ နောက်လိုက်မိတယ်။ ဟာဗျာ . . . ဟုတ်ပါဘူး။ ကျွန်တော်တို့မှာလည်း အခက်အခဲလေးတွေ ရှိတယ်ဗျ . . . . ဆိုပြီး ရင်ဖွင့်လာပါတယ်။

အာဏာရှင်တွေ တ၀င်းဝင်း၊ ဒီမိုကရေစီတွေ တဖြုတ်ဖြုတ်

(ဧရာဝတီ)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆီးရီးယား အနေနဲ့ ပတ်သက်လို့ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်က တဖက်၊ ရုရှားနဲ့တရုတ်က တဖက် ညှိမရအောင် ဖြစ်နေတဲ့ သတင်းတွေကို ဖတ်ရတဲ့ အခါ လွန်ခဲ့တဲ့ နှစ်တွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မြန်မာပြည်အရေး အငြင်းအခုန်တွေကို ပြန်သတိရစရာပါ။ စိတ်မကောင်းစရာ တူညီတဲ့ အချက်ကတော့ ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်လက်အောက်မှာ သန်းပေါင်းများစွာပြည်သူတွေရဲ့ ကြီးစွာသော ဒုက္ခတွေဟာ နိုင်ငံတကာက အကူအညီတွေရဖို့ လုံလောက်တဲ့ အကြောင်းရင်း ဟုတ်ချင်မှ ဟုတ်တယ်ဆိုတဲ့ ဆိုတာပါပဲ။

Friday, September 13, 2013

မေးချင်ပါသည်...မေးသင့်ပါသည်

(စည်းလုံးခြင်းရဲ့အင်အား)
ဗိုလ်ချုပ် တင်ငွေနဲ့ ဗိုလ်ချုပ် ထွန်းသန်း
ဆောင်းပါးရှင် - ဗိုလ်မှူး မျိုးသူရ

မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်သည် လွန်စွာ အရေးပါကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်ရေးဆွဲစဉ် ကတည်းက ပြောလာခဲ့သည်မှာ ၄င်းဖွဲ့စည်းပုံ အသက်ဝင်ကာ ပြည်ခိုင်ဖြိုး အစိုးရတက်လာပြီး ရက်ပေါင်း (၁၀၀) ကျော်သည့်တိုင် ပြောနေကြဆဲ ဖြစ်ပါသည်။

ဒေါ်လာ ၁၁ ဘီလျံ သတင်း၏ နောက်ကွယ်

(ဧရာဝတီ)

မြန်မာနိုင်ငံမှ အမည်မသိ နိုင်ငံခြားဘဏ် အကောင့်များ ဖွင့်ထားပြီး အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ သိမ်းဆည်းထားသောကြောင့် ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံအပေါ် တင်ရှိနေသော ကြွေးကျန်များ လျှော်မပစ်ခြင်းဖြစ်သည်ဟူသော သတင်းရေးသားချက်များကြောင့် ပြီးခဲ့သောရက်က အင်တာနက်စာဖတ်သူများကြား အတော်လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သည်။

ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထုတ်ဝေရေး အဆို ရှုံးနိမ့်

(ဧရာဝတီ)

မြန်မာ ကျပ်ငွေ ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံတွေနဲ့ ပြန်လည်ပုံနှိပ် ထုတ်ဝေရေး အဆို တရပ်ကို မနေ့က ကျင်းပတဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ ဆွေးနွေးခဲ့ပေမယ့် ကန့်ကွက်မဲ အပြတ်အသတ်နဲ့ အဆို ရှုံးနိမ့်သွားကြောင်း သိရပါတယ်။

ဒီအဆိုကို အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) လွှတ်တော်ကိုယ်စားလှယ် ဦးကျော် က တင်သွင်းခဲ့ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး ပါတီ) အမတ် ဒေါက်တာ စောလှထွန်း က ကန့်ကွက်ခဲ့တဲ့အတွက် မဲခွဲဆုံးဖြတ် ရာမှာ ကန့်ကွက်မဲ ၁၂၁ မဲ ထောက်ခံမဲ ၂ မဲနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒေါ်လာ ၁၁ ဘီလီယံ ပြည်ပတွင် အပ်ထားမှုမရှိ၊ အချက်အလက်ခိုင်မာက အစိုးရ ဆက်လက် ဆောင်ရွက်မည်

ပြည်ပဘဏ်စာရင်း ငါးခုတွင် မြန်မာနိုင်ငံမှ အပ်နှံငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားမှု လုံးဝမရှိကြောင်းနှင့် ယင်းနှင့် ပတ်သက်၍ ခိုင်မာသည့် အချက်အလက် ပေးနိုင်ပါက အစိုးရက ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ထုတ်ပြန်ပြောကြားသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး နာရေးသတင်း အင်တာနက်ပျံ့နှံ့

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရ လက်ထက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး ကွယ်လွန်ကြောင်း စက်တင်ဘာ ၁၀ ရက်နေ့၌ အင်တာနက်နှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။ ထိုကဲ့သို့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး နာရေးသတင်း ထွက်ပေါ်မှုကြောင့် ယခင်အစိုးရ လက်ထက်တွင် ဦးမောင်အေးကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ နေခဲ့ကြရသည့် တပ်အရာရှိကြီး/ငယ်များ၊ ဦးမောင်အေးနှင့် အဆင်မပြေသော စီးပွားရေး ခရိုနီများ အတွင်း စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ်အဖြစ် အလျင်အမြန် ပျံ့နှံ့ ပြောကြားခဲ့ကြသည်။

မြန်မာအစိုးရနဲ့ နိုင်ငံခြားဘဏ်ရောက် ၁၁ ဘီလံယမ်

(VOA)

မေး။  ။  လောလောဆယ်မှာ အတော်လေး ဆူဆူညံညံဖြစ်နေတဲ့ မြန်မာနိုင်ငံ က နိုင်ငံခြားမှာ ဘဏ်အပ်ငွေစာရင်း ငါးခုနဲ့ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားတယ်ဆိုတဲ့ကိစ္စကို ကြည့်ရအောင်ပါ။ ကိုကျော်ကျော်သိန်းက ဒီကိစ္စကို တောက်လျှောက် စုံစမ်းထားတယ်ဆိုတော့ အခု နောက်ဆုံး သိထားရသမျှ ပြောပြပါဦးရှင့်။

Thursday, September 12, 2013

ရဲဘော်တစ်ဦးမှ ဒုအရာခံ ဗိုလ်တစ်ဦးအား လူမဆန်စွာ မီးရှို့သတ်ဖြတ်မှုအား တပ်ရင်းမှူးမှ အချုပ် (၂) ပတ်သာ ပြစ်ဒဏ်ချမှတ်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ ရခိုင်ပြည်နယ် ၊ အမ်းမြို့ရှိ လလစ (၇၅၇) တပ်တွင်း စားသောက်ဆိုင်တွင် ၁၈.၈.၂၀၁၃ နေ့  ည(၈း၀၀) အချိန်ခန့်တွင် ကိုယ်ပိုင်အမှတ် ၅၂၇၅၆၅ ဒုအရာခံဗိုလ် စံလွင် နှင့် ကိုယ်ပိုင်အမှတ် တ-၂၇၄၆၂၈ တမ်သားအေးကျော်တို့သည် ကတောက်ကဆဖြစ်ခဲ့ရာ တမ်သားအေးကျော်မှ ဆဲဆိုစိန်ခေါ်၍ ဒုအရာခံဗိုလ်စံလွင်မှ လက်သီးဖြင့် (၂) ချက်ထိုးခဲ့သည်။
ထိုကိစ္စအား မကျေနပ်၍ တပ်သားအေးကျော်မှ ၁၈.၈.၂၀၁၃ နေ့ ည (၁၂း၀၀) အချိန်ခန့်တွင် ဒုအရာခံဗိုလ် စံလွင် အိပ်စက်နေသော လက်နက်ပြင်အခန်း၏ ပြတင်းပေါက်မှန်အားရိုက်ခွဲ၍ အတွင်းသို့ ဓါတ်ဆီနှင့် အင်ဂျင်ဝိုင်ရောထားသော ပလပ်စတစ်ပုံးအား မီးစာတပ်၍ ပစ်သွင်းကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။ နောက်တစ်နေ့ နေ့လည်ပိုင်းတွင်လည်း တပ်ကြပ်ကြီး သန်းထွန်း၏ ဖုန်းအားခေါ်ဆို၍ \"ဒုအရာခံဗိုလ် စံလွင်သေပြီလား\" ဟု ဆက်သွယ်မြေးမြန်းခဲ့ပါသည်။

စစ်သင်တန်းမှ လေ့ကျင့်ပစ်ခတ်သည့်ကျည်ဆံ ရက်၅၀ တွင် ဒုတိယအကြိမ် အရပ်သားတစ်ဦးကိုထိမှန်


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ မှ ဒေသခံတစ်ဦးကို စစ်သင်တန်း မှ လေ့ကျင့်ပစ်ခတ်လိုက်သည့် ကျည်ထိမှန်ခံရမှုတစ်ခု စက်တင် ဘာလ ၁၁ ရက်က ဖြစ်ပွားခဲ့ ကြောင်း ဒေသခံများနှင့် မြို့နယ် တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရ သည်။
အဆိုပါကျည်ထိမှန်သူမှာ တောင်တွင်းကြီးမြို့၊ ရေဦးအုပ်စု၊ ငွေဘိုကျေးရွာနေထိုင်သူ (ဘ) ဦးတင်ဆောင်၏သား ကိုမြင့်နိုင် ၄၂ နှစ်ဖြစ်ပြီး သူက ထိုနေ့ မွန်း တည့် ၁၂ နာရီ မိနစ် ၃၀ အချိန် ခန့်တွင် ၎င်း၏ယာမြေမှ ထွန် ယက်ပြီး ရွာသို့အပြန်အမှတ် (၇) စစ်အခြေခံလေ့ကျင့်ရေးတပ်က လေ့ကျင့်ပစ်ခတ်လိုက်သည့်ကျည် ထိမှန်ခဲ့ခြင်းဖြစ်သည်ဟုကာယကံ ရှင်ကဆိုသည်။

သမ္မတဦးသိန်းစိန်အစိုးရ၏ ဗဟိုချုပ်ကိုင်မှုများ ဖြေလျှော့ရန် အလှမ်းဝေးနေဆဲဟု သုတေသနအဖွဲ့ဆို

(Mizzima)

မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် ဗဟိုဦးစီးချုပ်ကိုင်မှုကိုလျော့ချရန် အရေးပါသော်လည်း ထိုအရေးကို အကောင် အထည်ဖော်ရန် အလှမ်းဝေးနေဆဲဟု မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေးအရင်းအမြစ်အဖွဲ့အစည်း (MDRI) မှ သုတေသန ပညာရှင်များက စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

ထိုအစီရင်ခံစာတွင် ပြည်နယ်နှင့်တိုင်း ဒေသကြီးများ၏ အုပ်ချုပ်ရေးအပိုင်းတွင် ၀န်ကြီးများအား ဗဟိုချုပ်ကိုင်မှုဖြင့် ခန့်ထားသောကြောင့် ထိုဝန်ကြီးများတွင် အာဏာမရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် ဘဏ္ဍာငွေ ပမာဏခွဲဝေမှု နည်းပါးနေမှုများကြောင့် ဗဟိုစနစ်ဖြေလျှော့ရန် အလှမ်းကွာဝေး နေကြောင်း သုတေသနစာတမ်းက ဆိုထားသည်။

မြန်မာ့နိုင်ငံရေးဇာတ် မကြာခင် အလွမ်းခန်း ရောက်တော့မည်

(Minmaha Bagan FB Page)

မြန်မာ့နိုင်ငံရေးဇာတ်ပွဲကြီး ရှစ်လေးလုံးက ထိန်ထိန်ကြီးကခဲ့လိုက်ကြတာ..
ရှစ်လေးလုံး အရေးတော်ပုံကြီးက မဆလ အာဏာရှင် စနစ် ဘုန်းဘုန်းလဲသွားတဲ့ အော်ပရာနဲ့ စခဲ့ကြ၏။

ထိုနောက် ၁၉၉၀ ရွှေးကောက်ပွဲ ပြဇာတ်အခန်းဆက်ရှည်အား ဆက်လက်ကလိုက်ကြသည်။
မြန်မာ့ နိုင်ငံရေးပြဇာတ်ကြီးတွင် သားပျေက်မိခင် ပူဆွေးခြင်းများနှင့် လူထုခေါင်းဆောင်း ကျောင်းသားခေါင်းဆောင်းများ စာရေးသူအပါဝင် လှုပ်ရှားတက်ကြွသူများ နိုင်ငံအနှံ့အကျဉ်းထောင်များတွင် ဘ၀ ပေါင်းစုံဖြတ်သန်းကြရပြန်၏။

Wednesday, September 11, 2013

လွှတ်တော်နိုင်ငံရေးနဲ့ ဒီချုပ်

(Irrawaddy)

လွှတ်တော် နိုင်ငံရေး မှာ ဒီမိုကရေစီ အင်အားစုတွေ ပိုမို ညီညွတ်ဖို့လိုတာ၊ တိုင်းပြည်ရဲ့ မျက်မှောက် မှာ ဖြစ်ပျက်နေဆဲ မတရားမှုတွေ အပေါ် လွှတ်တော် အတွင်း အပြင် ပိုမို ကျယ်လောင်တဲ့ အသံထွက်ဖို့ လိုနေပါတယ်။

လွှတ်တော်တွင်း ဒီမိုကရေစီ အင်အားစုတွေ ညီညွတ်ဖို့ လိုကြောင်း ပြောရင် မတူကွဲပြားတဲ့ အတွေးအမြင်၊ အသံတွေ ရှိခြင်းဟာ ဒီမိုကရေစီ နိုင်ငံရေး စနစ်ပဲလို့ လူအများ ဆိုချင်ကြတယ်။ ဒီနေရာမျိုးမှာကျ ဒီမိုကရေစီ သိပ်ဆန်ချင်ကြတယ်။

Monday, September 9, 2013

စစ်အာဏာရှင် စနစ်ဆိုးရဲ့ သားကောင်များ - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)

ပေါ်တာတစ်ဦးနဲ့အတူ စစ်သည်တစ်ဦး 

ဒါ့အပြင် ကယားပြည်နယ် ဖားဆောင်းမြို့အတွင်း သံလွင်မြစ်ကမ်းနား ကပ်ရက်တွင် နေထိုင်သော ရွာလူကြီးလုပ်ခဲ့တဲ့ မုဆိုးကြီးဖြစ်သူ ဖထီးကြီးနဲ့ အဆက်အသွယ်ရကာ မေးမြန်းခဲ့ပါတယ်။ အဲဒီ ဖထီးကြီးဟာ အသက် (၇၅) နှစ် ရှိပြီဖြစ်ရာ မဆလခေတ်ကတည်းက တပ်မတော်နဲ့ တွဲခဲ့ဖူးကြောင်း သိရပါတယ်။

Friday, September 6, 2013

ကိုထင်ကျော်၏ ဆန္ဒပြမှုကြောင့် တာဝန်ရှိသူများကို စစ်ဆေးခဲ့သော အစီရင်ခံစာ (၂၀၀၇ ခုနှစ်)

(Burma VJ Media)
မိုးဇေညိမ်း
ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ ကိုထင်ကျော်ဟာ ခရိုနီအိုက်လင်း ကို ပြည်ထဲရေးမှ ဖမ်းဆီးအရေး ယူပေးဖို့ ပြီးခဲ့တဲ့မေလက မြောက် ဥက္ကလာပမြို့နယ်တရားရုံးရှေ့မှာ ဆန္ဒပြနေ စဉ် အဖမ်းဆီးခံခဲ့ပါတယ်။ ယခု ကိုထင်ကျော်ကို အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပြီး ပုဒ်မ (၁၈)၊ ပုဒ်မ (၅၀၀)၊ ပုဒ်မ (၅၀၅)(ခ) တို့နဲ့ တရားစွဲဆို စစ်ဆေးလျှက်ရှိပါတယ်။ နိုင်ငံတော်ကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့စွဲဆိုထားတဲ့ ပုဒ်မ(၅၀၅)(ခ)ကို အာမခံပေးလို့ရပေမဲ့ တရားသူကြီးက အာမခံမပေးတာ ကြောင့် အင်းစိန်ထောင်အတွင်းမှာ အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ ကိုထင်ကျော်ဟာ ဂရိတ်နိုင်း ကျောက်မျက်ကုမ္ပဏီပိုင်ရှင်ဦးအိုက်လင်းမှ မရမ်းကုန်းမြို့နယ်အတွင်းရှိ အိမ်ခြံမြေများ သိမ်းယူမှု၊ သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက်က မြေတွေကို စစ်တပ်က သိမ်းဆည်းမှုတွေအတွက် မြေပိုင်ရှင် ပြည်သူများ မြေပြန်လည်ရရှိရေးတိုက်ပွဲဝင်နေစဉ်အတွင်း ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

Thursday, September 5, 2013

“လွှတ်တော်မှာရှိတဲ့ တပ်မတော် ကိုယ်စားလှယ်တွေကို ဖြုတ်ကို ဖြုတ်ရမှာပါ”

(Irrawaddy)

လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ပြဋ္ဌာန်းရေးနှင့်ပတ် သက်ပြီး အစိုးရနှင့် လွှတ်တော် အကြား ထိပ်တိုက် ရင်ဆိုင်မှုများ ပေါ်ပေါက် လျက်ရှိရာ သြဂုတ်လ ၂၃ ရက်နေ့ ပြည်သူ့ လွှတ်တော် အစည်း အဝေး တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ဥပဒေကြမ်း ပြဋ္ဌာန်းရေး အဆိုပြုသကဲ့သို့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များက ဥပဒေကြမ်း ဆိုင်းငံ့ရေး အပြန်အလှန် ထိုးနှက် ဝေဖန် ကြသည် အထိ ဆွေးနွေးငြင်းခုံမှု ပြင်းထန်ခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မင်းလှ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တိုးက တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကို မေးခွန်း ထုတ်ခဲ့ပြီး ယင်းသို့ အချေတင်ဆွေးနွေးခဲ့သော ဦးမောင်တိုးကို ဧရာဝတီ အယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက်က ဆက်သွယ် မေးမြန်းထားပါသည်။

မေး။     ။ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဥပဒေကြမ်းကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ ဆန့်ကျင်ဘက် ဆွေးနွေးရတဲ့အထိ ဘာကြောင့် အငြင်းအခုံဖြစ်ခဲ့ရတာလဲ။ ဘာကြောင့် ဥပဒေကြမ်းကို ဆိုင်းငံ့ဖို့ အဆိုပြုခဲ့ တာလဲ။

ဒုတပ်ချုပ်နှင့် ကာချုပ် (ကြည်း) ဘယ်လိုကြောင့် ထိပ်ပိုင်း တက်လာခဲ့သလဲ

(စည်းလုံးခြင်းရဲ့အင်အား)

SSA ခေါင်းဆောင်များနဲ့အတူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း

ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ မထင်မရှားနဲ့ ထိပ်ပိုင်းကို ဘယ်လိုပုံစံမျိုး ရောက်လာသလဲဆိုတာကို စစ်ဖက်နီးစပ်သူများက သိချင်ကြပါတယ်။ တကယ်တော့ ဒီလို အရေးပါ အရာရောက်တဲ့ နေရာမျိုးကို မပခ တိုင်းမှူးကနေ သူတက်လာရတာဟာ စစ်တပ်ထုံးစံ မဟုတ်တာမို့ အံ့သြနေကြတာ ဖြစ်ပါတယ်။ 

Wednesday, September 4, 2013

ဦးသိန်းစိန်အလှူ စာနယ်ဇင်း ကောင်စီ လက်ခံသင့်လား

(ဧရာဝတီ)

သမ္မတဦးသိန်းစိန်က စာနယ်ဇင်း ကောင်စီနဲ့ စက်တင်ဘာလ ၂ ရက်နေ့ တွေ့ဆုံစဉ် သိန်း ၅၀၀ လှူဒါန်းမှုကို လက်ခံလိုက်တဲ့ အတွက် သတင်းမီဒီယာ လွတ်လပ်ခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အလှူငွေ ကျပ်သိန်း ၅၀၀ နဲ့ လဲလိုက်ပြီလား မေးခွန်းတွေ ဆက်တိုက် ဆိုသလို ထွက်ပေါ်လာပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ သိန်း ၅၀၀ အလှူငွေ လက်ခံတာကို စာနယ်ဇင်းကောင်စီက ပွင့်လင်းမြင်သာမှုရှိရှိ ချက်ချင်း တရားဝင် သတင်းထုတ်ပြန်တာ မရှိဘဲ စက်တင်ဘာလ ၃ ရက်နေ့ ရွှေနိုင်ငံသစ် သတင်းစာမှာ ဖော်ပြမှ ဒီလှူဒါန်းမှု အကြောင်း စာနယ်ဇင်းသမား အများစု သိရှိခဲ့ကြတာပါ။

Monday, September 2, 2013

ပြောင်းလဲရန် သိသင့်သော တက်ကျမ်း

(Minmaha Bagan FB Page)


မြန်မာ့ နိုင်ငံရေးvစနစ်အား ကျနော် မွေးကင်းစvမှပင် ယနေ့ စာရေးနေသော အချိန် ကျနော် စာရေးသူ ၏ ဖြတ် သန်းတွေ့ကြုံခံစား ရမှုများ သည် အဆိုး တရား အဆုတ် တရား အပျက် တရား မသိ တဏှာ တို့ တွင်သာ အရွေ့ မရှိပဲ နစ်ကာ နစ်ကာ မူရင်းနေရာ မှာပင် ရုံန်းကန်နေ ရသောကြောင့် တင်ပြရခြင်းဖြစ် သည်။

တတိယလှိုင်း

(စည်းလုံးခြင်းရဲ့အင်အား)

၁၉၈၈ အရေးအခင်းအတွင်း ပြည်သူဘက်မှ ရပ်တည်ခဲ့ကြတဲ့ မြန်မာ့ တပ်မတော်သားများ

ဆောင်းပါးရှင် – ဆရာ ဂါမဏိ
စာဖတ် ပရိသတ်များ ခင်ဗျား-
ပင်တိုင် ဆောင်းပါးရှင် ဆရာ ဂါမဏိက ကျွန်တော်တို့ “စည်းလုံးခြင်းရဲ့အင်အား” Website ရဲ့ ရည်ရွယ်ချက်ကို ထင်ဟတ်စေမဲ့ “တတိယလှိုင်း” ဆောင်းပါးကို ရေးသား ပေးပို့လာပါတယ်။ 
ဒီဆောင်းပါးမှာ ကမ္ဘာပေါ်က အာဏာရှင် နိုင်ငံတွေဟာ ဒီမိုကရေစီ နိုင်ငံသို့ ကူးပြောင်းကြရာမှာ ပထမ လှိုင်းနဲ့ ဒုတိယလှိုင်းတွေကို တတိယလှိုင်းက ၀င်ရောက် ပေါင်းစီးကြမှသာ အလျင်အမြန် ကူးပြောင်းနိုင်တဲ့ ဖြစ်စဉ်တွေနဲ့တကွ မဟာဗျူဟာမြောက် စဉ်းစား တွေးခေါ် နိုင်ပုံတွေ၊ လူထုတိုက်ပွဲအတွင်းမှာ စစ်အာဏာရှင် စနစ်ကို လက်နက်နဲ့ ပြန်တိုက်တဲ့ တပ်မတော်သားတွေကို သိသာ ထင်ရှားတဲ့ အရေအတွက်မှာ မြင်နေရပြီဆိုရင် နောက်ထပ် တပ်မတော်သားတွေ အပေါ် Snowballing effect ဂယက်ရိုက်ပြီး လူထုဘက် ကူးပြောင်းရေး အတွေးအခေါ် ကူးစက် ပျံနှံ့သွားနိုင်ပုံတွေ၊ လူထုဘက်ပြောင်းလာတဲ့ တပ်မတော်သားတွေကို လူထုခေါင်းဆောင် တချို့က အသုံးမချ တတ်ခဲ့တာကြောင့် တတိယလှိုင်း အညွှန့်ချိုး ခံရပုံတွေ၊ ဒီ တတိယလှိုင်း မထသရွေ့ မြန်မာနိုင်ငံ ဘယ်တော့မှ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်မှာ မဟုတ်ပုံတွေ၊ တပ်မတော်ကို စီမံကိန်း ရှိရှိ နားလည်မှု ရှိရှိ ထိုးဖောက် သိမ်းသွင်းဖို့ အကြီးအကျယ် လိုအပ်ပုံတွေကို သုံးသပ် တင်ပြထားပါတယ်။ 

လူ၊ ခေတ်၊ စနစ် ပြောင်းဖို့လိုတဲ့ ဒို့တိုင်းပြည်

(စည်းလုံးခြင်းရဲ့အင်အား)
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ



ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်

စာဖတ်ပရိသတ်များခင်ဗျား
ပင်တိုင်ဆောင်းပါး ရှင် ဗိုလ်မှူးကျော်ကျော်ခိုင် က “စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုဒ် သို့ ဆောင်းပါး တစ်ပုဒ် ရေးသား ပေးပို့လာ ပါတယ်။ ဒီဆောင်းပါးမှာ နအဖရဲ့
၂၀၁၀ ခုနှစ်မှာ ကျင်းပ မဲ့ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ၀င်မည့်သူများကို စစ်အာဏာရှင်အိုတစ်စုနှင့် အတူ ရှင်းလင်းသုတ်သင်ပစ်သင့်သည့် သူများအဖြစ် သတ်မှတ်သင့်ကြပုံ၊ ယနေ့ ကြည်း၊ ရေ၊ လေ တပ်မတော်သား အရာရှိ အရာခံ အကြပ်တပ်သား အပေါင်းသည် အာဏာရှင်စနစ်ကို ရိုက်ချိုးပြီး လူ၊ ခေတ်နှင့် စံနစ် ပြောင်းနိုင်ရန်အတွက် ကြည်းတပ် ရေတပ် လေတပ် အားလုံး စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်သွားကြပါရန် တိုက်တွန်းခဲ့ပုံ၊ သိက္ခာမဲ့တဲ့ စစ်အာဏာရှင်အိုကြီးတစ်စုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို နိုင်ငံတော်နှင့် ပြည်သူ လူထု၏အကျိုးကို အမှန်တကယ် လိုလားသူတိုင်း လက်မခံသင့်ဘဲ ရွေးကောက်ပွဲထက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရေး ကိစ္စအား ပိုမိုအလေးထား ဆောင်ရွက်တောင်းဆို တိုက်ပွဲဝင်သင့်ပုံ၊ နအဖရဲ့ မူဝါဒများနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အားနည်းချက်များအား ပယ်ပယ်နယ်နယ် ဝေဖန်သုံးသပ်ထားပုံတွေကို ကွက်ကွက်ကွင်းကွင်း တင်ပြထားပါတယ်။ အခုလို ရေးသားပေးပို့ လာတဲ့အတွက် ပင်တိုင်ဆောင်းပါးရှင် ဗိုလ်မှူးကျော်ကျော်ခိုင်အား အထူး ကျေးဇူးတင်ရှိပါကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှ မှတ်တမ်းတင်ဂုဏ်ပြုရင်း တင်ပြအပ်ပါတယ် ခင်ဗျား။

အမ်အိုင်ဂျီ - ၂၉ နဲ့ အကျိုးနည်းတော့မည်

(စည်းလုံးခြင်းရဲ့အင်အား)

မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်တွင် ရပ်တန့်ထားသော Mig-29

ဆောင်းပါးရှင်- ဂါမဏိ

၂၀၀၁ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်တုန်းက ယိုးဒယား - ဗမာ စစ်ပွဲအတွင်း ယိုးဒယားလေတပ်ရဲ့ (အမေရိကန်လုပ်) အက်ဖ် - ၁၆ တိုက်လေယာဉ်တွေရဲ့ အရသာကို ခပ်စပ်စပ်ကလေး မြည်းလိုက်ရလို့ တပ်ချုပ်ကြီးနဲ့ ဒုတပ်ချုပ်ကြီးတို့ဟာ မျက်လုံးပြူး မျက်ဆံပြူးဖြစ်ကုန်ပြီး အက်ဖ် - ၁၆ ကို ယှဉ်နိုင်မယ့် စစ်လေယာဉ်ကို အသည်းအသန် လိုက်ရှာဝယ်ခဲ့ပါတယ်။ ဒါနဲ့ဘဲ ၂၀၀၈ ခုနှစ်မှာ ရုရှားနိုင်ငံဆီက အမ်အိုင်ဂျီ -၂၉ အဟောင်းတွေကို ပွဲစားကြီးတေဇ အကျိုးနဲ့ (၂၂) စီး စတင်ရောက်ရှိလာခဲ့ပါတယ်။

တပ်မတော်သားသမဂ္ဂ ထူထောင်ကြ

(စည်းလုံးခြင်းရဲ့အင်အား)

ရန်ကုန်တိုင်း တိုင်းမှူး (ဟောင်း) ဗိုလ်ချုပ် ထွန်းသန်းကို အမှတ် (၈၂) ခြေလျင်တပ်ရင်း တွေ့ဆုံပွဲတွင် တွေ့ရစဉ်

လက်ရှိတပ်မတော်တွင်းက စစ်သည်တွေရဲ့ဘဝ နုံချာစုတ်ပြတ်လွန်းပြီး အတွေးအခေါ်တွေ ဖျက်ဆီးခံထားရ တာမျိုး အနာဂတ်မြန်မာနိုင်ငံတပ်မတော်မှာ မဖြစ်ဖို့အရေးကြီးလှပါတယ်။ 

တပ်မတော်သားတွေ မတရားသွေးစုတ် ချယ်လှယ်ခံရတာ၊ အထက်အရာရှိကြီးတွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် အဖြည့်ခံ အသုံးချခံဖြစ်ရတာမျိုးမဖြစ်ဖို့နဲ့ နိုင်ငံ ကာကွယ်ရေးမဟုတ်တဲ့ အထက်အရာရှိကြီးတွေရဲ့ ကိုယ်ကျိုးအတ္တလိုက်စားအကျင့်ပျက်မှုကို တိုက်ဖျက်ဖို့နည်းနာ တွေ ရှာကြံကျင့်သုံးရမှာဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်အတွက် နောင်တချိန် မြန်မာ့တပ်မတော်အတွင်းမှာ နိုင်ငံ တကာက လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေလို တပ်မတော်သားသမဂ္ဂ (ဝါ) စစ်အလုပ်သမားသမဂ္ဂ ဖွဲ့စည်းထူထောင်ဖို့ စဉ်းစားသင့်ပါတယ်။

ဦးသိန်းစိန်နှင့် ဦးရွှေမန်း မပြေလည်မှု ထပ်ဆိုးလာမည်လော

(ဧရာဝတီ)

သမ္မတ ဦးသိန်းစိန်က အစိုးရနဲ့ လွှတ်တော် ကြားမှာ နိုင်ငံရေးအရ ထိပ်တိုက်တွေ့မှုတွေ၊ ပွတ်တိုက်မှုတွေ ရှိနေတဲ့ အကြောင်း ပထမဆုံး အကြိမ် ၀န်ခံ ပြောဆိုလိုက်ပြီး ဒီထိပ်တိုက်တွေ့မှုတွေ မပြေလည်ရင် တပ်အာဏာသိမ်းမှုထိ ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက စိုးရိမ်တကြီး ဖြစ်လာနေပါတယ်။

လူဖြစ်ရှုံးသော မြန်မာနိုင်ငံသားများ (စစ်အာဏာရှင် စနစ်ဆိုးဒဏ်ခံနေရတဲ့ ပြည်သူနဲ့ တပ်မတော်)

(စည်းလုံးခြင်းရဲ့အင်အား)
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု

စာဖတ်ပရိသတ်များ ခင်ဗျား-

စည်းလုံးခြင်းရဲ့  အင်အား ၀က်ဘ်ဆိုဒ်မှ ပင်တိုင် ဆောင်းပါးရှင် ဗိုလ်မှူး ကျော်ကျော်ခိုင်က “စစ်အာဏာရှင် စနစ်ဆိုးဒဏ် ခံနေရတဲ့ ပြည်သူနဲ့ တပ်မတော်” ဆောင်းပါးအား ပေးပို့ လာပါတယ်။ အဲဒီ ဆောင်းပါးမှာ တိုင်းပြည်နှင့် ပြည်သူလူထုကို ဆင်းရဲတွင်း နက်စေသော၊ ဒုက္ခပေး အနှိပ်စက်ဆုံးသော၊ အဆိုးရွားဆုံးသော စနစ်မှာ “အာဏာရှင်စနစ်” (Dictatorship) ဖြစ်ပုံတွေကို ကွက်ကွက်ကွင်းကွင်း တင်ပြ ထားပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် ဗိုလ်မှူး ကျော်ကျော်ခိုင်အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူး တင်ရှိပါတယ် ခင်ဗျား။

စစ်အာဏာရှင် စနစ်ဆိုးဒဏ်ခံနေရတဲ့ ပြည်သူနဲ့ တပ်မတော်

ဆောင်းပါးရှင် – ဗိုလ်မှူး ကျော်ကျော်ခိုင်

မရိုးနိုင်သော ဂန္တ၀င် ဇာတ်လမ်းတပုဒ်ကဲ့သို့ မြန်မာ့သမိုင်း၌ အသစ်အသစ် ဖြစ်နေအုံးမည့် အဖြစ်အပျက်မှန်တို့က မြန်မာပြည်သူလူထု အတွက်တော့ လူဖြစ်ရှူံးစေသည်ဟု ဆိုလျှင် လွန်အံ့မထင်ပါ။ နိုင်ငံ့ ခေါင်းဆောင် လုပ်ချင်သည့် စစ်ခေါင်းဆောင်အိုကြီး တစ်စု၏ ဥာဏ် အမြှော်အမြင် ကင်းမဲ့ပြီး ကမ္ဘာနှင့်ယှဉ် မြင်နိုင်သော အသိပညာ မရှိမှုကို တပ်မတော် မျိုးဆက်သစ်တို့ သိမြင် နားလည် စေလိုသည့်အပြင် ၄င်းတို့၏ ရက်စက်ယုတ်မာမှုများကို တပ်မတော်ရော ပြည်သူလူထုပါ ဘယ်လိုခံစား နေရသည်ကို မီးမောင်းထိုး ပြလို၍ ဆက်လက်ရေးသား တင်ပြလိုက်ပါသည်။

စစ်အာဏာရှင် စနစ်ဆိုးရဲ့ သားကောင်များ - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)
ပေါ်တာများနဲ့အတူ မြန်မာ့ စစ်ကြောင်း တခု

တပ်မတော် အနေနဲ့ မြို့နယ်ကို ကျော်ခွပြီး ပေါ်တာ ချောဆွဲတာမျိုးကိုတော့ စည်းရုံးရေး ထိခိုက်တယ် ဆိုပြီး တပ်ရင်းမှူး အများစုက မလုပ်ကြတာ များပါတယ်။ စစ်ကြောင်းထွက်ခါနီး မြို့နယ်အာဏာပိုင် အဖွဲ့အစည်းတွေက မူလက ပေးထားတဲ့ပေါ်တာတွေကို လှဲလှယ်တာမျိုး လျော့ပြီး တပ်က ပြန်ပေး ရတာမျိုး ဖိအားပေးတာကြောင့် စစ်သည်တွေရဲ့ ပုခုံးပေါ်မှာ ၀န်စည်စလှယ်တွေ ပြန်ရောက်ခဲ့တဲ့ ဖြစ်စဉ်မျိုးလည်း ရှိပါတယ်။ သထုံမြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်က အာဏာပိုင် အဖွဲ့အစည်းတွေဟာ ပြဿနာဖြစ်စေ၊ သူတို့အလိုမကျလို့ဖြစ်စေ အောက်ခြေတပ်ရင်း စစ်ကြောင်းတွေနဲ့ ညှိဖို့ မစဉ်းစားဘဲ ထစ်ကနဲဆိုရင် အသေးအဖွဲကိစ္စပါမကျန် အထက်ဌာနဖြစ်တဲ့ စစ်ဗျူဟာရုံးနဲ့ ရတခတိုင်းသို့ တိုက်ရိုက် တိုင်တန်းကြတဲ့ ဖြစ်စဉ်တွေ ကြုံတွေ့ခဲ့ရကြောင်း သိရှိခဲ့ရပါတယ်။

Sunday, September 1, 2013

ဗိုလ်ချုပ်စိုးရှိန်က တောင်သူများကို လက်နက်ကိုင်ကာ ခြိမ်းခြောက်ခဲ့ သည်ဆိုသည့် အမှုကို လာရောက်ညှိနှိုင်းနေ

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်က ဖြစ်ပေါ်ခဲ့သည့် ဗိုလ်ချုပ်စိုးရှိန်က လက်နက်ကိုင် ခြိမ်းခြောက်ခဲ့သည်
ဆိုမှုနှင့် ပတ်သက်၍ တိုင်ကြားခံရသူ ဗိုလ်ချုပ်စိုးရှိန်ဘက် မှ ဩဂုတ်လ ၁၉ ရက်နေ့က ထုံးဖိုတဲစု
တွင် လာရောက်ညှိနှိုင်းမှုရှိခဲ့သည်ဟု တိုင်ကြားသူဘက်က ပြောသည်။

"သူတို့ဘက်က လာပြီးညှိနှိုင်းတော့ ခြိမ်းခြောက်မှုဖြစ်ခဲ့တဲ့ ထုံးဖိုတဲစု ဒေသခံတောင်သူတွေရဲ့
အကွက်ကို ၀ယ်မယ်။ ဒါပေမဲ့ အမှုကို ပြန်ရုပ်သိမ်း ပေးရမယ်။ နောက်ပြီး ဂျာနယ်တွေမှာ ဖော်ပြ
ထားတာတွေကိုလည်း သတင်းအမှားဆိုပြီး ပြန်ပြင်ခိုင်းတယ်။ ကျွန်တော်တို့ဘက်ကတော့ သူတို့
နောက်ဆုံးတောင်းဆိုထားတာကို လုံးဝသဘောမတူနိုင်ဘူး။ ကျန်တဲ့ အချက်နှစ်ချက်အတွက်
လည်း စဉ်းစားနေတုန်းပဲ။ ဒီကိစ္စအတွက်ကို ဗိုလ်ချုပ် စိုးရှိန်နဲ့ပဲ တိုက်ရိုက်ညှိနှိုင်းချင်တယ်"ဟု
လက်နက်ဖြင့် ခြိမ်းခြောက်ခံရသည်ဆိုသူ ကိုအောင်သန်းဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ရဲတပ်ဖွဲ့ ဝင်များအနေဖြင့် အချုပ်သား၊ အကျဉ်းသားများအား ရိုက်နှက်ပါက ထောက်ဒဏ်(၃)နှစ် ထိအရေးယူနိုင် ဟု ဒုဝန်ကြီးဖြေကြားခဲ့


ရဲတပ်ဖွဲ့ ဝင်များအနေဖြင့် အချုပ်သား ၊အကျဉ်းသားများကို ရိုက်နှက်ခြင်း ၊အခြားသူအား ရိုက်နှက်ရန်ခိုင်းစေခြင်း နှင့် ဟန့် တားရန်ပျက်ကွက်ခြင်း တို့ တွေ့ ရှိပါက ထောင်ဒဏ် (၃)နှစ်ထိ ပြစ်ဒဏ်ချနိုင်သော ဥပဒေဖြင့် အရေး ယူနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဗိုလ်မှုးချုပ် ကျော်ကျော်ထွန်း ကဖြေကြားသည်။

စာရင်းစစ်ဝန်ထမ်းအား သေနတ်ဖြင့် ပစ်သောတပ်ထိန်းကို လူသတ်မှုဖြင့် အမှုဖွင့်


ရန်ကုန်- စာရင်းစစ်ဝန်ထမ်းတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ခဲ့သော တပ်မတော်တပ်ထိန်းတစ်ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်ဟု ပူတာအိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသာဇော်ကပြောသည်။

ထို့အပြင် သက်ဆိုင်ရာ တပ် ကလည်း စုံစမ်းစစ်ဆေးရေးခုံရုံး ဖွင့်၍ စစ်ဆေးနေကြောင်း သတင်း ရရှိသည်။