Monday, April 28, 2014

ဦးသန်းရွှေ (သို့မဟုတ်) နေပြည်တော် မင်းသားကြီး (အပိုင်း ၁ - ၄)

သန်းဝင်းလှိုင် (မိုးမခ)

နိဒါန်း

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အကြောင်းကိုရေးသားရသည်မှာမ လွယ်ကူ လှပေ။မြန်မာစာပေလောက ၌ သူ့ အကြောင်းတရားဝင် ရေးသား ထုတ်ဝေသောစာ အုပ်ဟူ၍မရှိသလောက်ပင်ဖြစ်သည်။ သူနှင့်ပတ်သက်၍   The Irrawaddy အပတ်စဉ်ဂျာနယ် တည်ထောင်သူနှင့် အယ်ဒီတာချုပ် အောင်ဇော်ရေးသားခဲ့သော”အာဏာရှင်များနှင့်မြန်မာတပ်မတော်”အခန်းဆက်ဆောင်ပါးတွင် သာပါရှိသည်။

          ထို့ ပြင် ၂ဝ၁ဝ ပြည့်နှစ်က ထိုင်းနိုင်ငံရှိ Silkworm စာအုပ်တိုက်မှထုတ်ဝေသောစာရေး ဆရာ ဘင်နဒစ်ရော်ဂျာစ်(Bendict Rogers) ရေးသားခဲ့သည့် Than Shwe:Unmasking Burma’s Tyrant (ဦးသန်းရွှေ၊မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ်တစ်ဦးကိုမျက်နှာဖုံးခွာကြည့်ခြင်း) စာအုပ်၌လည်းဦးသန်းရွှေနှင့် ပတ်သက်သော အချက်အလက်အတော်များများမှာ လွဲမှားနေ သော်လည်း မဖြစ်နိုင်ဟုငြင်းဆိုရန်လည်းခက်လှပါသည်။

ဗိုလ်ချူပ်မှုးကြီးဟောင်း သန်းရွှေရဲ့ ပင်စင် ခံစားခွင့် ဘယ်လောက်လဲ

(ဧရာဝတီ)

၂၀၁၁ ခုနှစ် မတ်လက စတင် အငြိမ်းစား ယူသွားခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ပင်စင် လစာငွေ တလ ကျပ်သိန်း ၁၀၀ ခံစား နေရတယ်လို့ ဧပြီလ ၂၆ ရက်ထုတ် မြန်မာသံတော်ဆင့် ဂျာနယ်ကဖော်ပြခဲ့လို့ သူ ပင်စင်ကြေး ကျပ်သိန်း ၁၀၀ ယူသလား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ် လာပါတယ်။

ဒါပေမယ့် ဒီသတင်းတွေက မမှန်ကန်ဘူး ဆိုပြီး ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ရာထူး တာဝန်နဲ့ သမ္မတပြောခွင့်ရ ပုဂ္ဂိုလ်လည်း ဖြစ်နေတဲ့ ဦးရဲထွဋ်က ပြောဆို ပယ်ချ ခဲ့ပါတယ်။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အငြိမ်းစား ယူတဲ့ အခါမှာ အခြား စစ်မှုထမ်းတွေ အငြိမ်းစား ယူသလိုပဲ စစ်မှုထမ်းသက် အပေါ် မူတည်ပြီး သတ်မှတ်ပုံစံ အတိုင်း တွက်ချက်ပြီး ရသင့်တဲ့ အငြိမ်းစား လစာနဲ့ လုပ်သက် ဆုကြေးကိုပဲ ခံစားပါတယ်” လို့ ဦးရဲထွဋ်က ဧရာဝတီကို အီးမေးလ်က တဆင့် ဖြေကြား ခဲ့ပါတယ်။

Friday, April 4, 2014

စစ်အာဏာရှင်ကြီး၏ဥာဏ်နီဥာဏ်နက်များသတိထား

(အောင်လင်းထွဋ်)
ရက်စွဲ။ ၂၀၁၄ ခုနှစ် ဇန္န၀ါရီလ (၁၁) ရက်





ကမ္ဘာနှင့်အ၀ှမ်း ပြောစရာဖြစ်နေသော စစ်အာဏာရှင်ရေးဆွဲခဲ့သော  မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ စစ်တပ်နိုင်ငံရေး နှင့် ပတ်သက်၍ စစ်အာဏာရှင် လက်အောက်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော စာရေးသူ အနေဖြင့် ဒီမိုကရေစီကိုတောင်းဆိုသော အရပ်သားနိုင်ငံရေး သမားများ နှင့် စစ်အာဏာရှင်ကိုကာကွယ်သော စစ်သားနိုင်ငံရေးသမားများ အကြောင်းတင်ပြ ဆွေးနွေးလိုပါသည်။

စစ်အစိုးရ ပြုပြင်ပြောင်းလဲရေး (သို့) “Political Masturbation” ပြဇတ်များ

(မိုးသီးဇွန် blog)

“There can be no peace and development if there is social injustice and suppression of citizen rights.”

 -မြတ်စိုး-
၃.၃၁.၂၀၁၄
မနေ့ က ပြည်တွင်းထဲ မှာ လုပ်ဖော်ကိုင်ဘက် တဦးက မေးလာတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အပေါ် ဘယ်လို သုံးသပ် သလဲတဲ့။ သူငယ်ချင်း လို၊ ညီအကို လို ခင်လာခဲ့တဲ့ သူဆိုတော့ မပြောချင်ပေမဲ့ လည်း ဒီအကြောင်းတွေ ကို စကားပြောဖြစ်ခဲ့ကြတယ်။

သူငယ်ချင်းရေ ….အင်မတန် မှ စိတ်ပျက်ဖို့ ကောင်းတဲ့ မြန်မာနိုင်ငံရေး ဇတ်ခုံကြီး မှာ နာမည်ကြီး ဇတ်သဘင်အဖွဲ့ ကြီး ၃ ဖွဲ့ ၊ တဖွဲ့နှင့် တဖွဲ့၊ တမျိုးနဲ့ တမျိုး မရိုးရအောင် လူထု ကို “Political Masturbation” ပြဇတ်ကြီးတွေ ကိုယ့်စင် ကိုယ်ထိုးပြီး ကပြနေကြတယ် လို့ ပဲပြောချင်တယ်။

ဒီနေ့ မြန်မာ့ နိုင်ငံရေး ဇတ်ခုံ မှာ

၁) မျောက်ဖိုးစိန် ဇတ်အဖွဲ့
၂) စိန်အောင်မင်း ဇတ်အဖွဲ့
၃) ရွှေမန်း ဇတ်သဘင် အဖွဲ့ ဆိုပြီး တမျိုးနဲ့ တမျိုး မရိုးအောင် တင်ဆက် ကပြ နေလို့ လေ။

Wednesday, April 2, 2014

အကျင့်ဟောင်း၊ အကျင့်ပျက်များကိုကျင့်သုံးနေဆဲ၊ စစ်ဗိုလ်အမျိုးအနွယ်များ

(မိုးမခ)

အတိတ် က စိတ်ဓါတ်နဲ့ လုပ်ကိုင်မှုတွေ ကို နောက်ကြောင်းပြန်ဖေါ်ခြင်း ကို မလုပ် လိုပေမဲ၊ သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ထွက်လာ တဲ့အချိန်မှာ အတိတ် လူဆိုးများ ကို ပြေးမြင်မိပါတယ်။ ဆန်ဖရန် စစ္စကိုမြို့က မြန်မာပြည်က အခြေချပြီး သူဌေးဖြစ်လာတဲ့ ကိုဒေဗစ်အကြောင်းပါ။ သူပြောတာက “ငါက မြန်မာတွေ ဆန်ဖရန်စစ္စကိုရောက်ပြီး အလုပ်မရှိသူများကို ငါ့ရဲ့ကုမ္မဏီ အိမ်ပြုပြင်ဆောက်လုပ်ရေးတွေမှာ တစ်နာရီ ၁၀ဒေါ်လာပေးပြီး ခန့်တယ်၊ တစ်ပါတ်တစ်ခါရှင်းပေးတယ်။ တစ်ပတ်တစ်ခါ အလုပ်သမားတွေကို စားသောက်ဆိုင်မှာ ကျွေးတယ်။ ဒါပေမဲ့ ငါဘယ်လောက်ဂရုစိုက်ပေမဲ့၊ ငါ့က အလုပ်သမားတွေရဲ့အပြစ်တွေ မြင်တယ်ကွ၊ ဒီတော့ မနေနိုင်ဘူး၊ နောက်မလုပ်အောင် သူတို့အပြစ်တွေကို ဖေါ်ပြ၊ ပြောပြတော့ အလုပ်သမားတွေ မကြိုက်ကြဘူး။ ငါ့ကို ကန်ပြီး အလုပ်ကထွက်သူတွေ၊ ထုတ်ခံလိုက်ရသူတွေကို နောက်နောင် ဘယ်တော့မှ ပြန်မခေါ်တော့ဘူး။