Friday, October 31, 2014

နိုင်ငံ့အရေး ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် အိုဘားမား ဖုန်းဖြင့်ဆွေးနွေး

(DVB)

အမေရိ ကန် ပြည်ထောင် စု သမ္မတ ဘားရက် အိုဘားမားက သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့တယ် လို့ အမေရိကန် အိမ်ဖြူတော် က ထုတ်ပြန် ပါတယ်။

လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အိုဘားမားတို့ တယ်လီဖုန်းကနေတဆင့် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဓမ္မဝါဒ တပ်​မတော် ကျင့်သုံးတုန်းလား

(ဧရာဝတီ)

သ တင်း​ထောက်​ ကို​အောင်​​ကျော်​နိုင် ​ကို မြန်​မာစစ်​တပ်​က ထိန်းသိမ်း ထားစဉ်​ ကာလမှာ ပစ်​သတ်​ လိုက်​တဲ့ သတင်းက​တော့ ​ကြောက်​စရာ​ကောင်းပြီး ဒီနိုင်​ငံ ထဲက ဂျာနယ်​လစ်​ တိုင်း အတွက်​ တကယ့်​ကို စိုးရိမ်​စရာ ကိစ္စ တခုဖြစ်​ပါပဲ။ ပြီးခဲ့တဲ့ တပတ်​မှာ လူသိရှင်​ကြား ထုတ်​ပြန်​ခဲ့တဲ့ ဒီ​ကြောက်လန့် ဖွယ်​ဖြစ်​ရပ်​ က​နေ တဆင့်​ စစ်​တပ်​ဟာ တရား လက်​မဲ့ သတ်​ဖြတ်​မှု​တွေ ကို ကျုးလွန်​ဖို့ လိုင်​စင်​ရှိ​နေတုန်းပဲ ဆိုတာ ​တွေး​တော ဆင်​ခြင် ​နိုင်​တဲ့ လူတိုင်း သိနိုင်​ပါတယ်​။ တကယ်​တမ်း မှာ​တော့ တရား ဥပဒေအရ ပြစ်​ဒဏ်​​ပေးခြင်းမရှိဘဲ တရား လက်လွတ် သတ်ဖြတ်မှုဟာ မြန်​မာနိုင်​ငံမှာ ​ကောင်း​ကောင်းကြီးရှင်​သန်​​နေ တုန်းပါပဲ။

လွှတ်တော်အရပ်ရပ် ၁၀ ရက်ကြာ ရပ်နားပြီ

(DVB)

ကျင်းပနေ တဲ့ လွှတ်တော်    အရပ်ရပ် ကို အောက် တိုဘာ ၃၁ ရက်က စပြီး ၁၀ ရက်ကြာ ရပ်နား လိုက်ပါတယ်။

လက်ရှိပြည်သူ့ လွှတ်တော် မှာ ပီအာ လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ်နဲ့ ပတ်သက် လို့ ဆွေးနွေးလက်စ ဖြစ်နေပြီး ကိုယ်စားလှယ် စုစုပေါင်း ၄၀ ကျော် က ၀ိုင်းဆွေးနွေနေကြ တာ ဖြစ်ပါတယ်။

Thursday, October 30, 2014

ကိုပါကြီးအား စစ်တပ်မှ သတ်ဖြတ်မှု အသေးစိတ်ကို ဖေါ်လိုက်ပြီ

ကိုပါကြီး စက်တင် ဘာ ၃၀ ရက်နေ့ ၁၁ နာရီ ၃၀ တွင် ဒီကေဘီအေ ကလို့ထူးဖေါ ဌာနမှ ကျိုက်မရော သို့ အဆင့်ဆင့် လာရောက်ခဲ့ သည်။

လာရောက်ရ သည့် အကြောင်းရင်း မှာ ရန်ကုန် ရှိ မြန်မာ့ငြိမ်း ချမ်းရေး စင်တာ တွင် ကျင်းပနေသော တိုင်းရင်းသားများ လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံတော် အဆင့် အပစ် ခတ်ရပ်စဲရေး ဆိုင်ရာ ညှိနိုင်းနေသော အစည်းဝေး သို့ အလွတ်တမ်း သတင်းထောက် အနေဖြင့် သတင်း ယူရန် ခ၇ီးထွက်ခဲ့ခြင်းဖြစ်သည်။

ပြုပြင်ပြောင်းလဲရေး နောက်ကြောင်းပြန်နိုင်သည့် လက္ခဏာ ကုလသတိပေး

(DVB)

မြန်မာနိုင်ငံက အကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေးမှာ အလားအလာရှိတဲ့ နောက်ကြောင်း ပြန်နိုင်တဲ့ လက္ခဏာတွေကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟေးလီက အထွေထွေ ညီလာခံမှာ သတိပေးလိုက်ပါတယ်။

အရင် ၃ နှစ်ကျော် လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ လူ့အခွင့်အရေးတွေမှာ တိုးတက်မှုရှိခဲ့ပေမယ့် ရေရှည်တည်တံ့ပြီး စစ်မှန်တဲ့ ရလဒ်တွေ၊ လူထုရဲ့ ထောက်ခံမှုကို ရချင်တယ်ဆိုရင်တော့ လုပ်ဆောင်စရာတွေ လိုနေသေးတယ်လို့ ယန်ဟေးလီက ပြောပါတယ်။

Wednesday, October 29, 2014

တပ်မတော်ရဲ့ လွှတ်တော် ဖျက်သိမ်းရေး အကြံပြုခွင့် တောင်းဆိုမှု စစ်အုပ်ချုပ်ရေး စနစ်ဆီ ဦးတည်တာလား

(ဧရာဝတီ)

နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့ အပါအဝင် အဖွဲ့ဝင် ၁၁ ဦးပါဝင် တဲ့ အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) ရဲ့တာဝန်တွေ မှာ “လွှတ်တော်တွေ ဖျက်သိမ်းဖို့ သင့်၊ မသင့် နိုင်ငံတော် သမ္မတ ကို အကြံပြု ရမယ်” ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ထည့်သွင်း ပေးအပ်ဖို့ တပ်မတော် သား လွှတ်တော် ကိုယ်စား လှယ်တွေ က လွှတ်တော်ကို တင်ပြလာ တာမို့ ဒီတင်ပြ တောင်းဆိုမှုက အရင်စစ်အုပ်ချုပ်ရေးစနစ်ဆီကို ပြန်လည် ခြေဦး လှည့်ဖို့ ကြိုးစားလာတာလား ဆိုပြီးမေးခွန်း ထုတ်စရာ ဖြစ်လာပါပြီ။

Tuesday, October 28, 2014

ကိုပါကြီး နှင့် လူသတ်သော စစ်တပ်



 (တူမောင်ညို) (မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၄

စစ်တပ်က သတ်လို့ သေရတဲ့အထဲမှာ “ကိုပါကြီး” က ပထမဆုံးမဟုတ်သလို၊ နောက်ဆုံးလည်းမဟုတ်သေးဘူး။ မပြီးဆုံးသေး တဲ့  ပြည်တွင်းစစ်ကြီးထဲမှာ စစ်တပ်ကသတ်လို့ “ကိုပါကြီး”လို သေခဲ့ကြရသူတွေမြောက်များစွာရှိပါတယ်။  “ကိုပါကြီး” က ယောက်ျား သားမို့ နှိပ်စက်ညှင်းပမ်းပြီး အသတ်ခံရတာပဲ။ “ကိုပါကြီး” နေရာမှာ မိန်းမသားတစ်ယောက်သာဆိုရင် မသေခင် မဖွယ်မရာအလုပ်ခံရ ဦးမှာသေချာတယ်။ ကချင်ပြည်နယ်မှာ အစောပိုင်းက ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်တပ်က ဖမ်းထားတဲ့ ရွာသားကိုတောင် မဖွယ် မရာလုပ်တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့သေးတာမို့ စစ်တပ်ရဲ့ အကြမ်းဖက်ယုတ်မာမှုတွေက ကမ်းကုန်အောင် ဆိုးဝါးရိုင်းစိုင်းပါတယ်။

စစ်ဆင်ရေးအတွက် ကန်ဒေါ်လာ ရှစ်ဘီလီယံသုံး

နေပြည်တော် (မဇ္ဈိမ)။ ။ ကာကွယ်ရေး အသုံးစရိတ်၏ သုံးပုံတစ်ပုံဖြစ်သော ၃၂ ဒသမ ၈၉ ရာခိုင်နှုန်းကိုသာ စစ်ဆင်ရေးအသုံး စရိတ်အဖြစ် သုံးစွဲသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် က ပြောသည်။

တပ်မတော်အသုံးစရိတ်တွင် လစာနှင့် စရိတ် ၄၆ ဒသမ ၁၂ ရာခိုင်နှုန်း၊ စစ်ဆင်ရေး (တိုက်ခိုက်ရေး ကဏ္ဍပါဝင်မှု) ၃၂ ဒသမ ၈၉ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေး ၁၄ ဒသမ ၄၉ ရာခိုင်နှုန်းနှင့် ပညာရေးနှင့် ကျန်းမာရေး ၂ ဒသမ ၇၆ ရာခိုင်နှုန်း ပါဝင်သည်ဟု ဆိုသည်။

Monday, October 27, 2014

တပ်မတော်ကို အရေးယူရန် ပြည်တွင် ဆန္ဒပြ

(Mizzima)

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း အလွတ်သတင်းထောက် ကိုပါကြီးကို တပ်မတော်က ဖမ်းဆီးပြီးနောက် သေဆုံးမှုကို အရေးယူပေးရန် ပဲခူးတိုင်း ပြည်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် အောက်တိုဘာ ၂၆ ရက် ညပိုင်းက တရားလွှတ်တော်ရှေ့နေ တစ်ဦးနှင့် လူငယ်တစ်ဦးက ဖယောင်းတိုင်းမီးထွန်း ဆန္ဒပြသည်။

“ကိုပါကြီးကို စစ်အစိုးရက ရိုက်နှက်သတ်ဖြတ်ခဲ့တဲ့ကိစ္စကို သဘောထားဖော်ထုတ်တာပါ။ ပုဒ်မ ၂၀၁ အရ အလောင်းဖျောက်ဖျက်သူကော သတ်တဲ့သူကော ငါတို့သိချင်တယ်။ စုံစမ်းရမယ်။ စစ်ဆေးရမယ်။ ရဲကမဝင်ရဲဘူး” ဟု ဆန္ဒဖော်ထုတ်သူ ဦးမြင့်အေးက ပြောသည်။

ကိုပါကြီးနှင့် အရှက်ဟက်တက်ကွဲ အာဆီယံ ဥက္ကဋ္ဌ

(Mizzima)

၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ မြန်မာအတွက် အရှက်ဟက်တက် ကွဲခဲ့လေပြီ။ အာဆီယံ ထိပ်သီးစည်းဝေးပွဲနှင့် ကမ္ဘာ့ခေါင်းဆောင်များ လာရောက်ကြမည့် ထိပ်သီးစည်းဝေးပွဲများက တစ်လပင် မလိုတော့သည့်အချိန်တွင် ရန်ကုန်မြို့လယ်ခေါင်၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လိုလားသူများက အစိုးရကို မနေ့က ဆန္ဒပြကြသည်၊ နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့် အခွင့်အရေးပေးရန် တောင်းဆိုသည်။ တာဝန်သိသည့် တာဝန်ရှိသည့် အစိုးရတစ်ရပ်အတွက် အရှက်မဲ့စေခဲ့ပြီ၊ မပေးသဖြင့် မရသာဖြင့်သာ တောင်းဆိုရသည် မဟုတ်ပါလော။

အထက်ညွှန်ကြားချက်ကြောင့်ဟုဆိုကာ ကိုပါကြီးသေဆုံးမှု အမှုဖွင့်ခွင့်မပေး

(Mizzima)

စစ်တပ်၏ ပစ်ခတ် ဖမ်းဆီး မှုကြောင့် နိုင်ငံရေးနောက်ခံရှိသူ အလွတ် သတင်းထောက် ကို အောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံး ခဲ့မှုအပေါ် ကျိုက်မရောမြို့မရဲစခန်းမှ စခန်းမှူး ဦးတင်ဦးက အမှုကို လ က် ခံခဲ့ခြင်းမရှိဟု သေဆုံးသူ ကိုပါကြီး၏ ဇနီးဖြစ်သူ မသန္တာက အောက်တိုဘာ ၂၆ရက်တွင် မဇ္ဈိမ ကို ပြောသည်။

ကိုပါကြီးအား ဖမ်ဆီးမှုတွင် ပါဝင်သည့်အပြင် သေဆုံးမှုတွင် တာဝန်ရှိသူဖြစ်သည့် မွန်ပြည်နယ်၂၀၈တပ်ရင်းဗိုလ်ကြီးစန်းမင်းအောင်ကိုအလောင်းဖျောက်ဖျက် မှု၊ ညှင်းပမ်းသတ်ဖြတ်မှု၊ မတရားဖမ်းဆီးမှုတို့ဖြင့် အမှုဖွင့် ပေးရန် တိုင်ကြားခဲ့သော်လည်း အထက်ညွှန်ကြားချက်ကြောင်ဟုဆိုကာအမှုကိုဖွင့်မပေးနိုင်ကြောင်း စခန်းမှူး က ပြောဆိုခဲ့သည်ဟု မသန္တာက ဆိုသည်။

“၂၀၀၈ အခြေခံဥပဒေက တောထဲက တောရိုင်းဥပဒေနဲ့ တူနေပါတယ်”

(Mizzima)

စစ်တပ်၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် နိုင်ငံရေးနောက်ခံရှိသူ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးခဲ့မှု ဖြစ်စဉ်အပေါ် အမှုမှန်ဖော်ထုတ်ပေးရန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အပါအဝင် အဖွဲ့အစည်းပေါင်း ၄၀ ကျော်က အောက်တိုဘာ ၂၆ ရက်က ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမရှေ့တွင် တောင်းဆိုခဲ့ကြသည်။

ကုလတပ်ဖွဲ့တွင် မြန်မာ့တပ်မတော် ပါဝင်ရေးညှိနှိုင်းနေ

(Mizzima)

ြဲမန်မာ့တပ်မတော်သည် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့တွင် ပါဝင်နိုင်ရေးအတွက် ညှိနှိုင်း အဆင့်သို့ ရောက်ရှိနေပြီဟု ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးဝေလွင် က ပြောသည်။

 ၎င်းက “အဲဒါက ညှိနှိုင်းတဲ့အဆင့်ကို ရောက်ရှိနေပါပြီ” ဟု ပြောသည်။

Friday, October 24, 2014

ယနေ့ တပ်မတော်သည် မည်သူ့ဘက် လိုက်မည်နည်း

(Mizzima)

ယနေ့ အောက်တိုဘာ ၂၃ ရက်ထုတ် သတင်းစာများတွင် တပ်မတော်က ၄၃၆ မပြင်လိုကြောင်း သဘောထားပေးသည့် အစီရင်ခံစာကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက တင်သွင်းလိုက်ကြောင်း သတင်းကို ဖတ်ရသည်။

စစ်အစိုးရ၏ လူ့အခွင့်ရေး ချိုးဖောက်မှုများ မှတ်တမ်းပြုစုမည်

(Mizzima)

စစ် အစိုးရ အုပ်ချုပ် သည့် ကာလ အတွင်း လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများ ကို စုံစမ်းဖော် ထုတ်၍ မှတ်တမ်းတင် မည်ဟု ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (UNDO) က ထုတ်ပြန်ကြေညာ လိုက်သည်။

NLD ပါတီ ပြင်ပရောက် နိုင်ငံရေး လှုပ်ရှားသူများဖြင့် ပူးပေါင်းဖွဲ့စည်း ထားသော UNDO က ရန်ကုန်မြို့ ယုဒသန် ခန်းမတွင်အောက်တိုဘာ ၂၃ ရက်က ပြုလုပ်သော ပြည်နယ် တိုင်းလေးခု၏ စည်းရုံးရေးအဖွဲ့များ ဖွဲ့စည်းသည့် အခမ်းအနား တွင် ထိုသို့ကြေညာ လိုက်ခြင်းဖြစ်သည်။

Wednesday, October 15, 2014

စစ်တပ်သတင်း ထုတ်ပြန်ရေး ဗိုလ်ချုပ် ၃ ဦးကို ကာချုပ်တာဝန်ပေး

(ဧရာဝတီ)

တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာ့ တပ်မတော် ၏ သတင်း ထုတ်ပြန်ရေး လုပ်ငန်း များ ဆောင်ရွက် ရန် ဗိုလ်ချုပ် ၃ ဦး ကို တာဝန်ပေး လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ကာချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော တပ်မတော် အရာရှိ ၇ ဦးနှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ
(ယာယီ) မှ အဖွဲ့ဝင် ၇ ဦးတို့ အောက်တိုဘာလ ၁၄ ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် ယင်းသို့ ဗိုလ်ချုပ် ၃ ဦးကို သတင်းထုတ်ပြန်ရေး တာဝန်ပေးအပ်ထားသည်ဟု ကာချုပ်မင်းအောင်လှိုင်က ပြောဆိုကြောင်း သိရှိရသည်။


ရှေ့ဆက် မတိုးတော့တဲ့ ပြုပြင်ပြောင်းလဲရေး နောက်ကွယ်မှာ ဦးသန်းရွှေ ရှိနေသလား

(ဧရာဝတီ)

“ပြုပြင်ပြောင်း လဲရေး”  လုပ်မယ် လို့ ကြွေးကြော်ခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရ အာဏာရ ယူပြီး ၃ နှစ်ကျော်ကြာ မြင့်လာ တဲ့ အချိန် မှာတော့ မြန်မာ့ပြုပြင်ပြောင်း လဲရေး က ရှေ့ဆက် မတိုးနိုင်တော့ ဘဲ ရပ်တန့် သွားတာမို့ သမ္မတဦးသိန်းစိန် အစိုးရရဲ့ နောက်ကွယ်မှာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေရဲ့ သြဇာ လွှမ်းမိုးမှု ဆက်လက်ရှိနေဆဲလား ဆိုပြီး မေးခွန်း ထုတ်မှု တွေရှိလာပါ တယ်။

Tuesday, October 7, 2014

ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဆွေနှင့် ထောက်လှမ်းရေး ၇ ဦး လွတ်မြောက်

(Irrawaddy)

သမ္မတ ဦးသိန်းစိန် က အကျဉ်းသား ၃၀၇၃ ဦးကို အောက်တိုဘာလ ၇ ရက်နေ့ တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်း ခွင့်ပြုလိုက်ရာ ယင်းပြစ်ဒဏ် လွတ်ငြိမ်းခွင့် တွင် စစ်ထောက် လှမ်းရေးခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဆွေ အပါအ၀င် စစ်ထောက်လှမ်းရေး ၈ ဦး ပြန်လည် လွတ်မြောက် လာကြောင်း နေပြည်တော် ပြည်ထဲရေး ၀န်ကြီးဌာနထံမှ စုံစမ်း သိရှိရသည်။

သမ္မတ၏ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသော စစ်ထောက်လှမ်းရေး အရာရှိ ၈ ဦးမှာ ဗိုလ်မှူးချုပ် ဟောင်းဦးသိန်းဆွေ၊ ဗိုလ်မှူးကြီးဟောင်းဦးတင်လှ၊ ဗိုလ်မှူးကြီးဟောင်းဦးမိုးသူ၊ ဗိုလ်မှူးကြီးဟောင်းဦးအောင်ဇော်၊ ဗိုလ်မှူးကြီးဟောင်းဦးမောင်မောင်သန်း၊ ဒုတိယ ဗိုလ်မှူးကြီးဟောင်းဦးမြင့်ဦး ၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးဟောင်းဦးနိုင်ဌေးနှင့် ဦးခင်ညွှန့်၏ သမက်ဖြစ်သူ ဦးတင်ထွဋ်တို့ ပါဝင်သည်ဟု သိရှိရသည်။

Friday, October 3, 2014

သမ္မတဗိုလ်သိန်းစိန် မျှားခေါ်တဲ့ “၂၀၁၅ ရွေးကောက်ပွဲမလုပ်ဖြစ်ခဲ့ရင် တိုင်းရင်းသားတွေကြောင့်”ဆိုတဲ့ ထောင်ချောက်လိုလို၊ ရာဇသံလိုလို -

ဆောင်းပါးရှင်အောင်မျိုးထွန်း
02 October 2014

သမ္မတ ဗိုလ်သိန်းစိန်ရဲ့  အောက်တိုဘာလ ရေဒီယိုစကားမှာ အပစ်ရပ်စာချုပ်ကို အစောတလျင်စွာ လက်မှတ်ထိုးနိုင်မှ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်မှာဖြစ်တယ်၊
ဒီအခြေအနေကမှ နိုင်ငံရေးတည်ငြိမ်မှုတွေ ရရှိပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကိုအောင်မြင်ချောမွေ့ စွာ ကျင်းပနိုင်မယ်ဆိုတဲ့အချက်ကြောင့်၂၀၀၈ ခြေမန်းကွင်းနဲ့ အတုပ်အနှောင်ခံထားရတဲ့ ရွေးကောက်ပွဲနိုင်ငံရေးသမားတွေကြားမှာ အလုပ်အကိုင်မဲ့လမ်းဘေးရောက်သွားတော့မလားဟ ဆိုပြီး သောကပွား ဗျာများသွားခဲ့ကြတယ်။

စစ်အာဏာရှင် မဆလ ဗိုလ်နေ၀င်းခေတ်၊ ငြိမ်/ပိ ဗိုလ်စောမောင်နဲ့  ဗိုလ်သန်းရွှေရဲ့ နအဖခေတ် ရွေးကောက်ပွဲတွေ ကျင်းပခဲ့တုန်းက အခုလောက် သေနတ်သံ ဗုံးသံတွေတိတ်ခဲ့ကြတာမဟုတ်ဆိုတာကြံ့ဖွံ့ သမ္မတဗိုလ်သိန်းစိန် ကောင်းကောင်းသိပါတယ်။

သမ္မတမိန့်ခွန်းနှင့် အနာဂတ်နိုင်ငံရေးဇာတိရုပ်

ဆောင်းပါးရှင် - ဒေါက်တာရန်မျိုးသိမ်း 2 October 2014
စကား.. စကား ပြောပါများ စကားထဲက ဇာတိပြ၊ နှုတ်တစ်ရာစာတစ်လုံး ဟူသော စကားများကို ပြန်လည်ကြားယောင်မိသည်။ တိုင်းပြည်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလ၊ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒုတိယမြောက် အထွေထွေရွေးကောက်ပွဲတို့နှင့် ပတ်သက်၍ အရေးကြီးနေသည့်ကာလတွင် နိုင်ငံတော်သမ္မတသည် တိုင်းပြည်၏ အနာဂတ် နိုင်ငံရေးဇာတိရုပ်ကို ရောင်ပြန်ဟပ်နေမည့် မိန့်ခွန်းကို မိန့်ကြားခဲ့သည်။

၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် သမ္မတဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်းတစ်ရပ်ကို ထုတ်လွှင့်ထုတ်ပြန်ခဲ့သည်။ သမ္မတ၏ လစဉ်ရေဒီယိုမိန့်ခွန်းဖြစ်သော်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အင်န်စီစီတီ) တို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနိုင်ရေး သဘောတူစာချုပ်မူကြမ်းအပေါ် ညှိနှိုင်းဆွေးနွေးမှုများ သောင်မတင်ရေမကျဖြစ်နေပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်မြေအချို့တွင် သေနတ်သံ၊ ဗုံးသံများ ကွက်ကျားမိုးရွာနေသည့်ကာလနှင့် အချိန်ကိုက်နေသော မိန့်ခွန်းဖြစ်သည့်အလျောက် အလေးအနက်ထား နားထောင်ခဲ့သည်။

Thursday, October 2, 2014

အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံထားရသည့် တပ်မတော်သားအမှု ဒီနေ့ ရုံးထုတ်

(DVB)

ရှမ်းပြည်မြောက် ပိုင်း ကွတ်ခိုင်မြို့နယ် ထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ် တဦးကို အဓမ္မပြုကျင်မှုနဲ့ တရားစွဲခံရတဲ့ တပ်မတော် သား တဦး ကို မူဆယ်ခရိုင် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးပါတယ်။

ကွတ်ခိုင်မြို့နယ် နန့်ကွတ်ကျေး ရွာမှာ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ် ကို နယ်မြေခံတပ်ရင်းက တပ်သားကောင်း ဘိုဘို ဆိုသူက မေလ ၁၆ ရက်နေ့မှာ အဓမ္မပြုကျင့်တယ်လို့  စွဲထားတဲ့အမှု ဖြစ်ပါတယ်။
မုဒိမ်းမှုအပြင် ကလေးအရွယ်ကို အုပ်ထိန်းသူအောက် ခိုးယူတဲ့ လူခိုးမှုနဲ့ပါ တရားလိုတွေဘက်က စွဲဆိုထားတာပါ။