(Fine Leaves)
တရားမျှတမှု ကင်းမဲ့နေတဲ့ လူ့အဖွဲ့အစည်းတခုအတွက် တိုးတက်ဖို့ ဖွံ့ဖြိုးဖို့ဆိုတာ ဘယ်လိုမှလွယ်ကူတဲ့ ကိစ္စမဟုတ်ပါ။ ဘာကြောင့် တရားမျှတမှု ကင်းမဲ့ရတာလဲ။ တရားမျှတမှု ကင်းမဲ့ရတဲ့ အဓိက ရေသောက်မြစ်ပြဿနာကတော့ အုပ်ချုပ်သူ အစိုးရ ကိုယ်တိုင်က တရားမျှတမှုကို ထည့်သွင်းစဉ်းစားခြင်း မပြုတာကြောင့်ပါ။ တရားမျှတမှုကို လက်ခံလိုက်နာ ကျင့်သုံးဖို့ ဆိုတာကတော့ ဝေးပါသေးတယ်။ တရားမျှတမှု ကင်းမဲ့ရတဲ့ နောက်ထပ်တချက်ကတော့ ကိုယ့်ဖက်က အမြဲတန်း အသာရလိုမှု အနိုင်ရလိုမှုတွေကြောင့် တရားမျှတမှုကို မျက်ကွယ်ပြုရာကနေ နောက်ဆုံးတော့ လုပ်ချင်ရာလုပ် ကိုယ်မရှုံးရင် ပြီးစတမ်းဆိုတဲ့ အခြေကို ဆိုက်တော့တာပါပဲ။