November 29, 2012
အစိုးရ၏ ထုတ်ပြန်ကြေညာချက်တွင် “နိုင်ငံတကာက အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများနှင့် မီးခိုးဗုံးများကိုသာ အသုံးပြုခဲ့ပြီး အင်အား အလွန်အကျွံ သုံးစွဲ ဆောင်ရွက်ခဲ့ခြင်းမရှိ” ဟု ဆိုသော်လည်း ပြန်လည် ခုခံခြင်းမရှိသည့် လက်နက်မဲ့ ပြည်သူလူထုကို ညဥ့်သန်းခေါင်ကျော် အိပ်မောကျချိန်တွင် အင်အားသုံး အကြမ်းဖက် နှိမ်နင်းခြင်း ဖြစ်သောကြောင့် အလွန် အရုပ်ဆိုးသည့် လုပ်ရပ်ဖြစ်သည်။
ထိုကဲ့သို့သော နှိမ်နင်းမှုမျိုးမှာ စစ်မြေပြင်တွင် တဖက်ရန်သူကို အငိုက်ဖမ်း တိုက်ခိုက်မှုမျိုး ဖြစ်သောကြောင့် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နေသည်ဟူသော အရပ်သားအမည်ခံ အစိုးရတရပ်၏ လုပ်ဆောင်ချက်အဖြစ် မြင်တွေ့ရသည့်အခါမူ ပြုပြင်ပြောင်းလဲမှုများနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်မည်ဟူသော ကတိကဝတ်များ ဂငယ်ကွေ့ ပြန်ကွေ့တော့မည်လားဟု မေးစရာ ရှိနေသည်။





