Tuesday, December 4, 2012

တပ်မတော်သား တစ်ဦးရဲ့ ရင်ဖွင့်စာ

(ရွှေဟင်္သာသတင်းဌာန)



မင်္ဂလာပါခင်ဗျား

          ကျွန်နော်ကတော့ တပ်မတော်က စစ်သည် တစ်ယောက်ပါ ကျွန်နော်တို့မျိုသိပ် ထားတာတွေကို လူအများ သိစေချင်တဲ့အတွက် ဒီစာလေးကိုရေးလိုက်ရတာပါ၊ ကျွန်နော်ပြောချင်တာ ကတော့ မြန်မာ နိုင်ငံဟာ အခုလို အခြေအနေမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်နေတဲ့ အလျှောက်အောင်မြင်မှုတွေ ရတဲ့အတွက် စစ်သည် တစ်ယောက်ဖြစ်တဲ့ ကျွန်နော့် အနေနဲ့ ဝမ်းသာခဲ့ရပါတယ် ဒါပေမယ့်ကျွန်နော်တို့လိုစစ်မှုထမ်းနေရတဲ့ တပ်မတော်သားတွေ အတွက်ကတော့ ဒီမိုကရေစီဆိုတာ မရှိရဘူး တဲ့လားဗျာ။ လူ့အခွင့်ရေးလှုပ်ရှားနေတဲ့ သူတွေအနေနဲ့လည်း ထည့်ပြီး စဉ်းစားပေးချင်ပါ တယ်။

ပြည်သူတွေရဲ့ အထင်အမြင်လွဲမှားမှုပါ ခံခဲ့ရသေးတယ်။ (အမိန့်ကိုးဗျ)

ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့အား စိန်ခေါ်နေတဲ့ ကြေးနီစီမံကိန်း

(စည်းလုံးခြင်းရဲ့အင်အား)



မုံရွာကြေးနီတောင်ဒေသမှ ထွက်ရှိသော ကြေးနီများအား ပြည်ပသို့တင်ပို့ရန် စုပုံထားရှိစဉ်

လက်ပန်းတောင်းတောင်စီမံကိန်း ရပ်တန့်ဖို့ဆန္ဒပြဖြစ်ပွားနေသည့် အရေးအခင်းများနှင့်စပ်လျဉ်းပြီး သမ္မတ ဦးသိန်းစိန်အဖို့ တရုတ်အစိုးရအား မျက်နှာပူရင်ဆိုင်ရမည့် အရေးကြုံတွေ့နိုင်တယ်လို့ စစ်ဖက်နီးစပ်သူများကဆိုပါတယ်။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးသာအေးရဲ့ သပိတ်စခန်းတွေအား အရေးယူ ဖြေရှင်းပေးရန် တင်ပြချက်အပေါ် တင်းမာသူများအုပ်စုက ထောက်ခံခဲ့တယ်လို့ သိရပါတယ်။

အဲဒီထဲမှာ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုလည်းပါတယ်လို့ သိရပါတယ်။ ဦးသာအေးဟာ ဧရာဝတီတိုင်းတွင် ဟင်္သာတ မဝတဥက္ကဌ လုပ်ခဲ့စဉ်က သာအေးစာမရေးနဲ့ဟု ခေါ်တွင်ရလောက်အောင် တိကျပြတ်သားလွန်းတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နဲ့ချိန်ခိုင်းတဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်  ဒုဗိုလ်ချုပ်ကြီးမြင့်အောင် (ကွယ်လွန်) ရဲ့ချီးမွမ်းထောပနာပြုခံရသူ ဖြစ်ပါတယ်။ ဒုဗိုလ်ချုပ်ကြီးကိုကိုဟာလည်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့စဉ်က လက်အောက်ခံ တပ်ရင်းမှူးတွေကို စစ်သည်တွေ ထိခိုက်ကျဆုံးဒဏ်ရာရတာတွေများလို့ ဆဲဆိုကြိမ်းမောင်း ကြမ်းတမ်းခဲ့သူဖြစ်ပါတယ်။ နယ်ဘက်ဝန်ကြီးဌာနလက်အောက်ခံ စက်ရုံမှူးများနှင့် စီမံကိန်း ဒါရိုက်တာများကိုလည်း မင်းတို့ဝန်ကြီးတွေက Commander မဟုတ်၊ တိုင်းမှူုးသာ Commander ဖြစ်တယ်လို့ မောက်မာခဲ့သြူဖစ်ပါတယ်။

Monday, December 3, 2012

တရုတ် ရင်းနှီးမြှုပ်နှံမှု တာဝန်သိလား

(ဧရာဝတီ)


မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ တာဝန်သိသည့် စီးပွားရေး လုပ်ငန်းများ မဟုတ်ဟု ယုံကြည်ယူဆချက်များ လူထုကြား ကျယ်ပြန့်လာနေသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ တာဝန်သိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖြစ်သင့်ပြီး ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ လူ့အခွင့်အရေး လေးစားလိုက်နာမှု၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်မှု စသည်တို့အပေါ် အခြေခံပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသင့်သည့် ပုံစံကို မကြာခဏ ပြောဆိုပြီး သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေးတွင် ယင်းအယူအဆကို အားပေးအားမြှောက်ပြုခဲ့သည်။

အချုပ်ကားနဲ့ လက်ခုပ်သံ

(ဧရာဝတီ)
ကျောက်တံတားနဲ့ ပန်းပဲတန်း မြို့နယ်တရားရုံးတို့မှာ လက်ပံတောင်း တက်ကြွလှုပ်ရှားသူတွေကို ဒီနေ့မနက် ရုံးထုတ် စစ်ဆေးစဉ် ဝိုင်းဝန်းနှုတ်ဆက်ကြသူများ (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)

ဒီနေ့မနက် ၁၀ နာရီဝန်းကျင်ခန့် ကျောက်တံတား တရားရုံးရှေ့မှာ သတင်းသမားတချို့၊ နိုင်ငံရေး လှုပ်ရှားတဲ့ သူတွေကို အကူအညီပေးနေတဲ့ သူတချို့၊ လာအားပေးသူ တချို့နဲ့ စည်ကားနေတာ တွေ့ရတယ်။ လူအုပ်က အနည်းဆုံး ၅၀ မက ရှိပါတယ်။

၂၆ ရက်နေ့က လက်ပံတောင်းတောင် အရေးနဲ့ပက်သက်ပြီး ရန်ကုန်မှာ ဆန္ဒပြခဲ့တဲ့ သူတွေထဲက လူ ၆ ဦးကိုပုဒ်မ ၅၀၅ (ခ)၊ စည်တန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ တို့နဲ့ တရားစွဲခဲ့တဲ့ အမှုကို ရုံးထုတ်တဲ့အတွက် အခုလို လာရောက် အားပေးနေကြတာလို့ သိရတယ်။
အဖမ်းခံလိုက်ရတဲ့ သူတွေဖြစ်တဲ့ ဒေါ်နော်အုံးလှ၊ ကိုဝေဠု၊ ဒေါ်ရှမ်းမ၊ ဦးမျိုးချစ်တို့ ၄ ဦးကတော့ ကျောက်တံတား တရားရုံးကော ပန်းဘဲတန်း တရားရုံးမှာပါ ဒီပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရတာပါ။ ကိုညီညီနဲ့ ကိုရဲလင်းဦးတို့ ကတော့ ကျောက်တံတား တရားရုံးမှာပဲ ဒီပုဒ်မတွေနဲ့ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

သူခိုးက သူ့ခိုးရာပါပစ္စည်းပျောက်မှာ စိုးရိမ်နေသလိုမျိုး

(မိုးမခ)

ကယ်ပါတိုင်းသား၊ ဒီဇင်ဘာ ၃၊ ၂၀၁၂
(တရုတ်သံရုံးကြေညာချက်နှင့်ပတ်သက်၍)

“ မုံရွာကြေးနီ စီမံကိန်းဟာ တရုတ် မြန်မာ ၂ ဖက် စီးပွားရေး အသိုင်းအဝိုင်းတွေအတွက် အကျိုးရှိမဲ့ စီမံကိန်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နဲ့ တရုတ်နိုင်ငံက မြန်မာဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူလုပ်နေကြတဲ့ ကြေးနီစီမံကိန်းကို ရည်ရွယ်တဲ့ သဘောထား သုံးသပ်ချက်ထဲမှာ မြန်မာလူမှုအလွှာအသီးသီးအနေနဲ့ စီမံကိန်း အဆင်ပြေချောမွေ့အောင် ဥပဒေနဲ့အညီ အနေအထားကောင်းတွေ ဖန်တီးနိုင်မယ်လို့ မျှော်လင့်တယ်လို့ ဖော်ပြထားပါတယ် ”

Sunday, December 2, 2012

ကြေးနီတောင်မှာ သွေးနီရောင်တွေ မြင်ရဦးမှာလား ..

(Dr. Lun Swe Blog)


မြန်မာနိုင်ငံမှာ ကြေးနီသတ္တုထွက်တဲ့ ကြေးနီတောင်တွေ မုံရွာတဘက်ကမ်းမှာ ရှိတယ်။ အဓိက ကြေးနီတွေ ထုတ်လုပ်လို့ ရတယ်။ အဲဒီကြေးနီတွေကို လူသတ်လက်နက် ကျည်ဆံတွေ ထုတ်တဲ့နေရာမှာ အသုံးပြုလို့ရတယ်ဆိုတာ လူတိုင်းသိချင်မှ သိမယ်။ လူတိုင်း မြန်မာပြည်သူပြည်သားတိုင်း သိနေကြတာက လက်ပံတောင်းတောင် ကြေးနီထုတ်လုပ်ရေး ရပ်ဆိုင်းဖို့အတွက် ဒေသခံ ပြည်သူများနဲ့အတူ သံယာတွေ ပါဝင်ကန့်ကွက်နေကြတာကိုပဲ သိတယ်။ အဲဒီလို ကန့်ကွက်တာက ဒေသအကျိုး၊ ပြည်သူများရဲ့ အကျိုးအတွက် ဖြစ်တယ်။ ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ကတော့ သူတို့အကျိုးအတွက် ကြေးနီထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းကို အထိခိုက်မခံချင်ကြဘူး။

Saturday, December 1, 2012

ခွေးမြီးကောက် ကျည်တောက်စွပ် သိန်းစိန်အစိုးရ

(မိုးမခ)



ဗုဒ္ဓေါဝါဒဆရာတော်
ဒီဇင်ဘာ ၁၊ ၂၀၁၂


မြန်မာနိုင်ငံ သမိုင်းမှာ ရဟန်းသံဃာတွေရဲ့ အပိုင်းကိုကြည့်လိုက်ရင် အကြမ်းမဖက် ငြိမ်းချမ်းသော နည်းလမ်းဖြင့်သာ တော်လှန်ရေး သ မိုင်းစာမျက်နှာကို ဖွင့်ခဲ့ကြပါတယ်။ ဘုရားသားတော်များ ဗုဒ္ဓအဆုံး အမတိုင်း လောကတ္ထစရိယ၊ဉာတတ္ထစရိယ လောကသူသားများရဲ့ အကျိုးစီးပွားအရေးကို အလေးထားဦးစားပေးပြီး ဓမ္မလမ်းကြောင့်ဖြင့် ချီတက်ခဲ့သည်မှာ သာသနာနှစ်ပေါင်း ၂၅၅၆ သို့ပင် ရောက်ရှိလာ ခဲ့ပါပြီ၊၊
ရဟန်းသံဃာများအပေါ်ကို ကြည်ညိုချင်ဟန်ဆောင်ထားတဲ့ စစ်အစိုးရ အနေဖြင့် ဘယ်လောက်ပင် ဟန်ဆောင်ကောင်းစေ သံဃာများက ပြည်သူလူထုဖက်ကရပ်တည်ပြီး အမှန်တရားကိုဖော်ထုတ်လာရင် စစ်အစိုးရအဆက်ဆက်ဆိုသလို အကြမ်းဖက် သတ်ဖြတ် ထောင်ချ မူ တွေရှိခဲ့တယ်ဆိုတာ ၂၀၀၇ ရွှေဝါရောင် သံဃာ့တော်လှန်ရေးက သက် သေ ဖြစ်ခဲ့ပါပြီ။ အခုလည်း မုံရွာတဖက်ကမ်း ကြေးနီတောင် စီမံကိန်းဟာ ရဟန်းရှင်လူကျောင်းသားပြည်သူများ ဆန္ဒမပါဘဲ စစ်အစိုးရက လုပ်ခဲ့ တာမို့ အရပ်သား အစိုးရ ဒီမိုကရေစီဖော် ဆောင်နေပါ တယ်လို့ ပြော နေချိန်မှာဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ သံဃာနှင့်ကျောင်းသား ဒေသခံ တောင်သူလယ်သမားများကို ဓာတုလက်နက်ပါ တဲ့ ဗုံးတွေကို အသုံးပြုခဲ့တယ်။ လက်နက်အင်အားသုံးပြီး အကြမ်းဖက်တဲ့ စရိုက်ဆိုး တွေကို တတိုင်းပြည်လုံးက လက်မခံဘူးဆိုတာ နားလည်သဘောပေါက် ဖို့လိုတယ်။ ပြည်သူလူထုဆန္ဒကို အလေးမထားဘဲ ယခင် စစ်အစိုးရ အကျင့်ဆိုးတိုင်း လက်နက်အားကိုးနဲ့ ပြည် သူကို အနိုင်ယူမယ်ဆိုရင် ဒီကနေ့ ကမ္ဘာ့အသိုင်း အ၀ိုင်းက လက်ပိုက်ကြည့်မနေပါဘူး။၊

မေးခွန်းထုတ်စရာဖြစ်နေသော လက်ပံတောင်းတောင်ပဋိပက္ခဖြေရှင်းမှု

(မိုးမခ)



လက်ပံတောင်းတောင်ကိစ္စ ကြားရ၊မြင်ရတာတွေကတော့ ၀မ်းနည်းရမှာ လား ၊ ရင်နင့်ရမှာလား ၊ ရင်နာရမှာလား ၊ ဒေါသဖြစ်ရ မှာလား မသိတော့ ။ လူတစ် ဦး တစ်ယောက်အနေဖြင့် ခံစားချက်ပေါင်းစုံကို တစ်ပြိုင်နက် ခံစား လိုက်ရသည်မှာမည်သို့မည်ပုံ မည်သည့် စကား လုံးဖြင့်ဖော်ပြ ရမည်မှန်း ပင်မသိတော့ ။ ၀မ်းနည်းမှုများကို ရင်နင့်စွာခံစားရပြီး ရင်နာနာ ဖြင့် ဒေါသ ဖြစ်ရပါသည် ဟုပင် ဆိုရချေ တော့မည် ။ ဒီလိုဖြစ်လာနိုင် သည်တို့ကို ဒီလိုမဖြစ်လာစေလို ၍ ပြည်သူတစ်ဦးတစ်ယောက်အနေဖြင့် စတုတ္ထမဏ္ဍိုင်မှ ကြိုတင် တင်ပြ ရေးသားပြော ဆိုခဲ့ပါလျက်တည့်တည့် ဆိုက်ဆိုက် ၀င်တိုက်လာသည်ကား ဆိုးလွန်းလှပါသည်။

၂၇.၁၁.၂၀၁၂ (အင်္ဂါနေ့) ထုတ် ကြေးမုံသတင်းစာတွင် သတင်းတစ်ပုဒ် ကို ဖတ်လိုက်ရသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် ICG (နိုင်ငံတကာပဋိပက္ခဖြေရှင်းရေးအဖွဲ့) ၏ ငြိမ်းချမ်းရေးဆုကို ဘရာဇီးသမ္မတဟောင်း လူးဝစ်-လူစီယို-လူလာ-ဒါ-ဆေးလ်ဗား နှင့်အတူလက်ခံရရှိကြောင်း၊ ထိုဆုပေးအပ်ချီးမြှင့်ပွဲနှင့် ညစာ စားပွဲ အခမ်းအနားကို ၂၀၁၃ ခုနှစ် ဧပြီလ(၂၂)ရက်နေ့တွင် အမေရိကန် နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပ၍ ဆုပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည့် သတင်းဖြစ် ပါသည် ။ “ ထိုဆုသည် နိုင်ငံတကာ အဖွဲ့ပေါင်းစုံကထောက်ခံထားသော ICG ကပေးအပ်သည့်ဆုဖြစ်၍ ကမ္ဘာတွင် နိုဗဲလ်ဆုပြီးလျှင် သြဇာအကြီး ဆုံးဆုတစ်ခု ဖြစ်ကြောင်း ၊ အဆိုပါဆုအား သိန်းပေါင်းများစွာသော လူ့ဘ၀များကို အသွင် ပြောင်းစေသော အမြင်ကျယ်သည့် ခေါင်း ဆောင်မှုနှင့် ပဋိပက္ခများကို ပြီးဆုံးရေးအတွက် လုပ်ဆောင်ပေးသောအစိုးရနှင့် ပြည်သူ့ရေးရာမူဝါဒ တို့မှ အဓိကပုဂ္ဂိုလ်များကိုဂုဏ်ပြု သည့် ဆုဖြစ်ကြောင်း” ကိုလည်း သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ပြောကြားချက်အရ ဗဟု သုတ ဖြစ်ဖွယ် သိရှိမှတ်သားလိုက်ရ ပါသည် ။ “

မူးယစ်ဆေး ပြဿနာ နဲ့ ဦးသိန်းစိန်အစိုးရ

(VOA)



အရပ်သားတပိုင်း ဦးသိန်းစိန်အစိုးရကို စစ်အာဏာရှင်စနစ်က ပေးလိုက် တဲ့ အမွေးဆိုးတွေထဲက မူးယစ်ဆေးပြဿနာလည်း ပါဝင်ပါတယ်။ ဘိန်းနဲ့စိတ်ကြွဆေး အထွက်တိုးလာတာကြောင့် မူးယစ်ဆေးတားဆီး နှိမ်နင်းရေး၊ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး နဲ့ ဘိန်းအစားထိုးစိုက်ပျိုးရေး ဟာ အစိုးရသစ်ရဲ့  ရည်ရွယ်ချက်ဖြစ်ကြောင်း တိုင်းရင်းသားရေးရာဝန်ကြီး တွေနဲ့ တွေ့ဆုံစဉ် ဦးသိန်းစိန်က စက်တင်ဘာ (၇) ရက်နေ့က နေပြည် တော်မှာ ပြောသွားပါတယ်။ အစိုးရပြုပြင်ရေးနဲ့အတူ မူးယစ်ဆေးတိုးပွား နေ တာဟာ စိုးရိမ်စရာ ဖြစ်နေပါတယ်။

၂၀၁၄ မှာ ဘိန်းစိုက်ပျိုးမှု ပပျောက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဗမာစစ် အစိုးရဟာ ၁၉၉၉ မှာ (၁၅) နှစ် စီမံကိန်းကို စတင် အကောင်အထည် ဖော်ပါတယ်။ ၂၀၁၄ ရောက်ရင် ရှမ်းပြည်က မြို့ နယ်အများစုမှာ ဘိန်း စိုက်ပျိုးမှု နိဂုံးချုပ်ရမယ်လို့ စစ်အစိုးရ ကြွေးကြော်ခဲ့ပါတယ်။ ဒါပေမဲ့ ရှမ်းလေ့လာရေးအဖွဲ့ မကြာမီက စစ်တမ်းကောက်တဲ့အခါ ရှမ်းမြို့ နယ် (၅၅) ခုမှာ ဘိန်းစိုက်တဲ့မြို့ နယ်က (၄၉) ခု ဖြစ်နေကြောင်း လွန်ခဲ့တဲ့ ဇွန်လထုတ် ရှမ်းမူးယစ်ဆေး စောင့်ကြည့်ရေးအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြ ပါတယ်။

ဦးပိုင် လီမိတက် ဘာလဲ

(ဧရာဝတီ)



လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်း ဖွင့်ကာ ဆန္ဒထုတ်ဖော်နေကြသည့် သံဃာတော်များနှင့် ဒေသခံပြည်သူ များအား နိုဝင်ဘာလ ၂၉ ရက်နေ့၌ အင်အားသုံး အကြမ်းဖက် ဆောင် ရွက်ခဲ့မှုတွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်လည်း ပါဝင် ပတ်သက်နေသည်။

အဘယ်ကြောင့်ဆိုသော် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်နိုင်ငံမှ ၀မ်ပေါင်ကုမ္ပဏီနှင့် ဦးပိုင်လီမိတက်တို့ အကျိုးတူ ပူးပေါင်း လုပ်ဆောင်နေခြင်းကြောင့် ဖြစ်သည်။ စစ်ဗိုလ်ချုပ်ကြီးများ ဦးစီးသည့် စီးပွားရေး ဦးပိုင်လီမီတက်သည် ကြေးနီစီမံကိန်းကြီး အပြင် မြန်မာနိုင်ငံ၏ အဓိကျသည့် စီးပွားရေးလုပ်ငန်း အများအပြားကိုလည်း ပိုင်ဆိုင်လုပ်ကိုင် လျက် ရှိသည်။

Friday, November 30, 2012

စစ်အာဏာရှင် (သို့) အသုံးချလွှတ်တော်

(ရွှေဟင်္သာသတင်းဌာန)


ဤလွှတ်တော်ကို စဖွဲ့ရတဲ့ ရည်ရွယ်ကိုက ဆူနာမီသေဆုံးမှုမှ နဲ့ထောက်ခံ ခဲ့ရပါတယ်။ အစ မကောင်းခဲ့တဲ့ အပြင် အခုလည်း ကြေးနီတောင်ပွဲ ဦးထွက် ဘီလူးဇာတ်က လွှတ်တော်က အတည်ပြုပေးခဲ့တယ် မဟုတ်လား။

ဘောလီဘောနည်း အရ ပြောရရင် ကိုယ့်ဟာကို ထောင်လိုက်တဲ့ ဘောလုံးကို ကိုယ့်ဟာကို ခုတ်ပေါ့။ နာမည်ကောင်းကို တုချင်တဲ့ ဘီလူး အခုတော့ အရူးဇာတ်ပေါ်လို့ ထုတ်တန်ထုတ် ဖြုတ်တန်ဖြုတ်တဲ့ ကြေညာချက် တွေနဲ့ဖြစ်နေပြီး မဟုတ်လား။ မတူရင်မတုပါနဲ့ မောင်ကာလုရယ် အယောင်အဆောင်တွေက ခေတ်မရှိတော့ပါဘူး။ 


“ဒဏ်ရာတွေကို ဖုံးဖိထားလို့ မရဘူး”

(ဧရာဝတီ)


ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း (ဓာတ်ပုံ – DVB)

နိုဝင်ဘာလ၂၉ ရက်နေ့ မနက် ၃ နာရီမှာ မုံရွာမြို့နယ် လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း သပိတ်ကို အစိုးရ လုံခြုံရေး ရဲ တပ်ဖွဲ့က အင်အားသုံးဖြိုခွဲခဲ့ပါတယ်။ သပိတ်တိုက်ပွဲ ဆင်နွှဲနေတဲ့ ရဟန်းရှင်လူ ၁၀၀ ကျော် မီးလောင် ဒဏ်ရာတွေ အပြင်းအထန် ရခဲ့ပါတယ်။ သမ္မတရုံးက ဓာတုဆေးဝါးပါဝင်တဲ့ဗုံးကို အသုံးမပြုခဲ့ဘူးလို့ (တရားမဝင် ဖေ့စ်ဘွတ်ကတဆင့်) ဆိုပေမယ့် ဒဏ်ရာရသူတွေနဲ့ မျက်မြင်အရပ်ဘက် သတင်းတွေ၊ မုံရွာဆေးရုံ သတင်းရပ်ကွက်တွေကတော့ ဒါဟာ လူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ လောင်ကြွမ်းစေတဲ့ ဓာတုဆေးရည်ပါတဲ့ မီးလောင်ဗုံးတွေ ဖြစ်နိုင်တယ်လို့ သံသယရှိနေပါတယ်။

Thursday, November 29, 2012

တပ်မတော်(ကြည်း) တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်များရဲ့ဘ၀ - အပိုင်း (၆)

(စည်းလုံးခြင်းရဲ့အင်အား)

ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၄၃၅) ခြေမြန်တပ်ရင်း၏ ဂိတ်ဝ

ဒီတစ်ပတ်မှာတော့ စည်းလုံးခြင်းအင်အား ၀က်ဘ်ဆိုက်ဒ်မှာ တင်ပြပေးခဲ့တဲ့ အောက်ခြေတပ်ရင်း၊ တပ်ဖွဲ့များရဲ့ အရာရှိ/စစ်သည်များ စားဝတ်နေရေးတွေ ယနေ့အချိန်ထိ ဘာကြောင့် မပြေလည်နိုင်တာလဲဆိုတာကို တပ်ရင်းတစ်ခုနှင့်တစ်ခု နှိုင်းယှဉ်သုံးသပ်ချက်တွေနှင့်အတူ မေးမြန်ဆွေးနွေးခန်းကဏ္ဍအနေနဲ့ တင်ပြနေပါတယ်။

မေး။    ။ ဗိုလ်မှူးရေ၊ ကက(ပံ့) လက်အောက်ခံတပ်ရင်းနဲ့ ရိုးရိုးခြေလျင်တပ်ရင်းတို့ ကွာခြားချက်ရှိတယ်ဆိုတာ တော်ရုံလူတော့ ခန့်မှန်းတတ်ပါတယ်။ ဒါပေမဲ့ ချမ်းသာပါတယ်ဆိုတဲ့ တပ်တွေကရော အဲဒီတပ်တွေမှာရှိတဲ့ စစ်သည်တွေဟာ အပျံစားနေနိုင်တယ်လို့ ဆိုနိုင်မလား။

အကြံအဖန် ဂွင်လုပ်လို့ရတဲ့ ထောက်/ပို့တပ်တွေရဲ့ စရိုက်

(စည်းလုံးခြင်းရဲ့အင်အား)

ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ်ရင်းတစ်ရင်းရှိ အရာရှိငယ်များအား တပ်ရင်းမှူးမှ လိုအပ်သည်များ မှာကြားနေစဉ်

ထောက်ပံ့ပို့ဆောင်ရေးတပ်တွေဟာ အနည်းနဲ့အများဆိုသလို တပ်မတော်ရိက္ခာအင်အား ဖြည့်တင်းမှုအပေါ် မူတည်ပြီး အကြံအဖန် ဂွင်လုပ်လို့ရတယ်လို့ သိရှိရပါတယ်။ ရှေ့တန်းရိက္ခာပို့ရရင် ရိက္ခာပို့တဲ့ ထောက်ပံ့ရေးတပ်က လူတွေရော၊ ရိက္ခာဂိုဒေါင်က လူတွေရော တရားမ၀င် ၀င်ငွေ အများကြီးရပါတယ်။ တောင်ငူ အခြေစိုက် အမှတ် (၉၃၀) ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်ဆိုရင် ကရင်ပြည်နယ်၊ ဘောဆာကြီးကို မကြာခဏ ရိက္ခာပို့ရပါတယ်။ ရိက္ခာပို့တဲ့ လမ်းကြောင်းအနေနဲ့ ကုန်းကြောင်းက တိုက်ရိုက်သွားပို့တဲ့ လမ်းကြောင်းနဲ့ လေကြောင်းက ခရီးတစ်ဝက်ပို့ပြီး ကျန်တဲ့ခရီးကို ယာဉ်တန်းနဲ့ ပို့ရတာမျိုးလည်း ရှိပါတယ်။ ရိက္ခာယာဉ်တန်း တစ်တန်းဆိုရင် ကားကြီး (၂၀) လောက် ပါဝင်ပြီး စည်သွပ်ဘူးနဲ့ ဆန်အိတ်တွေ ပါရှိပါတယ်။ ကားတစ်စီးကို စည်သွပ်ဘူးဖာ (၆၀) ကျော် တင်လို့ရပေမဲ့ ကားပေါ်မှာ (၄၀) ကျော်လောက်ပဲ တင်ပေးပြီး (၂၀) ကျော်လောက်ကို ထောက်/ပို့တပ်တွေက ဖြတ်ယူထားပါတယ်။ ဆန်အိတ်ဆိုရင်လည်း ကားတစ်စီးကို (၅၀) ကျော်လောက် တင်လို့ရပေမဲ့ (၁၀) အိတ်ကျော်လောက်က ထောက်/ပို့တပ်တွေက ဖြတ်ယူထားပါတယ်။ ဒါကြောင့် ရှေ့တန်း ရိက္ခာထောက်ပံ့ရေး စစ်သည်တွေအားလုံးလိုလိုဟာ ၀င်ငွေကောင်းကြပါတယ်။

ပြည်သူတွေကို ကာကွယ်ပါ

(Dr. Lun Swe Blog)


ဒေါ်အောင်ဆန်းစုကြည် လူထုကို ကယ်တင်ဖို့ အချိန်ကျပါပြီ။

လက်ပံတောင်းမှာ ပြည်သူလူထုတွေ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ။ ဦးသိန်းစိန်အစိုးရက အစွယ်ထုတ်ပြဖို့ ပြင်နေပြီ။ မင်းသားခေါင်း ချွတ်ပြီး ဘီလူးက ကဖို့ ပြင်နေပါပြီ။

တချို့ကို အခု ဖမ်းပြီးနေပြီ။ ရဲစခန်းရောက်အောင် ပုဒ်မ ၁၈ နဲ့ လိမ်ခေါ်ပြီး ရဲစခန်းရောက်တော့မှ ပုဒ်မပြောင်းတပ်ပြီး တရားစွဲလိုက်ပြီ။ ညစ်တဲ့ ယုတ်တဲ့နေရာမှာ အရင်အစိုးရနဲ့ ဘာမှ မကွာသေးတာ၊ ဘာမှ မပြောင်းလဲသေးတာကို ထင်ထင်ရှားရှား တွေ့နေရပြီ။ အများပြည်သူတွေဘက်က အလျှော့ပေးလိုက်ရရင် အဲဒီလူတွေကို ထောင်ချမှာ သေချာနေပြီ။
လက်ပံတောင်းမှာ အခုသံဃာတွေကို တုတ်နဲ့ ဒိုင်းနဲ့ ဝိုင်းထားကြပြီ။ ကျနော်တို့က အရိုက်ခံရဖူး၊ အဝိုင်းခံရဖူးတဲ့သူတွေဆိုတော့ သွေးနံ့ရနေတယ်။ မယုံမရှိပါနဲ့။ ဦးသိန်းစိန်ဟာ စစ်အာဏာရှင်ပါ။ အရင်စစ်အာဏာရှင်နဲ့ အခုစစ်အာဏာရှင်ဟာ မင်းသားခေါင်းဆောင်းထားတာက လွဲပြီး ဘာမှ မကွဲပါ။ သူတို့လုပ်မှာပါ။ လုပ်ဖို့ ပြင်နေတာပါ။ သူတို့ဘက်က နာမည်ပျက်သက်သာလိုသက်သာငြား တတ်နိုင်သမျှ သိက္ခာထိန်းနိုင်အောင် အချိန်ဆွဲနေတာပါ။ နိုင်ငံတကာမှာ ဦးသိန်းစိန် သူတော်ကောင်းကြီး၊ ငြိမ်းချမ်းရေးသမားကြီး၊ ကယ်တင်ရှင်ကြီးဆိုပြီး နာမည်ကောင်းယူနေတာကို အမည်းကွက် မထင်အောင် တတ်နိုင်သမျှ အချိန်ဆွဲပြီး ထိန်းနေတာပါ။ ဒါပေမယ့် စစ်အာဏာရှင်ဟာ စစ်အာဏာရှင်ပဲမို့ သူတို့ဦးပိုင်ရဲ့ စီးပွားဥစ္စာကို အထိခံမှာ မဟုတ်ပါဘူး။ သူတို့ ချေမှုန်းမှာပါ။ ဖမ်းဆီးမှာပါ။ ရိုက်နှက်မှာပါ။