(စည်းလုံးခြင်းရဲ့အင်အား)
မုံရွာကြေးနီတောင်ဒေသမှ ထွက်ရှိသော ကြေးနီများအား ပြည်ပသို့တင်ပို့ရန်
စုပုံထားရှိစဉ်
လက်ပန်းတောင်းတောင်စီမံကိန်း ရပ်တန့်ဖို့ဆန္ဒပြဖြစ်ပွားနေသည့်
အရေးအခင်းများနှင့်စပ်လျဉ်းပြီး သမ္မတ ဦးသိန်းစိန်အဖို့ တရုတ်အစိုးရအား မျက်နှာပူရင်ဆိုင်ရမည့်
အရေးကြုံတွေ့နိုင်တယ်လို့ စစ်ဖက်နီးစပ်သူများကဆိုပါတယ်။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးတွင်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးသာအေးရဲ့ သပိတ်စခန်းတွေအား အရေးယူ ဖြေရှင်းပေးရန်
တင်ပြချက်အပေါ် တင်းမာသူများအုပ်စုက ထောက်ခံခဲ့တယ်လို့ သိရပါတယ်။
အဲဒီထဲမှာ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုလည်းပါတယ်လို့
သိရပါတယ်။ ဦးသာအေးဟာ ဧရာဝတီတိုင်းတွင် ဟင်္သာတ မဝတဥက္ကဌ လုပ်ခဲ့စဉ်က သာအေးစာမရေးနဲ့ဟု
ခေါ်တွင်ရလောက်အောင် တိကျပြတ်သားလွန်းတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နဲ့ချိန်ခိုင်းတဲ့
အနောက်တောင်တိုင်း စစ်ဌာနချုပ် ဒုဗိုလ်ချုပ်ကြီးမြင့်အောင်
(ကွယ်လွန်) ရဲ့ချီးမွမ်းထောပနာပြုခံရသူ ဖြစ်ပါတယ်။ ဒုဗိုလ်ချုပ်ကြီးကိုကိုဟာလည်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်
တိုင်းမှူးဖြစ်ခဲ့စဉ်က လက်အောက်ခံ တပ်ရင်းမှူးတွေကို စစ်သည်တွေ ထိခိုက်ကျဆုံးဒဏ်ရာရတာတွေများလို့
ဆဲဆိုကြိမ်းမောင်း ကြမ်းတမ်းခဲ့သူဖြစ်ပါတယ်။ နယ်ဘက်ဝန်ကြီးဌာနလက်အောက်ခံ စက်ရုံမှူးများနှင့်
စီမံကိန်း ဒါရိုက်တာများကိုလည်း မင်းတို့ဝန်ကြီးတွေက Commander မဟုတ်၊ တိုင်းမှူုးသာ
Commander ဖြစ်တယ်လို့ မောက်မာခဲ့သြူဖစ်ပါတယ်။