Tuesday, May 7, 2013

သူခိုးဓမြ အစိုးရတို့ လုပ်ထားသမျှ တပိုင်းတစ ဖေါ်ကောင်လုပ်လိုက်ပြီ

 ကြက်ဆူပင် စိုက်ပျိုးရေး စီမံကိန်းအား ခရိုနီကြီးတေဇ နှင့် ယခု အများခေါ်နေကြသော ဗကပ အောင်သောင်း တို့ က စလိုက်ကြသည်။ အကြောင်းမှာ ၂၀၀၄ ခုနှစ် အမေရိကန် ဒီမိုကရရေစီထွန်းကားရေးဟုဆိုသော သမ္မတ ဘုရှ်၏ ခေါင်းစဉ်အောက်တွင် စတင်လာသောကြောင့် ဖြစ်သည်။ ၂၀၀၁ ခုနှစ်စပြီး ၀င်လာမစဲတသဲသဲဖြစ်နေသော ရတနာ နှင့် ရဲတခွန် ဂစ်ပိုက်လိုင်းများမှ အကြီးကျယ်ရရှိသော ဘီလီများအား စင်္ကာပူတွင်ရှိသော DBS Group Holdings and Oversea-Chinese Banking Corp (OCBC အလုံးအရင်းဖြင့် အပ်နှံထားခဲ့ကြရာမှ ငွေအင်အား အတော်ပင်ကြီးမားလာပြီး စိတ်မချမှုများဖြစ်လာသောအခါ လူယုံတော် တေဇ၏ စင်္ကာပူအခြေစိုက် စီးပွားရေး အုပ်စုမှ တောင်အမေရိက အာဂျင်တီးနားတွင် အခြေစိုက်သော နိုင်ငံတကာ အပမ်းဖြေ အပျော်စီးသဘောင်္ကုမ္မဏီ ၂ခုအားသွားရောက်တွေ့ဆုံပြီး အစုရှယ်ယာ များဝယ်ယူပြီး ကြီးမားသော ရင်းနှီးမြုပ်နှံမှုလုပ်ကိုင်ကြရန်သွားရောက်ခဲ့ကြပြီး တောင်အမေရိက တိုက်နိုင်ငံ တချို့သို့ ရောက်ရှိခဲ့ကြပြီး ကြက်ဆူပင် ဇာတ်လမ်းပါလာခဲ့ကြသည်။ "Total and Chevron's Yadana gas project has generated 4.83 billion dollars for the Burmese regime," one of the reports said, adding that the figures for the period 2000-2008 were the first ever detailed account of the revenues. ဆိုပြီး အေအက်ခ်ပီကရေးပါတယ်။


Monday, May 6, 2013

“ ကျော်ဆန်း ( သို့မဟုတ်) လူယုတ်မာကာဠု ”

(ကိုထွန်းဝေ စာမျက်နှာ)

“ ကျော်ဆန်း ( သို့မဟုတ်) လူယုတ်မာကာဠု ”

=========================


ကာဠု ဘာလဲ ဘယ်လဲ ? ဖော်ကောင်တွေ့ပြီ


သူ့ Page မှာ ၀တ်ကျေတန်းကျေ တာဝန်အရ ပို့စ်ကို like & share လုပ်နေရတဲ့ လခစားတွေအများကြီးတဲ့ ။
တစ်ချို့ပို့စ်တွေဆို အကောင့် ရာဂဏန်း အားပေးထားတာ အများကြီးတွေ့ဖူးတယ် .. အမှန်တကယ်မှာတော့ ဒီ အားပေးသူတွေသာ အစစ်အမှန်ဆိုရင် Aye Chan Mon ထက်တောင် သာနေရတော့မှာ ... ဟိဟိ .. ခုမှ ဖော်ကောင်ရှိလို့ သိလိုက်ရတော့တယ် သူ့ဟာကြီးက ပြန်ဆက်ဝန်ကြီးဟောင်း ဦးကျော်ဆန်းရဲ့ လူထုမှိုင်းတိုက် အင်Page ကြီးဖြစ်နေတာကိုး ။ :P

--------------------------

အစိုးရသတင်းစာက ဧရာဝတီသတင်းကို ခပ်တည်တည် ကူးချ

(ဧရာဝတီ)

သတင်းထောက်တွေက သတင်းစာ ဂျာနယ်ဖတ်ဖို့ လိုတယ်။ ဒါမှ ဘယ်သူတွေ ဘာရေးသလဲ သိနိုင်မယ်။
အဲ ... ဘယ်သူတွေ ဘာကို ကူးချသလဲ ဆိုတာကိုလည်း သိနိုင်မယ်။
သိပ်မကြာသေးခင်ရက်ပိုင်းအတွင်း ဧရာဝတီရဲ့ ပုပ္ပားသတင်း၊   ဂီရိရေသတင်း၊  UWSA သတင်းတွေကို စာနယ်ဇင်းတချို့မှာ အပိုဒ်လိုက် ကူးထည့်ထားတာ တွေ့ရပါတယ်။

ကူးရေးတဲ့သတင်းမှာ ကိုယ့်နာမည်တပ်လိုက်တော့ ကိုယ်ဘယ်လိုသတင်းထောက်မျိုးလဲ ဆိုတာ အများသိအောင် ကြေညာသလိုဖြစ်သွားတာကိုတော့ သတိမထားမိကြဘူး ထင်ပါရဲ့။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် ဥပဒေ ပြင်ဆင်ရေး ထိပ်ပိုင်း ခေါင်းဆောင်များ အကြား သဘောထား ကွဲလွဲခဲ့

(စည်းလုံးခြင်းရဲ့အင်အား)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် ပါတီ ညီလာခံ (၂၀၁၂)

မကြာသေးမီကလေးကမှ အစိုးရနဲ့ လွှတ်တော်ရှိ အနိုင်ရပါတီ USDP (ကြံ့ဖွံ့) ထိပ်ပိုင်း ခေါင်းဆောင်များအကြားတွင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် ဥပဒေပြင်ဆင်ရေးအတွက် သဘောထား ကွဲလွဲခဲ့ကြောင်း စစ်ဖက်နီးစပ်သူများက သတင်း ပေးပို့လာပါတယ်။

Sunday, May 5, 2013

လေကြောင်းရန် ကာကွယ်ရေး - အပိုင်း (၁၆)

(စည်းလုံးခြင်းရဲ့အင်အား)

ဆောင်းပါးရှင် - ဝေဟင်

မြို့နယ်အဆင့် မြို့ပြကာကွယ်ရေး အဖွဲ့အစည်း

(၇၃)               မြို့နယ်အဆင့် ဌာနချုပ်တစ်ခု ဖွင့်လှစ်ပြီး ကြီးကြပ်ကွပ်ကဲခြင်းနှင့် သတင်းပို့ ဗဟိုဌာနအဖြစ် ဆောင်ရွက်ရ ပါမည်။ အောက်ပါအတိုင်း အဖွဲ့အစည်း (၇)ခု ဖွဲ့စည်း၍ ဆောင်ရွက်ရပါမည် -

              (က)    စစ်ဆင်ရေး ဆောင်ရွက်သောအဖွဲ့

                      (၁)    လေကြောင်းရန် အချက်ပေးအဖွဲ့။

                      (၂)    ထိခိုက်ဒဏ်ရာ ရသူများအား ဆေးကုသရေးအဖွဲ့။

                      (၃)    အသက် ကယ်ဆယ်ရေးအဖွဲ့။

Saturday, May 4, 2013

မြန်မာ အပေါ် ပိတ်ဆို့မှု သက်တမ်း ထပ်တိုး

(ရွှေဟင်္သာသတင်းဌာန)

အမေရိကန် ပြည်ထောင်စုဟာ မြန်မာ နိုင်ငံ အပေါ် ချမှတ် ထားတဲ့ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ မှုတွေကို သက်တမ်း တနှစ် ထပ်တိုး လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တွေကို ဆက်လက် ထိန်းသိမ်း ထားဆဲဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံနဲ့လည်း စစ်ရေး ဆက်ဆံမှုတွေ ဆက်ရှိနေတာကြောင့်အခုလို သက်တမ်း ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

အခု ပိတ်ဆို့မှုတွေ ကတော့ မြန်မာ့ ဒီမိုကရေစီရေ ပြုပြင်ပြောင်းလဲမှုတွေကိုဆန့်ကျင်တဲ့ ဒါမှမဟုတ် မြောက်ကိုရီးယားနဲ့ ပတ်သက်နေ သူတွေနဲ့ ကုမ္ပဏီတွေကို အဓိကထား ချမှတ် ထားတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်နဲ့ လျှို့ဝှက် ရွှေဖြူ

(ဧရာဝတီ)

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ညောင်လယ်အုပ်စု သစ်ရာအိုက်ရွာ နဲ့ နှစ်မိုင်လောက် အကွာရှိ ရွှေဖြူ တွေ့တယ် ဆိုတဲ့ နေရာ (ဓာတ်ပုံ – ဧရာဝတီ)

စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်က သူ့နယ်မြေအတွင်းမှာ ရေနံရှာဖွေရေး အကြောင်းပြပြီး ရွှေဖြူတူးဖော်ရေး လျှို့ဝှက် စီမံချက် လုပ်ကိုင် ခဲ့တယ်ဆိုတဲ့ လူသူ အသိနည်းပါးတဲ့ သတင်းတခု ထွက်ပေါ်လာပါတယ်။
ဒီ လုပ်ငန်းကို နိုင်ငံတော် ခွင့်ပြုချက် မရှိဘဲ သူ့သဘောနဲ့သူ လုပ်တာဆိုတဲ့ အချက်ကြောင့် လာမယ့် လွှတ်တော် အစည်းအဝေး မှာ တင်ပြ ဆွေးနွေးဖို့ ရှိတယ်လို့လည်း လွှတ်တော် အသိုင်းအ၀ိုင်းက ကြားရပါတယ်။

ဗိုလ်ချုပ်များ၏ ချုပ်ကိုင်မှု လျော့ရဲလာခြင်း (၂)

(ဧရာဝတီ)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ – ဧရာဝတီ)

စစ်တပ်က အဘယ့်ကြောင့် နောက်ဆုတ်နေရသနည်း

ဦးသိန်းစိန်နှင့် ဦးရွှေမန်းကဲ့သို့သော ထိပ်တန်း စစ်အရာရှိဟောင်းများသည် ပြုပြင်ပြောင်းလဲရေး အကျိုးအတွက် ဤကဲ့သို့သော စွန့်စားမှုများကို အဘယ့်ကြောင့် လုပ်ခဲ့ကြပါသနည်း။ ဤမေးခွန်းနှင့် ပတ်သက်၍ သဘောတရားများ များစွာရှိပါသည်။ သို့ရာတွင် အပြောင်းအလဲများက တခုပြီးတခု ဆက်တိုက် ဖြစ်ပွားနေသဖြင့် အဆိုတခုခုအတွက် ယုံကြည်အားထားလောက်စရာ အထောက်အထားများကို တင်ပြရန် ခက်သည်။

သမ္မတ အပါအ၀င် ခေါင်းဆောင်များက နိုင်ငံခြားနှင့် ပြည်တွင်း သတင်းထောက်များကို ပွင့်ပွင်းလင်းလင်း ပြောပြခဲ့သည်။ တိုင်းပြည်၏ စီးပွားရေး ခေတ်နောက်ကျမှုနှင့် ၂၁ ရာစုမှာ အင်အားကောင်းလာသော အာရှတွင် တိုင်းပြည်၏ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ကင်းမဲ့နေမှုတို့ကြောင့် တခုခုလုပ်ရန် အရေးတကြီး လိုအပ်နေပြီဟု ထင်မြင်ကြောင်း ပြောပြခဲ့သည်။ အချိန် သိပ်မရှိတော့ကြောင်းကိုလည်း သူတို့ ကောင်းစွာ သိထားကြသည်။ တိုင်းပြည်သည် ၂၀၁၃ ခုနှစ်တွင် အရှေ့တောင်အာရှ အားကစားပွဲ (ဆီးဂိမ်း) ကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပေးရမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင်လည်း အာဆီယံ (ASEAN) အဖွဲ့၏ ဥက္ကဌအဖြစ် ဆောင်ရွက်ပေးရဦးမည် ဖြစ်သည်။
ပို၍ပင် အရေးကြီးသော အချက်ကား သမ္မတ၊ အကြံပေး အရာရှိများ၊ မိတ်ဘက် လွှတ်တော်အမတ်များနှင့် ၀န်ကြီးများက အာဆီယံ စီးပွားရေး အသိုက်အ၀န်း (ASEAN Economy Community – AEC) အသက်ဝင်လာမည့် ၂၀၁၅ ခုနှစ်အတွက် ကြီးစွာ သတိထားနေကြခြင်းပင် ဖြစ်သည်။ လောက်လောက်လားလား၊ ထိထိရောက်ရောက်ရှိသော နိုင်ငံ၏ စီးပွားရေးမူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှု မရှိလျှင် AEC က ချမှတ်ပေးမည့် တပေါင်းတည်းသော ဈေးကွက်တွင် မြန်မာနိုင်ငံသည် အရှုံးကြီး ရှုံးသော တိုင်းပြည်တပြည် ဖြစ်သွားပေလိမ့်မည်။

Friday, May 3, 2013

ပြည်ထဲရေး ဝန်ကြီးဌာနနှင့် လုံခြုံရေး တပ်ဖွဲ့များ အသွင် ကူးပြောင်းရေး လုပ်ငန်း - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)

ချက်သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန အဆောက်အဦး

ဆောင်းပါးရှင် - ယန်းဖရိုးလစ်။

အယ်ဒီတာအဖွဲ့၏ တင်ပြချက် ။     ။ အဆိုပါစာအုပ်ထဲရှိ စစ်တပ်ပြုပြင်ပြောင်းလဲရေး၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် လုံခြုံရေးတပ်ဖွဲ့များ အသွင် ကူးပြောင်းရေးလုပ်ငန်း၊ ထောက်လှမ်းရေးအဖွဲ့ ပြုပြင် ဖွဲ့စည်းခြင်း၊ စတဲ့ ခေါင်စဉ်များကို ရေးသားပြုစုတဲ့ ဆောင်းပါးရှင်များဟာ ချက်သမ္မတနိုင်ငံမှာ အရေးပါတဲ့ ပြည်ထဲရေးဌာနနဲ့ ထောက်လှမ်းရေးဌာနတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ခေါင်းဆောင်များဖြစ်ခဲ့သည့်အားလျော်စွာ သူတို့ရဲ့ အတွေ့အကြုံများ၊ အခက်အခဲများကို ကျော်ဖြတ်ရပြီး ၎င်းနိုင်ငံအတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမား လှပါတယ်။ အလားတူ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက်လည်း အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဥက္ကဋ္ဌရာထူး ဦးသူရရွှေမန်း လွှဲပြောင်းရယူ

(ဒေါန်းမာန်ဟုန်)

ပါတီဥက္ကဋ္ဌရာထူးရယူ ထားခြင်းကြောင့်  ဝေဖန်မှုများခံနေရသည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရာထူးမှ  နုတ်ထွက်လိုက်သဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပါတီဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူလိုက်ကြောင်း ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဒု - ဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပါတီဥက္ကဋ္ဌရာထူး တရားဝင်လွှဲပြောင်းယူလိုက်ကြောင်းကို ယနေ့ ကျင်းပပြု လုပ်ခဲ့သည့် ကြံခိုင်ရေးပါတီလူငယ်ညီလာခံတွင် တရားဝင်ကြေညာခဲ့ခြင်းဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် ဦးအောင်သိန်းလင်း ကအတည်ပြုပြောကြားခဲ့သည်။

Thursday, May 2, 2013

မြန်မာ့စစ်တပ် အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - (၄)

(စည်းလုံးခြင်းရဲ့အင်အား)

အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ်နဲ့အတူ အီဂျစ်သမ္မတ မူဘာရတ်

အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးက စစ်တပ်အနေနဲ့ သဘောကောင်းပြီး ပြုပြင်ပြောင်းလဲရေးကို စတင် လုပ်မှာတော့ မဟုတ်ကြောင်း၊ စစ်တပ်ပါရှိလာအောင် စစ်တပ်အတွင်း တွေးခေါ်မျှော်မြင်မှု စက်ဝိုင်း ချဲ့ထွင်မြင့်မားလာစေရေးနဲ့ မကျေနပ်သူတွေအား ပြုပြင်ပြောင်းလဲလိုစိတ်များ ပေါက်ဖွားလာအောင် စည်းရုံးလှုပ်ရှားမှု ရေချိန်မြင့်မားလာအောင် ဆောင်ရွက်ရေး ဆွေးနွေးချက်တွေကို တပ်မတော် အရာရှိများရဲ့ မေးခွန်းများနဲ့အတူ အောက်ပါအတိုင်း  တင်ပြသွားပါမယ်။

၂၀၁၃ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် သိသာစွာတိုးတက်

(VOA)

မြန်မာနိုင်ငံဟာ သတင်းမီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀ရှိတဲ့ နိုင်ငံစာရင်းထဲမှာ မပါဝင်သေးပေမဲ့လို့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ တိုးတက်မှုတွေ ဒီနှစ်ပိုင်း အများအပြား ရှိခဲ့တယ်လို့ ကမ္ဘာပေါ်က သတင်းလွတ်လပ်ခွင့် အခြေအနေတွေကို လေ့လာ စောင့်ကြည့်နေတဲ့ အမေရိကန်နိုင်ငံအခြေစိုက် Freedom House အဖွဲ့က ပြောလိုက်ပါတယ်။

မနေ့ကထုတ်ပြန်တဲ့ Freedom House အဖွဲ့ရဲ့ အခုနောက်ဆုံး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေနဲ့ ပတ်သက်လို့ ဘာတွေ ဖော်ပြထားပါလဲ။ ကမ္ဘာပေါ်က သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး နိုင်ငံတွေထဲမှာ ဘယ်နိုင်ငံတွေ ပါဝင်နေသလဲ ဆိုတာတွေကိုတော့ မခင်ဖြူထွေး က တင်ပြထားပါတယ်။

Wednesday, May 1, 2013

ဆက်သွယ်ရေး ကုမ္ပဏီများရဲ့ အတွင်းရေး

(သစ်ထူးလွင်)

မေ ၁ ။


ရွေးချယ်ရာတွင် အကျိုး စီးပွားဆိုင်ရာ ပတ်သက်မှုများ (Conflict of Interest) ရှိလာခဲ့သည်ဟု ဆိုကာ

အွန်လိုင်း မီဒီယာပေါ်မှာရော သတင်းစာ၊ ဂျာနယ်များ တွင်ပါ ရေးသား ဖော်ပြဝေဖန် နေကြ တာကို တွေ့ရပါတယ်။

ရေးသား ဖော်ပြထား တာတွေက မှားတယ်လို့ မဆိုသာပါဘူး။ သို့သော် သိပ်မပြည်စုံ သလိုပဲ။

ကိုယ်တွယ်ချင်တဲ့ သူကို တွယ်၊ ကိုယ်ချန်ခဲ့ချင်သူကို ချန်ထားခဲ့သလိုပဲ ခံစားရပါတယ်။

ဒီနေ့  မြန်မာ့တပ်မတော်ကြီး ထဲမှာ ဒီလိုတွေတော့ ဖြစ်နေပါတယ်

မူရင်းလင့် http://www.ex-absdf.net/2013/02/blog-post_8991.html

ဒီအကြောင်းတွေကိုပြောရတာ  အမနာပပြောဆိုတိုက်ခိုက်ခြင်း မဟုတ်တာကတော့ သေချာပါတယ် ။ မတော်မတည့်တာတွေကိုအမြင်မတော် အကြားမတော်လွန်းလှတာတွေကို ပြင်လိုပြင်ငြား ပြောပြချင်ရုံပါ ။ ကျွန်တော်ရေးတာ မှန်ကန်တဲ့အကြောင်းအရာဖြစ်မဖြစ်ဆိုတာ တာဝန်ရှိသူတွေ အသိဆုံး ဖြစ်ပါလိမ့်မယ် ။
မပြင်တော့လည်း သိပ်တော့ ပြသနာ မရှိလှပါဘူးလေ ။ ပျက်အစဉ် ပြင်ခဏ ဆိုတာကို တပ်မတော် နဲ့ ပတ်သက်လာတဲ့အခါ ကျွန်တော်တို့  ပြောင်းပြန်အနက် မှတ်ယူလိုက်ကြရရုံပါ ။        
 
                                     မြန်မာ့တပ်မတော်ရဲ့ ဆေးဝန်ထမ်းတပ်ဖွဲ့  မှာ ယနေ့ လက်ရှိ ဖြစ်နေတဲ့ အကြောင်းအရာတစ်ခု ပါ ။ မဆရ ( ၁၂ ) ဆိုတဲ့ တပ်မတော် ဆေးတပ်ရင်းမှာ တာဝန်ကျ တပ်ရင်းမှုးက OG  ပါ ။ ဒုတိယ ဗိုလ်မှုးကြီး အဆင့်နဲ့ တာဝန်ထမ်းဆောင်နေပါတယ် ။ ဒီအထိကတော့ ပြသနာမရှိဘူးပဲ ထားပါတော့။   မြန်မာ့တပ်မတော်ရဲ့ အူကြောင်ကြား အစဉ်အလာလိုလို မူဝါဒလိုလိုဘာမှန်းမရေရာတဲ့ ညွှန်ကြားချက် တစ်ခုက ဒီနေ့ ဖြစ်နေတဲ့ ပြသနာကို အစပျိုးပေးခဲ့တာပါ ။    

မြန်မာပြည်၏ ပန်းတော်ဦး ရောင်းရန်ရှိသည်

၁၉၈၈ သွေးမြေကျ စစ်အာဏာသိမ်းမှုကြီး၏ အကျိုးဆက်ရလဒ်က ဥပဒေမဲ့အခြေနေတခုလုံးဆီသို့ ဆိုက်ရောက်ခဲ့ရပြီး၊ အနာဂတ်ရှေ့ခရီးအလားလာက ကြောက်ခမန်းလိလိတုန်လှုပ်ဖွယ်ရာ ဖြစ်၏။ စစ်အာဏာပိုင်များအဖို့မှာ အထွေထွေ ချွတ်ခြုံကျအောင်ဖန်တီးပေးပြီး လူတဦးခြင်း၏ အသက်ရှင်းနေထိုင်ရေး စီးပွားဖြစ်တည်မှုဘ၀ ဘုံးဘုံးလဲကာ လှဲနေလှေအောက် မြင်းစောင်းမကျန် နိုင်ငံရေးနှင့် စီးပွါးရေးဆိုင်ရာ ရပိုင်ခွင့်တို့အား ပတ်သက်ဆက်နွယ်သည့် ဥပဒေအား အလုံးစုံ ပိတ်ပင် အမှောင်ချကာ အုပ်ချုပ်ကြလေ၏။

In the aftermath of the second military bloody coup in 1988 the lawless situation deteriorated further. The authorities continue to enjoy absolute impunity for all violations of political and economic rights and rule of law is denied throughout the country resulting in the collapse of individual economic life and leading to general poverty.