Tuesday, February 11, 2014

ဒီမိုကရေစီ ဇာတ်တော်ကြီးနဲ့ တုန့်ပြန်သံ

(စည်းလုံးခြင်းရဲ့အင်အား)
ဒေါ်အောင်ဆန်းစုကြည်
 ဒေါ်အောင်ဆန်း စုကြည်ဟာ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် သမ္မတ၊ ပြည်ထောင် စု လွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် စတဲ့ ကြီး သုံးကြီး ကို လေးပွင့် ဆိုင် တွေ့ ဆုံဆွေးနွေး ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီ တောင်းဆိုမှု အပေါ် ကြီးသုံးကြီးတွေ အနေနဲ့ ဘယ်လို သဘော ထား ရှိနေကြ တယ် ဆိုတာကို ဤဝက်ဘ်ဆိုဒ် အမာခံ စစ်ဖက် နီးစပ်သူ တစ်ဦးနှင့် အာဏာ ပိုင် အဖွဲ့အစည်း တစ်ခုမှ ဗိုလ်မှူး ချုပ် တစ်ဦး တို့ ဂေါက်ရိုက်ကြရင်း စကား စမြည် ပြောဆိုကြ ရာက သိရှိ လာတဲ့ အတွင်းရေး စိတ်နေ သဘောထားများ ကို အခုလို ပေးပို့ လာပါတယ်။

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း ၆ – မကျေနပ်မှုများ ကြီးထွားလာခြင်း

(ဧရာဝတီ)

ကောလာ ဟလ တခု ကတော့ လူငယ် အရာရှိတွေကို ရာထူး တိုးပေးတော့ မယ်ဆိုရင် သူတို့ထဲ က ဘယ်သူ့ကို ရာထူးပေး သင့်တယ် ထင်သလဲ လို့ သူတို့ရဲ့ နက္ခတ်နဲ့ ဇာတာကို စစ်ဆေး တဲ့နေရာမှာ ဦးနေဝင်း ကို ဦးစိန်လွင် က ကူညီပေးရ တယ်လို့ ဆိုတယ်။

Thursday, February 6, 2014

ကိုလိုနီလောင်းရိပ်မိနေတဲ့ မြန်မာ့ဥပဒေများ

(VOA)

မကွေးတိုင်းက ‘လျှို့ဝှက်ဓာတု လက်နက်စက်ရုံ’ ဆိုတဲ့ သတင်းဆောင်းပါးကို ဓာတ်ပုံနဲ့အတူ ဖော်ပြတဲ့ Unity အပတ်စဉ် ဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို မကြာ မီက ဖမ်းဆီးပြီး စစ်ဆေးနေပါ တယ်။ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ အရ အရေးယူမယ် လို့ သိရပါ တယ်။ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ (Burma Official Secrets Act) ဟာ ကိုလိုနီ ခေတ် ၁၉၂၃ မှာ ပြဌာန်းတဲ့ ဥပဒေဖြစ်ပါတယ်။ တားမြစ်ထား တဲ့ နေရာအနီးကို ချဉ်းကပ်မယ်၊ စူးစမ်းမယ်၊ ပုံဆွဲမယ်၊ အမှတ်အသား လုပ်မယ်၊ မှတ်စုရေးမယ်ဆိုရင် ဘယ်သူမဆို အရေးယူခံရ မယ်လို့ အက်ဥပဒေ ပုဒ်မ (၃) က ဆိုပါတယ်။
 

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း ၅ – ဗိုလ်သန်းရွှေကို ဗိုလ်နေဝင်း ရာထူးတိုးပေးခြင်း

(ဧရာဝတီ)

ဗိုလ်မှူးချုပ် တင်ဦး ဖယ်ရှားခံရ ပြီးတဲ့နောက် ဗိုလ်မှူး ကြီး အောင်ကိုး ထောက် လှမ်းရေး အကြီးအကဲ ဖြစ်လာ တယ်။ ဒါပေ မယ့် မကြာမီမှာပဲ အာဇာနည် ဗိမာန် ဗုံးပေါက် ကွဲမှုကြောင့် ရာထူး က ပြုတ်ပြန်တယ်။ “သူဘယ် မှာလဲ” လို့ ဦးနေဝင်း က မေးတဲ့ အခါမှာ ဂေါက်သွားရိုက်နေ တယ်လို့ ပြောကြတဲ့ အတွက် ဦးနေဝင်းက “ဂေါက် မရိုက်တတ်၊ အရက် မသောက်တတ်တဲ့ သူတယောက် ရမလား” လို့ ချက်ချင်းပြန်မေး တယ်။

သမဝါယမ စနစ် ပြောင်းလဲရန် လိုအပ် ဒု သမ္မတ ပြော



သျှမ်းပြည်မြို့တော် တောင်ကြီးရှိ အဝေရာ မီးပုံးပျံကွင်းတွင်  ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့်လူမှုစီး ပွားဘဝမြှင့် တင်ရေးအတွက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ ချေးငွေများ ထုတ်ချေးပေး သော အခမ်းအနား ကျင်းပရာ သမဝါယမ စနစ် ပြောင်းလဲရန် လိုအပ်ပြီ ဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။

Wednesday, February 5, 2014

ဝန်ကြီးမင်းဗိုလ်ချုပ်လက်ဝါးမှာ ကျွန်တော့်ပါးရာကြီး ထင်ပါ့မယ်

ဘာနိုင်ငံရေး သမားကိုမှ ဂရုမစိုက်ဘူး။ ခင်ဗျားတို့ မှတ်ထားကြ။ ကျွန်တော့် နာမည် ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ် ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲ တယ်ကွဆိုပြီး မိန့်ခွန်း ပြောလာတာ ဆိုတဲ့ ပြည်ထောင်စု ၀န်ကြီး ဗိုလ်ချုပ်အုန်းမြင့် ဆိုသူရဲ့ စကားကို ကြားလိုက်ရ၊ ဖတ်လိုက်ရတော့ ပါးတောင် စပ်ဖျဉ်းဖျဉ်း ဖြစ် လာမိပါတယ်။ ဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) မကြာခဏ ရွတ်ပြတတ်တဲ့ ကဗျာလေးထဲက ကျွန် တော့်ရင်ထဲ ခံစားရလွန်းလို့ အရိုးစွဲနေအောင် မှတ်မိနေတဲ့ “သူ့လက်ဝါးမှာ ငါ့ပါးရာကြီးနဲ့” ဆိုတဲ့ စကား စုလေးက နားထဲ ပဲ့တင်ထပ်သွားသလို ပါပဲ။ အော် ဒါဟာ နိုင်ငံရေး အကျဉ်းသားတွေ စိတ်ကူးနဲ့ရေးခဲ့တဲ့ ကဗျာမှ မဟုတ်တာ။ လက်တွေ့ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ပါလားဆိုတာကို အဲဒီလို လူကိုလူဟု မမှတ်သော ရက်စက်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့ကြတဲ့ န၀တ တာဝန်ရှိပုဂ်္ဂိုလ်ကြီးတွေ ကိုယ်စား ဗိုလ်ချုပ်အုန်းမြင့် ကိုယ်တိုင်ကမှန်ကန်ကြောင်း သမိုင်းဝင်စကားနဲ့ သက်သေထူ လိုက်တာပါ ပဲလို့ သိမှတ် ယုံကြည်လိုက်ရပါတယ်။

Tuesday, February 4, 2014

ထောင်ချ နှင့် နယ်လှည့်ပါးရိုက်ဌာန

(Irrawaddy)


ဝန်ကြီး အုန်းမြင့်အား အမြစ်ချွတ်ဖို့ ခက်ခဲနေ၏

ဝန်ကြီး အုန်းမြင့်အား အမြစ်ချွတ်ဖို့ ခက်ခဲနေ၏ 
 
သတင်းအရင်းမြစ် နေပြည်တော် သတင်းမှန်ဖြစ်ပါသည်….
 
 ပြည်ထောင် စုဝန်ကြီး ဦးအုန်းမြင့်မှ နိုင် ငံတော်ကြီး ပြုပြင်ပြောင်း လဲရန် တည်ဆောက်နေသော ကာလ တွင် လက်ရှိ အစိုးရ ၏ ဖေါင်းပွစွာ ခန့်အပ် ထားသော ၀န်ကြီးပေါင်း ၁၂၆ ယောက် တို့ သည် နိုင်ငံတော် အား သံလက်သီးများဖြင့် အုပ်ချုပ် အကြမ်း ဖက်ခဲ့သော စစ်ဗိုလ်ချုပ်များ အားလုံးနီးပါးက အစိုးရ တစ်ရပ်လုံး၏ ဖွဲ့စည်းပုံတွင် ပြန်လည် ပါဝင်ပတ် သက်ကာ အာဏာကို ပုံစံ တမျိုးဖြင့် ဆက်လက် ကိုင်စွဲ ကျင့်သုံးနေ သည်ကို အထင်ရှား မြင်နိုင် ပါသည်။ 

Monday, February 3, 2014

နယ်လှည့်ပါးရိုက်သည်ဆိုသည့် ဝန်ကြီး ဦးအုန်းမြင့်၏ စကားအပေါ် မကျေနပ်၍ ဆန္ဒထုတ်ဖော်

(Mizzima)

နယ်လှည့် ပါးရိုက်ခဲ့သည် ဟု ဆိုသည့် ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့် ၏ စကားရပ် အပေါ် မကျေနပ်၍ ဒီမိုကရေစီ အင်အားစု ဆိုသူများ က လူအင်အား ၂၅ ဦးခန့်ဖြင့် ဖေဖော်ဝါရီ ၃ ရက် တွင် မဟာဗန္ဓု လ ပန်းခြံအနီး တရား လွတ်တော် ရုံးရှေ့တွင် ဆန္ဒ ထုတ်ဖော်ခဲ့ ကြသည်။

နိုင်ငံရေးအင်အားစုများနှင့် ပြည်သူကို အာဏာအားကိုးဖြင့် ခြိမ်းခြောက်နေသော အစိုးရ ခေါင်းဆောင်များ အလိုမရှိ၊ သမ္မတကြီး ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အနှောက်အယှက် ဖြစ်အောင် ပြည်သူကို စော်ကားပြောဆိုနေသော ဝန်ကြီးများကို အရေးယူပေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးကို နှောက်ယှက်နေသော အစိုးရဝန်ကြီးများ ချက်ချင်းနှုတ်ထွက် စာတန်းများကို ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်သည်။

တီဟိလ်ကာ၊ သူရိယနေ၀န်းနဲ့ အင်ဗက်စ်တီဂိတ် သတင်းသမား..



သတင်းထောက် ကိုညို--ရေးသည်။

မကြာသေးခင်က ရန်ကုန်သွားလည်ပြီး နော်ဝေးပြန်ရောက်လာတဲ့ သူငယ်ချင်းများဖြစ်တဲ့ ကိုထက်အောင်ကျော် နဲ့ ကိုသူရိန်တို့ ကျေးဇူးကြောင့် ရန်ကုန်ထုတ် သတင်းစာနဲ့ ဂျာနယ် တချို့ ဖတ်ရပါတယ်..။ ခုတလော အ၀ါရောင်ဂျာနယ်လို့ နာမည်ကြီးပြီး ရောင်းအားကောင်းတဲ့ သူရိယနေ၀န်းလည်းပါတယ်။ သူကတော့ တခြားဂျာနယ်တွေထက် မျက်နှာဖုံးကိုယ်က အ၀ါရောင်၊ အနီရောင် စာလုံးကြီးတွေနဲ့ ပြူးပြူးပြဲပြဲဖော်ပြပြီး မျက်နှာဖုံးမှာရော အတွင်းစာမျက်နှာတွေရော ဓာတ်ပုံနဲ့ ဒီဇိုင်းခေါင်းစဉ်ကိုယ်က စာမျက်နှာပြည့်လုနီးပါး ဖော်ပြထားတော့ နာမည်တွေ အကြီးကြီး ဖြစ်နေတာကတော့ သေချာပါတယ်။ အတွင်းစာမျက်နှာမှာလည်း ထိုနည်းလည်းကောင်းပေါ့လေ။ ဒါပေမယ့် တခြား ဂျာနယ်တွေ သတင်းစာတွေထက် စကားလုံးပြောင်ပြောင်နဲ့ ရေးရဲ ဖော်ပြရဲတာတွေမြင်ရသလို ခရိုနီတွေ၊ အစိုးရ၀န်ကြီးတချို့၊ ခေါင်းဆောင်တချို့ရဲ့ မတရားစီးပွားခြစားမှုတွေ ဖွင့်ချထားတာလည်း တွေ့ရတယ်။ ပြည်သူတွေ ခံစားနေရတဲ့ အခြေအနေတွေကို ဖော်ပြတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေ၊ သမိုင်းအဖြစ်အပျက်တွေလည်း တွေ့ရတယ်။

ဝန်ကြီး ဦးအုန်းမြင့်ပြောသွားခဲ့တာကို သင်ခန်းစာယူတဲ့ ဦးရဲထွဋ်

(Irrawaddy)
 ဒီရက်ပိုင်း လူပြော များနေ တဲ့ ပြည်ထောင် စု ၀န်ကြီး ဦးအုန်းမြင့်ရဲ့ ပြောဆို ခဲ့တယ်ဆို တဲ့ စကားတွေနဲ့ ပတ် သက်ပြီး သမ္မတ ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ် က သူ့ဖေ့စ်ဘုတ်ကတဆင့် အခုလို ဖြေရှင်း ချက်ပေး ထားပါတယ်။ 


ဝန်ကြီးဖြစ်မယ့် ကောင်လေး

ကာတွန်း – လိုင်လုဏ်
ဖေဖော်ဝါရီ ၁၊ ၂၀၁၄
 

ဝန်ကြီးဦးအုန်းမြင့် နုတ်ထွက်တော့မှာလား

(Irrawaddy)

ကင်ဂျုံအန်း၊ ဟစ်တလာတို့က အဘ ခေါ်ရလောက်အောင် ကြမ်းကြမ်းတမ်းတမ်း ပေါက်ကရ  လျှောက်ပြောခဲ့တဲ့ ဝန်ကြီးဦးအုန်းမြင့် နုတ်ထွက်စာ တင်ပြီ ဆိုရင် ဒါ အံ့သြစရာ မဟုတ်ပါဘူး။ 

Saturday, February 1, 2014

၂၀၁၄ အတွင်း အာဏာသိမ်းမှု ဖြစ်ပွားနိုင်သည့် နိုင်ငံများ ခန့်မှန်းချက်တွင် မြန်မာပါဝင်

ဝါရှင်တန်၊ ဇန်နဝါရီ ၃၁
ကမ္ဘာတစ်ဝန်း ရှိ နိုင်ငံ အသီးသီး၏ နိုင်ငံရေး စနစ်များ၊ လွတ် လပ်ရေး ရရှိသည့် နှစ်၊ လိုအပ်သည့် တိုင်းရင်း သား ပညာတတ် အသိုင်းအဝိုင်းရှိမှု မရှိမှု စသည့် အချက်ပေါင်း ဒါဇင်ပေါင်း များစွာကို လေ့လာ သုံးသပ်ပြီး နိုင်ငံရေး သိပ္ပံ ပညာရှင် ဂျေးယူဖဒါက ၂၀၁၄ ခုနှစ်အတွင်း အာဏာ သိမ်းမှု ဖြစ်ပွားနိုင်သည့် နိုင်ငံများကို သုံးသပ် ခန့်မှန်းရာ တွင် မြန်မာနိုင်ငံလည်း ပါဝင်ထားသည်ကို Washington Post သတင်းတွင် ပုံများနှင့်တကွ ဖော်ပြထားသည်။
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသော မြန်မာနိုင်ငံတွင်မူ အာဏာသိမ်းမှု ပေါ်ပေါက် လာနိုင်ခြေမှာ ထိုင်းနိုင်ငံနှင့် ယှဉ်လျှင် နည်းပါးလျက် ရှိပြီး ၄ ရာခိုင်နှုန်းကျော်ခန့်သာ ရှိသည်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်ရဲ့ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

(Irrawaddy)

မန္တလေး တိုင်း အစိုးရ ၀န်ကြီးချုပ် ဦးရဲမြင့်ရဲ့ယာဉ်တန်းဟာ မနေ့က ညနေပိုင်းက နောင်ချိုမြို့ နယ်အတွင်း ရှိ မေမြို့- မိုးကုတ် ကားလမ်းမှာ မိုင်းဆွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဘီဘီစီ သတင်းတပုဒ် က ကြေညာ သွား ပါတယ်။ 

အခင်းဖြစ်ပွားတဲ့နေရာက မန္တလေးတိုင်းနဲ့ ရှမ်းပြည်အစပ် နောင်ချိုမြို့နယ်အတွင်းမှာ ဖြစ်ပြီး လိုက်ပါ သတင်းယူ တဲ့ မန္တလေး နေ့စဉ် သတင်းစာက သတင်းထောက် မန်းကိုကိုနဲ့ မန္တလေးတိုင်း သတ္တုတွင်း ဝန်ကြီးရဲ့ ကိုယ်ရေး အရာရှိတို့ ဒဏ်ရာအနည်းငယ်စီ ရသွားတယ်လို့ မန္တလေးတိုင်း သတင်း တပ်ဖွဲ့ကို ကိုးကားပြီး ဘီဘီစီက ဆိုပါတယ်။