Saturday, December 13, 2014

တူမောင်ညို – လွှတ်တော် ဝဋ်ဆင်းရဲမှာ ဇွတ်ဆွဲပြီး မနေကြပါနဲ့


(မိုးမခ) ဒီဇင်ဘာလ ၁၃၊ ၂၀၁၄



အတိုက်အခံများ အတွက် လွှတ်တော် တွင်းနိုင်ငံရေးကား လမ်း ဆုံးနေချေပြီ၊  ရှေ့ခရီးဘယ် လိုဆက်ကြမလဲ။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်စဉ် က ချမှတ်ခဲ့တဲ့ “တာဝန်ကြီး ၃ ရပ်” (ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်း ချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင်ရေး) ကို လွှတ်တော်တွင်းမှာ ဘယ်လောက်အတိုင်းအတာအထိ လုပ်ဆောင်နိုင်ခဲ့ကြသလဲ။ ထိရောက်တဲ့ အကျိုး သက်ရောက်မှု ဘာတွေရရှိခဲ့သလဲဆိုတာ ဒီချုပ်ပါတီနဲ့လွှတ်တော်ကိုယ်စားလှယ်များက ဆန်းစစ်သင့်ပါတယ်။ ဆန်းစစ်ရရှိလာတဲ့အချက်တွေကို ပြည်သူအများသိရှိအောင်တင်ပြအစီရင်ခံသင့်ပါတယ်။

ကန် မြန်မာ စစ်ဘက် ဆက်ဆံရေး သတိထားဖို့ လိုအပ်

(VOA)

မကြာသေးခင်ကမှ အမေရိကန် အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ၂၀၁၅ အမျိုးသား ကာကွယ်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့် ဥပဒေမူကြမ်းမှာ မြန်မာနိုင်ငံနဲ့ စစ်ရေး ဆက်ဆံမှု အပိုင်းမှာ အပြောင်းအလဲ တချို့ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန် လိုက်ပါတယ်။ ပြုပြင်ပြောင်းလဲရေး နောက်ပြန် ဆုတ်နေတဲ့ ကာလမှာ အမေရိကန် အစိုးရနဲ့ မြန်မာအကြီးအကဲတွေကြား မှားယွင်းတဲ့ ဆက်ဆံရေးမျိုး ဖြစ်သွားမှာကို စိုးရိမ်မိတယ်လို့ ဆိုပါတယ်။ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြမှာပါ။

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ မဖြစ်ရန် လမ်းလွှဲမှုများကို အားမပေး၊ စစ်မှန်သည့် ဆွေးနွေးပွဲသာလိုဟု ဒေါ်စုပြော

(Mizzima)

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ မဖြစ်ပေါ်စေရန် အကြောင်းအရာ အမျိုးမျိုးဖြင့် လမ်းလွှဲမှုများကို အားမပေးဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒီဇင်ဘာ ၁၃ ရက်က တော်ဝင်နှင်းဆီတွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗန်းပြဆွေးနွေးပွဲမျိုး ဒေါ်အောင်ဆန်းစုကြည် အလိုမရှိ

(ဧရာဝတီ)

ပြည်ထောင်စု ကြံ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက တင်သွင်းပြီး ရန်ကုန် တိုင်း ဒေသကြီး လွှတ်တော် တွင် အတည်ပြုခဲ့သည့် ၁၂ ပွင့် ဆိုင်လို အများ ပါဝင်ဆွေးနွေး မည့် ဗန်းပြ ဆွေးနွေး ပွဲမျိုး မလိုလားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြား လိုက်သည်။

ယနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် နှစ်ရက်တာ စတင်ကျင်းပသည့် ပထမအကြိမ် ဗဟိုကော်မတီ စတုထ္တအကြိမ် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြောဆိုသည်။

Friday, December 12, 2014

သမ္မတ ဦးသိန်းစိန်၏ ဇာတိရွာသို့ အလည်တခေါက်

(ဧရာဝတီ)
ရဟတ် ယာဉ်သံ ကြားသည်နှင့် ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တံဆိပ်ပါ စက္ကူအလံလေးများ ကိုင်ဆောင်ထားသော လူအုပ်ကြီးက လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ ၅ မိနစ်ခန့် အကြာတွင် ကောင်းကင်ယံမှ ရဟတ်ယာဉ်တစင်းက ရွာဘေးတွင် တည်ဆောက်ထားသည့် ရဟတ်ယာဉ်ကွင်းထဲသို့ တအိအိ ဆင်းသက်လာသည်။

ခဏအကြာတွင် ရဟတ်ယာဉ်ဆီမှ ကားတန်းတခု ထွက်ခွာလာပြီး ဒေသခံများ စောင့်မျှော်နေကြသည့် သမ္မတ ဦးသိန်းစိန်မှာ ကားတစီးနောက်ခန်းတွင် လက်ပြရင်း လိုက်ပါလာသည်။ ကလေးသူငယ်များ၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ အပါအဝင် ဒေသခံအများအပြားက ကြံ့ခိုင်ရေးပါတီ စက္ကူအလံလေးများ ဝှေ့ယမ်းလျက်၊ အနည်းငယ်သော လူတချို့ကလည်း သမ္မတ၏ ဓာတ်ပုံဖြင့် ထုတ်ဝေထားသည့် ပြက္ခဒိန်များကို ကိုင်ဆောင်ပြသလျက် ၄င်းတို့ ကျုံကူးနယ်သား သမ္မတကို ကြိုဆိုနေကြသည်။

ပြည်ခိုင်ဖြိုးထဲမှာ အကွဲအပြဲ တကယ်ပဲ ရှိသလား

(Mizzima)

အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း ရန်ကုန်တိုင်း လွှတ်တော်ဟာခြောက်ပွင့်ဆိုင် အစား ၁၂ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ တိုက်တွန်းတဲ့ အဆိုတစ်ရပ်ကို မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါပြီ။ ရန်ကုန်တိုင်း လွှတ်တော်မှာ ဒီအဆို အတည်ပြုလိုက်နိုင်တာဟာ ဘာ အဓိပ္ပာယ် ဆောင်ပါသလဲ၊ ပြည်ခိုင်ဖြိုး ပါတီထဲက အကွဲအပြဲပြဿနာ  ထင်ထင်ရှားရှား ပေါ်လွင်လာပြီလို့ ကောက်ချက်ချနိုင်မ လား၊ ရှေ့ဘာဆက်ဖြစ်လာနိုင်မလဲ ဆိုတာဆွေးနွေး ကြည့် ကြရအောင်။

Thursday, December 11, 2014

မြန်မာနိုင်ငံ မှာ စစ်တပ်လွှမ်းမိုးမှု ကြီးမားဆဲ

(VOA)

၂၀၁၁ ခုနှစ်မှာ သမ္မတဦးသိန်းစိန်အစိုးရ တက်လာကတည်းက မြန်မာနိုင်ငံ မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ အစိုးရက ဆင်ဆာဖြတ်တောက်မှုကို လျှော့ချပေးတဲ့အပြင် နိုင်ငံရေး အကျဉ်းသားတွေကို လည်း ပြန်လွှတ်ပေးခဲ့သလို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလည်း မြန်မာနိုင်ငံကို ၀င်ရောက်လာခဲ့တာဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲ အစစ် ဖြစ်လာနိုင်ပါဦးမလား

(Mizzima)

ပြည်ထောင်စု လွှတ်တော်က တောင်းဆိုထားတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို လက်ခံမယ်၊ လက်မခံဘူး သမ္မတ ဦးသိန်းစိန် ဘက်က အကြောင်းပြန်ကြားမှု မရှိသေးခင် အခုတစ်ခါ ရန်ကုန်တိုင်း လွှတ်တော် ဘက်က ၁၂ ပွင့်ဆိုင်လုပ်ပါဆိုပြီး တောင်းဆိုမှု တစ်ခု ပေါ်ထွက်လာပြန်ပါပြီ။ ကျင်းပနေဆဲ တိုင်းလွှတ် တော်အထူး အစည်းအဝေးမှာ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောထွန်းအောင်မြင့် ပင်မတိုင်းရင်းသား ကိုယ်စားလှယ်တွေပါ ပါဝင်တဲ့ ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ လုပ်ပေးဖို့ အရေးကြီး အဆိုတင်ပြီး တောင်းဆို လိုက်တာပါ။ ဒီအဆိုကို လွှတ်တော်တွင်းဆက်ပြီး ဆွေးနွေးကြပါဦးမယ်။ တွေ့ဆုံ ဆွေးနွေးပွဲကိစ္စ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဒီကနေ့ ဆွေးနွေးကြည့်ကြရအောင်ပါ။

မူဝါဒ ချမှတ်သူများ၏ ဆုံးဖြတ်ချက်

(Mizzima)

သမ္မတ ဦးသိန်းစိန် အစိုးရသစ်သည် ၂၀၀၈ အခြေခံဥပဒေနှင့် တက်လာသည့် စစ်တပ် ကျောထောက် နောက်ခံပြု  အစိုးရဖြစ်သည်။ အစိုးရသစ်ဆိုသော စကားရပ်သည် ၁၅ လသာသာ ကျန်တော့သည့် သမ္မတ ဦးသိန်းစိန်အစိုးရအတွက် အသစ်မဟုတ်တော့ ဘဲ ဟောင်းလာပြီဟုပင် ပြော၍ရသည်။

Saturday, December 6, 2014

ဗိုလ်မှူး ကျော်စွာဝင်းကို ထောင် ၂နှစ်ချမှတ်

(RFA)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင် တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ လက်မှတ်ရေး ထိုးတောင်းဆိုခဲ့ သူ ဗိုလ်မှူး ကျော်စွာဝင်း ကို ပြင်ဦးလွင် စစ်တရားရုံး က ဒီကနေ့ ထောင်ဒဏ်၂ နှစ် ချမှတ်လိုက် ပါတယ်။

ဒီနေ့ ပြင်ဦးလွင် ကနေ မန္တလေး အိုးဘိုထောင်ရှေ့ အရောက်မှာ RFA ကမေးမြန်းစဉ် သူဟာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေး ထိုးခဲ့ တာကြောင့် ပြစ်ဒဏ်ချမှတ်ခံ ရတာဖြစ်ကြောင်း အတည်ပြု ပြောပါ တယ်။

Friday, December 5, 2014

မြန်မာ မြေမြှုပ်မိုင်း ဆက်လက်ထုတ်လုပ်သုံးစွဲဟု ဆို

(DVB)

မြန်မာ နဲ့ ဆီးရီးယားနိုင်ငံ အစိုးရ တပ်ဖွဲ့တွေ မြေမြှုပ်မိုင်း ကို ဆက်လက် သုံးစွဲနေတာ ကို အတည်ပြုနိုင်ခဲ့ တယ်လို့ နိုင်ငံပေါင်း ၁၀၀ မှာ မိုင်းတားဆီးရေး လုပ်ဆောင်နေ တဲ့ နိုင်ငံ တကာ မြေမြှုပ်မိုင်း တားဆီးရေး အဖွဲ့ (အိုင်စီဘီအယ်လ်) က ပြောပါတယ်။

၂၀၁၃ ခုနှစ် စက်တင်ဘာ ကနေ ၂၀၁၄ ခုနှစ် အောက်တိုဘာ အတွင်း အသုံးပြုခဲ့ တာဖြစ်ပြီး မြန်မာ ကတော့ မြေမြှုပ်မိုင်း အသစ်တွေ အသုံးပြုတာ ကတော့ သိသိသာသာ ကျဆင်း လာတယ်ဆို့ ပါတယ်။

နိုင်ငံရေးပါတီများအနေဖြင့် သတင်းအခြေအမြစ်များကို စိစစ်အတည်ပြုပြီးမှ ပြောဆိုရန်လိုအပ်ဟု အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ထုတ်ပြန်ချက် နိုင်ငံရေးပါတီများ တုံ့ပြန်

(Eleven Media Group)



အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို တည်ဆောက်နေသည့် အချိန်ကာလဖြစ်သည့်အလျောက် နိုင်ငံရေးပါတီများအနေဖြင့် သတင်းအခြေအမြစ်များကို စိစစ်အတည်ပြုပြီးမှပြောဆိုရန်နှင့် အခြားပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကိုလည်း အလေးထားရန် လိုအပ်မည်ဖြစ်ကြောင်း အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့၏ ဒီဇင်ဘာ ၄ရက် သတင်းထုတ်ပြန်ချက်အား နိုင်ငံရေးပါတီများက တုံ့ပြန်ပြောကြားသည်။

Wednesday, December 3, 2014

ဦးသန်းရွှေ ဆယ်တန်းအောင်ပါသလား

(ဧရာဝတီ)

ဆယ်တန်းအောင် ဖို့မလို၊ လူလိုသိဖို့လိုတယ် ဆိုတဲ့စကား မကြာခဏ ကြားရပါတယ်။

ဆယ်တန်းလေး အောင်ဖို့ အင်မတန် အရေးကြီးတဲ့ကာလမှာ  လူလိုသိဖို့က ပို၍ပို၍ အရေးကြီးကြောင်း၊ လူ့ကျင့်ဝတ် နားလည်ဖို့၊ ကိုယ်ချင်းစာဖို့ အရေးကြီးကြောင်း အသားပေးပြောဆိုတဲ့သဘောပါပဲ။


မြန်မာပြည်ကို နှစ်ပေါင်း ၂ဝ ဝန်းကျင် စိုးမိုးသွားတဲ့ ယခင်ဗိုလ်ချုပ်မှူးကြီးဟောင်း  ဦးသန်းရွှေက ဆယ်တန်းအောင်ပါသလား။

မိုးလုံးပြည့် မုသားဝါဒီများကို လူထု အားနဲ့ အန်တုပါ

(မိုးမခ)


(သည်လေဒီးစ် နယူးစ် ဂျာနယ်) ဒီဇင်ဘာ ၃၊ ၂၀၁၄

ရွှေပြည်ကြီး ပြောင်းလဲနေတယ် ဆိုတာတော့ မယုံမရှိကြပါနဲ့ အမှန်ပါပဲ။  တချိန်က “VOA လိမ်နေသည်”၊ “မိုးလုံးပြည့် မုသားဝါဒီများ တိုင်းပြည်ပျက်အောင် လုပ်နေသည်”၊ နေ့ည မပြတ် အော်ခဲ့သူများ အခု VOA ကနေပဲ တဆင့် စကားတွေ ပြောခဲ့ပါပြီ။  ပြောခဲ့တာကလည်း တချိန်က သူတို့ စွပ်စွဲခဲ့သလို မုသားဝါဒ၊ အလိမ်၊ အညာ၊ ကလိမ်ကကျစ်၊ ကောက်ကျစ် စဉ်းလဲမှုတွေ အပြည့်ပါပဲ။

စစ်တပ်ကြီးစိုးသော မြန်မာနိုင်ငံနှင့် စစ်ရေးဆက်ဆံရန် အချိန်မကျသေးဟု အမေရိကန် ဗိုလ်ချုပ်ကြီး ပြောဆို

(ဧရာဝတီ)

ပစိဖိတ်ဒေသ ရှိ အမေရိကန် တပ်များ၏ အကြီး အကဲ ဖြစ်လာရန် အဆိုပြုရွေး ချယ်ခံထား ရသူ  ရေတပ် ဗိုလ်ချုပ်ကြီး ဟာရီ ဟဲရစ် ဂျူနီယာ (Harry Harris Jr) က အမေရိကန် စစ်တပ် အနေဖြင့် စစ်တပ်ကြီးစိုးမှု ရှိနေသော မြန် မာနိုင်ငံနှင့် စစ်ရေး အရ ဆက် ဆံမှု ပြုလုပ်ရန် အချိန်မကျသေးဟု ထုတ်ဖော်ပြော ဆိုကြောင်း အေပီ သတင်း တပုဒ်တွင် ရေးသား ထားသည်။

အမေရိကန်ရေ တပ်ဗိုလ်ချုပ်ကြီး ဟာရီ ဟဲရစ် ဂျူနီယာက အမေရိကန် အထက် လွှတ်တော်၏ ရာထူးခန့် ထားရေးဆိုင်ရာ ကြားနာမှု အတွင်း အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး အဆိုပါပြောဆို ချက်သည် မြန်မာနိုင်ငံနှင့် ထိတွေ့ ဆက်ဆံရေး ဦးစားပေး ဆောင် ရွက်နေသော အမေရိကန်အစိုးရ၏ မူဝါဒနှင့် သိသိသာသာ ကွဲပြားခြားနေ သည်။