(Mizzima)
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဇန်န၀ါရီ ၇ ရက်
နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ၂၀၁၄ နှစ်လယ် အစီရင်ခံစာ အရ မြန်မာနိုင်ငံမှာ
ဒုက္ခသည်နဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ စုစုပေါင်း ရှစ်သိန်းကျော်ရှိပြီး
ကမ္ဘာပေါ်မှာ အဆင့်(၇) ချိတ်တယ်လို့ ဆိုပါတယ်။ မကောင်းမှုနဲ့ ပတ်သက်ပြီး
မြန်မာ နိုင်ငံ ဗိုလ်စွဲတဲ့ စာရင်းတွေထဲမှာ အခုစာရင်းကလည်း တစ်ခု အပါအ၀င်
ဖြစ်လာပါတယ်။ သမ္မတဦးသိန်း စိန် လက်ထက်မှာ ဒုက္ခသည် နဲ့ နေရပ်စွန့်ခွာ
တိမ်းရှောင်ရသူ ဘာလို့ တိုးပွားလာသလဲ၊ ဘယ်လောက် အရေအတွက် ရှိသလဲ၊ ဒီကိစ္စ
အစိုးရဘယ်လို ဖြေရှင်းပေးနေသလဲ၊ ဒီပြဿနာ ဘယ်တော့ ပြေလည်နိုင်မလဲ ဆိုတာ
လေ့လာကြည့်ကြရအောင်ပါ။










