Friday, March 29, 2013

အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)


လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ အစိုးရတို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ process လုပ်ငန်းစဉ်အား ဆက်လက်သုံး သပ်ရာမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေး ဆွေးနွေးပွဲမှ စစ်ဖက်နီးစပ်သူများရဲ့ ကြားသိရတာများကို တင်ပြလာပါတယ်။


ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများရဲ့ အဓိကတောင်းဆိုတဲ့ အချက်ဖြစ်တဲ့ ဖက်ဒရယ် တောင်း ဆို မှုအပေါ် လိုက်လျောပေးရမယ့် အခြေအနေ ကြုံတွေ့နေရ ပါတယ်။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှ ဖက်ဒ ရယ် အား လိုက်လျောရ မည် ဆိုပါက တိုင်းရင်းသားအဖွဲ့တွေရဲ့ ကိုယ် ပိုင်စစ်တပ်ကိုတော့ ဆက်လက်ရပ်တည်ခွင့် မပြုနိုင်ဟု ဆွေးနွေးကြဟန် တူပါတယ်။ ဘာလို့လဲဆိုတော့ သူတို့နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကဖြစ်တဲ့ ကြံ့ဖွံ့ပါတီ ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ  ဦးဋ္ဌေးဦးက ဖက်ဒရယ် ပြဿနာမရှိပေမဲ့ ကိုယ်ပိုင်စစ်တပ်ကို ခွင့်မပြုနိုင်ဟု မီဒီယာတစ်ခုနှင့် တွေဆုံခဲ့စဉ်က ပြောကြားသွားပါတယ်။

စစ်တပ်ပြုပြင် ပြောင်းလဲရေး - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ယန်းအစ်ခ်ျလာ။ 

လွတ်လပ်တဲ့ ချက်သမ္မတ နိုင်ငံ ထူထောင်ခဲ့ပြီးနောက် တပ်မတော်ကို ခေတ်မှီအောင် လုပ်ဖို့ အစီအစဉ်တစ်ခုကို စတင် အကောင်အထည် ဖေါ်ဖို့ ရှိပါတယ်။ အဲဒီ အစီအစဉ်ရဲ့ အဓိက ဦးစားပေး လုပ်ငန်းတွေက စစ်တပ်ခေတ်မှီရေးအတွက် လက်နက် စနစ်တွေနဲ့ ဝန်ဆောင်မှုတွေ ရယူမှုနဲ့ သက်ဆိုင်ပါတယ်။ ဒါပေမဲ့ အစီအစဉ်ရဲ့ အဓိက ချို့ယွင်း အားနည်းချက်က ညံ့ဖျင်းစွာ ချိတ်ဆက် ညှိနှိုင်း ဆောင်ရွက်ထားတဲ့ အပြောင်းအလဲတွေ တစ်ပုံကြီး ရှိနေခြင်းနဲ့ ဦးစားပေး အစီအစဉ် အနည်း ငယ် လောက်မှာသာ ရေရှည် အကျိုးသက်ရောက်မှု ရှိခဲ့ခြင်း တို့ပါပဲ။ အဲဒီ အစီအစဉ်က စစ်တပ်ရဲ့ ဆုံးဖြတ်ချက် ချမှတ်မှု လုပ်ငန်း အတွက် ဒါမှမဟုတ် စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်း အတွက် လမ်းညွှန်မှုတွေ ချမပေးခဲ့ပါဘူး။

Wednesday, March 27, 2013

အမျိုးသားနိုင်ငံရေး ကဏ္ဍတွင် တပ်မတော် ဆက်လက် ပါဝင်မည်

(ဧရာဝတီ)

တပ်မတော် အနေဖြင့် နိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲတွင် အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားမည် ဖြစ်ကြောင်း ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ၆၈ နှစ်မြောက် တပ်မတော်နေ့(တော်လှန်ရေးနေ့) အခမ်းအနားတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

“မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူ ဖြစ်စေရန် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ဆက်လက်ထောက်ခံ ပါဝင်သွားမည်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

Tuesday, March 26, 2013

လက်ပံတောင်း ငြင်းဆန်မှု၊ စစ်ခေါင်းဆောင်ကြီးများ၏ ရှော့ခ်နှင့် မိတ္ထီလာအဓိကရုဏ်း


ဒေါက်တာလွဏ်းဆွေ
မတ်လ ၁၃ ရက်နေ့တွင် လက်ပံတောင်းအစီရင်ခံစာနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ရှင်းလင်းပြောပြမှုကို ဒေသခံများက လက်မခံ ငြင်းဆန်လိုက်ပြီးနောက် သိပ်မကြာမတင် မတ်လထဲမှာပင် တုန်လှုပ် ချောက်ခြားဖွယ်ရာ မိတ္ထီလာအကြမ်းဖက်မှုကြီး ပေါ်ပေါက်လာသည်။

“ဦးပိုင်အကျိုးစီးပွား” အား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ပံ တောင်းအစီရင်ခံစာဖြင့် အကာအကွယ်ပေးသည်ကို ဒေသခံများက လက်မခံ ငြင်းဆန်လိုက်သည့်အပေါ် ကန့်လန့်ကာနောက်ကွယ်မှ စစ်ခေါင်းဆောင်ကြီးများ ထိတ်လန့်တုန်လှုပ်သွားပုံပေါ်သည်။ အထူးသဖြင့် တရုတ်စီမံကိန်းများနှင့် ပတ်သက်၍ အကျိုးအမြတ်များ နင်းကန်ရယူထားပြီး စစ်တပ်ကိုလည်း ကြိုးကိုင်ထားနိုင်ဆဲဖြစ်သည့် စစ်ခေါင်းဆောင်ကြီးများ ရှော့ခ်ရသွားပုံပေါ်သည်။

Monday, March 25, 2013

အစိုးရ အဖွဲ့နဲ့ လွှတ်တော် ထိပ်ပိုင်း ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း လှုပ်ရှားမှုများ - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)


မြတ်ဟိန်း၊ သိန်းစိန်၊ ရွှေမန်း

၂၀၁၃ ခုနှစ် စတင်ဝင်ရောက်လာပြီ ဆိုကတည်းက ပြုပြင်ပြောင်းလဲရေး လုပ်လိုသော အစိုးရအဖွဲ့နှင့် လွှတ်တော်တို့အကြား အထူးသဖြင့် နိုင်ငံ တော်သမ္မတနဲ့  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တို့အကြား အပြိုင်အဆိုင်ဖြင့် နိုင်ငံတကာနှင့် ပြည်သူလူထုရှေ့တွင် အသားယူ၊ အမှတ်ယူတဲ့ အသွင် သဏ္ဌာန် ထပ်မံပေါ်ပေါက်လာကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံး ခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ တင်ပြလာပါတယ်။ မနှစ်က အခြေခံ ဥပဒေ ခုံရုံးဥက္ကဋ္ဌအား ပြည်ထောင်စုအဆင့် သတ်မှတ်ဖို့ သင့်/မသင့်နဲ့ စပ်လျဉ်းပြီး အစိုးရနဲ့ လွှတ်တော်တို့အကြား သဘောထားကွဲလွဲမှု ဖြစ် ပွားခဲ့ပါတယ်။ အလားတူ ဝန်ထမ်းများအား လစာတိုးပေးရန် အဆိုကို ဦးရွှေမန်းက ဖိအားပေး တောင်းဆိုခဲ့ပေမဲ့ အစိုးရအနေနဲ့ ဘတ်ဂျက်လို ငွေပြမှာ စိုးရိမ်ပြီး ငြင်းဆန်ခဲ့ပါတယ်။ နှစ်သိမ့်တဲ့အနေနဲ့ ဝန်ထမ်း တစ် ဦး လျှင် ထောက်ပံ့ကြေး ပုံသေကျပ် (သုံးသောင်း) သာ ခွင့်ပြုခဲ့ပေမဲ့  ဦးရွှေမန်းက ကျေနပ်ဟန် မတူခဲ့လို့ ဒီနှစ်မှာ ထပ်မံပြီး ဝန်ထမ်းလစာ တိုးပေးဖို့ ဖိအားပေး တောင်းဆိုခဲ့ပါတယ်။ ယခုတော့ ဝန်ထမ်းတွေအား မဖြစ်မနေ လစာကျပ် (၂၀၀၀၀) တိုးပေးရတော့မယ်လို့ သိရှိရပါတယ်။ တပ်မတော် အငြိမ်းစား အရာရှိကြီးတစ်ဦးကတော့ အခုလို ဆိုလာပါ တယ်။

ဖိုးလပြည့် သို့မဟုတ် တရား ဥပဒေအထက်က လူသားလား


(ဧရာဝတီ)

ဒီရက်ပိုင်း အင်တာနက်မှာ ပျံ့နှံ့နေတဲ့ လူအများစိတ်ဝင်တစား ရှိတဲ့ သတင်းတပုဒ်ကတော့ လူထု ပုံရိပ် ဂျာနယ် အတွဲ ၁ ၊ အမှတ် ၂၆ မှာ မတ်လ ၁၈ ရက်နေ့က ရေးသား ဖော်ပြထားတဲ့ သတင်းတပုဒ်ပါ။ 

 ဖိုးလပြည့် ခေါ် နေရွှေသွေးအောင် ( အကီင်္ျ အဖြူလက်ရှည် ၀တ်ထားသူ) ၊ ဓာတ်ပုံ- မိုးမခ

ဒါကတော့ လွန်ခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ရန်ကုန်တိုင်း ကမာရွတ် မြို့နယ် ၉ ရပ်ကွက်၊ အင်းလျားလမ်း မီးပွိုင့်မှာ ဖြစ်ခဲ့တဲ့ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေးဖြစ်သူ ဖိုးလပြည့် ဆိုတဲ့သူက ယာဉ်ထိန်းရဲတဦး ကို ရိုက်နှက်မှု လုပ်ခဲ့တာလို့ ဆိုတယ်။

လေကြောင်းရန် ကာကွယ်ရေးစနစ် - အပိုင်း (၁၁)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ဝေဟင် 

တိုက်ပွဲနယ်မြေ တစ်ခုအား လေကြောင်းရန် ကာကွယ်ခြင်း
(၄၄)        ကမ္ဘာပေါ်တွင် ခေတ်အမီဆုံးဟုဆိုနိုင်သော လေတပ်များ၌ ပင်လျှင် တိုက်ပွဲနယ် မြေတစ်ခုအား လေကြောင်းရန် ကာကွယ်ရေးနှင့် ပတ်သက်၍ ပြီးပြည့်စုံသော နည်းလမ်းကောင်းများ  ရှာဖွေနေဆဲပင် ဖြစ်ပါသည်။ တိုက်ပွဲနယ်မြေအတွင်း လေကြောင်းရန် ကာကွယ်ရေးအား ဆောင်ရွက်ရာတွင်  ၎င်းနယ်မြေ အတွင်းရှိ မြေပြင်တပ် များ၏ အနေ အထားပေါ်တွင် အဓိကမူတည်၍ ဆောင်ရွက်ပါသည်။ တိုက်ပွဲနယ်မြေ အတွင်း ဖြန့်ကျက် ချထားသော လေကြောင်း အင်အားစုများနှင့် မြေပြင် တပ်များ၏ လေကြောင်းရန် ကာကွယ်ရေး လက်နက်များကို ၎င်းနယ် မြေ ၏ အထက်ရှိ ဝေဟင် ပိုင်နက်အတွင်း စနစ်တကျ သေချာစွာ စီမံခန့်ခွဲနိုင်ရေးသည် အဓိကသော့ချက် ဖြစ်ပါသည်။ လေကြောင်း ဆိုင်ရာ နည်းပညာများ တိုးတက်လာသကဲ့သို့ လက်နက်စနစ်များ၏ စွမ်းပကားများမှာလည်း လျင်မြန်စွာတိုးတက် လာနေသောကြောင့် တိုက်ပွဲနယ်မြေ တစ်ခု၏ ဝေဟင်ပိုင်နက် အား စီမံခန့်ခွဲရေးနှင့် ပါဝင် သော တပ်ဖွဲ့များကို မှန်ကန်စွာ စုစည်းကွပ်ကဲနိုင်ရေးမှာ ပိုမို၍ခက်ခဲ နက်နဲလာပါသည်။

Saturday, March 23, 2013

ပဋိပက္ခ မိတ္ထီလာ

(ဧရာဝတီ)


ဈေးအရောင်းအဝယ်တခုကနေ စတင်ခဲ့တဲ့ မိတ္ထီလာ အဓိကရုဏ်းတွေ စဖြစ်လာပြီးနောက် မတ်လ ၂၁ ရက်နေ့မှာ မန္တလေးကနေ မိတ္ထီလာမြို့ကို သွားတဲ့ ကား ၃ စီးပဲ တွေ့ရပါတော့တယ်။ မနက် ၈ နာရီကျော်လောက် မန္တလေးကနေ ထွက်လာပြီး မိတ္ထီလာကို နေ့လည် ၁၁ နာရီလောက် ရောက်တဲ့အခါ မိတ္ထီလာမြို့ အဝေးပြေးဝင်းအထိ ကားတွေ ဝင်လို့ မရတော့ပါဘူး။

အဲဒီမြို့နားက အထက်တန်းကျောင်းပေါက်ဝထိပ်မှာပဲ ကာတွေက ရပ်ပေးပါတယ်။ ကားပေါ်က ဆင်းဆင်းချင်း အဲဒီနားမှာ ကားတချို့ကို မီးရှို့ဖျက်ဆီးထားတာကို စမြင်လိုက်ရတယ်။ အဝေးမှာ မီးလောင်နေလို့ မီးခိုးလုံးတွေ တက်နေတာကိုလည်း ကားပေါ်က ဆင်းပြီးတာနဲ့ လှမ်းမြင်နေရတယ်။

Friday, March 22, 2013

NDC ကျောင်းဆင်း အရာရှိကြီးများကို တပ်မတော်က ဘယ်လို တာဝန်မျိုးတွေ ပေးသလဲ

(စည်းလုံးခြင်းရဲ့အင်အား)


နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (ကုန်းမြင့်သာ)

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သင်တန်းဟာ နိုင်ငံတော်ကချမှတ်တဲ့ Policy နဲ့အညီ Grand Strategy ကို အကောင်အထည်ဖေါ်နိုင်တဲ့ Higher Leader တွေ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး ပြုစု ပျိုးထောင်ပေးတဲ့ သင်တန်းဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ရဲ့ ရည်မှန်းချက်ကတော့ စစ်ဘက်နှင့် မြို့ပြဆိုင်ရာအဆင့်မြင့်ရာထူးများကို ထမ်းဆောင်နေကြသော ပုဂ္ဂိုလ်များအား မျက်မှောက်ကမ္ဘာ့အခြေအနေ၊ ပြည်တွင်းအခြေအနေများနှင့် စွမ်းအားစုများကို သိရှိနားလည်စေ၍ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ခေတ်မီသိပ္ပံဆိုင်ရာများကို တစ်ဦးချင်းနှင့် အဖွဲကလိုက် စုပေါင်းဖေါ်ထုတ်တတ်ကြပြီး နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ နိုင်ငံရေး ဆိုင်ရာကိစ္စများ ဆောင်ရွက်ရာတွင် နိုင်ငံရေးအမြင်၊ စစ်ရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေး အမြင် စသည့်အမြင်လေးမြင်ဖြင့် တွေးခေါ်မြှော်မြင်၍ မှန်ကန်သော အယူအဆများ၊ တိကျပြတ်သား သော ဆုံးဖြတ်ချက်များ၊ ချမှတ်လုပ်ဆောင်စေရေးအတွက် ပြုစုပျိုးထောင်ပေးရန်နှင့် နိုင်ငံတော်၏ အနာဂါတ် အမျိုးသားရေး မဟာဗျူဟာကို ချမှတ်ရန်အလို့ငှာ နိုင်ငံတော်အဆင့် မူဝါဒများကို လေ့လာစူးစမ်းဖေါ်ထုတ်ရန်ဆိုတဲ့ ရည်မှန်းချက်တွေရှိကြောင်း သိရှိရပါတယ်။ 

စစ်တပ်ပြုပြင် ပြောင်းလဲရေး - အပိုင်း (၁)


(စည်းလုံးခြင်းရဲ့အင်အား) (www.photayokeking.org)

အယ်ဒီတာအဖွဲ့၏တင်ပြချက်။ ။ အာရှနိုင်ငံအများစုက အနောက်တိုင်း ဒီမိုကရေစီပုံစံကို တိုက်ရိုက်သွတ်သွင်းမပြုလုပ်ချင်ကြတာကို သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံအား လက်ညွန်း ထိုးပြီး ငြင်းဆန်နေကြပါ တယ်။ မြန်မာအစိုးရက ဥရောပရှိ နိုင်ငံများ ပြိုကွဲတာကိုထောက်ပြပြီး တပ်မတော်က (၂၅)ရာခိုင်နူန်း အမျိုးသားနိုင်ငံရေး ဦးဆောင်မှု ကဏ္ဍ မှာ အမြဲတမ်း ပါဝင်ရမယ်လို့ ဆိုနေပါတယ်။ ဒါပေမယ့် အာဏာရှင် များကို ပြန်လည် အသက်သွင်းမည့် သို့မဟုတ် အကာအကွယ်ပေး မည်ဆိုတာကို ပြည်သူလူထုက စိုးရိမ်ပူပန်နေပါတယ်။  အဆိုပါဆောင်း ပါးကို တင်ပြနေရတဲ့ ရည်ရွယ်ချက်ဟာ လက်ရှိမြန်မာအစိုးရရဲ့လိုလား ချက်အတိုင်း ဖေါ်ပြ နေတာမဟုတ်သလို တချို့အတိုက်ခံအဖွဲ့အစည်း ရဲ့ ဆန္ဒသဘောထားကို မျက်ကွယ်ပြုတာမဟုတ်ကြောင်း သတိပြုစေ လိုပါတယ်။

AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ဝေတဲ့ အဆိုပါ အသွင်ကူး ပြောင်းရေး စာအုပ်မှ အချက်အလက် များဟာ ချက်သမ္မတနိုင်ငံရှိ အထင်ကရ တာဝန်ထမ်းဆောင်းခဲ့တဲ့ ပုဂ္ဂိုလ် များရဲ့အတွေ့အကြုံများကို နိုင်ငံအကျိုးအတွက် လေ့လာ မှတ် သားနိုင်ရန်သာဖြစ်ပြီး စည်းလုံးခြင်းရဲ့ အင်အား ၀က်ဆိုဒ်ရဲ့ အာဘော် မဟုတ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဆောင်းပါးရှင် - ယန်းအစ်ခ်ျလာ

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

(ဧရာဝတီ)


အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် နှင့် ပြဿနာတက်ခဲ့သော ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေး ကို နေပြည်တော်ရှိ အကြီးအကဲတဦးက ခေါ်ယူထားကြောင်း ကမာရွတ် မြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စုရုံး အမှတ် ၂၅ မှ တာဝန်ကျ အရာရှိက ဧရာဝတီသို့ ပြောသည်။

“အကြီးအကဲက ခေါ်လို့ နေပြည်တော်ကို ပို့လိုက်ပြီ။ ဟို Case ဖြစ် ကတည်းက ပို့လိုက်တာ” ဟု သူက ဆိုသည်။

နေပြည်တော်မှ အကြီးအကဲဟု ဆိုသော်လည်း ၎င်းတို့အနေဖြင့် သေ ချာမသိရှိဘဲ နေပြည်တော် ယဉ်ထိန်းတပ်ဖွဲ့မှူးမှ တဆင့် ခေါ်ယူထားခြင်း ဖြစ်ကြောင်း၊ ရန်ကုန်ရုံးတွင် ခွင့်ယူထားကြောင်း၊ နေပြည်တော်မှ ခေါ် ဆိုရခြင်း အကြောင်းကို ၎င်းတို့ အဆင့်ဖြင့် မသိရှိနိုင်ကြောင်း ယင်းယာဉ် ထိန်းရုံးမှ တခြား အရာရှိတဦးကလည်း ပြောသည်။

ပြင်ဆင်ဖို့ လိုအပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ

(VOA)


ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ အစီအစဉ်မှာ ၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေ ပြင်ဆင်ကြဖို့ စဉ်းစားကြတဲ့အခါ တိုင်းရင်းသားတွေ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံပေးနိုင်ရေးဟာ အဓိက ကျတဲ့အချက်တချက် ဖြစ်တယ်ဆိုတာ တိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒေါက်တာတူးဂျာ က ပြောကြားလိုက်ပါတယ်။ KIO ဥက္ကဌဟောင်း ဒေါက်တာတူးဂျာနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးနဲ့ ပတ်သက်ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီးတော့ လွှတ်တော်မှာ အဆိုတင်သွင်းလာတာကို တွေ့ရပါတယ်။ ဒါနဲ့ ပတ် သက်ပြီး ကြိုဆိုသလား။ သတိထား ကြိုဆိုသလား စသဖြင့် အကြမ်း မျဉ်းပြောပါ ဆရာ။

တာချီလိတ်မြို့ တပ်ရင်းမှူးပစ်သတ်သတ်ခံရမှု ယာဘအစည်း ၇၀၀ ကြောင့်ဟုဆို


သျှမ်းသံတော်ဆင့်
 
ဖေဖော်ဝါရီလကုန်က တာချီလိတ်မြို့၌ တပ်တွင်း အချင်းချင်းပစ် သတ်မှုမှာ ဖမ်းမိယာဘများခွဲဝေမှု မမျှတသောကြောင့် ဖြစ်ရပြီး ပတ်သက်ဆက်နွှယ်နေသူများအား ယနေ့တိုင်ဆက်လက်ဖမ်းဆီးစစ်ဆေး နေ ကြောင်းတပ်တွင်းနှင့်နီးစပ်သည့် သတင်း ရပ်ကွက်ကဆိုပါသည်။

“ဖေဖော်ဝါရီလထဲမှာ ခမရ ၃၃၁ ပူးပေါင်းပါဝင်တဲ့အဖွဲ့တဖွဲ့  ဆမ်ပူးဘက် မှာ ယာဘတွေအများကြီး ဖမ်းမိတယ်။ အဲတာကို အဝေမတည့်လို့ စကား များပြီး သေနတ်နဲ့ချိန်ကြတယ်။ သေနတ်လုရင်းနဲ့ ပစ်ခတ်မိကြတာ။ သူတို့ ကတော်  တွေရဲ့ ပယောက လဲမကင်းဘူးလို့ ပြောလို့လဲရတယ်။ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ချပါလား ရိုက်ပါလားလို့ ကတော်တွေ က ဘေးကနေဆွပေးကြလို့ သေတဲ့အထိဖြစ်ရတာ။ အခု နေပြည်တော် ကလာတဲ့ စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးကြတာ မပြီးသေးဘူး။ ဖမ်းကြဆီးကြတုန်းဘဲ” ဟု တပ်တွင်းနှင့်နီးစပ်သည့် ဒေသခံတဦးက ပြောပါသည်။

Wednesday, March 20, 2013

ဗိုလ်ချုပ်မှူးကြီးဟောင်းမြေး လက်ရောက်မှု မတိုင်ကြားလိုဟု ကာယကံရှင် ယာဉ်ထိန်းရဲ ဆို


FEC ရုပ်သိမ်းမည်

(ဧရာဝတီ)


မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေထားသော နိုင်ငံခြားငွေ လက် မှတ် FEC (Foreign Exchange Certificate) သန်း ၃၀ ကျော်ကို ယခု မတ်လအတွင်းတွင် ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဦးဝင်းရှိန်က ပြောဆိုလိုက်သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ၏ နိုင်ငံတော်၏ စီးပွားရေး စနစ်အတွင်း ကြားခံအဖြစ် သတ်မှတ် သုံးစွဲလျက်ရှိသော FEC အား ပြန်လည်ရွေးနုတ် မည့် ကြေညာချက် ထုတ်ပြနိုင်ရေး လွှတ်တော်ထံသို့ အတည်ပြုချက် ရယူသည့် အစီရင်ခံစာ တင်သွင်းစဉ် ဦးဝင်းရှိန်က ပြောဆို လိုက်ခြင်းဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်ကလည်း သမ္မတ၏ တင်ပြချက်ကို သဘောတူညီခဲ့သည်။