(RFA)
မီဒီယာ လွတ်လပ်ခွင့်နဲ့ သတင်းစာ လွတ်လပ်ခွင့်တွေကို အာမခံပေးဖို့ ကမ္ဘာတလွှား သတင်းစာနဲ့ သတင်းပုံနှိပ်ထုတ်ဝေသူများအသင်း (WAN-IFRA) က မြန်မာအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့က စတင်ကျင်းပတဲ့ အသင်းရဲ့ နှစ်ပတ်လည် ညီလာခံမှာ အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။