Saturday, August 31, 2013

နိုင်ငံရေး လှုပ်ရှားသူများကို အရေးယူနေခြင်းသည် နှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည် ဟူသည့် သမ္မတပြောကြားမှု ဖြစ်လာရန် မလွယ်ဟုဆို

(Eleven Media Group)

နိုင်ငံရေး တက်ကြွလှုပ်ရှား သူများအား အရေးယူနေ ခြင်းများသည် ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည် ဟူသည့် နိုင်ငံတော် သမ္မတ၏ ပြောကြားမှု ဖြစ်လာရန် မလွယ်ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီအဖွဲ့ဝင်၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ဦးဘိုကြည်က ပြောကြားသည်။

သြဂုတ် ၃၀ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်ခဲ့သည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေး အပြီးတွင် ဦးဘိုကြည်က သတင်းထောက်များအား ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

Friday, August 30, 2013

အသက်မပြည့်သည့် ကလေးကို စစ်တပ်သို့ လိမ်ညာခေါ်သွင်းဟု ကလေးမိဘကဆို

(Mizzima)

အသက်မပြည်သေးသည့် ကလေးများကို လိမ်ညာပြီးခေါ်ဆောင်ကာ စစ်တပ်သို့ ထည့်သွင်းထားသည် ဟုဆိုကာ သြဂုတ် ၂၉ ရက်တွင် မိဘများက မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် မီဒီယာများသို့ အသိပေးရှင်းလင်း ခဲ့သည်။

ယင်းရှင်းလင်းပွဲတွင် အသက် ၁၅ နှစ်အရွယ် ဆယ်တန်းကျောင်းသူ၏ မိဘနှစ်ပါး နှင့် အသက်၁၉ နှစ်အရွယ်
ဖြစ်သူ၏ မိဘတစ်ဦးက ယင်းတို့၏ ကလေးများကို လိမ်လည်လှည့်ဖျားကာ စစ်တပ်ထဲသို့ အသွင်းခံရကြောင်း ရှင်းလင်းခဲ့သည်။

အီဂျစ်နွေဦး၏အရိပ်အောက်က မြန်မာခေါင်းဆောင်များ............

(Minmaha Bagan FB Page)

1981 မှ 2011 ထိ နှစ်ပေါင်း 30 လုံးလုံး တစ်ဦးတည်း အာဏာရှင်အဖြစ်နဲ့  အုပ်စိုးသွားခဲ့တဲ့ အီဂျစ်သမ္မတ မူဘာရက် ( Hosni Mubarak ) ဟာ ကမ္ဘာမှာ longest - serving President သက်တမ်းအရှည်ဆုံးသမ္မတ အဖြစ် ၊ အာဏာကို နှစ်အကြာဆုံး ဆုပ်ကိုင်ထားခဲ့သူအဖြစ်၊ နာမည်ကြီးသူပါ ။ လေတပ် ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်က အကြောင်းအားလျော်စွာနဲ့ ပဲ 1975 မှာ ဒုသမ္မတရာထူး ရလာခဲ့ပြီး 1981 သမ္မတ Sadat လုပ်ကြံခံရတဲ့ အချိန်မှာတော့ 14 Oct. 1981 မှာသမ္မတဖြစ်လာခဲ့ပါတယ် ။

အထက်လွှတ်တော်၊ ကြံ့ခိုင်ရေးပါတီ အမတ် ကို ပြည်သူများ ဆန္ဒပြ

(Mizzima)

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့မှ ပြည်သူ ၁၀၀ ကျော်သည် အထက်လွှတ်တော်အမတ် ဒေါက်တာမြဦးကို အလိုမရှိကြောင်း သြဂုတ် ၂၈ ရက် နံနက် ၈ နာရီကျော်က ဆန္ဒပြခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ထို အမျိုးသားလွှတ်တော်အမတ်သည် ပေါင်းတည်မြို့ရှိ ကုသိုလ်ဖြစ်
ဆေးခန်းမှာ နိုင်ငံရေးပါတီတစ်ခု၏ ကျောထောက်နောက်ခံဖြစ်ပြီး နိုင်ငံခြားအကူအညီများ ရယူထားကြောင်း၊ ပရဟိတအသင်းများသည် မြို့နယ်ပြည်သူ့ဆေးရုံကြီးကို ငွေအားဖြင့် ဖိခိုင်းနေကြောင်း စွပ်စွဲပြောဆိုခဲ့သည်ဟု ဆန္ဒပြသူများက ပြောဆိုခဲ့သည်။

အစိုးရအသုံးစရိတ်နှင့် ပတ်သက်သည့် စိစစ်တွေ့ရှိချက်များကို စာရင်းစစ်ချုပ်ရုံးက လွှတ်တော်သို့ ပြည့်စုံစွာ မတင်ပြဟု ဆို

(Mizzima)

ပြည်သူ့ဘဏ္ဍာငွေကို အစိုးရဌာနများကသုံးစွဲရာ၌ ချွတ်ချော်လွဲမှားမှုများကို စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိ ခဲ့သော်လည်း ထိုတွေ့ရှိချက်များကို လွှတ်တော်သို့ ပြည့်စုံစွာမတင်ပြကြောင်း လွှတ်တော်၏ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ဩဂု တ် ၂၇ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်သူ့ဘဏ္ဍာငွေကိုသုံးစွဲရာ၌ ဝန်ကြီးဌာန ၃၃ ခုလက်အောက်ရှိ ဌာနအဖွဲ့အစည်း ၁၁၈ ခု၏ အားနည်းမှုကြောင့်
ငွေကြေးကွာခြားချက်များကို ပြည်ထောင်စုအဆင့် စာရင်းစစ်ချုပ်ရုံးက တွေ့ရှိခဲ့သော်လည်း လွှတ်တော်သို့ အစီရင်ခံရာ၌ တွေ့ရှိချက်နှင့် အရေးယူဆောင်ရွက်ချက်များကို အသေးစိတ် မဖော်ပြခဲ့ခြင်းကြောင်း လွှတ်တော်၏
ကော်မတီက ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

Thursday, August 29, 2013

အဘခေါ်တဲ့ခေတ် ကုန်သင့်ပြီလား

(စည်းလုံးခြင်းရဲ့အင်အား)

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyla မြို့နဲ့ စိန့်ပီတာစဘတ်မြို့တို့ရှိ မြန်မာသံရုံးမှ အရာရှိ ဝန်ထမ်း မိသားစုများမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ကန်တော့ဖို့ ပြင်ဆင်နေကြပုံ

ယနေ့ တပ်မတော်က လူကြီးတွေကို “အဘ” ဆိုတဲ့ စကားလုံးနဲ့ တွင်တွင်ကျယ်ကျယ် ခေါ်ဝေါ် သုံးစွဲလာကြပြီးတော့ နယ်ဘက် ဝန်ကြီးဌာနတွေက ဝန်ထမ်းတွေကပါ ရောရောင်ပြီး “အဘ” လို့ နှုတ်ကျိုးကုန်ကျပါတယ်။ အခုနောက်ပိုင်း အသံလွှင့်ဌာန မီဒီယာ တချို့ကပါ အဘလို့ဘဲ စတင် ခေါ်လာနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အဘဆိုတာ ဘယ်တုန်းက စပေါ်လာတယ် ဆိုတာရယ်နဲ့ ဘာလို့ သုံးခိုင်းရတယ် ဆိုတာတွေကို အငြိမ်းစား တပ်မတော် အရာရှိများက စည်းလုံးခြင်းရဲ့အင်အား သို့ အခုလို သုံးသပ် တင်ပြသွားပါတယ်။

အဘဆိုတဲ့ အခေါ်အဝေါ်ကို ၁၉၈၆ ခုနှစ်ကတည်းက စတင်လာခဲ့ကြောင်း တပ်မတော် အရာရှိကြီး (ငြိမ်း) က ပြောလာပါတယ်။

မြေသိမ်းမှုများ သမ္မတ ဦးသိန်းစိန် အမြန်ဆုံး ဖြေရှင်းရန် သူရဦးရွှေမန်းပြော

(ဧရာဝတီ)

သမ္မတ ဦးသိန်းစိန် အနေဖြင့် မြန်မာနိုင်ငံ တ၀န်းတွင် ဖြစ်နေသော မြေယာ သိမ်းဆည်းမှုများကို အမြန်ဆုံး ဖြေရှင်းပေး ရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက အချက် ၆ ချက်ပါ သ၀ဏ်လွှာ တရပ်ပေးပို့ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာစစ်တပ်အပေါ် ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် ဘယ်လို သုံးသပ်

(ဧရာဝတီ)

အမေရိကန်ပြည်ထောင်စုက အာရှ ပစိဖိတ်ဒေသအပေါ် မဟာဗျူဟာ ဗဟိုချက်အဖြစ် ပြန်လည် သတ်မှတ်ပြီး ပင်တဂွန် က ဘတ်ဂျက် ပိုသုံးစွဲမယ့်အကြောင်း မကြာသေးခင်က ကြေညာခဲ့ပါတယ်။ 

အရှေ့တောင်အာရှမှာ စစ်ရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးရေး အစီအစဉ်တွေအတွက် ပင်တဂွန် စစ် ဌာနချုပ်က အမေရိကန် ဒေါ်လာ သန်း ၉၀ သုံးမယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က မလေးရှား ကာကွယ်ရေးနဲ့ လုံခြုံရေး စစ်တက္ကသိုလ်မှာ အမေရိကန် ကာကွယ်ရေး ၀န်ကြီး ချာ့ခ် ဟေဂယ်လ် (Chuck Hagel) က မကြာသေးမီက မိန့်ခွန်း ပြောရင်း ကြေညာခဲ့တာပါ။ 

မသန်စွမ်းဖြစ်သွားသည့် စစ်သားဟောင်းများ တစ်နှစ်လျှင် ကျပ်သုံးသောင်းသာ ထောက်ပံ့ကြေးရ

(Mizzima)

စစ်တပ်တွင် တာဝန်ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်အင်္ဂါ ချို့ယွင်းခဲ့ရသည့် စစ်သားများသည် တစ်နှစ်လျှင် ငွေကျပ်သုံးသောင်း ထောက်ပံ့ပေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒု-၀န်ကြီး၏ သြဂုတ် ၂၈ ရက်က လွှတ်တော်တွင် ရှင်းလင်းဖြေကြားချက်တွင် ပါရှိသည်။

မသန်စွမ်း ဖြစ်သွားသည့် အငြိမ်းစား စစ်သားများအတွက် နိုင်ငံမှ ကူညီ ထောက်ပံ့ပေးရန်နှင့် စစ်မှုထမ်းဟောင်းများ
နှင့် ၎င်းတို့မိသားစုများ၏ ဘ၀ကို မြှင့်တင်ပေးရန် သြဂုတ် ၂၈ ရက်က အောက်လွှတ်တော်တွင် အမတ်သုံးဦးက အရေးဆိုသဖြင့် ဒု-၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြန်လည်ဖြေကြားစဉ် ထိုအချက်အလက် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ပြုပြင်ပြင်ဆင်ရန် စိန်ခေါ်ခြင်းခံနေရသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ

(Mizzima)

လက်ရှိ မိမိတို့နိုင်ငံကျင့်သုံးနေသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ဥပဒေတချို့မှာ လက်တွေ့အားဖြင့် အမှန်တကယ် ဆောင်ရွက်နိုင်ခြင်းမရှိဟု ယူဆရသဖြင့် ယင်း ဆောင်ရွက်နိုင်ခြင်း မရှိသည့်အချက်များကို တရားဝင်
ဖော်ထုတ်နိုင်ရန် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတစ်ခုကို ယခုလ ၂၇ ရက်က ပြည်ထောင်စု
လွှတ်တော်မှ ဖွဲ့စည်း အတည်ပြုလိုက်ပြီ ဖြစ်သည်။ မင်္ဂလာသတင်း၊ မင်္ဂလာရှိသော ဆောင်ရွက်ချက်အဖြစ် မဇ္ဈိမက ကြိုဆိုအပ်ပါသည်။

Wednesday, August 28, 2013

“ဦးရွှေမန်းနဲ့ ဦးသိန်းစိန် ပဋိပက္ခ သက်ရောက်မှု ရှိနိုင်တာပေါ့”

(ဧရာဝတီ)


သူရ ဦးရွှေ မန်း နာယက အဖြစ် ဆောင် ရွက်နေသော ပြည်ထောင်စု လွှတ်တော် က ဖွဲ့စည်းထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီက ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ အခြေခံဥပဒေကို အပြီး လေ့လာ သုံးသပ်တော့မည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။ လတ်တလော အစိုးရနှင့် လွှတ်တော်အကြား၊ တပ်မတော် ကိုယ်စားလှယ်များ နှင့် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီလွှတ်တော်ကိုယ်စားလှယ်များ အကြား အဆင်မပြေမှု များရှိနေရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှု အပေါ် သက်ရောက်မှု ရှိနိုင်ခြေ များနှင့်စပ်လျဉ်းပြီး ရှမ်းတိုင်းရင်းသား ဒီမိုကရက် တစ်ပါတီ(ကျားဖြူ)မှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းကို ဧရာဝတီ အယ်ဒီတာ အဖွဲ့ဝင် သာလွန် ဇောင်းထက်က တွေ့ဆုံမေးမြန်းထားပါသည်။

သမ္မတဟောင်း ဦးနေဝင်း သမီးပိုင် နဝရတ် ဟိုတယ်ကို ကြွေးကျန် ဒေါ်လာ နှစ်သန်းကျော် ဆပ်ရန် အစိုးရ သတိပေး

(The Voice Weekly)

နိုင်ငံတော် သမ္မတဟောင်း ဦးနေဝင်း၏ သမီး ပိုင်ဆိုင်သော နဝရတ် ဟိုတယ်က ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း ဝန်ကြီးဌာနသို့ ကြွေးကျန် အမေရိကန် ဒေါ်လာ နှစ်သန်းကျော်ကို သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ပေးဆောင်ရန် အစိုးရက တရားဝင် သတိပေးစာ ပို့ထားကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ကြွေးကျန်ကိစ္စ ရှင်းလင်းရန် ဇူလိုင်လ အတွင်းက မှုလပိုင်ရှင်ထံ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသဖြင့် အဆိုပါ ဟိုတယ်ကို ခေတ္တ ပိတ်သိမ်းခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ပဋိပက္ခများနှင့် ရဲတပ်ဖွဲ့ဝင်တို့၏ စွမ်းဆောင်ရည်

(Mizzima)

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ကတည်းက
ပြဋ္ဌာန်းပြီးဖြစ်ရာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အထွေထွေလိုအပ်ချက်များနှင့်အတူ ကျေးလက်နှင့် မြို့ပြများတွင်
မြောက်မြားစွာသော ဆန္ဒပြပွဲများ၊ ဆန္ဒထုတ်ဖော်မှုများ ပေါ်ပေါက်လာခဲ့သည်။ အစိုးရ၏ စီမံကိန်းများအပေါ်
ဒေသခံတို့၏ ကန့်ကွက်မှု၊ မြေသိမ်းယာသိမ်း ကိစ္စများအပေါ် ဆန္ဒပြမှု၊ လျှပ် စစ်မီးမရခြင်းကြောင့် ဆန္ဒပြမှုစသည့် လူထု၏ အကျပ်အတည်းတို့ကို ဆန္ဒနည်းဖြင့် ဖြေရှင်းတောင်းဆိုရန် ကြိုးစားလာခဲ့ကြသည်။

ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်နှင့် စီမံခန့်ခွဲမှုများ အငြိမ်းစားရဲမှူးကြီးတို့ ဝေဖန်

(Mizzima)

လေ့ကျင့်မှု အရည်အသွေးနှင့် သင်တန်းများ လိုအပ်နေပြီဟု ထောက်ပြ

အရပ်ဘက်အုပ်ချုပ်ရေးတွင် အခရာကျသော အာဏာပိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည့် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု၊ ပဋိပက္ခတစ်ခုကို ဖြေရှင်းနိုင်မှုတို့တွင် အရည်အသွေး များစွာ နိမ့်ကျလျက်ရှိသည်ဟု အငြိမ်းစား ရဲမှူးကြီးတို့က
ဝေဖန်လိုက်သည်ဟု သိရသည်။

ဝန်ကြီးဌာနငါးခု ကျပ်သန်း သုံးသောင်းကျော်နှင့် ကန်ဒေါ်လာ ၂၂ သန်းကျော် ပြန်လည်ပေးဆပ်ရန် အကြွေးကျန်နေ

(Mizzima)

အစိုးရ၏ ၀န်ကြီးဌာနငါးခုက ပြည်သူ့ဘဏ္ဍာငွေသို့ ပြန်လည်ပေးဆပ်ရန် ကျပ်ငွေသန်းပေါင်း သုံးသောင်းကျော်နှင့် အမေရိကန်ဒေါ်လာ ၂၂ သန်းကျော် ရှိနေသည်ဟု လွှတ်တော်၏ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သြဂုတ် ၂၇ ရက်၌ လွှတ်တော်တွင် ထုတ်ဖော် အစီရင်ခံလိုက်သည်။

ပြည်သူ့ဘဏ္ဍာငွေသို့ ပြန်ထည့်ရန် ကြွေးကျန်နေသည့် ၀န်ကြီးဌာနများမှာ စက်မှု၊ ပညာရေး၊ ကျန်းမာရေး၊ သတ္တုတွင်းနှင့် ဟိုတယ်/ ခရီး ၀န်ကြီးဌာနများဖြစ်ကြပြီး ယင်းဝန်ကြီးဌာန ငါးခုပေါင်း၏ ပေးရမည့် ကြွေး ကျန်ငွေ အတိအကျမှာ ကျပ်သန်းပေါင်း ၃၂၄၅၅.၉၁၁ နှင့် အမေရိကန်ဒေါ်လာ ၂၂.၈၉ သန်းဖြစ်သည်။