Wednesday, March 19, 2014

အာဏာရှင်များနှင့် မြန်မာ့ တပ်မတော် အပိုင်း ၁၁ – ဗေဒင်၊ ယတြာများနှင့် နိဂုံး အဆုံးသတ်ခြင်း

(Irrawaddy)

နေပြည်တော် ကို  မြို့တော် အဖြစ် ပြောင်းရွှေ့ ရုံးစိုက်ခြင်း အတွက်  မဟာဗျူဟာ အကြောင်းပြ ချက်တွေ ပေးခဲ့ပေ မယ့် မြန် မာပြည်သူ အချို့ ကတော့ သူ့ရဲ့ ဗေဒင်ဆရာက အကြံပေးခဲ့လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က မြို့သစ် တည်ခဲ့တယ် လို့ ပြောနေကြတုန်းပဲ။ ဗေဒင်ဆရာက သူနဲ့ ဒေါ်ကြိုင်ကြိုင်ကို ကပ်ဘေးတခု ရောက် မလာခင် မြို့တော်ရွှေ့ပြောင်းဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုတယ်။ 


Monday, March 17, 2014

ဦးသန်းရွှေ အနိုင်နဲ့ပိုင်းသွားခဲ့တာလား???

(New Generations)

၁၇ ရာစုမှာ ကမ္ဘာ့နိုင်ငံ လေးပုံ သုံးပုံလောက် ဟာ ကိုလို နီနိုင်ငံတွေ ဖြစ်သွားခဲ့ကြတယ်။ အဲဒီနောက် ၁၈ ရာစုနဲ့ ၁၉ ရာစုတွေမှာ အများစု ဟာ ပြန်လည် လွတ်မြောက် လာကြတယ်။ လွတ်မြောက်လာ တဲ့နိုင်ငံ အများစုမှာ ပြည်တွင်း စ...စ် ဖြစ် တာတွေ၊ လူမျိုးရေး၊ ဘာ သာရေး အဓိကရုန်းတွေ၊ နယ်မြေပြဿနာ၊ ခွဲထွက်ခွင့်နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်စတဲ့ ပြဿနာတွေ အပါအ ၀င် နိုင်ငံရေး ပဋိပက္ခတွေ ပြင်းပြင်း ထန်ထန် ဖြစ်ခဲ့ကြတယ်။ စစ်အာဏာသိမ်းမှုတွေနဲ့ ဖောက်ပြန်တဲ့ ကွန်မြူနစ်တွေရဲ့ ဓါးမိုးအုပ်စိုးမှုကိုလည်း အဲဒီနိုင်ငံတွေက ပြည်သူတွေ အလူးအလဲ ခါးစည်းခံခဲ့ကြရတယ်။

Thursday, March 13, 2014

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ ပြန်ပြင်မည်

(Irrawaddy)

နိုင်ငံတော်အေး ချမ်းသာ ယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ရေး ထိုး ပြဋ္ဌာန်း ခဲ့သော နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် နိုင်ငံသား မဟုတ်သည့် ဧည့်နိုင်ငံသား၊ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူများကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုထားသည့် အတွက် ယင်းအချက်ကို ပြင်ဆင်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။

Tuesday, March 11, 2014

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း ၁၀ – ဗိုလ်သန်းရွှေ အာဏာရှင်ဖြစ်လာခြင်း

(ဧရာဝတီ)

ဦးနေဝင်း လည်း မရှိတော့ တဲ့ အပြင် အတွင်းရေးမှူး (၂) ဒုဗိုလ်ချုပ်ကြီး တင်ဦးက လည်း ၂၀ဝ၁ ခုနှစ် ထဲမှာ ရဟတ် ယာဉ် ပျက်ကျပြီး ကွယ်လွန် သွားပြီး တဲ့နောက် စစ် အစိုးရ ခေါင်းဆောင်တွေ ထဲမှာ ဗိုလ်ချုပ် မှူးကြီး သန်းရွှေ နဲ့ ပခုံးချင်း ယှဉ်နိုင်တဲ့သူ ဆိုလို့ ဒုဗိုလ်ချုပ်ကြီး ခင်ညွန့် တယောက် ပဲ ကျန်တော့တယ်။

စစ်ထောက်လှမ်းရေးရဲ့ ပြည်သူ့ဆက်ဆံရေး အဖွဲ့တွေကလည်း သူတို့ရဲ့အကြီးအကဲကို အလယ်အလတ် သဘောထားရှိသူ၊ နိုင်ငံတကာ ရေးရာတွေမှာလည်း သူ့လောက် ပညာသင်ကြားခွင့် မရခဲ့သလို နိုင်ငံခြား ခရီးစဉ်တွေလည်း အများကြီး မသွားခဲ့ဖူးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး မောင်အေး တို့ထက်ပိုပြီး တာဝန်ရှိသူအဖြစ် ပုံဖော်ပေးခဲ့ကြတယ်။

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း (၉) – ဗိုလ်သန်းရွှေ တိုင်းပြည်ကို အုပ်ချုပ်ခြင်း

(ဧရာဝတီ)

၁၉၉၅ ခုနှစ် ဇူလိုင်လမှာ စစ်အစိုးရ က ဒေါ်အောင်ဆန်း စုကြည် ကို ပြန်လွှတ်ပေး လိုက်တဲ့ အတွက် လူတိုင်း အံ့အား သင့်ခဲ့ရပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လည်း အမှတ်ပြည့်ရ သွားပါတယ်။ 

သူက ဒေါ်အောင်ဆန်းစုကြည်ဆီကို ပြန်လည်သင့်မြတ်ရေး သတင်းစကားတခုပို့ခဲ့ပြီး အကန့်အသတ်မရှိ လုံးဝပြန်လွှတ်ခြင်း ဖြစ်တဲ့အကြောင်း အသိပေးခဲ့ပါတယ်။ ဒီသတင်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လူဖြစ်တဲ့ ဗိုလ်မှူးကြီးကျော်ဝင်းကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်အိမ်ကို သွားပို့ခဲ့ပါတယ်။

Friday, February 28, 2014

မိုက်ရိုင်းရမ်းကား လိုင်စင် ရရှိထားသူ ဗိုလ်လှဆွေ

(မိုးမခ)
တူမောင်ညို(၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၇ )

ပြည်ထောင်စု ဝန်ကြီးဆိုသူတွေ နဲ့ လွှတ်တော်အမတ်ဆိုသူတွေကို “အလှည့်နဲ့မင်းတို့ ရမ်းကြ၊ ကြမ်းကြစမ်းကွာ” လို့ ကြံ့ဖွံ့ပါတီ က အမိန့်ပေးထားပုံပေါ်ပါတယ်။ ဗိုလ်အုန်းမြင့် ပြီးတော့ ဗိုလ်လှဆွေ က ဂျိုကြွလာပါတယ်။ နွားရူးဆူးတိုး ဆိုသလိုပဲ တွေ့သမျှ၊ မြင်သမျှ ကန်ကျောက်၊ ဝှေ့ခတ်သွားပါတယ်။ ထိသူထိ၊ လဲသူလဲ၊ နာသူနာ၊ ကွဲသူကွဲ။

Tuesday, February 25, 2014

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း (၈) – ဗိုလ်ခင်ညွန့် အာဏာပြလာခြင်း

(Irrawaddy)

၁၉၉၂ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး စောမောင် “ကျန်းမာရေးကြောင့်” အနားယူလိုက်ရပြီး ဗိုလ်ချုပ်ကြီးသန်းရွှေ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့်အကြောင်း အစိုးရ အသံလွှင့်ဌာနက ကြေညာခဲ့တယ်။ ဒါကို ဗိုလ်ချုပ်မှူးကြီး စောမောင်နားထောင်လိုက်ရပုံ မရဘူး။ ဒါကြောင့် နောက်တနေ့နံနက်မှာ သူ့ကိုဖယ်ရှားလိုက်ပြီဆိုတာကိုမသိဘဲ ရုံးသွားဖို့ ပြင်ဆင်ခဲ့တယ်။

Monday, February 24, 2014

မြန်မာ့နိုင်ငံရေး ဝဲဂယက်ထဲက ကြီးလေးကြီး

(Irrawaddy)

၂၀၁၄ ကို အကူး မှာပဲ မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေ အနေတွေ၊ အခင်း အကျင်းတွေ က သိသိ သာသာ ပြောင်း လာတာ တွေ့ရ ပါတယ်။ အစွန်းရောက် လူမျိုးရေး၊ ဘာသာရေး အုပ်စုတွေ၊ အမျိုး သားနိုင်ငံရေး ပါတီတွေနဲ့ အရင် စစ် အာဏာရှင် လက်ထက်က တိုင်းပြည် ကို ထင်သလို အုပ်စိုးခဲ့ပြီး အခု လည်း လက်ရှိ အာဏာပါဝါနဲ့ စည်းစိမ်ဥစ္စာ ရှိနေသူတွေ ခေါင်းထောင် ထ လာတာကို တွေ့ရပါတယ်။
မြန်မာ့ အခြေအနေ ကို လေ့ လာစောင့်ကြည့် အကဲခတ်သူတွေ ကတော့ မြန်မာပြည် ဟာ နောက်ကို ပြန် ဆုတ်နေပြီ၊ ရှေ့မဆက်တော့ ဘူး၊ တန့် သွားပြီ လို့ သုံးသပ်ကြပါ တယ်။

Thursday, February 20, 2014

ဦးရွှေမန်း၏ ညွှန်ကြားချက် တပ်မတော် သဘောမတွေ့

(Irrawaddy)

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အခြေခံရမည့်မူ များကို ဖေဖော် ၀ါရီလ ၁၈ ရက်နေ့တွင် ထုတ်ပြန် ခဲ့ရာ ယင်းမူဝါဒများ တွင် တပ်မတော်ကို ဒီမိုကရေစီ ဘောင် အတွင်းရောက်ရှိ စေရေး၊ ရွေးကောက်ခံမဟုတ်ဘဲ သမ္မတ၊ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးအဆင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ ဖြစ်ခွင့်မရှိ ဆိုသော အချက်များ ပါဝင်၍ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ သဘောမ တွေ့ဟု သိရှိရသည်။

Tuesday, February 18, 2014

ဦးသန်းရွှေအားအသေးစိပ်စောင့်ကြည့်ရန် တရုတ်အစိုးရမှ သံအမတ်ကြီးအား လျှို့ဝှက်ညွန်ကြား

(နေပြည်တော် အရေးကြီးသတင်း)

ဦးသန်းရွှေ အားအသေးစိပ်စောင့်ကြည့်ရန် တရုတ်အစိုးရမှ သံအမတ်ကြီးအား လျှို့ဝှက်ညွန်ကြား ထားကြောင်း နေပြည်တော် သတင်း ရပ်ဝန်းမှ အရေးကြီး သတင်းပေးပို့ လာပါသည် ၊

၁ ၊ ဦးသန်းရွှေ ရွေးချယ် ထားသော ဦးသိန်းစိန် အစိုးရ စတက် ကတည်းက မြန်မာပြည်သူ များ၏ အမြင် တွင် တရုတ်အစိုးရအပေါ် အထင် အမြင်လွဲ မှားမှု မုန်းတီးမှုများ တရှိန်ထိုး မြင့် တက်လာသည် ၊

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း ၇ – ဗိုလ်သန်းရွှေ အုပ်ချုပ်မှု စတင်ခြင်း

(ဧရာဝတီ)

အသစ်ဖွဲ့ စည်းလိုက် တဲ့ အုပ်ချုပ်ရေး အဖွဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (SLORC) မှာ ဗိုလ်ချုပ်ကြီး စောမောင်က ဥက္ကဌဖြစ်လာပြီးတော့ ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေက ဒု ဥက္ကဌ ဖြစ်လာတယ်။ အာဏာသိမ်းဖို့ အရေးမှာ အရေးပါတဲ့ နေရာက ပါဝင်ခဲ့သလို ၁၉၈၈ အရေးအခင်းကာလ အတွင်း ပရမ်းပတာ အခြေအနေတွေ ဖန်တီးပြီး စစ်တပ်က အာဏာလွှဲယူလို့ရအောင် လမ်းခင်းကူညီပေးနိုင်ခဲ့တဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးကြီး ခင်ညွှန့် ကတော့ အတွင်းရေးမှူး(၁) အဖြစ် ခန့်အပ်ခြင်း ခံရတယ်။

Thursday, February 13, 2014

တပ်မတော် ရင်ဆိုင် ကြုံတွေ့နေရတဲ့ နိုင်ငံရေးစစ်မျက်နှာ

(စည်းလုံးခြင်းရဲ့အင်အား)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယနေ့ မြန် မာ့နိုင်ငံရေး အခြေ အနေ တွင် ကြီးလေးကြီးများ ဖြစ်ကြတဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အလုပ်ရုံ ဆွေးနွေးပွဲ၊ အခမ်းအနားပွဲ၊ သင်တန်းဆင်းပွဲ စတာတွေမှာ သူတို့ရဲ့ လိုလားချက်တွေကို အသီးသီး ထုတ်ဖေါ်ပြောကြားလာတာ တွေ့ရပါတယ်။

Wednesday, February 12, 2014

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

(Irrawaddy)

ဆယ်စုနှစ် များစွာကြာ စစ်အုပ်ချုပ်ရေး ကို အဆုံးသတ် လိုက်ပြီးနောက် မြန်မာနိုင်ငံ သည် ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံ စာရင်းဝင် သွား သည်နှင့် ပြောင်းပြန် အချိုးညီစွာ ချမ်းသာကြွယ်ဝပြီး ကျန်ရစ်ခဲ့သူ များ တွင် ခရိုနီများနှင့် အတူ ဝန်ကြီးဟောင်း၊ စစ်ဗိုလ်ချုပ်ဟောင်း များလည်း ပါဝင် သည်။

ပြည်သူများ ၏ လက်ထဲမှ ခိုးယူခံရ သည့် မြန်မာပြည် ၏ သဘာဝ သယံဇာတ များမှ ရရှိသော အကျိုး အမြတ်များ၊ မြန်မာနိုင်ငံ ၏ စီးပွားရေး လုပ်ငန်းကြီးများသည် ခရိုနီများ၏ အိတ်ထဲတွင် ရှိနေသည်ဆိုပါလျှင် ယင်းမှာ စုစုပေါင်း၏ ထက်ဝက်ဖြစ်နိုင်ပြီး ကျန်ထက်ဝက်မှာ ဝန်ကြီးဟောင်း၊ ဗိုလ်ချုပ်ဟောင်း ခရိုနီ မိသားစုများ၏ အိတ်ထဲတွင် ရှိနေပေသည်။

စစ်တပ် လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံးဟု ND-Burma ထုတ်ပြန်

(Irrawaddy)

၂၀၁၃ ခုနှစ် ဇူလိုင် လမှ ဒီဇင် ဘာလ အတွင်း မြန်မာနိုင်ငံ၌ လူ့အခွင့် အရေး ချိုးဖောက် မှု ၁၀၆ ခု တွင် စစ်တပ်မှ ကျူးလွန်မှု အများ ဆုံး ဖြစ်ကြောင်း လူ့အခွင့် အရေး မှတ်တမ်း ကွန်ရက်(မြန်မာနိုင်ငံ) (ND-Burma) က ကောက်ယူ ခဲ့သော မြန်မာနိုင်ငံ လူ့အခွင့် အရေး အခြေ အနေ အစီရင်ခံစာ တွင် ဖော်ပြ ထားသည်။

အဆိုပါ အစီရင်ခံစာကို ND-Burma က ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ၆ လ တာ အတွင်း မှတ်တမ်းတင် ကွင်းဆင်း ကောက်ယူ စုဆောင်းခဲ့ခြင်း ဖြစ်ကြောင်း၊ မှတ်တမ်းတင်ရာတွင် လူ့အခွင့်အရေး NGOများ၏ အကူအညီကို ရယူပြီး အစီရင်ခံစာ အတွက် အချက်အလက်များအား ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Tuesday, February 11, 2014

ဒဏ်ခတ်ပိတ်ဆို့မှုဆူးကြားက ဗူးခါးခရိုနီများ

(ဧရာဝတီ)

မြန်မာနိုင်ငံ ပွင့်လင်း လာမှုနဲ့ အတူ အသွင် ကူးပြောင်းရေး ကာလ စစ်အစိုးရ လက်ထက်က ကြီးပွား ချမ်းသာ ခဲ့တဲ့ ခရိုနီတွေ လည်း အမေရိကန် ရဲ့ ပိတ်ဆို့ အရေးယူမှု စာရင်းထဲ ကနေ လွတ်မြောက်ဖို့ နည်းမျိုးစုံ နဲ့ ကြိုးစားနေ ကြပါ တယ်။ 

ခရိုနီတွေ ကြီးပွား ချမ်းသာခဲ့တဲ့ နည်းလမ်းတွေပေါ် မူတည်ပြီး အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ အထူး သတိ ထား စောင့်ကြည့်ရ မည့်သူများ (SDN) စာရင်း ကနေ လွတ်မြောက်နိုင်ဖွယ်ရှိသူတွေ ရှိပေမယ့် တချို့ကတော့ လွတ်မြောက်ဖို့ လမ်းမမြင်ပါဘူး။