Tuesday, September 9, 2014

တပ်မတော် ထိပ်ပိုင်း ရာထူးတချို့ အပြောင်းအလဲ လုပ်

(ဧရာဝတီ)

မြန်မာ့တပ်မတော် အတွင်း ထိပ်ပိုင်းရာထူးနေရာ အပြောင်းအလဲများ စက်တင်ဘာလ ၈ ရက်နေ့ တွင် ဖြစ်ပေါ်ခဲ့ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး အပါအ၀င် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နှင့် ဗိုလ်ချုပ်အဆင့် တပ်မတော် အရာရှိတချို့ကို ရာထူး တာ ၀န် ပြောင်းရွှေ့မှုများ ပြုလုပ်ကြောင်း သတင်းရှိရသည်။

စစ်ဦးစီးအရာရှိချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးကို  စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာချုပ် (စရဖ) အဖြစ် ခန့် အပ် လိုက်သည့်အပြင် စစ်ဆင်ရေး အထူးအဖွဲ့မှူး ကစထ (၆ ) နေပြည်တော်သို့ ပြောင်းရွှေ့ တာဝန်ပေးလိုက်ကြောင်း၊ ယခင် စစ်ဘက် ဆိုင်ရာလုံခြုံရေးအရာချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ကို စစ်ဦးစီးအရာချုပ် (ကြည်း) တာဝန်ယူရန် ပြောင်းရွှေ့ လိုက်ပြီး စစ်ဆင်ရေး အထူး အဖွဲ့မှူး (ကစထ ၅) ကိုပါ တာဝန်ယူရမည်ဖြစ်ကြောင်း သိရှိရသည်။

Wednesday, July 23, 2014

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (နိဂုံး)

(ဧရာဝတီ)

ပြီးခဲ့သော ဆောင်းပါး တွင် ဦးကျော်ငြိမ်းနှင့် ပတ်သက်၍ ဗိုလ်နေ၀င်း ၏ တုံ့ပြန်ဝေဖန် ချက်များကို တင်ပြခဲ့ ပါသည်။ ဦးသန်း(ကိုသန်း- ကြည့်မြင်တိုင်) အပါ အ၀င် ဆိုရှယ်လစ် ပါတီ လူဟောင်းများ ဘက်ကမူ ဗိုလ်နေ၀င်း အပေါ် စစ်ရေး နိုင်ငံရေးအရ လုံးဝ အထင် မကြီးသော ဝေဖန်စကားများ ကိုသာ စာရေးသူကြားခဲ့ဘူးပြီး ဖဆပလနှင့် ဆိုရှယ်လစ် အုပ်စုမှ စစ်ရေး နိုင်ငံရေး တွင် အမှန်တကယ် တန် ဘိုး ထားသော စစ်ရေး နိုင်ငံရေး အနာ ဂတ်ခေါင်းဆောင် ဖြစ် လာနိုင်သူမှာ ဗိုလ်မောင်မောင် သာဖြစ်ကြောင်း လေ့လာ သိရှိရပါသည်။

Tuesday, July 22, 2014

ကာချုပ်သစ် အဖြစ် ရေပန်းစားသော ဗိုလ်ချုပ်မြထွန်းဦး ရာထူးတိုး

(ဧရာဝတီ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သစ် အဖြစ်ရေပန်း စားနေသည့် ဗိုလ်ချုပ်မြထွန်းဦးကို ဇွန်လနှောင်းပိုင်းတွင် ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် ရာထူး တိုးမြှင့်ပေးလိုက်ပြီး တပ်မတော်တွင် လက်ရှိ နံပါတ် ၄ အဆင့်ရှိ ဒုတိယ ဗိုလ်ချုပ်ကြီး တဦး ဖြစ်လာကြောင်း စစ်ဘက် သတင်းရပ်ကွက်မှ သိရှိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ပြီး  ၂၀၁၂ ခုနှစ်တွင် စစ်ဦးစီးအရာရှိ ချုပ်(ကြည်း) အဖြစ် ခန့်အပ်ခံထားရသူဖြစ်ကြောင်း၊ ယခင် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သဘောကျခဲ့ သည့် မျိုးဆက်သစ် တပ်မတော်အရာရှိ တဦးဖြစ်ကာ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးကိုယ်တိုင်ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို လေးစားရိုသေသူဖြစ်ကြောင်း သိရှိရသည်။

Monday, July 21, 2014

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် သူတို့ မမြင်လိုတော့ပြီလား

(Irrawaddy)

မြန်မာ အစိုးရနှင့် လှိုက်လှဲနွေးထွေးသော ဆက်ဆံရေး ထူထောင် ရရှိပြီးသည့် ယခု အချိန် တွင် အနောက်နိုင်ငံများ အနေဖြင့် မြန်မာ့ တပ်မတော်နှင့် ဆက်သွယ် မှုများ ပြန်လည် ထူထောင်ရန် သင့်မသင့် ကို ဂရုတစိုက် ဆင်ခြင် သုံးသပ်နေကြ ပြီဖြစ်သည်။

အမေရိကန် စစ်တပ်မှ ကိုယ်စားလှယ်များနှင့် မြန်မာအရာရှိများကြား တိတ်တိတ် ဆိတ်ဆိတ် အစည်းအဝေးပွဲ များ ပြုလုပ်ခဲ့ကြပြီးဖြစ်ပြီး အင်္ဂလန် နိုင်ငံကလည်း မြန်မာစစ်တပ်ကို လူ့အခွင့်အရေး သင်တန်းပေးခဲ့သည်။ ဩစတြေးလျကလည်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့များတွင် မြန်မာစစ်သား များ ပါဝင်လာနိုင်ရန် ဖြစ်နိုင်ချေ များ ရှာဖွေမည်ဟု ပြောသည်။ ယခုမှ အခြေတည်လာသည့် ပူးပေါင်း ဆောင်ရွက်မှုအပေါ် ဝေဖန်သူများလည်း ရှိနေပြီး Burma Campaign UK က မြန်မာစစ်တပ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက် ရက်စက်မှုများအတွက် တာဝန်ရှိနေကြောင်း အထူး သဖြင့် တိုင်းရင်းသား လူနည်းစုများ နေထိုင်သည့် ဒေသများတွင်ဖြစ်ကြောင်း ဝေဖန်ပြောဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၅)

(Irawaddy)

ကျနော် ဖော်ပြခဲ့သော အချက်အလက်များအရ ယုတ်မာရက်စက်သော အကျင့်စရိုက်ကို ကျင့်သုံးခဲ့ကြသူများသည် ပြည်ပက လာသူများသာမဟုတ်ဘဲ ပြည်တွင်းက ဇာတ်တူသား စားသူများက အဓိက ဖြစ်သည်ကို ပညာသတိရှိသူများ သိနိုင်လောက်ပြီ ထင်ပါသည်။ နွားကွဲလျှင် ကျားဆွဲခံရသည်မှာ ဓမ္မတာဖြစ်ရာ ပြည်တွင်းမညီညွတ်လျှင် ပြည်ပသားဝံပုလွေတွေကလည်း ပါဝင်လာကြတော့မည်မှာ သဘာဝကျပါသည်။ သို့သော် ပြည်တွင်းမှ နိုင်ငံတော်ဟု အမည်ခံထိုက်သူပုဂ္ဂိုလ်များ ကိုယ်တိုင်ကျူးလွန်နေနိုင်ခဲ့သော နိုင်ငံတော်သစ္စာဖောက်မှု ဖြစ်နေသဖြင့် နိုင်ငံတော်လုပ်ကြံမှု ဖြစ်ရပ်မှန်သမိုင်း ပေါ်ထွက်ရေးမှာ ယနေ့တိုင်ဖြစ်မလာသေးခြင်းသည် ထူး၍မဆန်းသောအကြောင်း ဖြစ်ပါသည်။

Saturday, July 19, 2014

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၄)

(ဧရာဝတီ)

ကွန်မြူနစ် သခင်ဗဟိန်းအား တပ်မတော်ကို ဦးစီးခေါင်းဆောင်နေရာပေးရန် ဗိုလ်ချုပ်အောင်ဆန်း လျှို့ဝှက်စီစဉ်ခဲ့ပုံကို ဆိုရှယ်လစ်များ သိသွားဟန်ရှိသည်ဟု ဗိုလ်ကျော်ဇောက ၄င်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ် (စာမျက်နှာ ၁၁၉) တွင် ဗိုလ်အောင်ကြီး၏ ၁၉၈၈ ခုနှစ်ကာလ ဦးနေ၀င်းထံပေးစာများကို ရည်ညွှန်း ကောက်ချက်ချခဲ့ခြင်း ဖြစ်ပါသည်။

Friday, July 18, 2014

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၃)

(Irrawaddy)

ဆိုရှယ်လစ်ပါတီ၏ လျှို့ဝှက် စစ်ရေး ခေါင်းဆောင် စောရန်နောင်သည် ဖော်ကောင် ဘညွှန့်ကို အမှီပြု၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ လတွင်ကျမှ ဦးစောထံ ရောက်ရှိ လာသူ ဖြစ်သည်။ ဦးစော လန်ဒန်တွင် အောင်ဆန်း-အက်တလီ စာချုပ်ကို သဘောမတူဘဲ လက်မှတ် ထိုးရန် ငြင်းပယ်၍ ဦးအောင်ဆန်းကို ဆန့်ကျင်မှု ပြုခဲ့ပြီး ချိန်တွင် ဖြစ်ပါသည်။ ဦးစော မြန်မာပြည် ပြန်ရောက်သည့် အချိန်တွင်လည်း ဦးအောင်ဆန်း ဦးဆောင်သော ဘုရင်ခံကောင်စီမှ ဦးစော အထွက်ပြချိန်တွင် အချိန်ကိုက်၍ စောရန်နောင်သည် ဦးစောထံ ၀င်ရောက် လာခဲ့သူ ဖြစ်သည်။ ထိုအချိန် မတိုင်မှီအထိ လွန်ခဲ့သော ၅ လ (၁၉၄၆ စက်တင်ဘာလ ၂၁ရက်) က ဦးစောအား လုပ်ကြံ သူကို ဦးစောကိုယ်တိုင် အဖြေ မထုတ်နိုင် သေးပါ။ ဖော်ကောင် ဘညွှန့်နှင့်အတူ ပါလာသော စောရန်နောင်က “ဦးစောအား လုပ်ကြံသူ များသည် ဦးအောင်ဆန်း၏ လူများဖြစ်သည်။ ၄င်းတို့အား ပြန်လည် လုပ်ကြံ တိုက်ခိုက်ရမည်” ဟူသော သွေးထိုး စကားဖြင့် ၀င်ရောက် လာသည့် အချိန်ကစ၍ ဦးစော စိတ်ပြောင်း သွားခဲ့ပုံ ရသည်။ 

Thursday, July 17, 2014

နေပြီတော်အစိုးရနောက်မှ လျှို့ဝှက်ချက်များကို ဖေါ်လိုက်ပြီ

စာဖတ်သူများ မှတ်တမ်းအဖြစ် သိမ်းယူထားနိုင်အောင် ရည်ရွယ်၍ အသေးစိတ် တင်ပြထားခြင်းဖြစ်ပြီး နေပြည်တော် တည်ဆောက်မှုသည် ပြည်သူများအတွက် ဒီမိုကရေစီ အဆောက်ဦးတခု အနာဂတ်တွင် ဖြစ်ပေါ်လာစေရန်မဟုတ်ကြောင်း သက်သေခံထားပါသည်

(ဂိုလ်ရှယ်လေး)



2010 ခုနှစ် ဇွန်လ ၂၁ နေ့တွင် မြန်မာပြည်သို့ အလည်ပတ်ရောက်၇ှိလာသော လာအိုဒီမိုကရစ်တစ်သမ္မတ နိုင်ငံမှ ၀န်ကြီးချုပ် Bouasone Bouphavanh ဘိုဆွန်ဘိုဟာဗန်းက နေ့လည် ၁၀- နာရီ မိနစ် ၄၀ မှာ နေပြည်တော် လေဆိပ်ကိုဆိုက်ရောက်ခဲ့ပါတယ်။ လာအိုဝန်ကြီးချုပ်မှာ သူ၏ ဆိုက်ရောက်လာသော နေပြည်တော် လေယာဉ်ကွင်းတွင် လေယာဉ်ပေါ်မှ ဆင်းရန် လေယာဉ်မှ ထွက်လိုက်သည်နှင့် သူမျှော်လင့်ထားသလို စစ်ဗိုလ်ချုပ်ကြီးများမှ သူ့အား ခန့်ငြားထည်ဝါစွာ ဆီးကြိုနေသော မြင်ကွင်းတခုမဟုတ်ရလေပဲ လာအိုနိုင်ငံ၏ဆက်စပ်လျှက်ရှိသော ထိုင်းနိုင်ငံ ဒေသ တောနယ်သူများ ၀တ်ဆင်လေ့ရှိသော ရိုးရာဝတ်စုံများဖြင့် စောင့်ကြိုနေကြသော နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် အခြားသော တောသူများဝတ်ဆင်လေ့၇ှိသော အ၀တ်စားများဖြင့် သူအားကြိုဆိုနေသည်မို့ အံ့သြမှင်သက်မှုပင် ဖြစ်ခဲ့ရကြောင်း သူ၏ လာအိုနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးမှ ထုတ်ပြန်သော သံတမန်ခရီးစဉ်နှင့် အတွေ့ကြုံများ မှတ်တမ်းတွင် ရေးသားထားလေသည်။

မင်းအောင်လှိုင်၏အာဏာနီ (အပိုင်း-၂)



ဂါမဏိ၊ ဇူလိုင် ၁၆၊ ၂၀၁၄
(မိုးမခ)

မင်းအောင်လှိုင်ရဲ့ အာဏာနီ တည်ဆောက်ရေး လို့ ခေါင်းစဉ်တပ် ထားပေမဲ့ ပုဂ္ဂိုလ်တဦးချင်း ကို ဆိုလိုတာ မဟုတ်ဘဲ ဗမာပြည်က စစ်အာဏာရှင် စနစ်ရဲ့ ပကတိ အခြေအနေကို ပြောနေတာကို သဘောပေါက်ကြမယ် ထင်ပါတယ်။ ၈၈ အာဏာသိမ်းစစ်ခေါင်းဆောင် စောမောင် ပြောခဲ့ဖူးသလို မာရှယ်လော ဆိုတာ အကြီးဆုံးဗိုလ်ချုပ် လုပ်ချင်ရာလုပ်လို့ ရတယ် ဆိုတဲ့စကားအတိုင်း စစ်အာဏာရှင်တွေမှာ စုပေါင်းခေါင်းဆောင်မှုဆိုတာ မရှိဘဲ တဦးတယောက်တည်းရဲ့ သဘောထားတွေ လုပ်ရပ်တွေကသာ အဓိကဖြစ်နေတဲ့အတွက် လက်ရှိကာချုပ် မင်းအောင်လှိုင်ကို သုံးသပ်ဖွင့်ချရတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၂)

(ဧရာဝတီ)

“စောရန်နောင်ကို အရှင်ဖမ်းမိလျှင် ဆိုရှယ်လစ်ပါတီနဲ့ ဗိုလ်ချုပ်လုပ်ကြံခံရမှု ဘယ်လို ဆက်စပ်နေတယ်ဆို တာ ပေါ်မှာပဲဆိုပြီး တို့ပြည်သူ့ရဲဘော်တွေကလည်း ဒီကောင့်ကို လိုက်ရှာတာဘဲ၊ မတွေ့ဘူး။ ဆိုရှယ်လစ်ပါတီဂိုဏ်းသား ပဲခူးဗိုလ်ကြာညွှန့်နဲ့ ဗိုလ်တင်အောင် (မြေပဒေသာစီမံကိန်း အထူးအရာရှိ၊ မာဇဒါဂျစ် ကားမှောက်၍ သေဆုံးသွားသဖြင့် မာဇဒါဂျစ်တင်အောင် ဟုခေါ်သူ) တို့က ပဲခူးဘက်မှာ စောရန်နောင်ကို အလျင် လက်ဦးစွာ ဖမ်းမိ၍ ချုပ်နှောင်ခေါ်ဆောင်လာစဉ် ကားပေါ်မှ ထပ်မံထွက်ပြေးပြန်သဖြင့် ပဲခူး ဆယ်မိုင်ကုန်းထိပ်တွင် ပစ်သတ်လိုက်ရပါသည်ဟူသော ဇာတ်လမ်းနဲ့ နိဂုံးချုပ်သွားတယ်ကွာ။ ငါ ဒီဇာတ်လမ်းကို မယုံဘူး။ အမေရိကန်သမ္မတ ကနေဒီကို လုပ်ကြံတဲ့ အော့ဇ်ဝဲလ်ဆိုတဲ့ တရားခံကို ကနေဒီအတွက် နာကျည်းဒေါသထွက်နေသူက ထပ်မံသတ်လိုက်သည်ဆိုတဲ့ ဇာတ်လမ်းမျိုးပါပဲကွာ။ နောက်မှ စဉ်းစားကြည့်တော့ ဦးစောကို မထိတထိ သွားလုပ်ကြံယောင်ဆောင်တဲ့ ရန်ကုန်ဘဆွေလည်း ဆိုရှယ်လစ်ပါတီက EC တယောက်ဖြစ်နေပြီး ငါတို့ပြည်သူ့ရဲဘော်အဖွဲ့က ကားကို မလိမ့်တပတ်နဲ့ ယူ စစ်ယူနီဖောင်းဝတ်ပြီး သရုပ်ဆောင်ခဲ့တာတွေဟာ ဗိုလ်ချုပ်နဲ့ တို့ပြည်သူ့ရဲဘော်တွေ အားလုံး ဆိုရှယ်လစ်တွေရဲ့ နိုင်ငံရေးဆင်ကွက်ထဲမှာ စတေးခံခဲ့ရတာပါ။ ဒီဇာတ်လမ်းကို ဘယ်လိုမှ ရှင်းလို့မရဘူးကွာ” ဟု ဗိုလ်စက်ရောင်က ဆက်ပြောပါသည်။

Wednesday, July 16, 2014

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၁)

(ဧရာဝတီ)

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်ဝန်းကျင်မှာ ရန်ကုန်မြို့ အတွင်းဝန်များရုံး အတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရစဉ်အချိန်က ဤစာရေးသူသည် လသားခန့်အရွယ်သာ ရှိခဲ့ပါသည်။ ဆရာသမား လူကြီးများ၏ တဆင့်ပြောကြားချက်၊ စာနယ်ဇင်းနှင့် သတင်းစာဆောင်းပါးများကို ဖတ်ရှုလေ့လာချက်အရသာ ဤနိုင်ငံတော်လုပ်ကြံမှုကြီးအကြောင်းကို သိရှိခွင့်ရခဲ့ပါသည်။ လုပ်ကြံမှုနှင့် ပတ်သက်၍ စိတ်ကူးယဉ်ဇာတ်လမ်းများလည်း ငယ်စဉ်ကလေးဘ၀က ကြားခဲ့ဘူးသည်များလည်း ရှိခဲ့ပါ၏။ ဗိုလ်ချုပ်သည် ယနေ့တိုင်မသေသေးဟုပင် အလွန် နားထောင်ကောင်းလှသော ပါးစပ်ရာဇ၀င်များဖြင့် လူကြီးသူမများက စာရေးသူတို့ငယ်စဉ်တွင် ပုံပြင်သဖွယ် ပြောဆိုသည်ကိုလည်း ကြုံခဲ့ဘူးပါ၏။

ထိုင်းဘုရင့်ကောင်စီ ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သားအဖြစ် မွေးစားဟု စင်ကာပူ သတင်းစာ ဖော်ပြ

(ဧရာဝတီ)

အငြိမ်းစား ယူပြီးနောက် သမ္မတ ရာထူးရ ယူ လာနိုင်တယ်လို့ ခန့်မှန်းနေကြ တဲ့ လက်ရှိ ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ထိုင်းစစ်ဦး ချုပ်ဟောင်း Prem Tinsulanonda က သားအဖြစ် မွေးစားတယ် လို့ စင်ကာပူအခြေစိုက် The Straits Times သတင်းစာ က ဖော်ပြပါ တယ်။

ထိုင်းနိုင်ငံ စစ်ဦးစီးချုပ်ဟောင်း၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိ ထိုင်းဘုရင့်ကောင်စီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda က မွေးစားသားအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း၊ မွေးစားခြင်းဟာ ခေါင်းကိုင်ဖခင်နဲ့ ခေါင်းကိုင်သားတို့ရဲ့ ဆက်ဆံရေးဖြစ်ကြောင်း ရေးသားထားပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ ဖခင်များဟာ ယခင် သက်ဆိုင်ရာ စစ်တပ်များ အသီးသီးမှာ တာဝန် ထမ်းဆောင်ခဲ့ကြစဉ်က သိကျွမ်းခဲ့ကြကြောင်း ဖော်ပြထားသော်လည်း ဧရာဝတီက သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

Monday, June 9, 2014

ဦးနေဝင်းရဲ့ အိမ်နီးချင်းသစ်

(Irrawaddy)
ကိုးကန့် တရုတ် စစ်ဘုရင်နှင့် ဘိန်းဘုရင် တဦး ဖြစ်သော လော်စစ်ဟန် မူးယစ်ဆေးမှ ရရှိသည့် ငွေများဖြင့် တည်ထောင် ထားသော အေးရှားဝေါလ် လုပ်ငန်းစုပိုင် လှည်းတန်း စင်တာတွင် ဥရောပသမဂ္ဂရုံး ဖွင့်လှစ်ခြင်းသည် အငြင်းပွားဖွယ် ဖြစ်သည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မြန်မာနိုင်ငံ ၏ အာဏာ ရှင်ဟောင်း ဗိုလ်ချုပ် ကြီးနေ၀င်း တချိန် က နေထိုင်ခဲ့ သည့် အေဒီလမ်း (ယခု မေခလမ်း) သည် မြန်မာနိုင် ငံတော် သမိုင်း မှ အတက်အကျ များကို မျက်ဝါး ထင်ထင်မြင်ခဲ့ရသည်။ သူအုပ်စိုးစဉ် က အထက်တန်းကျ၍ သစ်ပင်ကြီးများ စိမ်းစိုဖုံးလွှမ်းနေ သည့် အိမ်ရာ များ တည်ရှိရာ ရန်ကုန်မြို့ ၏ နာမည်ကြီး အင်းလျားကန် အနီးမှ လမ်း သည် အစောင့်အကြပ် ထူထပ်ပြီး စစ်သားများက မည်သည့် ဧည့်သည် ကိုမျှ ၀င်ရောက် ခွင့်ပြုခဲ့သည် မဟုတ်ပါ။

ဗိုလ်ချုပ်ကြီး နေ၀င်းအာဏာ စွန့်လွှတ်ခဲ့ရပြီး ၂၀၀၂ ခုနှစ်တွင် ကွယ်လွန်ခဲ့ သည့်နောက် ထိုနေရာ၏ ကျော်ကြားမှု၊ ဆွဲဆောင်မှု ပျောက်ဆုံး ခဲ့ရသည်။ သို့သော်လည်း ၀င်ထွက်သွားလာရေး ကို ဆက်လက်၍ တင်းကျပ် ထားဆဲ ဖြစ်သည်။ ယနေ့ အချိန်တွင် ပင်  “ရပ်” ဆိုသည့် ဆိုင်းဘုတ် တခုနှင့် ရဲအဖွဲ့ စစ်ဆေးရေး ဂိတ် ဖြင့် ပိတ်ဆို့ထား သည်။ အာဏာရှင်ဟောင်း ၏ ဆွေမျိုးများနှင့် သမီးများ ဆက် လက် နေထိုင်ကြပြီး အေဒီလမ်း အတွင်းမှ အိမ် ယာ ပိုင်ဆိုင်မှု အမြောက် အများကို ပိုင်ဆိုင်ထား ကြ သည်။

Friday, June 6, 2014

အခွင့်ထူးခံ စစ်ဗိုလ်အုပ်ချုပ်တဲ့ ဓလေ့ထုံးစံ

(VOA)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ စစ်တပ် က အခွင့်ထူးခံ ယူထားတာကို NLD အဖွဲ့ချုပ်နဲ့ ပြည်သူ လူထုက ပြင်ဆင်ဖို့ ကြိုးပမ်းနေကြပါ တယ်။ ဒီအတော အတွင်း အခွင့်ထူးခံယူတဲ့ ဥပမာတခု ကို မေလ (၂) ရက်နေ့ထတု မြန်မာ သံတော်ဆင့် မှာ အောင်ထွန်းလင်း ဆိုသူက ဖော်ပြပါတယ်။ သမ္မတလစာက ကျပ်သိန်း (၅၀) ဖြစ်ပြီး အငြိမ်းစားဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့  ပင်စင်လစာက သိန်း (၁၀၀)၊ ဒု-ဗိုလ်ချုပ်မှုးကြီးမောင်အေးရဲ့  ပင်စင်လစာက သိန်း (၈၀) ဖြစ်နေတယ်လို့ ဆိုပါတယ်။ အငြိမ်းစာစစ်ဗိုလ် (၆၉) ဦးရဲ့  အိမ်အမှုထမ်း (၄၀၀) ကျော်အတွက် ကျပ်သိန်းပေါင်း (၁၆၀၀) ကျော်ကိုလည်း အစိုးရက နှစ်စဉ်ထောက်ပံ့နေရပါတယ်။

Thursday, May 29, 2014

မင်းအောင်လှိုင်၏ အာဏာနီတည်ဆောက်ရေးအန္တရာယ်

(နေ့သစ်)

အာဏာနီ တည်ဆောက်ရေး ဆိုလို့ တချိန်က ပဲခူးရိုးမမှာ ဗကပတွေရဲ့ အာဏာနီ တည်ဆောက်ရေးလို့ မထင်လိုက် ပါနဲ့။ ဒီစကားလုံးဟာ ဗမာ့တပ်မတော်ထဲမှာ ထိပ်ပိုင်းရာထူးကြီးတွေ ရထားတဲ့ ဗိုလ်ချုပ်တွေက ကိုယ့်ရာထူးနေရာ ခိုင်မြဲအောင်၊ နောက်ထပ် ထိပ်တကာထိပ်နေရာတွေကို တက်နိုင်အောင် အခြေခံကောင်းတည်ဆောက်တာ၊ ဂွင်ဖန်၊ အင်အားစု၊ ဆရာမွေး၊ တပည့်လက်သားစုဆောင်း၊ ကိုယ့်လူမဟုတ်သူကို ချောင်ထိုးတာတွေကို ခေါ်တဲ့ဝေါဟာရ ဖြစ်နေပါပြီ။
ဒီလုပ်ရပ်ကို ဗကပရဲ့ အာဏာနီတည်ဆောက်ရေး စကားလုံးမပေါ်ခင် အစောပိုင်းကတည်းက စစ်တပ်ထဲမှာ လုပ်နေ ခဲ့ပေမဲ့ အခု နောက်ပိုင်းကျမှ ဗကပစကားလုံးကို ဗမာစစ်တပ်ထဲ တရားမဝင်ယူမွေးစားလိုက်တာ ဖြစ်တယ်။