ဦးအောင်သောင်း ကို ၁၉၄၀ ခုနှစ် ဒီဇင်ဘာလ (၁)
ရက်နေ့မှာ မွေးဖွားခဲ့ ကာသူ့ ကိုယ်သူ ဝဲလောင်ရွာ ဇာတိလို့ ပြောလေ့ ရှိပါတယ်။
အချို့မှတ်တမ်းတွေ မှာတော့ တောင် သာမြို့နယ် ကျောက်ကာ ရွာ ဇာတိလို့ ဆိုပါ တယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ သူ့ကို ဝဲလောင်သား လို့ ခေါ်လေ့ရှိတယ်လို့
ဆိုပါတယ်။
သားသမီးခြောက်ယောက်ရှိပြီး တစ်ဦးကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ သားမက်ဖြစ်ပါတယ်။ ဦးအောင်သောင်းအား OTS အပတ်စဉ် (၃၀) ဆင်းဖြစ်ပြီး တပ်မတော်မှာ ဗျူဟာမှူး ဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် မတ်လ(၃၀) ရက်နေ့အထိ စက်မှု (၁) ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မွေး/ရေ ဝန်ကြီးအဖြစ်နဲ့လည်း တာဝန်ထမ်းဆောင်ခဲ့ပါသေး တယ်။