Friday, May 8, 2015

ဦးရဲထွဋ်၊ ဦးခင်လှိုင်နှင့် ရန်ကုန်မြို့က အရှုပ်ထုပ်များ

(ဧရာဝတီ)

အခုရက်ပိုင်းအတွင်း ရန်ကုန်စည်ပင် အမှိုက်သိမ်းတာနဲ့ပတ်သက်ပြီး အလေးအနက် ထားလာနေရပါပြီ။ အကြောင်းကတော့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ဖေ့ဘွတ်မှာ ဝေဖန်ခဲ့ရာက အစပြုခဲ့ပါတယ်။
“ဗိုလ်တထောင်ကမ်းနား။ ရှုခင်းလည်းမလှ။ လေကောင်းလေသန့်လည်းမရ။ လေ့ကျင့်ခန်းလုပ်သူတွေ စိတ်ပျက်စေတဲ့ အမှိုက်တွေ၊ အနံ့ဆိုးတွေ၊ ခွေးလေခွေးလွင့်တွေ” ဆိုပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ ဖေ့ဘွတ်ပေါ်မှာ မေလ ၄ ရက်နေ့ မနက်မှာ ဓာတ်ပုံတွေနဲ့ အတူ ရေးတင်လိုက်တယ်။

Tuesday, May 5, 2015

စစ်တပ်က မီဒီယာကို အမိန့်ပေးနိုင်သလား

(Mizzima)

စစ်တပ်သည် စည်းကမ်းကို အခြေပြုသည့် အဖွဲ့အစည်းဖြစ်ပြီး အမိန့်နှင့် အုပ်ချုပ်သည်။ “ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်” ဟူသည့် စကားသည် စစ်တပ်သဘောကို စကားလုံးကျစ်ကျစ်နှင့် အဓိပ္ပာယ် ဖော်ဆောင်ခြင်းဟု မြန်မာပြည်သူ အများစုက နားလည်ထားကြသည်။
တစ်ခေတ်ကတော့ စစ်အာဏာရှင်များက သေနတ်ပြောင်းဝ ပြည်သူ့ဘက် လှည့်ထားခြင်းဖြင့် အုပ်ချုပ်ခဲ့ကြသဖြင့် ပြည်သူများသည်လည်း စစ်ဖိနပ်အောက်တွင် ရှိခဲ့ကြသည်။ ပြည်သူများကြား ရှင်သန်နေထိုင်ခဲ့ရသော မီဒီယာများသည်လည်း ထိုဒဏ်မှ မလွတ်ကင်းခဲ့ပါ၊ စစ်ထောက်လှမ်းရေးများက ကြီးကြပ် စစ်ဆေးသော စာပေ စိစစ်ရေး ကင်ပေတိုင်များနှင့် အလုပ်လုပ်ကြရသည်၊ မချစ်သော်လည်း အောင့်ကာ နမ်းရသည်၊ အမိန့်ပေး စေခိုင်းသည့်အတိုင်း လိုက်နာလုပ်ဆောင်ရသည်။ မဟုတ်လျှင် ထောင်နန်းစံရကိန်း ရှိလေသည်။