Friday, November 27, 2015
တရုတ် ရေကာတာ နဲ့ အစိုးရသစ်
(VOA)
နိုင်ငံပေါင်း (၇၀) ကျော် မှာ ရေကာတာ (၃၀၀) ကျော်ကို တရုတ် ကုမ္ပဏီတွေက တည်ဆောက်နေပါတယ်။ ဒီအထဲမှာ မြန်မာပြည် မှာ တည်ဆောက်မယ့် အကြီးစား ရေအားလျှပ်စစ် (၃၀) ကျော် ပါဝင်ပါတယ်။ ရည်ရွယ်ချက်က တရုတ်ပြည်ကို ဓါတ်အားပေးဖို့ ဖြစ်တာမို့ ဆန့်ကျင်သူတွေ တိုးပွားနေပါတယ်။ ၂၀၁၁ မှာ မြစ်ဆုံဆည်ကိုဆောက်ရင်း တန်းလန်းရပ်ဆိုင်းခဲ့ပေမယ့် မဂ္ဂါဝပ်တစ်ရာရှိတဲ့ ချီဖွေငယ်နဲ့ မဂ္ဂါဝပ် (၂၄၀) ရှိတဲ့ တာပိန် (၁) ရေအားလျှပ်စစ်ပြီးစီးလို့ ဓါတ်အား (၈၀) ရာခိုင်နှုန်း၊ ယူနန်ကို တင်ပို့နေပါတယ်။ ဒါကြောင့် အစိုးရသစ် ကိုင်တွယ်ရမယ့် ပြဿနာကြီးတွေထဲမှာ တရုတ်ရေကာတာ စီမံကိန်းလည်း ပါဝင်ပါတယ်။
စစ်တပ် နဲ့ NLD ပြေလည်ဖို့ အရေးကြီး
(VOA)
ဒီတပတ် မြန်မာ့ မျက်မှောက်ရေး ရာ ဆွေးနွေးခန်း အစီ အစဉ် မှာ ဒေါ်အောင်ဆန်း စုကြည်က သူဟာ သမ္မတရာထူး အထက် ကနေမယ် လို့ ပြောကြား လိုက်တာဟာ မြန်မာနိုင်ငံ လက်ရှိ ဖွဲ့စည်းပုံ အခြခံဥပဒေရဲ့  အားနည်းညံ့ဖျင်းမှု ကို ဖော်ပြ လိုက်ခြင်းဖြစ်တယ် လို့ အမေရိကန်ပြည်ထောင်စု Carnegie Institute က အာရှရေးရာ အကြီးတန်းသုတေသီ Vikram Nehru (ဗီကရမ်း နေရူး) က ပြောကြားလိုက် ပါတယ်။ ရွေးကောက် ပွဲလွန် မြန်မာနိုင်ငံ အတွက် စိန်ခေါ်မှုတွေအကြောင်း Mr Nehru  နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
Wednesday, November 25, 2015
တပ်ချုပ်နဲ့ Washington Post မေးမြန်းခန်းအပေါ် အမြင်တချို့
(VOA)
ရွေးကောက်ပွဲအနိုင်ရ NLD ပါတီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နဲ့ လာမယ့် ဒီဇင်ဘာလ ထဲမှာ တွေ့ဆုံ သွားမယ်လို့ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Washington Post သတင်းထောက်နဲ့ တွေ့ဆုံ စဉ် ပြောကြား လိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု အပြည့်အဝ ရရှိရေးနဲ့ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အားလုံး အဆုံးသတ်သွားမှပဲ အရပ်သားအစိုးရလက်ထဲကို အာဏာ အပြည့်အဝ လွှဲပြောင်းရေး ဖြစ်နိုင်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မြန်မာ့တပ်မတော်ဟာ အရပ်သားအစိုးရလက်ထဲ အာဏာလွှဲပေးဖို့ တွန့်ဆုတ်နေပုံရတယ်လို့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေက သုံးသပ် ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
ရွေးကောက်ပွဲ အပြီး NLD နှင့် USDP အပြန်အလှန် တိုင်ကြားမှု အများဆုံးဖြစ်
(ဧရာဝတီ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီဝင်များ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများဖြင့် အပြန်အလှန် တိုင်ကြားမှုက တခြားပါတီထက် များပြားကြောင်း သိရသည်။
“လောလောဆယ် ဖြေရှင်းထားတာ ၄ မှု ရှိတယ်။ တိုင်ကြားမှုတွေကတော့ တက်လာတဲ့စာရင်းအရ NLD နဲ့ USDP ပါတီ ၂ ခုက တိုင်လာတာတွေ အများဆုံးလို့ ပြောလို့ရတယ်။ အားလုံးတော့ မစိစစ်ရသေးဘူး။ စာရင်းတွေက တချို့ တက်လာတုန်းပဲ” ဟု နေပြည်တော် မှုခင်းရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
Saturday, October 24, 2015
လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြင့်တက်လာသည့် ရာဇဝတ်မှုများ
(ဧရာဝတီ)
ရန်ကုန်မြို့၌ တက္ကစီ ယာဉ်မောင်းနှင့် အပေါင်း အပါများက အုပ်စုလိုက် ရိုက်နှက်၍ ဖုန်းနှင့်ငွေ လုသွားခြင်း၊ ရပ်ထားသည့် ကားတံခါးကို ဖွင့်၍ ဝင်ထိုင် ကာ ဓားထောက်လုသွားခြင်း၊ လမ်းလျှောက်နေစဉ် ဆိုင်ကယ်စီး လာသူ လူတစုက ပစ္စည်းလုယူခြင်း စသည့် လုယက်မှု များစွာ သတင်းမီဒီယာများက ဖော်ပြနေကြသည်။
လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာ၌ လုယက်ခံခဲ့ရသည့် ကာယကံရှင်များနှင့် ၎င်းတို့၏ နီးစပ်သူများက ကိုယ်တွေ့ အဖြစ်အပျက်များကို တခြားသူများ သတိပြုနိုင်ရန် ရေးသားမျှဝေနေကြသည်။
အဆိုပါ လုယက်ခံရသူထဲတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းဈေးအနီး နေထိုင်သူ ကိုသက်နိုင် (အမည်လွှဲ) လည်း တယောက် အပါအဝင် ဖြစ်ခဲ့သည်။ ဩဂုတ်လ ၂၃ ရက် ညနေက လှည်းတန်းဘူတာ အနီး သူ၏ “နိုကီယာ” အမှတ် တံဆိပ်ဖုန်းကို ဘူတာအနီး ကော်ရှူနေသည့် လူငယ်တစုထဲမှ အသက် ၁၆ နှစ်အရွယ် လူငယ်က လုပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Friday, October 23, 2015
နေပြည်တော်က သမ္မတရာထူး ယှဉ်ပြိုင်ပွဲ
(ဧရာဝတီ)
ပြည်သူတွေ ကြိုက် သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ရှိသမ္မတ ဦးသိန်းစိန် ကတော့ ၂၀၁၆ ခုနှစ်မှာ သမ္မတရာထူးကို ဝင်ပြိုင်ဖို့ အကောင်းဆုံး အခြေ အနေမှာ ရှိနေ ပုံပေါ်ပါတယ်။
ဒီလို ယူဆနိုင် တဲ့ အဓိက အကြောင်းရင်းကတော့ ဒီအသက် ၇၀ အရွယ် ဗိုလ်ချုပ်ကြီးဟောင်းဟာ နိုင်ငံရဲ့အာဏာကို အဓိက ရယူ ထားပြီး အပြောင်းအလဲ ကို မလိုလားတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေ အပေါ် ခြိမ်းခြောက်မှု မဖြစ်စေဘဲ အပြောင်းအလဲ တချို့ကို ဆောင်ရွက်နိုင်အောင် ပါးပါးနပ်နပ်နဲ့ စီစဉ်ညွှန်ကြားနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ တပ်မတော် အပါအဝင် အပြောင်းအလဲကို မလိုလားသူတွေရဲ့ အရိပ်က အုပ်မိုးနေဆဲ ဖြစ်ပြီး လက်ရှိနိုင်ငံရေး အခြေအနေမျိုးမှာ ခေါင်းဆောင်အနည်းငယ်သာ ဆက်လက်ရှင်သန်နိုင်လိမ့်မယ် လို့ လက်တွေ့ဝါဒီ သမားတွေက ပြောဆိုကြပါတယ်။
ပျော်ဘွယ်တွင် အန်အယ်လ်ဒီ ကို သံပုံးတီး မောင်းထုတ်
(DVB)
မန္တလးတိုင်း၊ ပျော်ဘွယ်မြို့နယ် အတွင်း အန်အယ်လ်ဒီပါတီ မဲဆွယ် စည်းရုံးရေးဆင်း တာကို သံပုံးတီး မောင်းထုတ် တဲ့ဖြစ်ရပ်တခု အောက်တိုဘာ ၂၁ ရက်က ဖြစ်ပွားခဲ့ပါတယ်။
ပျော်ဘွယ်မြို့နယ်၊ ကျုတောဝကျေးရွာ အုပ်စု၊ ကျုတော ၀ကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စည်းရုံးရေး ခရီးစဉ်မှာ လိုက်ပါသွား တဲ့ ပျော်ဘွယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥပဒေ အထောက် အကူပြုအဖွဲ့ဝင် ဦးညီညီလွင်က ဖြစ်စဉ်ကို အခုလို ပြောပါတယ်။
Monday, October 12, 2015
“အာဇာနည်ကုန်း ဗုံးခွဲမှုနဲ့ ဒီပဲရင်း လုပ်ကြံမှု”
(Mizzima)
ရွေးကောက်ပွဲမှာ အနိုင်ရပြီးရင်တောင် မဲဆွယ်ကာလ ပြောမှား ဆိုမှားကြောင့် အရှုံးရလာဒ် ထွက်ပေါ်နိုင်တဲ့ စည်းမျဉ်း ဥပဒေသတွေကြောင့် နဂိုတုန်း က မဲဆွယ်စည်းရုံးပွဲတွေဟာ ထိန်းထန်း သိမ်းသိမ်း ရှိကြမယ်၊ ပျင်းစရာတောင် ကောင်းနေဦးမယ် ဆိုပြီး ထင်မှတ်ခဲ့ကြတာပါ။ ခုတော့ အဲဒီ ထင်မြင်ချက်တွေ လွဲတော့ မလား။ ပြည်ခိုင်ဖြိုး အမတ်လောင်း ဦးမြငြိမ်းကတော့ ဗုံးခွဲတယ် ဆိုတဲ့ စကားလုံးတွေ၊ အကြမ်းဖက်မှုတွေ၊ သွေးရောင်တွေ လွှမ်းသွားမယ် ဆိုတဲ့ သဘောမျိုးတွေ ပြောဆိုလာပါပြီ။ သူဘာပြောခဲ့သလဲ၊ မဲဆွယ် စည်းရုံးပွဲတွေ ဘာဖြစ်နေသလဲ၊ ရှေ့အလားအလာ ဘယ်လိုရှိမလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
Friday, September 25, 2015
အစိုးရရဲ့  ကြွေးမြီသံသရာ
(VOA)
စစ်တပ်ကြီးစိုး တဲ့ အနှစ် (၅၀) ကျော် ကာလမှာ ဗမာအစိုးရဟာ နည်းမျိုးစုံနဲ့ နိုင်ငံခြား က ငွေချေးခဲ့ပါတယ်။ ဒါပေမဲ့ တခါမှ ပြန်ဆပ်နိုင် တာ မဟုတ်ပါဘူး။ ၁၉၈၈ လူထုအုံကြွမှု ကို နှိမ်နင်း တဲ့နောက်ပိုင်းမှာ တရုတ်က လွဲပြီး ငွေချေး မယ့်သူ မရှိတော့ပါဘူး။ အခုမှ ဦးသိန်းစိန် အစိုးရရဲ့  ပြုပြင်ရေးကို ထောက်ခံအားပေးတဲ့အနေနဲ့ မြီရှင်နိုင်ငံတွေ က ကြွေးဟောင်းတွေကို ပြန်လည် စီစဉ်ပြီး ငွေထုတ်ချေးနေကြ တဲ့အတွက် မြန်မာ အစိုးရမှာ ကြွေးထူလာပြန်ပါတယ်။ ဦးသိန်းစိန် တက် လာပြီး မကြာမီမှာ နိုင်ငံခြားအကြွေး ဒေါ်လာသန်း (၁၁၀၀၀) ရှိပြီး၊ (၈) ထောင်ကျော် ဟာ မဆလခေတ် ကကျန်တဲ့ အကြွေးဖြစ်ကြောင်း ကြေညာ ပါတယ်။
Wednesday, September 16, 2015
မေးခွန်းထုတ်စရာများတဲ့ ရွေးကောက်ပွဲ
(VOA)
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌဟာ ဘက်လိုက်မှုမရှိဘဲ တိတိကျကျ ကြားနေဖြစ်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ နိုင်ငံရေးသုတေသီ ဒေါက်တာ Christina Fink က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ (၅) နှစ်တာကာလအတွင်း လွှတ်တော်ဟာ လူတွေစိုးရိမ်ခဲ့ကြသလို လက်ညိုးထောင်ခေါင်းညိတ် လွှတ်တော်မဖြစ်ခဲ့ဘူးလို့လဲ သူက ချီးကျူးးလိုက်ပါတယ်။ မြန်မာနိုင်ငံရွေးကောက်ပွဲ အထူးအစီအစဉ်အဖြစ် အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Christina Fink ကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။
Friday, July 24, 2015
အလွဲသုံးစား ကျိတ်ဝိုင်းများ
(VOA)
ဘတ်ဂျက်ငွေ နဲ့ သယံဇာတပစ္စည်း အလွဲသုံး စားလုပ် တာဟာ မြန်မာ အစိုးရဝန်ထမ်းရဲ့  ဓလေ့ထုံးစံ လို ဖြစ်နေ တာ ကြာပါပြီ။ အစိုးရဝန်ထမ်း ထဲမှာ လာဘ်ပေးလာဘ်ယူမှုနဲ့ အဂတိလိုက်စားမှုတွေ ရှိနေဆဲဖြစ်လို့ စိတ်ပြောင်း လဲပစ်ဖို့ လိုအပ်ကြောင်း လွန်ခဲ့တဲ့နှစ် သြဂုတ်လမှာ ကျင်းပတဲ့ အစိုးရအဖွဲ့ ပထမ (၄) လပတ် အစည်းအဝေးမှာ သမ္မတဦးသိန်းစိန်က ပြောဆိုပါတယ်။ ဘတ်ဂျက်ငွေ အလွဲသုံးစားလုပ်ပုံဟာ ဆီးသီးပန်းမှောက်တာကို ဝိုင်းနှိုက်သလို ဖြစ်နေတယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပေးတဲ့ဥပမာကို လူကြိုက်များပါတယ်။ နောက် (၆) လလောက်ကြာတော့ ဘတ်ဂျက်အလွဲသုံးစားလုပ်သူ အများစုဟာ အဆင့်မြင့်ဝန်ထမ်းတွေဖြစ်ပြီး အောက်ခြေဝန်ထမ်းတွေက နည်းတယ်လို့ ပြည်သူ့ငွေစာရင်း ကော်မတီဝင် ဒေါ်တင်နွယ်ဦး ထုတ်ဖော်ပြောဆိုတာကို ပြည်တွင်းမီဒီယာမှာ ဖော်ပြပါတယ်။
ဒုတိယဗိုလ်မှူးကြီးမောင်အေးရဲ့ ကိုယ်ရေးအရာရှိကို ဘယ်သူသတ်တာလဲ?
Tomorrow-ဂျာနယ်
လွန်ခဲ့သော ကိုးနှစ်ကျော် ကာလ၊၂၀၀၅ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့
ည ၁၁ နာရီဖြစ်သည်။
ရှစ်မိုင်၊ စစ်ရုံးသစ်ကြီး၏အဆောင်(၁)အပေါ်ဆုံးထပ်ရှိ ဒုတိယတပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ကပ်ရက် အခန်းထဲမှ ဒိုင်းကနဲပေါ်ထွက်လာသောသေနတ်သံကြောင့် ကာကွယ်ရေး
Thursday, July 23, 2015
ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သောင်း ကွယ်လွန်
(ဧရာဝတီ)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ တောင်သာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ အသက် ၇၅ နှစ်အရွယ် ဦးအောင်သောင်းသည် စင်ကာပူနိုင်ငံတွင် ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားပြီဖြစ်သည်။
ဇူလိုင်လ ၈ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က နေပြည်တော် ကုတင် ၁၀၀၀ အစိုးရ ဆေးရုံကြီးတွင် သွေးပေါင်ချိန်မြင့် တက်၍ ဦးနှောက်သွေးကြောပေါက် သွေး ယိုစီးမှုကြောင့် အရေးပေါ်ဆေးကုသမှုခံယူခဲ့ပြီးနောက် ဇူလိုင်လ ၉ ရက်နေ့ နေ့လယ် ၁ နာရီခန့်က စင်္ကာပူနိုင်ငံသို့ လေယာဉ်ဖြင့် သွားရောက် ဆေးကုသမှုခံယူခဲ့ကြောင်း၊ စင်ကာပူနိုင်ငံတွင် ဆေးကုသ မှုခံယူပြီး ၁၄ ရက်အကြာ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။
ဦးအောင်သောင်း နှင့်ပတ်သက်သည့်အကြောင်းအရာတချို့
ဦးအောင်သောင်း ကို ၁၉၄၀ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှာ မွေးဖွားခဲ့ ကာသူ့ ကိုယ်သူ ဝဲလောင်ရွာ ဇာတိလို့ ပြောလေ့ ရှိပါတယ်။ အချို့မှတ်တမ်းတွေ မှာတော့ တောင် သာမြို့နယ် ကျောက်ကာ ရွာ ဇာတိလို့ ဆိုပါ တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ သူ့ကို ဝဲလောင်သား လို့ ခေါ်လေ့ရှိတယ်လို့ ဆိုပါတယ်။
 သားသမီးခြောက်ယောက်ရှိပြီး တစ်ဦးကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ သားမက်ဖြစ်ပါတယ်။ ဦးအောင်သောင်းအား OTS အပတ်စဉ် (၃၀) ဆင်းဖြစ်ပြီး တပ်မတော်မှာ ဗျူဟာမှူး ဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် မတ်လ(၃၀) ရက်နေ့အထိ စက်မှု (၁) ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မွေး/ရေ ဝန်ကြီးအဖြစ်နဲ့လည်း တာဝန်ထမ်းဆောင်ခဲ့ပါသေး တယ်။
"ဦးအောင်သောင်း ကွယ်လွန်"
 စင်ကာပူနိုင်ငံ တွင် ဆေးကုသမှု ခံယူနေသော ပြည်ခိုင်ဖြိုးပါတီ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်း သည် ယနေ့ နံနက်ပိုင်းတွင် စင်ကာ ပူနိုင်ငံ၌ ကွယ်လွန် သွားပြီဖြစ်ကြောင်း သတင်း ရရှိပါသည်။
မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်သွား ခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သည့် ဆရာဝန် တစ်ဦးက အတည်ပြုပြောကြား ခဲ့သည်။
Wednesday, July 22, 2015
ယခုနှစ်အတွင်း ကာ/ချုပ် အနားယူမည့် သတင်း မဟုတ်မှန်
(Mizzima)
ယခုနှစ်အတွင်း တာဝန် မှ အနားယူတော့ မည်ဆိုသည့် သတင်းသည် မဟုတ်မှန်ကြောင်း တပ် မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဘီဘီစီသတင်း ဌာနနှင့် ပြုလုပ် သည့် တွေ့ ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားခဲ့သည်။
တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွင် ယခုအချိန် အသက်သွေးချွေးများစွာ ရင်းနှီး၍ လွပ်လပ်ရေးရအောင် ဆောင်ရွက်ခဲ့ကြောင်း ကာ/ချုပ်က ပြောကြားသည်။
Friday, May 8, 2015
ဦးရဲထွဋ်၊ ဦးခင်လှိုင်နှင့် ရန်ကုန်မြို့က အရှုပ်ထုပ်များ
(ဧရာဝတီ)
အခုရက်ပိုင်းအတွင်း ရန်ကုန်စည်ပင် အမှိုက်သိမ်းတာနဲ့ပတ်သက်ပြီး အလေးအနက် ထားလာနေရပါပြီ။ အကြောင်းကတော့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ဖေ့ဘွတ်မှာ ဝေဖန်ခဲ့ရာက အစပြုခဲ့ပါတယ်။
“ဗိုလ်တထောင်ကမ်းနား။ ရှုခင်းလည်းမလှ။ လေကောင်းလေသန့်လည်းမရ။ လေ့ကျင့်ခန်းလုပ်သူတွေ စိတ်ပျက်စေတဲ့ အမှိုက်တွေ၊ အနံ့ဆိုးတွေ၊ ခွေးလေခွေးလွင့်တွေ” ဆိုပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ ဖေ့ဘွတ်ပေါ်မှာ မေလ ၄ ရက်နေ့ မနက်မှာ ဓာတ်ပုံတွေနဲ့ အတူ ရေးတင်လိုက်တယ်။
Tuesday, May 5, 2015
စစ်တပ်က မီဒီယာကို အမိန့်ပေးနိုင်သလား
(Mizzima)
စစ်တပ်သည် စည်းကမ်းကို အခြေပြုသည့် အဖွဲ့အစည်းဖြစ်ပြီး အမိန့်နှင့် အုပ်ချုပ်သည်။ “ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်” ဟူသည့် စကားသည် စစ်တပ်သဘောကို စကားလုံးကျစ်ကျစ်နှင့် အဓိပ္ပာယ် ဖော်ဆောင်ခြင်းဟု မြန်မာပြည်သူ အများစုက နားလည်ထားကြသည်။
တစ်ခေတ်ကတော့ စစ်အာဏာရှင်များက သေနတ်ပြောင်းဝ ပြည်သူ့ဘက် လှည့်ထားခြင်းဖြင့် အုပ်ချုပ်ခဲ့ကြသဖြင့် ပြည်သူများသည်လည်း စစ်ဖိနပ်အောက်တွင် ရှိခဲ့ကြသည်။ ပြည်သူများကြား ရှင်သန်နေထိုင်ခဲ့ရသော မီဒီယာများသည်လည်း ထိုဒဏ်မှ မလွတ်ကင်းခဲ့ပါ၊ စစ်ထောက်လှမ်းရေးများက ကြီးကြပ် စစ်ဆေးသော စာပေ စိစစ်ရေး ကင်ပေတိုင်များနှင့် အလုပ်လုပ်ကြရသည်၊ မချစ်သော်လည်း အောင့်ကာ နမ်းရသည်၊ အမိန့်ပေး စေခိုင်းသည့်အတိုင်း လိုက်နာလုပ်ဆောင်ရသည်။ မဟုတ်လျှင် ထောင်နန်းစံရကိန်း ရှိလေသည်။
Thursday, March 26, 2015
မြန်မာ့တပ်မတော်ကို အမှန်အတိုင်း ရှုမြင်ခြင်း
(ဧရာဝတီ)
မြန်မာနိုင်ငံ ခံစားနေရသည့် ဝေဒနာများကို အလုံးစုံ ပျောက်ကင်းသွားစေနိုင်သည့် ဖြေဆေးမှာ မြန်မာ့တပ်မတော်ကို ပရော်ဖက်ရှင်နယ် တပ်မတော်တခု ဖြစ်လာအောင် ပြုလုပ်ပေးခြင်း ဖြစ်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက အခိုင်အမာ ပြောနေကြသည်ကို လတ်တလော ကြားနေရခြင်းက စိတ်မသက်သာစရာ ဖြစ်သည်။ တကယ်တမ်းတွင်မူ ဗမာလူမျိုး အများစုက ကြီးစိုးထားသည့် တပ်မတော်ကို ရက်စက်သည့် လက်နက်ကိုင် စီးပွားရေးလုပ်ငန်း တခု အဖြစ်နှင့်ရော၊ အကျိုးအမြတ် ရှာဖွေသည့် စစ်ရေးယန္တရားတခု အဖြစ်နှင့်ပါ မြင်ခဲ့ကြရပြီး ဖြစ်သလို ဆက်လက်၍ လည်း တွေ့မြင်နေရဆဲ ဖြစ်ပါသည်။
ကနေဒါက စစ်ရေးသုတေသီ အဒမ်ပီမက်ဒေါ်နယ် (Adam P.MacDonald) ပြောသလို “ခေါင်းဆောင်ပိုင်းကို ပညာပေးခြင်း အားဖြင့် မှောင်မိုက်သည့် လမ်းဟောင်းများမှ ခွဲထွက်နိုင်ရေး” ဆိုသည်မှာ ကမ္ဘာက မြင်တွေ့ ခဲ့ရပြီး ဖြစ်သော အီရတ်နှင့် အာဖဂန်နစ္စတန်တွင် နိုင်ငံတကာ၏ စွက်ဖက်မှု ကျရှုံးခဲ့ရခြင်းနှင့် အလားသဏ္ဌာန်တူ မိုက်မဲမှု ဖြစ်သည်။ သူတို့ကိုယ် သူတို့ မြန်မာနိုင်ငံကို ကယ်တင်ရန် ရောက်ရှိလာသည်ဟု ယူဆထားကြသည့် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အဆိုပါ လမ်းကြောင်းပေါ်တွင် အလားတူ ရောက်နေပြန် ပါသည်။
Friday, March 13, 2015
မြန်မာရဲတပ်ဖွဲ့ အစွမ်းပြချက် ရက်စက်သယ်… (ဆောင်းပါး)
(DVB)
“လက်ရှိအစိုးရမှာ နည်းနည်းလေးသာကျန်တော့တဲ့ ဂုဏ်သိက္ခာကို တပြားမှမကျန်တော့အောင် မြန်မာရဲတပ်ဖွဲ့က အစွမ်းပြလိုက်တာ ဖြစ်တယ်”
နိုင်ငံတကာမှာ Riot police ဆိုတာ Crowds လူအုပ်၊ Protests ဆန္ဒ္ဒပြသူတွေနဲ့ Riots အဓိကရုဏ်းတွေကို နှိမ်နင်းဖို့ ရည်ရွယ်ချက်နဲ့ ရဲအဖွဲ့ဝင်တွေကို ခွဲထုတ်ပြီး ဖွဲ့ထားတာဖြစ်တယ်။ Riot gear ဆိုတာ အဲဒီရဲတွေဝတ်ဆင်ရတဲ့ ဝတ်စုံနဲ့ တန်းဆာပလာတွေကိုခေါ်တယ်။ Riot helmet ဦးထုပ်၊ Shield ဒိုင်းက သတ္တုနဲ့၊ ကြိမ်နဲ့ အမျိုးမျိုးရှိတယ်။ Baton နံပါတ်တုတ် (သစ်သားတုတ်၊ ကြိမ်တုတ်၊ ဝါးရင်းတုတ်၊ ရာဘာတုတ်)တွေ ပေးထားတယ်။ လူကိုသေစေနိုင်တဲ့ သေနတ်ကို မသုံးရပဲ Rubber bullets ရာဘာကျည်ဆံ၊ Stun grenades စတန်းလက်ပစ်ဗုံး၊ Pepper spray ငရုပ်သီးစပရေး၊ Tear gas မျက်ရည်ယိုဗုံး စတာတွေသာ ကိုင်ခွင့်ရှိတယ်။
Wednesday, March 11, 2015
ဆင်သေကို ဆိတ်သားရေနှင့် ဖုံးခြင်းသည် ဒီမိုကရေစီ ကျင့်စဉ်မဟုတ်
(ဧရာဝတီ)
မြန်မာ့နိုင်ငံရေး အရပ်ရပ် အကျပ်အတည်းများအတွင်း ဗဟိုအစိုးရမှအစ တိုင်း၊ ပြည်နယ် အစိုးရ အလယ်၊ အောက်ခြေ ဝန်ထမ်းအဆုံး စစ်အစိုးရ အငွေ့အသက် မကင်းသော အစွဲ၊ လွဲမှားသော အဆုံးအဖြတ်၊ ဥပဒေကို လျစ်လျူရှုကာ ကျော်လွန် လုပ်ဆောင်မှုများ၊ ဖြစ်ပေါ်လာသည့် ရလဒ်များအပေါ် တာဝန်မယူမှု၊ တာဝန်မခံမှုများ တောက်လျှောက် တွေ့မြင်နေရသည်။
သံဃာများကို မီးလောင်စေမှု၊ လယ်သူမကြီးကို သေနတ်ထိမှန် သေဆုံးစေမှု၊ အလွတ်သတင်းထောက် ကိုပါကြီးကို အစဖျောက်မှု၊ အလုပ်သမား၊ ကျောင်းသား အရေးများတွင် အင်အားသုံး ရိုက်နှက်ဖြိုခွင်းမှု စသည့်ဖြစ်ရပ်များ အားလုံးတွင် အစိုးရ အာဏာပိုင်များအနေဖြင့် ဝန်ခံခြင်း တောင်းပန်ခြင်း မရှိသည်သာမက ပြန်ကြားရေးဝန်ကြီးအဆင့်၊ သမ္မတရုံး ဝန်ကြီးအဆင့်၊ သမ္မတရုံး ညွှန်ကြားရေးမှူး အဆင့်များကပါ အမှားကို အမှန်လုပ်ခြင်း၊ ဆင်သေကို ဆိတ်သားရေနှင့် ဖုံးခြင်းများ တောက်လျှောက်ပြုလုပ်နေသည်မှာ စိတ်ပျက်ဖွယ်ရာ ဖြစ်သည်။
Monday, February 23, 2015
အလွဲသုံးစားမှုများနှင့် မြန်မာထိပ်တန်းအရာရှိကြီးများ
(မိုးမခ)
စာရင်းစစ်အဖွဲ့ရဲ့ တင်ပြမှုကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးလာကြပါတယ်။ စာရင်းစစ်ဆိုတာ ပါဝါမြင့်မားစွာ ပေးထားတာ လာဘ်စားမှုတိုက်ဖြက်ရေး အဓိကပဲဖြစ်ပါတယ်။ အစိုးရသစ် အစပိုင်းမှာ ထိပ်ပိုင်းလာဘ်စားမှုများကို ကိုင်တွယ်လိုတဲ့ မြန်မာနိုင်ငံ စာရင်းစစ်ချုပ် ဦးလွန်းမောင် အလုပ်ကထွက်သွား ခဲ့ရတယ်။  အဲဒီနောက်ပိုင်း ဝန်ကြီးဌာနနဲ့အစိုးရဌာနဆိုင်ရာတွေမှာ အကြီးအကျယ် အဂတိလိုက်စားမှုတွေ ဖြစ်လာပါတော့တယ်။ လာဘ်မစားဘူး ကြေငြာတဲ့ ဝန်ကြီး ဦးဆန်းဆင့်လဲ ထုတ်ခံ၊ အရေးယူခံလိုက်ရပါတယ်။
Thursday, February 19, 2015
Standard Army အိပ်မက်မှ ရုတ်တရက်နိုးထလာခြင်း (အပိုင်း-၂)
(မိုးမခ)
(ဗိုလ်ထက်မင်း)
Wednesday, February 18, 2015
Standard Army အိပ်မက်မှ ရုတ်တရက်နိုးထလာခြင်း (သုံးသပ်ချက်) အပိုင်း-၁
(မိုးမခ) (ဗိုလ်ထက်မင်း)
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောငိလှိုင်ဟာ တပ်မတော်ကို Standard Army  ဖြစ်ရေး လမ်းညွန်ချက်တရပ်အနေနဲ့ အခမ်း အနားတွေမှာ ပြောဆိုသွား တာတွေ့ ရပါတယ်။ တပ်မတော် (ကြည်း၊ရေ၊လေ) ပူးပေါင်းစစ်ဆင်ရေး၊ (ကြည်း၊  လေ၊ ခြေလျင်တင့်အမြောက်) ပူးပေါင်းစစ်ဆင်ရေး၊ (ရေ၊လေ) ပူးပေါင်းစစ်ဆင်ရေးတွေကို စဉ်ဆက်မပြတ် လေ့ကျင့်ပေးနေပါတယ်။ တပ်ချူပ်ရဲ့ နိုင်ငံတကာခရီးစဉ်တွေမှာ စစ်လက်နက်ပစ္စည်း၊ ၊ရေငုပ်သင်္ဘော၊ ဂျက်လေယာဉ်၊ တင့်ကား၊ လေကြောင်းရန်ကာကွယ်ရေးဒုံးများ လေ့လာကာ ခေတ်မီတပ်မတော် ဖြစ်ရေး ကြိုးစားနေရာ အရှိန်အဟုန်ရနေပြီဖြစ်လို့ စိတ်ကူးယဉ်အိပ်မက်တောင် မက်နေခဲ့ပါတယ်။
Tuesday, February 17, 2015
မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ ကို အမြဲဆိုသလို တစ္ဆေခြောက်ခြင်း ခံခဲ့ရသည့် Made in China ပြဿ နာ
ဗိုလ်ရှု့ခံ မှာ ထုတ်ပြခဲ့တဲ့ Made in China စစ်လက်နက်ပစ္စည်းတွေရဲ့ သမိုင်း အကြောင်းပါ။
၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်ကာလမှစတင်ပြီး နအဖ စစ်အုပ်စုကို တရုတ်နိုင်ငံက ထုတ်လုပ်ရောင်းချခဲ့တဲ့ ချင်ဒူး Chengdu Jian-7 (export versions F-7) နှင့် F-7M တိုက်လေယာဉ်များဟာ ရုရှား လုပ် Mikoyan-Gurevich MiG-21 တိုက်လေယာဉ်များမှာ ရင်ဆိုင်ခဲ့ရတဲ့ နည်းပညာ အားနည်းချက်၊ ချို့ ယွင်းချက်တွေကို ပြင်ဆင်ကာ ပုံတူခိုးချ ထားတဲ့ တိုက်လေယာဉ် အမျိုးအစားများဖြစ်ပြီး ၁၉၆၆ ခုနှစ်မှာ တရုတ်နိုင်ငံမှာ ပထမဆုံး စမ်းသပ်ပျံသန်းခဲ့တယ်လို့ သိရှိရတယ်။ ဒီတိုက်လေယာဉ်များ ကို ၁၉၈၀ ခုနှစ်မှ ၂၀၀၆ ခုနှစ် အတောအတွင်း နိုင်ငံခြားတိုင်းပြည်များသို့ တင်ပို့ရောင်းချ ခဲ့တယ်။
Saturday, February 14, 2015
ပြည်တွင်းမီဒီယာတွေ ကာချုပ်တွေ့
(VOA)
မြန်မာနိုင်ငံတွင်း ထူးခြားတဲ့ စစ်ရေးအခြေအနေတွေ ဖြစ်ပေါ်တဲ့အခါ အချိန်နဲ့ တပြေးညီ ပြည်သူတွေသိရှိနိုင်ဖို့ တပ်မတော်ကာကွယ်ရေး ဝန်ကြီးဌာနဘက်က သတင်းအချက်အလက်မှန်တွေ ကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ ပြည်တွင်း စာနယ်ဇင်းသမားတွေ က တောင်းဆို လိုက်ပါတယ်။ ဒီကနေ့ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်နဲ့ ပြည်တွင်းသမားတွေ ပထမဆုံးအကြိမ် တပ်ပိုင်းဆိုင်ရာ ထူးခြားအခြေအနေတွေကို ကာချုပ်ကို တိုက်ရိုက်မေးမြန်း ခွင့်ရခဲ့သလို နောင်အခါမှာလည်း တပ်မတော်ဘက်က မီဒီယာတွေနဲ့ အမြဲထိတွေ့ဆက် ဆံမှုတွေ လုပ်နိုင်ဖို့ကို သတင်းသမားတွေ လိုလားနေကြတယ်လို့ တွေ့ဆုံခွင့်ရခဲ့တဲ့ သတင်းသမားတွေ က ပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်သွယ်စုံစမ်းထားပါ တယ်။
Friday, February 13, 2015
တရုတ်-မြန်မာ မွေးချင်းပေါက်ဖော် ဆက်ဆံရေး
(VOA)
လွတ်လပ်ရေး ရပြီး မကြာမီ ဗမာကွန်မြူနစ် သူပုန်ထနေတုန်း တရုတ်ပြည် တွင်းစစ်မှာ အရေးနှိမ့်လာတဲ့ တရုတ်ဖြူတပ်ရင်းတချို့  ရှမ်းပြည်မှာ ဝင်ရောက်ခိုလှုံတာကြောင့် တရုတ်ကွန်မြူနစ် အန္တရာယ်ကို စိုးရိမ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဆက်ဆံရေးကောင်းအောင် မွေးချင်းပေါက်ဖော် ဆက်ဆံရေးဆောင်ပုဒ်ကို ပထမဦးဆုံး ဝန်ကြီးချုပ် ဦးနုက တည်ထွင်လိုက်ပါတယ်။ အဲဒီအချိန်ကစပြီး တရုတ်-ဗမာ ဆက်ဆံရေးမှာ အဖုအထစ် ရှိလာရင် ချောမောပြေပြစ်ဖို့အတွက် မွေးချင်းပေါက်ဖော်ဆိုတဲ့ ဆောင်ပုဒ်ကို သုံးလေ့ရှိပါတယ်။ အခုတော့ ဒီဆောင်ပုဒ်ကို တရုတ်ခေါင်းဆောင်တိုင်းက အတွင်တွင်သုံးနေတာကို တွေ့ရပါတယ်။
Wednesday, February 11, 2015
စစ်အစိုးရ နှင့် ကျောင်းသားလှုပ်ရှားမှု
၁၉၉၂ ခုနှစ် အေပြီလ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စတင်တာဝန်ယူချိန်မှစ၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ညီညွတ်မှု ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအတွင်း ညီညွတ်မှု ၊ အတိုက်အခံနိုင်ငံရေး အဖွဲ့များ၏ညီညွတ်မှု ၊ အတိုက်အခံနိုင်ငံရေး အဖွဲ့များအတွင်း ညီညွတ်မှု တို့ကို အကွဲကွဲအပြဲပြဲ ဖရိုဖရဲ ဖြစ်ပြီး ညီညွတ်မှုပြိုကွဲသွားစေ ရန်စိတ်ဓါတ်စစ်ဆင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှုတစ်ခုပြုလုပ်ခဲ့ပါသည်။ အဆိုပါစစ်ဆင်ရေးကို ထောက်လှမ်းရေးအဖွဲ့ အစည်းများမှအဓိက တာဝန်ယူအကောင်အထည်ဖေါ်ပေးခဲ့ကြရပါသည်။အလျဉ်းသင့်၍တင်ပြရလျှင် ထိုစဉ်က လက်ရှိသမ္မတကြီးဦးသိန်းစိန် သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အနီးကပ် စစ်ရုံးချုပ် စစ်ဦးစီး ဗိုလ်မှူးကြီး တာဝန်ထမ်းဆောင်နေချိန်ဖြစ်ပါသည်။
Tuesday, February 10, 2015
ဝန်ကြီး ဦးခင်ရီ လိမ်ညာသူလား
(Mizzima)
အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ကျောင်းသားတွေရဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပေးဖို့ ဆန္ဒပြပွဲ မပြီးဆုံးသေးခင် နောက်ထပ်ဆန္ဒပြမယ့်သူတွေက တန်းစီနေပါပြီ။ အဲဒါကတော့ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေး ကာလအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ယာယီ သက်သေခံလက်မှတ်လို့ခေါ်တဲ့ White Card ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုလိုက်တာကို မကျေ နပ်တဲ့သူတွေက ဆန္ဒပြကြမှာပါ။ ရခိုင်မှာလည်း အခုလို ဆန္ဒပြပွဲတွေ လုပ်မယ်ဆိုပြီး ပြောဆိုနေကြတာ လည်း ကြားကြရပါတယ်။ ဒီကြားထဲ ထူးခြားတာ တစ်ခုက သည်ဗွိုက်စ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာ မောင်ကိုနီရဲ့ 'ဝှိုက်ကတ် သို့မဟုတ် ယာယီသက်သေခံ လက်မှတ်ဆိုတာဘာလဲ' ဆိုတဲ့ ဆောင်းပါးပါ။ အဲဒီဆောင်းပါးမှာတော့ ဆရာက White Card အကြောင်း ရှင်းပြပြီး အဲဒီ ကတ်ကိုင်ထားသူတွေကို မဲပေး ခွင့်ပြုလိုက်တာဟာ ဥပဒေကြောင်းအရ မှန်ကန်တယ်ဆိုပြီး အချက်အလက်တွေနဲ့ တကွ ဖော်ထုတ်ထားပါ တယ်။ ဆရာမောင်ကိုနီ ဘယ်လိုရှင်းပြထားသလဲ၊
Monday, February 9, 2015
ဖောက်လှဲ ဖောက်ပြန် အစိုးရ
(Mizzima)
"I'm not happy in office. 
အစိုးရထဲဝင်ပြီး ရာထူးယူရတာ ငါတော့ မပျော်ပါဘူးကွာ"
ဗိုလ်ချုပ်အောင်ဆန်းက အထက်ကကဲ့သို့ ပြောခဲ့ဖူးကြောင်း သူ၏ အပါးတော်မြဲ (ကိုယ်ရေး အတွင်းရေးမှူး) စာရေးဆရာ တက္ကသိုလ်နေဝင်း ပြန်ရေးပြသဖြင့် ဖတ်မှတ်ခဲ့ဖူးသည်။
အစိုးရအလုပ်သည် တိုင်းပြည်နှင့်လူထုကို မျက်နှာမူရသော အလုပ်ဖြစ်သည်။ ပြည်သူကို ဖိနှိပ် အုပ်ချုပ်ရသော အလုပ် မဟုတ်ပါ။ အပြော တစ်ဖုံ၊ အပြ တစ်မျိုး၊ အလုပ် တစ်သွယ် လုပ်မရပါ။ တစ်ခွန်းတည်ဆိုရသော် "ဖောက်လှဲ ဖောက်ပြန်" လုပ်မရ။ ပြည်သူများ၏ လိုလားချက်များကလည်း မတူကွဲပြားပြီး များပြားသဖြင့် အစိုးရလုပ်သူများသည် ခေါင်းခြောက်ရသည်။ ထို့ကြောင့် ရိုးသော၊ ဖြောင့်သော၊ တိုင်းပြည်ကို ချစ်သော၊ ပြည်သူကို လေးစားသော ဗိုလ်ချုပ်အောင်ဆန်းက စိတ်မကောင်းစွာဖြင့် ပြောခဲ့ခြင်းဖြစ်သည်။
Wednesday, February 4, 2015
မီဒီယာကို ခြိမ်းခြောက်လာတဲ့ တပ်မတော်
(VOA)
ဒီတပတ် မြန်မာ့မျက်မှောက်ရေး ရာဆွေးနွေးပွဲ အစီအစဉ်မှာတော့ ကချင်စေတနာ့ဝန်ထမ်း ဆရာမလေး နှစ်ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရားခံဟာ တပ်မတော် သားများ ဖြစ်နိုင်ဖွယ်ရာမရှိ၊ တပ်မတော်အား မဟုတ်မမှန် ရေးသားပြောဆိုရင် အရေးယူမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သတိပေးလိုက်ပါတယ်။ ဒါဟာ လွတ်လပ်စွာရေးသား ပြောဆိုခွင့် နဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် အတားအဆီး ဖြစ်စေတယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ ဒီအရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက အလွတ်သတင်းစာဆရာတွေ ဖြစ်ကြတဲ့ ဦးစည်သူအောင်မြင့်၊ ဦးမင်းထက်ငြိမ်းချမ်း တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
Sunday, January 25, 2015
လူ့ စည်း ၊ ဘီလူးစည်း ၊ သူခိုးစည်း နှင့် နိုင်ငံတော်သမ္မတကြီး၏ သမိုင်းကြောင်း..
(Demoyaiwan)
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
လက်ခံလို့  ပြန်လာ တာပါလားတဲ့ ။ ကျနော်စိတ်ရင်း အတိုင်းပြန်ဖြေလိုက်ပါတယ်
ကျနော့်နိုင်ငံရေးက လက်တွဲ လုပ်ဆောင်ရေးမူ။ လက်တွဲခွင့်မရှိလို့ တိုက်ခဲ့တာပါ။ သူရဲကောင်းလိုလို အတည်ပေါက်နဲ့  သတ်ကွင်းထဲမလာဘဲ အာနေတဲ့သူမဟုတ်ဘူး။ ယ္ခုသွားနေတဲ့  လမ်းဟာ ကမ္ဘာမှာ အသင့်တော်ဆုံးလမ်း။ ယ္ခုကြည့် လစ်ဗျား၊ အီဂျစ်၊ တူနီးရှား ၊ ဆီးရီးယား..ဘယ်လောက် ဒုက္ခရောက်ကုန်ကြပြီလဲ လို့  ကျနော်ဖြေခဲ့ပါသည်။ ယခုပြန်လာတာကလည်း အစိုးရက ကျနော်တီထွင်မှု ဒီရေစီးကနေ လျပ်စစ်ထုတ်လုပ်တာကို မူပိုင်ကို ကျင့်သုံးခွင့်ပေးလျင် မြန်မာပြည်မှာ လျပ်စစ်ကို တယူနစ်ကို ၃၅ ကျပ်နှင့် လိုသလောက်ရောင်းပေးရန်ပြန်လာတာဟု ဖြေခဲ့ပါသည်။
(မှတ်ချက်.....ကျနော်ဟာ ၈၈၈၈ နေ့  ၊ နံနက် ၁၀ နာရီခန့် မှာ၊ ရန်ကုန်- ကုန်သည်လမ်းမှာ ပထမဦးဆုံး စစ်ကြောင်းကို ညာသံတိုင်ပေးပြီး ဦးဆောင်ဖေါက်ထွက်ခဲ့သူပါ) အခြားကျောင်းသား ဦးဆောင်စစ်ကြောင်းတွေ ညနေ ၄ နာရီလောက်မှ ရန်ကုန်မြို့ လည်ကို ရောက်ပါတယ်။
ထောက်လှမ်းရေးတွေ ၆ ထပ်တိုက်။ ရေနံရုံးချုပ် ၊ လမ်းဘေးကနေ ဗွီဒီယို ၊ ကင်မရာတွေ အများကြီးနဲ့  မှတ်တမ်းယူထားပါတယ်။ ကျနော့်ကို ဆူးလေလမ်းပေါ်မှာ ကင်မရာတွေနဲ့  စစ်ဗိုလ်တွေ ဗြောင် ဝိုင်းရီုက်နေတာ ကြာတော့ ဒေါကန်လာပြီး ပုဆိုးလှန် ကော့ပြပြီး.ဒါရိုက်ကွာ လုပ်ခဲ့မိပါတယ်) အဲဒါကျနော့် ခံယူချက်။ ကျနော့်အမြင်။ သဘောတူနိုင်သူရှိသလို..ကိုယ့်အမြင်တော့ ထုတ်မပြဘဲ ဘာဖြစ်ဖြစ် မကောင်းအော်သူရှိမှာဘဲ။
ကျနော် မြန်မာပြည်ပြန်ရောက်တော့ ထုံးစံအတိုင်း မိခင်က နိုင်ငံရေးမလုပ်တော့ဖို့  စကား ခွန်းကြီး ခွန်းငယ်။ ကျနော်က လုပ်သင့်လျင် မလျော့သူ။ မတတ်နိုင်ဖူး။ မိခင်ကတော့ ၂၀၁၄ မေလ လလည်ပိုင်းမှာ ကွယ်လွန်သွားပါပြီ။
မိခင်ကတော့ ကျနော်အပေါ် မကျေနပ်လှ။ သားသမီးတွေအားလုံးကို သားငယ်၊ သမီးကြီး၊ သမိးလတ် ၊ သမိးငယ် ခေါ်၏ ။ ကျနော့်ကို ငယ်စဉ်က တည်းက သားကြီး ၊ သားကြီးနဲ့  ဂုဏ်ယူတဲ့လေသံနှင့်။ ကျနော့်အတွက်လည်း သူ့ မှာဂုဏ်ယူစရာတွေက များများ။
နို်င်ငံရေးဖက်လာတော့ အမေက မကြာခန ကျနော့်ကို သားကြီး မခေါ်တော့ဘူး။ မောင်လှိုင်မြင့်ဘဲ ခေါ်တော့တယ်။ သေခါနီးအထိ မောင်လှိုင်မြင့်ဘဲ ခေါ်တော့တယ်။ တကယ်က ရွာတရွာလုံးက ကျနော်ကို မောင်ဘီ ၊ ဘီလီ ဘဲခေါ်ကြတာ။ ရွာကလူတွေက လှိုင်မြင့် လို့  တဦးမှ မခေါ်တတ်ကြဘူး။ လှိုင်မြင့်ဆိုတာ ၁၀-တန်းဖြေခါနီးမှ မှည့်တဲ့နာမည်။ ဆေးတက္ကသိုလ်မှာလဲ ဘီလီ လို့ ဘဲသိကြတာ ။
...သားကြီးဆိုတာ. ရန်ကုန်.ပြန်ရောက်စကသာ ခေါ်ခဲ့ပါတယ်။ နိုင်ငံရေးမလုပ်တော့ဖို့ တာတားကနေ..သားကြီးဆိုတာကို အမေက မခေါ်တော့ဘူး ။ မတတ်နိုင်ဘူး ။ မိခင်ကျေးဇူးတွေကြီးပေမည့် ကျနော့်ပြည်သူတွေလည်း ကျနော်အပေါ်ကျေးဇူးတွေ အများကြီး။ ပြည်သူတွေ ဒုက္ခရောက်နေတာ မျက်ကွယ်မပြုနိုင်ဘူး ။ မိခင်ကို နားလည်အောင်တော့ ပန်ကြားခဲ့ပါတယ်။
အမေကတော့ သား သမီးထဲမှာ ခေါင်းအမားဆုံးလူ။ မိဘကို ပြန်အပြောဆုံး..လို့ မြင်ခံရသူ။ ကျန်သားသမိးတွေက တခွန်းမှ ပြန်မပြောကြဘူး။ တခွန်းဆို တခွန်းမှ။ ကျနော်တို့ မောင်နမတွေက မိဘကို နည်းနည်းလေးမှ စိတ်ဆင်းရဲအောင်မလုပ်ကြဖူး။ ကျနော်ကလွှဲလို့ ပေါ့။
ကျနော်က ငယ်ငယ်ကထည်းက ပြသနာကောင်။ အိမ်မှာ အတီးအခံရဆုံး။ အမေပေးထားတဲ့ နာမည် အများကြီး..တခုက ( မိုးဇာဗျော ) စစ်ကိုင်းမြို့ က မိုးဇာအရပ်က နိုင်ငံကျော် ဗျောအဖွဲ့  ။ ကျနော့်ကိုတီးရလွန်းလို့  ဗျောကြီးလို့ ခေါ်ကြတာ။ အရပ်က ကျနော့်ကို ဗျောကြီးလို့  နာမည်ပေးထားကြတာ။
အဖေကတော့..အချစ်ဆုံး..။ .ဒါပေမည့် အိမ်မှာ အဖေက ကြိမ်တချောင်းကို ကျန်လူတွေအတွက်ထား၏။ ကျနော့်အတွက်က သီးသန့်  ကြိမ်တချောင်း..ကဗျည်းထိုးထားတယ်။ BILLY..ဟိုကြိမ်က တလ တခါ မထုတ်ရဘူး။ ကျနော့်ကြိမ်က တပတ်တခါ။ ဟိုကြိမ်က ခါရိုက်ရင် ၁ ၊ ၂ ချက်။ BILLY ကတခါရီုက်ရင် ၅ ချက်ဘဲ ။
အမေ ဆုံးခါနီး...နောက်ဆုံး သတိမရတရမှာ ဗလုံး ပထွေး စကား နစ်ခွန်းပြောသွား၏။ မေမေ သတိမရတရမှာ ညီငယ်က ဖုံးဆက်ပြီး..ကိုကို မေမေ အခြေအနေ ရုတ်တရက်ပြောင်းသွားတယ်...မေမေကြားနေရပေမည်။ အဲဒီမှာ..ခနနေတော့...အော်သား ကြီးလာပြီလား ..သားကြီးလား... မသဲမကွဲစကားလေး နောက်ဆုံးပြောသွားပြီး..ခေါ်မရ တော့ပါ။ ..ဆုံးခါနီး နောက်ဆုံး စကား .။
မိခင်ဆုံးပြီးတော့ အမ ၊ ညီမတွေ။ ညီတွေက ကိုကို ကိုကိုဆောင်းပါးတွေရေးလျင် နိုင်ငံရေးကိုတော့ ရှောင်ရေးပါ။ အတန်တန်မှာကြ ပန်ကြားကြ၏ ။ ချိုချိုသာသာလေးရေးပါ။ ကိုကိုရေးရင် တစ်တစ်ခွခွတွေချည်းဘဲ။ တဖက်က မခံသာဘူး။ ဘာဘူတို့  ၊ ဘုတ်ဘုတ်တို့ လဲ ထိခိုက်ခဲ့တာတွေများလှပြီ။ မှန်ပါသည်။ ကျနော့်ကြောင့် သား နှင့်သမီး အခက်အခဲတွေ ကြုံကြရပါသည်။
ကျနော်လက်ရှောင်နေခဲ့တယ်။ ရင်ထဲတော့ ဘယ်လိုလုပ်နေရက်ပါ့မလဲ ။ ကနေ့ တော့ မောင်နှမတွေ၊ ဝမ်းကွဲတွေညီအကိုတွေ၊ သား နင့် သမီးတို့ ကို ကျနော်နေနိုင်သလောက် ငြိမ်ခဲ့ပြီးပြီး..ခုမနေနိုင်တော့ဘူး။ ကျနော့်ကိုနားလည်ပေးကြပါတော့
ပါပါကြီးကို နားလည်ပေးကြပါတော့ဘဲ ပြောပါရစေတော့...
ယ္ခုဆောင်းပါးကလည်းအကြံပြုစာပါ။
သမ္မတကြီးကို ဦးတည်ပြီး အကြံပြုစာပါ ။ ခြိမ်းခြောက်စာ..ဆရာလုပ်တာ မဟုတ်ရပါဘူး ။ ( သူတို့ က ပြန်ဝေဖန်လျင် အဲဒီလို အကြောင်းပြတတ်လို့ ပါ )။
သမ္မတကြီး ကိုယ့်သမိုင်းကို ကိုယ်ရေးရမှာပါ ။ ပြည်သူက ဆုံးဖြတ်မှာပါ ။ ကျနော်လည်းဆုံးဖြတ်ခွင့်မရှိသလို ၊ သမ္မတကြီးကိုယ်တိုင်လည်း လိုချင်တဲ့ သမိုင်းမရနိုင်ပါဘူး ။ သမိုင်းဆိုတာ ပြည်သူက သတ်မှတ်တာပါ။
မြန်မာ့သံယံဇာတ ထုတ်ရောင်းရေး မရောင်းရေး...ကျနော်က ထုတ်ရောင်းရေးသမားပါဘဲ ။ တချို့ က ဘိုးဘွားပိုင်မြေ ၊ သမိုင်းဝင် သိမ် ၊ စေတီ ၊ အကြောင်းပြ ။ ကျနော်က ထုတ်ရောင်းရေးဘဲ။ ဘိုးဘွား လာမပြောပါနဲ့  ။ ယနေ့ မန္တလေးကိုသာကြည့် ၊ မြန်မာတွေ ၊ မိဘဘိုးဘွားခေါင်းချသွားတဲ့အိမ်တွေကို လူမျိုးခြားတွေကိုထိုးရောင်း...မြို့ စွန်ပြေးနေသူတွေ ကို အရင်သွားပြော။
ကျနော်တို့ မောင်နမတွေ ဖခင်ကြီး အသက်နဲ့ ရင်းပြီး တပ်မတော်ကရလာတဲ့ ပင်စင်ငွေလေးရောင်းပြီး ဝယ်ထားတဲ့မြေ၊ ဖခင်ကြီးခေါင်းချသွားတဲ့မြေ။ မောင်နှမထဲကဘယ်သူမှ လဲမနေတော့ဘူး၊ မရောင်းဖူး ။ ညီမအငယ်ဆုံးက အိမ်စောင့် ။ ကျနော်တို့ မောင်နမထဲက မိသားစု ( ၄ - စု ) က နိုင်ငံခြားရောက်နေပြီ။ ဖခင်ခေါင်းချခဲ့တဲ့မြေ မရောင်းနိုင်ဘူး နောင်လဲမရောင်းဘူး။
ယ္ခုလက်ပတောင်းတောင် ဒေါ်စုကလည်း ဆက်လက်တူးဖေါ်ရေး။ ကျနော်တို့ မြန်မာတွေ ဒီလောက်ဆင်းရဲချို့ တဲ့ နေချိန်...ကျွန်စုတ်တဲ့ သရက်စေ့ ဘဝရောက်နေချိန် ဘိုးဘွားအော်နေတာ....အော်နေသူတွေ ဘယ်လိုစားသောက်နေကြသူတွေလဲ
ဥပမာပေးပါမည်။ လူတယောက် သွေးထွက်လွန်ပြီး သွေးမသွင်းလျင် သေချာပေါက်သေတော့မည်။ သွေးလှုနိုင်သူတွေနဲ့  သူ့ သွေးက မတည့်။ တည့်သူက တဦးတည်း....သို့ ပေမည့် HIV ပိုးရှိနေသူ။ ဘယ်လိုဆုံုးဖြတ်မလဲ ။
ဆေးကျောင်းမှာ အလားတူ ဥပမာ သင်ခဲ့ရပါသည်။ (ထိုစဉ်က HIV မပေါ်သေးဘူး ) လင်မယားနှစ်ယောက်မှာ..ယောက်ျားက မိန်းမ၏သွေးကို လက်ခံလို့  (သွင်းလို့ ) ရ၏။ ယောက်ျား၏ သွေးကို မိန်းမကို သွင်းလို့ မရ (ငယ်ရွယ်စဉ် )။ ချစ်သူရည်းစားကိုသွေးလှုမည့်သူတွေ စဉ်းစားဖို့။ သို့ သော်အရေးပေါ်လိုအပ်လာလျင် သွင်းရမည်သာ။ ယောကျာ်း၏သွေး ဇနီးမယားကိုလှုလျင် ဘာဖြစ်တတ် ဆရာဝန်တွေကိုသာမေးကြပါ။
ဆက်ရလျင် လက်ပတောင်းတောင် ဆက်တူးပါ။ တူးရပါမည်။ သို့ သော် ဒီစီမံကိန်းဟာ အလွန်အကျိုးအမြတ်ကြီးမားပါသည်။ ရှုံးသွားရန် လုံးဝ မရှိသော..မြေကြီးလက်ခတ်မလွှဲ အကြီးအကျယ်မြတ်မည့် စီမံကိန်း။ ဒီလောက်အမြတ်များမည့် စီမံကိန်းကို ဆက်လက်တူးဖေါ်ဖို့ က..စာနာစိတ်ရှိသူတွေကိုသာ ဆက်လက်လုပ်ဆောင်စေသင့်ပါသည်။
မြန်မာစိတ် မွေးနိုင်သူတွေကိုသာ လုပ်ဆောင်စေသင့်ပါသည်။ ဘီလူးစိတ် ၊ ဓါးပြစိတ်ရှိသူတွေကို နိုင်ငံ၏ရတနာသိုက်ကို တူးဖေါ်ခွင့်မပေးသင့်ပါ ။ မြန်မာပြည်မှာ အနှစ် ၅၀ လောက်လာတူးမှာ...
နဂါးပြည် နဂါး ၊ ဂဋ္ဋုန် ပြည် ဂဋ္ဋုန်။ Be Roman in Rome..တရုတ်တွေ အကျိုးအမြတ် လိုချင်လွန်းလို့ ၊ ငန်းငန်းတက်လာတူးတာကို မြန်မာက တရုတ်ဓလေ့ကို တရုတ်လောဘကို လို်က်ရမှာလား ၊ တရုတ်က မြန်မာ့ဓလေ့ ကိုလိုက်နာရမှာလား..သမ္မတကြီးခင်ဗျား။
ယနေ့  လက်ပတောင်းမှာ ဖြစ်ရတဲ့ ပြဿနာ၏ အစက တပ်မတော်အစိုးရလက်ထက်က မီးစ။ ပြည်သူကို လူမထင်ခဲ့။ ဖုတ်လေတဲ့ ငါးပိ ရှိတယ်တောင်မထင်ခဲ့တဲ့။ တပ်မတော်သာအမိ ဆောင်ပုဒ်ရဲ့ အကျိုးဆက်။ တပ်မတော်ရဲ့ စီးပွားရေးလက်တံ ဖြစ်တဲ့ ဦးပိုင်ရဲ့  မြန်မာပြည်သူတွေအပေါ် လည်ပင်းညစ်ချင်တဲ့ စိတ်ဓါတ်က အရင်းခံ ။ တရားခံစစ်စစ် ။ ဦးပိုင်၏ ဆောင်ပုဒ် ၆ -ခု မှာ နံပတ် ၆ -ဖြစ်တဲ့ ပြည်သူလူထု သက်သာချောင်ချိရေး ရေးထားပါတယ် ။ ဆောင်ပုဒ်ကတော့ ပြည်သူလူထု သက်သာချောင်ချိရေး။
လုပ်နေတာက လယ်ယာတွေပေါ်မှာ ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်စားသောက်နေရသူ ပြည်သူတွေဆီက လယ်ယာတွေ လျော်ကြေးမပေးဘဲ သိမ်းချင်တဲ့စိတ် ။ တောင်သူတွေမှာ အသက်မွေးဝမ်းကျောင်း..ဒါလေး ( တစ်ခုထည်းဘဲ ) ရှိရှာတာ ။ ဦးပိုင်က လူကြီးတွေလို အကောင်းဆုံးကား အစီး ရာချီမပိုင်ပါဘူး ။ အိမ်ကောင်းကြီးတွေ ဆယ်ချီပိုင် ဒေါ်လာနဲ့ ငှားစားနိုင်ဖို့ ..အိမ်မက်တောင်မမက်ရဲသူတွေပါ။
လူကြီးလူကောင်းဆိုတာ..ကိုယ်ထက်နိမ့်ပါးသူတွေကို ညှာတာရပါတယ်။..ကိုယ်( တပ်မတော် ) အနစ်၅၀ အုပ်ချုပ်လိုက်လို့  ငါတို့ မြန်မာတွေ မွဲပြာစုပ်ပြတ်သတ်သွားတယ် မြင်သင့်ပါတယ် ။ တပ်မတော် အာဏာမသိမ်းခင်က မြန်မာဟာ အရှေ့ တောင်အာရှရဲ့  ရွှေခေတ် ။ ယနေ့ မြန်မာတွေဆင်းရဲသွားတာ တပ်မတော်မှာ တာဝန်အရှိဆုံး ။ ငြင်းချင်လျင် တီဗွီပေါ်မှာ စကားရည်လုပွဲလေး လုပ်ပါဗျာ။ ဦးပိုင်ဟာ တောင်သူတွေအပေါ် စာနာရမှာပါ ။ ကိုယ်က လက်ပတောင်းတောင်ကိုမတူးရလဲ..ဆယ်သက်စားမကုန် ၊ ဖြုန်းမကုန်အောင် စုမိထားသူတွေ (တကယ်က ခိုး ) ထားနိုင်သူတွေပါ။
ဥိးပိုင် လူကြီးတွေထဲက လက်ပတောင်းတောင် ဆက်မလုပ်ရလျင် ငတ်မည့်သူရှိလျင်ပြောပါ ။ ကျနော်တို့  ကိုယ်စားနိုင်တာထက် တဆပိုပြီး သေသည်အထိ ထောက်ပံ့ပါမယ်။
ဘီလူးတောင် ဘီလူးစည်းရှိလို့  ၊ လူ့ စည်း ၊ ဘီလူးစည်း ဆိုတဲ့စကားပေါ်လာတာပါ။ ဘီလူးဆိုတာ ဒုက္ခပေးချင်လျင် စိတ်ကြိုက်ပေးနိုင်တယ်ဆိုထားပေမည့် ဘီလူးစည်းကိုစောင့်ပါတယ်။ ယ္ခု ဥိးပိုင်ကလည်း လူ့ စည်းကိုစောင့်ပါ။ လူ့ စည်းကို မလိုက်နာနိုင်လျင်တောင် အနိမ့်ဆုံး..သူခိုးစည်းကိုတော့ လိုက်နာပါ။
ဒီတော့ သူခိုးစည်းဆိုတာက ဘာလဲမေးစရာ။ သူခိုးစည်းက ခပ်များများ။ ဒီထဲက အရေးပါတာလေးတခုက သူခိုးတွေဟာ မိမိထက်ဆင်းရဲသူဆီက ဘယ်တော့မှ မခိုးရဆိုတဲ့ စည်းလေးပါ။ ယနေ့ ဥိးပ်ိုင်က နိုင်တော်က လယ်တွေကိုပိုင်တယ် ပြောပြီး လျော်ကြေးမပေးဘဲ သိမ်းယူတာဟာ တကယ်တော့ လုယူနေတာပါ။
မိမိကတော့ အိမ်ကောင်းကြီးတွေနဲ့ သိန်းထောင်ချီတန် စိန်နားကပ်ကြီးတွေ ပန်ပြီး...ငတ်သေလုဖြစ်နေတဲ့လူတွေဆီက အတင်းအဓမ္မလုတာဟာ သူခိုးစည်းထက်နိမ့် သွားပါပြီ ။ သူခိုးစိတ်ဓါတ်ထက် နိမ့်သွားပါပြီ။
မြေဆိုတာ လယ်ယာအဖြစ် သူ့ သဘာဝအတိုင်းပေါ်နေတာ ကောင်းနေတာမဟုတ်ပါဘူး။ လူက ပြုပြင်ထားလို့  စိုက်ပျိုးနိုင်တာပါ။ သူတို့ ပိုင်တာပါ။ ကိုလိုနီနယ်ချဲ့ လက်ထက်မှာတောင် မြန်မာတွေ ကိုယ့်လယ်ကို ကိုယ်ပိုင်ဆိုင်ခွင့်ရခဲ့တယ် ။ မျိုးချစ်တပ်မတော်အတွက် လက်တွဲတိုက်ခဲ့ရတဲ့ပြည်သူတွေ မျိုးချစ်တပ်မတော်လက်ထက်ကျမှ လယ်ပိုင်ခွင့် စွန့် လွှတ် လိုက်ရတယ်လို့ ...။ နယ်ချဲ့ အောက်နေရတာမှ တော်ပါသေး ပြောလျင် ဘယ်သူ လွန်လေမည် နည်း ။
လယ်ယာမြေတွေအားလုံးကို နို်င်ငံတော်ပိုင်ဆိုတာ တနိုင်ငံလုံးကိုပြည်သူပိုင်သိမ်းခဲ့တဲ ဗိုလ်နေဝင်း...ဓါးပြတိုက်လမ်းစဉ်ပါ။ တိုင်းပြည်ကို မွဲအောင်လုပ်ခဲ့သူ့ ရဲ့ လမ်းစဉ်ပါ။ အဲဒီလမ်းစဉ် အခြေံဥပဒေဟာ...၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့ က သေသွားခဲ့ပါပြီ။ ဒါတပ်မတော်စစ်ဦးချုပ်ကြီး ဗိုလ်ချုပ်မှုးကြီးစောမောင် ပါးစပ်က တိတိကျကျ ကြေငြာခဲ့တာပါ။
ကျနော်သိရကြားရသလောက်က မူလအစပိုင်းမှာ ဝမ်ပေါင်က လယ်ယာတွေကို တန်ရာတန်ကျေး လျော်ဖို့ ပေးအပ်ခဲ့ပါတယ်။ တရုတ်ပြည်မှာ လယ်တဧကကို ကျနော်တို့ လက်ရှိဈေးထက် ပိုဈေးကြီးပါတယ်။ ၁၉၈၀ ကထည်းက တရုတ်ပြည်မှာ လယ်ယာတွေကို ပြည်သူကသာပိုင်တယ် သတ်မှတ်ပြီး လျော်ကြေးပေးလာပါတယ်။ ဝမ်ပေါင်အတွက် တန်ရာတန်ကြေးပေးရန် ဝန်မလေးဘူးဟု သုံးသပ်နိုင်ပါတယ်။
ပြည်သူလူထု သက်သာချောင်ချိ့ ရေး ဆောင်ပုဒ်ကိုင်ထားတဲ့ ဦးပိုင်ရဲ့ စေတနာ သေးလွန်းလို့ ဖြစ်လာတဲ့ပြဿနာပါ။
ဒီနေရာမှာ သမ္မတကြီး ချိန်ထိုးစဉ်းစားဖို့  Australia ( Western Australia...GORGON GAS Project ) ကိုနမူနာပေးပါရစေ ။ ဒီဓါတ်ငွေ့ စီမံကိန်းဟာ ကမ္ဘာမှာ တနေရာထည်းက ကမ္ဘာ့အကြီးဆုံး ဓါတ်ငွေ့ စီမံကိန်းကြီးပါ။ ၁၉၇၂ ကစတင်ခဲ့တာပါ ။ ပထမဦးဆုံးအစမ်းတွင်းမှာကို ဓါတ်ငွေ့ သိုက်ကိုအောင်မြင်စွာ တူးနိုင်ခဲ့တာပါ။ ဒါကို အော်စတေးလျအစိုးရက အနှစ်နှစ်အလလ သဘာဝပတ်ဝန်းကျင်အကျိုးဆက်တွေကို သုသေသန လုပ်ပြီး..၂၀၀၉ ခုနစ်မှ သြဂုတ်လ မှသာလျင် သဘာဝပတ်ဝန်းကျင်၏ ခွင့်ြ့ပုချက်ရပြီး တရားဝင်လုပ်ကိုင်ခွင့်ချပေးခဲ့တာပါ။
အရင်းအနှီးကလည်း ဒေါ်လာ ဘီလျံပေါင်း ၆၀ ခန် ရင်းနှီရပါတယ်။ အော်စတေးလျ အနောက်ပိုင်းပြည်နယ် ၊ Karratha မြို့ အနီး .. Pilbara ကမ်းခြေအနီး.. Onslow ဒေသမှာ ဓါတ်ငွေ့  ဖြန့် ဖြူးရေး ၊ သန့် စင်ရေးစက်ရုံတည်ဆောက်ရန်လိုပါတယ်။
ပြည်ပတင်ပို့ ရန် သဘာဝဓါတ်ငွေ့ ကို အရည်ပြောင်းသည့် ပင်မ စက်ရုံကို Barrow Island ဘဲရိုးကျွန်းပေါ်မှာ တည်ဆောက်တာပါ။
ထို Onslow အရပ်ဟာ လူသူ တယောက်မှ မရှိသော ဂန္တာရ သဲကန္တရမြေသက်သက်ပါ ။ အပင်ရိုင်းတောင်မရှင်တဲ့မြေနေရာပါ။
ဒါကိုပင် ဌာနေတိုင်းရင်းသား Australia Aborigines တွေ လူဦးရေ ၂ သောင်းမရှိသူတွေကို သူတို့ လဲ နေထိုင်နေတာမဟုတ်ဘဲနဲ့...လျော်ကြေးငွေ ဒေါ်လာ ၂- ဘီလျံဒေါ်လာ လျော်ပေးပါတယ် ။
ကနေ့  ဝမ်ပေါင်ရင်းနှီးတာက ဒေါ်လာ ၁ ဘီလျံရှိမည်မထင်ပါ။ မြတ်မှာက ဘီလျံ ၃၀ ကျော်၏။ ထိုနေရာကပြည်သူတွေက တောင်သူတွေက ဒီလယ်ယာမြေပေါ်မှာ လုပ်ကိုင်စားလာတာ ဘိုးစဉ်ဘောင်ဆက်။ သူတို့ မှ ဒီလယ်ပျောက်သွားလျင် လုပ်ကိုင်စားစရာမရှိတော့ ။
ဒီလူတွေရဲ့  ဘိုးဘေးတွေဟာ...၁၆၄၀ က သာလွန်မင်းကြိးနင့် သားတော် ပင်းတလဲမင်းတို့ လက်ထက် တရုတ်တပ်တွေ (မန်ချူးရိးယား) ကျူးကျော်လာလို့  ဗမာ့တပ်တော်မှာ ပါဝင်အသက်ပေးခဲ့ရသူတွေရဲ့ မျိုးဆက်တွေပါ။
၁၇၆၉ ဆင်ဖြူရှင်မင်းတရားကြီလက်ထက် ( အလောင်းမင်းတရားကြီး၏သားတော် ) ဗမာတပ်တွေထက် အင်အား ၄ ဆ ပိုကြီးမားတဲ့ တရုတ်ကျူးကျော်တပ်မကြီးတွေကို အကြိမ်ကြိမ်တွန်းခဲ့ရတဲ့ စစ်ပွဲတွေမှာ ယ္ခုလက်ပတောင်းဒေသကလူတွေရဲ့  ဘိုးဘေးတွေ စစ်သည်တော်အနေနင့် တိုက်ခဲ့ကြတာပါ စစ်သည်တော်မျိုးဆက်တွေပါ။
ထိုစဉ်က မြန်မာဘုရင်ဟာ ဒီလူတွေရဲ့  ဘိုးဘေးတွေကို စစ်သားဆင့်မခေါ်ခဲ့လျင် ဘယ်သူတွေကို ဆင့်ခေါ်ခဲ့သနည်း ။
ဒီလူတွေရဲ့  ဘိုးဘေးတွေသာ အသက်မပေးဆပ်ခဲ့လျင် ယနေ့  ဗမာပြည်ဆိုတာ စီဌတိုင်းရဲ့  မြန်ကျင့်ပြည်နယ်ဖြစ်နေပြီ။ သမ္မတကြီး ဗမာစကားပြောနေသူ မဟုတ်နိုင်တော့ပါဘူး။ တူနဲ့  ခေါက်ဆွဲစားပြီး ဏီ့ဟောင်...ဝမ်ဆွေ့  လုပ်နေသူဘဲ ဖြစ်ပါမယ်။
ယနေ့  မျိုးချစ်တပ်မတော် ကျွေးကျော်သူတွေရဲ့  လက်ထက်ရောက်မှ တရုတ်နယ်ချဲ့ ရန်ကိုတွန်းလှန်ခဲ့တဲ့....ထိုတောင်သူတွေ၏ဘိုးဘေးတွေရဲ့  မျက်နာကိုပင် မထောက်ဘဲ ဗမာလူမျိုးစစ်စစ်က တရုတ်အလိုတော် ၊ တရုတ်မျက်နာရဖို့  ကိုယ်လူမျိုး အချင်းချင်းကို ဘိုးဘေးတွေရဲ့  ရာဇဝင်ကို သစ္စာဖေါက်လို့  ဗမာအချင်းချင်း ပြန်သတ်တာခံရတယ်လို့ ဗျာ။
ဘယ်လိုမျိုးချစ်လဲ ကိုယ့်ဟာကိုယ် ပြန်စီစစ်ပါဦး..သမ္မတကြီးခင်ဗျာ ။
ယနေ့  ဝမ်ပေါင်ကို သမ္မတကြီး တခွန်းဘဲ မေးပေးပါ ။ ဒီလယ်ယာမြေတွေ တစ်ဧကကို သိန်း ၂၀ -၃၀ မလျော်နိုင်လျင် ပြန်ကြပါ ။ ခင်ဗျားတို့ ရင်းနှီးထားတာတွေ ပြန်လျော်ပေးပါမယ်လို့ သာ မာမာမေးလိုက်ပါ ။ ၁- ဧကကို သိန်း ၂၀ ဆိုတာ ဒေါ်လာ ၂၀၀၀ ပါ။ တရုတ်ပြည်မှာ မရနိုင်ပါ ။
နောက်တခု သမ္မတကြီးကို ပန်ကြားလိုတာပါ ။ လူလွှတ်ပြီး...လှို့ ဝှက်ကင်မရာလေးတွေနင့် လက်ပတောင်းရွာသူ ၊ ရွာသားတွေ နေထိုင်စားသောက်နေရတဲ့ အဆင့်အတန်း နဲ့  ယနေ့ အမြတ်မထွက်သေးဘဲ ရင်းနှိးမှုသာ လုပ်နေရသေးတဲ့ ဝမ်ပေါင် တရုတ်ဝန်ထမ်းတွေ နေထိုင်၊ စားသောက်နေကြသော အဆင့်အတန်း ဘယ်သူက မြင့်တယ်၊ နိမ့် နေတယ်ဆိုတာ ဗွီဒီယိုခိုးရိုက်ပြီး..မြန်မာ့ သတင်းမှာ နိုင်းယှဉ်ဖေါ်ပြပေးပါရန် ပန်ကြားလိုက်ပါသည်။
ဘယ်သူ နစ်နာနေတယ် ၊ ဘယ်သူက စာနာ ညှာတာရမယ်ဆိုတာကို ပြည်သူတွေ ဆုံးဖြတ်ပါစေချင်ဗျာ။ တရုတ်ပြည်သူတွေ ကိုလဲ ဆုံးဖြတ်ခိုင်းလို့ ရပါတယ်။
တဆက်ထည်း ဥိးပိုင်၏ ဆောင်ပုဒ် ၆ -ခု ရှိရာမှာ ၊ နံပတ် ၆ -ဆောင်ပုဒ်ဖြစ်တဲ့ ပြည်သူလူထု သက်သာချောင်ချီရေး ဆိုတဲ့ဆောင်ပုဒ်လေးကိုဆွေးနွေးလိုပါတယ် ။
ဥိးပ်ိုင်ကို အာဏာသိမ်းပြီးမကြာမှီ (၁၉၉၀ ) မှာတည်ထောင်ခဲ့ပါတယ် ။ တည်ထောင်တဲ့ငွေပမာဏက အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ ခန့် ကို ပါဝင်သူတွေက ထဲ့ဝင်စရာမလိုဘဲ တပ်မတော်က နိုင်ငံတော်ရဲ့ ဘတ်ဂျက်ထဲ့က ဖဲ့ပြီးထဲ့ပေးခဲ့တာပါ ။ ဒါကငွေသားသက်သက်။ ပိုများတာက နိုင်ငံတော်ပိုင် (ပြည်သူတွေ) ပိုင်တဲ့ စက်ရုံတွေကို လွှဲပြောင်းသိမ်းယူခဲ့ပါတယ်။
ပြည်သူ ဘဏ္ဍာတွေကို စိတ်ထင်တိုင်းသိမ်းယူခဲ့၊ တောင်သူတွေရဲ့ လယ်သာတွေ လျော်ကြေးမပေးဘဲ များစွာ သိမ်းယူခဲ့တယ်။ ဦးပိုင်က တဦးတည်းစားအုံးဆီတွေတင်သွင်းပြီး ဆီအညံ့စား (စက်မှုလုပ်ငန်းသုံးအဆင့် ဆီခဲတွေ ) တင်သွင်းပြီး ပြည်သူတွေ ကျန်းမာရေး ပျက်စီးခဲ့ရပါတယ်။ ဦးပိုင်အမြတ်ရရေးသာ အဓိကထားခဲ့တာ..ယခုပြည်သူတွေ ကျန်းမာရေး စားရိတ်များစွာထွက်နေရပါပြီ
ဦးပိုင်သွင်းခဲ့တဲ့ကားတွေကိုလည်း.. ပြည်သူတွေ မတရားဈေးကြီးပေးခဲ့ရပါတယ်။ ဖုံးဆင်းကဒ်တွေ သိန်း ၃၀ မှ ၅၀ ပေးခဲ့ရပါတယ်။
ဥိးပိုင်ရဲ့  ပြည်သူတွေအပေါ်သက်သာစေခဲသော လုပ်ဆောင်မှုများရှိခဲ့လျင် (ကျနော် မသိတာ တကယ်ပါ) ပြည်သူရှေ့ မှာ(တီဗွီပေါ်မှာ) စာကားရည်လုပွဲလေး (Live Debate) ကျင်းပပေးရဲပါသလား။
စကားရည်လုပွဲလေး မကျင်းပရဲလျင် ဦးပိုင်၏ နံပတ် ၆ ဆောင်ပုဒ်လေး ဖြုတ်သိမ်းပေးပါရန် ( တောင်းဆို ) လိုက်ပါသည်။ ဗမာ့တပ်မတော်ဟာ စစ်သားပီပီ ပလီပလာ စကား၊ အလိမ်အညာဆောင်ပုဒ်တွေကို မသုံးသင့်ပါ ။ ဗမာယောက်ျားပီသလျှင် စကားကိုမလိမ်ညာကောင်းပါ။
ဗမာ့တပ်မတော်ဟာ ဗမာလူမျိုး နင့် နိုင်ငံတော်ကို ကိုယ်စားပြုထားသည့်အတွက် ကျနော်တို့ နဲ့ သက်ဆိုင်လို့ ပြောရတာပါ။ အချုပ်အနေနှင့် သမ္မတကြီး၏ သမိုင်းသည် သမ္မတကြီး၏ မိန့် ခွန်း ( နုတ်ထွက်စကား) နင့် ထိုစကားကို မည်မျှ အကောင်အထည်ဖေါ်ခဲ့သည် အပေါ်မှာ ပြည်သူတွေက သုံးသပ်ပြီး...သမိုင်းရေးကြပါမည်။
You write your own history...HOW YOU WALKS YOUR TALKS..
ကျနော်လည်းရေးလို မရပါ။ သမ္မတကြီးလည်းရေးလို့ မရပါ။ သမ္မတကြီး အငြိမ်းစားယူပြီးသည့်နောက် အမေရိကန်သမ္မတကြီးများလို တက္ကသိုလ်တွေ။ လူမှုအဖွဲ့ အစည်းတွေက မိန့် ခွန်းချွေပေးရန် ဖိတ်ကြားခံရသည့် ပထမဦးဆုံး မြန်မာ သမ္မတအဖြစ် ကျနော်တို့  မြင်ချင်ပါတယ်။
ဒီစကားဟာ ဖါးတာလည်းမဟုတ်သလို ။ ( ကျနော်မဖါးတတ်ပါ ။ ) ကျပ်တာလည်းမဟုတ်ပါ ။ ( ကျပ်တာတော့ လုပ်တတ်ပါသည်)။
ကျနော်တို နိုင်ငံမှာ သမ္မတကိုလူထုက မုန်းတီးခဲ့တာကိုချည်းမြင်နေရတာကို အဆုံးသတ်စေချင်လှပါပြီ ။ သူတို့ သမ္မတတွေလို ပြည်သူက လေးစားချစ်ခင်တဲ့ သမ္မတရှိတယ်လို့  ပြချင်ပါတယ်။
အောက်ထစ် အငြိမ်းစားယူပြီးသည့်နောက် ပြည်သူတွေကြား ဝင်ထွက်သွားလာနေသူအဖြစ်မြင်ချင်ပါတယ်ခင်ဗျာ။ န.အ.ဖ ..န.ဝ.တ ခေါင်းဆောင်အားလုံးနီးပါး...ပြည်သူကြားမဝင်ထွက်ရဲတာ...ဘာကြောင့်ပါလဲ ။ ကျနော်ဝေဖန်ချက်မပေးတော့ပါ။
သမ္မတကြီးဟာ စေတနာကောင်းတဲ့လူအဖြစ် ဗိုလ်ချုပ်ဘဝ(၂၀၀၃) တီဗွီပေါ်မှာ စမြင်ဖူးစဉ်ကထည်းက ကျနော် ဗေဒင်ဟောခဲ့ပါတယ်။
မိတ်ဆွေတွေကို ဒီလူကိုတော့ သူ့ အကြောင်းတော့မသိဖူးဗျာ။ ဥပဓိရုပ်ကတော့ တက်လမ်းရှိမယ့်ပုံ။ စိတ်ရင်းစေတနာကောင်းမဲ့ ရုပ်ဘဲဟု တန်းဟောခဲ့သူပါ။
သမ္မတကြီးအဖြစ်က အငြိမ်းစားယူပြီးချိန် မိတ်ဆွေ ဖြစ်ချင်ပါတယ်ခင်ဗျာ။ လေးစားရတဲ့  ရှားရှားပါးပါး တပ်မတော်ခေါင်းဆောင်တဦးဖြစ်သူမို့  ခင်ချင်ပါတယ်ဗျာ။ ခင်မင်ခွင့်ရနိုင်လျင်ပေါ့
အခု လက်ပတောင်းတောင်ကိစ္စမှာ ဝမ်ပေါင်ကို မြန်မာတွေအပေါ် အထင်အမြင်သေးမှု 
ကြီးမားနေတာကို ပြုပြင်ပေးဖို့  နင့် ယဉ်ကျေးလာအောင် ၊ စာနာစိတ်မွေးတတ်လာအောင် သမ္မတကြီး လုပ်ဆောင်ပေးလျင် ပြသနာတွေ ပြေလည်အောင် ညှီနိုင်းနိုင်ပါမည်။
လက်ပတောင်းတောင်ကို လူစိတ်ရှိသူတို့ သာ လုပ်ကိုင်စေသင့်ပါသည် ။
စေတနာကောင်းသည့် ၊ စိတ်ထားကောင်းမွန်သည့် သမ္မတကြီးဦးသိန်းစိန်ကို လေးစားစွာဖြင့် ။
ကျနော့်ဆောင်းပါး၏ စေတနာအမှန်ကိုလည်း သမ္မတကြီး မြင်နိုင်ပါရန် မျှော်လင့်လျက်
လှိုင်မြင့်
January 11th, 3:10pm
ခေါင်းစဉ်က သမ္မတကြီးကို တွဲထားပြီး သူခိုး၊၊ ဘီလူး၊ လူ့ စည်းတပ်လိုက်လို့  နည်းနည်းများရင့်သီးသွားလေလျှင်...လူစင်စစ်ကနေ ကျွန်သဘောက်ဖြစ်နေရသူတွေရဲ့  အဖြစ်နဲ့  ယှဉ်လိုက်လျင် နားလည်မှုပေးနိုင်လောက်မည် ထင်ပါသည် ။
ဟုတ်ကဲ့။ ကျနော် ဦးသိန်းစိန်ဥိးဆောင်နေတဲ့ နိုင်ငံတော်အစိုးရကို ထောက်ခံလို့ .. (၃၁၊၁၊၃) မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။
Thursday, January 22, 2015
ဝေ့လည်လည် မြန်မာ့နိုင်ငံရေး
(VOA)
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ပြည်ထောင်စုလွှတ်တော်က (၆) ပွင့်ဆိုင် တွေ့ဆုံဖို့ တင်ပြချက်အပေါ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့  ဝေ့လည်လည် ပန်ကြားချက်ကို ဘယ်လို အဓိပ္ပါယ်ကောက်ယူကြမလဲဆိုတာကို NLD ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်၊ နိုင်ငံရေးအကဲခတ် သုတေသီ ဒေါက်တာရန်မျိုးသိန်းတို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့အရေး ပြည်ထောင်စုလွှတ်တော်က တင်ပြတဲ့ကိစ္စကို နိုင်ငံတော်သမ္မတက ပြန်ကြားထားတဲ့စာကို တွေ့ရပါတယ်။ သမ္မတရဲ့  ပြန်ကြားစာက ဘယ်လောက် ရှင်းလင်းပြတ်သားမှု ရှိတယ်လို့ နားလည်ရပါသလဲ။ သဘောရပါသလဲ။ ဒေါက်တာရန်မျိုးသိန်း စဆွေးနွေးပါ။
အရေးပေါ်အခြေအနေမှာ စစ်တပ်ဝင်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်
(RFA)
မြန်မာ့တပ်မတော်အနေနဲ့ တစ်ဘက်သက်အာဏာသိမ်းမှာ မဟုတ်ပေမဲ့၊ တိုင်းပြည်မှာအရေးပေါ် အခြေအနေ ကြေညာရပြီဆိုရင်တော့ ငြိမ်ဝပ်ပိပြားရေးအတွက် ဆောင်ရွက်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုကြောင်း စင်္ကာပူအခြေစိုက် Channel News Asia သတင်းက ဖော်ပြပါတယ်။
Wednesday, January 21, 2015
နေပြည်တော် တည်ဆောက်မှု လျှို့ဝှက်ချက်ကို ဖေါ်လိုက်ပြီ
သမ္မတ ရုံးပြောဆိုခွင့်နှင့် ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်မှ ကန့်သတ် တားမြစ် ထားသော သတင်း အချက်လက် များ ဖြစ်ပါသည်….. 
မြန်မာပြည် တွင် ဘုရင်ဆိုသော ပဒေသရာဇ်စနစ် အား အရူးထလုပ်ဆောင်သော လုပ်ငန်းများထဲတွင် မိမိတို့နေထိုင်ရန်နှင့် စီမံခန့်ခွဲရန် အကြောင်းရင်းများအပါဝင် မိမိနှင့် မိမိ၏ ဆွေမျိုးညာတိများအတွက် လုံခြုံရေးသည် အရေးကြီးကြောင်း အထူးသတိထားရကာ နေပြည်တော်ဆိုသော မင်းဘုရင်ရူးတို့၏ မြို့တခု မြန်မာတွင် ပေါ်ထွက်လာတတ်သော အလေ့ထ အစဉ်လာများ ရှေ့သမိုင်းများတွင် ရှိသကဲ့သို့ ယခု လက်၇ှိ ကြပ်ပြေး နေပြည်တော် ဆိုသော ကွင်းထီးခေါင်ကြီးတခုလည်း ထိုးထိုးထောင်ထောင် အဆောက်အုံများဖြင့် ပေါ်ထွက်လာလေပြန်သည်။
တပ်မတော်က လွှတ်တော်တွင် ဆက်ရှိနေဦးမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော
(DVB)
လွှတ်တော်အတွင်းမှာ တပ်မတော်က အမတ်နေရာ လေးပုံတပုံ ပါဝင်ဆောင်ရွက်မှုကို လျှော့ချဖို့ မြန်မာနိုင်ငံအနေနဲ့ အဆင်သင့်မဖြစ်သေးဘူးလို့ မြန်မာ့တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ချာနယ်နယူးစ်အေးရှား သတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ဗိုလ်ချုပ်မှူးကြီးက မြန်မာ့ဒီမိုကရေစီသက်တမ်းဟာ နုနယ်သေးတာကြောင့် တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်တွေမှာ ဆက်ရှိနေဖို့လိုတယ်လို့ ဖြေဆိုပါတယ်။
Sunday, January 18, 2015
တရုတ်အစိုးရ၏ ရာဇာသံ နာခံရတော့မည်
တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံခြားရေးဌာန၏ ကွပ်ကဲမှုအောက် တွင်ရှိသော မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ သံအမတ်ကြီး မှတဆင့် မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏ မောင်လွင်သို့ အဆိုပါ ရာဇာသံအား ယနေ့( ဇန်နာဝရီလ ၁၄ ရက် ၂၀၁၅) ခုနှစ် နံနက် ၁၀ နာရီတွင် ပေးအပ်ကြောင်းသိရ၏။
Wednesday, January 14, 2015
ဗိုလ်ရှုခံ အခမ်းအနားကပေးတဲ့ သင်ခန်းစာ
(Irrawaddy)
 မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက်မှ ပြန်လည်ကျင်းပတဲ့ ဗိုလ်ရှုခံအခမ်းအနားက အောင်မြင်စွာကျင်းပနိုင်ခဲ့ပါပြီ။ ဒါပေမယ့် ဒီ ဗိုလ်ရှုခံအခမ်းအနားကို လာရောက်အသုံးတော်ခံခဲ့ရတဲ့ ဝန်ထမ်းတွေ၊ ကျောင်းသား လူငယ်တွေရဲ့ နောက်ကွယ်က အဖြစ်အပျက်တချို့ကိုတော့ ပြည်သူအများစု သိလိုက်မယ်လို့ မထင်ပါဘူး။ ဒီအခမ်းအနားကို လာရောက်ခဲ့ရတဲ့ ဝန်ထမ်းတွေမှာကိုယ်စီအတွေ့အကြုံတွေ ရှိကြမှာပါ။ဒီနေရာမှာ ကယားပြည်နယ်ကို ကိုယ်စားပြုပြီး သွားခဲ့ရတဲ့ သူတွေရဲ့ အတွေ့အကြုံတချို့ကို မျှဝေပါရစေ။ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေပါပဲ။
Monday, January 12, 2015
ဒုက္ခသည် တိုးပွားအောင်လုပ်သူ (သို့မဟုတ်) သမ္မတ ဦးသိန်းစိန် အစိုးရ
(Mizzima)
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဇန်န၀ါရီ ၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ၂၀၁၄ နှစ်လယ် အစီရင်ခံစာ အရ မြန်မာနိုင်ငံမှာ ဒုက္ခသည်နဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ စုစုပေါင်း ရှစ်သိန်းကျော်ရှိပြီး ကမ္ဘာပေါ်မှာ အဆင့်(၇) ချိတ်တယ်လို့ ဆိုပါတယ်။ မကောင်းမှုနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံ ဗိုလ်စွဲတဲ့ စာရင်းတွေထဲမှာ အခုစာရင်းကလည်း တစ်ခု အပါအ၀င် ဖြစ်လာပါတယ်။ သမ္မတဦးသိန်း စိန် လက်ထက်မှာ ဒုက္ခသည် နဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ ဘာလို့ တိုးပွားလာသလဲ၊ ဘယ်လောက် အရေအတွက် ရှိသလဲ၊ ဒီကိစ္စ အစိုးရဘယ်လို ဖြေရှင်းပေးနေသလဲ၊ ဒီပြဿနာ ဘယ်တော့ ပြေလည်နိုင်မလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။
Wednesday, January 7, 2015
ဒီမိုကရေ စီပြောင်းလဲရေးအတွက် သက်ရောက်မှုမရှိတဲ့ ဗိုလ်ရှုသဘင်
(Mizzima)
၆၇ နှစ်မြောက် လွှတ်လပ်ရေးနေ့ အခမ်းအနား တွင် လက်ရှိ သမ္မတ သက်တမ်း အတွင်း ပထမဦးဆုံး အကြိမ် အဖြစ် အစိုးရအဖွဲ့က ဗိုလ်ရှုသဘင် အခမ်းအနားကိုပါ ထည့်သွင်းကျင်းပခဲ့ သည်။ နှစ်ပေါင်း ၅၀ ကျော်ကြာမှ ပြန်လည် ကျင်းပခဲ့သော ဗိုလ်ရှုသဘင် အခမ်းအနား တွင် အရပ်သား အစိုးရကို ကာကွယ်ရေး ဦးစီးချုပ် လက် အောက်တွင်ရှိသော တပ်မတော် က နိုင်ငံတကာနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရှေ့တွင် အလေး ပြုခဲ့သည်။
ဦးအောင်သောင်း (သို့  မဟုတ်) မြန်မာ စစ်ဗိုလ်ချုပ်များ ၏ လက်မရွံ့  လူမိုက် (အပိုင်း-၂)
by FNG on January 2, 2015
တင်ကျော်ကျော်စိုး
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့်   ဦးအောင်သောင်း တို့  နှစ် ဦး တွေ့ ဆုံမှု တွင်
မည် သည့် အကြောင်း အရာများ ဆွေး နွေး ခဲ့ ကြသည် ကို မည်သူ မျှ မသိ နိုင်
သော်လည် လည်း ဦးစိန်အောင် ကွယ်လွန် သွား သောကြောင့် လစ်လပ် နေသည့်
စက်မှု ၁  ၀န်ကြီး ဌာန ၀န်ကြီး အဖြစ် ချီးမြှင့် ခြင်း ခံရသည်။ စက်မှု ၁ ၀န်ကြီး အဖြစ်
သူ့  ကို တာဝန်ပေး ရခြင်း မှာ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ လက်ကိုင်တုတ် အဖွဲ့ (နောင်တွင်
ပါတီ) ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့ ဖြို့းရေး  ပါတီ တည်ထောင်ခါ စ တွင် လိုအပ်
သည့် ငွေကြေး ရံပုံ ငွေ ကို စက်မှု ၁ ၀န်ကြီး ဌာန ၏ အကျိုး အမြတ် များ မှ ရရှိ ရန်
သူ့  ကို နေရာ ချ ထား ပေး လိုက်ခြင်း ဖြစ်သည်။ မရွယ် ဘဲ နှင့် စော်ကဲ မင်း ဖြစ်လာ
သည့် ဦးအောင်သောင်း သည် ကြံ့ဖွံ့  အဖွဲ့ ရံ ပုံ ငွေ ဟု ဆို ကာ စက်မှု ၁ မှ စာရင်းမရှိ
အင်းမရှိ ခိုးယူ နိုင်ခဲ့သည်။
ဦးအောင်သောင်း (သို့  မဟုတ်) မြန်မာ စစ်ဗိုလ်ချုပ်များ ၏ လက်မရွံ့  လူမိုက် (အပိုင်း-၁)
by FNG on December 26, 2014 
 တင်ကျော်ကျော်စိုး  
ဗိုလ်မှုးကြီး အောင်သောင်း အဖြစ် မထင် မရှား မကွေး တိုင်း တ၀တ
ဥက္ကဌ ဖြင့် စစ်တပ်  မှ အငြိမ်းစာ ယူရန် အသက် နီးကပ် လာ ချိန် ဉ် သူ့ တွင် ထူးထူးခြားခြား
နိုနိုင်ငံရေး ရည်မှန်း ချက် ၊ အာဏာအိပ်မက် များ မရှိ သေး ချေ ။
” ဗိုလ်မှုးကြီး က တပ်က ထွက် ရင် ရန်ကုန် မှာ အိမ်ကောင်း ကောင်း တစ်လုံး လောက်ဆောက်နိုင်
ရင် တော်ပါ ပြီ လို့  ပဲ ပြောတယ် လို့  ” နောင်တွင် အာဏာရ ကြံ့ခိုင် ရေး ပါတီ နှင့် ထိပ်တန်း
ခေါင်းဆောင် တစ်ဦး နှင့် အမေရိကန် အစိုးရ က အမည် ပျ က် တင်သွင်း ခံရသည့် ဦးအောင်
သောင်း ၏ တပည့် တစ်ဦး က FNG ကို ပြောပြသည်။
ဆရာရင်း  ဖြစ်သူ လပခ တိုင်းမှုး ဗိုလ်ချုပ် ထွန်း ကြည် က ကုန်သွယ် ရေး ၀န်ကြီး ဌာန သို့ 
ပြောင်း ချိန် ဉ် သူ့  ကို ကုန်သွယ် ရေး ၀န်ကြီးဌာန ၏ ညွန်ကြား ရေး မှုး ချုပ်(နောင်တွင် ဒုဝန်ကြီး)
ရာထူး သို့  ခေါ်  ယူ နေရာ ချ ထား ပေး ခဲ့ သည် မှ  စ ၍ ဦး အောင်သောင်း သည် ငွေ နှင့် အာဏာ
အတွက် မျှော် လင့် ချက် အိမ်မက် များ စတင် ပေါ် ပေါက် လာခဲ့သည်။
ဖက်စပ် ၊ ကျောက် လုပ်ငန်း ၊ ကုန်သွယ်ရေး ၊ အကောက်ခွန် ဖြတ်သန်း စရာ မလို သည့် မော် တော်ကား တင်သွင်း ခြင်း လုပ်ငန်းများ ဖြင့် စီးပွား ဖြစ် ၀န်ကြီး ဌာန ဖြစ် လာသည့် ကုန်သွယ် ရေး ၀န်ကြီးဌာန ကို စစ်ထောက်လှမ်းရေး က မျက် စေ့ကျ လာခဲ့သည်။ ထိုစဉ် က ဗိုလ်မှုး ချုပ် ခင်ညွန့်  အဖြစ် မှ ဗိုလ်ချုပ် ခင်ညွန့်  အဖြစ် လူသိများလာသည့် စစ်ထောက်လှမ်းရေး အကြီး အကဲ ကို ဗိုလ်ထွန်းကြည် အပါ အ၀င် ၊ ဗိုလ်ကျော်ဘ ၊ ဗိုလ်မျိုး ညွန့်  တို့  က ချာတိတ် အဖြစ်နှင့် မလေးစား သည့် သဘောထား ခဲ့ ကြ ခြင်း ကြောင့် ဗိုလ်ခင်ညွန့် က ဗိုလ်ထွန်းကြည် တို့  အုပ်စု ဋ္ဌ
ကို နည်း မျိုးစုံဖြင့် ဖယ်ရှား ရန် လမ်း ကြောင်း စတင် ရှာ ခဲ့ ခြင်း ဖြစ်သည်။
ဒုတိယ ဗိုလ်ချုပ် ကြီး ထွန်းကြည် ကို ရှင်း နိုင်ရန် အတွက် ဗိုလ်မှုးကြီး အောင်သောင်း ကို ချဉ်း ကပ် ခဲ့ သလို ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော် ဘ ကို ဖယ်ရှား နိုင်ဖို့   အတွက် ဗိုလ်မှုး ချုပ် ၀င်း မြင့် ၊ ဗိုလ်မှုးကြီး ကျော်ဆန်းတို့  ထံ မှ သတင်း အချက် အလက်  ကို ရယူ ခဲ့သည်။
(ဗိုလ်ချုပ် ၀င်းမြင့် သည် ဗိုလ်ချုပ် မြင့်အောင် နှင့် ဗိုလ်ချု ပ်
မောင်လှ တို့  ကို ဖယ်ရှား နိုင်ရေး
အတွက် လည်း အကူ အညီ ပေး ခဲ့သည်) နောက်ပိုင်း
တွင် မူ သူကောင်း ပြု သည့် အနေဖြင့် အတွင်း ရေး မှုး ၃ နေရာ ပေး ခဲ့ သော်လည်း ဗိုလ် ချုပ်ကြီး တင်ဦး ရဟတ်ယာဉ် ပျက် ကျ ပြီး နောက် ဗိုလ်ချုပ် ကြီး ၀င်းမြင့် ကို လည်း ရာထူး မှ ဖယ်ရှား ခဲ့သည်။
ဒုတိယ ဗိုလ်ချုပ် ကြီး ထွန်းကြည်  တို့  အုပ်စု ကို ဖယ်ရှား နိုင်ရန် စီစဉ် ခြင်း သည် ဗိုလ်ချုပ် ကြီး သန်းရွှေ မှာ ဗိုလ်ချုပ် ခင်ညွန့်  နှင့် လှို့ ဝှက် တိုင်ပင် စီစဉ် ခြင်း ဖြစ် ပြီး သူ့ အတွက် လည်း ဆူးညှောင်ခ လုတ် လို ဖြစ်နေသောကြောင့် ဗိုလ်ခင်ညွန့် က အလွယ် တကူပင် သဘော တူ လက်ခံ လိုက်သည် ဟု သိရသည်။ 
ဒုတိယ ဗိုလ်ချုပ် ကြီး ထွန်းကြည်  ၏ လာဘ်စား မှု များ နှင့် မသမာ မှု များ စာရင်း အတိအကျ ရရှိ နိုင်ရန် အတွက် စစ်ထောက်လှမ်း ရေး က ဗိုလ်မှုးကြီး အောင်သောင်း ကို စတင် စည်းရုံး စဉ် ဗိုလ်မှုးကြီး အောင်သောင်း က အစပိုင်း ဉ် ငြင်းပယ် ခဲ့ သည် ဟု သိရသည်။ ထို့  နောက် တွင်မူ မကွေးတိုင်း တွင် တ၀တ ဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင် နေ ချိန် ဉ် မီးခွက်မှုတ် ဇာတ်လမ်း တစ်ခု အကြောင်း ကို ထောက်လှမ်း ရေး က သိရှိ ထား ပြီ ဖြစ်သောကြောင့် သူလက်ခံ လိုက်ရ သည် ဟု သိရသည်။ 
” ပထမ ပိုင်းမှာတော့ ဗိုလ်မှုးကြီး အောင်သောင်း က ငြင်းပါသေးတယ်။ နောက် မကွေးတိုင်း တ၀တ အဖြစ် တာဝန်ထမ်းဆောင် နေ တုန်းမှာ ရန်ကုန် က အမျိုး သမီး တစ်ယောက် နဲ့  ညိ စွန်း တဲ့ ဇာတ်လမ်း တွေ ဖြစ်တာ ကို ထောက်လှမ်းရေး က သိထား တော့ သူ သဘော တူလက် ခံ လိုက်ရတယ် လို့  သိထား တယ်”  ဟု FNG ကို ပြောပြ သည်။ 
သိပ်မကြာခင် မှာ ပင် ကုန်သွယ်ရေး ၀န်ကြီးဌာန နှင့် ဒုတိယ ဗိုလ်ချုပ် ကြီး ထွန်းကြည်  တို့  ၏ စာရင်း များ သည် ထောက်လှမ်းရေး လက်ထဲ ရောက် ကုန် ခဲ့ သည်။ နောက်တစ် နှစ် အကြာ ၁၉၉၇ ခုနှစ် တွင် တော့ ဒုတိယ ဗိုလ်ချုပ် ကြီး ထွန်းကြည်  ၊ ဒုတိယ ဗိုလ်ချုပ် ကြီး မောင်လှ တို့  အပါအ၀င် စစ်ဗိုလ်ချုပ် ၁၁ ဦး ကို န၀တ ကောင်စီ မှ အနား ပေးလိုက် သည် ဟု သတင်း ထုတ်ပြန် ပြီး နောက် တစ်ရက် တွင် န၀တ ကို နအဖ အဖြစ် အမည် ပြောင်းလဲ လိုက်သည်။ 
၁၉၉၇ ခုနှစ် နှစ် ကုန်ပိုင်း တွင် ကုန်သွယ်ရေး ဒုဝန်ကြီး ဗိုလ်အောင်သောင်း မှာ မွေး မြူ ရေး နှင့် ရေ လုပ်ငန်း ၀န်ကြီး အဖြစ် တိုးမြှင့် တာဝန် ထမ်းဆောင် ခြင်း ခံရသည့် ဆုတော် လာဘ် တော် ရရှိ ခံစား ခဲ့သည်။ 
ဗိုလ်မှုးကြီး အောင်သောင်း က သူ့  ဆရာ ရင်း ဖြစ်သူ ဒုတိယ ဗိုလ်ချုပ် ကြီး ထွန်းကြည် တစ်ဦး တည်း  ကို သာ သစ္စာ ဖောက် ခဲ့ ခြင်း မဟုတ် ဘဲ ၊ ဒု ဗိုလ်ချုပ် ကြီး ထွန်းကြည် နှင့် တိုင်ပင်ဖော် တိုင်ပင်ဖက် ၊ သောက်ဖော် သောက်ဖက် များ ၏ အတွင်း စကား များ ကို ထောက်လှမ်း ရေး ကို ဖောက်သည် ချ ခဲ့ ရာ စစ်ထောက်လှမ်းရေး က သူ တို့  လိုချင် သော သတင်း အချက် အလက်များ ကို ထင်မှတ်ထားသည် ထက် ပို ၍ ကျယ် ကျယ် ပြန့် ပြန့်  ပင် ရရှိခဲ့သည်။ 
ဗိုလ်မှုးကြီး ဦးအောင်သောင်း ကား န၀တ ခောတ် ပထမ ဦးဆုံး အကြိမ် ဖြုတ် ထုတ်သတ် ပွဲ ၏ အဓိ က ဇာတ်ကောင် တစ်ဦး ဖြစ် ခဲ့ကြောင်း ထို အချိန် က ဘယ်သူ မှ မရိပ် မိကြ သေးသော်လည်း ဒု ဗိုလ်ချုပ် ကြီး ထွန်းကြည် က မူ အောင်သောင်း ကို ရှောင် အိုတောင် မဆင်း ရဲ ဆိုသည့် အကြောင်း ကို သူ့  မိသားစု ၀င် နှင့် လုပ်ဖော် ကိုင် ဖက် များ ကို ပြော ပြ ခဲ့ သည် ဟု သိရသည်။ 
ဒု ဗိုလ်ချုပ် ကြီး ထွန်းကြည် သည် အလယ် ပိုင်း တိုင်း စစ်ဌာန ချုပ် တိုင်းမှုး ဘ၀ တွင် ရော ၊ ကုန် သွယ် ရေး ၀န်ကြီး ဌာန ၀န်ကြီး ဘ၀ တွင် ပါ  ဗိုလ်ခင် ညွန့်  နှင့် စစ်ထောက်လှမ်း ရေး ကို ဂရု လုံး ၀ မစိုက်ခဲ့သူ ဖြစ်သည်။ ထို အချိန် က ဖက်စပ် လုပ် ငန်း များ ၊ နိုင်ငံ ခြား သွင်း ကုန် ထုတ် ကုန် လုပ်ငန်း များ ဖြင့် ဒေသတွင်း ကုန်သွယ် ရေး နယ်ပယ် တွင် အထိုက်အလျှောက် ပါဝင် နိုင်စွမ်း ရှိ သည့် ဒု ဗိုလ်ချုပ် ကြီး ထွန်းကြည် က Trade Taxi လုပ်ငန်း အတွက် သမ္မတ ရုပ်ရှင် ရုံ အနောက်ရှိ နေရာ ဟောင်း တစ်ခု ကို ထောက်လှမ်း ရေး ရုံးခန်း တစ်ခု ဖွင့် ရန် စီစဉ် နေ ခိုက် ပင် တွင် သူ ၏ ကုန်သွယ် ရေး က သိမ်းပိုက် ခဲ့သည် အထိ တန်ခိုး သြဇာ ထက် မြက် ခဲ့သည်။
၁၉၈၈ ခုနှစ် ပြည်သူ လူ ထု အရေးတော် ပုံ တွင် မန္တလေး ၊စစ်ကိုင်း နှင့် ချင်း ပြည် နယ် ဒေသ များ ကို သွေးထွက် သံယို အနည်း ဆုံး ဖြင့် ထိမ်းသိမ်း နိုင်ခဲ့ သည့် ဆိုသည့် အချက် က လည်း ဒု ဗိုလ်ချုပ် ကြီး ထွန်းကြည် ကို အနာဂတ် တွင် စစ်ခေါင်းဆောင် အဖြစ် မျှော် မှန်း စေနိုင် သည့် အချက် ဖြစ်သည်။
သို့  အတွက် ကြောင့် လည်း ဗိုလ်ချုပ် ခင်ညွန့်   နှင့် ဗိုလ် သန်း ရွှေ တို့  ကား လက်မြန် ခြေမြန် ရှင်း လင်း ထား ခြင်း ဖြစ် ပြီး ဗိုလ်မှုးကြီး အောင်သောင်း ကား လှလှ ပပ အသုံးတော် ခံပြခဲ့သည်။
၁၉၉၇ ခုနှစ် ဒီဇင်ဘာလ တွင် မွေး မြူ ရေး နှင့် ရေ လုပ်ငန်း ၀န်ကြီး အဖြစ် တိုးမြှင့် ပေး ရန် အတွက်
အတွင်းရေးမှုး ၁ ဗိုလ်ချုပ် ခင်ညွန့် က ဗိုလ် ချုပ်ကြီး  သန်း ရွှေ မှ အတည် ပြု ချက် ရရှိ ရန်အတွင်
ဗိုလ်မှုးကြီး အောင်သောင်း ၏ ဒူတိယ ဗိုလ်ချူပ်ကြီး ထွန်းကြည် တို့  ကိုယ် ဖယ်ရှား ရေး ဉ်
စွမ်းဆောင်ချက် များ ဖြင့် ထောက်ခံ တင်ပြ မှု ပေးသည့် အခါဗိုလ် ချုပ်ကြီး  သန်း ရွှေ ဘယ်
နယ် သား လဲ ဟု   မေးသည်။ ဗိုလ်ချုပ် ခင်ညွန့်  က ၀ဲလောင် ရွာ ဇာတိ တောင်သား သား
ပါ ဟု ပြန်လည် ဖြေကြား သည့် အခါ ” မနက် ဖြန် ငါနဲ့  တွေ့ ဖို့  လွှတ်လိုက်”
ဟု ပြန်ကြားခဲ့သည် 
ဟု ဆိုသည်။
ဤ သည် မှာ နောင် တစ်ချိန် အဏာ နှင့် ပတ်သက်လာလျှင် မြန်မာ စစ်ဗိုလ်ချုပ်များ ၏ လက်မရွံ့  လူမိုက် ဖြစ်လာမည့် ဗိုလ်မှုးကြီး အောင်သောင်း ကို ဗိုလ် ချုပ်ကြီး  သန်း ရွှေ က ပထမ ဦးဆုံး အကြိမ် ခေါ်ယူ တွေ့ ဆုံ မှု ပင် ဖြစ်သည်။
(ဗိုလ် ချုပ်ကြီး  သန်း ရွှေ  ၏ လက်မရွံ့  လူမိုက် လူယုံ ဖြစ်လာမည့် ဗိုလ်မှုးကြီး အောင်သောင်း
အကြောင်း ဒုတိယ ပိုင်း ကို မကြာခင် စောင့် မျှော် ဖတ်ရှု ပါ)