Wednesday, November 23, 2016

တပ်မတော် F-7 တိုက်လေယာဉ် စက်နှိုးစဉ် မီးလောင်

(DVB)

ရန်ကုန်မြို့၊ မင်္ဂလာဒုံလေ တပ်စခန်း ဌာနချုပ်မှာ ဒီနေ့မနက်ပိုင်းက တပ်မတော်လေယာဉ် တစီး အင်ဂျင်စက်နှိုးစမ်းသပ်စဉ် မီးလောင်မှုဖြစ်ပွားခဲ့ တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပါတယ်။

စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့တပ်မတော်

(VOA)

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က အစိုးရဟာ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံတော် သမ္မတရုံး ရဲ့ အဲဒီ ကော်မတီ ဖွဲ့စည်းကြောင်း သတင်းထုတ်ပြန်ချက်ထဲမှာ “ရခိုင်ပြည်နယ်အ တွင်း ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ခြင်း များ ဆောင်ရွက်နိုင်ရန်အတွက်” ဆိုပြီး ဖော်ပြထား ပါတယ်။ ကော်မတီ ဥက္ကဌ အဖြစ် နိုင်ငံတော် အတိုင်ပင်ခံရုံး ဒုဝန်ကြီး ဦးခင်မောင်တင်က ဆောင်ရွက်ပြီး အတွင်းရေးမှူးအဖြစ် နိုင်ငံတော် သမ္မတရုံး ဒုညွှန်ချုပ် ဦးဇော်ဌေးကို တာဝန်ပေး ထားပါတယ်။

Friday, November 27, 2015

တရုတ် ရေကာတာ နဲ့ အစိုးရသစ်

(VOA)

နိုင်ငံပေါင်း (၇၀) ကျော် မှာ ရေကာတာ (၃၀၀) ကျော်ကို တရုတ် ကုမ္ပဏီတွေက တည်ဆောက်နေပါတယ်။ ဒီအထဲမှာ မြန်မာပြည် မှာ တည်ဆောက်မယ့် အကြီးစား ရေအားလျှပ်စစ် (၃၀) ကျော် ပါဝင်ပါတယ်။ ရည်ရွယ်ချက်က တရုတ်ပြည်ကို ဓါတ်အားပေးဖို့ ဖြစ်တာမို့ ဆန့်ကျင်သူတွေ တိုးပွားနေပါတယ်။ ၂၀၁၁ မှာ မြစ်ဆုံဆည်ကိုဆောက်ရင်း တန်းလန်းရပ်ဆိုင်းခဲ့ပေမယ့် မဂ္ဂါဝပ်တစ်ရာရှိတဲ့ ချီဖွေငယ်နဲ့ မဂ္ဂါဝပ် (၂၄၀) ရှိတဲ့ တာပိန် (၁) ရေအားလျှပ်စစ်ပြီးစီးလို့ ဓါတ်အား (၈၀) ရာခိုင်နှုန်း၊ ယူနန်ကို တင်ပို့နေပါတယ်။ ဒါကြောင့် အစိုးရသစ် ကိုင်တွယ်ရမယ့် ပြဿနာကြီးတွေထဲမှာ တရုတ်ရေကာတာ စီမံကိန်းလည်း ပါဝင်ပါတယ်။

စစ်တပ် နဲ့ NLD ပြေလည်ဖို့ အရေးကြီး

(VOA)

ဒီတပတ် မြန်မာ့ မျက်မှောက်ရေး ရာ ဆွေးနွေးခန်း အစီ အစဉ် မှာ ဒေါ်အောင်ဆန်း စုကြည်က သူဟာ သမ္မတရာထူး အထက် ကနေမယ် လို့ ပြောကြား လိုက်တာဟာ မြန်မာနိုင်ငံ လက်ရှိ ဖွဲ့စည်းပုံ အခြခံဥပဒေရဲ့  အားနည်းညံ့ဖျင်းမှု ကို ဖော်ပြ လိုက်ခြင်းဖြစ်တယ် လို့ အမေရိကန်ပြည်ထောင်စု Carnegie Institute က အာရှရေးရာ အကြီးတန်းသုတေသီ Vikram Nehru (ဗီကရမ်း နေရူး) က ပြောကြားလိုက် ပါတယ်။ ရွေးကောက် ပွဲလွန် မြန်မာနိုင်ငံ အတွက် စိန်ခေါ်မှုတွေအကြောင်း Mr Nehru  နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

Wednesday, November 25, 2015

တပ်ချုပ်နဲ့ Washington Post မေးမြန်းခန်းအပေါ် အမြင်တချို့

(VOA)

ရွေးကောက်ပွဲအနိုင်ရ NLD ပါတီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နဲ့ လာမယ့် ဒီဇင်ဘာလ ထဲမှာ တွေ့ဆုံ သွားမယ်လို့ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Washington Post သတင်းထောက်နဲ့ တွေ့ဆုံ စဉ် ပြောကြား လိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု အပြည့်အဝ ရရှိရေးနဲ့ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အားလုံး အဆုံးသတ်သွားမှပဲ အရပ်သားအစိုးရလက်ထဲကို အာဏာ အပြည့်အဝ လွှဲပြောင်းရေး ဖြစ်နိုင်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မြန်မာ့တပ်မတော်ဟာ အရပ်သားအစိုးရလက်ထဲ အာဏာလွှဲပေးဖို့ တွန့်ဆုတ်နေပုံရတယ်လို့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေက သုံးသပ် ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရွေးကောက်ပွဲ အပြီး NLD နှင့် USDP အပြန်အလှန် တိုင်ကြားမှု အများဆုံးဖြစ်

(ဧရာဝတီ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီဝင်များ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများဖြင့် အပြန်အလှန် တိုင်ကြားမှုက တခြားပါတီထက် များပြားကြောင်း သိရသည်။

“လောလောဆယ် ဖြေရှင်းထားတာ ၄ မှု ရှိတယ်။ တိုင်ကြားမှုတွေကတော့ တက်လာတဲ့စာရင်းအရ NLD နဲ့ USDP ပါတီ ၂ ခုက တိုင်လာတာတွေ အများဆုံးလို့ ပြောလို့ရတယ်။ အားလုံးတော့ မစိစစ်ရသေးဘူး။ စာရင်းတွေက တချို့ တက်လာတုန်းပဲ” ဟု နေပြည်တော် မှုခင်းရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

Saturday, October 24, 2015

လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြင့်တက်လာသည့် ရာဇဝတ်မှုများ

(ဧရာဝတီ)

ရန်ကုန်မြို့၌ တက္ကစီ ယာဉ်မောင်းနှင့် အပေါင်း အပါများက အုပ်စုလိုက် ရိုက်နှက်၍ ဖုန်းနှင့်ငွေ လုသွားခြင်း၊ ရပ်ထားသည့် ကားတံခါးကို ဖွင့်၍ ဝင်ထိုင် ကာ ဓားထောက်လုသွားခြင်း၊ လမ်းလျှောက်နေစဉ် ဆိုင်ကယ်စီး လာသူ လူတစုက ပစ္စည်းလုယူခြင်း စသည့် လုယက်မှု များစွာ သတင်းမီဒီယာများက ဖော်ပြနေကြသည်။

လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာ၌ လုယက်ခံခဲ့ရသည့် ကာယကံရှင်များနှင့် ၎င်းတို့၏ နီးစပ်သူများက ကိုယ်တွေ့ အဖြစ်အပျက်များကို တခြားသူများ သတိပြုနိုင်ရန် ရေးသားမျှဝေနေကြသည်။
အဆိုပါ လုယက်ခံရသူထဲတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းဈေးအနီး နေထိုင်သူ ကိုသက်နိုင် (အမည်လွှဲ) လည်း တယောက် အပါအဝင် ဖြစ်ခဲ့သည်။ ဩဂုတ်လ ၂၃ ရက် ညနေက လှည်းတန်းဘူတာ အနီး သူ၏ “နိုကီယာ” အမှတ် တံဆိပ်ဖုန်းကို ဘူတာအနီး ကော်ရှူနေသည့် လူငယ်တစုထဲမှ အသက် ၁၆ နှစ်အရွယ် လူငယ်က လုပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Friday, October 23, 2015

နေပြည်တော်က သမ္မတရာထူး ယှဉ်ပြိုင်ပွဲ

(ဧရာဝတီ)

ပြည်သူတွေ ကြိုက် သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ရှိသမ္မတ ဦးသိန်းစိန် ကတော့ ၂၀၁၆ ခုနှစ်မှာ သမ္မတရာထူးကို ဝင်ပြိုင်ဖို့ အကောင်းဆုံး အခြေ အနေမှာ ရှိနေ ပုံပေါ်ပါတယ်။
ဒီလို ယူဆနိုင် တဲ့ အဓိက အကြောင်းရင်းကတော့ ဒီအသက် ၇၀ အရွယ် ဗိုလ်ချုပ်ကြီးဟောင်းဟာ နိုင်ငံရဲ့အာဏာကို အဓိက ရယူ ထားပြီး အပြောင်းအလဲ ကို မလိုလားတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေ အပေါ် ခြိမ်းခြောက်မှု မဖြစ်စေဘဲ အပြောင်းအလဲ တချို့ကို ဆောင်ရွက်နိုင်အောင် ပါးပါးနပ်နပ်နဲ့ စီစဉ်ညွှန်ကြားနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ တပ်မတော် အပါအဝင် အပြောင်းအလဲကို မလိုလားသူတွေရဲ့ အရိပ်က အုပ်မိုးနေဆဲ ဖြစ်ပြီး လက်ရှိနိုင်ငံရေး အခြေအနေမျိုးမှာ ခေါင်းဆောင်အနည်းငယ်သာ ဆက်လက်ရှင်သန်နိုင်လိမ့်မယ် လို့ လက်တွေ့ဝါဒီ သမားတွေက ပြောဆိုကြပါတယ်။

ပျော်ဘွယ်တွင် အန်အယ်လ်ဒီ ကို သံပုံးတီး မောင်းထုတ်

(DVB)

မန္တလးတိုင်း၊ ပျော်ဘွယ်မြို့နယ် အတွင်း အန်အယ်လ်ဒီပါတီ မဲဆွယ် စည်းရုံးရေးဆင်း တာကို သံပုံးတီး မောင်းထုတ် တဲ့ဖြစ်ရပ်တခု အောက်တိုဘာ ၂၁ ရက်က ဖြစ်ပွားခဲ့ပါတယ်။

ပျော်ဘွယ်မြို့နယ်၊ ကျုတောဝကျေးရွာ အုပ်စု၊ ကျုတော ၀ကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စည်းရုံးရေး ခရီးစဉ်မှာ လိုက်ပါသွား တဲ့ ပျော်ဘွယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥပဒေ အထောက် အကူပြုအဖွဲ့ဝင် ဦးညီညီလွင်က ဖြစ်စဉ်ကို အခုလို ပြောပါတယ်။

Monday, October 12, 2015

“အာဇာနည်ကုန်း ဗုံးခွဲမှုနဲ့ ဒီပဲရင်း လုပ်ကြံမှု”

(Mizzima)



ရွေးကောက်ပွဲမှာ အနိုင်ရပြီးရင်တောင် မဲဆွယ်ကာလ ပြောမှား ဆိုမှားကြောင့် အရှုံးရလာဒ် ထွက်ပေါ်နိုင်တဲ့ စည်းမျဉ်း ဥပဒေသတွေကြောင့် နဂိုတုန်း က မဲဆွယ်စည်းရုံးပွဲတွေဟာ ထိန်းထန်း သိမ်းသိမ်း ရှိကြမယ်၊ ပျင်းစရာတောင် ကောင်းနေဦးမယ် ဆိုပြီး ထင်မှတ်ခဲ့ကြတာပါ။ ခုတော့ အဲဒီ ထင်မြင်ချက်တွေ လွဲတော့ မလား။ ပြည်ခိုင်ဖြိုး အမတ်လောင်း ဦးမြငြိမ်းကတော့ ဗုံးခွဲတယ် ဆိုတဲ့ စကားလုံးတွေ၊ အကြမ်းဖက်မှုတွေ၊ သွေးရောင်တွေ လွှမ်းသွားမယ် ဆိုတဲ့ သဘောမျိုးတွေ ပြောဆိုလာပါပြီ။ သူဘာပြောခဲ့သလဲ၊ မဲဆွယ် စည်းရုံးပွဲတွေ ဘာဖြစ်နေသလဲ၊ ရှေ့အလားအလာ ဘယ်လိုရှိမလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

Friday, September 25, 2015

အစိုးရရဲ့  ကြွေးမြီသံသရာ

(VOA)

စစ်တပ်ကြီးစိုး တဲ့ အနှစ် (၅၀) ကျော် ကာလမှာ ဗမာအစိုးရဟာ နည်းမျိုးစုံနဲ့ နိုင်ငံခြား က ငွေချေးခဲ့ပါတယ်။ ဒါပေမဲ့ တခါမှ ပြန်ဆပ်နိုင် တာ မဟုတ်ပါဘူး။ ၁၉၈၈ လူထုအုံကြွမှု ကို နှိမ်နင်း တဲ့နောက်ပိုင်းမှာ တရုတ်က လွဲပြီး ငွေချေး မယ့်သူ မရှိတော့ပါဘူး။ အခုမှ ဦးသိန်းစိန် အစိုးရရဲ့  ပြုပြင်ရေးကို ထောက်ခံအားပေးတဲ့အနေနဲ့ မြီရှင်နိုင်ငံတွေ က ကြွေးဟောင်းတွေကို ပြန်လည် စီစဉ်ပြီး ငွေထုတ်ချေးနေကြ တဲ့အတွက် မြန်မာ အစိုးရမှာ ကြွေးထူလာပြန်ပါတယ်။ ဦးသိန်းစိန် တက် လာပြီး မကြာမီမှာ နိုင်ငံခြားအကြွေး ဒေါ်လာသန်း (၁၁၀၀၀) ရှိပြီး၊ (၈) ထောင်ကျော် ဟာ မဆလခေတ် ကကျန်တဲ့ အကြွေးဖြစ်ကြောင်း ကြေညာ ပါတယ်။

Wednesday, September 16, 2015

မေးခွန်းထုတ်စရာများတဲ့ ရွေးကောက်ပွဲ

(VOA)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌဟာ ဘက်လိုက်မှုမရှိဘဲ တိတိကျကျ ကြားနေဖြစ်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ နိုင်ငံရေးသုတေသီ ဒေါက်တာ Christina Fink က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ (၅) နှစ်တာကာလအတွင်း လွှတ်တော်ဟာ လူတွေစိုးရိမ်ခဲ့ကြသလို လက်ညိုးထောင်ခေါင်းညိတ် လွှတ်တော်မဖြစ်ခဲ့ဘူးလို့လဲ သူက ချီးကျူးးလိုက်ပါတယ်။ မြန်မာနိုင်ငံရွေးကောက်ပွဲ အထူးအစီအစဉ်အဖြစ် အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Christina Fink ကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။

Friday, July 24, 2015

အလွဲသုံးစား ကျိတ်ဝိုင်းများ

(VOA)

ဘတ်ဂျက်ငွေ နဲ့ သယံဇာတပစ္စည်း အလွဲသုံး စားလုပ် တာဟာ မြန်မာ အစိုးရဝန်ထမ်းရဲ့  ဓလေ့ထုံးစံ လို ဖြစ်နေ တာ ကြာပါပြီ။ အစိုးရဝန်ထမ်း ထဲမှာ လာဘ်ပေးလာဘ်ယူမှုနဲ့ အဂတိလိုက်စားမှုတွေ ရှိနေဆဲဖြစ်လို့ စိတ်ပြောင်း လဲပစ်ဖို့ လိုအပ်ကြောင်း လွန်ခဲ့တဲ့နှစ် သြဂုတ်လမှာ ကျင်းပတဲ့ အစိုးရအဖွဲ့ ပထမ (၄) လပတ် အစည်းအဝေးမှာ သမ္မတဦးသိန်းစိန်က ပြောဆိုပါတယ်။ ဘတ်ဂျက်ငွေ အလွဲသုံးစားလုပ်ပုံဟာ ဆီးသီးပန်းမှောက်တာကို ဝိုင်းနှိုက်သလို ဖြစ်နေတယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပေးတဲ့ဥပမာကို လူကြိုက်များပါတယ်။ နောက် (၆) လလောက်ကြာတော့ ဘတ်ဂျက်အလွဲသုံးစားလုပ်သူ အများစုဟာ အဆင့်မြင့်ဝန်ထမ်းတွေဖြစ်ပြီး အောက်ခြေဝန်ထမ်းတွေက နည်းတယ်လို့ ပြည်သူ့ငွေစာရင်း ကော်မတီဝင် ဒေါ်တင်နွယ်ဦး ထုတ်ဖော်ပြောဆိုတာကို ပြည်တွင်းမီဒီယာမှာ ဖော်ပြပါတယ်။

ဒုတိယဗိုလ်မှူးကြီးမောင်အေးရဲ့ ကိုယ်ရေးအရာရှိကို ဘယ်သူသတ်တာလဲ?

Tomorrow-ဂျာနယ်
လွန်ခဲ့သော ကိုးနှစ်ကျော် ကာလ၊၂၀၀၅ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့
ည ၁၁ နာရီဖြစ်သည်။
ရှစ်မိုင်၊ စစ်ရုံးသစ်ကြီး၏အဆောင်(၁)အပေါ်ဆုံးထပ်ရှိ ဒုတိယတပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ကပ်ရက် အခန်းထဲမှ ဒိုင်းကနဲပေါ်ထွက်လာသောသေနတ်သံကြောင့် ကာကွယ်ရေး

Thursday, July 23, 2015

ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သောင်း ကွယ်လွန်

(ဧရာဝတီ)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ တောင်သာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ အသက် ၇၅ နှစ်အရွယ် ဦးအောင်သောင်းသည် စင်ကာပူနိုင်ငံတွင် ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားပြီဖြစ်သည်။

ဇူလိုင်လ ၈ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က နေပြည်တော် ကုတင် ၁၀၀၀ အစိုးရ ဆေးရုံကြီးတွင် သွေးပေါင်ချိန်မြင့် တက်၍ ဦးနှောက်သွေးကြောပေါက် သွေး ယိုစီးမှုကြောင့် အရေးပေါ်ဆေးကုသမှုခံယူခဲ့ပြီးနောက် ဇူလိုင်လ ၉ ရက်နေ့ နေ့လယ် ၁ နာရီခန့်က စင်္ကာပူနိုင်ငံသို့ လေယာဉ်ဖြင့် သွားရောက် ဆေးကုသမှုခံယူခဲ့ကြောင်း၊ စင်ကာပူနိုင်ငံတွင် ဆေးကုသ မှုခံယူပြီး ၁၄ ရက်အကြာ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။