Wednesday, January 29, 2014

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း (၄) – ဗိုလ်နေဝင်း၏ အကြောက်တရား

(Irrawaddy)

ဗိုလ်မှူးချုပ် တင်ဦးနဲ့ အရမ်းနီးကပ်တဲ့ ဆက်ဆံရေးရှိတယ် ဆိုပေမယ့် သံသယစိတ် ကြီးတဲ့ ဦးနေဝင်းဟာ ဘယ်သူ့ကိုမှ မယုံကြည်ပါဘူး။ သူ့ကို အဆိပ်ခတ်မှာလည်း အလွန်စိုးရိမ်တဲ့အတွက် ထမင်းချက် “ရာဂျူး” က သူ့ရှေ့မှာတင် ဟင်းခွက်တိုင်းကို မြည်းပြရတယ်။ တကယ်တော့ ရာဂျူး ကိုယ်တိုင်လည်း ဝန်ကြီးတယောက် လောက်နီးနီး အာဏာပြင်းတဲ့သူပါ။ တခါတုန်းက ဗိုလ်မှူးကြီး တယောက်ကို အရက် မသောက်တတ်၊  ဂေါက်မရိုက်တတ်လို့  ရာဂျူးက လှောင်ပြောင်ခဲ့ဖူးတယ်လို့ ကောလာဟလ သတင်းထွက်ခဲ့တယ်။ အလှောင်ခံရသူက ဗိုလ်မှူးကြီး ခင်ညွန့်လို့ ခေါ်သတဲ့။

Tuesday, January 28, 2014

လွှတ်တော်နှင့် အစိုးရကြား နိုင်ငံရေးပွတ်တိုက်မှု ပြန်အရှိန်မြင့်

(Irrawaddy)

ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်း လိုက်သော ဥပဒေ ၈ ခု သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် မညီညွတ် ၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး သို့ တင်ပြ အဆုံး အဖြတ် ခံယူ မည်ဖြစ်ကြောင်း သမ္မတ ရုံးက တရားဝင် သတင်း ထုတ်ပြန် လိုက်ရာ ယခင် က ရှိပြီးသား လွှတ်တော်နှင့် အစိုးရ အကြား နိုင်ငံရေး ပွတ်တိုက်မှု အရှိန်မြှင့် တင် လိုက်ခြင်း ဟု လွှတ်တော် ကိုယ်စားလှယ် တချို့ က သုံးသပ်ပြော ဆိုသည်။

Thursday, January 23, 2014

မှော်ဘီတင့်ကားတပ်မှ လက်နက်တိုက် ဖောက်ထွင်းခံရ တိုင်းရဲတပ်ဖွဲ့ကိုယ်တိုင် ကိုင်တွယ်နေ

(Mizzima)

မှော်ဘီတင့်ကားတပ်မှ လက်နက်တိုက် ဖောက်ထွင်းရပြီး ခဲယမ်းလက်နက်အချို့ ပျောက်ဆုံးနေမှုကို တိုင်း၊ ခရိုင်အဆင့်များဖြင့် ပူးပေါင်း ဖော်ထုတ်နေသည်ဟု မှော်ဘီမြို့မရဲစခန်းမှ ဒု-ရဲမှူး နိုင်နိုင်ငြိမ်းက ဇန်နဝါရီ ၂၃ရက်တွင် မဇ္ဈိမကို အတည်ပြုပြောပြခဲ့သည်။

အဆိုပါ လက်နက်တိုက် ဖောက်ထွင်းခံရမှုကို ဇန်နဝါရီ ၂၁ရက် နံနက် တွင် သိရှိခဲ့ပြီး အမှတ် (၅၀၁၀) တင့်ကား တပ်ရင်းမှ တပ်ရင်းမှူး ကြည်း ၂၃၇၈၅ ဒုတိယဗိုလ်မှူးကြီး အောင်သူက ဇန်နဝါရီ ၂၂ ရက်တွင် အမှုဖွင့် တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အဆက်ဆက် နှိုင်းယှဉ်လေ့လာခြင်း - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)
ဗိုလ်ချုပ်ကြီး နေဝင်း
 
သက်တမ်း အရှည်ဆုံး ပုဂ္ဂိုလ်ကို တင်ပြရရင် ဗိုလ်ချုပ်ကြီး နေဝင်းဖြစ်ပြီး ၁၉၄၉ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ ၂၃ နှစ်တိုင်တိုင် တပ်ကို တိုက်ရိုက် ချုပ်ကိုင်သွားပါတယ်။ 
ဗိုလ်ချုပ်ကြီး နေဝင်းကတော့ မြင်းပွဲ၊ လောင်းကစားပွဲ ဝါသနာပါကာ မိန်းမ (၅) ဦးထက်မနည်း ရယူခဲ့လို့ စံချိန်သစ် တင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် မင်းခန်းမင်းနားဖြင့် သွားရတာကို ကြိုက်နှစ်သက်ပြီး အချိန်အခါမရှိ သူစားချင်တဲ့ အစားအစာကိုပင် လေယာဉ်ဖြင့် တကူးတက မှာပေးရတဲ့အထိ လုပ်ကိုင်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။ အိမ်မြှောင်၊ တောက်တဲ့ ဆိုတဲ့ သတ္တဝါတွေနဲ့ ငှက်သံများ မကြားရအောင်၊ ဆူညံမှုမျိုး မဖြစ်ရစေရန်နဲ့ သူမလာခင် ကြိုတင်ပြီး တိရစ္ဆာန်များကို ကြိုတင် နှိပ်ကွပ် သတ်ဖြတ်ရတဲ့ ဒုက္ခတွေကိုလည်း တပ်မတော်သားတွေက လုပ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ်လို့ တရုတ်အစိုးရ တွက်ထားသလား

(ဧရာဝတီ)

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင် ကူးပြောင်းမှု များ ပြုလုပ်နေ ချိန် အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပေါ် တရုတ်နိုင်ငံ ၏ သဘောထား ရပ်တည် ချက်များ ပျော့ပျောင်း သည့် အသွင်ဆောင် လာခြင်း သည် ဒေါ်အောင်ဆန်း စုကြည် တနေ့ သမ္မတဖြ စ်လာနိုင်မည် ဟု ၄င်းတို့က လည်း မျှော်လင့် ထား သည် ဟု ယူဆကြည့်နိုင် ပါသည်။

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအား အနိုင်ယူနိုင်လိမ့်မည်ဟု အများက မျှော်လင့်ထားကြသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအတိုက် အခံပါတီနှင့် နီးနီးကပ်ကပ် ဆက်ဆံခွင့်ရရန် ပြီးခဲ့ သောလများအတွင်း တရုတ်နိုင်ငံက ပေါ်ပေါ်ထင်ထင်ပင် အားထုတ်ခဲ့သည်။

တပ်မတော်၏ အခြေခံဥပဒေ သုံးသပ်ချက် မထုတ်ပြန်ဘဲ လျှို့ဝှက်ထားမည်

(ဧရာဝတီ)
၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအပေါ် တပ်မတော်က သုံးသပ် ထားသော  အခြေခံဥပဒေ  သုံးသပ်ချက်များကို အများပြည်သူ သိသာစေရန် ထုတ်ပြန်မည်မဟုတ်ဘဲ လျှို့ဝှက်ထားမည်ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဧရာဝတီသတင်းဌာနသို့ ပြောဆိုကြသည်။

မှော်ဘီလက်နက်တိုက် ဖောက်ထွင်းခံရ

(Mizzima)

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ အမှတ် ၅ဝ၁ဝ တင့်ကားတပ်အတွင်းမှ လက်နက်တိုက် ဖောက်ထွင်းခံရပြီး တိုင်းခရိုင်အဆင့်တွင် ပူးပေါင်းဖော်ထုတ်နေသည်ဟု မှော်ဘီမြို့မှ ရဲစခန်းမှူး ဒု-ရဲမှူး နိုင်နိုင်ငြိမ်းက ဇန်နဝါရီ ၂၃ ရက်တွင် မဇ္ဈိမကို အတည်ပြုပြောသည်။

အဆိုပါ ဖောက်ထွင်းခံရမှုသည် MA 13၊ မက် ၁ အမျိုးအစား သေနတ်နှစ်လက်၊ ခဲယမ်းသေတ္တာအတွင်းမှ ၉ မမ ယမ်းပျင်းကျဉ် စုစုပေါင်း ၅၀၀ တောင့်၊ MA 13 ကျဉ်ကဒ်ငါးကဒ် ပျောက်ဆုံးနေလျှက်ရှိသည်ဟု ဒု-ရဲမှူး နိုင်နိုင်ငြိမ်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးမှ အနားယူတော့မလား

(ဧရာဝတီ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးမှ အငြိမ်းစား ယူတော့ မည် ဆိုသည့် သတင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား ကျယ်ပြန့် စွာ ထွက်ပေါ် လျက်ရှိနေသည်။

ထိုသတင်း ထွက်ပေါ် မှုကြောင့် တိုင်းရင်းသား များ ရေးဆွဲနေသည့် တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ကာကွယ်ရေး ဦးစီးချုပ် အပြင် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်ကိုပါ ပါဝင် လက်မှတ် ထိုးနိုင်ရန် စီစဉ် ထားကြောင်း တိုင်းရင်း သား ခေါင်းဆောင် များ က ပြောသည်။

မြေသိမ်းဆည်းမှု ဖြေရှင်းရေး သမ္မတနှင့် လွှတ်တော် ထိပ်တိုက်တွေ့ပြန်

(ဧရာဝတီ)

သမ္မတ ဦးသိန်းစိန်က စစ်အစိုးရ လက်ထက် တနိုင်ငံလုံး တွင် ဖြစ်ပွားခဲ့သော မြေသိမ်း ဆည်း ခံရမှုများကို အစိုးရက  ဖြေရှင်းဆောင် ရွက်လျက်ရှိ သည်ဟု ဇန်နဝါရီလ ၂၁ ရက်နေ့ ကျင်းပ သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့  သဝဏ်လွှာ ပေးပို့ အကြောင်းကြား ခဲ့သော်လည်း လွှတ်တော် ကိုယ်စားလှယ် များက သမ္မတ ဦးသိန်းစိန်အစိုးရသည် အဓမ္မမြေ သိမ်းမှုများ ကို ပြေလည်အောင် ဖြေ ရှင်းပေးသေးခြင်း မရှိဟု ဆိုကာ သမ္မတ ၏ သဝဏ် လွှာကို လက်မခံ ဘဲ ဝိုင်းကန့်ကွက်လိုက်ကြသည်။

Monday, January 20, 2014

တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးကို ကာမလိမ်လည်မှုဖြင့် တိုင်ကြား

ကလေး၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ အမှတ်(၂၂၈) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မိုးဝင်းအောင်က ကာမ လိမ်လည်ရယူသည်ဟုဆိုကာ ၎င်းကို အရေးယူပေးရန် ပဲခူးမြို့ မွေးမြူရေးနှင့် ရေလုပ်ငန်း ညွှန်ကြားမှု ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ကေသီစိုးက ဇန်နဝါရီလ ၁၆ ရက်နေ့က လာရောက် တိုင်ကြားခဲ့ကြောင်း ကလေးမြို့ ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ အတည်ပြု ပြောကြားသည်။

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း ၃ – စစ်ထောက်လှမ်းရေး ခေါင်းထောင်လာခြင်း

(ဧရာဝတီ)

၁၉၇၆ ခုနှစ် အတွင်း မှာ ဦးနေဝင်း အ တွက် အိပ်ရေး ပျက်ရတဲ့ ညတွေ အများကြီး ရှိခဲ့ တယ်။  ကျောင်းသား ဆန္ဒပြမှုတွေ၊  စစ်ဦးစီး ချုပ်နဲ့  ကာကွယ်ရေး ဝန်ကြီး ဗိုလ် ချုပ်ကြီး သူရ တင်ဦးရဲ့ အရေးကိစ္စတွေ အပြင် အဲဒီနှစ် ထဲမှာပဲ ကချင် လက်နက် ကိုင်တွေနဲ့  မြန်မာပြည်မြောက် ပိုင်း တောင်ကုန်းတွေ က ကွန်မြူနစ် တပ်ဖွဲ့တွေ စစ်ရေး အရ မဟာမိတ်ဖွဲ့ဖို့ သဘော တူ လက်မှတ်ရေးထိုး လိုက်ကြ တယ်။ ရဲဘော်သုံး ကျိပ်ဝင်  ဗိုလ်မှူးချုပ် ကျော်ဇောကလည်း  ရန်ကုန် ကနေ ထွက်သွားပြီး  တရုတ်နယ်စပ်က ကွန်မြူနစ်တွေ ဆီ ရောက်သွား ခဲ့တယ်။ အစိုးရ အနေနဲ့လည်း မအောင်မြင်တဲ့ အာဏာ သိမ်း ဖို့ ကြံစည်မှု တခုနဲ့ ကြုံတွေ့ ခဲ့ရသေးတယ်။

ကာချုပ် စိတ်ကြိုက် “ဗိုလ်ထီး၊ ဗိုလ်မတွေ” နဲ့ ကလဖန်ထိုးနိုင်သည့် လွှတ်တော်



(မိုးမခ)
တူမောင်ညို

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ လ ၁၇ ရက်၊  ပြည်ထောင် စုရွေးကောက် ပွဲကော်မရှင် ကြေညာချက်အမှတ် (၅/၂၀၁၄ )ဖြင့် တိုင်းဒေ သ ကြီး (၅) ခုနှင့် ပြည် နယ် (၆) ခု တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်သား အမတ် ၂၄ ဦး အစားထိုးခဲ့သည်။ ၂၀၁၄ ခုနှစ်ထဲ တွင် ဒုတိယအကြိမ် အစားထိုးခြင်းဖြစ်သည်။ 

ထိုသို့ အစားထိုးခဲ့ သည် စစ်သား အမတ် ၂၄ ဦး တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌  ‘ဗိုလ်မ’ တစ်ဦး ပါဝင်လာ သည်။

Thursday, January 16, 2014

တပ်မတော်အတွင်း Commander နဲ့ Staff တို့ရဲ့ Power – Line up and Command & Control and Duty & Function (၂)

(စည်းလုံးခြင်းရဲ့အင်အား)

မိတ္တူစာ ပေးပို့ခဲ့ တဲ့ ထောက်လှမ်းရေး တပ် တပ်ဖွဲ့ ဝင် တစ်ယောက်ကြောင့် မူလ က စောင့်ကြည့်နေ တဲ့ ရမခနဲ့ ကကကြည်း တို့ရဲ့ ချေမှုန်းခြင်း ကို ထောက်လှမ်းရေး တစ်ဖွဲ့လုံး ခံလိုက် ရတဲ့ ဖြစ်စဉ်အား ရမခ တာဝန် ထမ်းဆောင်ခဲ့တဲ့ အရာရှိ တစ်ဦးက စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် သို့ ပေးပို့လာပါ တယ်။

Tuesday, January 14, 2014

ဦးသန်းရွှေနဲ့ စစ်အာဏာရှင် ဟောင်းတွေ ဘယ်ဆီရောက်နေ

(ဧရာဝတီ)

မဝေးသေးသော တချိန် က မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ် တွင် အလွန် တန်ခိုးထွား ခဲ့သော်လည်း ယခုအခါ အများ ပြည်သူရှေ့က သူတို့ပျောက် ကွယ်ခဲ့ကြပြီ။ သူတို့ ဘယ်မှာ ရှိနေကြပါလိမ့်။ ဘာများ လုပ်နေကြပါလိမ့်။

နီးစပ်သူများ အဆို အရ ယခုအခါ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ် မှူးကြီး မောင်အေး တို့သည် ရန်ကုန်မြို့နှင့် နေပြည်တော် ရှိ လူအများ က အလွယ်တကူ မမြင်နိုင်၊ မဝင်ရောက်နိုင် သည့် ခြံဝင်းကြီး များထဲ တွင် နေထိုင်လျက်ရှိကြပြီး သူတို့ထံသို့ စစ်ဘက်နှင့် အစိုးရ ဘက်မှ ပုဂ္ဂိုလ်များ အပါအဝင် ပုံမှန် ရောက်လာ သည့် ဧည့်သည်များ၏ ဂါရဝပြုခြင်းကို ခံယူမြဲဖြစ် သည်။ ရန်ကုန်မြို့ သံတမန် သတင်း ရပ်ကွက်များကမူ ဗိုလ်ချုပ် မှူးကြီးဟောင်း ဦးသန်းရွှေ သည် သမ္မတ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့ကို မကြာသေးခင်က သီးခြားစီ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံချိန် သုံးနာရီခန့် ကြာမြင့်ခဲ့ကြောင်း ပြောဆိုကြသည်။

ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၂ ဘီလီယံကျော် တောင်း

(ဧရာဝတီ)

ကာကွယ်ရေး ၀န်ကြီးဌာနက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွက် ကာကွယ်ရေး အသုံးစရိတ် အဖြစ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ပေးရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြတောင်းခံ လိုက်ကြောင်း သိရှိရသည်။

ကာကွယ်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ဇန်န၀ါရီလ ၁၄ ရက်နေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကာကွယ်ရေးအသုံးစရိတ် ၂ ဒသမ ၃ ဘီလီယံတောင်းခံသွားပြီး ယင်းအသုံးစရိတ်သည် တိုင်းပြည်၏ စီးပွားရေး အခြေအနေကို ငဲ့ကွက် တောင်းခံသော ပမာဏဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် အခြားနိုင်ငံ များနှင့် နှိုင်းယှဉ်လျှင် နည်းပါးသည်ဟု ဆိုနိုင်ကြောင်း ပြောဆိုသည်။

Monday, January 13, 2014

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း (၂) – ဗိုလ်နေဝင်း တင်းကျပ်စွာ ချုပ်ကိုင်လာခြင်း

(Irrawaddy)

မိုးတွေ ရွာကောင်း ရွာနေနိုင်တဲ့ ၁၉၅၃ ခုနှစ် ဇူလိုင်လ အတွင်းက နေ့တနေ့ မှာ ဒုတိယဗိုလ် သန်းရွှေ အမှတ် (၁) ခြေမြန် တပ်မမှာ စတင် တာဝန် ထမ်းဆောင် ပါတ ယ်။ တိုင်းရင်းသား လက်နက် ကိုင်တွေနဲ့ ရင်ဆိုင် တိုက်ခိုက်ဖို့ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေ ကို ခရီး ထွက်ခဲ့ရပြီး အရာရှိ အတော်များများ ကတော့ ဗိုလ်သန်းရွှေ ဟာ တိုက်ပွဲဝင်ဖို့ တွန့်ဆုတ်နေ တတ်တဲ့ အရာရှိ တယောက် လို့ ပြောကြပါ တယ်။ နောက် ၅ နှစ်ကြာတဲ့ အခါမှာတော့ သူဟာ ဗိုလ်ကြီး အဆင့်ကို တက် လာပါတယ်။

Friday, January 10, 2014

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အဆက်ဆက် နှိုင်းယှဉ်လေ့လာခြင်း - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)
စစ်ဗိုလ်ဝတ်စုံနဲ့ ဗိုလ်ချုပ်
 
တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်သေနာပတိ၊ စစ်ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်များရဲ့ တာဝန်လွှဲပြောင်းသည့် အနေအထားနဲ့ နေ့ရက်အတိအကျများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် -

(က) လွတ်လပ်ရေး မရခင် ဂျပန်ခေတ် BIA စတင်ဖွဲ့စည်းခဲ့တဲ့ ကာလ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့မှ စတင်ကာ ဗြိတိသျှတို့ ပြန်ဝင်လာပြီး ဗမာ့တပ်မတော်ကို ပြန်လည် ဖွဲ့စည်းတဲ့ကာလ ၁၉၄၇ ခုနှစ် မေလ ၁ ရက်နေ့အထိ တောက်လျှောက် ဗိုလ်ချုပ်အောင်ဆန်းက စစ်သေနာပတိ ရာထူးကို တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ကာချုပ်မှ သမ္မတလုပ်သည့် အစဉ်အလာ မရှိသင့်ပါ

(ဧရာဝတီ)

ဒီမိုကရေစီ နိုင်ငံတည်ဆောက်နေပြီဟု တွင်တွင်ပြောနေကြသော်ငြား မြန်မာ့နိုင်ငံရေးတွင် စစ်ဝတ်စုံ ၀တ်များနှင့် ယူနီဖောင်းလဲသူများသာ ဆက်လက် ကြီးစိုးနေဆဲဖြစ်သည်။

စစ်တပ်ခေါင်းဆောင်များသည် မိမိတို့ ပိုင်နိုင်ကျွမ်းကျင်ခြင်း မရှိသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများတွင် နှစ်ပေါင်းများစွာကြာ မူဝါဒရေးဆွဲ ဦးဆောင်စီမံနေခဲ့သဖြင့် တိုင်းပြည်အဘက်ဘက်က ဆင်းရဲ နိမ့်ပါးသွားခြင်း ဖြစ်သည်ဟု ယုံကြည်ပါသည်။

စစ်သားတဦး အရွယ်မရောက်သေးသည့် မိန်းကလေး အဓမ္မပြုကျင့်မှု စုံစမ်းစစ်ဆေး

(ဧရာဝတီ)

မွန်ပြည်နယ် တွင် အစိုးရ စစ်သား တဦးက အရွယ်မရောက်သေး သည့် မိန်းကလေး ငယ် တဦးအား အဓမ္မ ပြုကျင့် သည်ဆိုသော စွပ်စွဲ မှုကို တပ်မတော်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲတွင် နေထိုင်သည့် အသက် ၁၃ နှစ် အရွယ် မိန်းကလေးငယ် တဦးကို ခြေလျင်တပ်ရင်း (ခလရ) ၃၁ မှ တပ် သား တဦးက ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် နေအိမ်၌ မိဘများမရှိခိုက် တပ်တွင် အသုံးပြုရန် အမိုး သက်ငယ် လာယူစဉ် အလို မတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း၊ အဓမ္မပြုကျင့်ခံရသော မိန်းကလေးကို ကျေးရွာလူကြီးတဦးက တွေ့ရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

Thursday, January 9, 2014

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း (၁) – ဗိုလ်နေဝင်း တက်လာခြင်း

(Irrawaddy)

ပြီးခဲ့တဲ့ ရာစုနှစ် တဝက်လောက် ကာလမှာ မြန်မာနိုင်ငံ ကို သဘောထား တင်းမာပြီး အညှာအတာ ကင်းသူ နှစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ ဗိုလ်ချုပ် မှူးကြီး သန်းရွှေက အစဉ်အဆက် အုပ်ချုပ်ခဲ့ကြတယ်။ ဗိုလ်ချုပ်ကြီး နေဝင်း က ကွန်မြူနစ်နဲ့ ဆိုရှယ် လစ် အတွေးအခေါ်တွေ လွှမ်းမိုးတဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလရဲ့ ထုတ်ကုန် တခုဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အာဏာရှင် အုပ်ချုပ်ရေးနဲ့ အတူ အောင်မြင်မှုမရခဲ့ တဲ့ ဆိုရှယ်လစ် စီးပွားရေး စနစ်ရဲ့  ထွက်ကုန်တခုပါ။

Wednesday, January 8, 2014

အမျိုးသားညီလာခံ၊ ဦးသိန်းစိန်နဲ့ နောက်ဆက်တွဲ အကျိုးရလဒ်များ

(စည်းလုံးခြင်းရဲ့အင်အား)
အမျိုးသားညီလာခံ သဘာပတိ ဗိုလ်ချုပ်ကြီး (ဟောင်း) သိန်းစိန်
သမ္မတအနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ် လက်မှတ်ထိုးဖို့ စိတ်အားထက်သန်လျှက်ရှိရာ မကြာမီ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ မတွေ့မီ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူရန်ရှိကြောင်း နေပြည်တော်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ရရှိပါတယ်။ တိုင်းရင်းသားအဖွဲ့တွေ တောင်းဆိုလာမဲ့ အချက်အလက်တွေအပေါ် အစိုးရ ဆောင်ရွက်ပေးရမဲ့ကဏ္ဍ၊ လွှတ်တော်က ကိုင်တွယ်ပေးရမဲ့ကဏ္ဍ၊ တပ်မတော်က လုပ်ဆောင်ပေးရမဲ့ ကဏ္ဍတွေကို ကြိုတင်ညှိနှိုင်း ဆောင်ရွက်ဖို့ ရှိနိုင်တယ်လို့ ယူဆရပါတယ်။ သမ္မတဦးသိန်းစိန်ဟာ အပစ်ရပ်လက်မှတ်ထိုးဖို့ စိတ်အားထက်သန်နေပေမဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ပေါင်းစုံနဲ့ လက်မှတ်ထိုးမဲ့နေ့ကို အကြိမ်ကြိမ်ရွေ့ဆိုင်း ညှိနှိုင်းရယူနေဆဲ ဖြစ်တာမို့ ဘာကြောင့်ဒီလိုဖြစ်နေရလဲ ဆိုတာကို စစ်ဘက်နီးစပ်သူ ကိုနိုင်မင်းအောင်နဲ့ အမျိုးသားညီလာခံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော် အရာရှိကြီးတစ်ဦးကို ဤ၀က်ဘ်ဆိုဒ်က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

Tuesday, January 7, 2014

ယနေ့ မြန်မာနိုင်ငံအစိုးရနှင့် မြန်မာပြည်တွင်းရေး အခြေအနေ - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)
SSA အခမ်းအနားတစ်ခုအတွင်း SSA မှ ထိပ်တန်းစစ်အရာရှိကြီးများ
ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်

မြန်မာနှင့် ထိုင်းစစ်တပ်တို့အကြား ပစ်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည့် ဗိုလ်မှူးထန်နီး အမည်ရှိသူ ဦးစီးသည့် ထိုင်းတပ်စခန်းသည် တာချီလိတ် - မိုင်းတုံမိုင်းဆတ်သွား ကားလမ်းမှ မဝေးကွာသော နေရာရှိ နယ်စပ်မျဉ်း တည့်တည့်ပေါ် တည်ဆောက်ထား၏။ နိုင်ငံတကာ စည်းမျဉ်းအရ နယ်စပ်မျဉ်း တည့်တည့်အပေါ် တည်ထားခွင့် မရှိပေ။ ၎င်းအပြင် ဤစခန်းသည် မြန်မာတပ်မတော်မှ ထိုးစစ်ဆင်မည့် လမ်းကြောင်း ထိပ်တိုက်ဖြစ်နေပြီး ယင်းထိုင်းစခန်းက အက်စ်အက်စ်အေ စခန်းများကို ရှေ့မှ ကာကွယ်ပေးထားသကဲ့သို့ ဖြစ်နေ၏။ အက်စ်အက်စ်အေ စခန်းကို သိမ်းပိုက်မည့် စစ်ကြောင်းသည် ထိုင်းစခန်းကုန်းအနီးသို့ ရောက်ရှိချိန်သည် ညနေ နေဝင်ရီသရော အချိန်ဖြစ်၏။

ယနေ့ မြန်မာနိုင်ငံအစိုးရနှင့် မြန်မာပြည်တွင်းရေး အခြေအနေ - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)
နာဂစ်မုန်တိုင်းပြီးနောက် ကယ်ဆယ်ရေး စခန်းတွေကို သွားရောက် လေ့လာခဲ့ကြတဲ့ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေနဲ့အတူ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များ
ဆောင်းပါးရှင် - ဗိုလ်မှူး ကျော်ကျော်ခိုင်

ပြည်သူလူထုမှ ရွေးချယ် တင်မြှောက်ခြင်းအားဖြင့် ပေါ်ပေါက်လာသော ပြည်သူ့အစိုးရပါ ဟူသည့် သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့၏ (၃နှစ်) သက်တမ်း ကာလအတွင်း မြန်မာနိုင်ငံအစိုးရနှင့် ပြည်တွင်းရေး အခြေအနေအချို့ကို ပြန်လည်၍ သုံးသပ်လိုပါသည်။ မကောင်းမြင်ခြင်း၊ အကောင်းမြင်ခြင်း ဟူသော အစွန်းနှစ်ဘက် လမ်းကြောင်းပေါ်မှ မဟုတ်ပဲ ပကတိ အခြေအနေအတိုင်း စာရေးသူ၏ အမြင်အတိုင်းသာ ရိုးသားစွာ သုံးသပ် တင်ပြထားပါသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ ကြွယ်ဝချမ်းသာမှုများ ကိုခန့်မှန်းခြင်း

(Aung Lynn Htut Blog)

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေနှင့် ၎င်း၏ မိသားစုသည် အမေရိကန် ဒေါ်လာ သန်း နှစ်ထောင် (နှစ် ဘီလျှံ) ခန့် ချမ်းသာသည်ဟု ယူဆရ သည်ဟု မြန်မာနိုင်ငံ တွင်းရှိ နိုင်ငံခြား သံတမန် များကယခုနှစ် အစောပိုင်း ကတည်းက သုံးသပ် ထားကြကြောင်း ဥရောပ သံ အမှုထမ်း တစ်ဦး၏ မြန်မာ ၀ီကီလိခ်ထံ ပေးစာတွင် ဖော်ပြထားသည်။

၂၀၁၃ နဲ့ နေပြည်တော်က ကစားဝိုင်း (2013 in Review)



(မိုးမခ)
(ရန်ကုန်မြို့တွင်နေထိုင်သူ  ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းသည်  မြန်မာပြည်နိုင်ငံရေးအခြေအနေကို စောင့်ကြည့် အကဲခတ်ပြီး  စာနယ်ဇင်းများတွင် သုံးသပ်ချက်ဆောင်းပါးများ ရေးသားနေသူတစ်ဦးဖြစ်သည်)

ဦးသိန်းစိန်၊ သူရ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်း စုကြည်တို့ရဲ့ သုံးပွင့်ဆိုင် ဆက်ဆံရေး ကို ပြင်ပ ကနေစောင့်ကြည့်ရ သလောက်တော့ သိပ်ပြီး အဆင်ပြေတာကို မတွေ့ရပါဘူး။

 ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းရဲ့ ဆက်ဆံရေးက ကောင်းနေတယ်။  ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဆက်ဆံရေး၊ ပြီးတော့ ဦးရွှေမန်းနဲ့ သမ္မတရဲ့ဆက်ဆံရေးက သိပ်ပြီးတော့မကောင်းတဲ့အနေအထားမှာ ရှိတယ်။

အာဏာရူးစနစ်ကို ကျင့်သုံးသောအာဏာရှင်များနှင့် ဒီမိုကရေစီဆိုသူများ



(မိုးမခ)

အာဏာရူး စနစ်ကို အာဏာရှင် များ ကသာ ကျင့်သုံးကြ သည်မဟုတ်။ ဒီမိုကရေစီ ဘက်တော်သား ဟု ဆိုသူတို့က လည်း ကျင့်သုံးခဲ့ကြသည် သာဖြစ်၏။

အာဏာ ရရှိရေး၊ အာဏာ တည်မြဲရေး အတွက် တိုင်းပြည်၊ လူမျိုးနှင့် သာသနာကို မထောက်ထား၊ဘာမဆို လုပ်ရဲသူတို့ကိုအာဏာရူးစနစ် ကျင့်သုံးသူများဟု ဆိုလိုပါသည်။ သူတို့သည် အာဏာတည်မြဲရေး အတွက်သာဆိုလျှင် ပြည်ပနိုင်ငံကြီးတစ်ခုခု ခြေဖဝါးအောက်သို့ တိုးဝင် အညံ့ခံပြီးလျှင် အရှက်မရှိ ရပ်တည်ရဲကြသည်။ သို့သော် ဆန့်ကျင်ဖက်တို့က အခြားသောနိုင်ငံများနှင့်ဆက်သွယ်ကြပါမူ၊ ဆန့်ကျင်ဖက်တို့ကို ပြည်ပအားကိုး ပုဆိန်ရိုးဟုအော်ဟစ်လေ့ ရှိခဲ့ကြသည်။ အမှန်အားဖြင့်ကား အာဏာရူးတို့ ကိုယ်တိုင်ပင် ပုဆိန်ရိုး အဖြစ်ဖြင့် တိုင်းပြည်၊လူမျိုး နှင့်သာသနာတော်၏ အကျိုးစီးပွားကို အမြစ်မှ လှဲဖြိုဖျက်ဆီးခဲ့ကြောင်း၊ သမိုင်းသက်သေ အထင်အရှားရှိခဲ့ပေ၏။

ကာလုံ၊ ကာချုပ် နဲ့ ၂၀၀၈ အခြေခံဥပဒေ (Tu Maung Nyo)



(မိုးမခ)


    ဗိုလ်မင်းအောင်လှိုင်သည် ဗိုလ်သန်းရွှေနေရာ ချထားပေးခဲ့သူများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။

သူ့ကို ဗိုလ်သန်းရွှေ က ကာချုပ် အဖြစ်နေရာ ချထားပေးခဲ့သည်။ ဗိုလ်နေဝင်းနှင့် ဗိုလ် သန်းရွှေ ကွာခြား သည်မှာ ဗိုလ်နေဝင်း သည် ကာချုပ်နေရာမှ ထွက်ပြီး သူ့စိတ်ကြိုက် သမ္မတ၊ ဝန်ကြီးချုပ်၊ ကာချုပ်တွေခန့်နိုင်/ ဖြုတ်နိုင်ခဲ့သူဖြစ်သည်။ ဗိုလ်သန်းရွှေမှာမူ ကာချုပ် နေရာကို ကန့်လန့်ကာနောက်ဝင်သွားသည်အထိ ယူသွားခဲ့သူဖြစ်သည်။

ယခုအချိန်ထိဗိုလ်သန်းရွှေ ကာချုပ်မှအနားယူသွားပြီဆိုသည့် တရားဝင်ကြေညာချက် ထုတ်ပြန်တာမရှိသေးပါ။

တပ်မတော်အတွင်း Commander နဲ့ Staff တို့ရဲ့ Power – Line up and Command & Control and Duty & Function (၁)

(စည်းလုံးခြင်းရဲ့အင်အား)

ရုရှားသမ္မတ Vladimir Putin နဲ့အတူ အင်အားကြီး နိုင်ငံများမှ ခေါင်းဆောင်များဟာ G20 အစည်းအဝေးကို စက်တင်ဘာလ ၅ ရက်နေ့ ၂၀၁၃ ခုနှစ်မှာ ရုရှားနိုင်ငံ Saint Petersburg မြို့တွင် တက်ရောက် ဆွေးနွေးကြစဉ်
 
အယ်ဒီတာအဖွဲ့ မေတ္တာရပ်ခံချက်

လုံခြုံရေး ကန့်သတ်ချက်ကြောင့် တွေ့ဆုံမေးမြန်းခန်းများနဲ့ ဆွေးနွေးခန်းများကို အချိန်နဲ့ အခြေအနေပေးသည့် အားလျော်စွာ စုစည်းတင်ပြနေရသဖြင့် ယခုသတင်းဆောင်းပါး အပါအဝင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အဆက်ဆက် နှိုင်းယှဉ်လေ့လာခြင်း သတင်းဆောင်းပါးတို့ကို အလှည့်ကျ အလျဉ်းသင့် သလို တင်ပြသွားပါမယ်။