Wednesday, July 31, 2013

ပြည်ထဲရေးဝန်ကြီး ၏ ထောင်ကြွေးကျန် ပြန် ကျခံ ရ မည် ဆိုသည့် အပြော ရှစ်လေးလုံး နှစ် ပတ်လည် နီးကပ် လာ ချိန် တွင် အုံကြွ ဂယက် ရိုက်ဖွယ်ရှိ

(FNG)


ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာ မင်း ၏ မေးမြန်း ချက် ဖြစ်သည့်
လွတ်ငြိမ်းချမ်းသာခွင့် ရရှိပြီးဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ပြစ်ဒဏ်ကြွေးကျန်များ
နှင့် ပတ်သက် သည့် မေးခွန်း ကို ပြည်ထဲရေး ၀န်ကြီး ဗိုလ်မှုးချုပ် ကျော်ဇံမြင့်
ဖြေကြား မှု နှင့် ပတ်သက် ပြီး နိုင်ငံ ရေး အကျဉ်းသား ဟောင်းများ ကြား တွင် ဂယက်
ရိုက် လျှက် ရှိ ပြီး အချို့  က လည်း ပြင်းပြင်းထန် ထန် တုံ့  ပြန် မည် ဟု FNG မှ သိရ
သည်။


ဒါလားဟဲ့ ... ဒီမိုကရေစီ အပြောင်းအလဲ လုပ်ငန်းစဉ်များ။

(ဒေါန်းမာန်ဟုန်)



၃ နှစ် ရှိသွားပြီ။

လူက ရေးထားတာပဲ ပြင်လို့ ရမှာပေါ့ ဆိုတဲ့ အခြေခံ ဥပဒေ ... ၃ နှစ်ရှိတဲ့အခါ ရောက်မှ .. ပြင်ဆင်ဖို့ အချက်တွေကိ လေ့လာဖို့ အဖွဲ့ဘဲ ဖွဲ့ရသေးတဲ့ အဖြစ်။

အခြားအချက်တွေလည်း ပြန်ကြည့်လိုက် ...

နိုင်ငံဆိုသည်၏ ဗဟို အချက်အခြာဖြစ်မှု

(စည်းလုံးခြင်းရဲ့အင်အား)

ဘာသာပြန်ဆောင်းပါးရှင် - ကိုကျော်ထင်

အာဖရိကတွင် ကြီးမားသော လုံခြုံရေးနှင့် တည်ငြိမ်မှုကို မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်သွားအောင် လုပ်ရမလဲ ဆိုသည်နှင့် ပတ်သက်၍ လေ့လာဆန်းစစ် စဉ်းစားမှု ပြုလုပ်သည့်အခါ နိုင်ငံတော်ဟူသည် သော့ချက်ကျသော ယူနစ်အဖြစ် ဆက်လက် မတည်ရှိတော့ဟူ၍ အထူးသဖြင့် ပညာရှင်များ အကြားတွင် ပို၍ လူကြိုက်များစွာ ပြောဆိုလာကြပေသည်။ သို့သော်လည်း ထိုအဆိုကို ပြောဆိုခဲ့သူများ အနေဖြင့် ထိုအခန်းကဏ္ဍအတွက် တခြားဖြစ်နိုင်စရာ တစ်ခုကိုလည်း အမည်မပေးရသေးပေ။ ကျနော့်ရဲ့ ကိုယ်ပိုင် ထင်မြင်ချက် တစ်ခုကတော့ နိုင်ငံတော်ဆိုသည်မှာ ခေတ်ကုန်သွားသော အတွေးအမြင် တစ်ခုတော့ မဟုတ်သေးပေ။

Monday, July 29, 2013

စစ်အစိုးရခေတ် ဗဟိုဘဏ် ဥက္ကဋ္ဌဟောင်းကို ရာထူးပြန်လည်ခန့်အပ်

(ဧရာဝတီ)

သမ္မတဦးသိန်းစိန်က စစ်အစိုးရလက်ထက်တွင် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ၁၀ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ဦးကျော်ကျော်မောင်ကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်လိုက်ပြီး ပြည်ထောင်စုလွှတ်တော်က ဇူလိုင်လ ၃၀ ရက်နေ့တွင် အတည်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဗိုလ်လေးဘ၀ အမှတ်တရများ - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)

ရှမ်းပြည်နယ်ရှိ ရွာတစ်ရွာမှ ရွာသူရွာသားများနဲ့အတူ မြန်မာ့စစ်ကြောင်း

ဆောင်းပါးရှင် - စစ်မင်း (ပြည်တွင်းမှ တပ်မတော် အရာရှိတစ်ဦး)

ဒီလိုနဲ့ တစ်နေ့မှာ စစ်ကြောင်းတစ်ခုလုံး ကမမောင်းကနေ ၀က်သိုးခိုရွာဖက် ချီတက်ရပါတယ်။ ကျွန်တော့်တပ်စု ရှေ့ပြေးတာဝန်ပါ။ ညဖက် မှောင်စအချိန် လမ်းက ရွာတစ်ရွာကို ၀င်အရှင်း အောက်လင်း ဓါတ်မီးအောက်မှာ ရွာသား (၃) ယောက်တွေ့လို့ ၀င်ဖမ်းပြီး ဆက်ချီတက်ခဲ့ပါတယ်။ ညဖက် စခန်းချချိန်ရောက်တော့ သူတို့အား စစ်ကြောင်းကို မအပ်ဘဲ တပ်ခွဲရုံးမှာဘဲ ထားပါတယ်။ ည (၁၀) နာရီလောက်မှာ သုံးယောက်ထဲက တစ်ယောက်ဟာ ရှိုက်ကြီးတငင်နဲ့ တရှုံ့ရှုံ့ ငိုပါတော့တယ်။ တပ်ခွဲမှူးနဲ့ ကျွန်တော်လည်း ထမင်းစားခါနီး ပြင်နေတုံး ကြားနေရတော့ ခေါ်မေးကြည့်ပြီး နှစ်ယောက်စလုံး စိတ်မကောင်းလွန်းလို့ ထမင်းတောင် မစားနိုင်တော့ပါ။

Sunday, July 28, 2013

ဗိုလ်လေးဘ၀ အမှတ်တရများ - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)

ပေါ်တာများနဲ့အတူ မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ခု

ဆောင်းပါးရှင် - စစ်မင်း (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)

အယ်ဒီတာအဖွဲ့၏ တင်ပြချက်။    ။ ပြည်တွင်းမှ တပ်မတော်အရာရှိတစ်ဦးက အလုပ်သင်ဗိုလ် တာဝန် ထမ်းဆောင်ခဲ့စဉ် ကိုယ်တွေ့ အတွေ့အကြုံများကို ဆောင်းပါး ရေးသားပေးပို့လာရာ စာဖတ် ပရိသတ်များအား တင်ပြပေးလိုက်ပါတယ်။ ဒီအခန်းဆက် ဆောင်းပါးမှာ ကြမ်းတမ်းတဲ့ ခယောင်းလမ်းကို စတင် ဖြတ်သန်းရပုံ၊ တပ်မတော်မှာ အဘ ဆိုတဲ့ အခေါ်အဝေါ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံ၊ နောက်ပိုင်းမှာ အဘ ဆိုတဲ့ အသုံးအနှုန်း တွင်ကျယ်လာပုံ၊ ပေါ်တာ (အထမ်းသမား) များအား စိတ်သောက ဖိစီးမှုများစွာနဲ့ ထိမ်းသိမ်းခဲ့ရပုံ၊ အများသူငှာ ထင်နေသလို ပေါ်တာများကို ရက်စက်စွာ ပြုမှုခြင်း မရှိဘဲ ကြင်နာစွာ လူသားချင်းစာနာ ဆက်ဆံခဲ့ပုံ၊ တပ်တွင်းနေ မိသားစုများရဲ့ ဘ၀ စတာတွေကို ကိုယ်တွေ့ဖြစ်ရပ်မှန် ရသမြောက်စွာ တင်ပြထားပါတယ်။ ယခုလို ပေးပို့လာတဲ့ အတွက် ဆောင်းပါးရှင်အား စည်းလုံးခြင်းရဲ့အင်အားမှ အထူး ကျေးဇူးတင်ရှိကြောင်းနဲ့ ပင်တိုင် ဆောင်းပါးရှင်အဖြစ် ဖေါ်ပြအပ်ပါတယ်။ အပတ်စဉ် တင်ပြနေတဲ့ တရုတ်ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန်တိုက်ဖျက်ခဲ့ခြင်း ဆောင်းပါးကို နောက်အပတ်များမှာ ဆက်လက် တင်ပြ သွားပါမယ် ခင်ဗျား။

အဖိုး သခင် ကိုယ်တော်မှိုင်းသို့

(စည်းလုံးခြင်းရဲ့အင်အား)

အယ်ဒီတာအဖွဲ့၏ တင်ပြချက်။      ။ အဘိုးဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ဂုဏ်ပြုစပ်ဆိုခဲ့သည့် ကဗျာအား ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦးက ပေးပို့ ခဲ့သဖြင့် ကျေးဇူးတင် ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။

Saturday, July 27, 2013

အာဏာရှင်ကြီး အကြောင်း လေ့လာကြည့်ခြင်း…..(အပိုင်း၎)

(ဇော်ဝမ်းမောင် FB စာမျက်နှာ)


ဆိုးရွားလှသော ကွန်နရှင်ကြောင့် ကျန်ရှိနေသေးသော အပိုင်းကို ပေါင်းတင် လိုက်ရပါတယ် သီးခံ၍သာဖတ်ကြပါကုန်…..
ကမ္ဘာမှာ နာမည်ကြီးအာဏာရှင်တွေ အများကြီးပေါ်ထွန်းခဲ့ပါတယ်။နာဇီအာဏာရှင်ကြီး ဟစ်တလာ၊ ချီလီက အာဏာရှင်ပီနိုချေး ယူဂိုဆလား ဗီးယားက မီလိုဆီးဗစ်၊ ယူဂန်ဒါနိုင်ငံက အီဒီအာမင်၊ ဆူဒန်နိုင်ငံက အိုမာ အယ်လ်-ဘာရှား၊အင်ဒိုနီးရှားနိုင်ငံက အာဏာရှင် ဆူဟာတို မြောက်ကိုရီးယား သမ္မတ ကင်မ်ဂျုံအီးလ် ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီ…အစရှိသဖြင့် မြောက်များစွာ ပေါ်ထွန်းခဲကြပါတယ်။

အာဏာရှင်ကြီး အကြောင်း လေ့လာကြည့်ခြင်း…..(အပိုင်း၃)

(ဇော်ဝမ်းမောင် FB စာမျက်နှာ)

၁၉၉၂ ခုနှစ် ဧပြီလ ဗိုလ်သန်းရွှေ အာဏာ ရယူပြီးနောက် ပိုင်းမှာ နျူကလီးယား လက်နက်ထုတ် လုပ်ဖို့အတွက် မြောက် ကိုရီးယားနှင့် လျှို့ဝှက် ဆက်သွယ်မှူကို စတင်ခဲ့တာဘဲဖြစ်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ တပ်ချုပ်ကြီး ဖြစ်တဲ့အချိန်မှာ သူပထမဆုံး စလုပ်တဲ့ စစ်လက်နက်အင် အားတိုးချဲ့ရေး စီမံကိန်းကတော့ ဒုံးလက်နက်များ တည်ဆောက်ရေးပါပဲ။ ဒုံးများကို တာဝေးပစ်ဒုံး၊ တာလတ်ပစ်ဒုံး ဆိုပြီး နှစ်မျိုးစလုံးကို တည်ဆောက်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်ဦးပိုင်းမှာ စီိမံကိန်းကို အတည်ပြုမိန့် ပေးခဲ့ပါတယ်။

အာဏာရှင်ကြီး အကြောင်း လေ့လာကြည့်ခြင်း…..(အပိုင်း၂)

(ဇော်ဝမ်းမောင် FB စာမျက်နှာ)

အသက် ၇၉ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ရဲ့  ကျန်းမာရေး အခြေအနေ နဲ့ ပတ်သက်ပြီး ကိုမာ လို သတိမလည် တော့ မယ့် ပုံစံမျိုး ဖြစ်နေ တယ်။ အဖိုးကြီး အိပ်ယာထဲ မျော သွား တယ်လို့ နီးစပ်သူ အသိုင်အဝန်းမှ သတင်းတွေ ထွက်ရှိလာပါတယ်။ပြီးခဲ့ သည့် ဇူလိုင် လ ဆန်း က ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ဇနီး ဖြစ်သူ ဒေါ်ကြိုင်ကြိုင် လည်းသည်းထန်စွာ မကျန်းမမာ ဖြစ် ခဲ့ သည် ဟု သတင်း ရရှိခဲ့ပါတယ်။ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ အကြောင်းပြောရင် ဒေါ်ကြိုင်ကြိုင်ရဲ့ ဗေဒင်ယတြာ အစွဲအလမ်းကြီးမားမှုတွေကို ပါ ပြောရမှာပင်ဖြစ်ပါတယ်။စစ်ဘက်နီးစပ်သူ အသိုင်းအဝန်းမှ ပြောဆိုလာချက်တွေနှင့် လေ့လာဖတ်ရှုရတဲ့ သတင်းအချက်အလက်တွေအပေါ် လေ့လာပြီး ပြန်လည်တင်ပြလိုက်ရပါတယ်။

စစ်အုပ်စုရဲ့  နိုင်ငံရေး မျက်လှည့်လား

(VOA)

အနှစ် (၂၀) ကျော် မြန်မာပြည်ကို ကြီးစိုးပြီး ချမ်းသာကြွယ်ဝလာတဲ့ စစ်အုပ်စုကို ကမ္ဘာက လက်ခံနိုင်အောင် ဒီမိုကရေစီ ပြုပြင်ရေး လုပ်တာဆိုတဲ့ အမြင်ကို လေ့လာသူ အတော်များများ လက်ခံကြပါတယ်။ ဦးသိန်းစိန်အစိုးရရဲ့  ပြုပြင်ရေးကို စစ်အုပ်စုရဲ့  နိုင်ငံရေးမျက်လှည့်အဖြစ် ရှုမြင်ကြပါတယ်။ နိုင်ငံရေးအကျဉ်းသား အများအပြားလွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလုပ်ခွင့်ပြုတာရယ်၊ စာပေစီစစ်ရေး ရုတ်သိမ်းလိုက်တာရယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးတာရယ်၊ နိုင်ငံခြားမှာ ခိုလှုံနေတဲ့ မြန်မာပြည်သားတွေကို ပြန်လာခွင့်ပြုတာရယ် စတာတွေကိုကြည့်ပြီး ဦးသိန်းစိန်ကို ချီးကျူးဂုဏ်ပြုကြပါတယ်။

သရဖူမဆောင်းတဲ့ ဘုရင်မ

(ဧရာဝတီ)

ဆင်ခြင်ခြင်းများ  သရဖူမဆောင်းတဲ့ ဘုရင်မ ပရိသတ်ကြီးခင်ဗျား … 
မြန်မာနိုင်ငံတော်ကြီးမှာ သမ္မတကြီး ဖြစ်ချင်တယ်လို့ ပြောတဲ့ လူနှစ်ယောက်ပဲ လောလောဆယ်မှာ ကျန်ခဲ့ ပါတယ်။ 


လက်ရှိသမ္မတကြီးကတော့ သူ သမ္မတမလုပ်ချင်တော့ပါဘူးလို့ ပြောတယ်လို့ ဂျာနယ်တွေထဲမှာ ဖတ်ရ တယ်။ သမ္မတဖြစ်ချင်တဲ့ လူနှစ်ယောက်ကတော့ အများသိတော်မူကြတဲ့အတိုင်း ဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ 

Friday, July 26, 2013

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ ပိုင်ဆိုင်မှု ကြေညာရမည်

(DVB)

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုကို ကြေညာဖို့ အတွက် ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။

ကော်မရှင်အဖွဲ့ဝင်တွေဟာ ကော်မရှင်မှာ တာဝန်ပေးအပ်ခံရတဲ့အခါမှာ မိမိတို့ဦးစီးတဲ့ စီးပွားတခုတည်းဖြစ်တဲ့ မိသားစုပိုင် မြေကြီး၊ ပစ္စည်း၊ ပေးရန်တာဝန်နဲ့ ရရန်ပိုင်ခွင့်တွေကို တန်ဖိုးနဲ့တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမယ်ဆိုပြီးတော့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။

ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြောက်မှု တောင်သူများကို အမှုဖွင့်ခွင့်မပေး

(ဧရာဝတီ)
တောင်သူများကို သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့သည့် ဗိုလ်ချုပ် စိုးရှိန်ကို ယခင် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ ကိုယ်ရေးအရာရှိအဖြစ် ၎င်း၏ဘေး ကပ်လျက်တွင် မြင်တွေ့ရစဉ် (ဓာတ်ပုံ – Reuters)

နေပြည်တော် လယ်ဝေးမြို့နယ် ပေါက်မြိုင်အုပ်စု အင်တိုင်းသာရွာတွင် တောင်သူ ၃ ဦး ပိုင်ဆိုင်သော ဧက ၁၀၀ ၀န်းကျင်ရှိ သီးနှံစိုက်ပျိုးထားသည့် မြေပေါ်တွင် ဗိုလ်ချုပ်စိုးရှိန်က တောင်သူများအား သေနတ်ပြကာ ခြိမ်းခြောက်ခဲ့သည့် ဖြစ်ရပ်ကို ဒေသ အာဏာပိုင်များက အမှုဖွင့် မပေးသေးကြောင်း စုံစမ်း သိရှိရသည်။

ဗိုလ်ချုပ်လက်ရေးမူ စစ်၊ မစစ် ဒေါ်အောင်ဆန်းစုကြည်အာမမခံနိုင်

(မြန်မာသံတော်ဆင့်)

ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့် ဇူလိုင် ၁၉ ရက်နေ့တွင် နတ်မောက်နှင့် ရေနံချောင်း သို့သွား ရောက်ပြီး ရေနံချောင်း အထကမှ နှစ်ရှည်လများ သိမ်းဆည်းထားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူ သေတ္တာကို ဆရာမကြီးက ပေးအပ်ခဲ့ရာ ၄င်းလက်ရေးမူသည် မိမိဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူစစ် မစစ် အာမမခံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်ကို တွေ့ဆုံ၍ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ဗီဒီယိုရိုက်ကွင်း ဖြစ်လာတဲ့ ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင်

(ဧရာဝတီ)

ထောက်လှမ်းရေးဗိုလ်ချုပ်ဟောင်း ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင် နဲ့ တခြားလုပ်ငန်းများရဲ့ မြင်ကွင်းတွေကို
မကြာခင် မြန်မာပြည်တဝန်းကနေ ကြည့်နိုင်ကြတော့မှာပါ။


ဘာကြောင့်လဲလို့ ဆိုတော့ ရန်ကုန်အခြေစိုက်  ဗီဒီယိုရိုက်ကူးထုတ်လုပ်တဲ့အဖွဲ့တခုက အဲဒီနေရာကို ရိုက်ကွင်းအဖြစ် ကြာသပတေးနေ့အတွက် တနေ့တာ ငှားရမ်းလိုက်လို့ပါပဲ။

ရိုက်ကွင်းအဖြစ် တနေ့တာ အသုံးပြုခ ကျပ် ငါးသောင်း ပေးရတယ်လို့ ရိုက်ကူးရေးအဖွဲ့မှာ ပါဝင်သူတဦးက ဆိုပါတယ်။ 


ထောက်လှမ်းရေး အဖွဲ့ကို ပြုပြင် ဖွဲ့စည်းခြင်း - အပိုင်း (၆)

(စည်းလုံးခြင်းရဲ့အင်အား)

ဆောင်းပါးရှင် - ပီတာဇီမန်း။ 

ကျွန်တော့် အမြင်အရ အကောင်းဆုံး ကျွမ်းကျင် ပြည့်ဝ လာတဲ့ ဌာနစိတ်တွေဟာ အရာရှိသစ်တွေ အများစု ပါနေရင်တောင် လူဟောင်းကြီးတချို့ ပါတဲ့ ဌာနစိတ်တွေ ဖြစ်တယ်။ အရင် StB အရာရှိတွေချည်းပါတဲ့၊ ဒါမှမဟုတ် သူတို့ လုံးဝ မပါတဲ့ ဌာနစိတ်တွေဟာ အညံ့ဆုံးပါပဲ။ ကျွန်တော့် အမြင်လေးတွေဟာ ပြုပြင်ပြောင်းလဲရေး ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေနဲ့ သဘောချင်း ကိုက်ညီပါတယ်။ သူတို့ရဲ့ သုံးသပ်ချက်မှာက ဖွဲ့စည်းရာမှာ အရင် အထက်တန်း အရာရှိ တချို့ပါတဲ့ နိုင်ငံတွေဟာ ပိုတည်ငြိမ်တဲ့ ပုံစံနဲ့ တိုးတက်တယ်ဆိုတဲ့ အယူအဆကို အများအားဖြင့် အလေးပေးတယ်။ ဒါပေမဲ့ ဒီတွေ့ရှိချက်ကို ပညာရှင် နယ်ပယ်မှာပဲ ကန့်သတ်ထားတယ်။ အများပြည်သူရှေ့ နိုင်ငံရေး စကားစစ် ထိုးပွဲတွေမှာ စာနယ်ဇင်းထဲ ငြင်းခုံ ဆွေးနွေးတာတွေမှာ ဘယ်သူမှ ဒီအကြောင်း မပြောချင်ကြဘူး။

ဝန်ကြီးအပြောင်းအလဲတွေအပေါ် သုံးသပ်ချက်

(VOA)

ဝန်ကြီးနဲ့ ဒုတိယ၀န်ကြီးတွေ အပါအ၀င် အဆင့်မြင့်ရာထူး ၂၀ ကျော် ကို မြန်မာအစိုးရက ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။ အစိုးရအဖွဲ့တွင်း အပြောင်းအလဲတွေဟာ ထိပ်တန်းခေါင်းဆောင်တွေကြား အားပြိုင်မှု အဖြစ် မြန်မာနိုင်ငံမှာ တွေ့မြင်ရလေ့ ရှိတတ်ပေမဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းတွေ အားကောင်းလာစေဖို့ ရည်ရွယ် တဲ့ လက္ခဏာတွေ လည်း တွေ့ရတယ်လို့ အကဲခတ်တွေကတော့ မြင်နေကြတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

ထူးခြားမှု မရှိသော ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲကို ၀န်ကြီးဌာနအချို့တွင် ပြုလုပ်

(Eleven Media Group)

ထူးခြားမှုမရှိသော ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲ အချို့ကို အစိုးရ၀န်ကြီး ဌာနအချို့တွင် ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ဝန်ကြီးအပြောင်းအလဲ ပြုလုပ်ရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးများအား အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း၊ ဒုတိယ ၀န်ကြီးများ ခန့်အပ်ခဲ့ခြင်းနှင့် ဒုတိယ၀န်ကြီး နှစ်ဦးအား ရာထူးမှနုတ်ထွက်ခွင့် ပြုခဲ့ခြင်းတို့ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၂၅ ဦး ပါဝင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီအား ပြည်ထောင်စု လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြု

(Eleven Media Group)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်သင့်သည့် အချက်များကို လေ့လာနိုင်ရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ဦး အပါအ၀င် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

အဆိုပါ ကော်မတီကို ဇူလိုင် ၁၇ ရက် က စတင် ဖွဲ့စည်းခဲ့သော်လည်း ဇူလိုင် ၂၅ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှသာ အဆုံးအဖြတ် ရယူခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

Thursday, July 25, 2013

တပ်သားများ အဓမ္မ စုဆောင်းခြင်း မရှိဟု ကာကွယ်ရေး ဒုဝန်ကြီးပြော

(The Voice Weekly)

တပ်မတော်တွင် လိုအပ်သည့် စစ်မှုထမ်း အင်အား ပြည့်မီစေရေးအတွက် တပ်သားသစ်များ စုဆောင်းရာတွင် အတင်းအဓမ္မ စုဆောင်းမှု မရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က ပြောကြား သည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေးတွင် ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ...ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

တပ်မတော် အရာရှိများအပေါ် ဘက်မလိုက်ရေး တပ်ချုပ်ပြုပြင်ပေး - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)

ဧပြီလ (၅) ရက်နေ့၊ ၂၀၁၃ ခုနှစ် ဗထူးတပ်မြို့ ဗိုလ်လောင်း သင်တန်း (၁၁၆) သင်တန်း ဆင်းပွဲမှာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းက သင်တန်းဆင်း ဗိုလ်လောင်းများအား ကြည့်ရှုစစ်ဆေးစဉ်

DSA အရာရှိတွေ တစုံတခု ပြဿနာတက်ပြီ ဆိုရင် ဝိုင်းပြီး ဖေးမကြ ကူညီကြနဲ့ ရှိနေပုံကို DSA – 12 ကျောင်းဆင်း တပ်မတော် အရာရှိကြီးတစ်ဦး (အငြိမ်းစား) နဲ့ တွေ့ဆုံ မေးမြန်းခဲ့စဉ် အခုလို သိခဲ့ရပါတယ်။

Wednesday, July 24, 2013

အာဏာရှင်ကြီး အကြောင်း လေ့လာကြည့်ခြင်း…..(အပိုင်း၁)

(ဇော်ဝမ်းမောင် FB page)

အခုတလော မြန်မာပြည် က ဆိုးညစ်လှတဲ့ အာဏာ ရှင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ နှင့်ပါတ် သက်လို့ ပြီး ခဲ့ တဲ့ တနင်္ဂနွေ နေ့  ညနေက မြန်မာ ရုပ်ရှင်ဇာတ်ကား တစ်ခုကို မြေးဖြစ် သူ နေရွှေသွေးအောင် အပါ အ၀င် မိသားစု နဲ့ အတူ ကြည့်ရှု အပြီး မှာ သတိ လစ် မေ့ မျော သွား ခဲ့ ပြီး တနင်္လာ နေ့  ညနေ မှာ သတိ ပြန်လည် လာ က နောက်နေ့  တွေ မှာတော့ သတိမရ တစ်ချက် ရတစ် ချက် ဖြစ်နေပြီး အခု ထက် ထိ အိပ်ရာ ထက် လဲ နေဆဲ ရှိကြောင်း ဆိုတဲ့ သတင်းကို ကြား သိခဲ့ရပါတယ်။ အာဏာ ရှင်ကြီး ဗိုလ်ချုပ်သန်းရွှေ နှင့်ပါတ်သက် လို့ လေ့လာ သိရှိခဲ့ရ သလောက် ကို အကျဉ်းချုံး တင်ပြ ချင်ပါတယ်။

Tuesday, July 23, 2013

မြန်မာ စစ်တပ်နဲ့ မဟာဗျူဟာမြောက်ဆက်ဆံရေး တရုတ် တိုးမြှင့်လို

(ဧရာဝတီ)

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ၂ ဦး၂ ဖက် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ချဲ့ထွင်ဖို့ စိတ်အားထက် သန်နေတယ် လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ တရုတ် နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ်က မနေ့က ပြောလိုက် ပါတယ်။ 


တရုတ်နိုင်ငံရဲ့ ဗဟို စစ်ကော်မရှင် ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာ  Fan Changlong ဟာ နေပြည်တော်ကို တရားဝင် အလည်အပတ် ခရီးစဉ် အဖြစ် ယမန်နေ့က ရောက်နေတုန်းပြောလိုက်တာဖြစ်ပြီး ဒီခရီးစဉ် ဟာ မြန်မာ- ထိုင်း၊ ကာဇစ်စတန် ၃ နိုင်ငံ ခရီးစဉ်ထဲက တခုလည်းဖြစ်တယ်လို့ UPI အွန်လိုင်း သတင်း တခုက ဖော်ပြပါတယ်။ 

Monday, July 22, 2013

ဘ၀ရှင်မင်းတရားကြီး အန္တရာယ်

(ဧရာဝတီ)

ဒီခေါင်းစဉ် ကို နိုင်ငံရေး သိပံ္ပပညာ ရှင် နှစ်ယောက်ဖြစ်တဲ့ အဲဖရက် စတီဗင် နဲ့ ဂျူအန် လူဝစ်တို့ရဲ့ စာတမ်း ခေါင်းစဉ်ကနေ ပွားယူထားတာပါ။ ပထမတယောက်ကတော့ ကိုလံဗီယာ တက္ကသိုလ်က ပါမောက္ခဖြစ်ပြီး ဒုတိယတယောက်က ယေးလ်တက္ကသိုလ် ပါမောက္ခပါ။

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က သူတို့ နှစ်ယောက် ပူးတွဲရေးခဲ့တဲ့ စာအုပ် ဒီမိုကရက်တိုက်ဇေးရှင်း ပြသနာများ (Problems of Democratic Transition and Consolidation: Southern Europe, South America, and Post-Communist Europe) စာအုပ်က ထင်ရှားပါတယ်။ ဥရောပတောင်ပိုင်း၊ တောင်အမေရိကနဲ့ ဥရောပ ကွန်မြူနစ်နိုင်ငံဟောင်းတွေရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တွေအပေါ် ချဉ်းကပ်တင်ပြခဲ့ပါတယ်။ အာရပ်နွေဦး မတိုင်ခင်အထိ ထပ်ဖြည့်စရာ မလိုအပ်သေးတဲ့ သီအိုရီလို့ ဆိုနိုင်ပါလိမ့်မယ်။

ကပ္ပလီ ဗိုလ်ရွှေမန်း (Tu Maung Nyo)

(မိုးမခ)



အမတ်ချုပ်ကြီးကို ကပ္ပလီဗိုလ်ရွှေမန်းဟု ခေါ်ရတော့မည်။

        ဒီချုပ်ဥက္ကဋ္ဌ အနားကပ်ထားပြီး၊ ပလီစိချောက်ချက်တွေ ပြောနေသဖြင့် ယင်းသို့ ခေါ်လိုက်ရခြင်းဖြစ်သည်။

 ဇူလိုင်၁၈ ရက်လွှတ်တော်ခမ်းမဆောင်၌ မီဒီယာသမားများနှင့်တွေ့ဆုံပွဲဓါတ်ပုံများ၊  ခြံအမှတ် ၅၄ မှာပြုလုပ်သော အာဇာနည် နေ့ဆွမ်းကျွေးဓါတ်ပုံများသည် ပလူပျံနေတော့သည်။

တပ်မတော် အရာရှိများအပေါ် ဘက်မလိုက်ရေး တပ်ချုပ်ပြုပြင်ပေး - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)

၂ဝ၁၃ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲ အခမ်းအနားမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ယနေ့ တပ်မတော်မှာ DSA အရာရှိများသာ လွှမ်းမိုးချယ်လှယ် ချုပ်ကိုင်နေတာကြောင့် တခြား OTS နဲ့ DSTA (ဘွဲ့ရ၊ အလုပ်သင်နဲ့ အခြားအဆင့်မှ တက်လာတဲ့အရာရှိ) ကျောင်းဆင်း အရာရှိများဟာ ဦးတည်ချက်မဲ့ စိတ်ဓါတ် ကျဆင်းနေကြောင်း စစ်ရုံးနဲ့ နီးစပ်သူများက သတင်းပေးပို့လာပါတယ်။ ဒီသတင်းကို ရုတ်တရက် ကြည့်လိုက်ရင် တပ်မတော်ဖြိုခွဲရေးလို့ စစ်အာဏာရှင်တွေက ယူဆစရာ ရှိပါတယ်။ တပ်မတော်အရာရှိတွေ အနေနဲ့ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် တန်းတူ အခွင့်အရေး ရာထူးတိုးတက်ခွင့် ရသင့်ပါလျှက် DSA ကျောင်းဆင်းတွေကသာ တပ်မတော်မှာ ဗိုလ်ကျ နေရာယူ နေတာ တွေ့ရှိရပါတယ်။ ဒီလို ဖြစ်စဉ်တွေကို တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ပြုပြင် ပေးစေလိုတာကြောင့် လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်အရာရှိ၊ အငြိမ်းစား တပ်မတော် အရာရှိများကလည်း ပေးပို့လာတာမို့ တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

Sunday, July 21, 2013

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၈)

(စည်းလုံးခြင်းရဲ့အင်အား)


Red Cliff ရုပ်ရှင်ဇာတ်ကားထဲမှ တရုတ် စစ်သည် ရဲဘော်များ

အယ်ဒီတာအဖွဲ့ တင်ပြချက်။ ။ တရုတ်လူမျိုးတို့သည် စီးပွားရေး အင်ပါယာ ချဲ့ထွင်လာသည်နှင့်အမျှ ရန်ကုန်မြို့တော် ဧရိယာအတွင်းသာမက အသစ် ဆောက်လုပ်ပေးမည့် ဒလမြစ်ကူးတံတား ဆောက်လုပ်ရေး စီမံကိန်းအပေါ် စီးပွားရေး မျက်စိကျလာသည့် တရုတ်လူမျိုးများ၏ မြေကွက်ဝယ်ယူကစားမှုကြောင့် ဈေးနှုန်းအဆမတန် မြင့်တက်လာသည့်အပေါ် ပေးပို့လာသည့် ပြည်တွင်းက တပ်မတော် အရာရှိတစ်ဦး၏ ကဗျာတပုဒ်အား ဖော်ပြပေးလိုက်ပါသည်။ ယခုလို ပေးပို့လာသည့် တပ်မတော် အရာရှိအား ဤဝက်ဘ်ဆိုဒ်မှ ကျေးဇူးတင်ရှိအပ်ပါသည်။
 

အစိုးရ ၀န်ကြီးဌာန ၂၂ ခုနှင့် ဗဟိုအဖွဲ့အစည်း ငါးခုသည် သုံးမကုန် ပိုလျှံငွေကျပ် ၇၅ ဘီလျံကျော်ကို အချိန်မီ ပြန်မအပ်ခြင်းသည် မမှန်မကန် အလွဲသုံးမှု ဖြစ်စေနိုင်ဟု ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး သုံးသပ်

(Eleven Media Group)

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုထားသော အသုံးစရိတ်များအနက် သုံးမကုန်သော ပိုလျှံငွေများကို ၀န်ကြီးဌာန ၂၂ ခုနှင့် ဗဟိုအဖွဲ့အစည်း ငါးခုမှ သတ်မှတ်ချိန်ထက် များစွာနောက်ကျ၍ အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

ဗဟိုအဖွဲ့အစည်း ငါးခုနှင့် ၀န်ကြီးဌာန ၂၂ ခုသည် သုံးမကုန် ပိုလျှံရန်ပုံငွေကျပ် ၇၅ ဘီလျံကျော်ကို ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှ နောက်ဆုံးအပ်နှံရန် သတ်မှတ်ထားသော ၂၀၁၂ ခုနှစ် မတ် ၂၈ ရက်တွင် အပ်နှံခြင်း မရှိဘဲ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၇ ရက်အထိ ခြောက်လနီးပါး နောက်ကျခံအပ်နှံခဲ့ခြင်း ဖြစ်သည်။

Friday, July 19, 2013

ဒေါ်အောင်ဆန်းစုကြည်နဲ့သူရဦးရွှေမန်း ပူးတွဲသတင်းစာရှင်းလင်းပွဲ

(VOA)

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ ဟာ နှစ်ဦး ပူးတွဲပြီးတော့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါ တယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက် ပွဲ ကို တရား မျှတမှု အရှိဆုံးဖြစ်အောင် လုပ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းခဲ့ သလို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း အမျှတဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ ကတိပေးခဲ့ပါ တယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အလေး ထား ပြောခဲ့ ပါတယ်။ ဘယ်သူ သမ္မတဖြစ်မလဲ ဆိုတဲ့ကိစ္စမှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းပြီးရင်တော့ ပြည်သူကရွေးချယ်တဲ့ လူကို လက်ခံရ မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ကြာသပတေးနေ့ က ပြည်သူ့လွှတ်တော် သတင်းစာ ရှင်းလင်းပွဲခန်းမအတွင်းမှာ သတင်းမီဒီယာ သမားတွေနဲ့ တွေ့ဆုံပွဲ အတွင်း ပြောဆိုခဲ့တာတွေကိုတော့ ကိုယ်တိုင်သွားခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကို ရဲချုပ်မှူးကြီး တာဝန်ပေးရန် သတင်းထွက်

ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကို ရဲချုပ်မှူးကြီး ရာထူးဖြင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ကြီးကြပ်ကွပ်ကဲရန် တာဝန်ပေးအပ်မည်ဖြစ်ကြောင်း တပ်မတော်ထိပ်ပိုင်း အရာရှိကြီးများနှင့်နီးစပ်သူများထံမှသတင်းရရှိသည်။

ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ကို ရဲချုပ်မှူးကြီးတာဝန်ပေးအပ်ရန်အတွက် အစိုးရအဖွဲ့အစည်းအဝေးတွင် ဆွေးနွေးခြင်းရှိ၊ မရှိ၊ အစိုးရအနေဖြင့်လည်း သဘောတူ ခန့်အပ်ရန် စီစဉ်ထားခြင်းရှိ၊ မရှိကို သမ္မတရုံးနှင့် အစိုးရအဖွဲ့သို့ ဆက်သွယ်၍ မြန်မာသံတော်ဆင့်က မေးမြန်းခဲ့ရာ

ဗိုလ်ချုပ်မှူးကြီး၏ ကိုယ်ရေးအရာရှိ ဗိုလ်ချုပ်စိုးရှိန် လယ်သမားများကို သေနတ်ဖြင့် ခြိမ်းခြောက်

Ref:Myanmar Times English Version
by Myanmartandawsint Newspaper

(သစ်ထူးလွင်)

ယခင် နအဖ အစိုးရအကြီးအကဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) တာဝန်ထမ်းဆောင်စဉ်က ၎င်း၏ကိုယ်ရေး အရာရှိအဖြစ် ဆောင်ရွက်ခဲ့သူ ဗိုလ်ချုပ်စိုးရှိန်သည် ဇူလိုင်လ ၉ရက်နေ့က နေပြည်တော် လယ်ဝေးရှိ လယ်ယာလုပ်ကိုင်နေသူအချို့ကို သေနတ်ဖြင့် ခြိမ်းခြောက်ခြင်း၊ အုပ်စုဖြင့် လက်နက်ကိုင် ခြိမ်းခြောက်ခြင်းများပြုလုပ်ခဲ့ပြီး ယင်းကိစ္စကို သက်ဆိုင်ရာရဲစခန်းနှင့် တရားရုံးများသို့ တိုင်ကြားခဲ့သော်လည်း အရေးယူမှု မရှိခဲ့ပေ။

အထက်ပါ သတင်းဖြစ်စဉ်ကို အပတ်စဉ်ထုတ် Myanmar Times English Version ဇူလိုင် ၁၅ရက် နေ့ထုတ်တွင် ဖော်ပြထားသည်။

တပ်မတော်အပေါ် ဝေဖန်မှုကိုလွှတ်တော်တွင် တားမြစ်ရန် မသင့်ဟုဆို

(Mizzima)

လွှတ်တော် အစည်းအဝေးပြုလုပ်စဉ် တပ်မတော်ကို ဝေဖန်ပုတ်ခတ်သည့် စကားလုံး အသုံးအနှုန်းများ မပြောရန် လွှတ်တော်အမတ်များကို တားမြစ်သွားမည်ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏ ပြောဆိုချက်အပေါ် လက်မခံကြောင်း မြေပုံမဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဦးဖေသန်းက ဇူလိုင် ၁၈ရက်က မဇ္ဈိမကို ပြောသည်။

“လယ်သမားတွေရဲ့ ကိုယ်စား၊ ပြည်သူရဲ့ကိုယ်စား ခံစားချက်နဲ့ ပြောနေတဲ့အချိန်မှာ ခံစားချက်လောက်တော့ ပါမှာပေါ့။ ဒီစကားလုံးလောက်ကိုတော့ တားသင့်တယ်လို့ မထင်ဘူး။ ဒါတွေဟာ ပြောနိုင်တယ် ပြောသင့်တယ်လို့ပဲ ထင်ပါတယ်”ဟု ဦးဖေသန်းက ဆိုသည်။

ထောက်လှမ်းရေး အဖွဲ့ကို ပြုပြင် ဖွဲ့စည်းခြင်း - အပိုင်း (၅)

(စည်းလုံးခြင်းရဲ့အင်အား)

ဆောင်းပါးရှင် - ပီတာဇီမန်း။ 

အယ်ဒီတာအဖွဲ့၏ တင်ပြချက်။     ။ သို့သော် အာဏာရှင်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းလာချိန် မှာတော့ ပြည်သူလူထုက ထောက်လှမ်းရေးနှင့် တပ်မတော်၊ ရဲတို့ကို ရွံကြောက်လာပြီး အပြီးအပိုင် ဖျက်သိမ်းဖို့ တောင်းဆိုလာကြပါတယ်။ ဒီလို ဖျက်သိမ်းလိုက်တဲ့အတွက် အသစ် ပြန်လည် ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းတွေဟာ မျက်ကန်းတစ္ဆေ၊ ကြက်မျက်သင့်သလို ဖြစ်လာကာ စမ်းတ၀ါးဝါး ဖြစ်ကုန်ကြပြီး နိုင်ငံတော်ရဲ့ လုံခြုံရေး ကွန်ယက်ကြီး ပေါက်ပြဲကာ  နောက်ဆုံး နိုင်ငံတော် ပြိုကွဲသည် အထိ ဖြစ်လာကြပါတယ်။ ဒါကြောင့် ညင်သာပြီး လိမ္မာပါးနပ်စွာ ချက်သမ္မတနိုင်ငံမှ ပြန်လည် စုဖွဲ့ပုံတွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

တပ်မတော်ဖခင် ဗိုလ်ချုပ်မှူးကြီး (ဗိုလ်ချုပ်) အောင်ဆန်းအား ဂုဏ်ပြုခြင်း

(စည်းလုံးခြင်းရဲ့အင်အား)


အယ်ဒီတာအဖွဲ့ တင်ပြချက်။    ။ တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်ချုပ်မှူးကြီးဟု ခေါ်ဝေါ်လိုက်သဖြင့် စာဖတ်ပရိတ်သတ်တချို့ ပြုံးကုန်ကြလိမ့်မည်။ ထိုခေတ်ကာလက သောင်းဂဏန်း မပြည့်သော တပ်မတော်အင်အား ဖွဲ့စည်းပုံအရဖြင့်သာ ဗိုလ်ချုပ်ရာထူးဖြင့် သတ်မှတ်ထားခြင်းဖြစ်ရာ အမှန်စင်စစ် US ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီးရာထူး၊ ရုရှား ဖီးမာရှယ် အဆင့်ထက် ပိုလို့ပင် ဂုဏ်ပြုသင့်ပါသည်။ စစ်အာဏာရှင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဗိုလ်ချုပ်ကြီးစန်းယု တို့ကလည်း ဗိုလ်ချုပ်အောင်ဆန်းအား ချစ်ကြောက်ရိုသေ လေးစားခဲ့ကြကြောင်း သိရှိရပါသည်။ ဗိုလ်ချုပ်အောင်ဆန်း လက်ထပ်ပြီးကာစတွင် ဗိုလ်ချုပ်ကြီးနေဝင်းက ဇနီးမောင်နှံနှစ်ဦး နေစရာအတွက် ထိုစဉ်က သူလက်ရှိ နေထိုင်သော ယခုတာဝါလိန်းလမ်းမှ နေအိမ်ကြီးကို ဖယ်ပေးခဲ့ပါသည်။ ထို့အပြင် တပ်မတော်ဖခင်မှာ ဗိုလ်ချုပ်အောင်ဆန်းသာဖြစ်ပြီး သူက မွေးစားဖခင်သာ ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်နေ၀င်းမှ ဝန်ခံ ပြောဆိုခဲ့ပါသည်။

သတ္တိရှိမည် ဆိုပါက ၂၀၁၅ သမ္မတ နေရာအတွက် ယှဉ်ပြိုင်ရာ၌ မျှတစွာ ယှဉ်ပြိုင်နိုင်ရေး သူရဦးရွှေမန်း ဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(Eleven Media Group)

ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၁၅ ခုနှစ်တွင် သမ္မတ နေရာအတွက် ယှဉ်ပြိုင်ကြရာ၌ တစ်ကယ်တမ်း သတ္တိရှိသည် ဆိုပါက တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ဆောင်ရွက် ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ဇူလိုင် ၁၈ ရက်က လွှတ်တော်အတွင်းရှိ ဇဗ္မူသီရိဆောင်၊ မီဒီယာခန်းမတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် မီဒီယာများ၏ မေးမြန်းချက်အပေါ် ပြောကြားသွားခဲ့သည်။

အကယ်၍ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေအား မပြင်ဆင် နိုင်သည့်အတွက် မိမိအနေဖြင့် ဒုတိယသမ္မတသာ ဖြစ်ခဲ့မည် ဆိုပါက တရားမျှတမည် မဟုတ်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

Thursday, July 18, 2013

လွှတ်တော်တွင် တပ်မတော်ကို ပုတ်ခတ် ဝေဖန်ခြင်း မပြုရန် တားမြစ်မည်ဟု သူရဦးရွှေမန်း ပြောကြား

(The Voice Weekly)

တပ်မတော်သား၂၅ရာခိုင်နှုန်း ပါဝင် တက်ရောက်လျက်ရှိသော လွှတ်တော် အစည်းအဝေးများတွင် ရင့်သီး ပုတ်ခတ်သည့် စကားလုံးများဖြင့် တပ်မတော် ကို ဝေဖန်ခြင်း မပြုရန် လွှတ်တော် ကိုယ်စားလှယ်များကို တားမြစ်သွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ဇူလိုင်လ ၁၇ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက် များနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Wednesday, July 17, 2013

မြောက်ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု ဖြတ်တောက်ကြောင်း ဦးသိန်းစိန် ပြော

(ဧရာဝတီ)

မြန်မာနိုင်ငံ သည် မြောက်ကိုရီး ယားနိုင်ငံနှင့် သံတမန် ဆက်ဆံရေးမှ လွဲ၍ စစ်ရေးဆက်သွယ်မှု အားလုံးဖြတ်တောက် ထား သည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ရောက်ရှိနေသော ဦးသိန်းစိန်က ဘီဘီစီသတင်းဌာနနှင့် ယမန်နေ့က သီးခြားတွေ့ဆုံစဉ် ထိုသို့ပြော ကြားခြင်းဖြစ်သည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့် အမေရိကန်၊ ဗြိတိန် အပါအ၀င် အနောက်နိုင်ငံများက စိုးရိမ်မကင်း ဖြစ်နေသည့် အတွက် မြောက် ကိုရီးယားနှင့် စစ်ရေး ဆက်ဆံရေး ကင်းရှင်းကြောင်း ထပ်မံကတိပေးရသည်ဟု ယူဆကြောင်း၊ ယခင် စစ်အစိုးရ လက် ထက် က လုပ်ဆောင်ချက်များကို ဆက်လက်ရှင်းလင်းနေရခြင်းဖြစ်ကြောင်း အမေရိကန်တွင် နိုင်ငံရေး ခိုလှုံခွင့် ယူထားသည့် စစ်ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က  ဧရာဝတီကို ပြောသည်။

တပ်မတော်ကို ဘီလူးနှင့် ခိုင်းနှိုင်းခြင်းကို ၀မ်းနည်းကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်ပြော

Popular Myanmar News Journal 

တပ်မတော်အား ဘီလူးနှင့် ခိုင်းနှိုင်း ပြောဆိုခြင်းကို ၀မ်းနည်း ကြောင်း ကာကွယ် ရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။
"အချို့ ဆွေးနွေးခဲ့တဲ့ အထဲမှာတော့ ယခင်ခေတ် ၊ယခင်ကာလက တရားဝင်ရှိခဲ့ဖူးတဲ့ အသုံးအနှုန်း တွေ မဟုတ်ဘဲနဲ့ စစ်အစိုးရ ၊ စစ်အာဏာရှင် အစိုးရ၊ တပ်မတော်က မြေသိမ်းတဲ့ ကိစ္စတွေ
နဲ့ ပတ်သက်လာလို့ ရှိရင် ဝေသာလီပြည်မှာ ဘီလူးစီးတယ်လို့ ခိုင်းနှိုင်းသွားပြီးတော့ တပ်မတော်အပေါ်မှာ ခိုင်းနှိုင်းသွားတာကလည်း တကယ့်တကယ် တွေးကြည့်ရင် ၀မ်းနည်းစရာ ကောင်းပါတယ်"
ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ပြောသည်။

မြောက်ကိုရီးယားနဲ့ စစ်ရေး ဆက်ဆံမှု မရှိလို့ ဦးသိန်းစိန် ပြောကြား

(BBC)

မြန်မာ အစိုးရဟာ မြောက်ကိုရီးယားနဲ့ သံတမန်ရေး ကလွဲလို့ စစ်ရေး ဆက်သွယ်မှုတွေ အားလုံး ဖြတ်တောက်ထားတယ်လို့ သမ္မတ ဦးသိန်းစိန်က လန်ဒန်ရောက်ခိုက် ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့တာ ခံထားရတဲ့ မြောက်ကိုရီးယားနဲ့ အဆက်အသွယ် လုပ်တယ် ဆိုပြီး မြန်မာ စစ်ဗိုလ်ချုပ်တယောက်ကို အမေရိကန်က နာမယ်ပျက် စာရင်း သွင်းခဲ့ပြီးတဲ့နောက် စစ်ရေး ဆက်ဆံမှု အခုလို ဖြတ်တောက်လိုက်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ညွှန်မှူး အဆင့် ပါတဲ့ အခွန် အရာရှိ ၃၀ ကျော်ကို အရေးယူ

(BBC)

ဘဏ္ဍာရေး ဝန်ကြီးဌာနက အခွန်နဲ့ သက်ဆိုင်တဲ့ အရာရှိ ၃၁ ယောက် ကို အရေးယူ မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဘဏ္ဍာရေး ဝန်ကြီးဌာန အဆင့်မြင့် တာဝန်ရှိ သူက ဘီဘီစီကို အတည်ပြုပြော ပါတယ်။

အိမ်ခြံမြေ ရောင်းဝယ် ရေးနဲ့ သက်ဆိုင်တဲ့ အခွန်နဲ့ ပတ်သက်တဲ့ အဂတိ လိုက်စားမှုကြောင့် အခုလို အရေးယူတာ ဖြစ်ပြီး နိုင်ငံတော်ကို ကျပ်သိန်း ၆ဝဝဝ ကျော် ပြန်ပေး ခဲ့ရတယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။

Monday, July 15, 2013

PAWN ကို ထိုးကျွေး၊ NLD ကိုစား၊ KING ပေါက်သွားမယ့် ကြံ့ဖွံ့

(စည်းလုံးခြင်းရဲ့အင်အား)
မကြာသေးမီကာလက အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ဟာ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေနဲ့ စပ်လျဉ်းပြီး ဆန္ဒမဲ တောင်းခံခဲ့ရာမှာ တပ်မတော်သား ကိုယ်စားလှယ်များရဲ့ သဘောထား ပြတ်သားမှု မရှိတဲ့အပေါ် ဒေါသတကြီး ပြစ်တင်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး စစ်ရုံးမှ အရာရှိတစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူ့ရဲ့ကိုယ်ပိုင် ထင်မြင်ယူဆချက်ကို စည်းလုံးခြင်းရဲ့ အင်အား သို့ အခုလို ပေးပို့လာပါတယ်။

Saturday, July 13, 2013

လှို့ဝှက်တွေ့ဆုံပွဲအကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ် သတိပေးပြောကြား

(RFA)

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှိနာဝပ်နဲ့ လက်ရှိ ထိုင်းဒုတိယကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း Yuthasak Sasiprapha ယုသာဆပ် ဆာစီပရာဖါတို့ မကြာခင်က ဟောင်ကောင်မှာ လှို့ဝှက်တွေ့ဆုံခဲ့ကြရာမှာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူတို့လက်အောက်ခံလူဖြစ်အောင် စည်းရုံးထားဖို့လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သနာဆပ် ပတီမာပရာကွန်း General Thanasak Patimaprakorn က ဒီကိစ္စဟာ ထိုင်းနဲ့ မြန်မာဆက်ဆံရေးကို ထိခိုက်နိုင်တဲ့အတွက် သတိထားပြီးရေးသားဖော်ပြကြဖို့ မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ကာလုံအစည်းအဝေးဂယက်နဲ့ ဦးရွှေမန်းရဲ့အချက်

(စည်းလုံးခြင်းရဲ့အင်အား)

ဇူလိုင်လ ၂ ရက်နေ့မှာ (ကာ/လုံ) အစည်းအဝေးကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ရုတ်တရက် ခေါ်ခိုင်းတဲ့အပေါ် ငြိမ်းချမ်းရေး ယူထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ နိုင်ငံရေး လောကသားတို့အကြား ဂယက်ကြီးစွာ ရိုက်ခတ်သွားခဲ့ပါတယ်။ ငြိမ်းချမ်းရေး ရရှိဖို့ အကောင်အထည်ဖေါ်ရာမှာ Power Full  ရှိတဲ့ ဆုံးဖြတ်ပေးနိုင်တဲ့ နိုင်ငံတော် အဆင့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းဆိုတာ ဘယ်လိုမျိုး ဆိုလိုနေတာလဲလို့တောင် မေးခွန်းကြီး တသီတတန်းကြီး မေးလာကြပါတယ်။ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ ခေါင်းဆောင်လား၊ သမ္မတလား၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလား၊ (ကာ/လုံ) အဖွဲ့အစည်းလားဆိုတဲ့ “လား” ပေါင်းများစွာနဲ့ အံ့သြကုန်ကျပါတယ်။

Wednesday, July 10, 2013

စစ်တပ်မှအသွင်ပြောင်း ရဲကို ဥပဒေပေးကိုင်ရင် လူထုအသက်အိုးအိမ်စည်းစိမ်အန္တရာယ်ရှိလာ



မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ရဲမှုထမ်းဟောင်းတစ်ဦး
ဂျူလိုင် ၁၀ ရက် ၂၀၁၃

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်မှ အသွင်ကူးပြောင်းလာကြပြီး ဘုမသိ ဘမသိတဲ့ အကြီး အကဲ များ၏ လက်အောက်တွင် အလုပ်လုပ်နေရသော သိကျွမ်းနားလည်သည့် အခြားဝန်ထမ်းများ သိစေရန်အတွက် ရည်ရွယ်ပါတယ်။

မြန်မာ့အနာဂတ်နဲ့ ဆက်ခံမယ့် သမ္မတ

(စည်းလုံးခြင်းရဲ့အင်အား)

မြန်မာနိုင်ငံ ဆရာဝန်များအသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောနေတဲ့ သူရဦးရွှေမန်း

ဒီလို ခံစားချက်တွေ၊ နားကျည်းချက်တွေနဲ့ ပြည့်နေတဲ့ ဦးရွှေမန်းတစ်ယောက် သမ္မတ ဖြစ်ချင်ဇောနဲ့ လာမဲ့ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ နိုင်ငံရေးအရ အမှတ်ယူဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဆိုတဲ့ ကျောရိုးကို အမှီပြုပြီး လူထုထဲကို ထိုးဖောက်ဖို့ ကြိုးစားလာပါတယ်။ ပဲခူးတိုင်းကိုဆင်းပြီး လူထုအား ထိတွေ့ခဲ့သလို ကချင်ပြည်နယ်ကိုလည်း ငြိမ်းချမ်းရေးအတွက် ဖေါ်ဆောင်ပေးမယ်လိုလို စည်းရုံး လှုပ်ရှားလာပါတယ်။

Tuesday, July 9, 2013

စာနယ်ဇင်းကောင်စီ၏ သတင်းမီဒီယာ ဥပဒေ ပြန်ကြားရေးဝန်ကြီးဌာန လက်မခံ

(ဧရာဝတီ)

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားသော သတင်း မီဒီယာ ဥပဒေကြမ်းကို ပြန်ကြားရေး ၀န်ကြီးဌာနက လက်မခံနိုင်ဟု အကြောင်းပြန်လာပြီး ပြည်သူများ လေ့လာနိုင်ရန် အစိုးရပိုင် သတင်းစာများတွင် ထည့်သွင်း ဖော်ပြပေးရန် တောင်းဆိုမှုကိုလည်း ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားသော သတင်းမီဒီယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်ပြမည်ဟု ပြန်ကြားရေး ၀န်ကြီးဌာနထံ တရားဝင် အကြောင်းကြားခဲ့ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီ၏ သတင်းမီဒီယာ ဥပဒေကြမ်း၌ လက်မခံနိုင်သော အချက် ၁၇ ချက်ပါဝင်ကြောင်း၊ ပြန်ကြားရေး ၀န်ကြီးဌာနသည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဖြစ်သည့်အတွက် ၀န်ကြီးဌာနနှင့် ညှိနှိုင်းခြင်းမပြုဘဲ ဥပဒေကြမ်း တင်သွင်းမည် ဆိုပါက အချိန် ကြန့်ကြာ သွားနိုင်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင် အကြောင်းကြားလာကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။

Monday, July 8, 2013

ငါလည်း သမ္မတ လုပ်ချင်တယ်

(စည်းလုံခြင်းရဲ့အင်အား)

ကြံ့ဖွံ့ ပါတီ ညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ ဦးရွှေမန်း

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အပေါ် ဘယ်လို ပြုမူ လုပ်ဆောင်ချက်တွေနဲ့ နိုင်ငံရေး လောကမှာ အမှတ် ကပ်ယူနေတယ်ဆိုတာ စစ်ရုံးရှိ စစ်ဦးစီးမှူး (ပထမတန်း) ဒုဗိုလ်မှူးကြီးတစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ရခိုင်တွင် ကျည်ဆန်များ ရောင်းချမှုဖြင့် တပ်ကြပ် တဦးနှင့် အမျိုးသမီးတဦး ဖမ်းဆီးခံရ

(ဧရာဝတီ)

ရခိုင်ပြည် နယ် ကျောက်တော်မြို့နယ် အခြေစိုက် ခမရ (ခြေမြန်တပ်ရင်း) ၃၇၅ မှ တပ်ဖွဲ့ဝင် တဦးနှင့် အမျိုးသမီး တဦးတို့အား ကျည်ဆန်များ ရောင်းချမှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

ခမရ ၃၇၅ တပ်ရင်းမှ တပ်ကြပ်ကျော်ဝေသည် စစ်တပ်ပိုင် ကျည်ဆန်များကို ကျောက်တော်ဒေသခံ ဒေါ်အေးကြည် ဆိုသည့် အမျိုးသမီးမှ တဆင့်ရောင်းချသည်ဟု စစ်ဆေးတွေ့ရှိရ၍ ၎င်းတို့နှစ်ဦးစလုံးကို ယမန်နေ့က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင် က ဧရာဝတီ ကို ပြောသည်။

အိမ်ဖော်ကို အဓမ္မကျင့်သည်ဟု စွပ်စွဲခံရသည့် သာသနာရေး လ/ထညွှန်မှူးကို ဝန်ကြီးရုံးစစ်ဆေး

(Mizzima)

အိမ်ဖော်ကို အဓမ္မကျင့်သည်ဟု စွပ်စွဲ တိုင်ကြားခံရသည့် ဟင်္သာတခရိုင် သာသနာရေးဦးစီးရုံးမှ လက်ထောက်ညွှန်မှူးကို နေပြည်တော်ရှိ ပြည်ထောင်စုအဆင့် သာသနာရေးဝန်ကြီးရုံးက စုံစမ်းစစ်ဆေးရေးအဖွဲ့
က လာရောက်စစ်ဆေးခဲ့သည်ဟု စစ်ဆေးခံရသည့် ကာယကံရှင်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ M 3 စားသောက်ဆိုင်တွင် ဇူလိုင် ၇ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ခရိုင်သာသနာရေး လက်ထောက်ညွှန်မှူး ဦးသန်းထွန်းက သတင်းထောက်များကို ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

Sunday, July 7, 2013

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို စည်းရုံးသိမ်းသွင်းဖို့ ထိုင်းဝန်ကြီးချုပ်ကို သပ်ဆင်ရှီနာဝပ် ညွန်ကြား

(RFA)

ထိုင်းနိုင်ငံက ရရှိတဲ့ သတင်းတစ်ပုဒ်အရ ထိုင်းဝန်ကြီးချုပ်ဟောင်း သပ်ဆင် ရှီနာဝပ်နဲ့ ထိုင်း ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီးYuthasak Sasiprapha ယုသာဆပ် ဆာစီပရာဖါ တို့ မကြာခင်က ဟောင်ကောင်ကျွန်းတစ်နေရာမှာ လှို့ဝှက်တွေ့ဆုံခဲ့ရာမှာ မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူတို့လက်အောက်ခံလူ ဖြစ်အောင် စည်းရုံးဖို့လိုအပ်ကြောင်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

Saturday, July 6, 2013

ကြံ့ခိုင်ရေးပါတီမှာ ဥက္ကဋ္ဌ ၂ ယောက် ရှိနေတယ်

(ဧရာဝတီ)

မကြာသေးခင် အချိန် အထိ ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့ သူက သမ္မတ ဦးသိန်းစိန် ဖြစ်ပါ တယ်။
သို့သော် လည်း သမ္မတ အဖြစ် တာဝန် ယူချိန် အတွင်း ပါတီမှ ရာထူးကြီးကြီး မယူရဘူး လို့ အခြေခံ ဥပဒေမှာ ရေးထား ပါတယ်။
ဒီလိုရေး ထားတာကို ထောက်ပြသူတွေ ရှိလာတဲ့နောက် မှာတော့  ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌဟာ သူရ ဦးရွှေမန်း ဖြစ်ကြောင်း တွေ့ လာရပါတယ်။

Friday, July 5, 2013

မြန်မာပြည် ကလေးစစ်သား မှောင်ခိုကုန်ကူးမှု ရပ်ပါ

(ဧရာဝတီ)

မြန်မာနိုင်ငံတွင် ကလေးစစ်သားများ အသုံးပြုနေခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာတွေကို ကျမ ဆယ်နှစ် ကျော်ကြာ လေ့လာစုဆောင်းခဲ့ပါသည်။ စစ်တပ်ထဲကို အတင်းခေါ်ယူသွားခြင်းခံခဲ့ရစဉ်က အသက် ၁၁ နှစ်မျှသာရှိသေးသည့် လူငယ်လေးတွေနှင့်လည်း တွေ့ဆုံမေးမြန်းမှုများ လုပ်ခဲ့သည်။ ကလေး အမြောက်အများကို စစ်သားအဖြစ် စနစ်တကျ စုဆောင်းခဲ့ကြောင်း သက်သေအထောက်အထားတွေ ရှိနေသော်လည်း အစပိုင်းတွင် မြန်မာ အစိုးရက ကလေးစစ်သား အသုံးပြုခြင်း လုံးဝမရှိပါဟု ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပါသည်။

ခေါင်းနှစ်လုံးနဲ့မြွေဆိုတာ အစာအိမ်တလုံးထဲပေမဲ့ တခေါင်းနဲ့တခေါင်း မတည့်ဘူး

(နေ့သစ်)

ခေါင်းနှစ်လုံးနဲ့မြွေ

သမတရုံး ဝန်ကြီး ဦးအောင်မင်း နှုတ်ထွက်စာတင်တဲ့သတင်းတွေ ထွက်လာတယ်။
ဖြစ်နိုင်မဖြစ်နိုင်ဆိုတာထက် ဦးသိန်းစိန် အစိုးရထဲမှာ ပြဿနာ ဖြစ်နေတာတော့ သေချာသလောက်ပဲ။
ဦးအောင်မင်းက ငြိမ်းချမ်းရေးကိစ္စ လုပ်နေတယ်။ ဒါပေမဲ့ လူတော်တော်များများမသိကြတာက
သူဟာ မီးစတဖက်၊ ရေ မုတ်တဖက် ကိုင်ထားတယ်ဆိုတာပဲ။

ဗိုလ်ရွှေမန်းနဲ့ ကာလုံ

(မိုးမခ)
တူမောင်ညို (၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်)

ဒေါက်တာဆိတ်ဖွားကို မဖော်ထုတ်နိုင်ခဲ့ကြသော်လည်း (ကာလုံ)ကိုတော့ ပွဲထုတ်လာခဲ့ပြီ။

သမ္မတ(ဗိုလ်)ဦးသိန်းစိန်ပင် ထုတ်မပြောခဲ့သော (ကာလုံ)အကြောင်းနှင့် (ကာလုံ)အစည်းအဝေးခေါ်ဖို့စပြောလာသူ၊ (ကာလုံ) ကို ဗြောင်ပွဲထုတ်လာသူမှာ အမေရိကန်မှပူပူနွေးနွေးပြန်လာသူ ဗိုလ်ရွှေမန်း ဖြစ်ပါတယ်။ 

ဒီလို ထုတ်ဖော်ပြောဆိုချက်က (ကာလုံ) အပါအဝင် သော့ချက်နေများကို သူ့လက်ထဲမှာ ကိုင်ထားလိုက်ပြီဖြစ်တယ်ဆိုတာ အားလုံးကို ပြောလိုက်တာနဲ့ပြလိုက်တာလို့ ပထမအချက် အနေနဲ့ယူဆပါတယ်။

ထောက်လှမ်းရေး အဖွဲ့ကို ပြုပြင် ဖွဲ့စည်းခြင်း - အပိုင်း (၄)

(စည်းလုံးခြင်းရဲ့အင်အား)

ဆောင်းပါးရှင် - ပီတာဇီမန်း။ 

ထောက်လှမ်းရေး ဌာန အသစ်တွေထဲ ဝင်လာကြတဲ့လူတွေ အပေါ် လူထုအမြင်ဟာ နှစ်နှစ်လောက် အတွင်းမှာ တော်တော်ကြီး ပြောင်းလဲသွားတယ်။ သားရဲတွင်းထဲ ဆင်းရဲတယ်ဆိုပြီး ၁၉၉၀ ပြည့်နှစ် ဧပြီလမှာ သူတို့ကို ချီးမွမ်း လေးစားကုန်ကြရော။ တကယ် ဟုတ်တာရော မဟုတ်တာရော အလေးထားစရာ ကိစ္စတွေကို ပြည်သူတွေကို ထုတ်ဖေါ် အသိပေးဖို့ အသုံးဝင်တဲ့ လမ်းကြောင်း တစ်ခုအဖြစ် အချိန်အတန်ကြာ သူတို့ကို ယူဆထားကြတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အများအမြင်က သူတို့ဟာ ဝင်ရှုတ်လာတဲ့ သနားစရာ မနူးမနပ်လေး တသိုက်သာ ဖြစ်ပါတယ်။ ဒီလို ကြည့်မြင်တာက လုံခြုံရေး တပ်ဖွဲ့တွေထဲက ဝန်ထမ်း ကြီးငယ်တွေရဲ့ လုပ်ပိုင်ခွင့် အလွန်အကျွံ သုံးတဲ့အကြောင်း တစ်နေ့မှာ သတင်းစာထဲ ပါလာတာကြောင့် ဖြစ်တယ်။ လူသိနည်းတဲ့ အချက်ကတော့ အဲဒီ အချိန်ဟာ တန်ပြန်ထောက်လှမ်းရေးအဖွဲ့ ဖွဲ့နေတဲ့ အချိန် ဆိုတာကိုပါပဲ။ လက်သင် ဖြစ်ရတာလဲ အကျိုးတချို့တော့ ရှိပါတယ်။ ဥပမာ လောကကို အမြင်သစ်နဲ့ မြင်တာ၊ အလုပ်မှာ စိတ်အားထက်သန်တာတွေပေါ့။

အရှင်ဝီရသူနှင့် စစ်တပိုင်းအစိုးရ

ရှင်ကေသဝ
http://www.myatshu.com

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်နေတဲ့ ပဋိပက္ခတွေအရ ဦးဝီရသူကို ဖမ်းလိုက်ရင် မုန်းတီးရေးတရားတွေ ကွယ်သွားမလားလို့ မေးစရာရှိပါတယ်။ မကွယ်ပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ အခု ဖြစ်နေတဲ့ မွတ်စလင်မုန်းတီးရေး လှုပ်ရှားမှုတွေမှာ ပြယုဂ်တစ်ခုသာလျှင်ဖြစ်လို့ပါပဲ။ ဒီပြယုဂ်ကို အမှီပြုပြီး နောက်ဆက်တွဲရလဒ်တွေကိုလည်း ထည့်စဉ်းစားရပါလိမ့်မယ်။

Thursday, July 4, 2013

လုပ်ငန်းရှင်ကြီး ဦးဇော်ဇော် ၂ဝ၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ဝင်ဖွယ်ရှိ

(မိုးမခ)

လုပ်ငန်းရှင်ကြီး ဦးဇော်ဇော်သည် ၂ဝ၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ဝင်ဖွယ်ရှိကြောင်း နေပြည်တော် သတင်းရပ်ကွက်တစ်ခုထံမှ သိရှိရသည်။
 
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်တစ်ခုတွင် ဝင်ရောက်ဖွယ်ရှိသည်ဟု သိရပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ကိုယ်စားပြုပြီး ဝင်ရောက်နိုင်ချေရှိသည်ဟု တချို့က ခန့်မှန်းလျက်ရှိသည်။
ဦးဇော်ဇော်သည် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဆက်အသွယ် အရှိဆုံးသော လုပ်ငန်းရှင်ဖြစ်သည်ဟု ယူဆရသည်။

လွှတ်တော်အတွင်းဖွဲ့စည်းပုံအခြေခံဥပဒေသုံးသပ်ရေးကော်မတီတွင် USDP ပါတီအများဆုံးပါဝင်

 

ဖွဲ့စည်းပုံအခြေခံ ဥပဒေသုံး သပ်ရေးကော်မတီဖွဲ့ရန် လွှတ်တော်ကိုယ်စားလှယ် အချိုးကျရွေးချယ်ရာ တွင်ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်ဦးရေအများဆုံးပါဝင်သည်ဟု ကျားဖြူပါတီက ပြောသည်။

“ရာခိုင်နှုန်းအလိုက်ပြောလာတဲ့အခါကျတော့ ကြံ့ခိုင်ရေးပါတီက ၅၄ ယောက် ရတယ်။ စစ်တပ်က ၂၅ ယောက်၊ NLD က ၁၅ ယောက်နဲ့ ကျန်တာက SNDP ၄ ယောက်၊ ကရင် ၂ ယောက်၊ ချင်း ၃ ယောက် စသဖြင့် တိုင်းရင်းသားတွေက အဲဒီလောက်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းဝါနုက ပြောသည်။

ဆက်သွယ်ရေးဥပဒေ အမျိုးသားလွှတ်တော်တွင် အတည်ပြု

(Mizzima)

ဇူလိုင် ၂ ရက်က နေပြည်တော်တွင် ကျင်းပသော ပထမအကြိမ်၊ အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေမူကြမ်းကို အတည်ပြုလိုက် ပြီဖြစ်သည်။

ယင်းဥပဒေတွင် အခန်း ၃၇ ခန်းနှင့် အပိုဒ် ၈၉ ပိုဒ် ပါဝင်ပြီး ဥပဒေမူကြမ်းပါအပိုဒ်များအား ပြင်ဆင်ခြင်း၊
ဖြည့်စွက်ခြင်းများကို ဥပဒေကြမ်းကော်မတီက ပြုလုပ်ခဲ့ပြီး အမျိုးသားလွှတ်တော်မှ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ကန့်ကွက်နေသည့်ကြားမှ ပုံနှိပ်ဥပဒေကို ပြည်သူ့လွှတ်တော် အတည်ပြု

(ဧရာဝတီ)

သတင်း လွတ်လပ်ခွင့်ကို ထိန်းချုပ် ထားသော ပြဋ္ဌာန်း ချက်များ ပါဝင်သည့် အတွက် စာနယ်ဇင်း သမား အများစု ကန့်ကွက် နေသော ပြန်ကြားရေး ၀န်ကြီး ဌာန က ရေးဆွဲထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကို ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို အစိုးရပိုင် သတင်းစာများတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပြီး လွှတ်တော်သို့ တရားဝင် တင်သွင်းခဲ့ကြောင်း၊  ယင်းဥပဒေကြမ်းသည် သတင်း လွတ်လပ်ခွင့်ကို ပြန်လည် ထိန်းချုပ်ရာ ကျသောကြောင့် စာနယ်ဇင်း အသင်းများ၊ သတင်းမီဒီယာများ အားလုံးက တညီ တညွတ်တည်း ကန့်ကွက်နေသည့်ကြားမှ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၅ ရွေးကောက်ပွဲ အကြိုနဲ့အလွန် မြန်မာ့နိုင်ငံရေး

(VOA)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲအကြိုနှင့်အပြီး ဖြစ်ထွန်းနေတဲ့ ဖြစ်ထွန်းလာနိုင်တဲ့ နိုင်ငံရေးပြဿနာ အခြေအနေတချို့ကိုတော့ သုံးသပ်စောင့်ကြည့်နေသူတွေဖြစ်ကြတဲ့ ဦးဝင်းမင်း ဦးအောင်သူငြိမ်းတို့နှင့် ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးဝင်းမင်းတို့ ကိုအောင်သူငြိမ်းတို့က မြန်မာနိုင်ငံကို မကြာခဏ ပြန်သွားတော့ ပြန်လိုက်တိုင်း အရင်ကထက် ဒီနေရာဖြင့် တိုးတက်နေပါလား ဆိုတာမျိုးတွေ တွေ့ရပါလား။

Wednesday, July 3, 2013

သူရဦးရွှေမန်း ပြည်ထောင်စု လွှတ်တော် နာယက ရာထူး သြဂုတ်လတွင် လွှဲယူမည်

(ဧရာဝတီ)

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် လာမည့် သြဂုတ်လ ၁ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် နာယက ရာထူးကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ထံမှ တရားဝင်လွှဲပြောင်း ရယူမည် ဖြစ်ကြောင်း လွှတ်တော် သတင်း ရပ်ကွက်မှ  သတင်းရရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း ၄ ဥပဒေပြုရေး၊ ပုဒ်မ ၇၆ အရ ပြည်ထောင်စုလွှတ်တော် နာယက ရာထူးကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တို့က လွှတ်တော် သက်တမ်း ၅ နှစ် ( လပေါင်း ၆၀ ) အတွက် သက်တမ်း တ၀က်စီ ( လပေါင်း ၃၀ ) အလှည့်ကျ တာဝန် ထမ်းဆောင်ရမည် ဖြစ်ရာ လာမည့် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ရယူထားသော ပြည်ထောင်စု လွှတ်တော် နာယက ရာထူး သက်တမ်း ကုန်ဆုံးမည် ဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စု လွှတ်တော် နာယက အဖြစ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပချိန် အထိ ဆက်လက် တာဝန်ယူမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ဆက်သွယ်ရေးလေလံ၏ ကောင်းခြင်းဆိုးခြင်း

(7 days news journal)

ဆက်သွယ်ရေး လိုင်စင်ရရှိသွားသည့် အမည်စာရင်းကို လွှတ်တော်က ပိတ်ပင်ထားရန် ကြိုးစားခဲ့သည့်ကြားက မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သည့် Qatar Ooredoo နှင့် နော်ဝေးမှ Telenor မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီတို့က
ို အစိုးရကကြာသပတေးနေ့(ဇွန် ၂၇ ရက်)က လိုင်စင်ချပေးလိုက်သည့်အပေါ် ရန်ကုန်အခြေစိုက်လေ့လာသူများကြား မေးခွန်းများစွာ ထွက်ပေါ်လာသည်။ နှစ်ဖက်အာဏာလွန်ဆွဲမှုက ၁၁ နာရီကြာမြင့်ခဲ့သည်။

ကာချုပ်ရဲ့ ရုရှားခရီးစဉ်မှာ ဦးတေဇလည်း ပါ

(ဧရာဝတီ)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရက်သတ္တပတ်ကြာ ရုရှားနိုင်ငံ ခရီးစဉ် အတွင်း မြန်မာ စီးပွား ရေးလုပ်ငန်းရှင်ကြီး ဦးတေဇလည်း အတူတူပါရှိခဲ့တယ်လို့ ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းထံက သိရပါတယ်။

စစ်ဘက်အသိုင်းအ၀န်းနဲ့ နီးစပ်သူတွေကတော့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ရုရှားခရီးစဉ်မှာ ဦးတေဇ ပါဝင်တာမှန်တယ်၊ ဒါပေမယ့် အတူတူသွားတာမဟုတ်ဘူး၊ ရုရှားနိုင်ငံရောက်မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အဖွဲ့နဲ့ သွားရောက်ပူးပေါင်းတာလို့ ပြောပါတယ်။

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

(ဧရာဝတီ)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ချမှတ်ပိတ်ပင်ထားသော ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး မြောက် ကိုရီးယားထံမှ လက်နက်ဝယ်ယူသည်ဟု စွပ်စွဲကာ တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်မှု စာရင်းသွင်းလိုက်ခြင်းသည် ပြန်လည်ကောင်းမွန်လာနေသော အမေရိကန်-မြန်မာ သံတမာန်ရေး ဆက်ဆံရေး တမျိုးတဖုံ ပြောင်းလဲလာမှုကို ထင်ဟပ်နေသည်။

ရဲအချို့ ပတ်သက်သည်ဟု ဆို သော မူးယစ်နှင့် မှောင်ခို ရှုပ်ထွေးသော ကွင်းဆက်များ ရှိနေဟု ဆို

Popular Myanmar News Journal 

ကလေးနှင့်ပျော် ဘွယ်တို့၌ ရဲအချို့ ပါဝင်ပတ် သက်နေ သည်ဟုဆိုသော မူးယစ်နှင့် မှောင်ခိုကိစ္စများ မှာ ရှုပ်ထွေးပြီး တစ်ဦးတည်း ပါဝင်ပတ် သက်နေခြင်း မဟုတ်သည့်အတွက် ကွင်းဆက်တရားခံများ ဖော် ထုတ်နိုင်ရေးကို ဆောင်ရွက်နေရကြောင်း ပြည်ထဲရေး မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''အခုနေက ဖော်ထုတ်ဆဲပဲရှိသေးတယ်။ ပြီးရင် အားလုံးကို အသိပေးသွားမှာပါ''ဟု ၄င်းက ပြော သည်။

မိတ္ထီလာထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ်သားတစ်ဦးနေအိမ်မှ မူးယစ်ဆေးဝါး ဖမ်းမိ

Popular Myanmar News Journal 

ဆီထုတ်ပေးရေးဌာန၊ အမှတ် ၁ ရှေ့တန်း အခြေချထောက်ပံ့ရေးနှင့် ပို့ ဆောင်ရေးတပ် မိတ္ထီလာမှ တ-၁၆၄ဝ ၉၂ တပ်သားမောင် ... (၃၈) နှစ် ၏ နေအိမ်အား သတင်းအရ ဇွန် ၃ဝ ရက် နေ့တွင် ဝင်ရောက်ရှာဖွေရာ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဝင်ရောက်ရှာဖွေစဉ် အဆိုပါတပ် သား၏ ဇနီးဖြစ်သူမှာ နေအိမ် အ နောက်ဘက် အိမ်သာအတွင်းသို့ အ ထုပ်တစ်ထုပ် ပစ်ချသည် ကို တွေ့ရသဖြင့် ရှာဖွေဆယ်ယူရာ အိတ်အတွင်းမှ ပန်း ရောင်ဆေးပြား ၂ဝဝ ပါ ရှစ်ထုပ်၊ ၁ဝဝ ပါ လေးထုပ်၊ ၅ဝ ပါလေးထုပ်၊ ၄ဝ ပါ တစ်ထုပ်ပါရှိပြီး အိပ်ခန်း ခုတင် ခေါင်းရင်းမှ

နိုင်/ကျဉ်းများ ပြန်လွှတ်ချိန်တွင် ထောက်လှမ်းရေးဟောင်းများ လွတ်မည်မဟုတ်

(Mizzima)

အစိုးရက အကျဉ်းထောင်များထဲတွင် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ မရှိစေရန် နိုင်/ကျဉ်းစိ စစ်ရေး ကော်မတီကို ဖွဲ့စည်းပြီး ပြန်လွှတ်ပေးသင့်သူများကို ရွေးချယ်လျက်ရှိရာ ပြန်လွှတ်မည့်အကျဉ်းသား စာရင်း၌ ထောက်လှမ်းရေးဟောင်းများ မပါဝင်ကြောင်း နိုင်/ ကျဉ်းဟောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညိုထွန်း က ပြောသည်။

လက်ကျန်နိုင်/ကျဉ်းစိစစ်ရေးကော်မတီအဖွဲ့ဝင်လည်းဖြစ်သူ ဦးညိုထွန်းက ''ကျွန်တော် ပုဂ္ဂိုလ်ရေးအနေနဲ့