Wednesday, July 3, 2013

ရဲအချို့ ပတ်သက်သည်ဟု ဆို သော မူးယစ်နှင့် မှောင်ခို ရှုပ်ထွေးသော ကွင်းဆက်များ ရှိနေဟု ဆို

Popular Myanmar News Journal 

ကလေးနှင့်ပျော် ဘွယ်တို့၌ ရဲအချို့ ပါဝင်ပတ် သက်နေ သည်ဟုဆိုသော မူးယစ်နှင့် မှောင်ခိုကိစ္စများ မှာ ရှုပ်ထွေးပြီး တစ်ဦးတည်း ပါဝင်ပတ် သက်နေခြင်း မဟုတ်သည့်အတွက် ကွင်းဆက်တရားခံများ ဖော် ထုတ်နိုင်ရေးကို ဆောင်ရွက်နေရကြောင်း ပြည်ထဲရေး မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''အခုနေက ဖော်ထုတ်ဆဲပဲရှိသေးတယ်။ ပြီးရင် အားလုံးကို အသိပေးသွားမှာပါ''ဟု ၄င်းက ပြော သည်။


ဒုတိယရဲမှူးကြီးအဆင့် ရှိသူတို့ပင် ပါဝင်နေ သောကလေးနှင့်တမူး ၌ မှောင်ခိုကိစ္စနှင့် မူးယစ်ဆေး နှင့်ပတ်သက်နေသော မန္တလေးတိုင်းဒေ သကြီး ပျော် ဘွယ်မှ ရဲကိစ္စတို့အပေါ် ပြည်ထဲရေးဝန်ကြီးဌာနက လက်ရှိတွင် ကိုင်တွယ်ဆောင်ရွက်နေမှုအား အထက် ပါအတိုင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

''လက်ရှိမှာတော့ ကွင်းဆက်ကိုလိုက်နေတုန်းပဲ။ မပြတ်သေးဘူး''ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

တရားဥပဒေစိုးမိုးမှုအပေါ် ကိုင်တွယ်သူတို့၏ အားနည်းခြင်း များကြောင့်ဖြစ်ပေါ်လာရသော ဥပဒေ မဲ့လုပ်ရပ်များကို ပြည်သူတို့က တရားဝင်သတင်းပေး တိုင်ကြားလာမှု ဖြစ်စဉ်များ၊ ရဲဌာနချုပ်၏ စုံစမ်းမှု တို့ဖြင့်ရှောင်တခင်ကွင်းဆင်းအရေးယူမှုတို့ကို ဇွန်လ ဆန်းကစကာ ဒုတိယရဲချုပ်အဖွဲ့က ဆောင်ရွက်ပြီး နောက် အဆင့်မြင့်ရဲအရာရှိ အချို့ကို ခေတ္တအနား ပေးခြင်းနှင့်အတူ စစ်ဆေးမှုတို့ပြုလုပ်ခဲ့သည်။ ပြည် ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူက''အခုနေအခါက စစ်ဆေးနေဆဲပဲ။ အဲ့ဒီအထိပဲ ပြောလို့ရတယ်'' ဟု ဆိုသည်။

ဒုတိယရဲချုပ် ဦးစီးသော အဖွဲ့၏ လုပ်ပိုင်ခွင့်အ တိုင်းအတာ ပမာ ဏနှင့် ရှောင်တခင် ဝင်ရောက်စစ် ဆေးသွားမည့် နေရာဒေသတို့ကို လျှို့ဝှက်ထားရမည် ဖြစ်သဖြင့် ¤င်းက ထုတ်ဖော်ပြောကြားမှု မပြုခဲ့ပေ။

သို့သော် ဒုတိယရဲချုပ်အဖွဲ့တို့က ကလေးမြို့နှင့် တမူးတို့တွင် မူးယစ်ဆေး ဝါးအန္တရာယ် တားဆီးနှိမ် နင်းရေးနှင့် တရားဥပဒေစိုးမိုးရေး ပညာပေး ဆိုင်ရာ ဟောပြောပွဲများကို ဆက်တိုက်ပြုလုပ်နေကြသည်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည် နယ်ရဲတပ်ဖွဲ့ တို့၏ မှုခင်းဆိုင်ရာ ကိုင်တွယ်နှိမ်နင်းမှုတို့မှာလည်း ယခင်ကထက် ပိုမိုပြင်းထန်လာသည်ဟု စုံစမ်းသိရ ပြီး မူးယစ်ဆေးနှင့်ပတ်သက်သည့် ဖမ်းဆီးရမိမှု တို့မှာလည်း စာရင်းတက်လာကြောင်း ရဲမှတ်တမ်း များအရ သိရသည်။

ကလေးမြို့မှ ၈၈ အင်အားစုတို့အပြင် ဒေသခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က ဤကဲ့သို့ ကိုင်တွယ်မှုအပေါ် ကြိုဆိုခဲ့ကြပြီး တရားဥပဒေနှင့် အညီဖြစ်ရန် ထောက်ပြကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။