Tuesday, January 29, 2013

တပ်မတော်အပေါ် သံယောဇဉ်ကြီးသော ဒေါ်စု


(ဟာဝိုင်အီ မှာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အပေါ် သံယောဇဉ် ရှိတဲ့ အကြောင်း မပြောခင် ဒူဝါ အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ မှာ စာစု တခု ရေးခဲ့ပါတယ်။ အောက်မှာဖတ်ကြည့်ပါ။)

တပ်မတော်အပေါ် သံယောဇဉ်ကြီးသော ဒေါ်စု
by Duwa Kachin on Monday, 12 November 2012 at 21:22 ·

၁၉၈၈ ခုနှစ်လူထုအုံကြွမှု ဖြစ်ကတည်းက မြန်မာ့ နိုင်ငံရေး ဇာတ်ခုံပေါ်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီနေ့ ကမ္ဘာက အသိအမှတ်ပြုတဲ့ လူထုခေါင်းဆောင် နိုဘယ်လ် ငြိမ်ချမ်းရေး ဆုရှင် ဖြစ်ပါတယ်။ သူ့ရဲ့ ကျော်ကြားမှု နဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိမှု၊ အပေါ် မြန်မာလူထု တော်တော်များများက သိပ်နားမလည်ပါဘူး။ အထူးသဖြင့် တပ်မတော် ခေါင်းဆောင်တွေရဲ့ သြ၀ါဒ လုံလုံလောက်လောက် ခံယူဖူးတဲ့ ပြည်သူများ နဲ့ အွန်လိုင်းပေါ်မှာ တပ်မတော် နာမည်ဖျက်ပေးနေတဲ့ စစ်ခွေးများ ပိုနားမလည်ပါ။ နိုဘယ်လ်ဆု ပေးတာကို အနောက်တိုင်းသားတွေရဲ့ လက်ရုဏ်းအဖြစ် သွပ်သွင်းခြင်းလို့ တထစ်ချ မှတ်ချက်ပြုထား ခြင်းလဲ ခံရပါတယ်။ ဒါပေမယ့်၊ လူတွေ တော်တော်များများသတိမထားမိတာက ဒေါ်စုဟာ အနောက်တိုင်းသားများကြားတွင်သာ မကပဲ၊ အရှေ့တိုင်း ဒီမိုကရေစီ နိုင်ငံသားများကြားမှာလဲ ရေပန်းစားနေခဲ့သူပါ။

အီလက်ထရွန်းနစ် ဥပဒေမှ နိုင်ငံတော်လုံခြုံရေး ပြစ်မှုပြစ်ဒဏ်များ ပယ်ဖျက်မည်

(ဧရာဝတီ)


စစ်အစိုးရက ဒီမိုကရေစီ အရေးလှုပ်ရှားသူများကို  အရေးယူရာတွင် အဓိက အသုံးပြုခဲ့သည့် အီလက်ထရွန်းနစ် ဥပဒေမှ ပြစ်မှုနှင့် ပြစ်ဒဏ် များကို ပြင်ဆင် ပယ်ဖျက်ပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို တင်သွင်းစဉ် ဒုဝန်ကြီး ဦးသောင်းတင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ယခင် စစ်အစိုးရ၏ ၂/၈၈ အမိန့်ကို လက်ရှိသမ္မတ၏ ၃/၂၀၁၃ ဖြင့် ပယ်ဖျက်


(မဇ္ဈိမ)။   ။ ၁၉၈၈ ခုနှစ်၊ အာဏာသိမ်း စစ်အစိုးရက ကနဦး ထုတ်ပြန်ခဲ့သော အမိန့်အမှတ် ၂/၈၈ ကို လက်ရှိ နိုင်ငံတော် သမ္မတ က အမိန့်အမှတ် ၂/၂၀၁၃ ဖြင့် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပယ်ဖျက် လိုက်ကြောင်း ထုတ်ပြန်ကြေညာသည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ထိုအမိန့် အမှတ် ၂/၈၈ သည် လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၄၇ နှင့် ဆန့်ကျင် နေသဖြင့် သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

Monday, January 28, 2013

လေကြောင်းရန်ကာကွယ်ရေး - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)


မြန်မာ့တပ်မတော်တွင် ယခင်က အသုံးပြုခဲ့သော ZPU - 14.5 အမျိုးအစား လေကြောင်းရန်ကာကွယ်ရေး စက်အမြောက်

ဆောင်းပါးရှင် - ဝေဟင် (ပြည်တွင်းမှ လေတပ် အရာရှိ တစ်ဦး)

လေကြောင်းရန် ကာကွယ်ရေး၏ ပြဿနာရပ်များ

လေကြောင်း ခြိမ်းခြောက်မှု (The Air Threat)
(၁၃)ကက လေကြောင်း တိုက်ခိုက်မှုများကို ဗုံးကြဲလေယာဉ်များ၊ မြေပြင် တိုက်ခိုက်ရေး လေယာဉ်များဖြင့် သာမန်အားဖြင့် ဆောင်ရွက်ကြသည်။ ယေဘုယျအားဖြင့် ရာသီမရွေး ပျံသန်းနိုင်သော တိုက်လေယာဉ်များ၊ သမရိုးကျ (သို့မဟုတ်) နျူကလီးယား အဖျက်စွမ်းအားရှိသည့် တိုက်လေယာဉ်များ ဖြစ်သည်။ ယင်းလေယာဉ်များ အနေနှင့် ပင်ကိုယ်အားဖြင့် စွမ်းပကား မြင့်မားစေရန် တည်ဆောက်ထားမှုကြောင့် ကြားဖြတ် တိုက်လေယာဉ်များ၏ ရန်ကို အံတုနိုင်စွမ်း ရှိသည့်အပြင် အချို့သော တိုက်စစ်များ၌ အစောင့်လိုက်ပါသည့် အထူး တိုက်လေယာဉ်များ အကူအညီဖြင့် ထိုးဖေါက် တိုက်ခိုက် ဗုံးကြဲနိုင်ကြသည်။ (ဗုံးကြဲ လေယာဉ်များသည် သာမန်အားဖြင့် တိုက်လေယာဉ် အစောင့်လိုက်ပါ ထိုးဖေါက်

Friday, January 25, 2013

တပ်ကြပ်ကြီးကတော်ထံမူးယစ်ဆေးဝါးဖမ်းမိရာက စစ်တပ်နှင့်ရဲပြဿနာဖြစ်

(တအာင်းမြေ)


၂၀၁၃ခုနှစ်၊ဇန်နဝါရီလ()ရက်နေ့တွင် မန်တုံရဲစခန်းမှ မန်တုံအခြေစိုက်တပ်ရင်းခလရ-၁၃၀ရှိ တပ်ကြပ်ကြီး ကတော် ဒေါ်အေးအောင်နှင့်အတူတရုတ်မတစ်ဦထံ မူးယစ်ဆေးဝါး(ယာဘ) အလုံးလေးရာကျော်ဖမ်းမိကြောင်း သိရသည်။ 

ခလရ ၁၃၀ တပ်ရင်းမှူးကျော်စွာသူဝင်းမှ ဒေါ်အေးအောင်အား မန်တုံရဲစခန်းတွင် ဖမ်းဆီးထားကြောင်းသိရသော အခါ ချက်ချင်းပြန်လွတ်ပေးရန် ရဲစခန်းမှူးထံဖုန်းဆက်အကြောင်းကြားခဲ့သည်။ စခန်းမှူးမှ ဥပဒေကြောင်း အရ

Thursday, January 24, 2013

ဗိုလ်သိန်းစိန်ကို သိပ်ကြိုက်လား ...


ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
ဦးသိန်းစိန်ကို လူတချို့က ဘာလို့ အကောင်းမြင်ကြ သလဲဆိုတော့ သန်းရွှေခေတ် နဲ့ နှိုင်းစာပြီး သိန်းစိန်ခေတ်မှာ ပိုရေးခွင့် ပိုပြော ခွင့် နိုင်ငံရေးလှုပ်ရှားခွင့်တချို့ ရလာတာကို ကြည့်ပြီး ပြောနေ ကြတာလို့ နားလည်မိပါတယ်။ သူတို့ ထည့်မတွက်တဲ့ အချက် ၂ ချက် ရှိတယ်။

ပထမတချက်

ပထမတချက်က သိန်းစိန် ပြင်လာတာ (သိန်းစိန်ကို သန်းရွှေက ပြင်ခိုင်းလိုက်တာ) ဟာ မပြင်ရင် မရတော့လို့ မပြင်ရင် သူတို့ ပြုတ်ကျဖို့ သိပ်နီးလာပြီဆိုတာ သူတို့ သိလာလို့ပဲ။ အဲဒီလို မပြင်ရင် မရတော့ဘူး ဆိုတာ သူတို့ သိလာတဲ့ အခြေအနေထိ ရောက်ဖို့အတွက် အသက်တွေ ပေး၊

ပြည်ခိုင်ဖြိုးပါတီ၌ သမ္မတဦးသိန်းစိန် ဥက္ကဋ္ဌအဖြစ်ဆက်လက်တာဝန်ယူမှု လွှတ်တော်တွင်မေးမြန်းပြီ

(ဒေါန်းမာန်ဟုန်)


ပြီးခဲ့သည့် ၂၀၁၀ အငြင်းပွားဖွယ်ရွေးကောက်ပွဲ၌ မဲဆန္ဒနယ်အများဆုံး အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူမှုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအား ဆန့်ကျင်လျက်ရှိကြောင်း ဇန်နဝါရီ ၂၁ ရက်နေ့တွင် ကျင်းပ ခဲ့သည် ပြည်သူ့လွှတ်တော်အစည်း အဝေး တွင် ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အဆိုတင်သွင်းခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄ တွင် "နိုင်ငံတော်သမ္မတ (သို့) ဒုတိယသမ္မတများသည် နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံ တော်သမ္မတ (သို့) ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့ အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ" ပာုပြဋ္ဌာန်း

Tuesday, January 22, 2013

ပြည်ထောင်စုဝန်ကြီးနှစ်ပါး တာဝန်မှ နှုတ်ထွက်သွားခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့ ပွင်းလင်းမြင်သာမှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဆို


(The Hot news Weekly)

ဇန်န၀ါရီ ၁၆ ရက်တွင် ထုတ်ပြန်သော နိုင်ငံတော်သမ္မတ ရုံး၏ အမိန့် အမှတ် (၂/၂၀၁၃) အရ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော သူရဦးမြင့်မောင်နှင့် ဦးသိန်းထွန်းတို့ ယင်းတို့၏ သဘောဆန္ဒအလျောက် တာဝန် မှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ကြေညာချက်နှင့်ပတ် သက်၍ ယင်းတို့တာဝန်ကျရာ ဆက်စပ်ဌာနများ၌ လုပ်ငန်းများ အရှိန် အဟုန်ဖြင့် ဆောင်ရွက်နေ ချိန်၌ ယခုကဲ့သို့ နုတ်ထွက်ခွင့် ပြုလိုက်ခြင်း သည် မည်သည့် အကြောင်းကြောင့် နုတ်ထွက်ရ ခြင်းဖြစ်သည်ကို ပြည်သူသို့ တင်ပြခြင်း မရှိမှုက အစိုးရ၏ ပွင့်လင်းမြင် သာမှု အားနည်း ခြင်းကြောင့် ဖြစ် ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဆိုသည်။

Monday, January 21, 2013

လူ့အခွင့်အရေး နဲ့ ဦးသိန်းစိန် အစိုးရ


19.01.2013 (VOA)

ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးနဲ့ အမျိုးသားညီလာခံအောင်မြင်ရေးကို အနှောင့်အယှက်ပေးရင် အပြင်းအထန်အရေးယူတဲ့ ၁၉၉၆ ဥပဒေကို ရုတ်သိမ်းတဲ့ သမ္မတဦးသိန်းစိန်ရဲ့  ကြေညာချက်ကို ဇန်နဝါရီ ၁၆ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြပါတယ်။ အစိုးရသစ်ပေါ်ထွက်လာလို့ မလိုတော့တဲ့ ဥပဒေဟောင်းကို ရုတ်သိမ်းတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၁ မှာ ပြဌာန်းတဲ့ ငြိမ်းချမ်းစွာ စုဝေခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေအရ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြသူ (၉) ဦးကို ခွင့်ပြုချက်မတောင်းတဲ့အတွက် ဦးသိန်းစိန်အစိုးရက ရာဇဝတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။ ဒီအမှုကို ရုတ်သိမ်းသင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဇန်နဝါရီလ (၁၃) ရက်နေ့က ကြေညာပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ဟာ ကချင်နဲ့ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို လေ့လာပြီးအစီရင်ခံစာ (၃) စောင် မနှစ်က ထုတ်ဝေထားပါတယ်။ ဦးသိန်းစိန်အစိုးရ သက်တမ်းတနှစ်မှာ လူ့အခွင့်အရေး ချိုးဖျက်မှု (၄၀၀) ကျော်ရှိကြောင်း ချင်းမိုင်အခြေစိုက် လူ့အခွင့်အရေး မှတ်တမ်းတင်ကွန်ယက်ကလည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒီအထဲမှာ မြေယာသိမ်းပိုက်မှုက တစ်ရာကျော် ရှိပါတယ်။

Sunday, January 20, 2013

လေကြောင်းရန်ကာကွယ်ရေး - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)


အယ်ဒီတာအဖွဲ့၏တင်ပြချက်။ကကက။လက်ရှိ တပ်မတော်ဖွဲ့စည်းပုံ W.E အရ လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်ရုံးအား ကက(ကြည်း) လက်အောက်ခံတွင် ထားရှိပြီး ခြေလျင် Commander တိုင်းမှူးများ၏ ကွပ်ကဲမှုအောက်သို့ သွတ်သွင်း ထားသဖြင့် စစ်ဆင်ရေး၊ လေ့ကျင့်ရေးများ ပြုလုပ်ခဲ့ပါက အခက်အခဲများ ရှိနိုင်ရာ မူလ သဘာဝအရ လေကြောင်းကွပ်ကဲမှုကို အများဆုံး ရယူထားသည့် ကက (လေ) ၏ ကွပ်ကဲမှုထဲသို့ ပြန်လည် ထည့်သွင်းရန် သင့်/မသင့်၊ ဤဘာသာရပ်များကို လေ့လာခြင်းဖြင့် တပ်မတော်သားများ သုတေသနပြု ဆန်းစစ်လေ့လာ သုံးသပ်နိုင်ရေးအတွက် ဤ၀က်ဘ်ဆိုက်ဒ်မှ တင်ပြရခြင်း ဖြစ်ပါသည်။ ဥပမာ - ထိုင်းနိုင်ငံရှိ လေကြောင်းကွပ်ကဲရေး တပ်ဖွဲ့များကို လေတပ်ဦးစီးချုပ် လက်အောက်ခံတွင်သာ ထားရှိကြောင်း တွေ့ရှိရပါသည်။ တပ်မတော်တွင် ကြည်းတပ်က လွှမ်းမိုး ချုပ်ကိုင်မှု၊ နေရာယူမှု များလွန်းနေသောကြောင့် ရေတပ်နှင့် လေတပ်မှ အရေးပါသည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ ရှိနေပြီး အောင်မြင်မှု အထိုက်အလျောက်သာ ရရှိနိုင်သည်ဟု စစ်ဖက်လေ့လာသူများက တင်ပြခဲ့ကြပါသည်။

ဆောင်းပါးရှင် - ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိတစ်ဦး)

Friday, January 18, 2013

လျော့တိလျော့ရဲ နိုင်ငံတော်ရဲ့ လုံခြုံရေး ကွန်ယက်နဲ့ အုပ်ချုပ်ရေး ယန္တရား ဆွေးနွေးခန်း - အပိုင်း(၁)

(စည်းလုံးခြင်းရဲ့အင်အား)


မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ပြီး ဖြစ်ပေါ်ဆဲ အရေးအခင်းများ ဖြစ်ကြတဲ့ ရခိုင်/ ဘင်္ဂလီ အရေးအခင်း၊ လက်ပန်းတောင်းတောင် အရေးအခင်း၊ အစိုးရနှင့် KIA/KIO တိုက်ပွဲများအပေါ် နိုင်ငံရေးနှင့် စစ်ရေး အကဲခတ် သူများ လေ့လာ သုတေသန သုံးသပ်နိုင်ဖို့ ရည်ရွယ်ပြီး စည်းလုံးခြင်းရဲ့ ဝက်ဘ်ဆိုဒ် အနေဖြင့် အယ်ဒီတာအဖွဲ့နဲ့ ပြည်တွင်းက ဗိုလ်မှူးကြီး (ငြိမ်း) တစ်ဦးတို့ ဝေဖန် သုံးသပ်တဲ့ ဆွေးနွေး ခန်းအား တင်ပြပေးလိုက်ပါတယ်။ အဆိုပါ အရေးအခင်းတွေ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်း တစ်ချက်က  နိုင်ငံတော်ရဲ့ လုံခြုံရေး ကွန်ယက် ပေါက်ပြဲနေလို့ဖြစ်ကာ သတင်းများ အချိန်နှင့် တပြေးညီ ဆက်စပ် ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ မလွှဲမသွေ လိုအပ် လာပါတယ်။ နိုင်ငံတော်ရဲ့ လုံခြုံရေး ကွန်ယက်အပေါ် ဆွေးနွေးခန်း တစ် ရပ် ကို စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်က တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

အယ်ဒီတာ။          ။ မင်္ဂလာပါ ဗိုလ်မှူးကြီး.. နေကောင်းတယ်နော်၊ မတွေ့ဖြစ်တာ အတော်ကြာပြီဗျာ။ ဒီကြားထဲ မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ် အရေးအခင်း၊ လက်ပန်းတောင်းတောင် အရေးအခင်း၊ KIA နှင့် တပ်မတော် တိုက်ပွဲ ဖြစ်နေတာ ကြားရတာ တကယ်ကို စိတ် မချမ်းသာဘူးဗျာ။ ဗိုလ်မှူးကြီး ပြောခဲ့သလို နိုင်ငံတော်ရဲ့ လုံခြုံရေး ကွန် ယက် တော်တော်ကို ပေါက်ပြဲကုန်နေပြီးလား။ အထက်ကို တင်ပြပေးပို့ ခဲ့တဲ့ သတင်းတွေကော တကယ်

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လက်ရှိနိုင်ငံရေး အခြေအနေကို မျက်ကွယ်မပြု

(ဧရာဝတီ)


အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေသည် နိုင်ငံရေးတွင် စိတ်ဝင်စား နေဆဲဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေများကို မျက်ကွယ်ပြုမထား ကြောင်း ဦးသန်းရွှေထံ အခါအားလျော်စွာ သွားရောက် လည်ပတ်လေ့ရှိ သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

ဦးသန်းရွှေသည် နေအိမ်တွင် ကျန်းမာရေး ကောင်းမွန်စွာဖြင့် အေးအေး ချမ်းချမ်း နေထိုင်လျက်ရှိပြီး အစိုးရနှင့် တပ်ကို နောက်ကွယ်မှ ကြိုးကိုင် နေသည်ဆိုသော ပြောဆိုချက်များမှာ မဟုတ်မှန်ကြောင်း၊ သို့သော်လည်း နိုင်ငံရေးတွင် စိတ်ဝင်စားဆဲဖြစ်ပြီး သူ တည်ထောင် အုတ်မြစ်ချပေးခဲ့ သော စနစ်နှင့် နိုင်ငံရေး အခြေအနေကို မျက်ကွယ်ပြုမထားကြောင်း ဧရာဝတီသတင်းဌာနနှင့် ဇန်န၀ါရီလ ၁၆ ရက်နေ့က သီးသန့်တွေ့ဆုံစဉ် ဦးဌေးဦးက ပြောသည်။

Thursday, January 17, 2013

စစ်တပ်က စီးပွားရေး မလုပ်သင့်ကြောင်း လွှတ်တော်တွင် တင်ပြဆွေးနွေး

(ဧရာဝတီ)


အစိုးရ တပ်မတော်အနေဖြင့် စစ်တပ်ပိုင် စီးပွားရေး၊ စီမံကိန်းလုပ်ငန်းများနှင့် ကုန်ထုတ်ရေး လုပ်ငန်းများအား ရပ်ဆိုင်းသင့်ပြီ ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်၌ တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။

ပဉ္စမကာလတို ၅ နှစ် အမျိုးသားစီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၂၀၁၆) နှစ်အထိ ၅ နှစ် စီမံကိန်းများအတွက် ရေးဆွဲထားရာတွင် စစ်တပ်၏ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းအများအပြား ပါဝင်နေခြင်းကြောင့် စစ်တပ်အနေဖြင့် စီးပွားရေး မလုပ်သင့်တော့ကြောင်း ယမန်နေ့က အကြံပြုဆွေးနွေးခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ဧရာဝတီသို့ ပြောသည်။

ဝန်ကြီးနှစ်ပါး ဘာကြောင့် နုတ်ထွက်သွားတာလဲ

(ဧရာဝတီ)


ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့ ည ၈ နာရီမှာ သတင်းတပုဒ်ကြေညာ သွားပါတယ်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်း၊ သာသနာရေး ၀န်ကြီး သူရဦးမြင့်မောင်တို့ နှစ်ဦးကို သူတို့ရဲ့ ဆန္ဒအလျောက် ရာထူးကနေ သမ္မတ ဦးသိန်းစိန်က နုတ်ထွက်ခွင့် ပြုလိုက်တယ်လို့ အမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Monday, January 14, 2013

လေကြောင်းရန်ကာကွယ်ရေး - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)


နေပြည်တော်ရှိ လေကြောင်းရန် ကာကွယ်ရေး စခန်းဌာနချူပ်ပုံ (ပေးပို့သူ - ပြည်တွင်းမှ တာဝန်ထမ်းဆောင်ဆဲ လေတပ် အရာရှိ တစ်ဦး)

အယ်ဒီတာအဖွဲ့၏တင်ပြချက်။ကကက။ နိုင်ငံတကာစစ်ပွဲများတွင် လေ ကြောင်းအင်အား သာလွန်မှု အဆုံးအဖြတ်ကြောင့် တစ်ဖက်နိုင်ငံ၏ ကြည်း တပ် အင်အားကြီးမားသော်လည်း ရှုံးနိမ့်သွားသည့် ဖြစ်စဉ်များ တွေ့ရှိရပါသည်။ အီရတ်နိုင်ငံအပေါ် အမေရိကန်၏ လေကြောင်း ထိုးစစ် ကြောင့် အချိန်တို ကာလအတွင်း ချေမှုန်းသွားနိုင်သလို အာရပ်ကြည်း တပ် အင်အားကြီးမားမှုအပေါ် အစ္စရေး၏ လေတပ်က အောင်နိုင်သွား သည့် ဖြစ်စဉ်များ ရှိခဲ့ပါသည်။ နိုင်ငံတကာ လေပိုင်နက်များတွင် လေ ကြောင်း စိုးမိုးမှုရှိရေးနှင့် ရန်သူမှ အင်အားကြီးမားစွာ ထိုးစစ်ဆင်လာ သော လေကြောင်း စစ်ဆင်ရေးအပေါ် လေကြောင်းရန် ကာကွယ်ရေး ကဏ္ဍဟာ အရေးပါလာပြီး အဆင့်မြင့် နည်းပညာများဖြင့် လက်ယှက်ထိုး ခံစစ်ကွန်ယက် အပူတပြင်း နိုင်ငံများက ပြုလုပ် တည်ဆောက် လာကြ သည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် စစ်ဘက်လေ့လာသူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေး မဟာဗျူဟာ၊ နည်းဗျူဟာ ဘာသာရပ်များ ကို လေ့လာ မှတ်သားနိုင်ရန် နိုင်ငံလုံခြုံရေးအတွက် အချက်အလက် တချို့ကို ချန်လှပ်ပြီး တင်ဆက်ပေးလိုက်ရပါသည်။ ယခုဘာသာရပ်ကို ပေးပို့ပေးတဲ့ ပင်တိုင်ဆောင်းပါးရှင် ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိတစ်ဦး) အား အထူးကျေးဇူးတင်ရှိပါသည်။

ဆောင်းပါးရှင် - ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိ တစ်ဦး)

လေကြောင်းရန် ကာကွယ်ရေး၏ သဘောသဘာဝ

(၁)ကကလူ့သမိုင်းစဉ် တစ်လျောက် ဖြစ်ပွားခဲ့သည့် စစ်ပွဲများအတွင်း တိုက်စစ်ပြုသူနှင့် ခံစစ်ပြုသူများ၏ လက်နက်ပြိုင်ဆိုင်မှုကို

ခရိုနီငိုချင်း၊ နှစ်ပါးသွားနှင့် မြန်မာ့နိုင်ငံရေး

(Hugawng Kachin)


ဒေါ်အောင်ဆန်းစုကြည်က ခရိုနီဟု အခေါ်ခံရသူများက အန်အယ်လ်ဒီ နှင့် အခြားလူမှုရေးလုပ်ငန်းများကို ပံ့ပိုးသည်ဆိုပါက၊ ပံ့ပိုးစေသင့် ကြောင်း၊ အဆိုပါငွေများကို အခြားနေရာတွင် အလာဟာသဖြစ်အောင် သုံးမည့်အစား၊ ပံ့ပိုးသင့်သောနေရာတွင် သုံးခြင်းသည် အလွန်ကောင်း ကြောင်း၊ အန်အယ်လ်ဒီကို ချဉ်းကပ်လာသည်လား၊ အခြားအဖွဲ့ကို ချဉ်းကပ်သည်လားကို မကြည့်လိုကြောင်း၊ ဘယ်ကိုထောက်ပံ့သည်၊ ဘာလုပ်သည်၊ ပြည်သူကို အကျိုးပြုမည်၊ ဒီမိုကရေစီအပြောင်းအလဲကို အကျိုးပြုမည်၊ လိုအပ်နေသော ကျန်းမာရေး၊ ပညာရေးကိစ္စများကို အကျိုးပြုမည်ဆိုလျင် ကြိုဆိုရမည့် ကိစ္စဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။ သို့သော် သွားသတိ၊ လာသတိ၊ စားသတိ၊ ပြောသတိ၊ တွေးသတိ၊ အစစအရာ ရာသတိရှိခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ထပ်လောင်း အကြံပြုလိုသည်။ စကားနောက် တရားပါ။ ကြမ်းကျွံလျင် နှုတ်ရ၊ စကားကျွံလျင်နှုတ်မရ။ စသည် စသည်တို့သည် ဆင်ခြင်ရဦးမည့် အကိုးအကားများဖြစ်သည်။
  

သမ္မတ ရာထူး ဆိုတာ ဦးသိန်းစိန် ရဲ့ ကိုယ်ပိုင် အကျိုးစီးပွါးမဟုတ်ပါ။

(Kachin Duwa)


တချို့လူတွေ သမ္မတ ဦး သိန်းစိန် ကို ထောက်ခံချင်တာနဲ့ပဲ နဲနဲမှ ဝေဖန်ပေးတာ မကြိုက်တော့ဘူး။ မုတိတာ မပွါးနိုင်ဘူးတဲ့လေ။

ဦး သိန်းစိန် ရဲ့ ကိုယ်ပိုင် ကုမ္ပဏီ ကြီးပွါး တိုးတက် နေတာကို သွားမနာ လိုတာ မဟုတ်။ သူတို့ မိသားစု ကိုယ်ပိုင် အကျိုးစီးပွါး ကို သွားပြီး မနာလို ၀န်တို နေလို့ ပြောတာ မဟုတ်။

Sunday, January 13, 2013

မိတ္ထီလာတွင်သိန်း ၇၀ ဖိုးခိုးသူကိုဖမ်းမိရာ စစ်ဗိုလ်ဖြစ်နေ


(Qing Minya ရဲ့ Facebook မှ ကူးယူတင်ပြပါသည်)
.
မိတ်္ထီလာမြို့၊ပြည်သာယာ (၅)လမ်းထိပ်နေ ဦးထူးအံ့သူ၏ တိုက်ခန်းအပေါ်ထပ်ရှိ မှန်တင်ခုံ ပေါ်တွင်ထားရှိသည့် စိန်လက် စွပ်တစ်ကွင်း၊ရွှေလက်ကောက်တစ် ကွင်း၊မြလက်စွပ်တစ်ကွင်း၊ပလက် တီနမ်ဆွဲကြိုးတစ်ကုံး၊စိန်ဆွဲသီး တစ်ခု စုစုပေါင်းတန်ကြေးငွေသိန်း (၇၀)ကျော် စိန်ရွှေရတနာ လက် ၀တ်ရတနာပစ္စည်းများမှာ ၂၀၁၂ ဒီဇင်ဘာလ(၈)ရက်ည အခိုးခံရ သဖြင့် မိတ်္ထီလာအမှတ်(၃)ရဲစခန်း သို့ ဒီဇင်ဘာလ(၉)ရက်တွင် အမှု ဖွင့်တိုင်ကြားရာ အမှတ်(၃)ရဲစခန်း က (ပ)၁၈၆/၂၀၁၂ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူထားခဲ့သည်။
ဦးထူးအံ့သူ၏ စိန်ရွှေရတနာ လက်ဝတ်ရတနာပစ္စည်းများစွာ ခိုးခံရမှုကို မိတ်္တီလာခရိုင်ရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူးကြီး မောင်မောင် မြင့်၏ ကြီးကြပ်ကွပ်ကဲမှု၊ မိတ်္ထီ

Friday, January 11, 2013

တပ်မတော် (ကြည်း) တပ်ရင်း/ တပ်ဖွဲ့များရှိ အရာရှိ/ စစ်သည်များရဲ့ ဘ၀ - အပိုင်း (၇)

(စည်းလုံးခြင်းရဲ့အင်အား)
စစ်တက္ကသိုလ် ဗိုလ်လောင်းများ၏ စားရိပ်သာအား စစ်ဆေးနေသော ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် ထိပ်တန်းအရာကြီးများ


မေး။       ။ ကြားဖြတ်ပြီး ဗိုလ်မှူးကို မေးလိုက်ဦးမယ်။ အခုတလောက အင်္ဂါသား စိုးဝင်းလို ပုဂ္ဂိုလ်တွေ ထိပ်ပိုင်းကို ဘာလို့ ရောက်တာလဲဗျာ။


ဗိုလ်မှူး။   ။ ယခု ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းရဲ့ ဇနီးဟာ ယခင် စရဖချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့ ဇနီးနဲ့ ဖားပြီး ဒေါ်ကြိုင်ကြိုင်ထံ ၀င်ထွက် သွားလာ ခွင့် ရှိလို့ ဖြစ်သွားတာပါဗျာ။  မဆန်းပါဘူး။ ယခင် အစဉ်အလာအရ နတခနဲ့ ရကတ၊ ရပခ၊ ရတခ တိုင်းမှူးတွေသာ ထိပ်ပိုင်းကို ရောက်ကြ တာများတယ်ဗျာ။ ဆက်လက်ပြီး တပ်နေပျော်ရေး စီမံချက် ခေါင်းစဉ်တွေ လက်တွေ့နယ်ပယ်မှာ အကောင်အထည် ဖော်နိုင်မှု မရှိတာကို တွေ့ရ တယ်။ တပ်ခွဲအလိုက် အိပ်ဆောင်များ ပြုပြင် ထိန်းသိမ်းပေးခြင်း၊ အိပ် ဆောင်တွင်း ဇယားကားချပ်များ/ ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ ကြော်ငြာ သင်ပုန်းများ ပြုပြင်/ တိုးချဲ့ဆောက်လုပ်ပေးခြင်း ၊ စားရိပ်သာ သုံးပစ္စည်းများ ပြုပြင်/ထိန်းသိမ်း/ဝယ်ယူခြင်း ၊ အိမ်သာများ ပြုပြင်/ ထိန်းသိမ်းပေးခြင်း၊ ရေကန်များ ပြုပြင်/ ထိန်းသိမ်းပေးခြင်း၊ သက်တမ်း စေ့ စစ်ဝတ်ပစ္စည်း တောင်းခံ/ထုတ်ပေးခြင်း

စစ်အသုံးစရိတ်ကို နိုင်ငံတော် ဘတ်ဂျက်၏ ၂၁ ရာခိုင်နှုန်း တောင်းခံ

(ဧရာဝတီ)


၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် အစိုးရအဖွဲ့ အသုံးစရိတ် လျာထားငွေ တွင် နိုင်ငံတော်ဘတ်ဂျက်၏ ၂၁ ရာခိုင်နှုန်းကို စစ်တပ်အသုံးစရိတ် အတွက် တင်ပြတောင်းခံထားရာ ယခင်နှစ် စစ်အသုံးစရိတ်ထက် မြင့် နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂-၁၃ ဘဏ္ဍာာရေးနှစ်တွင် စစ်အသုံးစရိတ်ကို နိုင်ငံ တော်ဘတ်ဂျက်၏ ၁၄ ဒသမ ၃၉ ရာခိုင်နှုန်း သုံးစွဲရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးခဲ့သည်။

“ငွေစာရင်း ကော်မတီဝင်တချို့ ပြောတာကတော့ စစ်တပ်အသုံးစရိတ်က ၂၁ ရာခိုင်နှုန်း ၀န်းကျင်အထိ တင်ပြထားတော့ တော်တော်ကြီး များနေ တယ်လို့ ပြောကြတယ်။ ခွင့်ပြုပေးရေးကိစ္စကို လွှတ်တော်မှာ ဆွေးနွေး ပြီးမှ ဘယ်လောက်ပဲ ခွင့်ပြုမယ်ဆိုတာ ဆုံးဖြတ်ကြမှာပါ” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ ပြောသည်။

Wednesday, January 9, 2013

တိုင်းရင်းသားအရေး၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၏ လုပ်ရပ်များ

(မိုးမခ)


တူမောင်ညို၊ ဇန်နဝါရီလ ၉၊ ၂၀၁၃

(KNU)နှင့်(KIO)တို့သည် တစ်ချိန်တစ်ခါက သီးခြားနိုင်ငံထူထောင်ရေး ကြွေးကြော်ခဲ့ကြဖူးသည်။ (ကော်သူလေး/ ဝင်ပေါင်သမ္မတ နိုင်ငံ)။ ယခုအခါ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု (ဝါ) ပြည်ထောင်စုစစ်စစ်ကို တောင်းဆို လာခဲ့ကြပြီဖြစ်သည်။ ကရင်တော်လှန်ရေးသည် ၁၉၄၉ တွင် စတင်ခဲ့ပြီး၊ ကချင်တော်လှန်ရေးကား ၁၉၆၁ တွင် စတင်ခဲ့သည်။

(KNU) နှင့် (KIO) တို့သည် တစ်ချိန်က အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ) ၏ ပင်မအင်အားစုများအဖြစ် လက်တွဲညီခဲ့ ကြသည့် ညီနောင် တိုင်းရင်းသား မဟာမိတ်များလည်းဖြစ်ကြသည်။ ထို့အပြင် နောက်ဆုံးပေါ် တပ်ပေါင်းစုဟုပြောဆိုနိုင်သည့် (UNFC) ၏ “အခြေခံအဖွဲ့အစည်း” များလည်းဖြစ်သည်။ (UNFC) “ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ” ကို ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့သည်။

Tuesday, January 8, 2013

တပ်မတော်ရဲ့ ရှေးရိုးအစဉ်အလာနဲ့ အစွဲအလန်း ကြီးမားမှု ဖြစ်စဉ်များ (နှစ်သစ်ကူး ဂုဏ်ပြု အစီအစဉ်) - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)


ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ မိသားစုအား ဘုရား ထီးတင်ပွဲ အခမ်းအနား တစ်ခုတွင် တွေ့ရစဉ်

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း

ကိုယ့်အချင်းချင်းမှားပြီး ပစ်ခတ်တယ်ဆိုရင်တောင် ရန်သူနဲ့တိုက်ပွဲဖြစ် တာထက် ပိုပြီးထိရောက်ပြီး ဒဲ့မှန်သွားတတ်ပါတယ်။ ရှေ့တန်းချီ တက်နေစဉ် စစ်ကြောင်းနဲ့ ဂျီ၊ ဆတ်တို့က ရင်ဆိုင်တွေ့ပါက အဲဒီစစ် ကြောင်း တိုက်ပွဲဖြစ်ပြီး အကျအဆုံးများဖို့သာရှိကြောင်း ကြုံတွေ့သိ ရှိပါတယ်။ စစ်ကြောင်းအိပ်နေစဉ် ဂျီလာဟောက်ပါက အဲဒီစစ်ကြောင်း ရန်သူရဲ့ ချောင်းမြောင်းပစ်ခတ်ခြင်းကို ခံရပါတယ်။ မြွေတွေ့ရင်တော့ အဲဒီစစ်ကြောင်းခရီးရှည်ဖို့သာရှိကြောင်း လက်တွေ့ဖြစ်စဉ်များအရ သိရှိခဲ့ရပါတယ်။
ဗိုလ်လောင်း သင်တန်းဆင်းပွဲဖြစ်ဖြစ်၊ ရှေ့တန်းထွက်ခါနီး စစ်ထွက် မိန့်ခွန်းပြောရင်ဖြစ်ဖြစ်၊ Convoy ယာဉ်တန်းအလံထူရင်ပဲဖြစ်ဖြစ် အလံ တိုင်ဟာ လေတိုက်လို့ အလံပြုတ်ကျရင် နိမိတ်ဆိုးဖြစ်ပြီး အကျအဆုံး များတတ်ပါတယ်။ ခမရ (၁၀၆) ဟာ ရန်သူ့သတ်ကွင်းထဲ ၀င်သွားလို့ တပ်ရင်းတစ်လုံး ဖွဲ့စည်းပုံပျက်ပြီး နောက်တန်းမှာ အသုဘပွဲကြီး စည်နေတာ စံချိန်ချိုးသွားလို့ နေ့မြင်ညပျောက် ၁၀၆ ဆိုတဲ့ စကားလုံး တောင် တွင်ခဲ့ပါတယ်။ နောက်တန်းမှာကျန်ခဲ့တဲ့ မိန်းမဖောက်ပြန်ရင် ရှေ့တန်းရောက်နေတဲ့ ယောက်ျားနဖူးမှန်တတ်ပါတယ်။ တပ်ရင်းက တော်တစ်ယောက် CQ နဲ့ ဖောက်ပြန်လို့ တပ်ရင်းမှူးရှေ့တန်းမှာ မသေရုံတမယ် ကျည်ဆံထိခဲ့ပါတယ်။

လက်ပန်းတောင်းတောင် ပိနေတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

(စည်းလုံးခြင်းရဲ့အင်အား)


လက်ပန်းတောင်းတောင်သပိတ်စခန်းများအား ရဲတပ်ဖွဲ့မှ ၀င်ရောက်နှိမ်နှင်းစဉ်

၁။က လူထုဆန္ဒပြပွဲများ ဖြစ်ပွားလာပါက ပြည်ထဲရေးဝန်ကြီးဌာနက - လျှို့ဝှက်အဆင့် လူထု အဓိကရုဏ်း နှိမ်နှင်းရေး စီမံချက်ကို ရေးဆွဲထားခဲ့ရာ လက်ပန်းတောင်းတောင် ကိစ္စ စုံစမ်း စစ်ဆေးရေး ကော်မရှင်နှင့် နိုင်ငံရေး လေ့လာသူများ သုံးသပ်နိုင်ရန် အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်-

က(က)က စတင်ဖြစ်ပွားစဉ် ဆောင်ရွက်ခြင်း

(၁)        ရုန်းရင်းဆန်ခတ် အဓိကရုဏ်းများ စတင် ဖြစ်ပွားသည်နှင့် စုပေါင်းကွပ်ကဲမှုရုံးကို အချက်အခြာကျပြီး လုံခြုံမှုရှိသည့်နေရာကို ချက်ချင်းရွေးချယ်၍ ကွပ်ကဲဆောင်ရွက်သွားရမည်။
(၂)        ထိုသို့ ဖြစ်ပွားသည်နှင့် အသင့်စုဖွဲ့ထားသော ပြည်သူ့စွမ်းအားရှင်အဖွဲ့များကို ရှေ့တန်းမှ နေရာယူစေပြီး၊ ထိန်းသိမ်းဟန့်တား ဆောင်ရွက်သွားရမည်။
(၃)        ပြည်သူ့စွမ်းအားရှင်များ နောက်တွင် အဓိကရုဏ်းနှိမ်နှင်းရေးအဖွဲ့မှ တုတ်၊ ဒိုင်းကိုင် တပ်ဖွဲ့ဝင်များ နေရာယူစေရမည်။
(၄)        ဆူပူအုံကြွသူ လူစုလူဝေးအား ပြည်သူ့စွမ်းအားရှင်များမှ တားဆီးပြီး ခေါင်းဆောင် လုပ်သူများကို ၎င်းတို့၏ ဆန္ဒအား မေးမြန်း၍ အမြန် လူစုခွဲ၍ စည်းရုံးဆောင်ရွက်ရမည်။
(၅)        ထိုသို့ ဆောင်ရွက်စဉ် ခေါင်းဆောင်လုပ်သူများအပါအဝင် ဆူပူမှု၌ ပါဝင်လှုပ်ရှားသူများအား လျှို့ဝှက်စွာ ဓာတ်ပုံ/ ဗွီဒီယိုမှတ်တမ်းများ ရိုက်ကူးခြင်း၊ သံဆူးကြိုး စသည့် အတားအဆီးများ ချထားခြင်း ဆောင်ရွက်ရမည်။
(၆)        လူစုခွဲရန် စည်းရုံးပြောဆို အမိန့်ပေးခြင်းကို မလိုက်နာပါက မီးသတ်ရေပိုက်များဖြင့် ပက်ဖြန်းခြင်း၊ အင်အားသုံး ဖြိုခွဲခြင်းများ ဆောင်ရွက်ရမည်။
(၇)        ဟန့်တားလူစုခွဲသည့် စွမ်းအားရှင်များကို ဆူပူအုံကြွသူများမှ ရန်ပြုလာပါက အဓိကရုဏ်း တပ်ဖွဲ့မှ တုတ်၊ ဒိုင်းများဖြင့် စည်းကမ်းတကျ တည်ငြိမ်စွာ ချီတက် ဟန့်တားပြပြီး၊ လူစု ကွဲသွားစေရန် ဆောင်ရွက်ရမည်။
(၈)        ထိုသို့ဆောင်ရွက်ခြင်းဖြင့် တားဆီးမရပါက လူစုလူဝေးကို ဖြိုခွဲရန် ရာဘာတုတ်ဖြင့် ရိုက်နှက် နှိမ်နှင်းပြီး ဖမ်းဆီး ရနိုင်သမျှကို ကျင့်ထုံးဥပဒေပုဒ်မ - ၁၂၈ နှင့်အညီ ဆောင်ရွက်ရမည်။
(၉)        အထက်ပါ ဆောင်ရွက်ချက် အားလုံးကို အာဏာပိုင်အဖွဲ့အစည်း၊ အမိန့်ပေးနိုင်သော အဖွဲ့အစည်းများ၏ အမိန့်အရ ဆောင်ရွက်သွားရမည်။

Sunday, January 6, 2013

တပ်မတော်ရဲ့ ရှေးရိုး အစဉ်အလာနဲ့ အစွဲအလန်း ကြီးမားမှု ဖြစ်စဉ်များ (နှစ်သစ်ကူး ဂုဏ်ပြု အစီအစဉ်) - အပိုင်း (၁


(စည်းလုံးခြင်းရဲ့အင်အား)
 နေပြည်တော်တွင် မွေးမြူထားသော ဆင်ဖြူတော်အား ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေမှ အစာကျွေးနေစဉ်


ဆာင်းပါးရှင် - ဗိုလ်ထက်မင်း

တပ်မတော်စတင်ဖွဲ့စည်းကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တွေဟာ ဘန်ကောက်မှာ လက်မောင်းသွေးဖောက်ပြီး သစ္စာဆိုခဲ့ပါတယ်။ အဲဒီ သစ္စာမှန်ကန်တာကြောင့် တပ်မတော်ဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုရရှိလာကာ အင်အားတောင့်တင်းလာတာကြောင့် ဖက်ဆစ်ဂျပန်နှင့် နယ်ချဲ့အင်္ဂလိပ်တို့က ထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့တဲ့ တပ်မတော်ဟာ သမိုင်းအစဉ်အလာစတင် တာထွက်ကတည်းက ကောင်းမွန်ခဲ့ပါတယ်။ စစ်ထဲဝင်လာပြီဆိုကတည်းက စစ်သားတိုင်း အလံကိုင်ပြီး သစ္စာဆိုရပါတယ်။ စစ်သည်တိုင်း သစ္စာလေးချက်ကို နေ့စဉ်ရွတ်ဆိုရပါတယ်။ နေ့စဉ် ဗိုလ်လောင်းတွေ နေ့လည်စာ/ ညနေစာမစားခင်မှာ ပြည်သူလူထုကျွေးတဲ့ ထမင်းကို သစ္စာစောင့်ရမယ်ဆိုတဲ့ ရွတ်ဆိုသံတွေနဲ့ သစ္စာလေးချက် ရွတ်ဆိုသံတွေဟာ ဗိုလ်လောင်းတိုင်း ကြက်သီးမွှေးညင်းထပြီး ရင်ထဲ၊ အသည်းထဲ စွဲမြဲခဲ့ရပါတယ်။

Friday, January 4, 2013

ဟိုတစ်စ ဒီတစ်စ တပ်တွင်းပေါက်ကွဲသံများ - အပိုင်း (၅)

(စည်းလုံးခြင်းရဲ့အင်အား)

မြန်မာ့တပ်မတော်၏ ထိပ်တန်းခေါင်းဆောင်များအား အိန္ဒိယလေတပ်ဦးစီးချုပ်နှင့်အတူ တွေ့ရစဉ်

ဆောင်းပါးရှင် – ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိ တစ်ဦး)

လေတပ်ထဲက အဖြစ်အပျက် များစွာကို ပြည်သူထံ တင်ပြနေသော ဝေဟင်ကို လေတပ်ထဲက  ဘယ်သူလဲလို့ သိချင်သူတွေ များလာသလို သိနေတဲ့ အရာရှိနဲ့ စစ်သည် အချို့အတွက်  စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုက်ဒ် www.photayokeking.org မှာ ဘာတွေ အသစ် တင်ထားပြန်ပြီလဲ ဆိုတာဟာ စကားတစ်ခွန်း ဖြစ်လာနေပါပြီ။ တချို့က ဝေဟင် တစ်ယောက်ထဲလို့ ထင်နေကြတယ်။ တချို့က ဖမ်းခံရတဲ့သူထဲ ပါသွားပြီလို့ ပြောနေကြတယ်။ မှားသွားပြီပေါ့။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြီး လေတပ် သိက္ခာချနေတာဟု  ဆိုသူရှိသလို ဒီ့ထက်ဆိုးတာတွေ ရှိသေးတာကို လျှော့လျှော့ပေါ့ပေါ့လေး  ရေးနေတယ်၊ ရေးတဲ့သူကို လေးစားပါတယ်၊ ငါတို့လည်း ရေးချင်ပေမယ့် ကြောက်တယ်ဟု  ဆိုသူများလည်းရှိကြောင်း တွေ့လာရပါသည်။ Comments မှာ  ၀င်ရေးချင်ကြသော်လည်း Gmail Account တစ်ခုလုပ်ရန်ပင် ခက်ခဲ နေကြသော လေတပ်မှ  ညီနောင်များအဖို့ မ၀ံ့မရဲဖြစ်နေကြပါသည်။ နောက်ကြောင်း မရှင်းပဲ IP  Address မှတဆင့် ထောက်လှမ်းရေးမှ ခြေရာခံနိုင်သည်ဟု ခြိမ်းခြောက် စကားဆိုသူများကြောင့်လည်း ကြောက်နေကြရပါသည်။