Tuesday, January 22, 2013

ပြည်ထောင်စုဝန်ကြီးနှစ်ပါး တာဝန်မှ နှုတ်ထွက်သွားခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့ ပွင်းလင်းမြင်သာမှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဆို


(The Hot news Weekly)

ဇန်န၀ါရီ ၁၆ ရက်တွင် ထုတ်ပြန်သော နိုင်ငံတော်သမ္မတ ရုံး၏ အမိန့် အမှတ် (၂/၂၀၁၃) အရ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော သူရဦးမြင့်မောင်နှင့် ဦးသိန်းထွန်းတို့ ယင်းတို့၏ သဘောဆန္ဒအလျောက် တာဝန် မှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ကြေညာချက်နှင့်ပတ် သက်၍ ယင်းတို့တာဝန်ကျရာ ဆက်စပ်ဌာနများ၌ လုပ်ငန်းများ အရှိန် အဟုန်ဖြင့် ဆောင်ရွက်နေ ချိန်၌ ယခုကဲ့သို့ နုတ်ထွက်ခွင့် ပြုလိုက်ခြင်း သည် မည်သည့် အကြောင်းကြောင့် နုတ်ထွက်ရ ခြင်းဖြစ်သည်ကို ပြည်သူသို့ တင်ပြခြင်း မရှိမှုက အစိုးရ၏ ပွင့်လင်းမြင် သာမှု အားနည်း ခြင်းကြောင့် ဖြစ် ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဆိုသည်။

““ပြည်ထောင်စုအဆင့်ဝန် ကြီးနှစ်ဦး နုတ်ထွက်သွားတယ်၊ လက်ရှိ အနေအထားအရ ဆက် သွယ်ရေးကဏ္ဍဆိုလည်း အရှိန် အဟုန်နဲ့ ဆောင်ရွက်နေတဲ့ အချိန်၊ ဒါပေမဲ့ ဒီပြည်ထောင် စုဝန်ကြီးတွေတာဝန်က နုတ်ထွက် ခွင့်ပြုတာနဲ့ပတ်သက်ပြီး၊ ဘာ အကြောင်းကြောင့်လဲ၊ ဘာ အားနည်းချက်ရှိလို့လဲ၊ ပြည် သူကို အစိုးရက တင်ပြရမယ်၊ ပွင့်လင်းမြင် သာမှုဆိုတာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့မှာကို မရှိသေးဘူး၊ ဒီလို ပွင့်လင်းမြင်သာမှုဆိုတာဟာ ယခင်ပါတီလမ်းစဉ် ခေတ်တည်းက ၀န်ကြီးတွေ နုတ်ထွက်သွားရင် ဘာကြောင့်မှန်းမသိလိုက် ဘဲ အစိုးရကလည်း ပြည်သူကို ဘာမှ မတင်ပြတာ ခု အစိုးရလက်ထက် ထိပဲ၊ ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရဆိုရင် နုတ်ထွက်ခွင့်ပြု လိုက်ရတဲ့ ၀န်ကြီးတွေမှာ ဘာ အားနည်းချက်တွေရှိနေလဲ၊ ဘာကြောင့်များ ပေး လိုက် ရတာ လဲ၊ ပြည်သူကိုတင်ပြရမယ်”” ဟု အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဦးဖုန်းမြင့်အောင်ကHot News သတင်းထောက်ဖြင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့ သည်။

သမ္မတရုံး၏ ကြေညာချက် အရ တာဝန်မှ အနားယူခွင့်ပြု လိုက်သော ပြည်ထောင်စုဝန်ကြီး များအနက် သာသနာရေးဝန်ကြီး ဌာန ပြည် ထောင်စု ၀န်ကြီး သူရဦးမြင့်မောင်သည် ယခင် အစိုးရလက်ထက်၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး၊ ဗိုလ်မှူးချုပ်၊ ဒုဝန်ကြီး နှင့် ၀န်ကြီး အဆင့်များထိ အဆင့် ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးသိန်းထွန်းသည် လည်း ယခင် အစိုးရလက်ထက်၌ ဆက်သွယ် ရေး၊ စာတိုက်နှင့် ကြေး နန်း ၀န်ကြီးဌာန၌ ဒုဝန်ကြီး၊ ဗိုလ်ချုပ်အဖြစ် အဆင့်ဆင့် တာဝန်ယူခဲ့ရာ အစိုး ရသစ်တက်ပြီးသည့်အချိန်တွင် အစိုးရအဖွဲ့သစ်၌လည်း ပြည် ထောင်စုဝန်ကြီးများအဖြစ် ပါဝင် ခဲ့သူများဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။