(Hugawng Kachin)
အချုပ်အားဖြင့်ဆိုသော်၊ မြန်မာ့နိုင်ငံရေး ဇာတ်ပေါင်းခန်းသည် ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲအလွန်တွင် ပုံပေါ်လာမည်လားဟု မှန်းဆထားမိ သည်။ အဆိုပါ ဇာတ်ပေါင်းခန်းတွင် မြန်မာ့ခရိုနီကြီးများသည် ခရိုနီငိုချင်း ကို ကြူးရင့်ပြီးသကာလ၊ ခရိုနီနှစ်ပါးသွားကို နိုင်ငံရေးခေါင်းဆောင်ကြီး များနှင့် တွဲကကြမည်လားဟု စိုးထင့်နေမိသည်။ သေချာသည်ကတော့၊ ၂၀၁၅ ခုနှစ်အလွန် မြန်မာ့နိုင်ငံရေး ဇာတ်ပေါင်းခန်းအတွက် ခရိုနီကြီး များက အကြီးအကျယ် စပွန်ဆာပေးကာ၊ နိုင်ငံရေး ခေါင်းဆောင်ကြီး များနှင့် လက်ချင်းချိတ်လျက်၊ အောင်ပွဲခံနေမည့် အချိန်တွင် မြန်မာပြည် သူလူထု အများစုကြီးကတော့၊ တစ်နေ့ရှင်သန်ဖို့အတွက် တစ်နေ့လုပ်စာ ကို ချွေးတဒီးဒီးကျ၊ ခက်ခက်ခဲခဲရှာဖွေလျက်၊ လက်လှုပ်မှ ပါးစပ်လှုပ်နိုင် မည့် ဘ၀တွင် ရေတိမ်နစ်နေဆဲ ဖြစ်နေဦးမည်မှာ မလွဲနိုင်သော တရား ပင် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ခရိုနီဟု အခေါ်ခံရသူများက အန်အယ်လ်ဒီ
နှင့် အခြားလူမှုရေးလုပ်ငန်းများကို ပံ့ပိုးသည်ဆိုပါက၊ ပံ့ပိုးစေသင့် ကြောင်း၊ အဆိုပါငွေများကို
အခြားနေရာတွင် အလာဟာသဖြစ်အောင် သုံးမည့်အစား၊ ပံ့ပိုးသင့်သောနေရာတွင် သုံးခြင်းသည်
အလွန်ကောင်း ကြောင်း၊ အန်အယ်လ်ဒီကို ချဉ်းကပ်လာသည်လား၊ အခြားအဖွဲ့ကို ချဉ်းကပ်သည်လားကို
မကြည့်လိုကြောင်း၊ ဘယ်ကိုထောက်ပံ့သည်၊ ဘာလုပ်သည်၊ ပြည်သူကို အကျိုးပြုမည်၊ ဒီမိုကရေစီအပြောင်းအလဲကို
အကျိုးပြုမည်၊ လိုအပ်နေသော ကျန်းမာရေး၊ ပညာရေးကိစ္စများကို အကျိုးပြုမည်ဆိုလျင် ကြိုဆိုရမည့်
ကိစ္စဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။ သို့သော် သွားသတိ၊ လာသတိ၊ စားသတိ၊
ပြောသတိ၊ တွေးသတိ၊ အစစအရာ ရာသတိရှိခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ထပ်လောင်း အကြံပြုလိုသည်။
စကားနောက် တရားပါ။ ကြမ်းကျွံလျင် နှုတ်ရ၊ စကားကျွံလျင်နှုတ်မရ။ စသည် စသည်တို့သည် ဆင်ခြင်ရဦးမည့်
အကိုးအကားများဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော်၊ မြန်မာ့နိုင်ငံရေး ဇာတ်ပေါင်းခန်းသည် ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲအလွန်တွင် ပုံပေါ်လာမည်လားဟု မှန်းဆထားမိ သည်။ အဆိုပါ ဇာတ်ပေါင်းခန်းတွင် မြန်မာ့ခရိုနီကြီးများသည် ခရိုနီငိုချင်း ကို ကြူးရင့်ပြီးသကာလ၊ ခရိုနီနှစ်ပါးသွားကို နိုင်ငံရေးခေါင်းဆောင်ကြီး များနှင့် တွဲကကြမည်လားဟု စိုးထင့်နေမိသည်။ သေချာသည်ကတော့၊ ၂၀၁၅ ခုနှစ်အလွန် မြန်မာ့နိုင်ငံရေး ဇာတ်ပေါင်းခန်းအတွက် ခရိုနီကြီး များက အကြီးအကျယ် စပွန်ဆာပေးကာ၊ နိုင်ငံရေး ခေါင်းဆောင်ကြီး များနှင့် လက်ချင်းချိတ်လျက်၊ အောင်ပွဲခံနေမည့် အချိန်တွင် မြန်မာပြည် သူလူထု အများစုကြီးကတော့၊ တစ်နေ့ရှင်သန်ဖို့အတွက် တစ်နေ့လုပ်စာ ကို ချွေးတဒီးဒီးကျ၊ ခက်ခက်ခဲခဲရှာဖွေလျက်၊ လက်လှုပ်မှ ပါးစပ်လှုပ်နိုင် မည့် ဘ၀တွင် ရေတိမ်နစ်နေဆဲ ဖြစ်နေဦးမည်မှာ မလွဲနိုင်သော တရား ပင် ဖြစ်သည်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။