Sunday, December 30, 2012

ဆန္ဒရယ် … လက်တွေ့ရယ် … ၂၀၀၈ အခြေခံဥပဒေရယ်


တူမောင်ညို၊ ဒီဇင်ဘာ ၂၉ ၊ ၂၀၁၂ 

“သမ္မတ” ဖြစ်ချင်တာကစိတ်ကူးပဲ ၊ အဲဒီစိတ်ကူး အကောင် အထည်ဖြစ်လာဖို့ လက်တွေ့ပထမဆုံးလုပ်ရမှာက “၂၀၀၈ အခြေခံ ဥပဒေ” ပြင်ဆင်ရေးဖြစ်ပါတယ်။ ဒါကလူတိုင်းသိတဲ့ကိစ္စပဲ။ “၂၀၀၈ အခြေခံဥပဒေ” မပြင်ဆင်နိုင်သမျှ “သမ္မတ” ဖြစ်ချင်တာဟာ စိတ်ကူး အဖြစ်ပဲတည်ရှိနေလိမ့်မယ်။ ဘယ်တော့မှ အကောင်အထည်ဖြစ်လာမှာ မဟုတ်ပါဘူး။
            “စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်ချင်တာက လည်း စိတ်ကူးပဲ၊ အဲဒီစိတ်ကူး အကောင်အထည်ဖြစ်လာဖို့ လက်တွေ့ ပထမဆုံးလုပ်ရမှာက “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးဖြစ်ပါတယ်။ ဒါလည်း လူတိုင်းသိတဲ့ကိစ္စပဲ။ “၂၀၀၈ အခြေခံဥပဒေ” မပြင်ဆင်နိုင်သမျှ “စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု”တည်ဆောက်ချင်တာကလည်း စိတ်ကူးဖြစ်ပဲ တည်ရှိနေလိမ့်မယ်။ ဘယ်တော့မှ အကောင်အထည်ဖြစ် လာ မှာမဟုတ်ဘူး။
           

Friday, December 28, 2012

ဟိုတစ်စ ဒီတစ်စ တပ်တွင်းပေါက်ကွဲသံများ - အပိုင်း (၄)

(စည်းလုံးခြင်းရဲ့အင်အား)

မြန်မာ့တပ်မတော် (လေ) ၏ အမှတ်တံဆိပ်

ဆောင်းပါးရှင် – ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိ တစ်ဦး)

ကဲ…….  ပစ္စည်းတွေပြီးတော့ လူတွေဘက် လှည့်ရအောင်။ လေသူရဲငယ်ဘ၀မှာ အရူးထခဲ့တဲ့  ဆောင်ပုဒ်လေးရှိပါတယ်။ “BIRDS FOOL ARE FLY, BECAUSE I FLYIENVYNO  MEN ONE EARTH” တဲ့။ သူများထက်ထူးလို့ ပျံနေတာပါပေါ့။ ဒါပေမဲ့ အခုခေတ်မှာ  ဒီလိုပျံသန်းမှုမှာ ရူးသွပ်သူတွေ ရှိပါသေးရဲ့လား၊ စားဝတ်နေရေးအတွက် ပူပင်နေရတဲ့အတွက် လေယာဉ်အပေါ်မှာရော ယုံကြည်မှု ရှိပါသေးရဲ့လား၊ စားဝတ်နေရေးအတွက်  ပူပင်နေရတဲ့အတွက် လေယာဉ်မောင်းရရင်ပြီးရောဆိုတဲ့ဘ၀မှာ ပျော်ပိုက်နေသူများကို လက်ချိုးရေလို့တောင် ရနေပါပြီ။

Thursday, December 27, 2012

သမ္မတ ဦးသိန်းစိန် ရဲ့ မိန့်ခွန်းအပေါ် သုံးသပ်ချက်

(Kachin Duwa)


သမ္မတ ဦးသိန်းစိန် အနေနဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ နေပြည်တော်မှာ ဌာနဆိုင်ရာ အုပ်ချုပ်မှု နဲ့ ဆိုင်တဲ့ မိန့်ခွန်းပြောကြားရာမှာ သူတို့ အစိုးရရဲ့ အချို့ နေရာ ဒေသ ဌာနတွေမှာ အစိုးရ အောက်ခြေ၀န်ထမ်းတွေဟာ လူထု နဲ့ ဆန့် ကျင်ပြီး အဂတိ လိုက်စား၊ လဒ်ပေး လဒ် ယူတာတွေ ရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

အားလုံးသိပြီးသားကို မြန်မာအစိုးရ အကြီးအကဲ တာဝန်ရှိသူ တစ် ယောက် အနေနဲ့ ပထမ ဆုံး ပရိသတ်ရှေ့ ၀န်ခံလိုက်ခြင်းလည်း ဖြစ်ပါ တယ်။

မိန့်ခွန်း နားထောင်ရတာတော့ ဘုရားတရားနာရသလိုပဲ နားထောင်လို့ ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံရေး ဆိုတာ ဘာသာတရား လိုက်နာ သလိုမျိုး နောက်ဘ၀ အကျိုးဆက်နဲ့ ကုသိုလ်ကံ အကြောင်း မပါတော့၊ လူတွေ အနေနဲ့ မိန့်ခွန်း တခု ကို ဘုရားတရားလို လိုက်နာဖို့ မလွယ်ပါ။ နိုင်ငံရေး မှာ စနစ် ကသာ အဓိက အလုပ်လုပ်တာပါ။ ပိုဆိုးတာက မိန့်ခွန်းပြောနေတဲ့ လူပုဂ္ဂိုလ် ကိုယ်တိုင် ပြည်သူ နဲ့ အောက်ခြေ၀န် ထမ်းတွေ အမှန်အကန် ရွေးချယ်ထားသူ မဟုတ်လို့ပါ။

အပြောင်းအလဲ နဲ့ မီဒီယာ လွတ်လပ်ခွင့်

(VOA)


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံရဲ့ နအဖ၊ နဝတ အစိုးရတွေ လက်ထက်က Black List လို့ခေါ်တဲ့ အမည်မည်း စာရင်း မှာ ထိပ်ဆုံးကပါခဲ့တဲ့ သတင်းသမား Bertil Lintner ဟာ သိပ် မကြာသေးခင်က မြန်မာနိုင်ငံထဲကို တရားဝင်သွားပြီးတော့ သတင်းယူခွင့် ရခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် တကယ်ရှိ လာပြီဆိုတဲ့ သက်သေပြချက်လား။ Bertil Lintner နှင့် ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးကတော့ မီဒီယာ လွတ်လပ်ခွင့်နှင့် ပတ် သက်ပြီးတော့ ပြောချင်ပါတယ်။ Bertil ။ မြန်မာနိုင်ငံအစိုးရက အခုအခါ ပြည်တွင်းမှာ သတင်းလွတ်လပ်ခွင့်တွေ ပေးနေပြီလို့ဆိုပါတယ်။ နမူနာ အားဖြင့် ကြည့်မယ်ဆိုရင် Bertil Lintner တကယ်တော့ ခင်ဗျား ဟာ မြန်မာစစ်အစိုးရ လက်ထက်တုန်းက Black List လုပ်ထားတဲ့ သတင်း ထောက်တွေအထဲမှာ ထိပ်ဆုံးကပါတဲ့ ပုဂ္ဂိုလ်ပါ။ အခု ခင်ဗျားကိုတောင်မှ တိုင်းပြည်ထဲကို လာပြီး သတင်းယူခွင့်ပေးတဲ့အထိ သူတို့က လိုက်လျော လာခဲ့ပါတယ်။ ဆိုတော့ ကျနော်က မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် တကယ်ရှိနေပြီလို့ ကျနော် မှတ်ယူလိုက်ရတော့မလား။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လူလိမ် စစ်အာဏာရှင် အစိုးရ

ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်

ယနေ့ ကချင်ပြည်နယ် ၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် နေရာအနှံ့အပြားတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားသည့် သတင်းများကို သတင်းဌာနများမှ ကြားသိနေရသည့် အတွက် ဂတိမတည် ၊ သစ္စာမရှိ ၊ အောက်တန်းကျသော စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဒေါသ ဖြစ်မိခဲ့ပါသည်။ ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည် ဖြစ်ခဲ့ရ ခြင်းအပေါ် အထူး စိတ်မကောင်း ၀မ်းနည်းနေရသလို စာရေးသူ ကိုယ်တိုင်လဲ အလိမ်ခံခဲ့ရ၍ မခံချိမခံသာ ဖြစ် နေ ရပါသည်။
စာရေးသူသည် မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ်နောက်ပိုင်း န၀တ၊ နအဖ လက်ထက် တိုင်းရင်းသား လက်နက်ကိုင်ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များကို အဓိက ဆောင်ရွက်ပေးခဲ့ရသော တပ်မတော် ထောက်လှမ်းရေး ညွန်ကြားရေးမှူးရုံး၊ နောင်တွင်တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံး၊ တိုက်ပွဲ ထောက်လှမ်းရေးဌာနခွဲ (ယခင်လှမ်း - ၁ ) တွင် စစ်ဦးစီးမှူး (ဒုတိယတန်း) တာဝန်ဖြင့် ၁၉၉၂ ခုနှစ် မေလ မှ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ အထိ အမှုထမ်းခဲ့ပါသည်။ စာရေးသူ တာဝန် ထမ်းဆောင်ခဲ့စဉ်အချိန် ကာလအတောအတွင်း ကချင် ၊ မွန် ၊ ကရင် ၊ ကရင်နီ ၊ ကယန်း ၊ ခွန်ဆာ ၊ ဒီကေဘီအေ ၊ ဖဒိုအောင်ဆန်း ၊ ဖုန်ကြားရှင်-ရန်မိုးလျံ ကိုးကန့် အရေးအခင်း အစရှိသည့် ဖြစ်စဉ်များတွင် အနီးကပ် အမှုထမ်းခဲ့ ပါ သည်။

လက်ရဲဇက်ရဲ သွေးသံရဲရဲ မြန်မာနိုင်ငံရဲ - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)


ရဲတပ်ဖွဲ့ဝင်များအား အဓိကရုဏ်းနှိမ်နှင်းရေးလေ့ကျင့်နေကြစဉ်

ရွှေဝါရောင်အရေးတော်ပုံကာလအတွင်းမှာ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံတွေကိုလည်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူများက တင်ပြလာပါတယ်။ ရဲတပ်ရင်းတွေကို အရေးပေါ်အခြေအနေမှာ ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး တပ်ခွဲတစ်ခွဲကို ဒုရဲမှူး/ရဲအုပ် ဦးစီးပြီး အင်အား (၅၆) ယောက် ပါတဲ့ တပ်ခွဲ (၁၆) ခွဲဖွဲ့ခဲ့တယ်လို့ သိရပါတယ်။ တပ်ခွဲအလိုက် တပ်ဆင်ခဲ့တဲ့ လက်နက်တပ်ဆင်မှု ဖွဲ့စည်းပုံကတော့ တပ်ခွဲတစ်ခွဲမှာ ပစ္စတို/ခြောက်လုံးပြူး (၂) လက်၊ ကာဘိုင် (၃) လက်၊ (၁၂) ဗို့ ပြောင်းချောသေနတ် (၁၅) လက်၊ (၃၇/၃၈) မမ ဗုံးပစ်သေနတ် (မျက်ရည်ယိုဗုံး အသုံးပြုတဲ့ ရှဲဂန်းလို့ ခေါ်တာပေါ့) (၃) လက်၊ ဒဿမ (၃၀၃) စက်ကလေး (၃) လက်၊ ချေမှုန်းရေး ရိုင်ဖယ် (၁၆) လက်၊ လက်ပစ်မီးခိုးဗုံး အလုံး (၅၀)၊ နံပတ်တုတ် အချောင်း (၅၀)၊ ဒိုင်း (၂၅) ခု ပါပါတယ်။ အရန်လက်နက်တွေနဲ့ တခြားပစ္စည်းတွေအနေနဲ့ သံဆူးကြိုးခွေတွေ၊ ၁၀ ပေတုတ်တွေက အချောင်း (၅၀)၊ ၃ ပေတုတ်က အချောင်း (၅၀)၊ လက်ထိပ်အခု (၅၀) ၊ တပ်ဖွဲ့ဝင်တိုင်းအတွက် လေးခွ/လောက်စာလုံးတွေ၊ လည်စီးအနီရောင်နဲ့ အပြာရောင်တွေ ရိက္ခာတစ်ပတ်စာပါ ထည့်သွင်းဖွဲ့စည်းပေးထားခဲ့ပါတယ်။ လိုအပ်တဲ့လက်နက်တွေကို ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ နရခ လို့ခေါ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ရုံးကနေ ဖြည့်ဆည်းပေးခဲ့ပါတယ်။ စစ်ကြောင်းရုံး ဖွဲ့စည်းမှုအရကတော့ တပ်ခွဲနှစ်ခွဲကို စစ်ကြောင်းတစ်ကြောင်း၊ စစ်ကြောင်းနှစ်ကြောင်းကို ရဲတပ်ရင်းတစ်ရင်းအနေနဲ့ ဖွဲ့ခဲ့ပါတယ်။ ဒါ့အပြင် ရဲမှူးအေးသန်းဦးစီးတဲ့ အကြမ်းဖက်တပ်ဖွဲ့ရှိပြီး ၎င်းအကြမ်းဖက်တပ်ဖွဲ့ လက်အောက်မှာလည်း တပ်ခွဲ (၄) ခွဲ ရှိပါတယ်။

ဒီလိုနည်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်လို့ ရမတဲ့လား

(နေ့သစ်)


ဗမာပြည်ရဲ့ရာစုနှစ်တ၀က်ကျော်ကြာ ပြည်တွင်းစစ်ကြီး စတင်ဖြစ် ပေါ်ခဲ့တာမှာ ဗမာပြည်စစ်အုပ်စုအဆက်ဆက်ရဲ့ ရှေးဦး လမ်းဖောက် သူလို့ ပြောရမယ့် စစ်တပ်အတွင်းက ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးစသူတွေရဲ့ ဆိုရှယ်လစ် အုပ်စုဟာ အရေးကြီးတဲ့ အခန်း က ပါဝင်ခဲ့ပါတယ်။ နောက်ပြီး ဖဆပလ-ပထစအစိုးရတွေရဲ့ လက်ထက် တလျှောက်လုံး မှာလည်း သူတို့ဟာ ပြည်တွင်းစစ်ရပ်စဲရေးကို အပြင်း အထန်ဆန့်ကျင်ပြီး အပြုတ်တိုက်ရေး ကြွေးကြော်သံကို စွဲစွဲမြဲမြဲ ဆုပ်ကိုင် ခဲ့ ကြပါတယ်။

ဗမာပြည်မှာပထမဆုံးငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာက ၁၉၆၂မှာ အာ ဏာ သိမ်းခဲ့တဲ့ ဗိုလ်နေ၀င်းက ၁၉၆၃ ခုနှစ်မှာ ခေါ် ဆိုခဲ့တဲ့ဆွေးနွေးပွဲ ဖြစ်ပါတယ်၊ အဲဒီတုန်းက တော်လှန်ရေးကောင်စီအစိုးရက ဒီဆွေးနွေးပွဲ ကိုခေါ်ရတာရဲ့နောက်ခံက

Wednesday, December 26, 2012

မြန်မာပြည်နှစ်သစ်ကို ကြိုတဲ့ လဒကြီး ၆ ကောင်


ကာတွန်းစောငို – မြန်မာပြည်နှစ်သစ်ကို ကြိုတဲ့ လဒကြီး ၆ ကောင်

Tuesday, December 25, 2012

လက်ရဲဇက်ရဲ သွေးသံရဲရဲ မြန်မာနိုင်ငံရဲ - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)

ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များကို သယ်ဆောင်လာသော ယာဉ်တန်းတစ်ခု

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သမိုင်းကြောင်းဟာ စကတည်းက ဆန္ဒပြသူများရဲ့သွေးဖြင့် ရင်းနှီးခဲ့ရပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၃၆ ခုနှစ်မှာ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးရခြင်းမှာ ရဲတပ်ဖွဲ့ဝင်များရဲ့ နှိပ်ကွပ်မှုကြောင့် ဖြစ်ပြီး ကျောင်းသားသပိတ် ဖြစ်ပွားလာရတာဖြစ်ပါတယ်။

ဖဆပလအစိုးရလက်ထက်တုန်းကလည်း ရဲတပ်ဖွဲ့ဝင်များရဲ့ လက်လွန်ခြေလွန်နှိမ်နှင်းမှုကြောင့် တက္ကသိုလ် ကျောင်းသားများ သေဆုံးသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ရပြီး အစိုးရက ၀န်ချတောင်းပန်ခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးရဲ့ အစဖြစ်တဲ့ RIT ကျောင်းသားများကို ရဲတပ်ဖွဲ့ဝင်များက ပရမ်းပတာ နှိမ်နှင်းခဲ့ရာမှာ ကျောင်းသားတစ်ဦး ဖြစ်တဲ့ ကိုဖုန်းမော်ကျဆုံးခဲ့ရပါတယ်။ တက္ကသိုလ်ဧရိယာအတွင်းမှာ ဖမ်းဆီးခံရတဲ့ ကျောင်းသူ၊ ကျောင်းသားများကို အချုပ်ကားပေါ် အတင်းအကျပ် ထိုးသိပ် ထည့်လိုက်မှုကြောင့် အသက်ရှုမွန်းကျပ်ကာ အများအပြား သေကျေခဲ့ရပြီး အဲဒီဖြစ်စဉ်အတွက် ရဲချုပ် နှုတ်ထွက်ပေးလိုက်ရပါတယ်။


Friday, December 21, 2012

ဟိုတစ်စ ဒီတစ်စ တပ်တွင်းပေါက်ကွဲသံများ - အပိုင်း (၃)


(စည်းလုံးခြင်းရဲ့အင်အား)
 တပ်မတော် (လေ) မှ ထိပ်တန်းအရာရှိကြီးများအား အိန္ဒိယလေတပ်ဦးစီးချုပ်နှင့်အတူ တွေ့ရစဉ်

ဆောင်းပါးရှင် – ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိ တစ်ဦး)

တပ်မတော်ထဲက အဆင်မပြေမှုများစွာကို ဒီနေရာကနေ ပြည်သူတွေဆီ ဆက်လက်ပြောပြချင်ပါတယ်။ ဒါမှလည်း “မြွေတိုင်း အဆိပ်မရှိဘူး” လို့ လက်ခံပေးကြမှာပါလို့  အစချီပြီး ကျွန်တော့်ဝန်းကျင်က အပိုင်းအစများစွာကို စုစည်းနိုင်သမျှ  ဖော်ပြပေးနေခဲ့တာပါ။ ကိုယ့်ပေါင်ကို လှန်ထောင်းတယ်ပဲဆိုဆို ဒီလိုအဖြစ်မျိုးတွေကို သိသင့်သူတွေဟာ ပြည်သူတွေသာ ဖြစ်ပါတယ်။

Thursday, December 20, 2012

(လေ) နှစ်ပတ်လည်နေ့မှာ အကျဉ်းခံအရာရှိတွေကို လေချုပ် မေ့လျော့နေသလား

(စည်းလုံးခြင်းရဲ့အင်အား)


လေကြောင်းစွမ်းရည်ပြ လေသူရဲများအား ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်နေစဉ်

(၆၅) နှစ်မြောက် တပ်မတော် (လေ) နှစ်ပတ်လည်နေ့အခမ်းအနားကို ဒီဇင်ဘာလ (၁၅) ရက်နေ့က မိတ္တီလာမြို့ရှိ လေတပ်စခန်း ဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဒီအခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။ ထူးခြားတာက အဲဒီအခမ်းအနားမှာ ငှက်ငါးမျိုးကို တစ်မျိုးကို ငှက် (၆၅) ကောင်နှုန်းနဲ့ စုစုပေါင်း (၃၂၅) ကောင်ကို လွှတ်လိုက်တယ်လို့ သိရပါတယ်။ ယခင် တပ်မတော် (လေ) မွေးနေ့တွေမှာ ယခုလိုမျိုး လုပ်လေ့လုပ်ထ သိပ်မရှိတာကြောင့် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမြတ်ဟိန်းတစ်ယောက် စတန့်ထွင်တာလား၊ ယတြာအစီအမံတွေပဲလားဆိုတာ စဉ်းစားစရာဖြစ်တယ်လို့ ကက (လေ) မှ အရာရှိတချို့က ပြောလာပါတယ်။ ဒါ့အပြင် မွေးနေ့ကိတ်ကို အမှတ်တရလှီးပြီး စားသုံးကြတယ်လို့ ဆိုပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် ကိတ်မုန့်ကို လှီးဖြတ်ပေးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သက်ရှိ လူမွေးနေ့ဆိုရင် သဘာဝကျပေမဲ့ တပ်မတော် (လေ) အခမ်းအနားဟာ သက်မဲ့ရုပ်ဝတ္တု ကိုယ်စားပြုဖြစ်တာမို့ ကိတ်မုန့်အား လှီးရတာကို ကြည့်ရတာဟာ တမျိုးကြီးဖြစ်နေတယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုကြပါတယ်။

စစ်တပ်ကို မထိန်းချုပ်နိုင်ခြင်းသည် သမ္မတ ဦးသိန်းစိန်အတွက် ပထမဆုံး စိန်ခေါ်မှုဖြစ်

(ဧရာဝတီ)


ဒီမိုကရေစီစနစ် တည်ဆောက်နေဆဲ မြန်မာနိုင်ငံ၏ အနာဂတ်တွင် အဓိက စိန်ခေါ်မှုကြီး ၃ ခု ရှိပြီး  သမ္မတ ဦးသိန်းစိန် အနေဖြင့် မြန်မာ့တပ်မတော်ကို အပြည့်အ၀ ထိန်းချုပ်နိုင်မှု မရှိသေးခြင်းသည် ပထမဆုံးဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုမှ ၀ါရင့် နိုင်ငံရေးသိပ္ပံ ပညာရှင် ဒေါက်တာ မိုက်ကယ် ဂရင်းက ပြောဆိုလိုက်သည်။

“ဦးသိန်းစိန်က စစ်တပ်ကို အပြည့်အ၀ မထိန်းချုပ်နိုင်သေးဘူး။ မာရှယ်လော (စစ်အုပ်ချုပ်ရေး) ကြေညာနိုင်တဲ့ မဲပေးခွင့်ရှိတဲ့ အာဏာပိုင်တွေထဲမှာ သူက ဆန္ဒမဲ တ၀က်လောက်ပဲ ရနိုင်သေးတယ်။ အချိန်မရွေး လွှတ်တော်ကို ပိတ်ပစ်လို့ ရနေတယ်” ဟု ဒေါက်တာ မိုက်ကယ် ဂရင်းက Geogorgetown Journal နှင့် “မြန်မာနိုင်ငံရဲ့ အနာဂတ်” အမည်ရှိ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားထားသည်။

ဒေါက်တာ မိုက်ကယ် ဂရင်းကို သမ္မတ ဂျော့ဂ်ျ ဘွတ်ရှ် အစိုးရလက်ထက်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ရာထားခဲ့ဖူးပြီး ၀ါရင့် သံတမန်တဦးလည်းဖြစ်သလို နိုင်ငံတကာရေးရာတွင် နှံ့စပ်ကြွယ်ဝသူတဦးလည်း ဖြစ်သည်။ သူသည် မကြာသေးခင်က မြန်မာနိုင်ငံသို့ သွားရောက်လေ့လာခဲ့ပြီး  နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး စင်တာ (Center for Strategic and International Studies – CSIS) ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကိုလည်း ပူးတွဲရေးသားခဲ့သူဖြစ်သည်။

အမေရိကန် စစ်တပ်က မြန်မာ စစ်အရာရှိများကို သင်တန်းပေးမည်

(ဧရာဝတီ)


မြန်မာတပ်မတော်အရာရှိများကို အမေရိကန်နိုင်ငံက တိုက်ခိုက်ရေးနှင့် မသက်ဆိုင်သည့် စစ်ဘက်ဆိုင်ရာ သင်တန်းများ စတင်ပေးတော့မည်ဟု ၀ါရှင်တန်အခြေစိုက် AFP သတင်းတွင် ယမန်နေ့က ရေးသားဖော်ပြလိုက်သည်။

လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို အားပေးသည့်အနေဖြင့် နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး  အဓိကအားဖြင့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး၊ စစ်ဘက်ဆိုင်ရာ ဆေးဝါးကုသရေးနှင့် ကာကွယ်ရေးကဏ္ဍ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ပို့ချမည်ဟု ပင်တဂွန် စစ်ဌာနချုပ်မှ အရာရှိတဦးကို ကိုးကားပြီး AFP သတင်းက ရေးသားထားသည်။

Wednesday, December 19, 2012

ရခိုင်ပြည်နယ်မှ အကွက်အကောင်းကျသော ပင်လယ်ကမ်းခြေနေရာ အများစု ဗိုလ်ချုပ်ဟောင်းများ လက်ထဲရောက်


ထွန်းထွန်း၊ နိရဉ္စရာ

ရခိုင်ပြည်နယ်မှ သာယာလှပသော ကျောက်ဖြူ၊ သံတွဲနှင့် ဂွမြို့နယ်ရှိ ပင်လယ်ကမ်းခြေမှ အကွက်အကောင်း ကျသော နေရာ အများစုမှာ ဗိုလ်ချုပ်ကြီးဟောင်းများနှင့် သူတို့၏ ဆွေမျိုး မိသားစု လက်ထဲသို့ ရောက်ရှိ သွားပြီဖြစ်ကြောင်း သိရသည်။
 ငပလီ ကမ်းခြေမှ ဒေသခံပြည်သူများ၏ နေ့စဉ်ဘ၀။

များမကြာမီက သံတွဲမြို့နယ် အတွင်း အသိမ်းခံထားရသော မြေများကို သွားရောက် စစ်ဆေးခဲ့သည့် လယ်ယာမြေများနှင့် တစ်ခြားမြေများ စစ်ဆေးရေး လွှတ်တော် ကော်မရှင် အဖွဲ့ဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းမှ သံတွဲ ရွှေဝါချိုင်တွင် သူမြင်တွေ့ခဲ့ရသော အခြေအနေများကို ယခုလို ပြောကြားသည်။

Tuesday, December 18, 2012

မြွေအရေခွံလဲ နိယာမ

(Kachin Duwa)

မြွေ ဆိုတဲ့ သတ္တ၀ါဟာ အချိန်အခါ နဲ့ အလိုက် အရေခွံလဲ တဲ့ သတ္တ၀ါ ဖြစ်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် ကြီးထွားခြင်းရဲ့ တဆစ်ချိုးအချိန်လို့လဲ ပြောလို့ရပါတယ်။ မြွေတကောင် အရေခွံလဲ လိုက်ခြင်းသည် သူ့ခန္ဓာ ကိုယ်တခုလုံး ပြောင်းသွားခြင်းမဟုတ်၊ အတွင်းသား၊ ကလီစာများ နှင့် စိတ်ဓါတ်၊ အကျင့်၊ မာန၊ မှတ်ဥာဏ် စသော စိတ္တဇနာမ် အားလုံး တခု မကျန် အရင်အတိုင်းသာ ဖြစ်သည်။ ထို စိတ္တဇနာမ်များ ကို ပိုကောင်း လာ ဖို့ ခန္ဓာကိုယ် ပိုပြီးဖွံ့ဖြိုးလာအောင် တဆစ်ချိုး အားဖြည့်ပေးခြင်းသာ ဖြစ်လေသည်။

လက်ရှိအစိုးရ….

မြွေအရေခွံလဲ အစိုးရ ဆိုပြီး နိုင်ငံတကာမှာ နာမည်ကြီးလာတဲ့ လက်ရှိ အစိုးရကော တကယ်တမ်း သူတို့ ကိုယ်ခန္ဓာ နဲ့ စိတ္တဇနာမ်များ ပြောင်းနိုင် ပါမည်လား? မဖြစ်နိုင်ပေ။ ဒီတော့ ပိုအားကောင်းလာဖို့ တဆစ်ချိုး အချိန်လား? ဖြစ်နိုင်ပါသည်။

Sunday, December 16, 2012

လက်ပန်းတောင်းတောင် အရေးအခင်းနဲ့ ရဲသမိုင်းအစဉ်အလာ - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း

ယခင် န၀တအစိုးရလက်ထက်တုန်းက တပ်မတော်ခေါင်းဆောင် စစ်ဗိုလ်ချုပ်ကြီးတွေဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား မဟာဗျူဟာအရ နိုင်ငံတော်အတွက် အရေးကြုံလာလျှင် စစ်တပ်ရဲ့အရန်အင်အားအဖြစ် ဖွဲ့စည်းထားဖို့ ညွှန်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီကို ၁၉၉၅ ခုနှစ်၊အောက်တိုဘာလ ၁ ရက်နေ့တွင် ဖွဲ့စည်းပြီး အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်က ကြီးကြပ်ကာ မူဝါဒများ ချမှတ်ပေးခဲ့ပါတယ်။ စစ်တပ်ပုံစံမျိုးဖြစ်သည့် ရဲဦးစီးအရာရှိချုပ်၊ ရဲရေးချုပ်၊ ရဲထောက်ချုပ်အပြင် ရဲတပ်ရင်းများ ကွပ်ကဲရေးမှူးအား ရဲမှူးချုပ်ရာထူးပေးကာ ထိပ်ပိုင်းမှာ ဒုရဲချုပ်နဲ့ ရဲချုပ်များက ကွပ်ကဲစေပါတယ်။ ရဲတပ်ရင်းများကွပ်ကဲရေးမှူးဟာ နောက်ပိုင်းမှာ စစ်တပ်က တပ်မတော် (ကြည်း) စစ်ဆင်ရေးအထူးအဖွဲ့မှူးရာထူးနဲ့ အသွင်သဏ္ဍာန် တူလာပါတယ်။

တပ်မတော်က ပြည်သူ့ အတွက်လား အဲဒီလူကြီးတွေ အတွက်လား


(ရွှေဟင်္သာသတင်းဌာန)
ဆောင်းပါးရှင် - ဦးအောင်လင်းထွဋ်

 ဦးပိုင်ကုမ္မဏီတွေနဲ့ ပက်သက်ပြီးတော့ သူတို့  ၁၉၉၀ ခုနှစ်လောက်ကစပြီးတော့မှ အမှန်တကယ် ရည်ရွယ်ချက် က တော့ တပ်မတော်ရဲ့ မိသားစုတွေ သက်သာချောင်ချိရေးနဲ့  တပ်မတော်သားဟောင်းတွေရဲ့ မိသားစုတွေသက်သာ ချောင်ချိရေးဆိုတာကို ရည်ရွယ်ပြီး ဒီလို ဖွဲ့ ခဲ့တာပါ။

ဒါပေမယ့် နောက်ပိုင်းမှာ ဦးပိုင်ရဲ့ ရည်ရွယ်ချက်တွေကို ပျောက်ပြီးတော့မှ နိုင်ငံတစ်နိုင်ငံလုံးရဲ့ စီးပွားရေးကိုပါ ထိန်းချုပ် ဖို့ ဆိုတဲ့ ရည်ရွယ်ချက်မျိုးတွေ အနေအထားမျိုးရှိလာတယ်။ အထူးသဖြင့်တော့ ဒီကိစ္စတွေဟာ ၁၉၉၇ ခုနှစ်ပေါ့လေ၊ န၀တ ကနေပြီး နအဖ ကို ပြောင်းတဲ့အချိန် နောက်ပိုင်းမှာ ဖြစ်လာတဲ့အနေအထားမျိုး ရှိပါတယ်။ အဲဒီအချိန်က စပြီး တော့မှ မြန်မာနိုင်ငံမှာရှိတဲ့ သတ္တုနဲ့ ပက်သက်ပြီးတော့ ဖားကန့် တို့  မိုးကုတ်တို့ မှာ တပ်မတော်ရဲ့  ဦးပိုင်ရဲ့  ကွပ်ကဲမှု အောက်ကို ရောက်ခဲ့ပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး နဲ့ မူးယစ်ဆေး

(VOA မြန်မာပိုင်း)


ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ နယ်မှာ ဘိန်းဖြူစားသုံးသူများပြားလာကြောင်း ဒီဇင်ဘာ (၅) ရက်နေ့က သျှမ်းသံတော်ဆင့် စာစောင်မှာ ဖော်ပြပါတယ်။ နိုဝင်ဘာလ (၆) ရက်နေ့ကတော့ မူးယစ်ဆေးရာဇာ ရှမ်းအမျိုးသား နော်ခမ်းနဲ့ အပေါင်းပါတစုကို မဲဂေါင်မြစ်ပေါ်မှာ တရုတ်သင်္ဘောသား (၁၃) ဦးကို ဖမ်းဆီးသတ်ဖြတ်မှုနဲ့ ယူနန်ပြည်နယ် ကုမင်တရားရုံးက သေဒဏ်ပေးလိုက်တာကို သတင်းဌာန အတော်များများက ဖော်ပြကြပါတယ်။ နော်ခမ်းဟာ ဘိန်းဘုရင်ခွန်ဆာရဲ့  တပ်ဖွဲ့မှာ ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၉၆ ကစပြီး တာချီလိတ်မြို့ နယ် ပြည်သူ့စစ်ခေါင်းဆောင်တဦး ဖြစ်ခဲ့ပါတယ်။ တကယ်တော့ နော်ခမ်းဟာ လူသတ်မှုနဲ့ ပတ်သက်တဲ့ အထောက်အထား မခိုင်လုံဘူးလို့ ထိုင်းရဲက ယူဆတာမို့ ထိုင်းတရားရုံးမှာဆိုရင် လွတ်နိုင်တယ်လို့ ဆိုပါတယ်။

အခု Asia World ကုမ္မဏီပိုင်ရှင် ကုဋေကြွယ်သူဋ္ဌေးကြီးဖြစ်နေတဲ့ လော်စစ်ဟန်ကို ၁၉၇၃ က ဘန်ကောက်မှာဖမ်းပြီး ရန်ကုန်ကို ပို့ပေးတဲ့အတွက် မြန်မာ့နိုင်ငံရေး၊ စီးပွားရေးမှာ အဓိက အခန်းကပါဝင်လာနိုင်တာ ဖြစ်ပါတယ်။ ၁၉၈၀ မှာ ထောင်ကလွတ်လာပြီး ကာကွယ်ရေးတပ်ဖွဲ့အမည်ခံတဲ့ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ဘိန်းမှောင်ခို ပြန်လုပ်ပါတယ်။ ဖုန်ကြာရှင် ခေါင်းဆောင်တဲ့ ကိုးကန့်အဖွဲ့ ဗကပ က ခွဲထွက်ပြီး စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲအောင် ကူညီနိုင်တဲ့ လော်စစ်ဟန်ဟာ အခွင့်ထူးခံ ဖြစ်လာပါတယ်။

Saturday, December 15, 2012

နိုင်ငံကို တရုတ်လက်ထဲ ရောင်းစားထားကြသော မြန်မာစစ်ခေါင်းဆောင်များ



သန်းတင်
ဒီဇင်ဘာ ၁၄၊ ၂၀၁၂


ပြည်ထောင်စုမြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် တိုင်းပြည်ကို အုပ်ချူပ်ခဲ့ကြသော ခေါင်းဆောင်များကို လေ့လာကြည့်လျှင် ဓားတစ်ပြက် ဒုတ်တစ်ပြက်ဖြင့် ပြည်သူများကို ရိုင်းစိုင်းမောက်မာစွာ အုပ်ချူပ်ခဲ့ကြသည်ကို  လေ့လာတွေရှိရမည်ဖြစ်သည်။ အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်ရပါသနည်းဟု ပြဿနာ၏ရင်းမြစ်ကို လေ့လာကြည့်လျှင် ထိုသူတို့တွင် တိုင်းပြည်နင့်လူမျိုးအပေါ်တွင် အမှန်တကယ်စစ်မှန်သော မေတ္တာစေတနာမရှိမှု။ ပညာအမျော်အမြင်အားနည်းမှု၊ အာဏာကို အလွန်အကျွံမက်မောမှု၊   အများပြည်သူကောင်းစားရေးထက် မိမိမိသား စုကောင်းစားရေ စသော တစ်ကိုယ်တော်အတ္တဆန်မှုတို့ကို တွေ့ရှိရ မည်ဖြစ်သည်။ အမှန်တရာနှင့် လုံးဝကင်းကွာပြီး လက်တွေ့မကျသော ပေါ်လစီများ။မှုဝါဒများကို ကျင့်သုံးခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံ တွင် လူတော်လူကောင်းများ။တတ်သိပညာရှင်များ မ၇ှိသည်မဟုတ်ပါ။ ထိုလူတော်လူကောင်းများ တတ်သိပညာရှင်များအတွက် နေရာမရှိခြင်း သာဖြစ်သည်။ အထက်ဖားအောက်ဖိများ၊ ခရိုနီတရုတ်စီးပွါးရေး သမားများ၊ အာဏာရှင်အကြိုက် ပုံဖေါ်ထောက်ခံပေးကြသော အာဏာရှင်လက်သစ်လူတစ်စုအတွက်သာလျှင် နေရာမြဲ၊ အာဏါမြဲ၊ စီးပွား ရေးခိုင်မာတောင့်တင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။

ပြည်သူလူထုထောက်ခံမှုလုံးဝမရဘဲ  မိမိကိုယ်ကိုဆွဲခန့်ပြီး လူကြီးတက် လုပ်နေကြသော စစ်အစိုးရနင့် စစ်အစိုးရအရေခြုံ ဦးသိန်စိန်အစိုး ရ သည် ဒီမိုကရေစီလမ်းစဉ်ကို ဖေါ်ဆောင်နေပါတယ်လို့ မင်းသားခေါင်း ဆောင်းပြီး ကမ္ဘာကိုလိမ်ညာပြောနေခြင်းသည် လက်ပံတောင်း တောင် အရေးကိစ္စတွင် ရဟန်းရှင်လူများအား အကြမ်းဖက်မှုက ဘီးလူးရုပ်ကို ထင်ပေါ်စေပါသည်။ အရေးအခင်းကြုံတိုင်း ပြည်ပအဖွဲ့ အစည်းများ ကိုလက်ညှိုးထိုးခေါင်းလွဲ လုပ်လေ့ရှိသော မြန်မာခေါင်းဆောင်များသည် ယခုတစ်ကြိမ်တွင်လည်း နိုင်ငံရေးအရ အမြတ်ထုတ် လိုသူများကြောင့် ဆိုပြီး အတို့က်အခံပါတီများဖက်သို လေသံပစ်နေပါသည်။

Friday, December 14, 2012

ဟိုတစ်စ ဒီတစ်စ တပ်တွင်းပေါက်ကွဲသံများ - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)


လေယာဉ်မောင်းသင်တန်းဆင်းပွဲတစ်ခုတွင် မိန့်ခွန်းပြောကြားနေသော ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမြတ်ဟိန်း

ဆောင်းပါးရှင် – ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိ တစ်ဦး)

စစ်တက္ကသိုလ်တည်ရှိရာ ပြင်ဦးလွင်မြို့ဟာ ထောင်နှင့်ချီတဲ့ ဗိုလ်လောင်း ဈေးကွက်ကြီး၊ ထိုမှတဖန် အရာရှိသင်တန်းသား ဈေးကွက်ကြီးနဲ့ လက်ညိုး ထိုးမလွဲသော စစ်ဗိုလ်တို့ ကျက်စားရာ  မြေယာဖြစ်နေပေပြီ။ အလျဉ်းသင့်လို့ ပြောပြပါအုံးမယ်။ ကျွန်တော်တို့  အပတ်စဉ်မှာ လေတပ် က တပ်ကြပ်ကြီး တစ်ယောက်ရဲ့သား ပါလာပါတယ်။ ကျွန်တော်က လည်း  လေတပ်ကို စိတ်ဝင်စားသူမို့ မကြာခဏ လေတပ်အကြောင်းတွေ သူ့ကို မေးဖြစ်ပါတယ်။  သူကလည်း လေသူရဲတွေ မှောင်ခိုခေတ်မှာ ရဟတ်ယာဉ်နဲ့ ပစ္စည်းသယ်ပုံတွေ၊ လေယာဉ်ဆီ  ဘယ်လိုချန်ပြီး ဘယ်လို ထုတ်ရောင်းပုံတွေကအစ ကျွန်တော့်ကို ပြောပြပါတယ်။
လေယာဉ်ဆီအပြင်ကိုမထုတ်မီ လေယာဉ်ရုံနံဘေးက ရေမြောင်းထဲမှာ အိတ်တွေထားပြီး  သွန်ချထားရကြောင်း၊ ပြီးမှ ဆာလာအိတ်လို အိတ် တွေနဲ့ စက်ဘီးပေါ်တင်ပြီး  ဒိုင်ကိုပို့ရကြောင်း၊ ဒိုင်ဆိုတာကလည်း ထောက်လှမ်းရေးနဲ့ မကင်းရာမကင်းကြောင်းတွေပဲဖြစ်ကြောင်း၊ ဒီလို သယ်ပို့ပေးတဲ့အခါ စစ်သည်တွေက  အလှည့်ကျလုပ်ရတာဖြစ်ပြီး ရဲဘော် တိုင်းဟာ Carry လုပ်ချင်သူများနေလို့ဖြစ်ကြောင်း၊ ဆီရောင်းရငွေကို အုပ်မှူးနှင့် အုပ်စက်မှုလက်မှု အရာရှိ (EO) က  ခွဲယူကြောင်း၊ ပျံသန်း ရေးက ၆၀ % နဲ့ စစ်သည်များဘက်က ၄၀% ရကြောင်း၊  သက်ဆိုင်ရာ စခန်းမှူး၊ အုပ်ချုပ်ရေး၊ တပ်ရဲ၊ လေကြောင်းထိန်းမျှော်စင်  စတာတွေကို လည်း နာရီအပြည့် မပျံတာတွေ၊ ဆီခိုးထုတ်ရာလမ်းကြောင်းလုံခြုံမှု  စတာတွေအတွက် ခွဲဝေပေးရကြောင်း သူပြောပြခဲ့ရာမှာ ကျွန်တော်လည်း  ထူးဆန်းအံ့ဖွယ် ဖြစ်နေခဲ့ပါတယ်။ ၁၉၉၆ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းကြီးကို ဧရာဝတီတိုင်း၊ သာပေါင်း မြို့နယ်မှာ လုပ်ခဲ့စဉ်က ပုသိမ်မြို့ဧရိယာတ၀ိုက် ရေတပ်သင်္ဘောများဟာ ဆီပေပါလိုက် ထုတ်ရောင်းချလိုက်လို့ မှောင်ခိုစက်သုံးဆီ ဈေးကွက် ပြုတ်ကျကုန်တယ်။ ကြည်းတပ်နဲ့လေတပ်တွေဟာ ဆီကို ချိန်ခွက်နဲ့ချိန် ပြီး ထုတ်ရောင်းချပေမဲ့ ရေတပ်က ပေပါလိုက် ထုတ်ရောင်းလိုက်လို့ မျက်လုံးပြူးစရာ စံချိန်ကျိုးသွားတာပေါ့။

Thursday, December 13, 2012

မြန်မာနိုင်ငံ လူ့အခွင့်အရေး ပြည့်ဝဖို့

(VOA) (သတင်းသုံးသပ်ချက်)


ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ပြည့်ဝဖို့ဆိုရင် စစ်တပ်ရဲ့  ကြီးစိုးမှုကို ဖယ်ရှားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှရမယ်လို့ဆိုခဲ့သူ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomás Ojea Quintana  နှင့် ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပါမောက္ခ ကင်တာနား ခင်ဗျာ။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ကျနော်တို့ စပြီး ပြောရအောင်ဗျာ။ အဓိက ကျနော် ပထမ မေးချင်တာကတော့ မြန်မာနိုင်ငံရဲ့ ဟိုတုန်းက ၊ ဟိုတုန်းက ဆိုတာက စစ်အုပ်ချုပ်ရေး စစ်အစိုးရလက်ထက်တုန်းက လူ့အခွင့်အရေး အခြေအနေနှင့် အခု သမ္မတ ဦးသိန်းစိန်ရဲ့ အရပ်သားအစိုးရဆိုတဲ့ အစိုးရတက်လာပြီးတဲ့နောက် လူ့အခွင့်အရေး အခြေအနေ ဘယ်လိုကွာခြားမှု ရှိပါသလဲ။ ပထမဦးဆုံး နှိုင်းယှဉ်ပြီး။

Wednesday, December 12, 2012

လက်ပန်းတောင်းတောင် အရေးအခင်းနဲ့ ရဲသမိုင်းအစဉ်အလာ - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)



မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အသုံးပြုရန် ဖြည့်ဆည်းပေးထားသော ခေတ်မီ မော်တော်ယာဉ်များ

အယ်ဒီတာအဖွဲ့၏ တင်ပြချက် (၁) ။       ။ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုက်ဒ်အနေဖြင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ ဂယက်ရိုက် နေ တဲ့ လက်ပန်းတောင်းတောင် အရေးအခင်းတွင် အကြမ်းဖက်နှိမ်နှင်း ခဲ့ရ တဲ့ ရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး အကြောင်းအရာများကို သတင်းအနေ ဖြင့်၎င်း၊ သတင်းဆောင်းပါးအနေဖြင့်၎င်း ဖော်ပြရန် စီစဉ်ထားပါတယ်။ နိုင်ငံတော်မှာ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့တည်းသာရှိရမည်ဟု သတ်မှတ် ထား ရာ စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေဟာ လုပ်ငန်းတာဝန် သဘောသဘာဝအရ ဆက်စပ်ရောထွေး ပတ်သက်နေတာမို့ တင်ပြရခြင်း ဖြစ်ပါတယ်။

                                  (၂) ။        ။ ယခုအခါ လက်ပန်းတောင်း တောင် စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့စည်းထားပြီးဖြစ်လို့ သတင်းအချက်အလက် အထောက်အထား လိုက်လံစုဆောင်းနေပြီဖြစ်ရာ တစ်ထောင့်တစ်နေရာ မှ တင်ပြထားချက်များကို အထောက်အကူပြုလိမ့်မည်ဟု ယုံကြည် မျှော်လင့်ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ အစိုးရအဆက်ဆက် အမိန့်နှင့်တာဝန် အရ ထမ်းဆောင်ရသည်ဆိုသော်လည်း စည်းကမ်းတကျနှင့် လုပ်ထုံး လုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိမှု၊ အကျင့်စာရိတ္တ အနည်းနဲ့ အများ ပျက်ယွင်းမှု၊ အစိုးရအဖွဲ့များရဲ့ တာဝန်ခံခြင်း၊ ဖြေရှင်းနိုင်ခြင်း မရှိမှုတို့ကြောင့် ပြည်သူလူထုရဲ့ ဝေဖန်ပြစ်တင်ခြင်းကို အမြဲလိုလို ခံရ သလို အစိုးရအဖွဲ့များရဲ့ ထိုးကျွေးခြင်းကိုလည်း ခံရပါတယ်။ ရဲသမိုင်း အစဉ်အလာကစပြီး တပ်ပုံစံ ဇာတ်သွင်းတာကအလယ်၊ လက်ရဲဇက်ရဲ သွေးသံရဲရဲနဲ့ ပရမ်းပတာနိုင်လှတဲ့ နိုင်ငံတော်ရဲရဲ့ အနေအထား၊ လက် ပန်း တောင်းတောင်ပိနေတဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြောင်းအရာများကို ပြည်တွင်းက ရဲတပ်ဖွဲ့နဲ့ နီးစပ်သူမိတ်ဆွေများရဲ့ သတင်းပေးပို့ချက်ပေါ် မူတည်ပြီး စဉ်ဆက်မပြတ်တင်ပြသွားပါမယ်။

လက်ပန်းတောင်းတောင် အရေးအခင်းနဲ့ ရဲသမိုင်းအစဉ်အလာ - အပိုင်း (၁)
 နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်


၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှ ကိုလိုနီ နယ်ချဲ့ လက် အောက် သို့ ကျရောက်ခဲ့ပြီးနောက် ဗြိတိသျှ ကိုလိုနီ၏ ရဲလုပ်ငန်းစနစ်ကို စတင်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ဖဆပလအစိုးရလက်ထက် တွင် ရဲတပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံအသွင်သဏ္ဍာန်ကို ဗြိတိသျှပုံစံအချိုးအား အနည်း ငယ်သာ ပြင်ဆင်ပြီး ဖွဲ့စည်းပေးခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းခဲ့ပြီးနောက် ၁၉၆၄ ခုနှစ်တွင် ပြည်သူ့ရဲတပ်ဖွဲ့အဖြစ် ပြောင်း လဲဖွဲ့စည်းခဲ့ပါတယ်။ ဗြိတိသျှကိုလိုနီရဲ့ လက်ကိုင်တုတ်ပုလိပ်ဟု ပြည်သူ တွေက ခေါ်ဝေါ်သမုတ်ခဲ့လို့ ပြည်သူ့ရဲလို့ ပြောင်းလဲခေါ်တွင်စေခဲ့ပါတယ်။ မဆလခေတ်မှာ ရဲတွေရဲ့ အကျင့်စရိုက်ဆိုးများ ပပျောက်စေဖို့ နေပြည် တော်ရဲများဟုခေါ်တွင်ကာ စစ်တပ်မှ အရာခံ၊ အကြပ်ကြီးတွေအား ခေါ်ယူသွတ်သွင်းစေခဲ့ပါတယ်။

Tuesday, December 11, 2012

ဟိုတစ်စ ဒီတစ်စ တပ်တွင်းပေါက်ကွဲသံများ - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)


စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ အခမ်းအနားတစ်ခု

ဆောင်းပါးရှင် – ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိ တစ်ဦး)

တပ်မတော်ထဲက အဆင်မပြေမှုများစွာကို ဒီနေရာကနေ ပြည်သူတွေဆီ ပြောပြချင်ပါတယ်။  ဒါမှလည်း “မြွေတိုင်း အဆိပ်မရှိဘူး” လို့ လက်ခံ အားပေးကြမှာပါ။ အရင်က  ကျွန်တော်ဟာ စာစီစာကုံးကိုတောင် အမှတ်ရအောင် ဘယ်လို ရေးရမှန်း မသိခဲ့သူပါ။  သူငယ်ချင်းတချို့ စာစီစာကုံး ပြိုင်ပွဲတွေ ၀င်ပြီး ဆုရတယ် ဆိုတဲ့အခါ ဘယ်လို  ရေးရတာပါ လိမ့်လို့ မေးမိလို့ အဟား ခံခဲ့ရဘူးပါတယ်။ အခုတော့လည်း ရင်ထဲက  ဆန္ဒနဲ့ အဖြစ်မှန်ကို ချရေးမိတဲ့အခါ ဆောင်းပါးတစ်ပုဒ်တော့ ဖြစ်လာ ခဲ့ပါပြီ။

လူထုဆန္ဒဖော်ထုတ်ပွဲ (လူထုတိုက်ပွဲ) တွေ ဘာကြောင့် လိုအပ်နေသေးတာလဲ

(Dr. Lun Swe)

ကျနော့်အနေနဲ့ လက်ရှိအခြေအနေမှာ စစ်မှန်တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ဖြောင့်ဖြောင့်ဖြူးဖြူး လျှောက်လှမ်းချင်တယ်ဆိုရင် လူထုဆန္ဒဖော်ထုတ်ပွဲတွေ (လူထုတိုက်ပွဲတွေ) နဲ့ ပွင့်အောင် ဖွင့်ယူရဦးမယ့် ပြဿနာတွေ များစွာရှိသေးကြောင်း အကြံပြု ရေးသားခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် ကျနော် အကြံပြုခဲ့တဲ့ လူထုတိုက်ပွဲလမ်းကြောင်းတွေထဲမှာ အမေရိကန်လေယာဉ်ကြီးတွေ မြန်မာ့ကောင်းကင်ယံမှာ ၀ဲပျံပြီး ချက်ချင်း ရောက်လာမယ်ဆိုတဲ့ စိတ်ကူးယဉ် အကြံပြုချက်မျိုး တခါမှ အကြံမပြုခဲ့ဖူးပါ။ လူထုတိုက်ပွဲလမ်းကြောင်းတွေကို အကြံပြုရာမှာတောင် ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ တက်မလာမီက အကြံပြုပုံနဲ့ တက်လာပြီးနောက်ပိုင်း အကြံပြုပုံတွေ ကွာပါတယ်။

လူ့အခွင့်အရေးနေ့တွင် ဦးအောင်မင်း လက်ရှိအခြေအနေ ရှင်းပြ



အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားသို့ တက်ရောက်လာသော သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က လက်ရှိ ဖြစ်ပေါ်တိုးတက်လျက်ရှိသော ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို ရှင်းလင်းပြောဆိုသွားခဲ့သည်။

တနင်္လာနေ့က ရန်ကုန်မြို့၊ အင်းလျားလိတ် ဟိုတယ်၌ ကုလသမဂ္ဂ အဖွဲ့အစည်းများက ဦးဆောင် ကျင်းပသည့် လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ၎င်းတို့ အစိုးရအနေဖြင့် “ပြည်သူများ ဂုဏ်သရေရှိစွာ နေထိုင်နိုင်ရေး အတွက် ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ပြုလုပ်ခဲ့တယ်ဆိုတာကို ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားလိုပါတယ်” ဟု နိဒါန်းပျိုးကာ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းခွင့်ပြုခြင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေးခြင်းနှင့် မီဒီယာလွတ်လပ်ခွင့်များ တိုးမြှင့်ပေးခဲ့ခြင်းများကို ထည့်သွင်း ဖော်ပြသွားသည်။

Sunday, December 9, 2012

အာတီမီသာဇာတ်လမ်း(မော်စီတုန်း၊ ဗီယက်နမ်စစ်ပွဲနှင့် WHO ) - အပိုင်း(၂)

(စည်းလုံးခြင်းရဲ့အင်အား)
အမေရိကန်စစ်တပ်မှ မက်ဖလိုကွင်းငှက်ဖျားဆေး ထုတ်လုပ်ရာ ဓာတ်ခွဲခန်း

တရုတ်ပြည်က ခေတ်နောက်ကျပြီး ဟောင်းနွမ်းနေတဲ့ ဓာတ်ခွဲကိရိယာတွေကြောင့် သုတေသနလုပ်ငန်း နှောင့်နှေးတာလည်းရှိပါတယ်။ ဒါပေမယ့် ၁၉၇၀ ခုနှစ်တွေထဲရောက်တော့ ငှက်ဖျားပိုးကို သတ်တဲ့ဓာတ်ပစ္စည်းချင်းဟောက်စု သို့မဟုတ် အာတီမီစီနင် (Artemisinin) ရဲ့ ထူးခြားတဲ့ ဓာတုဖွဲ့စည်းပုံကို သိလာခဲ့ပါတယ်။ ဒေါနရွှေဝါပင်ကို ဖြုတ်လိုက်ရင် ချင်ဟောက်စုဓာတ်ဟာ ပျက်စီးသွားပြိး ပိုးမသတ်နိုင်တော့တဲ့အတွက် ရေအေးနဲ့ကြိတ်ရည် ( သတ္တုရည် ) သို့မဟုတ် အီသာနဲ့ဖျော်ယူမှ ၁၀၀ ရာခိုင်နှုန်း ပိုးသတ်နိုင်တာကိုလည်း တွေ့ခဲ့ပါတယ်။ လူနာ ၂၀၀၀ မှာ စမ်းသပ်ကြည့်တဲ့အခါ ချင်းဟောက်စုဟာ ငှက်ဖျားပိုးကို အင်မတန်ကို မြန်မြန်ဆန်ဆန် သတ်နိုင်တာ တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ဒီဆေးဟာ လူခန္ဓာကိုယ်ထဲကနေ မြန်မြန်ပြန်ထွက်သွားတဲ့အတွက် လွတ်သွားတဲ့ ပိုးတွေက ပြန်ခေါင်းထောင်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒြါေုကာင့် သိပ္ပံပညာရှင်တွေက သွေးထဲမှာ ပိုကြာကြာနေတဲ့ ဆေးတွေနဲ့ ပေါင်းစပ်ပေးရပါတယ်။ ဒါတွေကို အာတီမီသာဆေးပေါင်း ကုထုံးလို့ ခေါ်ပါတယ်။ (အာတီမီသာနဲ့ မက်ဖလိုကွင်း ပေါင်းပေးတာလည်း ရှိပါတယ်)

မြန်မာအစိုးရရဲ့ စိုးရိမ်ပူပန်မှု ဒီရေ မြင့်တက်နေပြီလား

(စည်းလုံးခြင်းရဲ့အင်အား)

တရုတ်အစိုးရနှင့် မြန်မာအစိုးရတို့ ကြေးနီသတ္တုတွင်းဆိုင်ရာ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးနေကြစဉ်

လက်ပန်းတောင်းတောင် အရေးအခင်းနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံ အစိုးရအနေနဲ့ စိုးရိမ်ကြီးစွာဖြင့် အနီးကပ် စောင့်ကြည့်လေ့လာလျက်ရှိပါတယ်။ သမ္မတဦးသိန်းစိန်ဟာ နိုင်ငံခြားအလည်အပတ် ခရီးစဉ်ဖြစ်တဲ့ နယူးဇီလန်နိုင်ငံနဲ့ သြစတြေးလျနိုင်ငံတွေသွားမယ့် ခရီးစဉ်တောင်ရွှေ့ဆိုင်းလိုက်တာဟာ ထင်ရှားတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ တရုတ်အစိုးရက မြန်မာနိုင်ငံတွင် ရောက်ရှိ နေထိုင်ကြတဲ့ တရုတ်လူမျိုးများရဲ့ အကျိုးစီးပွားထိခိုက်သွားမှာကို လိုလားဟန် မရှိကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ သံအမတ်ကိုယ်တိုင် မကြုံစဖူး ထူးခြားစွာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာကို တွေ့ရှိရပါတယ်။


ဒေါ်အောင်ဆန်းစုကြည်သို့ အကြံပြုချက်

(Dr. Lun Swe Blog)

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဏာကို အမှန်တကယ် ချုပ်ကိုင်ထားတဲ့ ကြံ့ဖွံ့အစိုးရ နောက်ကွယ်က စစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံ ဆွေးနွေးညှိနှိုင်းခွင့် မရသရွေ့ (သူတို့ကို နောက်ကြောင်းပြန် အရေးယူနိုင်တဲ့ကိစ္စတွေအပေါ် စိုးရိမ်ကြောင့်ကြနေတဲ့ အကြောက်တရားအတွက် လုံခြုံတဲ့ ထွက်ပေါက်ပေးနိုင်ရေး အကြေအလည် ဆွေးနွေးခွင့်မရသရွေ့) ရှေ့လျှောက်မှာလည်း ရခိုင်အရေး မီးမွှေးတဲ့ကိစ္စလို၊ လက်ပံတောင်းသပိတ်ဖြိုခွဲတဲ့ကိစ္စလို ဘယ်သူ့လက်ချက်မှန်းမသိ အရူးလုပ်ခံရတဲ့ ဖြစ်ရပ်တွေကို လိုက်ဖြေရှင်းနေရတဲ့ အရှုပ်ထုပ်တွေနဲ့ ဆက်ပြီး သံသရာလည်နေဦးမယ်လို့ ထင်ပါတယ်။

Saturday, December 8, 2012

အယ်ဂျာဇီးရား သတင်းဌာနမှ ပြသမည့် အစီအစဉ် တစ်ခုကို မြန်မာ အစိုးရ ကန့် ကွက်


(နိရဉ္စရာ) 

ရခိုင်ပြည်နယ်တွင်၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလတွင် ဒေသခံရခိုင်များနှင့် ဘင်္ဂလီတို့ အ ကြားဖြစ် ပွားခဲ့သည့် ဆူပူအကြမ်းမှုတွင် သူတို့အခေါ် (ရိုဟင်ဂျာ) ဆိုသူများကို လူမျိုးတုံး သတ်ဖြတ် နေသည်ဟု စွပ်စွဲထားသည့် အစီအစဉ် တစ်ခုကို အယ်လ်ဂျာဇီးရားသတင်းဌာနက ထုတ်လွင့် ပြသမည် ဖြစ်ရာ  အဆိုပါ အစီအစဉ်ကို  မြန်မာအစိုးရမှ ကြေငြာချက်ထုတ်ပြီး ကန့်ကွက်လိုက်သည်။

အဆိုပါ ကန့်ကွက်ကြောင်း ကြေငြာချက်ကို ဒီဇင်ဘာလ ၆ ရက်နေ့စွဲဖြင့် နိုင်ငံတော် သမ္မတရုံး ၀တ်ဆိုက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ အစီအစဉ်ကို ကာတာနိုင်ငံ အခြေစိုက် အလ်ဂျာဇီးရား သတင်း ဌာနမှ ဒီဇင်ဘာလ ၈ ရက်မှ ၁၂ ရက်နေ့ထိ အာရပ်ဘာသာဖြင့် ထုတ်လွင့်မည်ဖြစ်ပြီး ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့ထိ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွင့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်တွင် ရိုဟင်ဂျာများအား လူမျိုးတုံး သတ်ဖြတ် လုပ်ဆောင်နေမူများကို ထည့်သွင်း ဖေါ်ပြသွားမည်ဟုလည်း သိရှိရကြောင်း အစိုးရ၏ ကျေညာချက်တွင် ဖေါ်ပြထားသည်။

ပြုပြင်မှု အလွဲသုံးစားမှု နဲ့ အခွင့်ထူးခံစားမှု

(VOA)


စစ်အစိုးရဟာ ၁၉၈၈ ကနေ ဒီကနေ့အထိ တိုင်းပြည်မှာ လိုအပ်နေတဲ့ အခြေခံကောင်းတွေကို တည်ဆောက်ပေးခဲ့တယ်လို့ အစိုးရသစ်မူဝါဒ ရှင်းလင်းတဲ့မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က ပြောပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရရဲ့  သက်တမ်းတနှစ်အတွင်းမှာ ဝန်ကြီးဌာန (၁၅) ခုဟာ ကျပ်သန်းပေါင်း ငါးသောင်းကျော်နဲ့ အမေရိကန်ဒေါ်လာနှစ်သိန်းကျော် အလွဲသုံးစားလုပ်ထားကြောင်း စာရင်းစစ်ချုပ်ဦးသိန်းထိုက်ကျော်က ပြည်ထောင်စုလွှတ်တော်ကို နိုဝင်ဘာလ (၁၄) ရက်နေ့က တင်ပြပါတယ်။ မွေးမြူးရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက သန်းလေးသောင်းကျော် အလွဲသုံးစားလုပ်ထားက အများဆုံးပါ။

ကျန်တဲ့ဝန်ကြီးဌာန (၁၄) ခုကလည်း သန်းပေါင်းရာထောင်ချီပြီး အလွဲသုံးစားလုပ်ကြပါတယ်။ စာရင်းစစ်ချုပ်ရုံးက အရေးယူတဲ့အတွက် ပြန်ပေးကြတာရှိပေမယ့် ကျန်သန်းလေးသောင်းကျော်နဲ့ အမေရိကန်ဒေါ်လာ ခုနှစ်သောင်းကျော်ဆပ်ဖို့ ကျန်ရှိသေးတယ်လို့ ဆိုပါတယ်။ ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ သန့်ရှင်းတဲ့အစိုးရ တည်ဆောက်ရေးဟာ အစိုးရသစ်ရဲ့  အရေးကြီးဆုံး လုပ်ငန်းဖြစ်တယ်လို့ ဦးသိန်းစိန်ပြောပြီး တနှစ်အကြာမှာ ဝန်ကြီးဌာန (၁၅) ခုရဲ့  မသမာမှုတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

Friday, December 7, 2012

ပကာသန ဇာတ်ပျက် အကြမ်းဖက် ဒီမိုကရေစီ ဖြစ်နေပြီ

(Dr. Lun Swe Blog)

ဖွင့်ဆိုချက်
ပကာသန = အရေခြုံ ဟန်ဆောင်မှု
ဇာတ်ပျက် = စည်းကမ်းမဲ့ခြင်းနှင့် ကျင့်ဝတ်ဖောက်ဖျက်ခြင်း
အကြမ်းဖက် = အင်အားသုံး ဥပဒေမဲ့ ပြုလုပ်ခြင်းနှင့် လက်နက်နှင့် အနိုင်ယူခြင်း

လက်ပံတောင်းက ကြေးနီစီမံကိန်းကြီး ရပ်ဆိုင်းဖို့ ဒေသခံတွေက ၂၀၁၂ မတ်လကုန်မှာ စတင်ဆန္ဒပြခဲ့ကြပြီး ၂၀၁၂ ခုနှစ် ဇွန်လမှာတော့ ပိုပြီး ပြင်းထန်တဲ့ ဆန္ဒပြမှု၊ တောင်းဆိုမှုတွေ ပေါ်ထွက်လာတာပါ။

Thursday, December 6, 2012

တပ်တွင်း စရိုက်ကြမ်းများ

(ရွှေဟင်္သာသတင်းဌာန)


တပ်မတော်ဖခင်များ http://www.youtube.com/watch?v=-V5AdQ-33NQ&feature=youtu.be တွင်ကြည့်ရှုနိုင်ပါသည်။  

အမှတ်(911)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှူးပြန်တမ်းဝင်အမှတ်ကြည်း 26989 ယာယီတပ်ရင်းမှူး Naing Aung Win သည်

အဂတိလိုက်စားမှု မြန်မာနိုင်ငံအခြေအနေဆိုးရွား

(VOA)


ကမ္ဘာအ၀ှမ်း အဂတိလိုက်စားမှုအခြေအနေတွေကို စစ်တမ်းယူဖော်ထုတ်နေတဲ့ Transparency International အဖွဲ့ကြီးရဲ့ နှစ်စဉ် အစီရင်ခံစာထဲမှာ အဂတိလိုက်စားမှု အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဟာ အောက်ဆုံးအဆင့်မှာပဲ ရှိနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရအနေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို တိုက်ဖျက်သွားမယ်လို့ ပြောထားပေမယ့် လက်တွေ့အောင်မြင်အောင် ဆောင်ရွက်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့လည်း လေ့လာသူတွေက ဆိုပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

Transparency International အဖွဲ့ထုတ်ပြန်တဲ့ ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာအနှံ့ အဂတိလိုက်စားမှု အခြေအနေ အစီရင်ခံစာထဲ မြန်မာနိုင်ငံကို အမှတ် ၁၅ မှတ်ပေးထားပါတယ်။ နိုင်ငံအလိုက် တွက်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အခြေအနေအဆိုးဆုံးနိုင်ငံ အောက်ဆုံးကaရတွက်ရင် ၅ နိုင်ငံမြောက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ အစိုးရသစ်တက်လာပြီးနောက် အဂတိ လိုက်စားမှုတွေကို တိုက်ဖျက်သွားမယ်လို့ သမ္မတဦးသိန်းစိန်က ကတိပေးခဲ့ပေမယ့် လက်တွေ့လုပ်ဖို့ ရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ တည်ဆဲဥပဒေအတိုင်း လက်တွေ့ ဘယ်လို အကောင်အထည်ဖော်မလဲဆိုတဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်လည်း ဖြစ်တယ် လို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်၊ စီးပွားရေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ ဦးမင်းခင်က ပြောပါတယ်။

အဂတိလိုက်စားမှု အများဆုံးနိုင်ငံစာရင်းထဲမှာ မြန်မာပါရှိ



2012-12-05 (RFA)
၂ဝ၁၂ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေကို လေ့လာရာမှာ မြန်မာ နိုင်ငံဟာ အဆိုးဝါးဆုံးနိုင်ငံထဲမှာ ပါရှိနေတာတွေ့ရပါတယ်။ နိုင်ငံတွေရဲ့ ပွင့်လင်းမြင်သာမှုနဲ့ အဂတိလိုက် စားမှု အခြေအနေ ကို လေ့လာတဲ့အဖွဲ့Transparency International ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြ ထားတာဖြစ်ပါတယ်။

 အဂတိလိုက်စားမှု အဆိုးဝါးဆိုးနိုင်ငံစာရင်းတွင် ၁၇၂ နေရာတွင်ရှိတဲ့ မြန်မာနိုင်ငံကို ကာလာချပ်တွင် ဖော်ပြထားတာတွေ့ရစဉ်


Wednesday, December 5, 2012

ဝန်ကြီး ဦးအောင်မင်းနဲ့ လက်ပံတောင်း အလွန်

(ဧရာဝတီ)


လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွေပေါ်မှာ လက်ပံတောင်း သပိတ်ဖြိုခွင်းမှု မတိုင်ခင် ဝေဖန်ခံရမှု၊ စိတ်ဝင်စားမှု အများဆုံး ခံနေရသူကတော့ သမ္မတရုံး ၀န်ကြီးနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းပါပဲ။
ဝန်ကြီး ဦးအောင်မင်းတို့ အဖွဲ့ဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ လက်ပံတောင်းတောင် စီမံကိန်း ပြဿနာကို ဖြေရှင်းမယ့် နည်းလမ်းတွေ ရှာဖွေဖို့အတွက် ဒေသခံတွေ၊ သံဃာတော်တွေနဲ့ သွားရောက်တွေ့ဆုံစဉ်မှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် ကျေးဇူး ကြီးမားတယ်၊ တရုတ်နိုင်ငံကို ကြောက်နေရတယ်လို့ ပြောခဲ့တဲ့ အပေါ်မှာ လူအများရဲ့ ဝေဖန်မှု၊ ရှုတ်ချမှုတွေ ဆူညံသွားပါတော့တယ်။

အကြောက်လွန်ရောဂါကို ကုစားနိုင်ရေး

(Dr. Lun Swe Blog)


(ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ စစ်ခေါင်းဆောင်ဟောင်းများ၊ သမ္မတ ဦးသိန်းစိန်နဲ့တကွ ကြံ့ဖွံ့အစိုးရအဖွဲ့ဝင်များသို့ စေတနာရှေ့ထား အကြံပြုချက်)



ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာပေါင်းစုံရဲ့ အဓိက ဇာစ်မြစ်ကတော့ ကန့်လန့်ကာ နောက်ကွယ်ကို ၀င်သွားတဲ့ စစ်ခေါင်း ဆောင် ဟောင်းတွေ အကြောက်လွန်နေတဲ့ကိစ္စလို့ မြင်ပါတယ်။ အကြောက်လွန်နေတဲ့အတွက် စစ်ခေါင်းဆောင်ဟောင်းတွေအနေနဲ့ သူတို့ဆီ နောက်ကြောင်းပြန်လှည့်လာနိုင်တဲ့ ပြဿနာလို့ ထင်ရင် လက်မဲကြီးတွေ ဦးအောင် ထွက်ထွက်လာပြီး ဖမ်းဟဲ့ ဆီးဟဲ့ နှိမ်နင်းဟဲ့ သတ်ဖြတ်ဟဲ့ ဆိုတာမျိုးတွေ လုပ်နေတာလို့ ထင်ပါတယ်။

အာဏာရှင်စနစ် ဘယ်လို နိဂုံးချုပ်မလဲ

(Dr. Lun Swe Blog)



မြန်မာပြည်မှာ ၁၉၈၈ ပြည်သူ့အရေးတော်ပုံ ဖြစ်ပွားတာ အနှစ် ၂၀ ကျော်လာပြီ။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေတုန်းပါပဲ။ ဗမာစစ် အာဏာရှင်စနစ် သက်ဆိုးရှည်နေရတဲ့ အကြောင်းရင်းတွေကို ပညာရှင် တွေ ဆန်းစစ်ကြတယ်။ ၁၉၈၈ အရေးတော်ပုံနောက်ပိုင်းမှာ မြန်မာ့ရေးရာ လေ့လာသူတွေ များလာတယ်။ စစ်အာဏာရှင်ကို အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက မကြိုက်ပေမယ့် လက်ရှိအစိုးရအနေနဲ့ ဆက်ဆံနေကြ ရတယ်။ အချိန်ကြာကြာ ဆက်ဆံတဲ့အခါ တရားဝင်အစိုးရအဖြစ် အသိ အမှတ်ပြုသလို ဖြစ်သွားတယ်။ စစ်အင်အားကလည်း တိုးပွားလာတော့ စစ်အာဏာရှင်ဟာ ဆင်းပေးဖို့ စိတ်မကူးဘူး။

ဒါကြောင့် အာဏာရှင်စနစ် နိဂုံးချုပ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကို စဉ်းစားလာကြတာပဲ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး နှလုံးရည် တိုက် ပွဲဝင်နေတာ အနှစ် ၂၀ ရှိပြီ။ တိုင်းရင်းသားတွေ လက်နက်ကိုင်ပြီး လက်ရုံးရည်တိုက်ပွဲဝင်နေတာ အနှစ် ၅၀ ကျော်ပြီ။ နှလုံးရည်တိုက်ပွဲရော လက်ရုံးရည်တိုက်ပွဲရော ပန်းတိုင်ရောက်ဖို့ အများကြီး လိုသေးတယ်။

Tuesday, December 4, 2012

အာတီမီသာဇာတ်လမ်း(မော်စီတုန်း၊ ဗီယက်နမ်စစ်ပွဲနှင့် WHO ) - အပိုင်း(၁)

(စည်းလုံးခြင်းရဲ့အင်အား)

၁၉၆၀ ပြည့်လွန်ကာလအတွင်း ဗီယက်နမ်ရောက် အမေရိကန် စစ်သားများ

အယ်ဒီတာအဖွဲ့ တင်ပြချက်။ တပ်မတော်သားများ ရှေ့တန်းတွင် ရန်သူကိုရင်ဆိုင်ရသည်ထက် ငှက်ဖျားရောဂါဆိုးကြီးကို ကြောက်မက်ဖွယ်ကြုံတွေ့ခဲ့ရပါတယ။် ငှက်ဖျားရောဂါကြောင့် ဗိုလ်မှူးကြီးဗထူး အပါအဝင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ထူးချွန်တဲ့ တပ်မတော်သားများ အသက်ဆုံးရှုံးခဲ့ဖူးရပါတယ်။ အယ်ဒီတာအဖွဲ့ဝင်အချို့ ရဲ့တင်ပြချက်အရ သူတို့ရှေ့တန်းစစ်မြေပြင်တွင် ကွီနင်းဒရစ်ပုလင်းကြီးချိတ်မှသာ သက်သာခွင့်ရပေမယ့် အဲဒီဆေးမရှိတဲ့အခါ လက်ပိုက်ကြည့်ရင်းသေဆုံးရတဲ့ ဘဝမျိုးကြုံတွေ့ခဲ့ရဖူးပါတယ်။ ထိုစဉ်က အာတီဆူနိပ်ခေါ် တရုတ်ငှက်ဖျားဆေးဟာ ကလိုရိုကွင်းနဲ့စာရင် အမူးပြေသက်သာတာကြောင့် နာမည်ကြီးခဲ့ပါတယ်။ နောက်ပိုင်း မက်ဖရိုကွင်း ဆေးပေါ်လာတဲ့အချိန် အစွမ်းထက်တာကြောင့် တပ်ရင်းမှူးအဆင်၊့ ဆေး( MA ) အဆင့်တို့က ကြီးကြပ်ကန့်သတ်အဖြစ် ထိန်းချုပ်ထားတာကို တွေ့ရှိရပါတယ်။ အဲဒီဆေးကို တပ်မတော်သားများက အဖိုးတန်ပစ္စည်းအဖြစ် တန်ဖိုးထားကြပြီး အာတီမီသာဆေးပေါ်လာသည့် နောက်ပိုင်းတွင်လည်း အထက်အမိန့်ရမှ အဲဒီဆေးနှစ်မျိုးလုံးကို သုံးစွဲခွင့်ရကြောင်း သိရှိရပါတယ်။ ဒါကြောင့် ဆရာဂါမဏိအား ဂုဏ်ပြုသောအားဖြင့် သြဂုတ်လထုတ် နိုက်တင်ဂေးလ်ဂျာနယ်တွင် ပါရှိသော သူရဲ့ဆောင်းပါးအား ဖော်ပြပေးလိုက်ရပါတယ်။

တပ်မတော်သား တစ်ဦးရဲ့ ရင်ဖွင့်စာ

(ရွှေဟင်္သာသတင်းဌာန)



မင်္ဂလာပါခင်ဗျား

          ကျွန်နော်ကတော့ တပ်မတော်က စစ်သည် တစ်ယောက်ပါ ကျွန်နော်တို့မျိုသိပ် ထားတာတွေကို လူအများ သိစေချင်တဲ့အတွက် ဒီစာလေးကိုရေးလိုက်ရတာပါ၊ ကျွန်နော်ပြောချင်တာ ကတော့ မြန်မာ နိုင်ငံဟာ အခုလို အခြေအနေမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်နေတဲ့ အလျှောက်အောင်မြင်မှုတွေ ရတဲ့အတွက် စစ်သည် တစ်ယောက်ဖြစ်တဲ့ ကျွန်နော့် အနေနဲ့ ဝမ်းသာခဲ့ရပါတယ် ဒါပေမယ့်ကျွန်နော်တို့လိုစစ်မှုထမ်းနေရတဲ့ တပ်မတော်သားတွေ အတွက်ကတော့ ဒီမိုကရေစီဆိုတာ မရှိရဘူး တဲ့လားဗျာ။ လူ့အခွင့်ရေးလှုပ်ရှားနေတဲ့ သူတွေအနေနဲ့လည်း ထည့်ပြီး စဉ်းစားပေးချင်ပါ တယ်။

ပြည်သူတွေရဲ့ အထင်အမြင်လွဲမှားမှုပါ ခံခဲ့ရသေးတယ်။ (အမိန့်ကိုးဗျ)

ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့အား စိန်ခေါ်နေတဲ့ ကြေးနီစီမံကိန်း

(စည်းလုံးခြင်းရဲ့အင်အား)



မုံရွာကြေးနီတောင်ဒေသမှ ထွက်ရှိသော ကြေးနီများအား ပြည်ပသို့တင်ပို့ရန် စုပုံထားရှိစဉ်

လက်ပန်းတောင်းတောင်စီမံကိန်း ရပ်တန့်ဖို့ဆန္ဒပြဖြစ်ပွားနေသည့် အရေးအခင်းများနှင့်စပ်လျဉ်းပြီး သမ္မတ ဦးသိန်းစိန်အဖို့ တရုတ်အစိုးရအား မျက်နှာပူရင်ဆိုင်ရမည့် အရေးကြုံတွေ့နိုင်တယ်လို့ စစ်ဖက်နီးစပ်သူများကဆိုပါတယ်။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးသာအေးရဲ့ သပိတ်စခန်းတွေအား အရေးယူ ဖြေရှင်းပေးရန် တင်ပြချက်အပေါ် တင်းမာသူများအုပ်စုက ထောက်ခံခဲ့တယ်လို့ သိရပါတယ်။

အဲဒီထဲမှာ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုလည်းပါတယ်လို့ သိရပါတယ်။ ဦးသာအေးဟာ ဧရာဝတီတိုင်းတွင် ဟင်္သာတ မဝတဥက္ကဌ လုပ်ခဲ့စဉ်က သာအေးစာမရေးနဲ့ဟု ခေါ်တွင်ရလောက်အောင် တိကျပြတ်သားလွန်းတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နဲ့ချိန်ခိုင်းတဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်  ဒုဗိုလ်ချုပ်ကြီးမြင့်အောင် (ကွယ်လွန်) ရဲ့ချီးမွမ်းထောပနာပြုခံရသူ ဖြစ်ပါတယ်။ ဒုဗိုလ်ချုပ်ကြီးကိုကိုဟာလည်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့စဉ်က လက်အောက်ခံ တပ်ရင်းမှူးတွေကို စစ်သည်တွေ ထိခိုက်ကျဆုံးဒဏ်ရာရတာတွေများလို့ ဆဲဆိုကြိမ်းမောင်း ကြမ်းတမ်းခဲ့သူဖြစ်ပါတယ်။ နယ်ဘက်ဝန်ကြီးဌာနလက်အောက်ခံ စက်ရုံမှူးများနှင့် စီမံကိန်း ဒါရိုက်တာများကိုလည်း မင်းတို့ဝန်ကြီးတွေက Commander မဟုတ်၊ တိုင်းမှူုးသာ Commander ဖြစ်တယ်လို့ မောက်မာခဲ့သြူဖစ်ပါတယ်။