Thursday, November 20, 2014

အင်အားကြီး နိုင်ငံများ၏ ဖိအားပေး ဆက်ဆံမှု လက်မခံဟု ကာချုပ်ပြော

(ဧရာဝတီ)

မြန်မာနိုင်ငံ ၏ ပြည်တွင်းရေး တွင် အင်အားကြီးနိုင်ငံ များ၏ ဖိအားပေး ဆက်ဆံမှုကို လက်မခံကြောင်း ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံမှ အမျိုးသား ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး Sengnuan Saiyalath နှင့်တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၏ အမျိုးသား ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး Sengnuan Saiyalathနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံအနေဖြင့် အခြား နိုင်ငံ၏ ပြည်တွင်းရေးအား ဝင်ရောက် စွက်ဖက် ခြင်း မပြုသကဲ့သို့ မိမိနိုင်ငံ အရေးအား ပြည်ပမှ ဝင်ရောက် စွက်ဖက်ခြင်းကို လက်မခံကြောင်း၊ အင်အားကြီး နိုင်ငံများက အင်အားငယ် နိုင်ငံများ၊ နိုင်ငံကြီးမှ နိုင်ငံငယ် အပေါ် ဖိအားပေး ဆက်ဆံမှုကိုလည်း လက်မခံ ပါကြောင်း ပြောဆိုသည်။

ဆင်းရဲတွင်း ပိုနက်အောင် လမ်းပြဆောင်ပါမည်

(ဧရာဝတီ)


Wednesday, November 19, 2014

ဒံပေါက် ငတ်သူများ

(ဧရာဝတီ)

ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးအောင်သောင်း ကို အမေရိကန် က အမည်ပျက် စာရင်း သွင်းလိုက် တာကို ကန့်ကွက် ဆန္ဒပြကြတဲ့ပွဲမှာ ပါဝင် သူတွေ ဒံပေါက် လု ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာ ကို လူတချို့ အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာများမှာ ရယ် သွမ်းသွေးနေကြ တာ မြင် ရတော့ စိတ်မကောင်း ဖြစ်မိ တယ်။ တကယ်တော့ ဒီ ဖြစ်ရပ် ဟာ တိုင်းပြည်မှာ လူ့အဖွဲ့အစည်းရဲ့ ဆီဦးထောပတ် ကို လူ့မလိုင် ကပ်ပါး လူတစု က စားသုံးခွင့် ရနေခြင်း ပြယုဂ်ပါ။ နိုင်ငံရဲ့ လူအများစု အငတ် ထုကြီး ခံစားနေရ တဲ့ အဖြစ်သနစ် မြင်ကွင်း အသေးစား တခုပါ။ ပြက်ရယ်ပြု စရာ မဟုတ်ပါ။

မြန်မာစစ်တပ် တစ်ကျော့ပြန်လာပြန်ပြီလား

(Eleven Media Group)



မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်တစ်ပတ်က လာရောက်ခဲ့သော အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် လုံးဝပြီးစီးခြင်း မရှိသေးဘဲ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိမည်မဟုတ်ကြောင်း သတိပေးစကား ပြောကြားခဲ့သည်။


သူ၏လေသံသည် ယခင် ၂ဝ၁၂ ခုနှစ် ခရီးစဉ်တုန်းကထက် စိတ်အားထက်သန်မှု နည်းနေသည်ကို သိသာစွာ ဖော်ပြနေသည်။ မကြာသေးခင်က ကျမ်းသစ္စာ ကျိန်ဆိုထားသော သမ္မတဦးသိန်းစိန်၏ အယောင်ဆောင်အရပ်သားအစိုးရသည် ရာစုနှစ်ဝက်နီးပါး စစ်အုပ်ချုပ်မှု တစ်ခန်းရပ်ပြီးနောက် လစ်ဘရယ်ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် အချက်ပြနေသည်ဟု ထိုစဉ်က ထင်ခဲ့ရသည်။

တပ်မတော်၏ ထိန်းချုပ်ခံခေတ် ပြောင်းချိန်တန်ပြီ

(ဧရာဝတီ)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပြည်ထောင်စု လွှတ်တော် တွင်း ယခုအပတ် အကြိတ်အနယ် ဆွေးနွေးကြရာ တပ်မတော် ကိုယ်စားလှယ် များက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စား လှယ် များ အား ဦးတည်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည့် အရေး တားဆီးထားသော ပုဒ်မ ၅၉ (စ) နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အခရာကျသော ပုဒ်မ ၄၃၆  မပြင်ဆင်လိုကြောင်း အခိုင်အမာပြောဆိုပြီး အကယ်၍ ပြင်ဆင်ခဲ့ပါက မြန်မာနိုင်ငံ ပြိုကွဲပျက်စီးသွားမည်ဟု သတိပေးခြင်းသည် အနာဂတ်မြန်မာ့နိုင်ငံရေးတွင် တပ်မတော်က ဆက်လက်ချုပ်ကိုင်မည်ဆိုသည်ကို ရှင်းလင်းစွာ အသိပေးခြင်းပင်။

Tuesday, November 18, 2014

အခြေခံဥပဒေ ပြင်ဆင်ရေး NLD နဲ့ စစ်တပ်အမတ်တွေ လွှတ်တော်မှာ ထိပ်တိုက်တွေ့ပြီ

(ဧရာဝတီ)

စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်  နိုဝင်ဘာလ ၁၃ ရက်နေ့ ကစလို့ ပြည်ထောင်စုလွှတ်တော်တွင်းမှာ အကြိတ်အနယ် ဆွေးနွေးမှုတွေစတင်ခဲ့ပြီး၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ စိတ်အား ထက်သန်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နဲ့ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက် မယ်လို့ ကြွေးကြော်နေတဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စား လှယ်တွေ လွှတ်တော်မှာ ထိပ်တိုက် တွေ့ဆုံမှုတွေ ဖြစ်ပေါ် နေပါတယ်။

နိုင်ငံတော် လူဆိုးတွေကို အတိုက်ခံဘက်က ချော့ပြီးပေါင်းသင့် မသင့်

(ဧရာဝတီ)

နအဖခေတ် ၀န်ကြီးဟောင်းနဲ့ ကြံ့ခိုင်ရေး ပါတီရဲ့ ထိပ် တန်းခေါင်းဆောင် တဦးဖြစ်သူ ဦးအောင်သောင်းကို အမေရိကန်က အစိုးရက နာမည်ပျက် စာရင်း သွင်းမှုအပေါ် ကန့် ကွက်ကြောင်း နေပြည်တော် လွှတ်တော်က နိုဝင်ဘာ ၁၀ ရက်နေ့မှာ တညီတညွတ် တည်း ဆုံးဖြတ်လိုက် သည် ဆိုတဲ့သတင်းက အတော် လူပြောများခဲ့ပါတယ်။

စစ်တပ်ကိုယ်စားလှယ်များ လွှတ်တော်မှ ထွက်သွားရေး

(Irrawaddy)

လွှတ်တော်တွေထဲ စစ်အရာရှိတွေ ထိုင်နေတယ်။
တခါတလေ သူတို့ ထပြီး စကားပြောတယ်။

ရုံးသုံးအခေါ်က တပ်မတော်သား ကိုယ်စားလှယ်။

အရပ်အခေါ်က စစ်တပ်ကိုယ်စားလှယ်၊ တမတ်သား ကိုယ်စားလှယ်၊ မိုးကျရွှေကိုယ် စသဖြင့်။

တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း မထားရန် လွှတ်တော်မှာ ဆွေးနွေး

(DVB)

အခြေခံ ဥပဒေပြင်ဆင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေး ရာမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော်မှာ မထား ဘဲ ကာ ကွယ်ရေးနဲ့ လုံခြုံရေးပိုင်းမှာ တာဝန်ပေး ဖို့ ဆွေးနွေးခဲ့ တယ်လို့ ချင်းပြည်နယ် ထန်တလန်မဲ ဆန္ဒနယ်က ဒေါ်ဇာတလဲမ်း က ပြောပါတယ်။

Tuesday, November 11, 2014

စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းကို တာဝန်ခံရန် လိုပြီ

(ဧရာဝတီ)

၂၀၀၅ မှ ၂၀၀၈ ခုနှစ်အတွင်း ကရင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် စစ်ပွဲများအတွင်း မြန်မာ အစိုးရတပ်က လူမဆန်သည့် စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ် ဥပဒေကျောင်းမှ အစီရင်ခံစာ တစောင် ထုတ်ပြန်လိုက်သည်။ အဓိကတာဝန်ရှိသူများမှာ လက်ရှိ တပ်မတော်တွင် တာဝန်ထမ်းဆောင်သူများဖြစ်သည့် ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို၊ အထူးစစ် ဆင်ရေး အဖွဲ့မှူး(ကစထ) ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ နေပြည်တော်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေးတို့ဖြစ်ကြောင်း ထုတ်ဖော်ခဲ့သည်။

Monday, November 10, 2014

ဦးအောင်သောင်းအား အမေရိကန် အစိုးရက နာမည်ပျက်စာရင်း တင်သွင်းမှု လွှတ်တော်ကန့်ကွက်

(Mizzima)

ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန် အစိုးရက နာမည်ပျက်စာရင်း ထည့်သွင်းခြင်းကို နိုဝင်ဘာ ၁၀ရက် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ လွှတ်တော်က ကန့်ကွက်လိုက်သည်။

မင်္ဂလာဒုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက အမေရိကန်၏ ဦးအောင်သောင်းအပေါ် အမည်ပျက်စာရင်း ထည့်သွင်းမှုကို ရှုံ့ချရန် အရေးကြီးအဆို တင်သွင်းလိုက်ခြင်းဖြစ်ပြီး ကန့်ကွက်သူမရှိ လွှတ်တော်၌ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

Wednesday, November 5, 2014

နေပြည်တော်လုပ်ပွဲ

(ဧရာဝတီ)

နေပြည်တော် တွင် အပူတပြင်း လုပ်ဆောင် ခဲ့သည့် ဆွေးနွေးပွဲ ကို နိုင်ငံရေး ထိပ်သီးဆွေးနွေးပွဲ၊ အဓိ ကခေါင်းဆောင် များ ဆွေးနွေးပွဲဟု ခေါ်ဆိုကြ ရာ အခေါ်အဝေါ်ကစပြီး မှားနေသည်ဟု ဝေဖန် ပါရစေ။ နိုင်ငံရေးထိပ်သီးများ ဆိုသည်မှာ Political heavy weight များ ပါသော ဆွေးနွေးပွဲ ဖြစ်ရမည်။ ယင်းဆွေးနွေးပွဲမှ တဆင့် တိုင်းပြည်တွင် သေရေးရှင်ရေး ရင် ဆိုင်နေရသော အကြောင်းအရာများ ကို ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်း ဟု နားလည်ပါသည်။ သို့သော် မြန်မာပြည်တွင် ဒီလို မဖြစ်ခဲ့ပါ။

Tuesday, November 4, 2014

ဦးအောင်သောင်းကိစ္စ NLD လက်ချက် မကင်းဟု ကြံ့ခိုင်ရေး ဦးလှဆွေ စွပ်စွဲ

(ဧရာဝတီ)

ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီခေါင်းဆောင် တဦးဖြစ် သည့် စက်မှု ၁ ၀န်ကြီးဟောင်း ဦးအောင်သောင်း ကို အမေရိကန် အစိုးရက နာမည်ပျက် စာရင်းသွင်း လိုက်ခြင်းသည် ကြံ့ခိုင်ရေးပါတီ၏ လှုပ်ရှားမှုများ အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် အမေရိကန် အစိုးရ ပေါင်းပြီး ညစ် ပတ်ခြင်းဟု ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ ၀င် အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးလှဆွေက စွပ်စွဲပြောဆို လိုက်သည်။

တွေ့ဆုံဆွေးနွေးရေးကို ဘာကြောင့် ငြင်းပယ်နေရသလဲ



ထက်မြက် 4 November 2014

စစ် အာဏာရှင်များ သည် စစ်ဗိုလ်ချုပ်များ ပီပီ တွေ့ဆုံ ဆွေးနွေးပွဲများကို စစ်ရေး အမြင်ဖြင့်သာ ကြည့်၏။ ယခုမိမိတို့ အခြေအနေမှာ ခိုင်မာတောင့် တင်း နေသောကြောင့် တွေ့ ဆုံဆွေးနွေးရန် မလိုပေ … သူတို့အကျိုးစီးပွား ကာကွယ်ရေးကို အခြေခံပြီး မည်သူနှင့်မဆို တွေ့ဆုံ ချင်မှ တွေ့ဆုံပေမည်။ ထိုမဟာဗျူဟာမှာ ဗိုလ်သန်းရွှေ ချမှတ်ခဲ့သော မဟာဗျူဟာ ဖြစ်လေသည် . . . ~~~~~~...~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Monday, November 3, 2014

“ဥပဒေက တပ်မတော်ကို မြေသိမ်းဖို့ အတွက် ခွင့်ပြုမထား”

(ဧရာဝတီ)

လက်ရှိ အချိန်အထိ နိုင်ငံ အနှံ့တွင် မြေယာ သိမ်းဆည်းမှု ပြဿနာ အများ အပြား ရှိနေ ဆဲ ဖြစ်သည်။ တပ်မတော် ကလည်း မြေယာ သိမ်းဆည်း မှုများ ရှိနေသည်။ တချို့ သိမ်း ဆည်းမြေယာ များသည်လည်း စီးပွားရေး လုပ်ငန်းခွင် အဖြစ် အသွင်ပြောင်းသွား သည် ကို တွေ့မြင်နေ ရသည်။

ဥပဒေကြောင်း အရ လယ်ယာမြေများကို တပ်မတော် က သိမ်းဆည်း ခွင့် ရှိ/မရှိ၊ သိမ်း ဆည်းမြေများ ကို မူလပိုင်ရှင်များ သို့ ပြန်လည် ပေးအပ်ရာ တွင် စီမံခန့်ခွဲမှု အားနည်းချက်များ၊ ရန်ကုန်မြို့ တွင် သပိတ် စခန်းဖွင့် ဆန္ဒပြလျက်ရှိသည့် သင်္ဃန်းကျွန်း မိကျောင်းကန် မြေသိမ်းမှု စသည့် အခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီ မြန်မာ ပိုင်း ကော်ပီ အယ်ဒီတာ နိုင်စွမ်းက ရန်ကုန် အခြေစိုက် ရှေ့နေ ဦးဖိုးဖြူနှင့် မကြာသေးခင်က တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။