Friday, December 13, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အဆက်ဆက် နှိုင်းယှဉ်လေ့လာခြင်း - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)
စစ်သေနာပတိ ဗိုလ်ချုပ် အောင်ဆန်း
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များအကြောင်း သူတို့ရဲ့ တစိတ်တဒေသ အကျင့်စရိုက်၊ အသွင်ပြင် လက္ခဏာ၊ လှုပ်ရှားမှု ဓလေ့စရိုက်၊ အခြေအနေတွေကို စစ်ဖက်လေ့လာသူများ သိရှိနိုင်စေဖို့ စည်းလုံးခြင်းရဲ့အင်အားက နှိုင်းယှဉ် တင်ပြပေးလိုက်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု စတင်ခဲ့တဲ့ အချိန်မှ စပြီး ယနေ့အထိ တပ်မတော် အကြီးအကဲများ အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးချုပ် အယ်လ်သောမတ်စ်၊ ဗိုလ်ချုပ် စမစ်ဒွန်း၊ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီး စန်းယု၊ ဗိုလ်ချုပ်ကြီး သူရတင်ဦး၊ ဗိုလ်ချုပ်ကြီး သူရကျော်ထင်၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အသီးသီး ပေါ်ထွက်ခဲ့ပါတယ်။

သူရိယနေ၀န်း ဂျာနယ်၏ ရေးသားဖော်ပြနေခြင်းကို လိုအပ်သလို ညှိနှိုင်းဆောင်ရွက်နိုင်ရန် စာနယ်ဇင်း ကောင်စီသို့ ပြန်ကြားရေး ၀န်ကြီးဌာန အကြောင်းကြားစာပေးပို့

(Eleven Media Group)

သူရိယနေ၀န်း ဂျာနယ်၏ ရေးသားဖော်ပြ နေမှုများကို လိုအပ်သလို ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဟုဆိုကာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ ပြန်ကြားရေး ၀န်ကြီးဌာနက အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်တွင်လည်း ဖော်ပြထားကြောင်း သိရသည်။

Monday, December 9, 2013

ဖိုးလပြည့်နဲ့ မောင့်ပုလဲဇင့်ဟိုတယ်

(mmplayboys.blogspot.com)

ဦးသန်းရွှေမြေး ဖိုးလပြည့် ပိုင်ဆိုင်သည်ဆိုသော နေပြည်တော် ပဲခူရိုးမပေါ်ရှိ မောင့်ပုလဲဇင့်ဟိုတယ် နှင့် မိုင် ၃၀ အရှည်ရှိသော ကိုယ်ပိုင်ကွန်ကရစ်လမ်းမကြီးနှင့်သစ်တော်ကြိုးဝိုင်းများနဲ့ပတ်သက်တဲ့နေပြည်တော် က သတင်းပေးပို့ချက်ဖြစ်ပါတယ်။
  

၂၀၀၈ အခြေခံဥပဒေ နှင့် စစ်အုပ်စုကို ပြတ်ပြတ်သားသား ဖယ်ရှားနိုင်မှသာ

(မိုးမခ)


တူမောင်ညို
ဒီဇင်ဘာလ ၇၊ ၂၀၁၃

တပ်မတော်ကို စစ်အုပ်စု က ဂုတ်ခွစီး ထားပြီး ခါးပိုက်ဆောင် တပ် သဖွယ်လုပ် ထားနိုင် သမျှကာလ ပတ်လုံး ပရော်ဖက်ရှင် စစ်တပ် ဖြစ် မလာနိုင်။ စစ်အုပ်စု သည် ၁၉၆၂ ခုနှစ် စတင်ပြီး တပ်မတော် ကို လုံးလုံး လျားလျား အုပ်စီးသွား ခဲ့ခြင်းဖြစ်သည်။ ယနေ့ အထိ အုပ်စီး ထားနိုင် ဆဲဖြစ်သည်။
ယနေ့မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ ဆိုသည် တွင် “၂၀၀၈ အခြေခံဥပဒေ” ကိုသာကွက်ပြီး ပြင်ဆင်/ အသစ်ရေးဆွဲနေ၍ ဒီမိုကရေစီစနစ်ပီပီပြင်ပြင်ပေါ်ပေါက်မလာနိုင်သကဲ့သို့   တပ်မတော်အပေါ် စစ်အုပ်စု၏ အုပ်စီးထားမှုကို မဖယ်ရှားနိုင်လျှင် ဒီမိုကရေစီစံ နှုန်းနှင့်ပြည့်ဝသောနိုင်ငံဖြစ်လာနိုင်မည်မဟုတ်ပါ။

Saturday, December 7, 2013

ဦးသိန်းစိန်ပဲ မင်းသားကြီး လုပ်မှာလား

(Irrawaddy)

သမ္မတ ဦးသိန်းစိန်က “မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး ထိုးဖောက်တဲ့ နိမ့်ကျတဲ့ စိတ်ဓာတ်တွေ ဖျောက်ဖျက်ဖို့ လိုတယ်” လို့ ဧရာဝတီတိုင်း ဒေသကြီး ခရီးစဉ်တခုအတွင်းမှာ ထုတ်ဖော် ပြောဆိုတဲ့ သတိပေး စကားက ဒေါ်အောင်ဆန်း စုကြည်အပါ အဝင် နိုင်ငံရေးပြိုင်ဘက် အားလုံး ကို ရည်ညွှန်းတာမို့ စတက်ခါစ ကလို ညီညွတ်စည်းလုံးရေး ကို ရှေးရှုမနေတော့ဘဲ အပြိုင် အဆိုင် နိုင်ငံရေး အပေါ် အခြေခံပြီး စတင် လှုပ်ရှားလာခဲ့ပြီဖြစ်ပါတယ်။

Friday, December 6, 2013

ဗမာအစိုးရ ၏ နူကလီးယား လက်နက်ပိုင်ဆိုင်ရန် အစီအစဉ်


မြန်မာနိုင်ငံတွင် နူကလီးယား လက်နက်ပိုင်ဆိုင်ရန် သုသေသန ပြုလုပ် မှု့များကို ရပ်ဆိုင်းထားသည် ဟုကာကွယ်ရေး ၀န်ကြီး ဋ္ဌာနမှ နိုင်ငံတကာမဟာဗျူဟာ လေ့လာရေးဌာနIISS နိုင်ငံတကာ အနူမြူစွမ်းအင် အေဂျင်စီ IAEA တို့ ကို ငြင်းဆို ထားသော် လည်း ဆက်လက်ပြု လုပ်နေသည် မှာ ဒေသတွင်း နိုင်ငံ များအား ခြိမ်းခြောက် လာနိုင်သည့် အနေအထား သို့ ရောက်ရှိလာ ပြီဖြစ်

အခုအစီစဉ် မှာ ပူပေါင်းပါဝင်လာသူ မှာ ခရိုနီ တေဇ ဖြစ်ပြီး သန်းရွှေ ၏အိမ်မက် တစ်ခု ကို အကောင်ထည်ပေး ချင်တာ တစ်ကြောင်း နောက်ပြီး တေဇမှ ငါတို့ဆီမှာ နူကလီးယား လက်နက်သာ ရှိ ဘယ်နိုင်ငံမှ ကြောက်နေစရာ မလို ဘူးဟု ပြောတယ် လို့ လည်းကြားရပါတယ်
ဒီအစီစဉ်ကို အကောင်ထည် ဖော် ဖို့ အတွက် သန်းရွှေ အနာမယူ မှီကတည်းက ကြိုးပမ်း နေတာကတော့ အားလုံးအသိပါ DSA DSTA ကျောင်းဆင်း ဗိုလ်များ ထဲ မှ ထူးချွန် သူများအား ရှရှားနိုင်ငံသို့ စေလွှတ်ပြီး နူကလီးယား နက်နဲ့ ပက်သက် တဲ့နည်းပညာ တွေ ကိုသွားရောက် လေ့လာ ခိုင်းခဲ့ ပါတယ်

အင်္ဂလိပ်-အမေရိကန် နဲ့ ဗမာစစ်အုပ်စု

(VOA)

ဦးသိန်းစိန် အစိုးရရဲ့  ပြုပြင်ရေး လုပ်ငန်းကို ထောက်ခံ အားပေးတဲ့ အနောက်နိုင်ငံတွေ ဟာ ဗမာစစ်တပ် နဲ့ ပြန်လည်ဆက်သွယ်ရေး ကိုလည်း စိတ်ဝင်စားကြပါတယ်။ ဗိုလ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဗိယက်နမ်၊ စင်္ကာပူ နဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်ပြီး ဆက်ဆံရေးမြှင့်တင်နိုင်ခဲ့ပေမယ့် အင်္ဂလိပ်-အမေရိကန်နဲ့ ပြန်လည်ဆက်သွယ်ဖို့ကိစ္စမှာ အစပျိုးတဲ့အခြေအနေမှာ ရှိနေပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေအကြောင်း နားလည်းအောင် ဗမာစစ်ဗိုလ်တွေကို သင်တန်းပေးဖို့ စီစဉ်တာနဲ့ ပတ်သက်ပြီး အမေရိကန် နဲ့ အင်္ဂလန်မှာ အတော်လေး အငြင်းပွားကြပါတယ်။

တရုတ်ပြည်မှ မြန်မာအစိုးရကို တိုက်ရိုက် ရာဇာသံ ပေးတဲ့စာ

ဂိုရှယ်လေး (တင်ပြသူ)
 
 
တရုတ်တို့ ဖြစ်ချင်သည့် အတိုင်း မြန်မာအစိုးရမှ လက်ရှိ ပုဒ်မ (၁၈) အပါဝင် လက်ပံတောင်း ဒေသ တရုတ် ၀မ်ပေါင် စီမံကိန်းနှင့် ပတ်သက် ကာ လက်ရှိ တ၇ုတ် အကျိုးစီးပွား အားလုံး အား တ၇ုတ်ပြည်မှ မြန်မာပြည်သို့ ၀င်ရောက် ကာ တိုက်ရိုက် ကာကွယ် အရေးယူဆောင်ရွက် မှုမျိုး ပြုလုပ်လာနိုင် သည့် အနာဂတ် ပုံရိပ်ပြ စာတစောင် လည်း ဖြစ်နေတာမို့ စာရေးသူက တင်ပြရခြင်းပါ။ တရုတ်တို့ အဆောတလျင် ပေးပို့လိုက်သော အဆိုပါ ရာဇသံစာ အား မြန်မာနိုင်ငံခြားရေး ဌာနမှ နေပြည်တော် သမ္မတရုံးအား တိုက်ရိုက် တင်ပြခဲ့ပြီးနောက် မြန်မာနိုင်ငံ အနှံပြားက ဆန္ဒပြသူတွေ အားလုံးနည်းပါး ကို လက်ရှိ ဖမ်းဆီးအရေး ယူထောင်ချ တာတွေ ပြုလုပ်နေကြပြီဖြစ် ပါသည်။ 

နိုင်ငံရေး ပုံရိပ် ထင်ဟပ်စေတဲ့ တပ်ချုပ်ရဲ့ မဟာဗျူဟာမြောက် လှုပ်ရှားမှု

(စည်းလုံးခြင်းရဲ့အင်အား)
(၁၄) ကြိမ်မြောက် အာဆီယံ ကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး
 
တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က အမြဲတမ်း ပါဝင်ဆောင်ရွက်ရေး မဟာဗျူဟာ ချမှတ်ထားတာကို ကိုင်ဆွဲပြီး နိုင်ငံတကာ ခရီးစဉ်တွေမှာ နိုင်ငံတကာ အကြီးအကဲများနဲ့ တွေ့ဆုံခဲ့စဉ်က နိုင်ငံရေး မဟာဗျူဟာ ရည်မှန်းချက်နဲ့ အသုံးအနှုန်း ဝေါဟာရများ သုံးနှုန်း ပြောဆိုသွားသလို နိုင်ငံတော်ရဲ့ စီးပွားရေး ကဏ္ဍများကိုလည်း ထည့်သွင်းပြောဆိုသွားတယ်လို့ စစ်ဖက်နီးစပ်သူများက ပြောဆိုသွားပါတယ်။ ထိုင်းဝန်ကြီးချုပ် မစ္စရင်လပ်နဲ့ တပ်ချုပ် တွေ့ဆုံခဲ့စဉ်က ထားဝယ်ရေနက် စီမံကိန်း ထည့်သွင်းပြောဆိုတာမျိုး၊ တရုတ်နိုင်ငံသမ္မတနဲ့ တွေ့ဆုံခဲ့စဉ်ကလည်း

Thursday, December 5, 2013

မိုးဇေညိမ်း ဘာလဲ ဘယ်လဲ

(Irrawaddy)

၂၀၀၈ ခုနှစ်တုန်းက အနုပညာရှင်တွေ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ရန်ကုန်မူးယစ်အထူးရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့တဲ့ စစ်ဆေးချက်တွေကို ဖေ့စ်ဘုတ်စာမျက်နှာကနေ ဖွင့်ထုတ်ဖော်ပြခဲ့တာကြောင့် လူအများ စိတ်ဝင်တစား ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံး “ပတ်သက်ရာပတ်သက်ကြောင်း အဖွဲ့အစည်းများရဲ့ မေတ္တာရပ်ခံချက်တွေနဲ့ ကာယကံရှင်များရဲ့ မေတ္တာရပ်ခံမှုတွေကို ထောက်ထားပြီး ဆက်လက်မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်”တဲ့ မိုးဇေညိမ်း ဆိုတဲ့ အကောင့်ပိုင်ရှင်ကို ဧရာဝတီသတင်းထောက် မေစစ်ပိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။ “ဖော်ထုတ်တင်ပြနေခဲ့တာတွေရဲ့ ရည်ရွယ်ချက်ကတော့ အာဏာပိုင်ဆိုတဲ့ အကာအကွယ်ကို ယူပြီး တရားဥပဒေချိုးဖောက်တဲ့ လူတစ်စုအကြောင်းကို အများပြည်သူတွေ တိတိကျကျ သိရှိနိုင်ဖို့”လို့ မိုးဇေညိမ်းက ဆိုပါတယ်။

မျက်စိဒေါက်ထောက် ကြည်ရှုခြင်းခံရတော့မယ့် အာဆီယံဥက္ကဋ္ဌ

(Mizzima)

ဘရူနိုင်းမှာ အောက်တိုဘာ ၁၀ ရက်ကကျင်းပတဲ့ ရာထူးလွှဲပြောင်းရေး အခမ်းအနားမှာ မီဒီယာသမား တွေက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အခြေခံအဆောက်အအုံ နည်းပါးမှုတွေကို ထောက်ပြပြီး ၎င်းအနေနဲ့ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်ကနေစတင်ပြီး အာဆီယံဥက္ကဋ္ဌရာထူးကို တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်မဖြစ် သမ္မတဦးသိန်းစိန်ကို မေးမြန်းခဲ့ပါတယ်။

Wednesday, December 4, 2013

သရုပ်ဆောင်ဂန္တဝင် ဗိုလ်ချုပ်ကျော်ဘ သားနှင့် ခရိုနီများ အရှုပ်တော်ပုံ

(Thithtoolwin)

၂၀၀၈ ခုနှစ်၊ မူးယစ်ဗဟို အစီရင်ခံစာမှ ထုတ်နုတ်တင်ပြပါသည်-

(တရားခံ မင်းနိုင်(ခ) စိုးလှိုင်မြတ်၏ အစစ်ခံချက်မှ-)

ကိုအောင် (ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၏သား)နှင့် ဆက်သွယ်ရင်းနှီးမှု

၂ဝဝ၇ ခုနှစ် စက်တင်ဘာလခန့်က ပိုင်အိုးနီးယားကလပ်သို့ ကျွန်တော်သွားစဉ် ကိုအောင်နှင့်ရင်းနှီးခဲ့ပြီး ကိုအောင်မှ ကျွန်တော်အား စိတ်ပြောင်း/စိတ်ကြွဆေးပြားများ ပေးသုံးစွဲခဲ့ပြီး ကျွန်တော်မှလည်း အက်စ်တစီ ဆေးပြားများ ပြန်လည်ပေးသုံးခဲ့ဘူးပါသည်။ ကိုအောင်ကို ၄င်းနှင့်အမျိုးတော်သူ နဝရတ်(ခ)မဇာ မိတ်ဆက်ပေး၍ သိရှိရပါသည်၊ကိုအောင်နှင့် တစ်ခါတစ်ရံခန့်သာ ဆုံဖြစ်ပြီး ၄င်း၌ဆေးပြားရှိလျှင် ပေးပြီး ကျွန်တော်၌လည်း ရှိလျှင် တွေဆုံသည့်အခါတိုင်း ပေးဖြစ်ပါသည်။

ဌာနတွင်းကိစ္စ facebook မှာ ပျံ့နှံ့မှုကြောင့် မူးယစ်ရဲအဖွဲ့အတွင်း စုံစမ်းစစ်ဆေးနေ

(ဧရာဝတီ)

နာမည်ကြီး အနုပညာရှင် တချို့ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မူးယစ် အထူးရဲတပ်ဖွဲ့က ၂၀၀၈ ခုနှစ်မှာ ခေါ်ယူစစ်ဆေးခဲ့တဲ့ ဌာနတွင်း ကန့်သတ် အစီအရင်ခံစာ တချို့ အင်တာနက် လူမှု ကွန်ရက် facebook စာမျက်နှာမှာ ပျံ့နှံ့နေတာကြောင့် ဌာနတွင်း သတင်း ပေါက်ကြားမှုကိစ္စအပေါ် စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဌာနတွင်း ကန့်သတ်သတင်း ပေါက်ကြားမှု ဖြစ်တာကြောင့် စုံစမ်းနေပြီး ဌာနတွင်း အရေးယူမှု အနေနဲ့သာ ပြုလုပ်မှာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဌာနတွင်းမှာလည်း အင်တာနက် အသုံးပြုမှုတွေရှိတာကြောင့် ဟက်ကာ (Hacker) တွေက
ရုံးတွင်း အချက်အလက်ဖိုင်တွေကို ယူသွားတာလား ဆိုတာကို စုံစမ်းနေရကြောင်း မူးယစ်အထူးရဲတပ်ဖွဲ့က ဆိုပါတယ်။

တပ်မတော်သည် “ပြည်ထောင်စု တပ်မတော်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆို

(ဧရာဝတီ)

လက်ရှိ  “တပ်မတော် သည် တိုင်းရင်း သား လူမျိုး အားလုံး ပါဝင် ဖွဲ့စည်းထား သည့် ပြည်ထောင်စု တပ်မတော်” ဖြစ်ကြောင်း ကာ ကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောဆိုကြောင်း ယမန်နေ့ ထုတ် အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။

ယခုရက်ပိုင်း သွားရောက်နေသည့် ကာကွယ်ရေး ဦးစီးချုပ်၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း သံတွဲတပ်နယ်မှ အရာရှိ၊ စစ်သည် များကို ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောကြားချက်သည် တိုင်းရင်းသားများက ပြည်ထောင်စုတပ်မတော် တည်ဆောက်ရေး တောင်း ဆိုနေချိန်နှင့် တိုက်ဆိုင်နေသည်။

မီလျံနာဦးစိုးသိန်း နှင့် စောင့်လေမျိုးနွယ်

(AungLynnHtut Blog)
ပြီးခဲ့တဲ့ စက်တင်ဘာလက Myanmar Peace Centre မှာ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “စာပေလွတ်လပ်ခွင့်က မှန်မှန်ကန်ကန်ရှိရမှာပေါ့ဗျာ။ မှန်ကန်တဲ့သတင်းပဲပေးရမှာပေါ့။ ခုတော့ ဒီလိုမဟုတ်ဘဲ မမှန်ကန်တဲ့သတင်းဆိုတော့ ဒါဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ” လို့ မီဒီယာတွေကို တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် တကယ်လို့ Eleven ဂျာနယ်က ဖော်ပြတဲ့အတိုင်းမှန်ရင် သက်သေ အထောက်အထားနဲ့ဖော်ပြပြီး စစ်ဆေးထောင်ချပါလို့ ပြောခဲ့ပါတယ်။ ဦးစိုးသိန်းရဲ့ စိန်ခေါ်မှုတွေဟာ မသိတဲ့ သူတွေအတွက် အထင်ကြီး စရာဖြစ်ပေမယ့် အတွင်းသိတွေအတွက်တော့ စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။

Tuesday, December 3, 2013

အစွန်းနှစ်ပါးနှင့် ဒီချုပ်

(မိုးမခ)


တူမောင်ညို
ဒီဇင်ဘာ ၂၊ ၂၀၁၃

“အစွန်းနှစ်ပါးရှောင်ရှားရေး” ဆိုသည်မှာ အာဏာရအုပ်စိုး သူများနှင့် လူလိမ်များအတွက် လက်သုံးစကားဖြစ်လာခဲ့ပြီ။

သမ္မတ (ဗိုလ်)ဦးသိန်းစိန်သည် သူ၏ရေဒီယို မိန့်ခွန်းမှနေ၍ “၂၀၀၈ အခြေခံ ဥပဒေ” ပြင်ဆင်ရေးနှင့် စပ်လျဉ်းပြီး “အစွန်းနှစ်ပါး ရှောင်ရှား ရန်” တရားဟောသွားသည်။ သမ္မတ (ဗိုလ်)ဦးသိန်းစိန် ဆိုလိုသည့်အဓိပ္ပါယ်မှာ “ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ၁၀၉ ဦး ကော်မတီ”က “ကြောင်း”ပေးတဲ့ လမ်းအတိုင်းစည်းကမ်းသေဝပ်စွာသွားရေးဖြစ်သည်။

Monday, December 2, 2013

ဦးသိန်းစိန်အစိုးရ ပြုပြင်ပြောင်းလဲရေး မလိုလားဟု NLD ကြေညာချက်ထုတ်

(Irrawaddy)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး မေတ္တာ ရပ်ခံချက် အပေါ် အစိုး ရပြောရေးဆို ခွင့်ရှိသူ ဦးရဲထွဋ် ၏ တုံ့ပြန်ပြော ဆိုမှုသည် စစ် အစိုးရ တုံ့ပြန် ချက် ကဲ့သို့ ဖြစ်နေပြီး လက်ရှိအစိုးရ သည် ပြုပြင်ပြောင်း လဲရေး မလိုလား ဟု ယူဆစရာဖြစ်နေသည်ဟု NLDက ယနေ့ ကြေညာ ချက် ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ချောမွေ့စေရန် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ လွှတ်တော်တို့ပါဝင်သော တွေ့ဆုံဆွေးနွေးရန် မေတ္တာ ရပ်ခံချက် တစောင်  နိုဝင်ဘာလနှောင်းပိုင်းတွင် ပေးပို့လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက် သည် စောလွန်းပြီး ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာ ထွက်ရှိပြီးမှသာ တွေ့ဆုံသင့်၊ မတွေ့ဆုံသင့် ဆုံးဖြတ်သင့်ကြောင်း၊ ယခုအချိန် တွေ့ဆုံမည် ဆိုပါက လွှတ်တော် ကော်မတီအပေါ် ဖိအားပေးရာ ရောက်မည့်အပြင် ရှုပ်ထွေးမှုများ ရှိနိုင်သည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဧရာဝတီသတင်းဌာနအပါအ၀င် သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။

ဦးခင်ညွန့်သည် ရာဇဝတ်သား တရားခံ တစ်ဦး ဖြစ်သည်

(Irrawaddy)

ယခင် စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားများသည် ဥပဒေချိုးဖောက်သော ရာဇဝတ်သားများဖြစ်ပြီး ပြစ်မှုကျူးလွန်သူများ ဖြစ်သည်ဟု တချိန်က အများပြည်သူ ဖိန့်ဖိန့်တုန် ကြောက်ရွံ့ခဲ့ကြရသည်ထိ ရက်စက်စွာ ညှင်းဆဲခဲ့တတ်သော စစ်ထောက်လှမ်းရေးဌာန၏ အကြီးအကဲဟောင်း ဦးခင်ညွှန့်က ပြောဆိုလိုက်ခြင်းသည် ကျက်သရေ တုံးလွန်းလှသည်။

ဦးခင်ညွှန့် ယင်းသို့ပြောကြားခြင်းမှာ ဦးမြတ်ခိုင်ရေးသားသော ဦးခင်ညွှန့် အင်တာဗျူး စာအုပ် မိတ်ဆက်ပွဲတွင် ဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရစဉ် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခံခဲ့ကြရသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောဆိုနေခြင်းများကိုလည်း လက်မခံ ပယ်ချလိုက်သည့်အပြင် ယခင်စစ်အစိုးရလက်ထက် သူ ဦးဆောင်သော စစ်ထောက်လှမ်းရေးတပ်ဖွဲ့၏ တရားလက်မဲ့ လက်လွန်ခြေလွန်မှုများကြောင့် အကျဉ်းထောင်အတွင်း အသက်သေဆုံးခဲ့သူများ၊ အသက်မသေသော်လည်း ဘဝပျက်ခဲ့ရသူများကို နှစ်သိမ့်တောင်းပန်ရန် ရှိ မရှိ ဧရာဝတီ၏ မေးမြန်းချက်ကို “ကျနော်က ဘယ်သူ့ကို တောင်းပန်ရမှာလဲ”ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများ “အပြစ်ရှိတယ်” ဟု ဦးခင်ညွန့် ပြော

(Irrawaddy)

ယခင် စစ်အစိုးရ လက်ထက်က ဖမ်း ဆီးထောင် ချခံခဲ့ရသော နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ များသည် ဥပဒေကိုချိုးဖောက် ခဲ့သည့် ရာဇ၀တ်သားများ သာဖြစ်ကြောင်း မြန်မာနိုင်ငံ၏ စစ်ထောက် လှမ်းရေးအဖွဲ့ အကြီး အကဲဟောင်းက ပြောကြား လိုက်သည်။

ကြာသပတေးနေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော အခန်းအနားတခု၌ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်က နိုင်ငံရေး အကျဉ်း သားဟောင်းများသည် အကြောင်းမဲ့သက်သက် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည် ဆိုသည့် အချက်ကို ပယ်ချခဲ့၏။