Monday, December 9, 2013

ဖိုးလပြည့်နဲ့ မောင့်ပုလဲဇင့်ဟိုတယ်

(mmplayboys.blogspot.com)

ဦးသန်းရွှေမြေး ဖိုးလပြည့် ပိုင်ဆိုင်သည်ဆိုသော နေပြည်တော် ပဲခူရိုးမပေါ်ရှိ မောင့်ပုလဲဇင့်ဟိုတယ် နှင့် မိုင် ၃၀ အရှည်ရှိသော ကိုယ်ပိုင်ကွန်ကရစ်လမ်းမကြီးနှင့်သစ်တော်ကြိုးဝိုင်းများနဲ့ပတ်သက်တဲ့နေပြည်တော် က သတင်းပေးပို့ချက်ဖြစ်ပါတယ်။
  

မောင့်ပုလဲဇင့် ဟိုတယ်ဆိုတာ နေပြည်တော်မှ အလွန်နာမည်ကြီးပါတယ် ၊ နေပြည်တော် ဟိုတယ်ဇုံ ၂ ခုထဲမှာ မရှိပဲ အမြင့်ပေ ၁၆၀၀ ကျော်ရှိတဲ့ ဖိုးစောက်တောင်ပေါ်မှာ ရှိတဲ့ ကြယ်ပွင့်များစွာအဆင့်ရှိတဲ့ ဟိုတယ်ကြီးပါ။

၂၀၁၀ နှစ်ဆန်းပိုင်းလောက်က စတင်ဖွင့်လှစ်ခဲ့ပြီး စစဖွင့်ချင်းမှာကိုပဲ ဟိုတယ်ပိုင် ဧရိယာက အနည်းဆုံး ဧက ၅၀ လောက်ရှိပါတယ် ၊ ဂျီဖိုးဂရုက တာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပြီး ဦးသန်းရွှေရဲ့ မြေးတော်လေး ဖိုးလပြည့်ကို လက်ဆောင်အဖြစ်ပေးတာလို့လဲ သိရပါတယ်။ 

မောင့်ပုလဲဇင့်ဟိုတယ်ကို သွားမယ်ဆိုရင် နေပြည်တော် ဥတ္တရသီရိမြို့နယ် အင်ကြင်းပန်းအဝိုင်းအနီး ရွှေ ပုဇွန် ကိတ်မုန့်တိုက်အနီးကနေ တောင်ပေါ်လမ်းအတိုင်းတက်သွားရပါမယ် ၊ အင်ကြင်းပန်းအဝိုင်းကို ဂူဂယ်မတ်မှာ 19.814272,96.164138 ရိုက်ထည့်ပြီးကြည်ံနိုင်ပါတယ်။ 

မောင့်ပုလဲဇင့် ဟိုတယ်နေရာကို 19.882087,96.137445 လို့ ဂူဂယ်မတ်မှာ ရိုက်ထည့်ရှာကြည့်နိုင်ပါ တယ်။ မောင့်ပုလဲဇင့်ဟော်တယ်မှာ ခေတ်မီဆက်သွယ်ရေးကိရိယာများအပြည့်တပ်ဆင်ထားပြီး အင်တာနက်လိုင်းအတွက် သီးသန့်ဖိုင်ဘာဂလပ်ကြိုးများဖြင့် ဆက်သွယ်ထားတယ်လို့လဲ သိရပါတယ်။ 

ယခုအခါ မောင့်ပုလဲဇင့် ဟိုတယ်ပိုင် သီးသန့်လမ်းအဖြစ် မိုင် ၃၀ လောက်ရှည်တဲ့ တောင်ပေါ် ကွန်ကရစ် လမ်းမကြီးကိုဖောက်လုပ်ပြီးစီးသွားပြီလို့သိရပါတယ် ၊ အဲဒီလမ်းမကြီးဟာ မောင့် ပုလဲဇင့်ကနေ တောင်
ကြော အတိုင်း ဆက်သွားရင် တပ်ကုန်းမြို့မြောက်ဖက်အထွက် ကိုရောက်သွားမှာဖြစ်ပါတယ်။ 

အဲဒီလမ်းမကြီးကိုလည်း ဦးသန်းရွှေမြေး ဖိုးလပြည့်ကို လက်ဆောင်အဖြစ်ပေးမယ်လို့ သိရပါတယ်။  အဲဒီလမ်းမကြီးအတိုင်း တပ်ကုန်းဘက်ကနေ လာမယ်ဆိုရင် ဂူဂယ်မတ်ပေါ်မှာ ဒီအမှတ်တွေကို တစ်ခုပြီး တစ်ခုရိုက်ထည့်ပြီးကြည့်နိုင်ပါတယ်။ 

ရန်ကုန် မန္တလေးလမ်းဟောင်းမှ တပ်ကုန်းနေုပြည်တော် သီသန့်လမ်း အဝင် 20.152813,96.192069 တပ်ကုန်းနေပြည်တော် သီးသန့်လမ်းမှ မောင့်ပုလဲဇင့်ဟော်တယ်ပိုင်လမ်းသို့အဝင် 20.145602, 96.171434။ အဲဒီလမ်းမကြီးကို နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသိန်းညွန့်က တာဝန်ယူ အကုန်အကျခံ တည်ဆောက်ပေးခဲ့တာလို့ သိရပါတယ်။

နေပြည်တော်ရောက်ဖူးသူတိုင်း မောင့် ပုလဲဇင့်ကို မရောက်ဖူးကြပါဘူး ၊ မောင့်ပုလဲဇင့်ကို မရောက်ဖူး ရင် ခေတ်မမှီဘူးလို့လည်း ပြောသံတွေကြားရပါတယ်။ 

အခြားဟိုတယ်တွေမှာ မရရှိနိုင်တာတွေ အကုန်လုံးကို မောင့်ပုလဲဇင့်မှာ ရရှိနိုင်အောင် အရန်သင့် ထားရှိထားတယ်လို့ သိရပါတယ်။ 

မောင့်ပုလဲဇင့် ဟိုတယ်ဟာ ဦးသန်းရွှေ အိမ်မက်ရတဲ့ အတိုင်းတည်ဆောာက်ထားတာဖြစ်ပြီး မြေးဖြစ်သူ ဖိုးလပြည့် အကြိုက်ဝန်ဆောင်မှုများကိုလည်း အပြည့်အစုံဖြစ်အောင် ထည့်သွင်းထားတယ်လို့ သိရပါ တယ်။ 

မောင့်ပုလဇင့် ဟိုတယ်ရဲ့ အနောက်ဖက် ကပ်ရပ်မှာတော့ ဧကသောင်းချီရှိတဲ့ သစ်တောကြိုဝိုင်းကြီး တစ်ခုရှိပါတယ်။ အဲဒီသစ်တောကြိုးဝိုင်းကြိးကိုလည်း ဦးသန်းရွှေ နဲ့ ဒေါ်ကြိုင်ကြိုင်တို့က မြေးတော်လေး ဖိုးလပြည့်ကို မွေးနေ့လက်ဆောင်အဖြစ်ပေးထားတယ်လို့ သိရပါတယ်။ 


ကဲ.. ဖိုးလပြည့်က ဘာကြောင့် အခုထိ အစွမ်းတွေ ထက်နေတာလဲ ဆိုတာ ပရိသတ်ကြီး ခန့်မှန်း နိုင်ပါလိမ့် မယ်။ 
 

2 comments:

  1. မြန်မာပြည်သူတွေဘယ်လောက်ဒုက္ခရောက်နေ
    ကြသလဲဆိုတာတော့သူတို့စိတ်ဝင်စားပုံမပေါ်
    ပါဘူး
    တရားမျှတမှု့ရှိပေစွတကား

    ReplyDelete
  2. ဇတ်ကား တွေကြည့် ဖူးမှာပါ လူးဆိုးတွေကသည်လိုဘဲ လေ ဒါပေမယ့် ဇတ်သိမ်း ဘယ်လိုသိမ်း လဲဆိုတာ အားလုံးသိပြီးသားပါ။

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။