Thursday, May 29, 2014

မင်းအောင်လှိုင်၏ အာဏာနီတည်ဆောက်ရေးအန္တရာယ်

(နေ့သစ်)

အာဏာနီ တည်ဆောက်ရေး ဆိုလို့ တချိန်က ပဲခူးရိုးမမှာ ဗကပတွေရဲ့ အာဏာနီ တည်ဆောက်ရေးလို့ မထင်လိုက် ပါနဲ့။ ဒီစကားလုံးဟာ ဗမာ့တပ်မတော်ထဲမှာ ထိပ်ပိုင်းရာထူးကြီးတွေ ရထားတဲ့ ဗိုလ်ချုပ်တွေက ကိုယ့်ရာထူးနေရာ ခိုင်မြဲအောင်၊ နောက်ထပ် ထိပ်တကာထိပ်နေရာတွေကို တက်နိုင်အောင် အခြေခံကောင်းတည်ဆောက်တာ၊ ဂွင်ဖန်၊ အင်အားစု၊ ဆရာမွေး၊ တပည့်လက်သားစုဆောင်း၊ ကိုယ့်လူမဟုတ်သူကို ချောင်ထိုးတာတွေကို ခေါ်တဲ့ဝေါဟာရ ဖြစ်နေပါပြီ။
ဒီလုပ်ရပ်ကို ဗကပရဲ့ အာဏာနီတည်ဆောက်ရေး စကားလုံးမပေါ်ခင် အစောပိုင်းကတည်းက စစ်တပ်ထဲမှာ လုပ်နေ ခဲ့ပေမဲ့ အခု နောက်ပိုင်းကျမှ ဗကပစကားလုံးကို ဗမာစစ်တပ်ထဲ တရားမဝင်ယူမွေးစားလိုက်တာ ဖြစ်တယ်။

Monday, May 19, 2014

နိုင်ငံတော် ကြည်ညိုပျက်စေသတဲ့လား ?

ပလေတိုး၏ ( STATE AND DIGNITY) ဆိုသော စာတမ်းမှ ကောက်နုတ်တင်ပြပါသည်…
 

သမ္မတ ဦးသိန်းစိန်မှ အီးယူ အကူညီရရေးအတွက် ခြောက်လက်္မလျာအား မုန့်ကျိုးလိမ်ကဲ့သို့ ဗြောင်လိမ်လေသည်။ ၂၀၁၄ တွင် နိုင်ငံရေး အကျဉ်းသားတဦးမှပင် အကျဉ်းထောင်ထဲတွင် မရှိရ ဟု အာမခံခဲ့၏။ သို့သော် (၅၀၅) ခ သည့် နိုင်ငံရေးပုဒ်မမဟုတ်ပါက ဦးသိန်းစိန် အမေလင်၏ ချဲနံပါတ်လားဟု မေးခွန်းထုတ်ရပေမည်။

Friday, May 16, 2014

ယူနတီဂျာနယ်ပါ စစ်ဘက်ဆိုင်ရာစက်ရုံ အမေရိကန်တို့ မသင်္ကာ

(ဧရာဝတီ)

အမေရိကန်ပြည်ထောင် စု မွန်ထရေး၊ ဝါရှင်တန်ဒီစီနှင့် ဩစတြီးယားနိုင်ငံ ဗီယမ်နာ မြို့များ တွင် အခြေစိုက်သည့် James Martin Center အဖျက် လက်နက် ပြန့်ပွားမှု လေ့လာရေး ဌာနမှ သုတေသီများ က မြန်မာနိုင်ငံ တွင် ဓာတု လက်နက် စက်ရုံ ရှိနိုင်သည် ဟု သံသယ ရှိကြောင်း ထုတ်ဖော်ပြော ဆို လိုက်ကြသည်။ James Martin Center သည် အမေရိကန်နိုင်ငံ တွင် အကြီးမားဆုံးသော အစိုးရ မဟုတ်သည့် အဖွဲ့အစည်း တခုဖြစ်ပြီး စွမ်းအားကြီး အဖျက်လက် နက်ပြန့်ပွားမှု ဆန့်ကျင်ရေးနှင့် ပတ်သက်၍ သင် တန်းပေးခြင်း၊ သုတေ သနပြုခြင်းများ ဆောင်ရွက် နေ သည့် အဖွဲ့လည်းဖြစ်သည်။

Thursday, May 15, 2014

မြန်မာပြည်ကို အရေခွံဆုတ်နေတဲ့ ဘိန်းတရုတ်ခရိုနီ

လက်စောင်းထက် (Tomorrow သတင်းဂျာနယ်အမှတ်-၁၁ ပါ ဆောင်းပါး)

ခရိုနီတွေ အကြောင်း ပြောပြနေ တဲ့ ခရိုနီ လက်ဟောင်းကြီး က “တကယ် တမ်း ပြောရရင် ထိပ်သီး ခရိုနီ၂၀ထဲမှာ မြန်မာ တစ်ယောက် မှ မပါဘူး ဗျ။ ဒီလိုပြောပြန်တော့ ဆရာကျောင်း တို့ ဦးဇော်ဇော်တို့ ဦးတေဇတို့က ထိပ် သီး ၂၀ထဲမပါဘူး လား လို့ ခင်ဗျားက မေးချင်မယ်။ အစိုးရ ဆီ က အခွင့်အရေး အရဆုံး အမြတ် အစွန်း အရဆုံး ၂၀ထဲမှာ အဲဒီ သုံးယောက် မပါဘူးဆိုတာ အသေ အချာ ပြောရဲတယ်။

ဘုန်းကြီးခရိုနီ

မိုးသု (မန္တလေး) (Aye Chan Mon ဖေ့စ်ဘွတ်ခိစာမျက်နှာမှ ...)

မနေ့က အသိဒကာကြီးတစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်။ "ခရိုနီဆိုတဲ့ အခုခေတ်စားနေတဲ့ စကားလုံးကို ဒကာကြီး ဘယ်လို နားလည်ထားလဲ" လို့မေးတော့ "တိုင်းပြည်နဲ့ လူမျိုးကို ချစ်သလိုလို၊ ကောင်းစားစေချင်သလိုလို၊ အများအကျိုးစီးပွားကို ရွက်သယ်ပိုးနေတာလိုလို ဟန်ရေးပြပြီး အာဏာရှိသူတွေနဲ့ အကျိုးတူ ပူးပေါင်းကာ မတရားမှုတွေကို တရားသယောင်ယောင် လုပ်ပြီး နောက်ဆုံး အာဏာရှင်တွေကိုပါ နားလှည့်ပါးရိုက်ပြီး သူ့ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်နဲ့ လူမျိုးကို ဖျက်ဆီးနေတဲ့သူလို့ မြင်ပါတယ်ဘုရား" လို့ ပြောပါတယ်။

Tuesday, May 13, 2014

နေပြီတော် တည်ဆောက်မှု လျှို့ဝှက်ချက်များ (၁)

မြန်မာပြည်တွင် ဘုရင်ဆိုသော ပဒေသရာဇ်စနစ်အား အရူးထလုပ်ဆောင်သော လုပ်ငန်းများထဲတွင် မိမိတို့နေထိုင်ရန်နှင့် စီမံခန့်ခွဲရန် အကြောင်းရင်းများအပါဝင် မိမိနှင့် မိမိ၏ ဆွေမျိုးညာတိများအတွက် လုံခြုံရေးသည် အရေးကြီးကြောင်း အထူးသတိထားရကာ နေပြည်တော်ဆိုသော မင်းဘုရင်ရူးတို့၏ မြို့တခု မြန်မာတွင် ပေါ်ထွက်လာတတ်သော အလေ့ထ အစဉ်လာများ ရှေ့သမိုင်းများတွင် ရှိသကဲ့သို့ ယခု လက်၇ှိ ကြပ်ပြေး နေပြည်တော် ဆိုသော ကွင်းထီးခေါင်ကြီးတခုလည်း ထိုးထိုးထောင်ထောင် အဆောက်အုံများဖြင့် ပေါ်ထွက်လာလေပြန်သည်။

Sunday, May 11, 2014

ရေပေါ်အရုပ်ရေးတဲ့ သမ္မတ အကြံပေး။ အာသောကမင်းတရား ကျောက်စာ

လက်ရှိအခြေနေနှင့် ထင်ဟတ်၍ ပြန်လည် တင်ပြခြင်းပါ (ဂိုလ်ရှယ်လေး)

၂၀၁၄ဇန်နာဝရီလ ၂၂ ရက်နေ့ ညပိုင်းဘီဘီစီထုတ်လွှင့်မှုမှာ သမ္မတ စီးပွါးရေးဆိုင်ရာ အကြံပေး ပညာတတ်ကြီး ဒေါက် တာ ဇော်ဦးကို အင်တာဗျူးပါတယ်။ 

အင်တာဗျူး ရတဲ့အကြောင်းက အိုင်အမ်အက်ဖ် လို့ခေါ်တဲ့ တိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲကြီးက မြန်မာပြည်စီးပွါးရေး တိုးတက်လာပေမယ့် ငွေကြေးဖေါင်းပွမှုက ကြီးမာနေတယ်လို့ ထုတ်ပြန်ခဲ့တဲ့အကြောင်းရင်းကို အခြေခံပြီး အင်တာဗျူးလုပ်ခြင်းပါ။ 

ဦးသန်းရွှေ (သို့မဟုတ်) နေပြည်တော်မင်းသားကြီး – အပိုင်း (၈)



သန်းဝင်းလှိုင် (မိုးမခ)

နေပြည်တော် တည်ဆောက်
မြန်မာ့သမိုင်းတွင် သရေခေတ္တရာခေတ်၊ ပုဂံခေတ်၊ မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်းခေတ်၊ အင်းဝခေတ်၊ ဟံသာဝတီခေတ်၊ တောင်ငူခေတ်၊ ဖဆပလခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ် စသည့် ခေတ်အသီးသီးတွင် အုပ်စိုးခဲ့သော ဘုရင်များ၊ မင်းများ ၊ အကြီးအကဲများသည် မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သော သရေခေတ္တရာ၊ ပုဂံ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ဟံသာဝတီ (ပဲခူး) ၊ ရွှေဘို၊ အမရပူရ၊ မန္တလေး၊ ရန်ကုန်တို့တွင် မင်းနေပြည်တော်မြို့ကြီး တည်ဆောက်၍ စိုးစံခဲ့ကြသည်။

Saturday, May 10, 2014

ရွှေမန်း နောက်မီး လင်းနေပြီ အပိုင်း (၁) + အပိုင်း(၂) နိဂုံးပိုင်း

စာဖတ်သူများ ဆက်ဆပ်မိရန် ချိပ်ဆက်များဖြင့် တင်ပြထားပါသည်


ရွှေမန်း နောက်မီး လင်းနေပြီ (အပိုင်း ၁)


 
မြန်မာပြည်၏ ပြုပြင်ပြောင်းလဲရေးသည် အလွန်တရာနက်လွန်းလှဆုံးသော အ၀ီစိ ငရဲထက်ပင် နက်ရှိုင်းပါ၏။ ပြုပြင်ပြောင်းလဲရေးသို့ ချေစုံပစ် ၀င်ရောက်ခဲ့ကြသူများသည် ယခုလောလော လတ်လတ်တွင် ဖြတ်သန်းနေကြရသော ဘေးဒုက္ခများက မရေတွက်နိုင်အောင်ပင် များကြလေသည်။
တိုင်းပြည်အား ငရဲသို့ ပို့ခဲ့သော ပေါင်းကူးတံတားမှာ ၂၀၀၈ အခြေခံ ဥပဒေ ဖြစ်ကြောင်း စာရေးသူ လက်ဆုပ်လက်ကိုင်ပြောရဲသည်။ ထိုဥပဒေကို ပြင်ဆင်ပါက သိပ်ထူးခြားလာမည်မထင်ပါ…အကြောင်းမှာ ငရဲသို့ သွယ်တန်းထားသော အဆိုပါ ၂၀၀၈ ပေါင်းကူးတံတားအား ပြင်ဆင်ပေးနေကြသလို ဖြစ်မည်ဟု လေးလေးနက်နက် တွေးဆပါသည်။
အကြောင်းစုံအား စားရေးသူတို့ လိုက်လံထောက်လှမ်းယူခဲ့သော လွှတ်တော် ဇာတ်ခုံနောက်က အဖြစ်ပြက်များအား တင်ပြပါအံ့……………………

Friday, May 9, 2014

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (သု့မဟုတ်) နေပြည်တော်မင်းသားကြီး – အခန်း (၇)

သန်းဝင်းလှိုင် (မိုးမခ)



ဗိုလ်ချုပ်မှူးကြီးလက်ထက် တိုင်းပြည်ဆုတ်ယုတ်မှုများ
မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ မဖွံ့ဖြိုးမတိုးတက်မှုများ၏ လက်သည်တရားခံမှာ စစ်အာဏာရှင် စနစ်ကြောင့်ဟု ဆိုရပေ မည်။ နိုင်ငံရေး ကို နိုင်ငံရေး သမားများက မလုပ်ရဘဲ၊ သို့မဟုတ် လုပ်ခွင့်မရဘဲ စစ်အာဏာရှင်ခေါင်းဆောင်များ ကသာ ယနေ့တိုင် စိုးမိုးချယ်လှယ် ထင်တိုင်းကျဲ အုပ်ချုပ်နေသောကြောင့် ဖြစ်သည်။ နိုင်ငံရေးသမားများက နိုင်ငံရေး မလုပ်ရသည့်အတွက် ပြည်သူ့သဘော ထား၊ ပြည်သူ့ဆန္ဒတို့သည် ဆိတ်သုဉ်းသွားခဲ့ရသည်။ အာဏာရှင်၏ သဘောထား ဆန္ဒများကိုသာ ပြည်သူ့သဘောထားဟုပြောင်လည်း ကြွေး ကြော်နေခဲ့ကြသည်။

Thursday, May 8, 2014

မြန်မာ စစ်တပ်နှင့် စီးပွားရေး မလုပ်ရန် အိုဘားမားကို မြန်မာ့အရေး အဖွဲ့များ တောင်းဆို

(Irrawaddy)

မြန်မာနိုင်ငံ ၌ စစ် တပ်နှင့် ဆက်နွယ် သည့် လုပ်ငန်းများ တွင် အမေရိ ကန် အနေနှင့် ရင်းနှီးမြှုပ်နှံ မှု မလုပ်ရန် တားမြစ် ထားသည့် ပိတ်ဆို့ ဒဏ်ခတ်မှုကို ဆက်လက် သက်တမ်း တိုးရန် မြန်မာ့အရေး လှုပ်ရှား သည့် အဖွဲ့ ၂၉ ဖွဲ့က သမ္မတ အိုဘားမား အား တောင်း ဆို တိုက်တွန်း လိုက်ကြောင်း သိရှိရသည်။

အမေရိကန် အခြေစိုက် U.S Campaign For Burma အပါအ၀င် နိုင်ငံ တကာရှိ မြန်မာ့အရေး လှုပ်ရှားသည့် Burma Campaign UK ၊ ကချင် ငြိမ်းချမ်းရေး ကွန်ရက်(Kachin Peace Network) ၊ ကရင်အမျိုးသမီး အစည်းအရုံး၊ လားဟူ အမျိုးသမီး အစည်းအရုံး၊ မယ်တော် ဆေးခန်း၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်(NDD)၊ ထားဝယ် အမျိုးသမီး သမဂ္ဂ၊ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB) စသည့် အဖွဲ့များက အမေရိကန် သမ္မတ အိုဘားမား ထံသို့ မေလ ၆ ရက်နေ့က စာပို့ တောင်းဆိုခြင်း ဖြစ်သည်။

Saturday, May 3, 2014

နာဂစ်မုန်တိုင်းအခြေအနေ သတင်းအမှားထုတ်ပြန်ကြေညာခဲ့မှုနဲ့  ကြိုတင်သတိပေးရေး ကယ်ဆယ်ရေးတာဝန် ကင်းမဲ့ခဲ့ကြသူများ အားလုံး နာဂစ်ကျိန်စာ သင့်ပါစေသား။

(Niknayman)

နာဂစ်မုန်တိုင်းအခြေအနေ သတင်းအမှားထုတ်ပြန်ကြေညာခဲ့မှုနဲ့  ကြိုတင်သတိပေးရေး ကယ်ဆယ်ရေးတာဝန် ကင်းမဲ့ခဲ့ကြသူများ အားလုံး နာဂစ်ကျိန်စာ သင့်ပါစေသား။

နာဂစ်မုန်တိုင်းဟာ တဖြေးဖြေးနဲ့  အရှိန်အဟုန် ပိုမိုပြင်းထန်လာနေတာကို ကမ္ဘာ့မိုးလေ၀သဌာနတွေက ၂၀၀၈ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့ ကတည်းက ပြသခဲ့တဲ့ နာဂစ်မုန်တိုင်း လမ်းကြောင်းပြ ပုံတွေနဲ့  ကမ္ဘာ့သတင်းထုတ်ပြန်ချက်တွေအရ သိရှိနေရပေမယ့်၊ မြန်မာအစိုးရပိုင်သတင်းဌာန သတင်းတွေမှာ အထူးသဖြင့် ၂၀၀၈ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ သတင်းမှာ “ဆိုင်ကလုန်းမုန်တိုင်းကြီး နာဂစ်သည် သိသိသာသာ အားကောင်းလာခြင်းမရှိ …. ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း … “ မုန်တိုင်းအခြေအနေသတင်းကို မှားယွင်းစွာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Friday, May 2, 2014

ဦးသန်းရွှေ (သို့မဟုတ်) နေပြည်တော်မင်းသားကြီး – အပိုင်း (၆)

(သန်းဝင်းလှိုင်) (မိုးမခ)



ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့်အား အရေးယူလိုက်ခြင်း

နိုင်ငံတော်ဝန်ကြီးချုပ်နှင့် စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့်၏ သြဇာ အရှိန်အဝါကြီး ထွားလာမှုကြောင့်အစိုးရိမ်လွန်ကာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်    ၂ဝဝ၄ခုနှစ်၊ အောက်တို ဘာလ(၁၉) ရက်နေ့တွင် ဖမ်းဆီး လိုက်ပြီးနောက် ရှေးမနှောင်းမှာ ပင် ဗိုလ်ချုပ်ခင်ညွှန့်၏ တပည့်စစ်ထောက်လှမ်းရေး အကြီးအကဲများ ကို ဖမ်းဆီးထိန်းသိမ်း လိုက်လေသည်။

ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးပုံစံသစ်

(VOA)

လွန်ခဲ့တဲ့ ဧပြီ လ (၂၁) ရက်နေ့က NLD ပါတီ ဝင် (၁၂) ဦး ပါဝင်တဲ့ ကိုယ် စားလှယ် အဖွဲ့ တရုတ်ပြည် ကို ထွက်ခွါသွားပါတယ်။ တရုတ် ကွန်မြူနစ်ပါတီ က ဖိတ်ကြား လို့ သွားရောက် လည်ပတ်တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ လကပဲ တရုတ်နိုင်ငံခြားရေး ဌာနက ဖိတ်ခေါ် လို့ NLD (၁၀) ဦး ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်ကို ခရီးထွက်ခဲ့ပါသေး တယ်။ ဧပြီလ ပထမပတ် ကလည်း ရန်ကုန် တက္ကသိုလ်က လူငယ် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည် ကို လေ့လာရေး ခရီးထွက် ခဲ့ပါတယ်။ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းချိန် ကစပြီး မြန်မာနဲ့ ဆက်ဆံရာမှာ စစ်အုပ်စုကိုသာ အဓိကမထားဘဲ အခြားအင်အားစုတွေကိုပါ တရုတ်က ဆက်ဆံလာပါတယ်။

Thursday, May 1, 2014

ဦးသန်းရွှေ (သို့) နေပြည်တော် မင်းသားကြီး – အပိုင်း (၅)

(သန်းဝင်းလှိုင်) (မိုးမခ)



စစ်သည်ရှည် ဗိုလ်ချုပ်မှူးကြီး

န၀တမှ နအဖ အဖြစ် ပြောင်း လိုက်ပြီးနောက် မြန်မာ့ တပ်မတော် တစ်ခုလုံးကို သူ့စိတ်ကြိုက် ပြင် ဆင်ပြောင်းလဲမှုများ ပြု လုပ်ခဲ့ပြီးနောက် အာဏာကို ပိုင်ပိုင်နိုင်နိုင် တည်ဆောက်နိုင်ချိန်၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အသက်သည် ၆၄ နှစ်အတွင်းသို့ ၀င်ရောက်ခဲ့ပြီ ဖြစ်သည်။ ၁၉၅၆ ခု၊ တပ်မတော် အက်ဥပဒေအရ မည်သည့်စစ်သည်မဆို အသက် ၆၀ ပြည့်လျှင် တပ်မတော်၌ ဆက်လက် စစ်မှုထမ်းခွင့် မရှိချေ။ မြန်မာ့တပ်မတော်သမိုင်းကို ပြန်ကြည့်လျှင် ဂန္ဓီစာချုပ်အရ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင်  ပြန်လည်စုဖွဲ့ခဲ့သည့်အချိန်မှ ယနေ့အထိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မှ လွဲ၍ မည်သူမျှ အသက် ၆၀ ကျော်သည်အထိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဆက်လက် ဖက်တွယ်ထားခြင်း မရှိပေ။