Saturday, May 3, 2014

နာဂစ်မုန်တိုင်းအခြေအနေ သတင်းအမှားထုတ်ပြန်ကြေညာခဲ့မှုနဲ့  ကြိုတင်သတိပေးရေး ကယ်ဆယ်ရေးတာဝန် ကင်းမဲ့ခဲ့ကြသူများ အားလုံး နာဂစ်ကျိန်စာ သင့်ပါစေသား။

(Niknayman)

နာဂစ်မုန်တိုင်းအခြေအနေ သတင်းအမှားထုတ်ပြန်ကြေညာခဲ့မှုနဲ့  ကြိုတင်သတိပေးရေး ကယ်ဆယ်ရေးတာဝန် ကင်းမဲ့ခဲ့ကြသူများ အားလုံး နာဂစ်ကျိန်စာ သင့်ပါစေသား။

နာဂစ်မုန်တိုင်းဟာ တဖြေးဖြေးနဲ့  အရှိန်အဟုန် ပိုမိုပြင်းထန်လာနေတာကို ကမ္ဘာ့မိုးလေ၀သဌာနတွေက ၂၀၀၈ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့ ကတည်းက ပြသခဲ့တဲ့ နာဂစ်မုန်တိုင်း လမ်းကြောင်းပြ ပုံတွေနဲ့  ကမ္ဘာ့သတင်းထုတ်ပြန်ချက်တွေအရ သိရှိနေရပေမယ့်၊ မြန်မာအစိုးရပိုင်သတင်းဌာန သတင်းတွေမှာ အထူးသဖြင့် ၂၀၀၈ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ သတင်းမှာ “ဆိုင်ကလုန်းမုန်တိုင်းကြီး နာဂစ်သည် သိသိသာသာ အားကောင်းလာခြင်းမရှိ …. ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း … “ မုန်တိုင်းအခြေအနေသတင်းကို မှားယွင်းစွာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။


နာဂစ်မုန်တိုင်း မြန်မာပြည် ကုန်းတွင်းပိုင်းကို မရောက်ရှိမီ အနည်းဆုံး ရက် (၃) ရက်ခန့်  အချိန်ရရှိခဲ့ပါလျက်နဲ့  မြန်မာပြည်သူလူထု ကျရောက်မယ့် ဘေးအန္တရာယ်အတွက် ကြိုတင် သတိပေးဖို့  လုံလောက်တဲ့ အချိန် ရရှိခဲ့ပေမယ့် ကြိုတင်သတိပေးမှု မရှိခဲ့သည့်အပြင် နာဂစ်မုန်တိုင်း အခြေအနေသတင်းအမှားကို ထုတ်ပြန်ခဲ့ခြင်း၊ ကြိုတင်ကယ်ဆယ်ရေးလုပ်ငန်းများကို လုံးဝဆောင်ရွက်ခဲ့ခြင်း မရှိခြင်း၊ နာဂစ်မုန်တိုင်းတိုက်ခတ်နေသည့် ရက်ပိုင်း အချိန်ပိုင်းအတွင်းမှာ တိုင်းပြည်အုပ်ချူပ်နေသည့် တာဝန်ရှိသူများမှ တာဝန်ကင်းမဲ့စွာ လစ်လျူရှူထားခြင်း၊ နာဂစ်မုန်တိုင်း ဘေးဒဏ်သင့် မြန်မာပြည်သူလူထုကို အကူအညီပေးဖို့  နိုင်ငံတကာမှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ အစည်းများ၏ ကမ်းလှမ်းချက်အား ဟန့် တား ပိတ်ပင်ခဲ့ခြင်း၊ မြန်မာပြည်တွင်း လူသားချင်စာနာထောက်ထားသော မြန်မာပြည်သူပြည်သားအချင်းချင်း ကူညီစောင့်ရှောက်ရန် ဆောင်ရွက်ကြသူများအား ဟန့် တားရုံမက အနှောင့်အယှက်ပေး ပိတ်ပင်တားဆီး အရေးယူခြင်းများကြောင့် နာဂစ်မုန်တိုင်းဘေးဒဏ်ကြောင့် သေဆုံးကြရခြင်းထက် မြန်မာပြည်သူလူထု အမြောက်အမြား ပိုမိုသေဆုံးခဲ့ကြရခြင်း၏ အဓိက တရားခံမှာ စစ်အာဏာရှင် အာဏာရူးကြီးများ ဖြစ်ကြသည့် သန်းရွှေ သိန်းစိန် ရွှေမန်းတို့ ကြောင့် ဖြစ်ပေသည်။

နာဂစ်မုန်တိုင်းထက် မြန်မာပြည်သူလူထုအား မုန်တိုင်းအတွင်း လူသားချင်း စာနာစိတ် ကင်းမဲ့စွာ သတ်ဖြတ်ခဲ့သည့် တရားခံများဖြစ်ကြသည့် သန်းရွှေ သိန်းစိန် ရွှေမန်းတို့  စစ်အာဏာရှင် ဗိုလ်ချူပ်ကြီးများ နာဂစ်ကျိန်စာ တိုက်အပ်ပါသည်။

နာဂစ်မုန်တိုင်းအခြေအနေ သတင်းအမှားထုတ်ပြန်ကြေညာခဲ့မှုနဲ့  ကြိုတင်သတိပေးရေး ကယ်ဆယ်ရေးတာဝန် ကင်းမဲ့ခဲ့ကြသူများ အားလုံး နာဂစ်ကျိန်စာ သင့်ပါစေသား။




No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။