Thursday, October 31, 2013

ပြင်ဆင်ရေးဆွဲဖို့ ခက်ခဲနေတဲ့ အခြေခံဥပဒေ

(VOA)

ဒီတပတ် မြန်မာ့ မျက်မှောက်ရေး ရာ ဆွေးနွေးခန်း အစီအစဉ်မှာ မြန်မာနိုင်ငံရဲ့လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို တကယ့် ဒီမိုကရေစီနှင့် ကိုက်ညီအောင် ပြုပြင်မယ့် အရေးကို  စစ်တပ်က လိုလားမှာ မဟုတ်ဘူးဆိုတာ ဘယ်လောက်ဖြစ်နိုင်ပါသလဲ။ ဘာကြောင့်လဲဆိုတာတွေကို မြန်မာနိုင်ငံ စစ်တပ်အရေးကို လေ့လာစောင့်ကြည့်နေတဲ့ ဦးဌေးအောင် နှင့် ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင်ခင်ဗျာ - အခု မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံကို ပြင်ကြမယ် အဲဒီလိုစကားတွေ အများကြီးပြောလာကြပါတယ်။ ပထမဦးဆုံးဆို ကြံ့ခိုင်ဖွဲ့ဖြိုးရေးပါတီကိုယ်၌က ဒီစာကို စပြောလာတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ စစ်တပ်က သိပ်လိုလိုလားလားရှိပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ သံသယစိတ်တွေကလည်း ပိုမိုကြီးထွားလာနေပါတယ်။ ဆိုတော့ တကယ်တမ်းပဲ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို စစ်တပ်က အဟန့်အတားလုပ်နိုင်တဲ့ အလားအလာ ရှိပါသလား။ ဘယ်လောက်များ ကြီးကြီးမားမား ရှိနေသလဲ ဒီအလားအလာ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတလောင်း အဖြစ် တပ်တွင်း ရေပန်းစား

(Irrawaddy)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အလွန် ၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့်၍ တပ်မတော်မှ အငြိမ်းစားယူရမည်ဖြစ်ကာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစု အဖွဲ့က  ရွေးချယ် တင်မြှောက်မည့် ဒုတိယသမ္မတ ဖြစ်လာပြီး သမ္မတဖြစ်နိုင်ခြေရှိကြောင်း တပ်တွင်း သတင်း ရပ်ကွက်မှ စုံစမ်း သိရှိရသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင်လည်းဖြစ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒုတိယ တိုင်းမှူးလည်းဖြစ်သူ ဗိုလ်မှူးချုပ်ဝေလင်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် “တိုင်းပြည်အတွက် အလုပ်ကြိုးစားသူ” ဖြစ်ပြီး တိုင်းပြည်အတွက် အထောက်အကူပြုမည့်နေရာတွင် ပါဝင်လိမ့်မည်ဟု ထင်မြင်ကြောင်း၊ အသက် ၆၀ ပြည့်ပြီးနောက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက တင်မြှောက်သော ဒုတိယသမ္မတ ဖြစ်လာ နိုင်ကြောင်း ဧရာဝတီသို့ ပြောဆိုသည်။

Tuesday, October 29, 2013

ရုပ်ဆိုး အကျည်းတန်သော နေ့ရက်များဖြင့် ဘ၀နေ၀င်ချိန် အဆုံးသတ်ရမည်ကို စစ်အာဏာရှင်ဟောင်းက အထူးစိုးရိမ်နေ

(FNG)

၁၁ ဘီလျှံ ကိစ္စ ၊ ဖွဲ့  စည်း ပုံ အခြေခံ ပြင် ဖို့  အချက် ၊ သူ့  ကို မလိုလား တဲ့ သူ တွေ အုပ် စု ဖွဲ့  အား ကောင်း လားမှု ၊ မြေးဖြစ် သူ နေရွှေသွေးအောင် ကို ဝေဖန် မှု တွေ များ လာ ခြင်း အတွက် ဘီးတပ် ကုလားထိုင် ဖြင့် သွား လာ နေရ သည့် ဗိုလ်ချုပ်မှုး ကြီး ဟောင်း သန်းရွှေ က မြန်မာ နိုင်ငံ ရေး ကို အထူး စိုးရိမ် ကြောင်း လွှတ် တော် ဥက္ကဌ သူရ ဦးရွှေမန်း ကို ပြော သည် ဟု FNG မှ သတင်း ရရှိသည်။

" သူ တို့  နှစ်ဦး တွေ့ ချိန် မှာ တော့ အများ ကြီး ပြော မှာ ပေါ့၊ ရွှေမန်းရာ အခု ဆယ့် တစ် ဘီလျှံ ကိစ္စ ၊ ဖွဲ့  စည်း ပုံ ပြင် ဖို့  စတဲ့ အချက် တွေ ဟာ ငါ့ ကို ကြိုးကွင်းစွပ် မယ့် ကိစ္စတွေ ပဲ ၊ ငါ စိုးရိမ် တယ် ကွာ လို့  ပြော မှာ ပေါ့ ၊ ဒါပေမယ့် ဦးရွှေမန်း ကတော့ အဲလို ကြီး ဘယ် ပြော မလဲ မီဒီယာ တွေ ကို
ဗိုလ်ချုပ်မှုးကြီး က နိုင်ငံ ရေး အခြေအနေ ကို စိုးရိမ် တယ် လို့  ပဲ ပြော တာ ပေါ့ " ဟု ဦးရွှေမန်း မိသား စု နှင့် နီးစပ် သူ တစ်ဦး က FNG ကို ပြောသည်။

ကြံ့ခိုင်ရေးပါတီ နှစ်ခြမ်းကွဲပြီလား

(Irrawaddy)

၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် လက်ရှိ သမ္မတ ဦးသိန်းစိန်က ထပ်မံ တာဝန်ထမ်းဆောင်မည်မဟုတ် ဟု ယခင်အပတ်က သူရဦးရွှေမန်း မီဒီယာများသို့ ထုတ်ဖော်ပြောဆိုမှုသည် သမ္မတ၏ သဘောထားမဟုတ်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က တုန့်ပြန် ပြောဆိုလိုက်ပြီးနောက် အုပ်ချုပ်ရေးနှင့် အာဏာရပါတီ အသိုင်းအဝိုင်းကြား ဦးသိန်းစိန်ထောက်ခံသော အုပ်စုနှင့် ဦးရွှေမန်း ထောက်ခံသော အုပ်စု ၂ ခု ပိုမိုပေါ်လွင်လာနေပြီး ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နှစ်ခြမ်းကွဲတော့မလား ဟု မေးခွန်းထုတ်ရန် ဖြစ်လာနေစေသည်။

ရွေးကောက်ပွဲဝင်ဖို့ ဦးခင်ညွန့် စဉ်းစားနေသလား

(Irrawaddy)

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ၂ဝ၁၅ ရွေးကောက် ပွဲအတွက် ပြင်ဆင်နေသလား။
ဝင်ဖို့ ရည် ရွယ်ချက် ရှိသလား။ 


ဝင်နိုင်ဖွယ်ရှိတယ်၊ သူ့ကို အားပေးသူ အများအပြားရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ကနေ ဝင်လိမ့်မယ် လို့ တချို့က ဆိုပါတယ်။
အခုတလောက သဲ့သဲ့ထွက်နေတယ်ဆိုတဲ့ဒီသတင်းနဲ့ ပတ်သက်ပြီး  သူကတော့ တစုံတရာ ပြောသေးဟန် မတူပါဘူး။

Monday, October 28, 2013

“တပ်မတော်က သမ္မတ ဘက်ကလည်း မလိုက်ဘူး။ ဦးရွှေမန်း ဘက်ကလည်း မလိုက်ဘူး”

(Irrawaddy)

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ က မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ အပေါ် စိုးရိမ် သည်ဟု ပြော ဆိုကြောင်း သူရဦးရွှေမန်းက သတင်းစာ ရှင်းလင်းပွဲတခုတွင် ထုတ်ဖော်ပြော ဆိုလိုက်ပြီးနောက် မြန်မာ့နိုင်ငံရေးလောက တွင် ဦးသန်းရွှေစိုးရိမ်မှုနှင့် ပတ်သက်ပြီး အမျိုးမျိုး အဖုံဖုံ သုံးသပ်ပြောဆိုနေကြသည်။ လတ်တလော နိုင်ငံရေးအခြေအနေမှာလည်း အခြေခံဥပဒေ ပြင်ရေး၊ အသစ်ရေးဆွဲရေး၊ ငြိမ်ချမ်းရေးနှင့်အပစ်အခတ်ရပ်စဲရေး၊ အာဏာလွန်ဆွဲပွဲများနှင့် ရှုပ်ထွေးနေပြီး အာဏာရှိ ပုဂ္ဂိုလ်များ အကြား အကွဲအပြဲများတွေ့မြင်နေရသည်။  လက်ရှိနိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍသည် မြန်မာ့ နိုင်ငံရေး အတွက် အဆုံးအဖြတ်အဖြေ တခု ဖြစ်နေရာ  တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခေါင်းဆောင် လည်းဖြစ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒုတိယတိုင်းမှူးလည်းဖြစ်သူ ဗိုလ်မှူးချုပ်ဝေလင်းကို ဧရာဝတီ အယ်ဒီတာ အဖွဲ့ဝင် သာလွန်ဇောင်းထက်က ဆက်သွယ်မေးမြန်းထားပါသည်။

သူရိယနေဝန်းထွက်ပြီ၊ ဖိုးလပြည့်တို့ကို ဖက်ဆစ်နဲ့ ခိုင်းနှိုင်း

(Irrawaddy)

သူရိယနေဝန်းဂျာနယ် အတွဲ ၁၊ အမှတ် ၁ ထွက်လာပါပြီ။

ဒီဂျာနယ်ကို စနေနေ့တိုင်း ထုတ်မယ်လို့ ကြေညာထားပါတယ်။



သူရိယနေဝန်း ဆိုတာ ဟိုတလောက ရပ်လိုက်ရတဲ့ သူရိယအလင်းရဲ့ အဆက် ဖြစ်ပါတယ်။
သူရိယအလင်းအကြောင်း ပြဿနာ ဖြစ်ခဲ့သည့် သူရိယအလင်းဂျာနယ် ထုတ်ဝေမှု လုံးဝရပ်နားပြီ http://burma.irrawaddy.org/news/2013/10/21/49834.html ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါတယ်။

သံသယတွေ အပြည့်နဲ့ ဗုံး

(Irrawaddy)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာ လလယ်ပိုင်းက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ် အပါအ၀င် မန္တလေး၊ စစ်ကိုင်း၊ နမ့်ခမ်း၊ တောင်ငူ စတဲ့ နေရာဒေသတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး အသေအပျောက်တွေလည်း ရှိခဲ့ပါတယ်။

အဲဒီအပြင် မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ရှိမှုတွေနဲ့ ဗုံးလန့်မှုတွေကြောင့်လည်း ပြည်သူအများ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပွားခဲ့ကြပြီး သံသယတွေလည်း ပွားနေကြပါတယ်။

Saturday, October 26, 2013

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံရေးတွင် ပါဝင်ပတ်သက်၍မရတော့ဟု ဦးရွှေမန်းပြော

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ နိုင်ငံရေး နှင့် ပတ်သက်မှုမရှိတော့ဘဲ လက်ရှိအခြေအနေတွင် ၎င်း ပါဝင်ပတ်သက် လိုလျှင်လည်း လုပ်ကိုင်၍ မရနိုင်တော့ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောသည်။

““နိုင်ငံရေးနဲ့ပတ်သက်လို့ ရှိပါသလားဆိုတာ ဗိုလ်ချုပ်မှူးကြီးသည် နိုင်ငံရေးနဲ့ပတ်သက်လို့ သူမရှိပါဘူး။ တကယ်လို့ စိတ်ထဲမှာရှိရင်လည်း လက်တွေ့ သူ လုပ်ဆောင်လို့မရပါဘူး”” ဟု ဗိုလ်ချုပ်မှူးကြီးနှင့် မြန်မာနိုင်ငံရေး ဆက်စပ်နေမှုကို သူရဦးရွှေမန်းက ဆိုသည်။

Friday, October 25, 2013

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) စိုးရိမ်မှုအပေါ် သဘောထားမှတ်ချက်များ

by The Voice Weekly

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက ဦးတင်ဦး
“စိုးရိမ်ရင်လဲ စိုးရိမ် မှာပဲ။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေးပြောင်း လဲမှု ဖြစ်စဉ်တွေက တဖြည်းဖြည်း အရှိန်မြင့်လာတာကိုး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ ကိစ္စတွေ၊ တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ ငြိမ်းချမ်းရေးယူဖို့ လုပ်နေတာတွေ အားလုံးနဲ့ နောက်ပြီး ဟိုရခိုင်မှာ ဖြစ်တဲ့ ကိစ္စတွေက သူ့ကို နောက်ကျောမလုံအောင် လုပ်နေသလို ဖြစ်နေပြီ။ နောက်ပြီး မြစ်ဆုံကိစ္စတို့၊ လက်ပံတောင်းကိစ္စ စတဲ့ စီးပွားရေးကိစ္စ တွေမှာ ပြဿနာတွေ ဖြစ်လာတယ်။ အားလုံးကလည်း ပြောရဲ ဆိုရဲ ရေးရဲ ဖြစ်လာတော့ သူအာဏာမလွှဲခင်က ဖြစ်ခဲ့တာတွေကို မဖော်ထုတ်ဘူးလို့ အာမမခံနိုင်တော့ဘူး။
နိုင်ငံအကြီးအကဲ လုပ်ခဲ့တဲ့သူဟာ ချန်ထားခဲ့တဲ့ နိုင်ငံကို အေးအေးဆေးဆေးနဲ့ မြင်ချင်မှာပေါ့ ။ ဒါမှသူ့ကို မထိခိုက်မှာလေ။”


အစိုးရကို အယုံအကြည်နည်းစေတဲ့ အကြောင်းများ

(VOA)

ပြုပြင်ရေးလုပ်ဖို့ ကြိုးပမ်းနေတဲ့ ဦးသိန်းစိန်အစိုးရကို ပြည်တွင်းပြည်ပမှာ အယုံအကြည်နည်းပါးစေတဲ့ အကြောင်းရင်းတွေကို လတ်တလောနဲ့ အခြေခံဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ဦးသိန်းစိန်လက်ထက်မှာ ဖြစ်ပွားတဲ့ ပြဿနာနဲ့ ပဋိပက္ခတွေဟာ အစိုးရကို အယုံအကြည်နည်းစေတဲ့ လတ်တလောအကြောင်းရင်းတွေ ဖြစ်ပါတယ်။ အနှစ် (၅၀) ကျော် စစ်ခေါင်းဆောင်တွေ အဂတိလေးပါး လိုက်စားခဲ့တာဟာ အခြေခံအကြောင်းရင်း ဖြစ်ပါတယ်။ အဂတိလိုက်စားတယ်ဆိုတာဟာ လာဘ်ပေးလာဘ်ယူတင် မဟုတ်ပါဘူး။ မတရားလုပ်မှု၊ မမှန်မကန်လုပ်မှု၊ ကြောက်ပြီးလုပ်မှု၊ ဘက်လိုက်မှု စတာတွေလည်း ပါဝင်ပြီး အရိုးစွဲနေတဲ့ အကျင့်ဆိုးဖြစ်လို့ ပပျောက်အောင်လုပ်ဖို့ အလွန်ခက်ခဲတဲ့ ပြဿနာဖြစ်ပါတယ်။

Thursday, October 24, 2013

တပ်မတော်ကိုဖြိုခွဲနေသောဗိုလ်ချုပ်ကြီးများ

ဆောင်းပါးရှင်။ အောင်လင်းထွဋ်
 
တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ရဲဘော်သုံးကျိပ် သွေးသောက် သစ္စာဂတိပြု ကာပြည်သူ ၏ အသက် အိုးအိမ်စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ရန်အတွက်စနစ်တကျအမျော်အမြင် ရှိရှိဖြင့်  စစ်စည်းကမ်း၊နည်းဥပဒေများ ၊ လိုက်နာရမည့်ကျင့်ဝတ်သိက္ခာများ၊ ပြဌါန်းကာ ဖွဲ့စည်းခဲ့တာပါ ဗိုလ်ချူပ်ကြီးနှင့်မိသားစုများရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ဖို့မဟုတ်သလိုလက်အောက်အရာရှိ၊စစ်သည်များသည်လဲအခိုင်းအစေကျွန်ခံဖို့တပ်မတော်ထဲဝင်ရောက်လာခြင်းမဟုတ်ကြပါ။
ယနေ့တပ်မတော်တွင်ယခင်ကောင်းခဲ့သောအစဉ်အလာများကွယ်ပျောက်၍မကောင်းသောအစဉ်လာ များထွန်းကားနေသည်ကို မည်သူမျှမငြင်းနိုင်ပါ။

မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်အပေါ် စိုးရိမ်ပူပန်ဟု ဦးသန်းရွှေပြော

(ဧရာဝတီ)

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ က မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန် လျက်ရှိသည်ဟု ထုတ်ဖော်ပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့တွင် သူရဦးရွှေမန်းမိသားစုက အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေမိသားစုကို သွားရောက်ကန်တော့စဉ် ဦးသန်းရွှေက မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များ အပေါ် စိုးရိမ်ပူပန်သည်ဟု ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက ယနေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ ထုတ်ဖော်ပြောဆိုသည်။

Wednesday, October 23, 2013

ဗုံးကွဲမှုတွေနောက်ကွယ်က အမာလိုင်း အုပ်စု

ရန်ကုန်မြို့ ကုန် သည်ကြီးများ ဟိုတယ်အပါအ၀င်နေရာ တချို့နဲ့ တောင်ငူ၊ မန္တလေး စတဲ့ မြို့တချို့မှာ ဗုံးတွေ ပေါက်၊ ဗုံးတွေတွေ့ နဲ့မို့ ဒီဗုံးကွဲမှုတွေဟာ ဆန်းကြယ်ပြီး နောက်ကွယ်က ရည်ရွယ်ချက် ကြီးကြီး မားမားရှိတဲ့ အုပ်စုကြီးတခုက ကိုင်တွယ်နေတယ်ဆိုတာ ပေါ်လွင်တယ်။ 


ဒီဗုံးကွဲမှုတွေနဲ့ တဆက်တည်း ရန်ကုန်မြို့က ဆမ်ဆောင်း စင်တာမီးလောင်သွားတာ သတိထားမိလိုက်ကြ မယ်ထင်တယ်။ 

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ပြင်ဆင်ရန်ခက်ခဲ

(Irrawaddy)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြန်လည် ပြင်ဆင်ရာတွင် တိုင်းရင်းသား တန်းတူ အခွင့်အရေး ရှိရေးနှင့် ဗဟို အာဏာ ချုပ် ကိုင်မှု လျော့ချရေး ကိုသာ  ပြင်ဆင်နိုင်ဖွယ်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် တားဆီးထားသည့် အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်း ပြဋ္ဌာန်းချက်ကိုမူ ပြင်ဆင်ရန် လုံးဝ မလွယ်ကူကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောဆိုသည်။

ပြည်ထောင်စု လွှတ်တော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ဒီဇင်ဘာလ ၃၁ ရက် မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်မည်ဖြစ်ပြီး နိုင်ငံရေးပါတီ အသီးသီးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေး အကြံပြုချက် များ စတင် ပေးပို့နေကြောင်း၊ လတ်တလော  အခြေခံဥပဒေတွင် တိုင်းရင်းသား တန်းတူညီရေး နှင့် ဗဟို အာဏာချုပ်ကိုင်မှု လျော့ချရေး ပြဋ္ဌာန်းချက်များ ပြင်ဆင်နိုင်ရေးကို တိုင်းရင်းသားနိုင်ငံရေးပါတီများက  အကြံပြုနေကြပြီး အခြေခံ ဥပဒေ ပုဒ်မ ၅၉ တွင် ပြဋ္ဌာန်းထားသည့် သမ္မတ အရည် အချင်း ပြဋ္ဌာန်းချက်ကို ပြင်ဆင်သင့်သည်ဟု အကြံပြုမှု နည်းပါးကြောင်း သိရှိရသည်။

မြန်မာနိုင်ငံနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် ပြုလုပ်နေခြင်းအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေရကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်း ၁၃၃ ခုက စာပေးပို့

(Mizzima)

အမေရိကန်သမ္မတ အိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းနှင့် သြစကြေးလျဝန်ကြီးချုပ်တိုနီအဘော့ ထ်တို့အား
မြန်မာနိုင်ငံနှင့် စစ်ရေးအရပူးပေါင်းဆောင်ရွက်ရန် ပြုလုပ်နေခြင်းအတွက် အလွန်အမင်းစိုးရိမ် ပူပန်နေရကြောင်း တိုင်းရင်းလူမျိုး ၁၅ မျိုးအား ကိုယ်စားပြုသည့် အရပ်ဘက် လူ့အဖွဲ့အစည်း ၁၃၃ ခုက စာရေးသား ပြောကြားလိုက် သည်။

မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လက်ရှိ ဖြစ်ပေါ်နေဆဲ ပဋိပက္ခများကို မီးမောင်းထိုးပြထားသည့် ယင်းစာတွင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများမပြုမီ လိုအပ်ချက်များနှင့် မြန်မာစစ်တပ်အနေဖြင့် ထိထိ
ရောက်ရောက် တိုးတက်စွာ လိုက်နာဆောင်ရွက်သင့်သည့် အချက်များကိုလည်း အသေးစိတ် ဖော်ပြထားသည်။

Friday, October 18, 2013

ဖိုးလပြည့်က သူ့ဘ၀အကြောင်းတွေကို ထုတ်ပြော

(Irrawaddy)

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးတော်သူ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်က တက္ကသိုလ်များ ချံပီယံလိဂ် ဥက္ကဋ္ဌ တဦးအနေနဲ့ အဆိုပါ UCL ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ကျောင်းသား/ ကျောင်းသူတွေကို  မေတ္တာရပ်ခံစာ တစောင် ပေးပို့ ဖြန့်ဝေစေခဲ့ပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်းက နေရွှေသွေးအောင်ရဲ့ စာမှာ အများက ဖေ့စ်ဘွတ်အပါအ၀င် အွန်လိုင်းစာမျက်နှာတွေပေါ်မှာ သူနဲ့ပတ်သက်ပြီး မဟုတ်မမှန် ရေးသားဖော်ပြနေမှုတွေကိုလည်း တုံ့ပြန် ဖြေရှင်းထားပြီး ပုဂ္ဂိုလ်ရေး စွပ်စွဲချက်တွေဖြစ်တဲ့ ၀တ်မှုံရွှေရည် ကိုလည်း ခိုးမပြေးခဲ့ဘူးကြောင်း၊ မိုးယုစံကိုလည်း လက်ထပ်ထားတယ်ဆိုတာ မဟုတ်ကြောင်းတွေလည်း ပါဝင်ပါတယ်။ 

ဗြိတိန်က မြန်မာစစ်တပ်ကို တိုက်ခိုက်ရေး သင်တန်းပေးမည်မဟုတ်

(VOA)

ဗြိတိသျှစစ်တပ်နဲ့ မြန်မာစစ်တပ်ကြား ဆက်ဆံမှုရှိတယ်ဆိုပေမယ့် ဒါဟာ စစ်သင်တန်းပေးဖို့အတွက်မဟုတ်ပဲ ဒီမိုကရေစီ စံနစ်ထဲမှာ ဗြိတိသျှစစ်တပ် ဂုဏ်ရှိရှိ တည်ရှိနေတာကို မြန်မာစစ်ခေါင်းဆောင်တွေ စံနမူနာယူနိုင်ဖို့ အတွက်ဖြစ်တယ်လို့ ဗြိတိသျှသံအမတ်ကြီးက ပြောပါတယ်။ ဒါ့အပြင် မြန်မာပြည် အတွင်း ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးကဏ္ဍ စတာတွေအပြင် တခြား ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ဗြိတိန်က ပေါင် သန်း ၆၀ သုံးစွဲဖို့ စီစဉ်ထားတယ်လို့ ဒီကနေ့ သတင်းမီဒီယာ အဖွဲ့တွေနဲ့ တွေ့ဆုံစဉ် ပြောကြား လိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Thursday, October 17, 2013

ဦးသိန်းစိန် ၂၀၁၅ မှာ သမ္မတ ဆက်မလုပ်ဟု သူရဦးရွှေမန်း ပြောဆို

(ဧရာဝတီ)

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဦးသိန်းစိန်အနေဖြင့် သမ္မတရာထူးကို ဆက်လက်ထမ်းဆောင်တော့မည် မဟုတ်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မကြာသေးခင်က ထိုင်းခရီးစဉ်အတွင်း ဧရာဝတီသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ ဦးရွှေမန်းက အခုလို ထုတ်ဖော် ပြောဆိုပါတယ်။ သူရဦးရွှေမန်းဟာ လာမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကို ဦးဆောင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပြီး သမ္မတဖြစ်ချင်တယ်လို့လည်း ပြောဆိုကြေညာထားသူလည်း ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်၏ ဗြိတိန်နိုင်ငံခရီးစဉ်အတွင်း ကုန်ကျစရိတ်များအတွက် ဗြိတိန်အခွန်ထမ်းပြည်သူတို့ မနှစ်မြို့

(Mizzima)

မြန်မာသမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံသို့ သွားရောက်လည်ပတ်သည့် ခရီးအတွက် ကုန်ကျစရိတ်များကို ဗြိတိန်
အစိုးရက အကုန်အကျခံခဲ့သည့်အပေါ် ဗြိတိန်နိုင်ငံမှ အခွန်ထမ်းပြည်သူတို့က ငြိုငြင်လျက်ရှိသည်ဟု ဗြိတိန်
အခြေစိုက် NGO တစ်ခုဖြစ်သည့် Burma Campaign UK က ထုတ်ဖော် ပြောဆိုလိုက်သည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ အမျိုးသားတစ်ဦးအတွက် တန်ဖိုးကြီးတဲ့ ဟိုတယ်တွေနဲ့ ညစာတွေအတွက် သူတို့ရဲ့ အခွန်ငွေတွေကို သုံးစွဲတာမျိုး ဗြိတိန်အခွန်ထမ်းတွေက မလိုချင်ကြဘူး”ဟု Burma Campaign UK ၏ ဒါရိုက်တာ Mark Farmaner က မဇ္ဈိမကို ပြောသည်။

မြန်မာပြည်က ဂိုဏ်းစတားနှင့် သူ၏ ဓားစာခံများ ဒုတိယပိုင်း


ဂိုလ်ရှယ်လေး

၁၉၃၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ မှာ မွေးဖွား သော မြန်မာစစ်ခေါင်းဆောင်၏ မိသားစု ၀င်ငွေ သည် တစ်နှစ် လျှင် သန်း ၃၀၀ ခန့် ဝင်ငွေရှိ သည်ဟု ခန့်မှန်းနေကြပြီး စင်္ကာပူ နိုင်ငံ၊ တရုတ်နိုင်ငံ ၊ မလေးရှား နိုင်ငံ ၊တောင် ကိုရီးယား နိုင်ငံ ၊ ဗီယက် နမ်
နိုင်ငံ၊ ရုရှား၊ ယူကရိန်း ၊ ဘီလာရပ်(စ) နှင့် အာရပ် နိုင်ငံ
အချို့ တွင် ဗိုလ်ချုပ် မှုးကြီး သန်းရွှေ မိသားစု ၀င်များ ၏ ရင်း နှီးမြုပ် နှံ မှု များ
ရှိနေပြီး ယူကရိန်းနိုင်ငံတွင် ဗိုလ်ချုပ်မှုးကြီး ၏ လက်နက် ၀ယ်ယူရေး ကိုယ်စားလှယ် ရုံး နှင့် ယူအေအီးနိုင်ငံ ဒူဘိုင်း မြို့ ရှိ စူပါမားကတ် အချို့ တွင် လည်း ရင်းနှီး မြုပ် နှံ မှု များ ပြုထား သည် ဟု သိရသည်။

မုန်တိုင်းမီးလျှံနဲ့ ပွင့်သစ်ရမယ့် မြန်မာ့ဒီမိုကရေစီ

(VOA)

ဒီတပတ် မြန်မာ့မျက်မှောက်ရေး ရာ အစီအစဉ်မှာ အခုရက်ပိုင်း အတွင်း ရန်ကုန်၊  မန္တ္တလေးနဲ့ မြန်မာနိုင်ငံနေရာ အတော်တော်များမှာ ဆက်တိုက်ဆိုသလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်လိုရည်ရွယ်ချက်၊ ခံယူချက်တွေနဲ့ လုပ်ဆောင်နေသလဲဆိုတာကို မြန်မာသတင်းသမား မောင်သွေးသစ် နဲ့ ကိုသီဟသွယ်တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

Wednesday, October 16, 2013

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ဥပဒေမျိုး ကမ္ဘာပေါ်တွင်မရှိ



၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကဲ့သို့ ပြင်ဆင်ရန် ခက်ခဲ ရှုပ်ထွေးသည့် ဥပဒေမျိုး ကမ္ဘာ ပေါ်တွင်မရှိဟု NLD မှ ဖွဲ့စည်း ထားသည့်အခြေခံ ဥပဒေပြင်ဆင် ရေးကော်မတီဝင် တရားလွှတ် တော်ရှေ့နေ ဦးကိုနီက ပြော သည်။

ကမ္ဘာပေါ်၌ အခြေခံဥပဒေ ပြင်ဆင်ရာတွင်

(၁) လွယ်ကူ သောပြင်ဆင်ခြင်း၊

(၂) ခက်ခဲ သော ပြင်ဆင်ခြင်း၊

(၃) အလွန် ခက်ခဲသော ပြင်ဆင်ခြင်းဟူ၍ ခွဲ ခြားထားကြောင်း၊

Monday, October 14, 2013

မြန်မာပြည်က ဂိုဏ်းစတားနှင့် သူ၏ ဓားစာခံများ

၁၉၃၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့မွေးဖွားသောမြန်မာစစ်ခေါင်းဆောင်၏မိသားစုဝင်ငွေသည် တစ်နှစ်လျှင် ဒေါ်လာသန်း ၃၀၀ ခန့်ဝင်ငွေရှိသည်ဟုခန့်မှန်းနေကြပြီး စင်္ကာပူနိုင်ငံ.၏၊ တရုတ်နိုင်ငံ ၊ မလေးရှားနိုင်ငံ၊တောင်ကိုးရီးယားနိုင်ငံ ၊ ဗီယက်နမ်နိုင်ငံ၊ရုရှား၊ ယူကရိန်း ၊ ဘီလာရပ်(စ) နှင့် အာရပ် နိုင်ငံ
အချို့ တွင် ဗိုလ်ချုပ် မှုးကြီး သန်းရွှေ မိသားစု ၀င်များ ၏ ရင်း နှီးမြုပ် နှံ မှု များ
ရှိနေပြီး ယူကရိန်းနိုင်ငံတွင် ဗိုလ်ချုပ်မှုးကြီး ၏ လက်နက် ၀ယ်ယူရေး ကိုယ်စားလှယ် ရုံး နှင့် ယူအေအီးနိုင်ငံ ဒူဘိုင်း မြို့ ရှိ စူပါမားကတ် အချို့ တွင် လည်း ရင်းနှီး မြုပ် နှံ မှု များ ပြုထား သည် ဟု သိရသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးအတွက် ဆန္ဒကောက်ယူမှု ပြင်ဆင်လိုသူများပြား

(Mizzima)

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး (သို့) အသစ် ရေးဆွဲရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးဆောင်ပြီး ရန်ကုန်တိုင်း အရှေ့ပိုင်း ခရိုင်အတွင်း ပြည်သူ့ဆန္ဒ သဘောထားများ ကောက်ယူရာ ပြင်ဆင်လိုသည်ဟု ဆန္ဒသဘောထားရှိသူ ရာခိုင်နှုန်း ပိုများပြီး ၉၀ ရာခိုင်နှုန်းခန့်က ပြင်ဆင်လိုသည်ဟု NLD ပါတီမှ ဖွဲ့စည်းထားသည့် အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဝင် ဦးကိုနီက အောက်တိုဘာ ၁၃ ရက်တွင် ပြောသည်။

ယင်းသို့ ဆန္ဒသဘောထား ကောက်ယူခြင်းကို ရန်ကုန်တိုင်းတွင် အောက်တိုဘာ ၁၂ ရက်မှ စတင်ခဲ့ခြင်းဖြစ်ကာ အများစုသည် လွှတ်တော်တွင်း လမ်းကြောင်းမှ ပြင်ဆင်လိုခြင်းမဟုတ်ဟုလည်း ဦးကိုနီက ပြောသည်။ ဆန္ဒကောက်ခံရာတွင် ၉၀ ရာခိုင်နှုန်းက ပြင်ဆင်လိုပြီး ၁၀ ရာခိုင်နှုန်းက အသစ်ရေးဆွဲ လိုကြောင်းလည်း ၄င်းက
ပြောသည်။

Sunday, October 13, 2013

တပ်မတော် နှစ်ရပ်အကြား အကျိုးတူ ကိစ္စရပ်များ ဆွေးနွေးရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တရုတ်နိုင်ငံသို့ ထွက်ခွာ

(Eleven Media Group)

တပ်မတော် နှစ်ရပ်အကြား အကျိုးတူ ကိစ္စရပ်များ ဆွေးနွေးရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အောက်တိုဘာ ၁၂ ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဆိုပါ ခရီးစဉ်ကို တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ကြောင်း သိရပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗဟိုစစ် ကော်မရှင်၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Friday, October 11, 2013

အာဆီယံ အစည်းအဝေးတွေ ချောချောမွေ့မွေ့ ကျင်းပပြီးစီးနိုင်အောင် ရဟတ်ယာဉ်နဲ့ ကောင်းကင်ပေါ်ကနေ ပရိတ်ရေ ဖြန်းမယ်ဆိုတဲ့.....

(ဒီမိုဝေယံ)
အာဆီယံ အစည်းအဝေးတွေ ချောချောမွေ့မွေ့ ကျင်းပပြီးစီးနိုင်အောင် ရဟတ်ယာဉ်နဲ့ ကောင်းကင်ပေါ်ကနေ ပရိတ်ရေ ဖြန်းမယ်ဆိုတဲ့.....
၂၀၁၄အာဆီယံ ဥက္ကဋ္ဌရာထူး မြန်မာလက်ခံရယူ..

ယနေ့ ဘရူနိုင်းနိုင်ငံမှာ ကျင်းပတဲ့ အာဆီ၂၃ကြိမ်မြောက် အစည်းအဝေးအပြီးမှာ ၂၀၁၄အာဆီယံ ဥက္ကဋ္ဌရာထူးကို သမ္မတဦးသိန်းစိန် လက်ခံရယူခဲ့ပါပြီ..။

စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အာဆီယံဥက္ကဋ္ဌ ရထူးရယူဖို့ ကြိုးစားခဲ့ပေမယ့် ကန့်ကွက်မှုတွေနဲ့ ကြုံခဲ့ရပါတယ်..။
ဒီနေရာမှာ တခုပြောလိုတာက အာဆီယံဥက္ကဋ္ဌ ရာထူးရယူတာ လွယ်ကူပေမယ့် တာဝန်ယူမှု အင်မတန်ကြီးမားတယ် ဆိုတာပါပဲ..။ အာဆီယံ နိုင်ငံက ခေါင်းဆောင်တွေအပြင် ထိပ်သီးနိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်တဲ့ အစည်းအဝေးတွေကိုလည်း လုံခြုံရေး အထူးကြပ်မတ်ပြီး လက်ခံကျင်းပရတာပါ...။

ဆယ်တန်းကျောင်းသူနှင့် အတူနေပြီး လက်ထပ်မယူဘဲ စစ်ဗိုလ်တစ်ဦး ရှောင်ပြေးနေ

(Mizzima)

မရမ်းကုန်းမြို့နယ်တွင် ဆယ်တန်းကျောင်းသူကလေးတစ်ဦးကို စစ်ဗိုလ်ကြီးတစ်ဦးက အကြိမ်ကြိမ် ကာမစက်ယှက်ပြီး လက်ထပ်ယူမည်ဟု ပြောဆိုခဲ့သော်လည်း တိမ်းရှောင်နေသည့်အတွက် ကာယကံရှင် မိသားစုက အောက်တိုဘာ ၉ ရက်တွင် အမှုဖွင့်တိုင်တန်းလိုက်သည်။
အမှုသည် စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက မိခင်ဖြစ်သူက ၁၅ နှစ်အရွယ်ရှိ ၎င်း၏သမီး ၁၀ တန်း ကျောင်းသူ သည် ကျူရှင်တက်ရန်နေအိမ်မှ ထွက်သွားခဲ့ပြီး ညနေခြောက်နာရီတွင် နေအိမ်တွင် ကျူရှင် သင်ပေးသည့် ဆရာမဖြင့် ပြန်လည်ရောက်ရှိလာရာမှ တစ်ဆင့်စတင်ခဲ့သည်။

Thursday, October 10, 2013

ချိန်ကိုက်လုပ်ဆောင်မှုလား၊ စေတနာမှန်လား

(VOA)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ နိုင်ငံရေးအကျဉ်းသားဆိုတာ သူတို့နိုင်ငံမှာ မရှိပါဘူးလို့ အာဏာပိုင်တွေက အကြောက်အကန် ငြင်းဆန်နေကာ၊ သမ္မတဦးသိန်းစိန် အာဆီယံ ထိပ်သီးအစည်းဝေး သွားတက်ချိန်နှင့် အချိန်ကိုက် အကျဉ်းသား (၅၀) ကျော်ကို လွှတ်ပေးလိုက်ပါတယ်။ ဒါဟာ တိုက်ဆိုင်မှု သက်သက်ပါပဲလား။ ဒီလိုမျိုး အကျဉ်းသားတွေကို လွှတ်ပေးချင်တဲ့ မေတ္တာစေတနာတွေဟာ အစိုးရအနေနှင့် နိုင်ငံတကာမှာ မျက်နှာပြရမဲ့ကြားမှာ ဘာကြောင့်များ တဖွာဖွာ ပေါ်ပေါက်လာရသလဲဆိုတာကို ဦးကျော်ဇံသာက နိုင်ငံရေးအကျဉ်းသားဟောင်းတွေ မီဒီယာသတင်းသမားတွေနှင့် ဆွေးနွေးသုံးသပ်ထားပါတယ်။

Wednesday, October 9, 2013

စစ်တပ် အထဲမှာ ဦးသန်းရွှေ အာဏာ ကျဆင်း နေတယ် ဆိုတဲ့ သတင်းဟာ မှန်ကန်တဲ့ သတင်းဖြစ်ကြောင်း ဦးခင်ညွန့် အတည်ပြုပြောကြား

လက်ရှိ အခြေ အနေမှာ ဦးသန်းရွှေ တစ်ယောက် စစ်တပ်ထဲမှာ အာဏာ ကျဆင်းနေတယ် ဆိုတဲ့ သတင်းဟာ မှန်ကန်တဲ့ သတင်းဖြစ်တယ်လို့ ဦးခင်ညွန့်ကပြောကြားခဲ့ ပါတ
ယ် ၊

အဘ က တပ် ထဲမှာ ဟိုလူကြီး တစ်ယောက် အခြေအနေ မကောင်းတော့ ဘူး ဆို တာ ပြောပါတယ် ၊ ဟုတ်ပါတယ် ၊ အဘပြန်ထွက် လာကတည်းက က ဦးသန်းရွှေကို ဟိုလူကြီး လို့ပဲခေါ်တာပါ...

Tuesday, October 8, 2013

ကြီးလေးကြီးထဲက သတိထားသင့်သော ကြီးသုံးကြီး

(စည်းလုံးခြင်းရဲ့အင်အား)



ယနေ့ နိုင်ငံရေးကာလ အခင်းအကျင်းများအရ အစိုးရနဲ့ လွှတ်တော် အပြန်အလှန် သဝဏ်လွှာ ပေးပို့မှုများ၊ ထောက်ကွက်များ၊ ပွတ်တိုက်မှုများကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အဖို့ အထူး သတိထားသင့်ပြီဟု စစ်ဖက်နီးစပ်သူများက တင်ပြလာပါတယ်။ ကြီးသုံးကြီးဆိုလို့ ဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်ဆိုပြီး နိုင်ငံတကာနဲ့ ပြည်တွင်းက သတ်မှတ်ထားပေမဲ့ စစ်ဖက်နီးစပ်သူများနဲ့ မျိုးချစ် တပ်မတော်သားများ အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ကြီးလေးကြီး သတ်မှတ်ထားပါတယ်။ ကျန်တဲ့ ကြီးတစ်ကြီးကတော့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြစ်ပြီး နိုင်ငံရေး ကန့်လန့်ကာ နောက်ကွယ်က ကြီးတစ်ကြီး ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဤဝက်ဘ်ဆိုဒ် တစ်နေရာမှာ တင်ပြခဲ့သလို သူကိုးကွယ်တဲ့ ဗေဒင် နက္ခတ်ဆရာရဲ့ ပြောကြားချက်အရ နိုင်ငံတော်သမ္မတအဖြစ် ရည်မှန်းနိုင် မမှန်းနိုင်နဲ့ စိတ်ကူးယဉ်နိုင်သလားဆိုတာ ပြောလို့မရနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ဒီလိုဆိုရင် နိုင်ငံရေး အကြပ်အတည်းကြောင့် တပ်မတော် နောက်ကြောင်း ပြန်လှည့်မှာကို နိုင်ငံရေး အကဲခတ်များက စိုးရိမ်တကြီး ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး လက်ရှိ အခြေအနေ အခင်းအကျင်းကို မှန်မှန်ကန်ကန် သုံးသပ်ကြည့်ရင် ဆိုးဝါးမှု တစုံတရာ မရောက်သေးတာကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာ ရယူလိုမှု တစ်ခုတည်းနဲ့ တပ်မတော်နဲ့ သူ့သမိုင်းကြောင်း အမဲစက် ထပ်တင်ရဲမှာတော့ မဟုတ်ကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ်ပါတယ်။

မြန်မာ့တပ်မတော် အသွင်ပြောင်းလဲမှု

(ဒေါန်းမာန်ဟုန်)



(The Jerusalem Post မှ 30 Sept 2013 ရက်စွဲပါ “Myanmar’s military transformation” သတင်းဆောင်း ပါးကို ဘာသာပြန်ဆိုသည်)

သေချာသည့်အချက်တစ်ခုမှာ တပ်မတော်သည် မကြာမီလာတော့မည့် ကာလတစ်ခုအထိ မြန်မာနိုင်ငံရေးတွင် အရေးကြီးသောကဏ္ဍမှ ဆက်လက်ပါဝင်ကာ အတွင်းသားအစိတ်အပိုင်းအဖြစ် အနည်းဆုံးအားဖြင့် ရှိနေဦးမည့် လက္ခဏာပင်ဖြစ်သည်။


ပြီးခဲ့သော စက်တင်ဘာလ ၁၈ ရက်သည် ၁၉၈၈ အာဏာသိမ်းမှု ၂၄ နှစ်ပြည့်သောနေ့ဖြစ်သည်။ ယင်း ဖြစ်ရပ်သည် လွတ်လပ်ရေးရပြီး မြန်မာ့နိုင်ငံရေးသမိုင်းတွင် တပ်မတော်၏ တတိယမြောက်ကြားဝင်စွက်ဖက်မှု တစ်ခု ဖြစ်သည်။

Monday, October 7, 2013

အခြေခံဥပဒေ အသစ်ရေးလျှင် ငြိမ်းချမ်းရေး ထိခိုက်မည်ဟု ဦးအောင်သောင်းပြော

(ဧရာဝတီ)

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက် သိမ်းခြင်း၊ ပြန် လည် ရေးဆွဲခြင်း သည် အန္တရာယ်ကြီး၍ ဆိုး ရွားသော အကျိုးဆက်များ ရှိလာနို င်ကြောင်း ထုတ်ပြန် လိုက်ပြီး အထူးသဖြင့် အခြေခံဥပဒေ အသစ် ရေးဆွဲမှုသည် ငြိမ်းချမ်းရေး ကို ထိခိုက်မည်ဟု ကြံ့ခိုင်ရေး ပါတီ ၏ ဗဟို အလုပ် အမှုဆောင် ဦးအောင်သောင်း က ပြောသည်။

ကြံ့ခိုင်ရေး ပါတီက အောက်တိုဘာလ ၅ ရက်နေ့စွဲဖြင့် ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ ရာ ယင်းကြေညာချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို

ဗိုလ်ချုပ်မှူးကြီးဟောင်း မြေးနဲ့ လုံးဝ မပတ်သက်ကြောင်း မိုးစက်ဝိုင် ရှင်းပြီ

(ဧရာဝတီ)

အငြိမ်းစား ဗိုလ် ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ရဲ့ မြေး နေရွှေသွေးအောင် (ဖိုးလပြည့်) နဲ့ အတူ Miss Myanmar Universe 2013 ကို တက္ကသိုလ်ပေါင်းစုံ ဘော လုံးပြိုင်ပွဲ ဖွင့်ပွဲမှာ တွဲဖက် တွေ့ရပေမယ့် သူတို့ကြားမှာ ဘယ်လို ပတ်သက် မှုမျိုးမှ မရှိကြောင်း ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးစက်ဝိုင်က ရှင်းလင်း ပြောကြားလိုက် ပါတယ်။

ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ် ဟိုတယ်မှာ ဒီနေ့ ညနေ ၃ နာရီက ပြုလုပ်တဲ့ Miss Myanmar Universe 2013 နဲ့ မီဒီယာများ သတင်းစာ ရှင်းလင်းပွဲမှာ မိုးစက်ဝိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ဖိုးလပြည့်နဲ့တော့ ဘာမှမဟုတ်တာ သေချာတယ်လို့ ပြောရဲပါတယ်ရှင့်။ ကိုယ့်သိက္ခာ အတွက်တော့ တကူးတက မြှင့်စရာ မရှိပါဘူး။ မိုးစက်က အနေအထိုင် မသင့်တော်လို့ ဖြစ်တာ မဟုတ်တဲ့အတွက် ဘာမှ ထူးထူးခြားခြား ရှင်းလင်းနေဖို့မရှိဘူး” လို့ မိုးစက်ဝိုင်က ဆိုပါတယ်။

ကလေးစစ်သား သုံးစွဲမှုကြောင့် မြန်မာ့တပ်မတော်ကို အမေရိကန် စစ်ရေး မကူညီသေး

(Irrawaddy)

မြန်မာနိုင်ငံနှင့် စစ်တပ် ချင်း ဆက် သွယ်ပူးပေါင်းမှုကို တိုးမြှင့်ရန် ကတိပြု ထားပြီး ဖြစ်သော အမေရိ ကန်နိုင်ငံက သမ္မတ ဦးသိန်းစိန်၏ အစိုးရ ကို လက်နက်ကိုင် ပဋိပက္ခများတွင် ကလေး စစ်သားများ သုံးစွဲခဲ့ခြင်း အတွက် စစ်ရေး အကူအညီပေးခြင်းကို ဆက်လက် ပိတ်ဆို့ထား မည် ဖြစ်ကြောင်း ယခင် အပတ်က ထုတ်ပြန်ကြေညာ သည်။

ကလေး စစ်သား ကာကွယ် တားဆီးရေး ဥပဒေ (Child Soldiers Prevention Act) အရ ၂၀၁၄ ခုနှစ် အတွင်း အမေရိကန် ၏ စစ်ရေး အထောက်အပံ့ကို ရရှိနိုင်မည် မဟုတ် သည့် နိုင်ငံ ၅ နိုင်ငံစာရင်း တွင် မြန်မာနိုင်ငံလည်း ပါဝင်နေသည်။ ထို ဥပဒေသည် ကလေး စစ်သား သုံးစွဲကြောင်း တွေ့ရှိရသည့် အစိုးရများကို လုံခြုံရေး အကူ အညီပေးခြင်းနှင့် စစ်ဖက် ဆိုင်ရာ ပစ္စည်းများ ရောင်းဝယ်ခြင်းကို တားမြစ် ကန့်သတ်သည့် ဥပဒေဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သမီးတော် ၄ ဦး ရာထူးကထွက်နှင့် သတင်းတိုထွာ

နေပြည်တော် နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ အလုပ်လုပ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီး လေးဦးလုံး ရာထူးက နှုတ် ထွက်သွားပြီ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ၀န်ကြီးဌာန က နှုတ် ထွက်သွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ သမီး ၄ ဦး ကတော့ ဒေါ်အေးအေး သစ်ရွှေ၊ ဒေါ်ကြည်ကြည်ရွှေ- ဒေါ်ခင်ပြုံးရွှေနဲ့ ဒေါ်သန္တာရွှေတို့ ဖြစ်တယ်။ ၂၀၁၀ ခု နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကျင်းပပြီးနောက
်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီး လေးဦး လုံး ခုလို ရာထူးက ရုတ်တရက် တပြိုင်ထဲ နှုတ်ထွက်သွားတာဖြစ်ပါတယ်။ တူညီတဲ့အချက်က သမီးလေးဦးလုံး ရုံးမတက်ဘဲ အိမ်မှာနေပြီး လစာကို နိုင်ငံခြားငွေနဲ့ ထုတ်ယူနေတာဖြစ် တယ်။

တိုင်းပြည်သည် စစ်ဗိုလ်ချုပ်ဟောင်းကြီးများ၏ အာဏာရှင် မျိုးဆက်များလက်ထဲတွင် ရှိနေဆဲ

(လူထုအော်သံ)
တက္ကသိုလ်များ ချန်ပီယံလိဂ် ဥက္ကဌ ဦးနေရွှေသွေးအောင်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့          မြေးဖြစ်ပြီး မြန်မာနိုင်ငံရဲ့  စီးပွားရေးလုပ်ငန်းတွေမှာနေရာယူဝင်ရောက်လုပ်ကိုင်လာတာတွေ့ ရပါ            တယ်။ခရိုနီ စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြတဲ့ ဦးတေဇနှင့် သားများ၊ဦးရွှေမန်းရဲ့ သားများ၊ဦးအောင်         သောင်းရဲ့ သားများ၊ဦးသန်းရွှေ မြေး စသည့် အာဏာရှင်မျိုးဆက်များ၏ လှုပ်ရှားမှုတွေကို ကြည့်ရင် တိုင်းပြည်ရဲ့  အခြေအနေတွေဟာ စစ်အာဏာရှင်တွေရဲ့ လက်ထဲမှာ ရှိနေတုံးဆိုတာသိနိုင်ပါတယ်။   နောင်ခေတ်စားလာမည့် ချန်ပီယံလိဂ် ဥက္ကဌ ဦးနေရွှေသွေးအောင်ဟာ နေရာယူလှုပ်ရှားလာနေတာ     ကို ကြည့်ခြင်းအားဖြင့် တိုင်းပြည်ဟာ အာဏာရှင်စစ်အစိုးရကြီးဆိုးနေပြီး စစ်သားဗိုလ်ချုပ်ဟောင်းကြီး       များ၏ လက်ဝယ်တွင် ရှိနေသေးသည်ကို ထင်ရှားစွာတွေ့ မြင်နိုင်သည်။

အခြေခံဥပဒေ ပြင်ဆင်/အသစ်ရေးဆွဲခြင်းသည် တိုင်းရင်းသားအရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် မဆိုင်

(Mizzima)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်း (သို့မဟုတ်) အသစ်ရေးဆွဲခြင်းသည် လွှတ်တော်သို့ တင်ရန်
ပြင်ဆင်နေသည့် တိုင်းရင်းသားများအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း ထိုဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းရန် ပြင်ဆင်နေသည့် အမတ်များက ဆိုသည်။

Friday, October 4, 2013

ကဒါဖီ သင်ခန်းစာနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

အောင်လင်းထွဋ် Thursday, 03 March 2011

လစ်ဗျားခေါင်းဆောင် ကဒါဖီနဲ့တူသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမျိုးသား ညီလာခံမှာ ထည့်သွင်း ဆွေးနွေးခြင်း မရှိဘဲ ကိုယ့်ကိုယ်ကိုယ် လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ ဥပဒေကို ၂၀၀၈ အခြေခံဥပဒေမှာ ဘာကြောင့် ထည့်သွင်းခဲ့ရပါသလဲ။ ဘယ်သူကိုမှ မတိုင်မပင်ဘဲနဲ့ ကော်မရှင်အဖွဲ့ဝင် ဦးသောင်းညွန့် (ဥပဒေပညာရှင်နှင့် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်) ကို သူ့အခန်းထဲခေါ်ပြီး ဘာဖြစ်လို့ ရေးခိုင်းရပါသလဲ။  

ဦးသောင်းညွန့် ငါးပါးသီလကံကို ချိုးဖောက်ခဲ့ရလို့ စိတ်မကောင်း ဖြစ်ခဲ့ရတဲ့ အကြောင်း နေပြည်တော် အတွင်းစည်းထဲက သတင်းတွေ ကျနော့်ထံ ရောက်လာခဲ့ပါတယ်။

ဒေါ်လာ ၁၁ ဘီလျံကိစ္စ အစိုးရ ရှင်းလင်းမှု ရှုပ်ထွေးနေဆဲဟု အမတ်များပြော

(Irrawaddy)

အစိုးရ တာဝန်ရှိသူများက ပြည်ပတွင် အမေရိကန် ဒေါ်လာ ၁၁ ဘီလျံကို အပ်နှံထားသည် ဆိုသော သတင်း နှင့် စပ်လျဉ်းပြီး ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် လာရောက်ရှင်းလင်း ပြောဆိုခဲ့ သော်လည်း အစိုးရ၏ ရှင်းလင်းချက် သည် လိုရင်း မရောက်ဘဲ ရှုပ်ထွေးနေဆဲဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုကြသည်။

ဘဏ္ဍာရေး ၀န်ကြီး ဦးဝင်းရှိန် နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်တို့က ပြည်ပတွင် ငွေစာရင်း ၅ ခုဖြင့် အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ အပ်နှံထားမှုကြောင့် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ ဆိုသော သတင်းသည် လုံးဝ မဟုတ်မှန် သော သတင်း တရပ်ဖြစ်ကြောင်း၊ နိုင်ငံခြားဘဏ်များတွင် နိုင်ငံခြားအရံငွေ ၇ ဒသမ ၆ ဘီလျံရှိကြောင်း ၊ ဒေါ်လာ ၁၁ ဘီလျံနှင့် လုံးဝ ဆက်စပ်မှု မရှိသကဲ့သို့ ယင်းကိစ္စကိုလည်း မသိကြောင်း လွှတ်တော်တွင် ရှင်းလင်းပြောဆိုသည်။

“သမ္မတ အရည်အချင်း ပြင်ဖို့ သဘောမတူဘူး၊ ဒေါ်အောင်ဆန်းစုကြည်က ငြိစွန်းနေတာပဲ”

(Irrawaddy)

ပြည်ထောင်စု လွှတ်တော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းပြီး အခြေခံ ဥပဒေကို လေ့လာသုံးသပ်ရေး လုပ်ဆောင်နေချိန် လွှတ်တော်တွင် အမတ်  ၁၇ နေရာ ရရှိထားသော မြန်မာဆိုရှယ်လစ် လမ်းစဉ် ပါတီ၏ အမွေခံ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကလည်း အခြေခံဥပဒေနှင့် ပတ်သက်သော သဘော ထား များကို တရားဝင် ထုတ်ဖော် ပြောဆိုလာသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင်  သမ္မတ အရည်အချင်း ကန့်သတ်ချက်ကို ပြင်ဆင်ရန် မသင့်ဟု ထုတ်ဖော်ပြောဆိုလာသော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၏ ဗဟို ကော်မတီဝင် ဦးဟန်ရွှေကို ဧရာဝတီသတင်းထောက် စနေလင်းက တွေ့ဆုံမေးမြန်းထားသည်။

Thursday, October 3, 2013

မြန်မာ့နိုင်ငံရေး ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် လက်ရှိ အာဏာရခေါင်းဆောင်များ (၂၀၁၂ ခုနှစ် မတ် လ (၂၀)ရက် )

ဆောင်းပါးရှင်။ အောင်လင်းထွဋ်
 
မြန်မာ့နိုင်ငံရေးတွင် ၁၉၆၂ ခုနှစ်စစ်တပ်အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်းမှစ၍ လက်ရှိစစ်ဝတ်ချွတ်ထားသော အာဏာရခေါင်းဆောင်များအထိ ပြည်သူများအရေးထက်မိမိတို့၏ အာဏာမပျောက်ဘဲဆက်လက်ရပ်တည် နိုင်ရေး နည်းမျိုးစုံဖြင့် ဆောင်ရွက်နေသည် ကိုမြင်တွေ့နေရမှာ ဖြစ်ပါသည်။ စာရေးသူ မမှီလိုက်သောလည်း ကြားသိရသလောက်ကတော့ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးဖွဲ့စည်းပြီးနောက် တော်လှန်ရေးကောင်စီ အဖွဲ့ဝင်များအတွင်းသဘောထားကွဲပြားသူများ၊အမိန့်မနာခံသူများကို အဖွဲ့အတွင်းအန္တရယ်ရှိသူများဟုသတ်မှတ် ကာဖယ်ရှားခဲ့သည့်ဖြစ်စဉ်များရှိခဲ့ပါသည်။

ကန်ဒေါ်လာ ၁၁ဘီလီယံ ရှိသော ဘဏ်စာရင်းငါးခု ကိစ္စကို ပြည်ထောင်စုလွှတ်တော်တွင် ရှင်းမည်

(Mizzima)

"အမေရိကန်ဒေါ်လာ ၁၁ဘီလီယံအထိရှိသော ဘဏ်စာရင်းငါးခုကို နိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံက အပ်နှံထားသည့်အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ခြင်း" ဆိုသည့် အချက်အား
အောက်တိုဘာလ ၄ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရှင်းလင်းမည်
ဖြစ်သည်။

ပြည်တွင်း ပုဂ္ဂလိက သတင်းစာတစ်စောင်တွင် ရေးသားထားသော အဆိုပါကိစ္စအား သက်ဆိုင်ရာ
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းဖြစ်ကြောင်း အဋ္ဌမအကြိမ်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တတိယနေ့ အစီအစဉ်လျာထားချက် စာရွက်တွင် ရေးသားထားခြင်း
ဖြစ်သည်။

လူအခွင့်အရေး ချိုးဖောက်မှု စစ်တပ်နှင့် ရဲ အများဆုံးဟု ND-Burma ထုတ်ပြန်

(ဧရာဝတီ)

ထိုင်းနိုင်ငံ အခြေစိုက် လူအခွင့်အရေး မှတ်တမ်း တင်ကွန်ရက်(ND-Burma) ၏ ယမန်နေ့က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာထဲ၌ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ လက်သည်များမှာ စစ်တပ်နှင့် ရဲက အများဆုံးဖြစ်ကြောင်း သိရှိရသည်။

တနင်္သာရီ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ကယားပြည်နယ်တို့မှလွဲ၍ ကျန်ပြည်နယ်နှင့်တိုင်း ၉ ခုတို့တွင် ယခုနှစ် ဇန်နဝါရီလမှ ဇွန် လအထိ ကွင်းဆင်း ကောက်ယူထားသည့် ၆ လစာ မှတ်တမ်း၌ လူအခွင့်အရေးချိုးဖောက်မှုပေါင်း ၁၄၇ ခုရှိပြီး ယင်းအဖြစ် အပျက် များသည် စစ်ဖြစ်ပွားရာ နေရာများတွင် အများဆုံးဖြစ်ကြောင်း ND-Burma အဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဦးဟန်ကြီးက ပြော သည်။

ခေတ်မီ တပ်မတော်ဖြစ်ရေး လေတပ်နှင့် ရေတပ် တိုးချဲ့မည်

(ဧရာဝတီ)

ကာကွယ်ရေး ၀န်ကြီးဌာနက ခေတ်မီတပ်မတော် ဖြစ်ရေးအတွက် ကြည်းတပ်နှင့် တပြေးညီ လေတပ်နှင့် ရေတပ် တိုးတက်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် ကျော်ညွှန့်က ပြောသည်။

နေပြည်တော်တွင် အောက်တိုဘာ ၁ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး၏ ခေတ်မီတပ်မတော်ဖြစ်ရေး ဆောင်ရွက်ချက်နှင့် စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားစဉ် ဗိုလ်ချုပ်ကျော်ညွှန့်က ခေတ်မီတပ်မတော်ဖြစ်ရေး ဆောင်ရွက်ရာတွင် ကြည်းတပ် တခုတည်းကို ဦးတည် ဆောင်ရွက်နေတာ မဟုတ်ဘဲ ရေတပ်နှင့် လေတပ် တိုးတက်ရေးကိုပါ ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် နှင့် ၀န်ကြီးများ ကြံ့ခိုင်ရေး ပါတီဝင် ဖြစ်မှု အငြင်းပွား

(ဧရာဝတီ)

သမ္မတဦးသိန်းစိန် နှင့် ၀န်ကြီးများ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) တွင် ခေါင်းဆောင်ရာထူး များ ထမ်းဆောင်ခြင်း မပြုသော်လည်း ပါတီဝင်အဖြစ် ဆက်လက် တည်ရှိနေသည်ဟု သမ္မတရုံး ၀န်ကြီး ဦးစိုးမောင်နှင့် ကြံ့ခိုင်ရေး ပါတီမှ ဦးအောင်သောင်းက ပြောဆိုလိုက်ပြီး ပါတီဝင်ဖြစ်မှုသည် ဖွဲ့စည်းပုံဥပဒေ နှင့်ညီ၊ မညီ အငြင်းပွားမှုများ ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။

မြန်မာတပ်မတော်ကို ဗြိတိသျှက နိုင်ငံရေးသင်တန်း ပေးရန် ပြင်ဆင်

(ဧ၇ာဝတီ)

မြန်မာ့တပ်မတော်မှ အဆင့်မြင့်အရာရှိကြီး ၃၀ ကို အထူးသင်တန်းတခုပေးရန် အသေးစိတ် အစီအစဉ်များ ပြုလုပ်နေရာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဗြိတိန် လေ့ကျင့်ရေး တာဝန်ရှိသူတဦးက ပြောကြားလိုက်သည်။

အဆိုပါ လေ့ကျင့်ရေး အစီအစဉ်တွင် ဥပဒေစိုးမိုးမူ ဘောင်အတွင်းမှ မည်သို့ လုပ်ငန်းဆောင်ရွက်ရမည် ဆိုသည့် သင်ခန်းစာများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Wednesday, October 2, 2013

ဒီပဲယင်း တရားခံ စက်မှု(၁) ဝန်ကြီးဦးအောင်သောင်းရဲ့ စံအိမ်တော်အကြောင်း တစ်စေ့တစ်စောင်း....

http://www.demowaiyan.org/2010/07/generals-and-their-relatives-watchers.html

ဓာတ်ပုံကတော့ ယခင်စက်မှု(၁) ဝန်ကြီး ဦးအောင်တောင်းနဲ့ လက်ချင်းချိတ်နေတဲ့ တရုတ် စက်မှုကိုယ်စားလှယ်အဖွဲ့

စက်မှု(၁)ဝန်ကြီး အောင်သောင်း နေထိုင်တဲ့ နန်းတော်သမျှ ခမ်းနားတဲ့ နေအိမ်အကြောင်းကို (Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့) အတွင်းသိမှ ပေးပို့လာတာကို တင်ပြလိုက်ရပါတယ်။

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၅)

အရောင်ပြောင်းသော လူလည်ကြီးများဘုရင် ဦးအောင်သောင်း(ခ) ဦးအောင်တောင်း (ဆောင်းပါးရှင် ရွှေဓူဝံ)

http://www.demowaiyan.org/2012/03/blog-post_9385.html

 စက္ကူစက်ရုံဖွင့်ပွဲမှာ တွေ့ရတဲ့ ဦးအောင်တောင်း..

ဒီမိုဝေယံကို ပေးပို့လာတတဲ့ ရွှေဓူဝံရဲ့ ဆောင်းပါး အပိုင်း(၅)မှာ လူလည်ကြီးများရဲ့ ဘုရင်အကြောင်း ရေးသားမယ်လို့ ကြိုတင်ကြေညာထားလို့ စာဖတ်ပရိသတ်တွေ လည်ပင်းရှည်စွာ စောင့်မျှော်နေရတာကိုလည်း တောင်းပန်ချင်ပါတယ်။ သိထားတဲ့အတိုင်း သုံးမည်ရခြကြီး ဘွဲ့ရထားပြီး အမည်သုံးမျိုးနဲ့ ကျော်ကြားသူ ဦးအောင်သောင်း(ခ) ဦးအောင်တောင်း(ခ) ကုန်အောင်တောင်း (ကိုအောင်သောင်း)ဟာ မီဒီယာလောကမှာ ထင်ပေါ်သူတစ်ဦးဖြစ်လို့ မီဒီယာမှာ မရှိသေးတဲ့ အချက်အလက်များ သိစေချင်တာကြောင့် အချိန်ယူခဲ့ရတာပါ။

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၄)

(ဆောင်းပါးရှင် ရွှေဓူဝံ) 
http://www.demowaiyan.org/2012/02/max-myanmar.html

ဖေဖေနဲ့ မေမေကို မွေးစားနိုင်သူ (သို့မဟုတ်) လှေနံနှစ်ဖက်နင်းထားတဲ့
 Max Myanmar ဦးဇော်ဇော်
အရောင်ပြောင်းတဲ့ လူလည်ကြီးများဆောင်းပါးကို ပြည်တွင်းမှာ လူအများအပြားစိတ်ဝင်စားတယ်လို့ သိရလို့ ၀မ်းသာမိပါတယ်။ အပိုင်း(၁/၂)အပြီးနောက်ထပ် ဘယ်သူလာအုံးမလဲလို့ ပြည်တွင်းက Internet စာဖတ်ပရိ သတ်က စောင့်မျှော်နေကြသလို အချို့ကလည်း စစ်အစိုးရလက်ထက်က မဟာအခွင့်အရေးရခဲ့တဲ့ လက်တစ် ဆုပ်စာ လူတစ်စုထဲက ဘယ်သူ့ကိုရေးပါအုံး ဘယ်သူအကြောင်း ဖော်ထုတ်ပါအုံးဆိုပြီး ကိုဒီမိုကို တောင်းဆိုတယ်လို့ သိရပါတယ်။

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၃)

ဆောင်းပါးရှင် ရွှေဓူဝံ
 http://www.demowaiyan.org/2012/02/blog-post_1216.html
 
တော်ဝင် ဦးကိုကိုထွေး

ဘဘမှ မမ သို့အရောင်ပြောင်းသွားလေသူ (သို့မဟုတ်)  တော်ဝင် ဦးကိုကိုထွေး

တော်ဝင်မိသားစု ကုမ္မဏီ ဥက္ကဌကြီး ဦးကိုကိုထွေးဆိုတာနဲ့ ဘဘဦးထွန်းကြည်ကို ပြေးမြင်မိပါသည်။ ဘဘရဲ့ ပြုစုပျိုးထောင်ပေးမှုကြောင့် စီးပွားရေးနယ်ပယ်မှာ ဦးကိုကိုထွေး တစ်ယောက် လူလားမြောက် ခဲ့ရပါသည်။ ဗိုလ်ချုပ်ထွန်းကြည်ဆိုရင် မန္တလေးက စီးပွားရေးလုပ်ငန်းရှင်များနဲ့ မန္တလေးသားစစ်စစ်တွေက ချစ်ခင်မြတ်နိုးဆဲလို့ ဆိုရပေမည်။ ဗိုလ်ချုပ် ထွန်းကြည်၏ လုပ်ရည်ကိုင်ရည်ကြောင့် မန္တလေးမြို့ဟာ ယနေ့လို စည်ကားသော စီးပွားရေးမြို့တော် ဖြစ်ခဲ့ရသည်။ မန္တလေးမြို့ကြီး ဖွံ့ဖြိုးခဲ့မှုနဲ့အတူ မန္တလေးသား ဦးကိုကိုထွေးဟာ ဘဘတိုင်းမှုး ဗိုလ်ချုပ်ထွန်းကြည်ကို ချဉ်းကပ်ခဲ့ပြီး အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းများမှတဆင့် ယနေ့ကဲ့သို့ ကျိကျိတက် ချမ်းသာလာသူဆိုတာ မန္တလေးတစ်မြို့လုံးသာမက စီးပွားရေးသမားများအချင်းချင်း သိကြပါသည်။

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၂)

http://www.demowaiyan.org/2012/02/steven-law.html
ပြီးခဲ့တဲ့နှစ် ၂၀၁၁ခုနှစ် ၁လပိုင်းက မြစ်ဆုံဆည် စီမံကိန်းမှ စတီဗင်လော (ခ) ဦးထွန်းမြင့်နိုင်

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၂)
အမဲမှ အဖြူ သို့ ပြောင်းလဲလာသူ (သို့မဟုတ်)ခေတ်သစ်မူးယစ်ဘုရင် Steven Law
(ဆောင်းပါးရှင်-ရွှေဓူဝံ)
ရင်းနှီးသူတွေက ကိုချူး(A Chiu) လို့ခေါ်တဲ့ Steven Law ရဲ့ လူသိပ်မသိတဲ့ တရုတ်နာမည် ကတော့ လျှူပင်ကျုံး (Lu Ping Zhong)ဖြစ်ပြီး ပြည်တွင်းမှာတော့ ဗမာအမည် ဦးထွန်းမြင့်နိုင်ကိုတော့ အားလုံးသိ ကြလိမ့်မည် ထင်ပါသည်။ ကိုချုးရဲ့ပုံရိပ်ဟာ မြန်မာအမည် ဦးထွန်းမြင့်နိုင်ဆိုရင် Asia World ကုမ္မဏီနဲ့ ယှဉ်တွဲပြီး သိရှိကြသလို Steven Law ဆိုရင်တော့ ကိုးကန့်အဖွဲ့ရဲ့ မူးယစ်မှောင်ခိုလုပ်ငန်းများနဲ့ ယှဉ်ပြီးသိကြမှာပါ။ Lu Ping Zhong အနေနဲ့တော့ တရုတ်နိုင်ငံအတွင်းနဲ့ စင်္ကာပူအပါအ၀င် ပြည်ပခရီး သွားလာရာမှ သုံးစွဲလေ့ရှိပါ သည်။

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၁)

ဆောင်းပါးရှင်- ရွှေဓူဝံ
http://www.demowaiyan.org/2012/02/blog-post_15.html

မြန်မာ့လူမှု  ဆက်ဆံရေးနယ်ပယ်တွင် “သာကူး” ဆိုသည့် စကားလုံးကို လူတိုင်းနားလည်ကြပါသည်။ သာကူးဆိုသည့်လူများသည် အများအားဖြင့် လူလည်ကျသောသူ၊ ရှေ့တစ်မျိုး နောက်တစ်မျိုး လုပ်တဲ့သူ၊ သူ့ရဲ့အခွင့်အရေး သူ့ရဲ့အကျိုးစီးပွားအတွက် မျက်နှာပြောင်တိုက်ပြီး ကျေးဇူးရှင်ကို ကျေးစွပ်ရန် ၀န်မလေး တတ်သူများ ဖြစ်ကြပါသည်- တစ်နည်းအားဖြင့် သာကူး လုပ်တတ်သူများသည် အခြေအနေ၊ အချိန်အခါကို ကြည့်၍ အရောင်ပြောင်းသွားသော လူလယ်ကြီးများ၊ ကျေးဇူးကန်းတတ်သူများ ဖြစ်လေ့ရှိပါသည်။ မည်သို့ပင် ဆိုစေကာမူ အနှီသာကူး လုပ်တတ်သူ လူလည်ကြီးများသည် ခေတ်အဆက်ဆက်တွင် အခွင့်ထူးခံ လူတန်းစား များဖြစ်ပြီး စီးပွားရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်းတွင် အများအပြားရှိနေပါသည်။

သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆုပေးခဲ့သည့် (International Crisis Group) က မြန်မာရဲတပ်ဖွဲ့ဝင်တို့၏ ပဋိပက္ခဖြေရှင်းနိုင်မှု စွမ်းရည်ကို ဝေဖန်

(Mizzima)

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော လူမျိုးရေးအဓိကရုဏ်းများတွင် ရဲတပ်ဖွဲ့ဝင်များ၏ ပါဝင်ပတ်သက်မှု အားနည်းနေပြီး ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများအပေါ်တွင် ၀န်ဆောင်မှုကောင်းများပေးရန် ပြုပြင်ပြောင်းလဲမှုများ လုပ်သင့်ပြီဟု International Crisis Group (နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့် ကြည့်ရေးအဖွဲ့) ၏ ၂၀၁၃ အောက်တိုဘာလ ၁ ရက်တွင် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာကဆိုသည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၂ ခုနှစ် ဇွန်လမှ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် အဓိကရုန်းများတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေထိုင်သူ လူဦးရေ ၂၀၀ ခန့်မှာ သေဆုံးခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သူ လူတစ် သိန်းလေးသောင်းတို့မှာ မွတ်ဆလင်လူမျိုးများဖြစ်ပြီး လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေများလည်း ဆိုးရွားလျက်ရှိသည်ဟု ထိုအစီရင်ခံစာတွင် ရေးသားထားသည်။

မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင်ဖြစ်လာပါက သယံဇာတတူးဖော်ရေးလုပ်ငန်းများတွင် အလွဲသုံးစားလုပ်မှုများ ပပျောက်နိုင်ဟု ဘဏ္ဍာရေးဒု-၀န်ကြီး ဆို

(Mizzima)

မြန်မာနိုင်ငံအနေဖြင့် တွင်းထွက်သယံဇာတတူးဖော်ရေး ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (EITI) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါက တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်းများတွင် အလွဲသုံးစားမှုများ ပပျောက် သွားနိုင်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ EITI လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက
အောက်တိုဘာ ၁ ရက်တွင် ပြောသည်။

ဒု-၀န်ကြီးက ယင်းသို့ ပြောကြားခြင်းမှာ ရန်ကုန်မြို့ Strand ဟိုတယ်တွင် ပြုလုပ်သော တွင်းထွက်သယံဇာတများ တူးဖော်ရေး ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့စည်းများ တွေ့ဆုံပွဲတွင် ဖြစ်သည်။