တိုင်းပြည်သည် စစ်ဗိုလ်ချုပ်ဟောင်းကြီးများ၏ အာဏာရှင် မျိုးဆက်များလက်ထဲတွင် ရှိနေဆဲ 
(လူထုအော်သံ)
တက္ကသိုလ်များ
 ချန်ပီယံလိဂ် ဥက္ကဌ ဦးနေရွှေသွေးအောင်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း 
ဦးသန်းရွှေရဲ့          မြေးဖြစ်ပြီး မြန်မာနိုင်ငံရဲ့  
စီးပွားရေးလုပ်ငန်းတွေမှာနေရာယူဝင်ရောက်လုပ်ကိုင်လာတာတွေ့ ရပါ            
တယ်။ခရိုနီ စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြတဲ့ ဦးတေဇနှင့် 
သားများ၊ဦးရွှေမန်းရဲ့ သားများ၊ဦးအောင်         သောင်းရဲ 
့သားများ၊ဦးသန်းရွှေ မြေး စသည့် အာဏာရှင်မျိုးဆက်များ၏ လှုပ်ရှားမှုတွေကို 
ကြည့်ရင် တိုင်းပြည်ရဲ့  အခြေအနေတွေဟာ စစ်အာဏာရှင်တွေရဲ့ လက်ထဲမှာ 
ရှိနေတုံးဆိုတာသိနိုင်ပါတယ်။   နောင်ခေတ်စားလာမည့် ချန်ပီယံလိဂ်
 ဥက္ကဌ ဦးနေရွှေသွေးအောင်ဟာ နေရာယူလှုပ်ရှားလာနေတာ     ကို 
ကြည့်ခြင်းအားဖြင့် တိုင်းပြည်ဟာ အာဏာရှင်စစ်အစိုးရကြီးဆိုးနေပြီး 
စစ်သားဗိုလ်ချုပ်ဟောင်းကြီး       များ၏ လက်ဝယ်တွင် ရှိနေသေးသည်ကို 
ထင်ရှားစွာတွေ့ မြင်နိုင်သည်။ 
တပ်ထဲမှာ ဦးသန်းရွှေကြီးကိုဖြုတ်ချဖို့ပြင်နေကြပြီတဲ့
 ၊ တပ်တွေထဲမှာ သတင်းတွေပြန့်နေပါတယ် ၊ အငယ်တန်းတပ်မှူးတွေက ဦးသန်းရွှေ ကို
 ဖြုတ်ချချင်နေကြပါပြီ ၊ အကြီးတန်းတပ်မှူးတွေအကြားမှာ  လည်း ဦးသန်းရွှေ ကိုဖြုတ်ချပစ်ဖို့ အကြာင်း မကြာခင်မှာ တရားဝင်ဆွေးနွေးဖွယ်ရှိနေကြပါပြီ
 လို့ သိရပါတယ် ၊ လောလောဆယ်မှာ ဦးသန်းရွှေ ရဲ့ မြေးတော်သူ 
ကိုနေရွှေသွေးအောင် နဲ့ မော်ဒယ် မမိုးစက်ဝိုင်တို့ သတင်းတွေ ဓါတ်ပုံနဲ့ တကွ 
အင်တာနက်မီဒီယာမှာ တက်လာတာဟာ အတော့်ကိုထူးခြားပါတယ်။ဦးစိုင်းဘုန်းထူး ရိုက်ကူးတည်းဖြတ်ပေးတဲ့ ဦးနေဝင်းရဲ့မွေးနေ့ ဗီဒီယို 
အခွေ ပြန့်နှံ့သွားပြီးတဲ့ နောက်မှာ ဦးနေဝင်းမိသားစု အပေါ် မြန်မာတပြည်လုံး
 ရွံရှာသွားခဲ့တဲ့ ဖြစ်ရပ်ကို မှတ်မိကြအုံးမယ်ထင်ပါတယ် ၊ ခုလည်း 
ဒီပုံစံအတိုင်း လူတွေ အရမ်းစိတ်ဝင်စားနေကြတဲ့ မော်ဒယ် မမိုးစက်ဝိုင်ကို 
အဝါရောင်  လင်ဘိုဂဏီ ကားနဲ့ ကိုနေရွှေသွေးအောင်က ခေါ်သွားတဲ့ ကိစ္စကို 
ကြားရသူအားလုံးက စုတ်တသတ်သတ်ဖြစ်နေကြပါပြီ ၊ဒီအချိန်ဟာ ဦးသန်းရွှေ 
ရဲ့ အရှိန်အဝါတွေ စစ်တပ်ထဲမှာရော အပြင်မှာပါ ဇောက်ထိုးကျ ဆင်းနေတဲ့ 
အချိန်ဖြစ်နေပါတယ် ၊ ဟိုတလောကလည်း မိသားစုလုံခြုံရေး      ကို
 အာမခံချက်ပေးမယ်ဆိုရင် ဦးသန်းရွှေရဲ့ လုပ်ရပ်တွေကို 
ဖွင့်ချပြောပြချင်နေတဲ့ စစ်တပ်က အငြိမ်းစားအရာရှိတွေ 
အများအပြားရှိနေပြီဖြစ်တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်လာခဲ့ပါသေးတယ်၊     ဒီ 
အဖြစ်အပျက်တွေကို ဆက်စပ်ကြည့်မယ်ဆိုရင် မကြာခင်ရက်ပိုင်း အတွင်းမှာ 
စစ်တပ်အထဲမှာ လွန်ဆွဲပွဲကြီးကြီးမားမားကြီး ဖြစ်တော့မယ်ဆိုတာ ကို 
ပြနေတာပါပဲ ၊ ကျနော်တို့ မြန်မာပြည် သူပြည်သားတွေ မျက်စိမလည်ဖို့ 
အရေးကြီးပါတယ် ၊ ဒီလိုအချိန်မှာ ဦးသန်းရွှေကို ဖြုတ်ချဖို့လုပ်နေတဲ့    သူ 
ဘယ်သူဘယ်ဝါဖြစ်နေပါစေ လောလောဆယ်မှာ ကျနော်တို့အတွက် မိတ်ဆွေ ပါပဲ ၊ 
ဦးသန်းရွှေကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ စစ်တပ်အထဲက တပ်မှူးတပ်သားတွေ 
အားလုံးကို လက်ကမ်းကြိုဆိုနေပါတယ်။
 
 တပ်ထဲမှ ဦးသန်းရွှေကို ဖြုတ်ချဖို့ ပြင်ဆင်နေပြီဆိုသောသတင်းများကြောင့် နေပြည်တော်အိမ်မှ လျှို့ဝှက်တောင်ကုန်းများကြားရှိ အထူးတည်ဆောက်ထားသော အဆောက်အဦးသို့ ဦးသန်းရွှေ    ပြောင်းရွှေ့ ထားလိုက်ပါပြီ၊
 
 တပ်ထဲမှ ဦးသန်းရွှေအပေါ်ထောက်ခံမှုများကျဆင်းလာပြီးနောက် နေပြည်တော် ရာဇဌာနီလမ်းအနီး   နေအိမ်မှ ကတိုက်ကရိုက် ပြောင်းရွေ့သွားသည့်သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည် ၊
 
 ၁၁ ဘီလျံ ကိစ္စ ၊ ဖွဲ့စည့်းပုံပြင်ဆင်ရေး ကိစ္စများကြောင့် 
ဦးနှောက်ခြောက်နေရသည့် ဦးသန်းရွှေ တစ်ယောက် တပ်ထဲမှ ဖြုတ်ချ မည် ဆိုသည့် 
သတင်းကြောင့် အတော့် ကိုတုန်လှုပ်သွားသည်ဟု သိရသည် ၊
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။