Wednesday, October 9, 2013

စစ်တပ် အထဲမှာ ဦးသန်းရွှေ အာဏာ ကျဆင်း နေတယ် ဆိုတဲ့ သတင်းဟာ မှန်ကန်တဲ့ သတင်းဖြစ်ကြောင်း ဦးခင်ညွန့် အတည်ပြုပြောကြား

လက်ရှိ အခြေ အနေမှာ ဦးသန်းရွှေ တစ်ယောက် စစ်တပ်ထဲမှာ အာဏာ ကျဆင်းနေတယ် ဆိုတဲ့ သတင်းဟာ မှန်ကန်တဲ့ သတင်းဖြစ်တယ်လို့ ဦးခင်ညွန့်ကပြောကြားခဲ့ ပါတ
ယ် ၊

အဘ က တပ် ထဲမှာ ဟိုလူကြီး တစ်ယောက် အခြေအနေ မကောင်းတော့ ဘူး ဆို တာ ပြောပါတယ် ၊ ဟုတ်ပါတယ် ၊ အဘပြန်ထွက် လာကတည်းက က ဦးသန်းရွှေကို ဟိုလူကြီး လို့ပဲခေါ်တာပါ...

ကျနော်တို့ အုပ်စုကိုလည်း ဝင်မပါကြဖို့ ခပ်ဝေးဝေးနေကြဖို့ ပြောထားပါတယ် ၊

ကိုယ်လုပ်ခဲ့တဲ့ စေတနာတွေ ပြန်အကျိုးပေးတဲ့ အချိန်နဲ့ ကံဇာတာ နိမ့်တဲ့ အချိန်နဲ့ တိုက်ဆိုင်နေရင် ဘယ်ယတြာမှ မစွမ်းတော့ ဘူးလို့လဲ အဘကပြောပါတယ် ၊

ဟုတ်ပါတယ် ၊ အဲဒီ ဦးသန်းရွှေ ရဲ့ မွေးနေ့ မွေးရက် မွေးတဲ့ အချိန်တွေကို အဘက အမှန်ကို သိထားပါတယ် ၊ ဦးသန်းရွှေ က သူ့မွေးနေ့ မွေးရက် မွေးချိန်တွေကို ဘယ်သူ့ကိုမှ အမှန်ပြောလေ့မရှိပါဘူး ၊ ဦးသန်းရွှေက သူ့ကို နေရာပေးခဲ့တဲ့ ဦးနေဝင်းကိုတောင်မှ

အမှန်မပြောခဲ့ပါဘူး ၊ အဘလည်း နေအိမ်အကျဉ်းမကျမှီကမှ ဦးသန်းရွှေရဲ့ မွေးနေ့ မွေးရက် မွေးချိန်အမှန်တွေကို သိခဲ့ရတယ်လို့ ပြောပါတယ် ၊

ဟုတ်ပါတယ် ၊ အဘက ကျနော်တို့ အားလုံးကို ဒီ ရက် ၉၀ အတွင်း ၊ တိတိကျကျပြောမယ်ဆိုရင်ပေါ့လေ လာမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ မြန်မာပြည်ပြည်အတွင်းမှာ အပြောင်းအလဲ ကြီးကြီးမားမား
တစ်ခုဖြစ်လိမ့်မယ်လို့ပြောပ
ါတယ် ၊

ဟုတ်ပါတယ် ၊ အဘပြောတဲ့ ရက် ၉၀ နဲ့ ဦးသန်းရွှေ ကံဇာတာနိမ့်နေတဲ့ ရက် ၉၀ က လာတူနေတာကို သတိပြုမိပါတယ် ၊

ဟုတ်ကဲ့ ကျနော်လည်း ဒီရက် ၉၀ အတွင်း အိမ်မပြန်ပဲ တစ်နေရာရာမှာ ရှောင်နေတာ အကောင်းဆုံးပါပဲ ၊ ကျနော့်လိုပဲ ကျနော်တို့အုပ်တွေ အိမ်တွေမှာ မရှိကြတော့ပါဘူး ၊ အဘလက်ရင်း မဟုတ်တဲ့သူ တွေကတော့ အိမ်တွေမှာ ရှိကောင်းရှိနိုင်ပါတယ် ၊ ဒါပေမယ့်

သူတို့လည်း ဒီသတင်းရရင် အိမ်တွေမှာ မရှိနေဖို့ကများပါတယ် ၊

ကျနော်တို့က အချင်းအချင်းတော့ အဆက်အသွယ်ရှိပါတယ် ၊

ဖွဲ့စည်းပုံပြင်တာကိုလည်း ကျနော်တို့ထောက်ခံပါတယ် ၊ အဘကိုယ်တိုင်လည်း ဖွဲ့စည်းပုံပြင်တာကိုထောက်ခ
ံတဲ့သဘောနဲ့ ၂၀၁၂ တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့တာ ဖြစ်ပါတယ် ၊

ကျနော်ပြောတာက ဖွဲ့စည်းပုံကို ပြင်တာပဲထောက်ခံတယ် အသစ်ရေးတာကို မထောက်ခံဘူးလို့ပြောတာမဟုတ်
ပါဘူး ၊ ပြင်ပြင် အသစ်ပဲရေးရေး ဒါဟာ ပြည်သူတွေ ဆုံးဖြတ်ရမယ့် ကိစ္စပဲဖြစ်ပါတယ် ၊ အဘက ဘယ်နေရာမှ ဝင်မပါဖို့ ပြောထားပါတယ် ၊

ဝင်မပါရဘူးဆိုတာ အေးအတူပူအမျှ မရှိဘူးလို့ပြောတာမဟုတ်ပါဘူ
း ၊ နဂိုကတည်းကမှ ရှိသမျှအပြစ်တွေကို ကျနော်တို့အပေါ် ပုံချချင်နေကြတာ ၊ ကျနော်တို့ အနေတတ်မှ တော်ကာကျမယ် ဆိုတဲ့သဘောမျိုးပြောတာပါ ၊ မြန်မာပြည်သူတွေအတွက် တကယ့်

အရေးဆိုရင် ဝင်ပါဖို့ အဘကိုယ်တိုင်က အမိန့်ပေးပါလိမ့်မယ် ၊

ဟုတ်ပါတယ် ၊ ဒီပဲရင်း အရေးတုန်းက သေဆုံးသွားတဲ့သူတွေ စာရင်းထဲမှာ ကျနော်တို့ ထောက်လှမ်းရေးတပ်ကလည်း ပါပါတယ် ၊

ဦးခင်ညွန့် အနီးကပ် တပည့်ဟောင်း တစ်ဦးနှင့် တယ်လီဖုန်းမှ အင်တာဗျူးခဲ့ခြင်းဖြစ်သည် ၊ ကာယကံရှင်၏ တောင်းဆိုချက်အရ နာမည်နှင့် တယ်လီဖုန်း နံပါတ်ကို မဖော်ပြတော့ပါ ၊

မိသားစုလုံခြုံရေးကို အာမခံချက်ပေးလျှင် ဦးသန်းရွှေအကြောင်း ဖွင့်ချရန် အဆင်သင့်ရှိသော အငြိမ်းစား တပ်မတော် အရာရှိများ ရှိနေပြီဖြစ်ကြောင်းကို မကြာသေးခင်ကာလက အင်တာဗျူးတစ်ခုတွင် ဦးခင်ညွန့်မှ ပြောကြားခဲသေးသည်
 
အင်တာနက်စာမျက်နှာသတင်းမှ

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။