Tuesday, February 18, 2014

ဦးသန်းရွှေအားအသေးစိပ်စောင့်ကြည့်ရန် တရုတ်အစိုးရမှ သံအမတ်ကြီးအား လျှို့ဝှက်ညွန်ကြား

(နေပြည်တော် အရေးကြီးသတင်း)

ဦးသန်းရွှေ အားအသေးစိပ်စောင့်ကြည့်ရန် တရုတ်အစိုးရမှ သံအမတ်ကြီးအား လျှို့ဝှက်ညွန်ကြား ထားကြောင်း နေပြည်တော် သတင်း ရပ်ဝန်းမှ အရေးကြီး သတင်းပေးပို့ လာပါသည် ၊

၁ ၊ ဦးသန်းရွှေ ရွေးချယ် ထားသော ဦးသိန်းစိန် အစိုးရ စတက် ကတည်းက မြန်မာပြည်သူ များ၏ အမြင် တွင် တရုတ်အစိုးရအပေါ် အထင် အမြင်လွဲ မှားမှု မုန်းတီးမှုများ တရှိန်ထိုး မြင့် တက်လာသည် ၊


၂ ၊ တရုတ်အစိုးရနှင့် ဦးသန်းရွှေ အစိုးရနှင့် ချုပ်ဆိုခဲ့သော စာချုပ်များအားလုံးသည် အကြပ်ကိုင်ချုပ်ဆိုခဲ့ခြင်းများ လုံးဝ (လုံးဝ) မဟုတ်ပဲ နှစ်ဘက်အကြေအလည်ဆွေးနွေးပြီး သဘောတူညီချက်များအတိုင်းသာ ချုပ်ဆိုခဲ့ခြင်းဖြစ်သည် 

၃ ၊ စာချုပ်များ ချုပ်ဆိုသည့် အကြိမ်တိုင်းတွင် ဦးသန်းရွှေဦးဆောင်သော မြန်မာအစိုးရ အရာရှိများသို့ တံစိုးလက်ဆောင်များ အများအပြား လာဘ်ငွေအဖြစ် ပေးခဲ့ရသည် ၊

၎ ၊ ယခုအခါ မြစ်ဆုံမှအစ လက်ပံတောင်းတောင်အဆုံး မြန်မာပြည်သူများစိတ်အတွင်း တရုတ်နိုင်ငံမှာ ဗိုလ်ကျစိုးမိုးရန် ရည်ရွယ်ချက်များပါသည်ဟု ထင်မြင်နေမှု၏ နောက်ကွယ်တွင် သွေးထိုးလှုံ့ဆော်နေသူများရှိသည် ၊

၅ ၊ ထိုသို့ သွေးထိုးလှုံ့ဆော်နေမှုများသည် ဦးသန်းရွှေ၏ ညွှန်ကြားချက်များအရ ဦးအောင်သောင်း စသော ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များမှတဆင့် ပြန့်နှံ့သွားသည် ဟုသော အချက်အလက်များကို တရုတ်ထောက်လှမ်းရေး အစီရင်ခံစာများတွင်
သက်သေများရရှိထားသည်ဟု သိရသည် ၊

၆ ၊ တရုတ်နိုင်ငံ၏ ပုဂ္ဂလိကဘဏ်များတွင် ဦးသန်းရွှေ ဦးအောင်သောင်းနှင့် အခြားသော ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များ၏ အပ်ငွေများ ယနေ့တိုင် အများအပြားရှိနေဆဲဖြစ်သည် ၊

၇ ၊ မြန်မာနိုင်ငံတွင် တရုတ် ဗမာ အဓိကရုဏ်းပုံစံ သွေးထွက်သံယို ထိခိုက်မှုများအချိန်မရွေးဖြစ်လာအောင် ဦးသန်းရွှေမှ အကွက်ချ စီမံနေသည့် ပုံစံမျိုးတွေ့နေရသည် ၊

၈ ၊ တရုတ်နှင့် ချုပ်ဆိုထားခဲ့သော စာချုပ်များကို မြန်မာပြည်သူများ နားလည်အောင် ဦးသန်းရွှေ ဘက်မှ အချိန်မှီ ချပြရှင်းလင်းမှုများ မလုပ်ခဲ့လျှင် နောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်စေရန် တရုတ်သံအမတ်ကြီးမှ အချိန်မှီ ထုတ်ဖော်ရှင်းလင်းမှု ပြုရမည် ၊

၉ ၊ ၂၀၁၅ ရွေးကောက်ပွဲမှ ပြည်သူ့ထောက်ခံမှုဖြင့် အနိုင်ရလာသော မည်သည့် အစိုးရကိုမဆို တရုတ်အစိုးရမှ အိမ်နီးချင်းကောင်းအဖြစ် ရှုမြင် လက်တွဲသွားမည် ၊

၁၀ ၊ ၂၀၁၅ ရွေးကောက်ပွဲ မပြီးမချင်း ဦးသန်းရွှေ၏ ဆက်သွယ်ညွှန်ကြားချက်များအား အသေးစိပ်စောင့်ကြည့် သွားရန် အထူးလိုအပ်သည် ၊



နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော အရေးကြီးသတင်းဖြစ်သည် ၊

Hawdeka Khalaylay

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။