Thursday, December 6, 2012

တပ်တွင်း စရိုက်ကြမ်းများ

(ရွှေဟင်္သာသတင်းဌာန)


တပ်မတော်ဖခင်များ http://www.youtube.com/watch?v=-V5AdQ-33NQ&feature=youtu.be တွင်ကြည့်ရှုနိုင်ပါသည်။  

အမှတ်(911)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှူးပြန်တမ်းဝင်အမှတ်ကြည်း 26989 ယာယီတပ်ရင်းမှူး Naing Aung Win သည်


၁။ ခွင့်မဲ့စစ်ပြေးများအားအချိန်နှင့်တပြေးညီကြေညာခြင်းမရှိဘဲ   ၄င်းစစ်ပြေးများအတွက်ရရှိသည့် ခံစားခွင့်များကိုရ ယူခြင်း
၂။တပ်ရင်းပိုင်အဆောက်အဦးငှားရမ်းခြင်းမှရရှိသော ငွေများကို တပ်ရင်းမိသားစုများ၏ သက်သာချောင်ချီရေးအတွက် သုံးစွဲခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် ရယူခြင်း
၃။စစ်သည်များအား မနားမနေခိုင်းစေခြင်း တပ်တွင်းသက်သာချောင်ချီရေးကို စိတ်မဝင်စားခြင်းကြောင့် စစ်သည်များ စိတ်ဓာတ်ကျဆင်းနေရခြင်း တပ်နေမပျော်သည့်အတွက် စစ်ပြေးများရခြင်း
၎။ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (115)အနီးရှီ တပ်ပိုင်သန့်စင်ခန်းငှားခငွေများကို မိမိကိုယ် ပိုင်ငွေအဖြစ် ရယူခြင်း။
၅။စစ်သည်များ၏ ဆန္ဒမပါဘဲ ဘဏ်စုငွေကိုအဓမ္မစုစေခြင်း
၆။စစ်သည်လူပျိုအိပ်ဆောင်အတွက် အထက်မှချပေးသော သွပ်ချပ်များကို မိမိအကျိုးအတွက် အသုံးပြုခြင်း
၇။မိမိလက်အောက်ငယ်သားများအပေါ် အဆမတန် ရိုင်းပြစွာဆဲဆိုခြင်း ကိုယ်ထိလက်ရောက် နှိပ်စက်ညှင်းပန်းခြင်း
၈။တပ်ရင်းသက်သာဆိုင်မှ ပစ္စည်းများသည် တပ်ရင်းမှူးကတော်၏ အစီအမံဖြင့်သာ ဝယ်ယူစေပြီး အမြတ်တင် ကာ ရောင်းစေခြင်း မဝယ်/ဝယ်အောင် ဖိအားပေးခြင်း 

အချို့သောကုန်ပစ္စည်းများသည် စားသောက်သင့်သည့် အခြေအနေ ထက်ကျော်လွန်နေခြင်းတပ်ရင်းတစ်ခု၏အကြီးအကဲသည် မိဘသဖွယ် တပ်နှင့်တပ်မိသားစုများအပေါ် ပြုကျင့်ရမည့်အစား လူသားချင်းမစာ မနာ နှိပ်စက်ညှင်းပမ်းမှုကို ကိုယ်တိုင်ကိုယ်ကျ ပြုမူနေသည်ကို အထက်သို့တိုင်ကြားခဲ့ပါသည်။

အထက်က မည်သို့မျှ အရေးယူခြင်းမရှိဘဲ တိုင်ကြားသူကိုသာ ပြန်လည်အရေးယူမည့်အခြေအနေသို့ ရောက်ရှိနေရ ပါသည်။

(×)ဒီမိုကရေစီနိုင်ငံတော်အဖြစ်သို့ ကူးပြောင်းနေဆဲ ယခုကာလတွင် ၄င်းကဲ့သို့သော "ငို့ဘ" သမားများကို အရေးယူ အပြစ်ပေးရန် စံနမူနာအဖြစ်ဖော်ထုတ်ပြသရန် လိုအပ်ပါသည်


(××)နိုင်ငံတော်သမ္မတကြီးမှ အမြော်အမြင်ကြီးစွာ အရည်အချင်းရှိစွာဖြင့် ဒီမိုကရေစီနိုင်ငံသို့ ရောက်ရှိရေး အားထုတ်ဆဲ ကာလတွင် ၄င်းကဲ့သို့အမြင်ကျဉ်းသော အတ္တဆန်သော ကောက်ကျစ်သော သူများကို စိစစ်ဖယ်ရှားသင့်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။