Thursday, February 28, 2013

နေပြည်တော် အသုံးစရိတ် များလွန်း

(ဧရာဝတီ)


နေပြည်တော် တည်ဆောက်ရေး စီမံကိန်းများတွင် အစိုးရအသုံးစရိတ် အဖြစ် ကျပ်သန်းပေါင်း ၁၇၈ ဘီလီယံအထိ သုံးရန်  စီစဉ်ထားသော ကြောင့် အသုံးစရိတ် တောင်းခံသည့် နေပြည်တော်ကောင်စီကို ဝေဖန် ဆွေးနွေးမှုများ ရှိနေ သည်။

“နေပြည်တော်ကောင်စီရဲ့ အသုံးစရိတ်တွေက အရမ်းများလွန်း နေတယ်။ အထူးသဖြင့် လမ်းတလမ်းဖောက်ရင် မိုင် ၂၀ ၀န်းကျင်လောက် ရှိတဲ့ လမ်းတလမ်းကိုတောင် ကျပ် ၂၅ ဘီလီယံအထိ သုံးထားတယ်။ ဆောက် လုပ်ရေး ၀န်ကြီးဌာနရဲ့ ပြည်ထောင်စု လမ်းမကြီးဖြစ်တဲ့ မန္တလေးနဲ့ မြစ်ကြီးနားလမ်းအတွက် သုံးစွဲထားတာက ကျပ်သန်း ၂ ထောင်၊ ၂ ဘီလီယံပဲ ရှိတယ်။ ဆောက်လုပ်ရေး ၀န်ကြီးဋ္ဌာနရဲ့ အများဆုံး အသုံးပြု ထားတဲ့ ရန်ကုန် – မော်လမြိုင် – ထားဝယ် – ဘိတ် လမ်းဟာ ၅ ဘီလီ ယံပဲ ရှိတယ်။ နေပြည်တော်မှာ အနိမ့်ဆုံး ၃ မိုင်လောက်ရှိတဲ့ လမ်းကို တောင် သန်း ၁၀၀၀၊ ၁၅၀၀၀ လောက်ဆိုတော့ ၁ ဘီလီယံ ကျော်နေ တယ်” ဟု လွှတ်တော်တွင် နေပြည်တော်ကောင်စီကို ဝေဖန်ဆွေးနွေး ခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

Wednesday, February 27, 2013

နော်ဝေရောက် မြန်မာတွေ သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ


26.02.2013 (VOA)
ဥရောပ ၅ နိုင်ငံ ခရီးထွက်လာတဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အင်္ဂါနေ့က နော်ဝေနိုင်ငံကို ပထမဆုံး ရောက်ရှိလာ ချိန်မှာပဲ နော်ဝေရောက် မြန်မာနိုင်ငံသားတွေက သူ့ကို ၀ိုင်းဝန်း ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

နော်ဝေနိုင်ငံ အော်စလိုမြို့က သမ္မတ ဦးသိန်းစိန် တည်းခိုတဲ့ Hotel Continental ရှေ့ မှာ မြန်မာနိုင်ငံသား ၇၀ လောက် သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဘာကြောင့် အခုလို ဆန္ဒပြကြတာပါလဲ။ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသား တဦးဖြစ်တဲ့ ဦးမင်းမင်းဦးက အခုလို ပြောပြပါတယ်။

စစ်လက်နက်များ အတွက် ကျပ် ဘီလီယံ ၆၀၀ သုံးမည်


Irrawaddy

ကာကွယ်ရေး ၀န်ကြီးဌာနက လာမည့် ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် ငွေကျပ်ဘီလီယံ တထောင်ကျော် တောင်းခံ ထားသည့်အနက်မှ စစ်လက်နက်၊ လေယာဉ်၊ သင်္ဘောများနှင့် တပ်မတော် စစ်ဘက်ဆိုင်ရာ စက်ရုံများ၏ စက်ကိရိယာများအတွက် ကျပ်ဘီလီယံ ၆၀၀ နီးပါး အသုံးပြုမည်ဖြစ်ကြောင်း ဧရာဝတီက ရရှိထားသော ကာကွယ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်း အသုံးစရိတ် စာရင်းဇယား အရ သိရှိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် ငွေကျပ် ၁၀၆၇ ဒသမ ၃၇ ဘီလီယံ အသုံးပြုမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း စီမံကိန်းများအတွက် ငွေကျပ် ၄၉၂ ဒသမ ၉၈ ဘီလီယံ အသုံးပြုမည်ဖြစ်ကာ လက်နက်၊ လေယာဉ်၊ သင်္ဘောများအပါအ၀င် စက်ကိရိယာ ပစ္စည်းများ ၀ယ်ယူရန်အတွက် ငွေကျပ် ၅၇၄ ဒသမ ၃၉ ဘီလီယံ အသုံးပြုမည်ဖြစ်သည်။

Monday, February 25, 2013

လေကြောင်းရန်ကာကွယ်ရေး - အပိုင်း (၇)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ဝေဟင် (ပြည်တွင်းမှ လေတပ် အရာရှိ တစ်ဦး)

 (၃၃)ကက မြေပြင်မှ ဝေဟင်ပစ် ဒုံးစခန်းများ။ကကက။ စစ်မက် ကာလအား မျှော်မှန်း၍ အောက်ပါ လုပ်ငန်းစဉ်များ ကြိုတင် ဆောင် ရွက်သည် -
(က)က မြေပြင်မှ ဝေဟင်ပစ် ဒုံးစခန်းများအား ကြိုတင် နေရာချထားခြင်း၊ တိုက်ပွဲဝင် အသင့် ဖြစ်စေရန် တည်ဆောက်မွမ်းမံခြင်း။
(ခ)က ကြိုတင် သတိပေး ရေဒါစခန်းများနှင့် ပူးပေါင်း ဇာတ်တိုက် လေ့ကျင့်ခြင်း။
(ဂ)က ဒုံးပျံ လက်နက်ပညာရှင် စစ်သည်များ၏ အခန်းကဏ္ဍအလိုက် လေ့ကျင့်သား ပြည့်ဝစေရန် အကြိမ်ကြိမ် လေ့ကျင့်ဇာတ်တိုက်ခြင်း။
(ဃ)က နည်းဗျူဟာအခြေအနေအရ အသင့်အနေအထားအမျိုးမျိုးတွင် တိုက်ပွဲဝင် အသင့်ဖြစ်စေခြင်း။

ကပစ (၅) မှ စစ်သည် သုံးဦး အသက် မပြည့်သူ မိန်းကလေး တစ်ဦးကို အဓမ္မပြု

(စည်းလုံးခြင်းရဲ့အင်အား)


ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဒေါင်းတိုက်ကျေးရွာနေ အဘ ဦးလှအုန်းရဲ့ ၁၆ နှစ်အရွယ်သမီး မ……. ကို ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့ က ထုံးဘိုမြို့နယ် အမှတ် (၅) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံ မှ စစ်သည် (၃) ဦးတို့က (ကပစ-၅) ဂိတ်အနီးမှာ အဓမ္မပြုကျင့်ခဲ့ကြောင်း ကျေးရွာနဲ့ နီးစပ်သူများမှ စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်ကို သတင်းပေးပို့လာပါတယ်။

ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့ ည (၁၁) နာရီခန့်မှာ  အဲဒီစက်ရုံမှ စစ်သည် ရဲအောင်က သူရဲ့အရာရှိ (ဗိုလ်မှူး) ဖြစ်သူမှ အလုပ်ကိစ္စ ပြောဆိုဖို့ ရှိတယ်လို့ ဆိုကာ ဒေါင်းတိုက်ကျေးရွာနေ မ....ရဲ့ အိမ်ကို အဲဒီဗိုလ်မှူးရဲ့ ဆိုင်ကယ်ဖြင့် လာရောက် ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။  အဲဒီဗိုလ် မှူးရဲ့ လက်မှတ်ကိုပါ ပြတယ်လို့ သိရပါတယ်။ အဲဒီလို ပြောလာချိန်မှာ မ------ ရဲ့ ဖခင်ဖြစ်သူ ဦးလှအုန်းက သမီးဖြစ်သူကို စိတ်မချတာကြောင့် အတူတကွ လိုက်ပါလိုကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါနဲ့ဘဲ စစ်သည် ရဲအောင်က မောင်းနှင်လာတဲ့ ဆိုင်ကယ်ဖြင့်  သူတို့နှစ်ဦးစလုံးကို ခေါ် ဆောင်သွားပါတယ်။

Saturday, February 23, 2013

ဒေါ်အောင်ဆန်းစုကြည် အပေါ် တပ်မတော်သားတွေ ရင်ထဲက တုန့်ပြန်သံများ - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)


အယ်ဒီတာအဖွဲ့ တင်ပြချက်။            ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်အတွင်းက သဘောထား တင်းမာသူများနဲ့ အားမလိုအားမရ ဖြစ်နေသူများရဲ့ ရင်ဖွင့်သံများကို စဉ်ဆက်မပြတ် ဖော်ပြလျှက် ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် အပြုသဘောဖြင့် ချင့်ချိန်စဉ်းစား သုံးသပ်နိုင်ရန် တင်ပြပေး လိုက် ပါ တယ်။ 

ဒေါ်အောင်ဆန်းစုကြည်အပေါ်တပ်မတော်သားတွေရဲ့ ရင်ထဲက တုန့်ပြန် သံများနဲ့ စပ်လျဉ်းပြီး RFA သတင်းဌာနမှ ထုတ်ပြန်ချက်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တပ်မ တော် သားတွေအနေနဲ့ နိုင်ငံ့တာဝန်တွေကို ကျေပြွန်စွာ ထမ်းဆောင် နိုင်ရေးအတွက် ထိုက်တန်တဲ့ ရပိုင်ခွင့်တွေရရှိဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို သူလက်ခံကြောင်းနဲ့ တပြိုင်နက်မှာ တပ်မတော်ဖက်ကလည်း တာဝန်ယူရမယ့် အပိုင်းရှိကြောင်း ပြောကြားလိုက်ပါတယ်လို့ သိရှိရပါ တယ်။

Tuesday, February 19, 2013

ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ဒေါက်တာမြင့်ဆွေ

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ လက်ထပ်ပွဲ

၁၉၄၂ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့ နေ့လည် နှစ်နာရီအချိန် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ လက်ထပ်ပွဲ ကျင်းပပါတော့သည်။ ညက ခွဲစိတ်ခန်း ၀င်ထားရသည့် အရှိန်ကြောင့် မည်မျှလောက်ကြာအောင် အိပ်ပျော်သွားသည် မသိရပါ။ ကျွန်တော် အိပ်ယာမှ နိုး၍ မျက်လုံးဖွင့်ပြီး လက်မှနာရီကို ကြည့်လိုက်သည့်အခါတွင် နံနက် (၉) နာရီထိုးနေပေပြီ။ ကျွန်တော်လည်း အိပ်ယာမှ လူးလဲထကာ ရေချိုး အ၀တ်အစားလဲ ရပါတော့သည်။ မျက်လုံးများကား ကျိန်းစပ်နေပါသည်။ ကျွန်တော်၊ ဆာဂျင် ကိုကျော့မောင်နှင့်တကွ ဆေးရုံရှိ သူနာပြုဆရာမများ၊ အလုပ်သမားများသည် ဆေးရုံကြီး အရှေ့မြောက် အစွန်ဆုံးရှိ အခန်းကျယ်ကြီးထဲတွင် စားပွဲ၊ ကုလားထိုင်များ ခင်းကျင်းပြင်ဆင်ကြပါသည်။ စင်မြင့်ပေါ်တွင် ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်တို့အတွက် နှစ်ယောက်ထိုင် ဆိုဖာကြီး တစ်လုံးပြင်ဆင်ပေးထားသည်။ ဆေးရုံအလုပ်သမားများအတွက် အပျော်ရွှင်ဆုံးသော နေ့တစ်နေ့ ဖြစ်ခဲ့ပါသည်။
နောင်တွင် ဆေးတပ်မှ ထင်ရှားသော ဗိုလ်မှူးများ၊

လျော့တိလျော့ရဲ နိုင်ငံတော်ရဲ့ လုံခြုံရေး ကွန်ယက်နဲ့ အုပ်ချုပ်ရေး ယန္တရား ဆွေးနွေးခန်း - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)


အယ်ဒီတာ။          ။ အုပ်ချုပ်ရေး ယန္တရား အဓိက အားနည်းချက်တွေက ဘာလဲ။

ဗိုလ်မှူးကြီး။          ။ အစိုးရအဖွဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်လို့ရအောင် ပြည်တွင်းပြည်ပ ဖြစ်ပေါ်လာနေတဲ့ သတင်းတွေကို အချိန်နှင့် တပြေးညီ တည်ဆောက်နိုင်ဖို့လိုတယ်။ သတင်း အခြေအမြစ်နှင့် သတင်းဌာန အမျိုးအစား၊ သတင်းပေးပို့တဲ့ ပုဂ္ဂိုလ် အဆင့်အတန်း၊ အဖွဲ့အစည်း လွမ်းမိုးမှု၊ နောက်ခံ Background နဲ့ ရာဇဝင် စတာတွေကို မူတည်ပြီး သတင်းမှန်ကန်မှုကို ဆုံးဖြတ်ရတယ်။ ပိုဆိုးတာက အမျိုးသား ထောက်လှမ်းရေးအဖွဲ့ တရားဝင် မဖွဲ့သေးတာကြောင့် သတင်း တည်းဖြတ်မှု စီစစ်မှု အားနည်း နေပါတယ်။ ဟိုတစ်လောက ထောက်လှမ်းရေးမှာ လုပ်ခဲ့တဲ့ ဘန်ကောက်က သံအမတ်ကြီး ဦးကျော်ဝင်းဟာ ဒုဝန်ကြီးနဲ့ သမ္မတရုံးကို ရောက်လာပြီး အမျိုးသား လုံခြုံရေး အဖွဲ့ကို ကိုင်ရတာ ကြားရတာပဲ။

Sunday, February 17, 2013

လေကြောင်းရန်ကာကွယ်ရေး - အပိုင်း (၆)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ဝေဟင် (ပြည်တွင်းမှ လေတပ် အရာရှိ တစ်ဦး)

စစ်အေးကာလ လှုပ်ရှားတုန့်ပြန် လေကြောင်းရန်ကာကွယ်ရေး
(၂၉)ကကစစ်အေးကာလ လှုပ်ရှားတုန့်ပြန် လေကြောင်းရန် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှု တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ လေ့ကျင့် ဇာတ်တိုက်မှု၊ ပူးပေါင်းစစ်ဆင်ရေး၊ ပူးပေါင်းညှိနှိုင်းရေး လုပ်ငန်းများ စသည်တို့အား အောက်ပါနေရာ၊ ဌာနများမှ စီမံချက်ရေးဆွဲ၍ ကြီးကြပ်ဆောင်ရွက်စေရမည် ဖြစ်သည် -
(က)  လေကြောင်းရန် ကာကွယ်ရေးကြီးကြပ်မှုဗဟို။
(ခ)ကလေကြောင်းရန် ကာကွယ်ရေးညွှန်ကြားမှုဗဟို။
(ဂ)ကလေတပ်စခန်း၊ ဌာနချုပ်အလိုက် လေကြောင်းရန် ကာကွယ် ရေးဌာန။

မြွေဟောက်စစ်ရေးလေ့ကျင့်ခန်း နဲ့ ဗမာ့စစ်သဘောတရား


16.02.2013 (VOA)
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ Cobra Gold ထိုင်း-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဗမာစစ်တပ်က လေ့လာသူ (၂) ဦး စေလွှတ်ထားပါတယ်။ ထိုင်း-အမေရိကန် Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်န်းလုပ်တဲ့ အနှစ် (၃၀) ကျော်ကာလမှာ ပထမဦးဆုံးအကြိမ် ဗမာစစ်တပ်က ကိုယ်စားလှယ်စေလွှတ်တာ ဖြစ်ပါတယ်။ အမေရိကန် ဦးဆောင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းမှာ ပါဝင်တယ်ဆိုတာကပဲ ဗမာစစ်တပ်ရဲ့  စစ်သဘောတရား (Military Doctrine) ကို ပြသရာ ရောက်တယ်လို့ မြင်ကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က စစ်အာဏာရှင်စနစ် ခိုင်မာအောင် စည်းရုံးသိမ်းသွင်းရာမှာ နိုင်ငံခြားအန္တရာယ်ကို အကြောင်းပြလေ့ရှိပါတယ်။

ခရိုနီတွေ နာလန်ထချိန်

(ဧရာဝတီ)


မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး စီးပွားရေးသမားများအကြောင်း သတင်းစာတွေမှာ တွေ့ရပြန်ပါပြီ။  ဒါပေမယ့် စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဆက်စပ်တာမဟုတ်ဘဲ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ ဆက်စပ်ပြီးတော့ တွေ့မြင်ရတာပါ။

စစ်အုပ်ချုပ်ရေး ကာလဆိုးထဲမှာ ထင်ရှားလာခဲ့တဲ့ ဦးတေဇ၊ ဦးဇော်ဇော်နဲ့ အခြား စီးပွားရေးသမားတွေက NLD ပါတီ ရန်ပုံငွေအတွက် ရက်ရက်ရောရော ထည့်ဝင်လှူဒါန်းတာကြောင့် စာနယ်ဇင်းတွေမှာ အထင်ကရ ဖော်ပြလာတယ်။ ဒီတော့ အကျင့်ပျက်ခြစားမှုနဲ့ သတင်းကြီးတဲ့ ခရိုနီတွေကို အကာအကွယ်ပေးဖို့ လုပ်လာပြီလို့ NLD ကို စွပ်စွဲဝေဖန်တာတွေ ရှိလာခဲ့တယ်။

Thursday, February 14, 2013

ဗိုလ်ချုပ်တွေ ပင်စင်ယူတဲ့အခါ ဝန်ကြီး ရာထူးရတာ အစဉ်အလာ ဖြစ်လာပြီလား

(ဧရာဝတီ)


သမ္မတ ဦးသိန်းစိန်က ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို ခန့်အပ်ရန် လွှတ်တော်သို့ တင်ပြ အတည် ပြုလိုက်မှု အပေါ် ပြည်တွင်း နိုင်ငံရေးအသိုင်းအ၀ိုင်းက စစ်တပ်ကြီး စိုးသော စနစ်ကို ပြန်လည်အသက်သွင်းမှုအဖြစ် ဝေဖန်လိုက်ကြသည်။

စစ်တက္ကသိုလ် အပတ်စဉ် ၁၇ ကျောင်းဆင်း တဦးဖြစ်သော ကာကွယ် ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမြတ်ဟိန်းသည် အသက် ၆၀ ပြည့် တော့မည် ဖြစ်ပြီး များမကြာမီ လာမည့်လ အနည်းငယ်အတွင်း ပင်စင် ယူရတော့မည်ဖြစ်ကာ သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား ညှိနှိုင်းမှုဖြင့် ဗိုလ်ချုပ် ကြီးမြတ်ဟိန်းကို ဆက်သွယ်ရေး ၀န်ကြီးအဖြစ် တာဝန်ပေးရန် ဆုံးဖြတ် အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း စစ်တပ်နှင့်နီးစပ်သော အသိုင်း အ၀ိုင်း၏ အဆိုအရ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် တပ်မတော်သားတွေ ရင်ထဲက တုန့်ပြန်သံများ - အပိုင်း (၂)


(စည်းလုံးခြင်းရဲ့အင်အား)

အယ်ဒီတာအဖွဲ့ တင်ပြချက်။          ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်အတွင်းက သဘောထား တင်းမာသူများနဲ့ အားမလိုအားမရ ဖြစ်နေသူများရဲ့ ရင်ဖွင့်သံများကို စဉ်ဆက်မပြတ် ဖော်ပြလျှက် ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် အပြုသဘောဖြင့် ချင့်ချိန်စဉ်းစား သုံးသပ်နိုင်ရန် တင်ပြပေး လိုက်ပါတယ်။
အယ်ဒီတာ။          ။ “ဒါပေမဲ့ ဗိုလ်မှူးကြီးရေ NLD က အဲဒီလို လုပ်လိုက် ရင် မေတ္တာလက်ဆောင် တစ်ခုခု အပေးခံရတဲ့ တပ်မတော်သားတွေ အရေး ယူခံရမှာ စိုးရိမ်တယ်လို့ ပြောနေတယ်။ တချို့ကတော့ ဒေါ်အောင် ဆန်းစုကြည်ကို တပ်ရင်း တပ်ရဲဂိတ်ကတောင် ဝင်ခွင့်မပြုနိုင် ဘူးလို့ ဆိုနေတယ်။ ပြီးတော့ တပ်မတော်သားတွေ ဒေါ်အောင်ဆန်း စုကြည်နဲ့တွေ့ရင်  သူတို့မှာ အန္တရာယ် ရှိနိုင်တယ်လို့ ဆိုပြန်တယ် ဗျ

ဗိုလ်မှူးကြီး။      ။ "ဒါကတော့ တပ်မတော်က ထိပ်ပိုင်းခေါင်းဆောင်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က လက်ဆောင် ပေးတာ ယူလိုက်တဲ့ တပ်မတော်သားတွေကို ဖြစ်ဖြစ်၊ မှီခိုရဲမေကိုဖြစ်ဖြစ်၊ အရေးယူဖို့ ဒီလို အခြေအနေမျိုးမှာ လုပ်လိုက်ရင် မှားသွားမှာပေါ့။ သေနတ်ပြောင်းက သူတို့ဆီ ပြန်လှည့်သွားမှာပေါ့၊ ငတ်ပြတ်ဆင်းရဲနေတဲ့ တပ်မတော် မိသား စုတွေကို ထောက်ပံ့တာ ဗမာ့ရိုးရာ ဓလေ့ထုံးစံနဲ့ ဘာသာရေးအရ ကုသိုလ်လည်းရလို့ သာဓု ခေါ်ရမှာပဲ။ တပ်ရဲဂိတ်တွေကို တကူးတက ဒေါ်အောင်ဆန်းစုကြည်ဝင်ဖို့ မသင့်တော်ရင်တောင် ခရီးသွား ဟန်လွှဲ မြို့ထဲမှာ ဥဒဟို သွားလာလှုပ်ရှားနေတဲ့ တပ်မတော်သားတွေ လုံခြုံရေး ယူနေတဲ့ စစ်သားတွေ အများကြီး ရှိတာဘဲ။ စစ်ဆေးရုံ အဝင်အထွက် ဂိတ်တွေမှာ အရပ်သားတွေတောင် အဝင်အထွက် ရှိနေကြတာဘဲ။ နယ်ဘက်

ကြွေးဟောင်းဆပ်ပေးတဲ့ ဂျပန်မာစတာကို ကျေးဇူးဆပ်လေ သလား (ဗိုလ်) ဦးသိန်းစိန်

(မိုးမခ)


တူမောင်ညို၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၃

သမ္မတ(ဗိုလ်) ဦးသိန်းစိန်တို့ လုပ်လိုက်ရင် ပက်ကျိလို အရာရာနဲ့အကြောင်းကြောင်းလို့ပြောရမှာပဲ။ 

          သမိုင်းဖြစ်ရပ်အမှန်အတိုင်း “ဖက်ဆစ်ဂျပန်” လို့ မရေးပဲ။ “ဖက်ဆစ်” လို့သာရေးသားထားပါတယ်။

ဒီလိုရေးရတာဟာ လောလောဆယ် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဘဏ် (JICB) ဆီကနေ (Bridge loan) “ပေါင်း ကူးချေးငွေ” အမေရိကန်ဒေါ်လာ ၅၁၂ သန်းနဲ့ ကြွေးဟောင်းဆပ်ပေး လိုက်တဲ့ ဂျပန်မာစတာကျေးဇူးရှင်ကို လက်ငင်းကျေးဇူးဆပ် ပြတာပါ။ 

သမ္မတ(ဗိုလ်) ဦးသိန်းစိန်တို့ မှာ ကျေးဇူးရှင်တွေများလှတယ်။

Wednesday, February 13, 2013

ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)


ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့ မိသားစုအား စုံစုံညီညီတွေ့ရစဉ်

ဆောင်းပါးရှင် - ဒေါက်တာမြင့်ဆွေ

ဤသို့ တစတစနှင့် ဗိုလ်ချုပ်သည် ဒေါ်ခင်ကြည်နှင့် ရင်းနှီးခဲ့ပါသည်။ ဗိုလ်ချုပ်၏ စိတ်ဓာတ်များ ပြောင်းလဲ လာသကဲ့သို့ပင် ဒေါ်ခင်ကြည်လည်း ပြောင်းလဲ လာသည်ကို ကျွန်တော် အကဲခတ်မိပါသည်။ အစပထမတွင် ဗိုလ်ချုပ်သည် ဒေါ်ခင်ကြည်နှင့် တွေ့ဆုံရန် သွားတိုင်းလိုလို ကျွန်တော် လိုက်ပါခဲ့ရသော်လည်း နောက်ပိုင်းတွင်မူ ကျွန်တော် လိုက်ပါသွားရန် အကြောင်း မပေါ်ပေါက်တော့ပါ။ သို့သော် တစ်နေ့ညနေ (၅) နာရီခန့်တွင် ကျွန်တော်၏ လုပ်ငန်းတာဝန်များ ပြီးစီး၍ အနားယူနေခိုက် ဗိုလ်ချုပ်သည် ရွှေပေါက်ပင် ဦးဘသိန်း (ယခု - ကွယ်လွန်ပြီး) နှင့်အတူ ကျွန်တော့် အခန်းဝတွင် ပေါ်လာပါသည်။

Tuesday, February 12, 2013

ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)


မင်္ဂလာဧည့်ခံပွဲတွင် တွေ့ရသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဇနီး သူနာပြု ဆရာမဒေါ်ခင်ကြည်

အယ်ဒီတာအဖွဲ့၏ တင်ပြချက်။ကကကက။ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀တကွေ့မှ လူသိနည်းသော အဖြစ်အပျက်တို့အကြောင်း တင်ဆက် လိုက်ရပါသည်။ ဗိုလ်ချုပ်သည် မနေမနား အလုပ်လုပ်လွန်းသဖြင့် ပင်ပန်းနွမ်းနယ်က ပန်းဖျား အပြင်းဖျားသည်။ ဆေးရုံကြီး၌ တက်ရောက် ကုသခံရန် အတန်တန် ၀ိုင်းပြောကြသော်လည်း တိုင်းပြည်အတွက် လုပ်စရာတွေ အများကြီး ရှိသည်ဟုဆိုကာ ငြင်းပယ်နေခဲ့သည်။ အဖျားသည် ပြင်းသထက် ပြင်းလာသည်။ ဤတွင်မှ မရမက နားချ၍ ဆေးရုံကြီးသို့ ပို့ဆောင်ရသည်။ နာမကျန်း ဖြစ်နေခိုက် ဆေးရုံကြီး၌ သူ၏ ဖူးစာဖက်၊ ဘ၀ကြင်ဖော်ဖြစ်သော သူနာပြုဆရာမ မခင်ကြည်နှင့် မည်သို့တွေ့ကြုံ၊ မေတ္တာဆုံလျက် လက်ထပ်ပွဲ ဆင်နွှဲကြသည်တို့ကို မှတ်သားဖွယ်ရာ အဖြစ် ဒေါက်တာမြင့်ဆွေ ရေးသားသည့် မှတ်မိသေးတယ် ဂျပန်ခေတ် ဆေးရုံကြီးဝယ် စာအုပ်မှ ထုတ်နုတ် ဖော်ပြပေးလိုက်ပါသည်။

ဆောင်းပါးရှင် - ဒေါက်တာမြင့်ဆွေ

တစ်နေ့သော အခါတွင် ဗိုလ်ချုပ် အောင်ဆန်း အသည်းအသန် ဖျားနေသဖြင့် တပည့် စစ်ဗိုလ်များက ဆရာကြီး ဦးဘသန်းအား လာခေါ်ကြပါသည်။ ထိုအချိန်က ဗိုလ်ချုပ်အောင်ဆန်းမှာ ယခုအင်္ဂလိပ်သံရုံး ဖွင့်ထားသည့် အလံပြဘုရားလမ်းရှိ တိုက်တွင်နေပါသည်။ ထိုအချိန်တွင် ယခင်က ချာချီလမ်းတွင်နေပြီး ဆေးရုံသို့ နေ့စဉ်

ဖါထေး နည်းပညာ ဘယ်ကထွက်၊ စစ်သက္ကသိုလ် ကထွက်။

(Kachinduwa)


ဒီနေ့ အေးချမ်းမွန် တင်ထားတဲ့ ပိုစ့်ကို ဖတ်မိရင်း တွေးမိ တွေးရာလေးတွေကို ပြန် ဝေငှ ချင်တာနဲ့ ရေး ဖြစ်တာပါ။

စစ်ဗိုလ်တွေကို အဓိက Training ပေးတဲ့ အချက်မှာ ရန်သူကို လိမ်ညာ လှည့်ဖြား နည်း ဖြစ် ပါတယ်။ စစ်တိုက်ရာမှာတော့ ဒါဟာ မဖြစ်မနေလိုအပ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ သဘောတရား နဲ့ မြန်မာပြည်ကြီး ကို အုပ်ချုပ်လာတာ ရာစု နှစ် ၀က်လောက် ရှိပြီ ဆိုတော့ မြန်မာပြည်သားတွေလဲ စစ်တပ်ရဲ့ လေ့ကျင့်ရေး ကောင်းကောင်း ၀ နေပြီ။

မြန်မာ မီဒီယာသမားများရဲ့ အကောင့်များကို အစိုးရ နောက်ခံ အဖွဲ့များ တိုက်ခိုက်ဟု ဆို။

(Kachin duwa)


အမေရိကန်အခြေစိုက် နာမည်ကြီး သတင်းစာ ဖြစ်တဲ့ နယူးယောက်တိုင်းမ် သတင်းစာမှာ မြန်မာ မီဒီယာ သမားများကို အစိုးရ နောက်ခံ အဖွဲ့တခုက တိုက်ခိုက်နေကြောင်း သတင်းတခု ပါလာ ပါတယ်။

Hacker အဖွဲ့နာမည် မသိသော်လည်း၊ အစိုးရ တခုရဲ့ ပံ့ပိုးမှု နဲ့ မြန်မာ မီဒီယာ သမားများ သုံးတဲ့ gmail, facebook အကောင့်များကို Hacked ထားကြောင်း Google က သတိပေးစာပို့လာတယ် လို့ ဆိုပါတယ်။

အထူးသဖြင့် Eleven Media Group နဲ့ The Voice Weekly က သတင်းထောက်များ သုံးတဲ့ အကောင့်များကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

လျော့တိလျော့ရဲ နိုင်ငံတော်ရဲ့ လုံခြုံရေး ကွန်ယက်နဲ့ အုပ်ချုပ်ရေး ယန္တရား ဆွေးနွေးခန်း - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)


အယ်ဒီတာ။          ။ ရှစ်မိုင် တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံးကို တပ်မ (၁၁) ဝင်ရောက် စီးနင်း ခဲ့တုန်းက အချက်အလက်တွေကို ရရှိဖို့ ကွန်ပြူတာတွေကို အချိန်မှီ ဝင်ထိန်းဖို့ ကြိုးစားပေမယ့် delete လုပ်ခံရကာ မရလိုက်ဘူး သိရတယ်ဗျ။ နောက်ဆက်တွဲ ဆိုးကျိုးရလဒ်တွေ ဘာတွေ ဖြစ်ပေါ်လာတယ်ဆိုတာကို ဆက်လက် ရှင်းပြပေးပါဦး။

ဗိုလ်မှူးကြီး။          ။ တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ်ရုံးကို ဖျက်သိမ်းခဲ့တဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ အချိန်ယူ တည်ဆောက်ထားခဲ့ရတဲ့ ထောက်လှမ်းရေး (ကွန်ယက်) နှင့် ချိတ်ဆက်မှု အားလုံး ရာနူန်းပြည့်နီးပါး ရပ်တန့် ပျက်စီးခဲ့ရပါတယ်။ ယခင်က လ္ဘက်ရည်ဝယ်၊ စားပွဲထိုးသာသာ အဆင့်ရှိတဲ့ SB ခေါ်တဲ့ သတင်းတပ်ဖွဲ့လည်း မျက်ကန်းဘဝ ရောက်ခဲ့ရတယ်။ အသစ်ဖွဲ့စည်းခဲ့တဲ့ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး အနေနဲ့ လုပ်ပိုင်ခွင့်အာဏာ ကန့်သတ်ချက်များကြောင့် နိုင်ငံရေးကိစ္စများမှာ ပါဝင်ပတ်သက်မှု ယခင်ကလို ချုပ်ကိုင်လို့ မရတော့ဘဲ SB နဲ့ ညှိနှိုင်း ဆောင်ရွက်ရတဲ့ အနေအထား ရှိလာရတယ်။ ဒုသမ္မတ ဦးဥာဏ်ထွန်းရဲ့ နောက်ကြောင်း ရာဇာဝင် တင်ပြတဲ့ အပေါ်မှာ SB က ဦးဥာဏ်ထွန်းဟာ ကုလားအနွယ်ဝင် ဖြစ်တယ်လို့ တင်လာတဲ့အပေါ် စရဖက SB Report အပေါ် မင်းတို့ ဆက်မလုပ်ဖို့ သတိပေးပြီး ဝင်ကိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် လုပ်ငန်းတာဝန် ကွဲကွဲပြားပြား မရှိတဲ့အတွက် စရဖနဲ့ SB သူလုပ်ရမလို ကိုယ်လုပ်ရမလိုနဲ့ လစ်ဟာချက်တွေ ရှိနိုင်တယ်။ ယခု စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ အရေးအခင်းတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာရတဲ့ အကြောင်းရင်း တွေထဲမှာလည်း အဲဒီဆိုးကျိုး သက်ရောက်မှုကြောင့်ဆိုတာ အနည်းနဲ့အများ အကျုံးဝင်နေမှာ ဖြစ်ပါတယ်။

အယ်ဒီတာ။          ။ ရခိုင်ကိစ္စ လက်ပန်းတောင်းတောင် ကိစ္စ၊ ကချင်ပြည်နယ် KIA နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေ  ဆိုရင် နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရား အားနည်းမှုတွေကို ဖော်ပြမနေဘူးလား။

အမေရိကန်စစ်ရေးလေ့ကျင့်မှု မြန်မာ ပထမဆုံး ပါဝင်ခွင့်ရ


11.02.2013 (VOA)
အမေရိကန်စစ်တပ် ဦးဆောင်ပြီးတော့ ထိုင်းနိုင်ငံတွင်းမှာ နှစ်စဉ်
ပြုလုပ်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့ ကစပြီး ပြုလုပ်ခဲ့တာမှာ မြန်မာ လက်နက်ကိုင်တပ်ဖွဲ့တွေ ပထမဆုံးအနေနဲ့ ပါဝင်လာပါတယ်။ Cobra Gold စစ်ရေးလေ့ကျင့် မှုဟာ အာရှဒေသတွင်းမှာ နိုင်ငံပေါင်းစုံပါဝင်တဲ့ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံ ပါဝင်လာတာဟာ စွမ်းရည်ပိုင်း ဆိုင်ရာ နိမ့်ကျနေတဲ့ မြန်မာစစ်တပ်ကို ပိုပြီးတော့ စနစ်ကျလာစေ လိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စုက မျှော်လင့်ထားတာပါ။ ဒီအကြောင်းကိုတော့ ဗွီအိုအေသတင်းထောက် Daniel Schearf ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခ က တင်ပြထားပါတယ်။

Friday, February 8, 2013

သမ္မတ ဦးသိန်းစိန် လက်ထက် အကျင့်ပျက် ဝန်ထမ်း တစ်သောင်းကျော်ကို အရေးယူခဲ့


2013-02-07 (RFA)
"အစိုးရကောင်း အစိုးရသန့်" ဖြစ်ရေးကြွေးကြော်ထား တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရဟာ တာဝန်ယူချိန်ကစပြီး အခုထိ အကျင့်ပျက် ဝန်ထမ်းပေါင်း တစ်သောင်း ခုနစ်ထောင်လောက် အရေးယူခဲ့တယ်လို့ သိရပါ တယ်။

၂ဝ၁၁ ခုနှစ် ဧပြီလကနေ ၂ဝ၁၂ခုနှစ် ဒီဇင်ဘာလအထိ  ရဲအရာရှိတွေ အများဆုံးပါဝင်တဲ့ အစိုးရဝန်ထမ်းပေါင်း တစ်သောင်း ခြောက်ထောင် ကိုးရာ ငါးဆယ့်နှစ်ယောက် ကို အရေးယူအပြစ်ပေးခဲ့တယ်လို့ ဒီသီတင်းပတ်အတွင်း အစိုးရက လွှတ်တော်ကို တင်ပြခဲ့တဲ့ အစီရင်ခံစာမှာ ပါဝင်ကြောင်း AFP သတင်း က ဖေါ်ပြပါတယ်။

Thursday, February 7, 2013

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတွေ ရင်ထဲက တုန့်ပြန်သံများ - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)


ယခုတလော ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားခရီးစဉ်တွေမှာ တပ်မတော်နဲ့စပ်လျဉ်းပြီး ထူးခြားတဲ့ သံတမန်ရေးရာ စကားလုံးထိုးစစ်များကို မြင်ရ၊ ကြားနေရပါတယ်။ အဲဒါကတော့ တောင်ကိုးရီးယားနိုင်ငံကို သွားရောက်လည်ပတ်ခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် တပ်မတော်နှင့် လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ပြီး သတ္တိရှိသည့် တပ်မတော်သားများ လိုအပ်ကြောင်း၊ တပ်မတော်နှင့်လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဆိုခဲ့ပါတယ်။ ဘီဘီစီ ရေဒီယို ၄ ရဲ့ Desert Island Discs ထုတ်လွှင့်တဲ့ ရေဒီယို အစီအစဉ်တစ်ခုမှာ တပ်မတော်ကို ဒေါ်စုက  မေတ္တာထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်ဟာ တိုင်းပြည်အပေါ် အင်မတန် ဆိုးဝါးတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ခဲ့ပေမဲ့လည်း ဒီစစ်တပ်ဟာ သူ့ဖခင် တည်ထောင်ခဲ့တဲ့ တပ်မတော်အဖြစ် မှတ်ယူထားဆဲဖြစ်ပြီး စစ်တပ်အနေနဲ့ ပြန်လည် အဖတ်ဆယ်နိုင်လိမ့်မယ်လို့ သူမျှော်လင့်ထားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ 
ဒါကြောင့် စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် အယ်ဒီတာအဖွဲ့ အနေနဲ့ ၁၉၈၈ ခုနှစ်ကစပြီး ယနေ့တိုင် အချိန်ကာလအတွင်း တပ်မတော်အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မြင်ခဲ့တဲ့အမြင်များနဲ့ ယနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သံတမန်ရေးရာ စကားလုံးများအပေါ် တပ်မတော်သားများရဲ့ တုန့်ပြန်သံများအား အလျဉ်းသင့်သလို တင်ပြသွားပါမယ်။

မြန်မာ့သတင်းမီဒီယာ အဆင့်အတန်း


06.02.2013 (VOA)
ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးနှင့်အတူ သတင်းလွတ်လပ်ခွင့်ဆိုတာကိုပါ ကြားလာခဲ့ရတာ အခုဆိုရင်တော့ ပုဂ္ဂလိက သတင်းစာတွေကိုတောင် သိပ်ပြီးတော့ မကြာမြင့်တော့တဲ့အချိန်မှာ တွေ့မြင်ဖတ်ရှုကြရတော့မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့မီဒီယာအဆင့်အတန်းဟာ လောလောဆယ် ဘယ်အခြေအနေရောက်နေပြီလဲဆိုတာကို ဝါရင့်သတင်းစာဆရာကြီး ဦးဝင်တင်နှင့် ဦးကျော်ဇံသာတို့က ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်တွေပေးလာတယ်ဆိုတာ တော်တော်လေး လပိုင်းလောက်တော့ ရှိခဲပါပြီ ဆရာ။ ဆရာအနေနှင့် သတင်းလွတ်လပ်ခွင့်ဟာ ဘယ်လောက်ထိ ခရီးပေါက်ခဲ့ပြီလို့ ဆရာ အကြမ်းဖျင်း သုံးသပ်လိုပါသလဲ။

Monday, February 4, 2013

လွတ်လပ်မျှတမှု မရှိသေးတဲ့ တရားရေးမဏ္ဍိုင်


03.02.2013 (VOA)
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မတရားဖမ်းဆီးခြင်း ခံထားရတဲ့ ဒေါက်တာထွန်းအောင် အမှု၊ ပြစ်ဒဏ်၊ တရားစီရင်ရေး လုပ်ပုံလုပ်နည်း၊ ဆောင်ရွက်လုပ်ကိုင် ဆုံးဖြတ်ချက်ဆိုင်ရာများကို ဟောင်ကောင် (Hong Kong) အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ (Asian Human Rights Commission ) အကျိုးဆောင်ရှေ့ နေ ဦးမင်းလွင်ဦး နဲ့ ဗွီအိုအေမြန်မာသတင်း ဌာနမှူး ဦးသန်းလွင်ထွန်း တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီမိုကရေစီနိုင်ငံတခုမှာ ဥပဒေစိုးမိုးရေး နဲ့ မျှတတဲ့ တရားစီရင်မှုဆိုတာဟာ နိုင်ငံသားတွေအားလုံးရဲ့  လုံခြုံရေးနဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ရေးအတွက် အလွန်အရေးပါပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘင်္ဂလီ မူစလင်တွေ ရိုဟင်ဂျာတွေအကြား အထိကရုဏ်းမှာ လှုံဆော်ခဲ့လို့ဆိုပြီး ဒေသခံ

Sunday, February 3, 2013

လေကြောင်းရန်ကာကွယ်ရေး - အပိုင်း (၄)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ဝေဟင် (ပြည်တွင်းမှ လေတပ်အရာရှိတစ်ဦး)

လေကြောင်းရန် ကာကွယ်ရေးစနစ် တစ်ခု၌ ပါဝင်သော အစိတ်အပိုင်းများ


(၂၁)ကက လှုပ်ရှားတုန့်ပြန် လေကြောင်းရန်ကာကွယ်ရေး စနစ်တစ်ခု တွင် အောက်ပါ အစိတ်အပိုင်းများ အဓိက ပါဝင်လျက်ရှိသည် -
(က)က ကြီးကြပ်မှုနှင့် သတင်းပို့အဖွဲ့အစည်း (Controls and Reporting Organization) ။   ကြိုတင် သတိပေးချက် ထုတ်ပြန်ခြင်း၊ သတင်း အချက်အလက်များအား တိကျ သေချာစွာနှင့် အချိန်နှင့် တပြေးညီ ထုတ်ပြန်ခြင်း၊ လက်အောက်သို့ ညွှန်ကြားခြင်း၊ ပေါင်းစပ် ညှိနှိုင်းပေးခြင်း နှင့် လေကြောင်းရန် ကာကွယ်ရေးသုံး လက်နက်များကို ကြီးကြပ် ထိန်းချုပ်ခြင်း လုပ်ငန်း အဝဝအတွက် ကြီးကြပ်မှုနှင့် သတင်းပို့စနစ်နှင့် အဖွဲ့အစည်းက တာဝန်ယူ ဆောင်ရွက်ရသည်။


(ခ)က လက်နက်စနစ် (Weapon System)
ကက (၁)က ကြားဖြတ် တိုက်လေယာဉ် (Interceptor) ။  ခရီးဝေး ပျံသန်းနိုင်ခြင်း ကြားဖြတ် တိုက်ခိုက်ရေး လက်နက် အမျိုးမျိုး ပြောင်းလဲ တပ်ဆင်နိုင်ခြင်းနှင့် နေ့/ည ရာသီဥတု မရွေး တိုက်ပွဲဝင် နိုင်စွမ်းရှိခြင်း စသည့် အရည်အချင်းများဖြင့် ပြည့်စုံရမည့် လက်နက် ဖြစ်သည်။