(စည်းလုံးခြင်းရဲ့အင်အား)
ပြည်ခရိုင် ပန်းတောင်းမြို့နယ်
ဒေါင်းတိုက်ကျေးရွာနေ အဘ ဦးလှအုန်းရဲ့ ၁၆ နှစ်အရွယ်သမီး မ……. ကို ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ
(၁၀) ရက်နေ့ က ထုံးဘိုမြို့နယ် အမှတ် (၅) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံ မှ စစ်သည်
(၃) ဦးတို့က (ကပစ-၅) ဂိတ်အနီးမှာ အဓမ္မပြုကျင့်ခဲ့ကြောင်း ကျေးရွာနဲ့ နီးစပ်သူများမှ
စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်ကို သတင်းပေးပို့လာပါတယ်။
ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့ ည
(၁၁) နာရီခန့်မှာ အဲဒီစက်ရုံမှ စစ်သည် ရဲအောင်က
သူရဲ့အရာရှိ (ဗိုလ်မှူး) ဖြစ်သူမှ အလုပ်ကိစ္စ ပြောဆိုဖို့ ရှိတယ်လို့ ဆိုကာ ဒေါင်းတိုက်ကျေးရွာနေ
မ....ရဲ့ အိမ်ကို အဲဒီဗိုလ်မှူးရဲ့ ဆိုင်ကယ်ဖြင့် လာရောက် ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဗိုလ် မှူးရဲ့ လက်မှတ်ကိုပါ ပြတယ်လို့ သိရပါတယ်။
အဲဒီလို ပြောလာချိန်မှာ မ------ ရဲ့ ဖခင်ဖြစ်သူ ဦးလှအုန်းက သမီးဖြစ်သူကို စိတ်မချတာကြောင့်
အတူတကွ လိုက်ပါလိုကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါနဲ့ဘဲ စစ်သည် ရဲအောင်က မောင်းနှင်လာတဲ့
ဆိုင်ကယ်ဖြင့် သူတို့နှစ်ဦးစလုံးကို ခေါ် ဆောင်သွားပါတယ်။
စစ်သည်ရဲအောင်က ည (၁၂) နာရီခန့်မှာတော့
ဖခင်ဖြစ်သူ တဦးတည်း ကိုသာ ရွာသို့ဆိုင်ကယ်ဖြင့် ပြန်လည်ပို့ဆောင် ပေးခဲ့ပါတယ်။ ဒါပေမယ့်
သမီးဖြစ်သူ မ….. ကိုတော့ မနက်သုံးနာရီခွဲခန့် အချိန်မှသာ လာရောက် ပို့ ပေးခဲ့တယ်လို့
သိရပါတယ်။
အဲဒီလို ပို့ပေးပြီး မကြာခင်မှာဘဲ ဦးအုန်းကြိုင်တို့ နေအိမ်ထဲမှ ငိုယိုသံ များ ကို
အပြင်ပတ်ဝန်းကျင်မှာ ကြားနေရပါတယ်။ ဒါကြောင့် ရွာထဲမှ အမျိုးသမီးများက သွားရောက် ဝိုင်းဝန်းမေးမြန်းကြည့်ရာ
မ…… က စစ်သည်ရဲအောင်ရဲ့ သူငယ်ချင်းများ ဖြစ်ကြတဲ့ စစ်သည် (၂) ဦး (တပ် သား အောင်မိုးနှင့်
တပ်သား စိုးမင်း) တို့က သူမကို အဓမ္မပြုကျင့်ခဲ့ ကြောင်း၊ စစ်သည်ရဲအောင်ကလည်း အဓမ္မပြုကျင့်ဖို့
ဆက်လက်ကြိုးစား စဉ် မ…… က ငိုကြီးချက်မ တောင်းပန်ခဲ့တာကြောင့် စစ်သည်ရဲအောင်မှ အိမ်သို့
ပြန်ပို့ပေးလိုက်တယ်လို့ သိရပါတယ်။
ပုသိမ်- မုံရွာအဝေးပြေးကားလမ်းမှ
လမ်းခွဲဖြစ်တဲ့ ကမြိုင်လမ်းဆုံ အရှေ့ ဘက် ရထားလမ်း ကုန်းကျော်အနီး ကားလမ်းမဘေး တစ်နေရာ (ကပစ - ၅) ဂိတ်မှ တစ်မိုင်ကျော် အကွာခန့် သင်္ချိုင်းကုန်းအနီးတွင်
ပြုကျင့်ခဲ့တာ ဖြစ်ကြောင်း ကာယကံရှင်က ပြောကြားခဲ့ပါတယ်။ စထွက်တဲ့အချိန်မှာ သားအဖနှစ်ဦးပါပေမဲ့
အဖေကို ရဲအောင်က ပြန်ပို့ပြီး သူမအား သင်္ချိုင်း ကုန်းအနီးအနားမှာ ကြိုတင် စောင့်နေကြတဲ့
သူ့သူငယ်ချင်းနှစ်ဦး ရှိတဲ့ နေရာကို ခေါ်သွားပါတယ်။ အဓမ္မပြုကျင့်ပုံကို ကာယကံရှင်က
ငိုကြွေးပြီး အခုလို ရှင်းပြခဲ့ပါတယ် -
“ကျွန်မက မုဒိမ်းကျင့်ဖို့
ကြိုးစားတဲ့ ရဲအောင်ရဲ့ပါးကို တချက်အရင် ရိုက်လိုက်တယ်။ အဲဒါနဲ့ ကျွန်မခေါင်းကို လက်သီးနဲ့
တချက်ထိုးတော့ ကျွန်မမူးပြီးလဲသွားတယ်။ ပြီးတော့ ကျွန်မကို ရဲအောင်က နောက်တချက် ထပ်ထိုးတယ်။ နောက်တော့ ရဲအောင်က ကျွန်မရဲ့ ခေါင်းနဲ့လက်ကို ချုပ်
ထားပြီး ကျန်တဲ့တစ်ယောက်က ခြေထောက်ကို တစ်ယောက် ချုပ်ကာ သူ့သူငယ်ချင်းတစ်ယောက်က အဓမ္မကျင့်တော့တာပါပဲ။
ကျွန်မရဲ့ အဝတ် အစားတွေကို ဆွဲဖြဲပြီး အတင်းအဓမ္မ သူတို့ (၂) ယောက်က ဆက်တိုက် ဆိုသလို
အဓမ္မကျင့်ပါတယ်။ ရဲအောင်က နောက်ဆုံး အဓမ္မကျင့်ဖို့ ဆက် လက်ကြိုးစားတဲ့ အချိန်မှာတော့
ကျွန်မက မောဟိုက်လာကာ မခံနိုင် တော့ တာမို့ ငိုယိုတောင်းပန်ပြီး အိမ်ပြန် ပို့ပေးဖို့ပြောတော့
သူက ငွေ ကျပ်ငါးထောင် အတင်းထိုးထည့်ကာ အိမ်ပြန်လိုက် ပို့ပေးတာပါပဲ” လို့ ဖြစ်ရပ်ကို
ရင်နင့်စွာ စည်းခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်သို့ ပြောပြပါတယ်။
ဦးလှအုန်းနဲ့ မိသားစုဝင်များမှာ
(ကပစ-၅) ကျောက်ထုစခန်းအတွင်း အရပ်ဘက်မှ အထွေထွေ အလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်နေကြရ
သူများ ဖြစ်တာမို့ တာဝန်အရ တပ်မှ အရာရှိ ခေါ်ခိုင်းတယ်လို့သာ ဗိုလ် မှူးဖြစ်နေတာကြောင့်
ကြောက်ရွံသဖြင့် လိုက်သွားခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါင်းတိုက်အုပ်ချုပ်ရေးမှူးကို
တိုင်ကြားခဲ့ရာ ဒေါင်းတိုက် အုပ်ချုပ်ရေးမှူးမှ တပ်နှင့်ပတ်သတ်သည့် အမှုဖြစ်တာ ကြောင့်
ပဲကြီးအုပ်စု အုပ်ချုပ်ရေးမှူးထံ အကြောင်းကြား ပေးခဲ့ပါတယ်။ (ကပစ ၅) စက်ရုံမှ ပင်စင်စား
စစ်မှုထမ်းဟောင်း တဦးလည်း ဖြစ်ပြီး ပဲကြီးအုပ်စု အုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ ဦးဋ္ဌေးလှိုင်ဟာ
သူတို့ စက်ရုံလူ တွေ ထိခိုက်ခံရမှာ စိုးရိမ်လို့ ရဲစခန်းတွင် အမှု ဖွင့်တိုင်ကြားခြင်းမပြုပဲ
စက်ရုံမှ တာဝန်ရှိသူများကိုသာ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ (ကပစ ၅) တပ်ဝင်းအတွင်းမှာ
ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ (ပြည် ထောင်စုနေ့) က သွားရောက် ဆွေးနွေးညှိနှိုင်းခဲ့ရတာဖြစ်ပြီး
ကာယကံ ရှင်အမျိုးသမီး၊ သူမရဲ့ ဖခင်ဦးလှအုန်းနဲ့ သန့်ဇင်ဦးဆိုသူ အိမ်နီးနားချင်း တစ်ဦး၊
ပဲကြီးအုပ်ချုပ်ရေးမှူး ဦးဋ္ဌေးလှိုင်နဲ့ သူရဲ့စာရေးဖြစ်သူ နိုင်စိုးတင့် တို့သာ ပါဝင်ခဲ့တယ်လို့
သိရပါတယ်။
မိသားစုဝင်များအား နစ်နာကြေးအဖြစ်
ငွေကျပ်ကိုးသိန်းပေးကာ လက်ခံ ကျေနပ်ပါကြောင်း သဘောတူစာချုပ်မှာ လက်မှတ်ရေး ထိုးပေးရမည်
ဆိုတာကြောင့် ဖခင်ဖြစ်သူ ဦးလှအုန်းက လက်မှတ်ထိုး ပေးခဲ့ရတာလို့ သိရှိရပါတယ်။ လျှော်ကြေးသဘော
ပေးအပ်တာဖြစ်ပြီး ကာယာကံရှင် ဖြစ်သူ မိန်းကလေးက
လက်မှတ်ထိုးခဲ့တာ မရှိကြောင်း၊ ကျေနပ်ဖွယ် မရှိကြောင်း၊ မိသားစုဝင်များအနေဖြင့် ဒေါင်းတိုက်ကျေးရွာတွင်
ဆက် လက် နေထိုင်လိုစိတ် မရှိတော့ပဲ တခြားကျေးရွာကို ပြောင်းရွှေ့နေထိုင်ဖို့ စီစဉ်နေရပြီး
သဘောတူစာချုပ်အရ အမှုမဖွင့်ဖို့နဲ့ ဘယ်သူတစ်ဦး တစ် ယောက်ကိုမှ ဒီအကြောင်းကို မပြောဆိုရအောင်
ခြိမ်းခြောက်ပြောဆိုခဲ့ တယ်လို့ သိရကြောင်း ကျေးရွာနဲ့ နီးစပ်သူများမှ စည်းလုံးခြင်းရဲ့
အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org သို့ သတင်းပေးပို့ထားပါတယ်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။