Sunday, February 17, 2013

လေကြောင်းရန်ကာကွယ်ရေး - အပိုင်း (၆)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ဝေဟင် (ပြည်တွင်းမှ လေတပ် အရာရှိ တစ်ဦး)

စစ်အေးကာလ လှုပ်ရှားတုန့်ပြန် လေကြောင်းရန်ကာကွယ်ရေး
(၂၉)ကကစစ်အေးကာလ လှုပ်ရှားတုန့်ပြန် လေကြောင်းရန် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှု တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ လေ့ကျင့် ဇာတ်တိုက်မှု၊ ပူးပေါင်းစစ်ဆင်ရေး၊ ပူးပေါင်းညှိနှိုင်းရေး လုပ်ငန်းများ စသည်တို့အား အောက်ပါနေရာ၊ ဌာနများမှ စီမံချက်ရေးဆွဲ၍ ကြီးကြပ်ဆောင်ရွက်စေရမည် ဖြစ်သည် -
(က)  လေကြောင်းရန် ကာကွယ်ရေးကြီးကြပ်မှုဗဟို။
(ခ)ကလေကြောင်းရန် ကာကွယ်ရေးညွှန်ကြားမှုဗဟို။
(ဂ)ကလေတပ်စခန်း၊ ဌာနချုပ်အလိုက် လေကြောင်းရန် ကာကွယ် ရေးဌာန။


(၃၀) ကက အထက်ပါ ဌာနများအနေဖြင့် မျှော်မှန်းထားသည့် လေ ကြောင်း ကျူးကျော်မှု လေကြောင်း တိုက်ခိုက်မှုများအား ထိရောက် အောင်မြင်စွာ တုန့်ပြန်နိုင်ရန်အတွက် လက်အောက်ရှိ အောက်ပါ အဖွဲ့အစည်းများအား ဌာနအလိုက် စီမံချက်များရေးဆွဲပြုစုပြီး အကောင် အထည်ဖော်ဆောင်ရွက်စေခြင်း၊ ညှိနှိုင်းပေးခြင်းများပြုလုပ်ရမည်-
(က)ကကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်များ။
(ခ)က ကြိုတင်သတိပေး ရေဒါစခန်းများ။
(ဂ)က ကြားဖြတ်တိုက်ခိုက်ရေး ရေဒါစခန်းများ။
(ဃ)   မြေပြင်မှ ဝေဟင်ပစ်ဒုံးစခန်းများ။
(င)က မြေပြင်မှ ဝေဟင်ပစ်ဒုံးဆိုင်ရာ ပစ်မှတ်ရှာရေဒါစခန်းများ။
(စ)က ကွပ်ကဲမှုနှင့် ကြီးကြပ်မှုဆိုင်ရာဌာနများနှင့် ဆက်သွယ်ရေးဌာနများ။
(ဆ)ကပင်လယ်ပြင် လေကြောင်းရန် ကာကွယ်ရေးအဖွဲ့အစည်း၏ လက်အောက်ခံဌာနများ။
(ဇ)က မြို့ပြလေကြောင်းရန် ကာကွယ်ရေးအဖွဲအစည်း၏ လက်အောက်ခံဌာနများ။


အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စီးအား ကာကွယ်စောင့်ရှောက် လိုက်ပါလာသည့် ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်အုပ်စုတစ်ခု

(၃၁)က ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်အုပ်များ။ကက ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်အုပ် များအနေဖြင့် စစ်ရေးကာလအတွင်း စစ်မက်ကာလ လေကြောင်းရန် ကာကွယ်ရေးအတွက် ကြိုတင် မျှော်မှန်းကာ အောက်ဖော်ပြပါ လုပ်ငန်းများကို ဆောင်ရွက်သည် -
(က)က စွမ်းအားပြည့် လေယာဉ်ထွက်ရှိရန် ဆောင်ရွက်ခြင်း။
(ခ)က လေယာဉ်သုံး ဗုံး၊ ဒုံးလက်နက်များအား အစဉ်တိုက်ပွဲဝင် အသင့်ဖြစ်စေခြင်း။
(ဂ)က ခေတ်မီ တိုးတက်သော ပျံသန်းမှုဆိုင်ရာ နည်းစနစ်များအား လေ့လာသင်ကြား လေ့ကျင့်စေခြင်း။
(ဃ)ကခေတ်မီတိုးတက်သော စက်မှုလက်မှုဆိုင်ရာနည်းစနစ်များအား လေ့လာသင်ကြား လေ့ကျင့်စေခြင်း။
(င)က ကြားဖြတ်တိုက်ခိုက်မှု စစ်ဆင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း။
(စ)က ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်အုပ်အလိုက် ဆောင်ရွက် ခဲ့ပြီးသည့် နည်းဗျူဟာလေ့ကျင့်ခန်းများ၊ ဇာတ်တိုက် လေ့ကျင့်မှုများ၏ အားသာချက်၊ အားနည်းချက်များအား ပြန်လည်သုံးသပ်ဆန်း စစ် ပြုပြင်ခြင်း။

(၃၂)ကကကြိုတင် သတိပေး ရေဒါအုပ်များနှင့် ကြားဖြတ် တိုက်ခိုက်ရေး ရေဒါအုပ်များ။ကက လေကြောင်းရန် ကာကွယ်ရေး၏ နား၊ မျက်စိသဖွယ် အရေးပါသည့် ကြိုတင် သတိပေးရေဒါနှင့် ကြားဖြတ် တိုက်ခိုက်ရေး ရေဒါအုပ်များသည် စစ်အတွင်း လေကြောင်းရန် ကာကွယ်ရေးအား ကြိုတင်မျှော်တွေးလျက် စစ်အေးကာလ၌ အောက်ပါ လုပ်ငန်းစဉ်များ ဆောင်ရွက်သည် -

(က)ကရေဒါများ စွမ်းအားပြည့် စစ်ဆင်ရေး ဆောင်ရွက်နိုင်ရန် ပြုပြင်ထိန်းသိမ်း လည်ပတ်စေခြင်း။
(ခ)က မိမိလက်ခံကျင့်သုံးသည့် ရေဒါဆိုင်ရာ အသုံးချနည်းပညာများအား ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးချနိုင်ရန် လေ့ကျင့်သင်ကြားခြင်း။
(ဂ)က ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်အုပ်များနှင့် ပူးပေါင်းဇာတ်တိုက် လေ့ကျင့်စေခြင်း။
(ဃ)က ရေဒါဆိုင်ရာအသုံးချနည်းပညာရပ်များနှင့် ကျွမ်းကျင်ပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ် ပေးခြင်း။
(င)က မိမိပိုင် ရေဒါစက်ဝန်းအတွင်းရှိ လေယာဉ်များ၏ လှုပ်ရှားမှုအား စဉ်ဆက်မပြတ် မှတ်တမ်းတင် စေခြင်း၊ စိစစ်ခြင်း၊ သတင်းပို့စေခြင်းများ ဆောင်ရွက်စေခြင်း။
(စ)က ခေတ်နှင့်လျော်ညီသော နည်းပညာပိုင်းဆိုင်ရာများ လေ့လာလေ့ကျင့်သင်တန်းပေးခြင်းများ ဆောင်ရွက်စေခြင်း။
(ဆ)က မိမိဝေဟင်ပိုင်နက်နှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများ၏ လေကြောင်း စွမ်းပကား ဆိုင်ရာ အချက်အလက်များ အစဉ်စုဆောင်း လေ့လာသုံးသပ်မှုများ ဆောင်ရွက်စေခြင်း။
(ဇ)က မိမိနယ်မြေအတွင်းနှင့် ပြင်ပရှိ ရေဒါစခန်းများနှင့် ပူးပေါင်းဆက်ဆံ ညှိနှိုင်းဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်များ ဖလှယ်ခြင်း။

လေကြောင်းရန်ကာကွယ်ရေး - အပိုင်း (၇) ကို http://www.photayokeking.org မှ ဆက်လက် ဖော်ပြသွားပါမယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။