Saturday, February 23, 2013

ဒေါ်အောင်ဆန်းစုကြည် အပေါ် တပ်မတော်သားတွေ ရင်ထဲက တုန့်ပြန်သံများ - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)


အယ်ဒီတာအဖွဲ့ တင်ပြချက်။            ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်အတွင်းက သဘောထား တင်းမာသူများနဲ့ အားမလိုအားမရ ဖြစ်နေသူများရဲ့ ရင်ဖွင့်သံများကို စဉ်ဆက်မပြတ် ဖော်ပြလျှက် ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် အပြုသဘောဖြင့် ချင့်ချိန်စဉ်းစား သုံးသပ်နိုင်ရန် တင်ပြပေး လိုက် ပါ တယ်။ 

ဒေါ်အောင်ဆန်းစုကြည်အပေါ်တပ်မတော်သားတွေရဲ့ ရင်ထဲက တုန့်ပြန် သံများနဲ့ စပ်လျဉ်းပြီး RFA သတင်းဌာနမှ ထုတ်ပြန်ချက်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တပ်မ တော် သားတွေအနေနဲ့ နိုင်ငံ့တာဝန်တွေကို ကျေပြွန်စွာ ထမ်းဆောင် နိုင်ရေးအတွက် ထိုက်တန်တဲ့ ရပိုင်ခွင့်တွေရရှိဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို သူလက်ခံကြောင်းနဲ့ တပြိုင်နက်မှာ တပ်မတော်ဖက်ကလည်း တာဝန်ယူရမယ့် အပိုင်းရှိကြောင်း ပြောကြားလိုက်ပါတယ်လို့ သိရှိရပါ တယ်။


ဒါပေမဲ့ တပ်မတော်သားများအတွင်း မျိုးချစ်စိတ်ပြင်းထန်ပြီး ရိုးသားပွင့် လင်းတယ်ဆိုတဲ့ အရာရှိတစ်ဦးကတော့ ရွှေတံခါး blog (http://shwedagar.blogspot.com) မှာ ဒေါ်အောင်ဆန်းစုကြည် အပေါ် သူ့ရဲ့အမြင်အား ဝင်ရောက် ရင်ဖွင့်သွားတာကို တွေ့လိုက်ရလို့ ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့် ခရီးစဉ် ဟောပြောချက်တွေအပြင် ရုပ်မြင်သံကြားကတစ်ဆင့် ပါတီ မူဝါဒဆိုင်ရာ ထုတ်လွှင့်လျက်တွေအရ တပ်မတော်အပေါ်ထားရှိတဲ့ သူမ စိတ်ရင်းအမှန်ကို မြင်တွေ့နေရသလို စကားထဲက ဇာတိပြလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နောက် မညီတဲ့ စကားလုံးများကိုလည်း စိတ်မ ကောင်းစွာ ကြားသိနေရပါတယ်။ 
မဲဆွယ်ခရီးစဉ်တွေမှာ တပ်မ တော် အနေနဲ့ ဒီမိုကရေစီ နိုင်ငံကြီးဖြစ်ဖို့ နိုင်ငံရေးမှာ ပါဝင်ရမယ်လို့ ပြောပြီး ပါတီမူဝါဒကို မြန်မာ့ရုပ်သံက ရှင်းလင်း ပြောကြားချိန်မှာတော့ အမျိုးသားနိုင်ငံရေး ဆောင်ရွက်နေတဲ့ တပ်မတော်သားတွေကို လွှတ် တော်ကနေ ဖယ်ရှားဖို့ ပေါ်ပေါ်တင်တင်ပဲ Political Challenges လုပ် သွားခဲ့ပါတယ်  ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာကတော့  ---------------------

“ကျွန်မဖေဖေခေတ်တုန်းက တပ်မတော်သားတွေကို ပြည်သူတွေ သိပ်ချစ်ကြတယ်။ ပြည်သူတွေရဲ့ ပြန်လည် ချစ်ခင်မှုကို ပြန်ရဖို့အတွက် တပ်မတော်သားတွေ အနေနဲ့ NLD ကို မဲထည့်ဖို့ ပြောချင်ပါတယ်။ တပ်မတော်သားတွေကို ပြည်သူက ချစ်ဖို့လိုသလို တပ်မတော်သား တွေကလည်း ပြည်သူကိုအားကိုးဖို့ မြန်မာ့တပ်မတော်ဟာ နိုင်ငံရဲ့ အခြေခံ ဖြစ်ဖို့နဲ့ ပြည်သူတွေအပေါ်ကို စိုးမိုးချင်တဲ့ ဆန္ဒမရှိဖို့ လိုပါ တယ် ဆိုပြီး မတ်လ (၄) ရက်နေ့က ပုဗ္ဗသီရိမြို့နယ်မှာ ပြောကြား သွားခဲ့ပါတယ်။ ဒီပြောကြားချက်များဟာ လက်ရှိ တပ်မတော်တွင် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားများကို စော်ကားမော်ကား ပြောဆိုသွားခဲ့ခြင်းသာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသိစိတ်ထဲမှာ တပ်မတော်ဆိုတာကို ဒီမိုကရေစီစနစ်အတွက် အနှောင့်အယှက် ပြုလုပ်မဲ့ အဖွဲ့အစည်းတစ်ရပ် အနေနဲ့ ယူဆထားဟန် တူပါတယ်။ တပ်မတော်သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ဆိုတာ တပ်မတော်ကို အင်အားချိနဲ့အောင်၊ တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင် လုပ်နိုင်စွမ်းရှိတဲ့ ကြိုးဆွဲခံထားရတဲ့ ရုပ်သေးရုပ်အဖြစ်သာ မြင်နေကြပါတယ်။ ဒီလိုဖြစ်ရတာကလည်း မည်သူ မပြု မိမိမှု ဆိုတဲ့အတိုင်း ၁၉၆၀ ခုနှစ်ကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြတ်သန်းခဲ့တဲ့ ဘ၀တစ်လျှောက် အနောက်တိုင်း ပတ်ဝန်းကျင် အသိုင်း အ၀ိုင်းရဲ့ နှောင်ကြိုးများကြောင့် ဖြစ်မယ်ထင်ပါတယ်။

ပြည်သူတွေရဲ့ ပြန်လည်ချစ်ခင်မှု ပြန်ရဖို့ဆိုတဲ့ အသုံးအနှုန်းကတော့ လက်ရှိတာဝန် ထမ်းဆောင်ဆဲ တပ်မတော်သားတွေကို ပြည်သူတွေကပဲ မချစ်ခင်၊ မနှစ်သက်တော့ သယောင်ယောင် မိမိစိတ်နဲ့နှိုင်းပြီး ပြောခြင်း ဖြစ်မယ် ထင်ပါတယ်။ တပ်မတော်အပေါ် အညှိုးအတေးရှိနေတဲ့ စိတ်ခံ စားမှုကြောင့် ပြောဆိုတယ်လို့ဘဲ ယူဆပါတယ်။ NLD ပါတီကို မဲထည့်မှ ပြည်သူတွေက တပ်မတော်ကို ပြန်လည်ချစ်ခင်လာမယ်ဆိုတာ ဘာမှ မဆိုင်ဘူး ထင်ပါတယ်

 တပ်မတော်အတွက် NLD ဘာလုပ်ပေးပါသလဲ..?
 ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်ရဲ့ ရပ်တည်ချက်ကို နားလည်လက်ခံမှာလား.. ?
 တပ်မတော် အင်အားရှိအောင် ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်ပေး ဖူးပါသလဲ? မေးလိုက်ချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခင်ဗျာ -
တပ်မတော်အပေါ် အမှန်တကယ် ချစ်ခင်ပါတယ်ဆိုရင် ----
တပ်မတော်မိသားစုဝင် တစ်ဦးပါလို့ အမှန်တကယ် ခံယူထားတယ်ဆိုရင် ---
ပြည်သူနှင့်တပ်မတော်ကို သွေးမခွဲဘဲ ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော်ကို အားပေး ထောက်ခံပြီး နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နိုင်ရန်အလို့ငှာ တိုင်းပြည်အင်အားရှိအောင် တပ်မတော် အင်အားရှိစေရေး ပြောဆိုပြုမူ လုပ်ကိုင် ကြံဆသွားသင့်ပါကြောင်း တင်ပြ လိုက်ပါတယ်
ဒါက တပ်မတော်သားတစ်ဦးရဲ့ အမြင်ကို ကူးယူဖေါ်ပြလိုက်တာပါ။

ဆက်လက်ပြီး နအဖခေတ်ကာလတုန်းက ဗိုလ်ချုပ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို မှတ်ချက်ပြုခဲ့တဲ့ စကားတစ်ခွန်းအား စစ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိတစ်ဦးက ဒီလိုပြောပြခဲ့ပါတယ်။

“ဗိုလ်ချုပ်သန်းရွှေဟာ ဗိုလ်ချုပ်ခင်ညွန့်နဲ့အတူ ဒေါ်အောင်ဆန်း စုကြည် အား တွေ့ဆုံဆွေးနွေးခဲ့ပြီး ထမင်း လက်ဆုံစားခဲ့ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ တွေ့ဆုံဆွေးနွေးခဲ့စဉ်က သဘောတူညီ ချက်ကို မထောက်ထားဘဲ Visit Myanmar Year မှာ နိုင်ငံခြားသားများ လာလည်ခြင်း မပြုဖို့နဲ့ စီးပွါးရေးပိတ်ဆို့ဖို့ တောင်းဆိုခဲ့တာကြောင့် အဖိုးကြီးဦးသန်းရွှေက ဒီမိန်းမ ရှေ့စကား နောက်စကား မညီဘူး၊ ဗလောင်း ဗလဲ နိုင်တယ် လို့ ပြောပါတယ်။ တခါ ဒေါ်အောင်ဆန်း စုကြည်ဖက်ကလည်း စစ်အာဏာရှင်တွေကို စစ်သားတွေဖြစ်ပြီး ကတိပျက်တယ်လို့ ပြောပြန်ပါတယ်။ အဲဒါကတော့ အမျိုးသားညီလာခံကို ၂၀၀၄ ခုနှစ်က ပြန်လည်ကျင်းပဖို့ရှိရာ NLD ကို ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်က ဦးစွာလွှတ်ပြီးမှ တက်ရောက်စေရေး ညှိနှိုင်းသဘောတူညီ ထားခဲ့ပါတယ်။ ဒါပေမဲ့ ဦးသန်းရွှေက NLD ကို အမျိုးသားညီလာခံသို့ ဦးစွာတက်ခိုင်းပြီးမှ ဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ရန် ပြင်ဆင်ချက်ပေးခဲ့လို့ ရှင်တို့စစ်သားတွေ ကတိပျက်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အယ်ဒီတာအဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သား များရဲ့အမြင်အား တပ်မတော် အကြပ်ကြီး တစ်ဦးအား မေးမြန်းခဲ့ပါ သေးတယ်။

“ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ကား Driver ရဲဘော်တစ်ဦးအပေါ် နားလည်ခွင့်လွှတ်ပေးတဲ့ ဖြစ်စဉ်တစ်ခု ရှိပါတယ်။ 
အဲဒီရဲဘော်ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဗိုလ်ချုပ်ရဲ့ကလေးတွေကို ချီး၊ သေးကအစ ရေကူးတာအဆုံး ခြေဆုပ်လက်နယ် ပြုစုထိန်းကျောင်းပေး ခဲ့လို့ ဗိုလ်ချုပ်ရဲ့သံယောဇဉ်နဲ့ ခွင့်လွှတ်တဲ့ဖြစ်စဉ် ရှိခဲ့တယ်ဗျ။ အစိုးရ ဧည့်ခံပွဲတစ်ခုမှာ ကား Driver တွေကို အရက်တိုက်လိုက်လို့ မူးပြီး အိပ်ပျော်နေတုန်း ဗိုလ်ချုပ်နဲ့ PA ဗိုလ်ထွန်းလှတို့ဟာ အိမ်ပြန်ဖို့ ရောက်ရှိလာပါတယ်။ PA က ဗိုလ်ချုပ်ကို မျက်နှာပူပြီး ဒရိုင်ဘာကို ငေါက်ငမ်းမယ်ပြုရာ ဗိုလ်ချုပ်က နေပါစေ၊ အိပ်ပါစေကွာ။ မင်းနဲ့ငါနဲ့ပဲ ကားမောင်းပြီး ပြန်ကြတာပေါ့ သူ့ကို နောက်ခန်းမှာ ထားပြီး တစ်ခါတည်း ခေါ်လာခဲ့ပေါ့ လို့ ပြောပါတယ်။ ဆိုလိုတာက တပ်မတော်သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို ငယ်စဉ်ကတည်းက ထိန်းကျောင်းပေးခဲ့တာ နော်။ တစ်ဦးအပေါ်တစ်ဦး တကယ့် သံယောဇဉ်နဲ့ ခွင့်လွှတ်ညှာတာ နားလည်ကြတာကို ပြောချင်တာပါ။

 

 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။