Sunday, February 3, 2013

လေကြောင်းရန်ကာကွယ်ရေး - အပိုင်း (၄)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ဝေဟင် (ပြည်တွင်းမှ လေတပ်အရာရှိတစ်ဦး)

လေကြောင်းရန် ကာကွယ်ရေးစနစ် တစ်ခု၌ ပါဝင်သော အစိတ်အပိုင်းများ


(၂၁)ကက လှုပ်ရှားတုန့်ပြန် လေကြောင်းရန်ကာကွယ်ရေး စနစ်တစ်ခု တွင် အောက်ပါ အစိတ်အပိုင်းများ အဓိက ပါဝင်လျက်ရှိသည် -
(က)က ကြီးကြပ်မှုနှင့် သတင်းပို့အဖွဲ့အစည်း (Controls and Reporting Organization) ။   ကြိုတင် သတိပေးချက် ထုတ်ပြန်ခြင်း၊ သတင်း အချက်အလက်များအား တိကျ သေချာစွာနှင့် အချိန်နှင့် တပြေးညီ ထုတ်ပြန်ခြင်း၊ လက်အောက်သို့ ညွှန်ကြားခြင်း၊ ပေါင်းစပ် ညှိနှိုင်းပေးခြင်း နှင့် လေကြောင်းရန် ကာကွယ်ရေးသုံး လက်နက်များကို ကြီးကြပ် ထိန်းချုပ်ခြင်း လုပ်ငန်း အဝဝအတွက် ကြီးကြပ်မှုနှင့် သတင်းပို့စနစ်နှင့် အဖွဲ့အစည်းက တာဝန်ယူ ဆောင်ရွက်ရသည်။


(ခ)က လက်နက်စနစ် (Weapon System)
ကက (၁)က ကြားဖြတ် တိုက်လေယာဉ် (Interceptor) ။  ခရီးဝေး ပျံသန်းနိုင်ခြင်း ကြားဖြတ် တိုက်ခိုက်ရေး လက်နက် အမျိုးမျိုး ပြောင်းလဲ တပ်ဆင်နိုင်ခြင်းနှင့် နေ့/ည ရာသီဥတု မရွေး တိုက်ပွဲဝင် နိုင်စွမ်းရှိခြင်း စသည့် အရည်အချင်းများဖြင့် ပြည့်စုံရမည့် လက်နက် ဖြစ်သည်။


ကက (၂)က မြေပြင်မှ ဝေဟင်ပစ် ပဲ့ထိန်းဒုံးများ (Surface to Air Guided Weapons) ။ ကြားဖြတ် တိုက်ခိုက်ရေး လေယာဉ်များ၏ သတ်ကွင်းမှ ကျော်လွန်လာသည့် ရန်သူ့ လေယာဉ်များအား ပစ်မှတ်နှင့် အနီးကပ်ရှိ ဝေဟင်ပစ် စက်အမြောက်နယ်မြေ မတိုင်မီကြားမှနေ၍ ပစ်လွှတ် ဖျက်ဆီးရသည့်လက်နက် ဖြစ်သည်။


ကက (၃)က လေကြောင်းရန် ကာကွယ်ရေး အမြောက်တပ်ဖွဲ့ (Air Defense Artillery) ။ မိမိ ထိချက်ဒေသ (VAs) နှင့် ထိချက်နေရာ (VPs) များအား နေရာခံစစ် (Point Defense) အနေဖြင့် အနိမ့်ပျံ ဝင်ရောက်လာ သည့် လေယာဉ်များကို အမြောက်/ဒုံးပျံများဖြင့် ပစ်ခတ်ဖျက်ဆီးရသည်။ SHORD (Short Range Air Defense) စနစ်၏ အမာခံ အဖွဲ့အစည်း ဖြစ်သည်။

(ဂ)က ဆက်သွယ်ရေးစနစ် (Communication System) ။   အသွင် တစ်မျိုးသော လက်နက် စနစ်တစ်ခုအဖြစ် ယူဆ သတ်မှတ်နိုင်သည်။ လေကြောင်းရန် ကာကွယ်ရေးစနစ် အတွင်းရှိ အဖွဲ့အစည်း၊ အစိတ်အပိုင်း အားလုံးကို အချိန်နှင့်တပြေးညီ ပေါင်းစပ် ညှိနှိုင်းပေးရသည့် အရေးပါ သော အဖွဲ့အစည်းစနစ် ဖြစ်သည်။


(ဃ)က အီလက်ထရောနစ် စစ်ဆင်ရေး အဖွဲ့အစည်း (Organization for Electronic Warfare) ။ ရန်သူ့ ရေဒီယိုဆက်သွယ်ရေး စနစ်အတွင်း ဝင်ထိုးဖောက်၍ ထောက်လှမ်း ရှာဖွေခြင်း၊ နှောက်ယှက်ခြင်း၊ လှည့်ဖြား ခြင်းများ ပြုလုပ်ရသည်။ ထို့ပြင် ရန်သူ့ ရေဒါနှင့် ပဲ့ထိန်းဒုံးစနစ်များ၏ ရေဒီယိုလှိုင်းများအား နှောက်ယှက်ဖျက်ဆီးခြင်း၊ လှည့်ဖြားခြင်းလည်း ပါဝင်သည်။ လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုတွင် မှန်ကန်သည့် အီလက်ထရောနစ် တန်ပြန်လုပ်ငန်းများ မဖြစ်မနေ လုပ်ဆောင်နိုင်ရမည် ဖြစ်သည်။


(၂၂)ကက ငုပ်လျှိုးအသွင် လေကြောင်းရန်ကာကွယ်ရေး စနစ်တစ်ခု အတွင်း အောက်ပါ အဖွဲ့အစည်း အစိတ်အပိုင်းများ ပါဝင်သည် -

(က)ကငုပ်လျှိုးလေကြောင်းရန် ကာကွယ်ရေးစနစ်အတွက် အဖွဲ့အစည်း (An Organization for Passive Air Defense Measures) ။ လှည့်ဖြား သော နည်းဗျူဟာများ ဥပမာ-ပုံဖျက်ခြင်း၊ ဖုံးကွယ်ခြင်းနှင့် မြှူဆွယ် လှည့်ဖြားခြင်းများကို ပြုလုပ်ခြင်းဖြင့် ရန်သူ့ လေကြောင်းရန်တိုက်ခိုက်မှု အကျိုးသက်ရောက်မှု နည်းနိုင်သမျှ နည်းစေသည့် အဖွဲ့အစည်း ဖြစ်သည်။

( ခ )က မြို့ပြလေကြောင်းရန် ကာကွယ်ရေးအဖွဲ့အစည်း (Civil Air Defense Organization)။   ပြည်သူလူထုအတွက် ရန်သူ့ လေကြောင်း ကျူးကျော်တိုက်ခိုက်ခြင်း ထိရောက်မှု နည်းနိုင်သမျှ နည်းစေရန်အတွက် လေကြောင်းကျူးကျော်မှု သတိပေးချက်များ ထုတ်ပြန်ခြင်း၊ အကာကွယ် များ ပြုလုပ်ခြင်း၊ မီးငြိမ်းသတ်ရန် အထောက်အကူများ၊ ကြက်ခြေနီ တပ် ဖွဲ့ များနှင့် ထိခိုက်မှု ကယ်ဆယ်ရေး အထောက်အကူများကို အသုံးပြု၍ ဆောင်ရွက်သည့် အဖွဲ့အစည်း ဖြစ်သည်။


( ဂ )က ထောက်လှမ်းရေးစနစ် (Intelligence)။    ရန်သူ့ လက်နက် ပစ္စည်းများနှင့် စွမ်းဆောင်နိုင်မှုများ၊ စစ်နည်းဗျူဟာများနှင့် ကျူးကျော် မှုများ ပြုလုပ်စဉ် ကာလ မတိုင်မီနှင့် ကာလအတွင်း စီမံချက်များနှင့် ပတ်သက်သည့် အသုံးဝင်သော သတင်း အချက်အလက်များကို ထောက်လှမ်း ဖော်ထုတ်ပေးသည့်စနစ် ဖြစ်သည်။


 (၂၃)ကက လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်း တာဝန်များ။  လေကြောင်းရန် ကာကွယ်ရေး ရည်မှန်းချက် အောင်မြင်ရန် အတွက် လေကြောင်းရန် ကာကွယ်ရေးစနစ် တစ်ခုအနေဖြင့် အောက်ဖော်ပြပါ လုပ်ငန်းတာဝန် (၄) ခုကို ဆောင်ရွက်နိုင်သည့် စွမ်းရည်နှင့် ပြည့်စုံရမည် -


(က)က ထောက်လှမ်းခြင်း (Detection)။   ထောက်လှမ်းခြင်းကို အောက်ပါ နည်းလမ်းများ ဖြင့် ဆောင်ရွက်သည် -

ကကကကက (၁)က အီလက်ထရောနစ်နည်းဖြင့် ထောက်လှမ်းခြင်း။  (ဥပမာ-ရေဒါ အသုံးပြုခြင်း)
ကကကကက (၂)က မျက်မြင် ထောက်လှမ်းခြင်း။ (ဥပမာ-စောင့်ကြည့် တပ်ဖွဲ့ အသုံးပြုခြင်း)
ကကကကက (၃)က ထောက်လှမ်းရေး နည်းနာအသုံးပြုခြင်း။

 (ခ)က စိစစ်ခွဲခြား သတ်မှတ်ခြင်း (Identification)။   အောက်ဖော်ပြပါ နည်းလမ်းများကို အသုံးပြုသည်-

ကကကကက (၁)က လေကြောင်း ပျံသန်းမှု စီမံချက် (Flight Plan) ဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း။
ကကကကက (၂)က အီလက်ထရောနစ် နည်းလမ်း အသုံးပြုခြင်း (ဥပမာ-ရန်သူ/မိမိခွဲခြားခြင်း)။
ကကကကက (၃)က ပျံသန်းသည့် လမ်းကြောင်းနှင့်ပတ်သက်သည့် လှုပ်ရှားမှု၊ အပြုအမူများကို စောင့်ကြည့်ခြင်း။
ကကကကက (၄)က စစ်ဆေးမေးမြန်းခြင်း၊ စိစစ်ခြင်း။ (Authentication)

(ဂ)က  ကြားဖြတ်တိုက်ခိုက်ခြင်း (Interception)။  ကြီးကြပ်ညွှန်ကြားသည့် အဖွဲ့အစည်း၏ ညွှန်ကြားချက်ဖြင့် တိုက်ခိုက်မှု ပြုလုပ်သည်။]


(ဃ)က ဖျက်ဆီးခြင်း (Destroy)။  လေကြောင်းရန် ကာကွယ်ရေး လက်နက်စနစ်တစ်ခု (သို့) တစ်ခုထက် ပိုသော အရေအတွက်၏ အကူအညီဖြင့် အသုံးပြု၍ ဖျက်ဆီးမှု ပြုလုပ်သည်။


လေကြောင်းရန်ကာကွယ်ရေး - အပိုင်း (၅) ကို http://www.photayokeking.org မှ ဆက်လက် ဖော်ပြသွားပါမည်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။