သန်းဝင်းလှိုင် (မိုးမခ)
နိဒါန်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အကြောင်းကိုရေးသားရသည်မှာမ လွယ်ကူ လှပေ။မြန်မာစာပေလောက ၌ သူ့ အကြောင်းတရားဝင် ရေးသား ထုတ်ဝေသောစာ အုပ်ဟူ၍မရှိသလောက်ပင်ဖြစ်သည်။ သူနှင့်ပတ်သက်၍ The Irrawaddy အပတ်စဉ်ဂျာနယ် တည်ထောင်သူနှင့် အယ်ဒီတာချုပ် အောင်ဇော်ရေးသားခဲ့သော”အာဏာရှင်များနှင့်မြန်မာတပ်မတော်”အခန်းဆက်ဆောင်ပါးတွင် သာပါရှိသည်။
ထို့ ပြင် ၂ဝ၁ဝ ပြည့်နှစ်က ထိုင်းနိုင်ငံရှိ Silkworm စာအုပ်တိုက်မှထုတ်ဝေသောစာရေး ဆရာ ဘင်နဒစ်ရော်ဂျာစ်(Bendict Rogers) ရေးသားခဲ့သည့် Than Shwe:Unmasking Burma’s Tyrant (ဦးသန်းရွှေ၊မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ်တစ်ဦးကိုမျက်နှာဖုံးခွာကြည့်ခြင်း) စာအုပ်၌လည်းဦးသန်းရွှေနှင့် ပတ်သက်သော အချက်အလက်အတော်များများမှာ လွဲမှားနေ သော်လည်း မဖြစ်နိုင်ဟုငြင်းဆိုရန်လည်းခက်လှပါသည်။