Friday, May 31, 2013

ဒေါ်အောင်ဆန်းစုကြည် ဝေဖန်ချက်ကို အစိုးရက ခုခံတုန့်ပြန်

(ဧရာဝတီ)

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခုအပတ် အစောပိုင်းတွင် ထောက်ပြဝေဖန် မေးခွန်းထုတ်ခဲ့ခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးဖြစ်သူ ဒေါက်တာကံဇော်က အစိုးရ၏ ပြုပြင်ပြောင်းလဲရေးကို နိုင်ငံတကာမှ အစိုးရများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက ထောက်ခံကြကြောင်းဖြင့် ယနေ့ ကာကွယ်ပြောဆိုလိုက်သည်။

“ပြုပြင်ပြောင်းလဲရေးတွေ ကျနော်တို့ လုပ်နေပါတယ်။ နိုင်ငံရေးနဲ့ စတယ်၊ ပြီးတော့ စီးပွားရေး။ ဒါကို ပြည်တွင်းကရော၊ ကျနော်တို့ရဲ့ နိုင်ငံတကာက အရေးပါတဲ့မိတ်ဆွေတွေကရော သဘောကျ ထောက်ခံကြပါတယ်” ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဒေါက်တာကံဇော်က ဒေါ်အောင်ဆန်းစုကြည်၏ ဝေဖန်မှုနှင့် ပတ်သက်၍ ဧရာဝတီသတင်းဌာနမှ မေးမြန်းခဲ့ရာတွင် ပြောကြားသည်။

ပြောင်းလဲပေမယ့် လူနေမှုမြင့်မလာတာက ၂ဝ၁၅ ရွေးကောက်ပွဲအပေါ် သက်ရောက်မှု ရှိလာနိုင်

(RFA)

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် မြန်မာနိုင်ငံမှာ စီးပွားရေးတိုးတက်မှုတွေ ရရှိလာတယ်ဆိုပေမယ့် ပြည်သူအများစုရဲ့ လူနေမှုအဆင့် သိသိသာသာ မြင့်တက်မလာသေးတဲ့အတွက်၊ ဒီအခြေအနေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုတွေရှိလာလိမ့်မယ်လို့ မြန်မာနိုင်ငံအရေးလေ့လာသူပညာရှင်တွေက ပြောပါတယ်။

ပြည်ခိုင်ဖြိုးသည်သာ အားကိုးရာအဖြစ်စည်းရုံးရန် ဦးခင်အောင်မြင့် ညွှန်ကြား

(Mizzima)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတွင်းရေးမှူးဖြစ်သူ ဦးခင်အောင်မြင့်က ကြံ့ခိုင်ရေးပါတီ သည်သာ ပြည်သူတို့၏ အားကိုးယုံကြည်ရသည့် ပါတီအဖြစ် ပြည်သူကိုစည်းရုံးရန် သူ၏ ပါတီဝင်များကို မေ ၂၉ ရက်တွင် ညွှန်ကြားလိုက်သည်။

''ပြည်ခိုင်ဖြိုးပါတီသည်သာ ပြည်သူတွေရဲ့ ယုံကြည်အားကိုးစရာဖြစ်လာအောင် စည်းရုံးကြရမယ်။ ပြည်သူ အများ အားကိုးစရာဖြစ်လာအောင် အောက်ခြေကစပြီး ဆောင်ရွက်ရမယ်'' ဟု မကွေးမြို့ ကြံ့ခိုင်ရေးပါတီရုံး တွင် ပါတီဝင်များနှင့်တွေ့ဆုံစဉ် ညွှန်ကြားလိုက်သည်။

မောင်တော ဆူပူမူတွင် ပါဝင်၍ ၀ရမ်းပြေး ဖြစ်နေသူများကို အာဏာပိုင်များက ငွေယူ၍ ရွာတွင် လက်ခံထား

 (နိရဉ္စရာ- ၃၀ မေလ ၂၀၁၃)

ရခိုင်ပြည်နယ်  မောင်တောမြို့နယ်  လောင်တုံ ကျေရွာအုပ်စုမှ ရခိုင်ရွာ တစ်ရွာ အား ၂၀၁၂ ခုနှစ် ဇွန်လ အတွင်းက ၀ိုင်းဝန်း တိုက်ခိုက်ရာတွင် ခေါင်းဆောင် အဖြစ် ပါဝင်၍ အာဏာပိုင်များက ဖမ်းဆီးရန် လိုလားနေသူ ၀ရမ်းပြေး ၃၇ ဦးကို ဒေသအတွင်းက အရာရှိငယ်များက ငွေယူ၍ ကျေးရွာများတွင် လက်ခံထားသည်ဟု သတင်း ရရှိသည်။

၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ ညနေက လောင်တုံ အုပ်စုရှိ စေတီပြင် ရခိုင် ကျေးရွာအား ၀ိုင်းဝန်း တိုက်ခိုက်ရာတွင် ဦးဆောင် ပါဝင်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးရာ မွတ်ဆလင် ရွာသား  (၈) ဦးကို လက်ရ ဖမ်းဆီးမိပြီး ကျန် ၃၇ ဦးမှာ ဘင်္ဂလာဒေခ်ျ့ဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်ဟု သိရသည်။

လျှပ်စစ်နှင့် လောင်စာရင်းနှီးမြှုပ်နှံမှု၊ တရုတ်ပြည် နမူနာယူနေသော မြန်မာ

(မိုးမခ)

● တရုတ်ပြည်မကြီး လျှပ်စစ်သုံးစွဲမှုသမိုင်း
လျှပ်စစ်သုံးနိုင်မှ လူများဝင်ငွေတိုးပွား၊ ဆင်းရဲမွဲတေမှုများမှ လွတ်မည်ဟု အကြမ်းဖျင်းပြောနိုင်သည်။ မီးလင်း၊ လျှပ်စစ်စက်မှုတိုးတက်ရေးအတွက်…  တရုတ်ပြည်ကြီးသည် ၁၉၉၀ ပြည့်မှ ပြုပြင်ပြောင်းလဲသည်ဟု ယေဘူယဆိုနိုင်သည်။ တရုတ်ပြည် ၁၀နှစ်တာ ၂ခုအတွင်း လျှပ်စစ်တိုးတက်မှုတွင် ၁၉၉၀-၂၀၀၀ အတွင်း ၁၂၈% တိုးတက်ခဲ့သည်။ ၂၀၀၀-၂၀၁၀ အတွင်း ၁၉၃% တိုးတက်ခဲ့သည်။ ယခုလည်း တိုးချဲ့နေဆဲဖြစ်သည်။ တစ်ယူနစ်ကို ၁၀ဆင့် ဈေးနှုန်းဖြင့် တွက်ကြည့်ပါက မြန်မာပြည်တွင် ၂၀၁၁ လျှပ်စစ်အသုံးပြုမှု နှစ်စဉ် ကန်ဒေါ်လာ သန်းပေါင်း ၆၂၈ ရှိပါသည်။ တရုတ်ပြည်က နှစ်စဉ် ဒေါ်လာသန်း ၄၉၄၀၀ (၄၉ ဘီလျှံ) ရှိပြီး၊ ထိုင်းနိုင်ငံက နှစ်စဉ် ဒေါ်လာသန်း ၁၁၆၄၀ (၁၁ ဘီလျှံ) သုံးသည်။ တရုတ်ပြည်တွင် ထိုသို့

ပြည်ထဲရေး ဝန်ကြီးဌာနနှင့် လုံခြုံရေး တပ်ဖွဲ့များ အသွင် ကူးပြောင်းရေး လုပ်ငန်း - အပိုင်း (၆)

(စည်းလုံးခြင်းရဲ့အင်အား)

ဆောင်းပါးရှင် - ဂျန်ရမ်လ်။

ဂျန်ရမ်လ်။    ။ ကွန်မြူနစ်အစိုးရကို ဆန့်ကျင့်သည့် လှုပ်ရှားမှုများစွာတွင် ပါဝင်ခဲ့မှုကြောင့် ရန်ရမ်လ်သည် တက္ကသိုလ်ပညာ သင်ယူခွင့် မရရှိပါ။ ၁၉၈၉ ခုနှစ် နိုဝင်ဘာလတွင် ပေါ်ပေါက်ခဲ့သည့် ပြည်သူ့ လှုပ်ရှားမှု အဖွဲ့ (Civic Forum) တွင်လည်း တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ဇန်နဝါရီလနဲ့ သြဂုတ်လအတွင်းမှာ မီရိုစလပ်ဖ်တိုင်း၊ မီရိုခလပ်စ်လီကီတို့နှင့် ပူးတွဲကာ ချာတာ (၇၇) လှုပ်ရှားမှု အဖွဲ့တွင် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ် ဧပြီလတွင် ချက်ကိုစလိုဗက် ပြည်ထောင်စု သမ္မတ နိုင်ငံ၏ ဒုတိယ ပြည်ထဲရေး ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရပြီး ၁၉၉၂ မှ ၁၉၉၆ ထိ ချက်သမ္မတ နိုင်ငံ၏ ပြည်ထဲရေး ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ် နိုဝင်ဘာတွင် ချက်သမ္မတနိုင်ငံ ဆီးနိတ်အထက် လွှတ်တော်အမတ်အဖြစ် ရွေးချယ် ခံခဲ့ရသည်။ ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာမှ ၂၀၀၄ ခုနှစ် နိုဝင်ဘာအတွင်း ဆီးနိတ်အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သူ့ရဲ့ ဆီးနိတ်အမတ် သက်တမ်းသည် ၂၀၀၄ နိုဝင်ဘာလတွင် ကုန်ဆုံးခဲ့ပြီး နောက်ထပ် ရွေးကောက်ပွဲများ တွင် ဝင်ရောက် အရွေးခံခြင်း မပြုတော့ပါ။

Thursday, May 30, 2013

တိုက်တိုက်ဆိုင်ဆိုင်

(ဧရာဝတီ)

ဒီကနေ့က မေလ ၃ဝ ရက်နေ့။
ဒီပဲယင်းဒေသ အကြမ်းဖက်မှု  ဆယ်နှစ်ပြည့်တဲ့နေ့။

ကြံ့ခိုင်ရေးပါတီကိုဆန္ဒပြမည့်အစီအစဉ် အာဏာပိုင်များ ပိတ်ပင်

(ဧရာဝတီ)

တောင်ဥက္ကလာပမြို့နယ်ရှိ အများပိုင်ပန်းခြံတခုကို ကြံ့ခိုင်ရေးပါတီက သိမ်းယူပြီး ကွန်ဒိုအိမ်ရာ ဆောက် လုပ်မှု အပေါ် ကန့်ကွက်ဆန္ဒပြမည့် အစီအစဉ်ကို အာဏာပိုင်များက လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။ 


ဇွန်လ ၂ ရက်နေ့တွင် ဆန္ဒပြပွဲပြုလုပ်ခွင့်ပေးရန် အာဏာပိုင်များကို တင်ပြခဲ့ရာ ယခုအချိန်သည် အထူး လုံခြုံရေး ကာလဖြစ်မှုကြောင့်ဟုဆိုကာ တောင်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့က ဆန္ဒပြပွဲ ပြုလုပ်ခွင့်မပြုဟု အကြောင်းပြန်ကြားလာခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲ ဖြစ်မြောက်ရေးဦးဆောင်နေသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

ခရိုနီဝါဒ ဘာလဲ

(ဧရာဝတီ)

မကြာမီ နှစ်ကာလ အနည်းငယ် အတွင်းမှ စတင်ကာ ခရိုနီဆိုသော စကား မြန်မာ့ လူ့အဖွဲ့အစည်းတွင် ခေတ်စား လူပြော များလာသည်။ Crony ဆိုသော ဝေါဟာရမှာ ၁၈ ရာစုတွင် လန်ဒန်၌ ပေါ်ထွန်းလာသော စကားဖြစ်သည်။ မူရင်းမှာ ဂရိ ဘာသာစကား xpovioc (chronios) ဖြစ်ကာ တိုက်ရိုက် အဓိပ္ပာယ်မှာ ကာလရှည်ကြာသော ဟု အဓိပ္ပာယ်ရသည်။ ဒီတုန်းက မိတ်ဟောင်းဆွေဟောင်းတွေ စုပေါင်းကာ တယောက်အကျိုး တယောက် ကြည့်ကြသည်။  The old boys club သို့မဟုတ် The golden circle ဟုခေါ်ကြသည်။ သို့ဖြင့် အစိုးရဌာနများတွင် ရာထူး ကြီးကြီးမားမား ရရှိသောသူတွေက မိတ်ဆွေတွေကို စီးပွားရေးနှင့်ပတ်သက်၍ အထူးအခွင့်အရေး ပေးရာမှ ခရိုနီဝါဒ (cronyism) ဟူ၍ ဖြစ်ထွန်းလာ သည်။ Collins အင်္ဂလိပ် အဘိဓာန်တွင် cronyism ဆိုသော ဝေါဟာရအား The practice of appointing friend to high-level posts, political posts regardless of their suitability ဟု ဖွင့်ဆိုပြထားသည်။

ပြည်သူ အင်အား ရှိမှ တိုင်းပြည် အင်အား ရှိမယ်။

(Kachin Duwa)

ဒီနေ့ခေတ်မှာ တိုင်းပြည်တခု ရဲ့ အင်အားကို နိုင်ငံတော် စုစုပေါင်း ၀င်ထွက် ဘဏ္ဍဖြစ်တဲ့ Gross Domestic Product (GDP) နဲ့ နှစ်စဉ်ရသုံးငွေ ရာထားချက် Budget များကို ကြည့်ပြီး ခန့်မှန်းလေ့ ရှိပါတယ်။ လူအင်အား နဲ့လဲ ဆိုင်သင့်သလောက်ပဲ ဆိုင်ပါတယ်။

အဲဒီ GDP တက်လာဖို့ ဆိုတာ ပြည်သူ တစ်ယောက်ချင်းဆီရဲ့ ၀င်ငွေ ထွက်ငွေ၊ သုံးဖြုန်းနိုင်မှု (၀ယ်လိုအား)၊ ထုတ်ကုန်၊ ပို့ကုန်၊ သွင်းကုန်၊ စတာတွေကို တွက်ချက်ရတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ထိုင်း နိုင်ငံ ခရီးစဉ်

(ဧရာဝတီ)

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  ချစ်ကြည်ရေး အလည်အပတ် ခရီး အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်နေပါတယ်။ 

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား ထိုင်း ဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုနေစဉ်၊ ဓာတ်ပုံ- မြန်မာသတင်းစဉ် 

အမေရိကန်အတွက် မြန်မာ့အရေးဟာ ဘာကြောင့်အရေးကြီးသလဲ

(Mizzima)

ယခင်သတင်းပတ်က သွားရောက်ခဲ့သည့် သမ္မတဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်သည် အမေရိကန်
ခေါင်းဆောင်နှင့် ပိုမိုရင်းနှီးရန်ဖြစ်သလို မြန်မာပြည်တွင်း တိုးတက်မှုအခြေနေ များကို ဆွေးနွေးရန်တို့ဖြစ်ပြီး ပို၍ခိုင်မာလာသည့်ဆက်ဆံရေးတစ်ခု၏ သင်္ကေတဖြစ်ပါသည်။

ထို့အတွက်ကြောင့် မြန်မာပြည်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်
မြန်မာနိုင်ငံအတွင်း အမေရိကန်ကုမ္ပဏီများ စီးပွားရေးလုပ်နိုင်ရန် လမ်းခင်းပေးခြင်းများကို ဝါရှင်တန်က အတိအလင်း ထောက်ခံလိုက်ပါသည်။

Wednesday, May 29, 2013

ဖယ်ရှားခံ အရာထမ်းများ နေရာတွင် လူသစ်များ အစားထိုးခန့်

(ဧရာဝတီ)

သမ္မတဦးသိန်းစိန်က ကောင်းမွန်သော အုပ်ချုပ်ရေးနှင့်သန့်ရှင်းသော အစိုးရ အကောင်အထည် ဖော်နေသည်ဟု ဆိုသည် (ဓာတ်ပုံ – သမ္မတရုံးဝက်ဘ်ဆိုက်)

သမ္မတ ဦးသိန်းစိန်က ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးဟု ဆိုကာ အငြိမ်းစားပေး ဖယ်ရှားလိုက်သော ညွှန်ကြားရေးမှူးချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦး၏ ရာထူးနေရာများတွင် လူသစ်များ အစားထိုးခန့် အပ်လိုက်ကြောင်း သတင်းရရှိသည်။

လိပ်ပေါက်တူးနဲ့တူတဲ့ နိုင်ငံတော်သမတကြီး ဦးသိန်းစိန် (အပိုင်း ၁)

(မိုးမခ)
မောင်သစ္စာ


လိပ်ဆိုတာ သူ့ဘက်ပဲ သူယက်တယ်။ ပေါက်တူးဆိုတာလည်း တူးသူဘက်ပဲယက်တာမို့ ကိုယ့်ဘက်ကို ယက်သူများကို လိပ်နဲ့နှိုင်းပြီး လိပ် (သို့မဟုတ်) လိပ်မျိုးလို့ ခေါ်ဆိုလေ့ရှိကြပါတယ်။

အလားတူ နိုင်ငံတော်သမတကြီးက စစ်တပ်ထွက်ကြီးမို့ သူ့စစ်တပ်ဘက်ကို သူကါကွယ်ပေးပြောသလို သူဦးစီးတဲ့ကြံ့ဖွတ် (ကြံ့ခိုင်ရေး) အစိုးရကိုလည်း အကာအကွယ်ပေးပြောနေသလို သူဦးစီးတဲ့အရပ်သားဟန်ဆောင် စစ်အစိုးရဟာ အာဏာတည်မြဲရေးအတွက်ကိုပဲ ပြော နေ လုပ်နေတာတွေ့ရတယ်။ တိုင်းသူပြည်သားအတွက်ကိုတော့ အများကြားကောင်းအောင် အမြင်ကောင်းအောင် ပြောနေတာ၊ လုပ်နေ တယ်ဆိုတာ တွေ့ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့အာဏာတည်မြဲလေ  သူ့အစိုးရနဲ့ သူ့အသိုင်းအ၀ိုင်း ကြီးပွါးချမ်းသာလေကြောင့် ဖြစ်တယ်။

ကြံ့ခိုင်ရေးပါတီကို အရေးယူရန် တောင်ဥက္ကလာ ပြည်သူများ ဆန္ဒထုတ်ဖော်မည်

(ဧရာဝတီ)

တောင်ဥက္ကလာပမြို့နယ်ရှိ အများပိုင် ပန်းခြံမြေနေရာကို အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) က သိမ်းယူပြီး ကွန်ဒိုအိမ်ရာ တည်ဆောက်မှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် နိုင်ငံရေး ပါတီ ဥပဒေအရ ကြံ့ခိုင်ရေးပါတီကို အရေးယူဆောင်ရွက်ပေးရန် တောင်ဥက္ကလာ ပြည်သူများက ဆန္ဒထုတ်ဖော် တောင်းဆို မည် ဖြစ်ကြောင်း သိရှိရသည်။

၁၉၉၂ ခုနှစ် နိုင်ငံရေး ပါတီအဖြစ် အသွင်မပြောင်းမီ ကြံ့ခိုင်ရေး အသင်းက တောင်ဥက္ကလာပမြို့နယ် အမှတ် ၉ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်ရှိ အများပြည်သူပိုင် ကလေးကစားကွင်းနှင့် ပန်းခြံမြေနေရာကို အသင်းမြို့နယ်ရုံး အဖြစ် ဆောက်လုပ်ပြီး မြေကွက်ကို သိမ်းယူခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် ပြည်ထောင်စု ကြံ့ခိုင်ရေး အသင်းကို နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းသောအခါ

ဆီးဂိမ်းမတိုင်မီ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရန် လိုအပ်

(ဧရာဝတီ)

မြန်မာနိုင်ငံတွင် နိုင်ငံခြား ခရီးသွားဧည့်သည်များ တိုးတက်လာသည့် အပြင် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲလည်း လက်ခံ ကျင်းပတော့မည် ဖြစ်သောကြောင့် နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ ပုံရိပ် မကျဆင်းရန် ရဲတပ်ဖွဲ့၏ စွမ်းရည်နှင့် ကျင့်သုံးနေသည့် ပုံစံများကို ပြုပြင်ပြောင်းလဲရေး လိုအပ်သည်ဟု ကျွမ်းကျင်သူများက ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ခရီးသွားများအတွက် သင်တန်းပေးနေသော ခရီးသွား ရဲတပ်ဖွဲ့သာမက ဒေသအနှံ့ရှိ ရဲတပ်ဖွဲ့များ၏ စွမ်းရည်နှင့် အခြေခံ လိုအပ်ချက်များကိုပါ မြှင့်တင်ရန် လိုအပ်ကြောင်း ခရီးသွားရဲများကို သင်တန်းပေးနေသော အမေရိကန် အခြေစိုက် National First International Development Asia – NFIDAsia ကုမ္ပဏီ၏ ဒါရိုက်တာ မစ္စတာ Mark Wilson က မေ ၂၇ ရက်နေ့က ပန်ဒါဟိုတယ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီနှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။

Tuesday, May 28, 2013

ရဲတပ်ဖွဲ့ဝင်တစ်ဦး ဆွဲကြိုးလု

(The Voice Weekly)

တောင်ငူ ရွှေဆံတော်ဘုရားပွဲမှ ပြန်လာသည့် အမျိုးသမီးတစ်ဦး၏ ဆွဲကြိုး ကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက မေလ ၂၅ ရက် နေ့လယ် ၁၂ နာရီခန့်က လုယက်ခဲ့သည်ဟု တောင်ငူမြို့ အမှတ်(၂) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဒေါ်နှင့်အတူ ဘုရားပွဲမှ မော်တော်ဆိုင်ကယ် စီးပြန်လာသည့် အသက်၂၄ နှစ်အရွယ် ဒေါ်သေးသေး (ခ) ဒေါ်မျိုးမျိုး သည် ဗောဒိဓိသာရတံတားအနီး ဆိုင်ကယ်ရပ်၍ အဒေါ်၏ပစ္စည်းများ ကူချပေးနေစဉ် ဆိုင်ကယ်စီးလာသူ တစ်ဦးက ၄င်းတို့ ကိုကျော်၍ ပြန်လှည့်လာပြီး ဒေါ်သေးသေး ဆွဲထားသည့် ရွှေချိန်သုံးပဲလေးရွေးခန့် ရှိသောဆွဲကြိုးကို ဖြတ်ယူခဲ့ကြောင်း ရဲစခန်း တွင် ကနဦးတိုင်တန်းချက်အရ သိရသည်။

၈၈ အရေးအခင်း ပုံရိပ်တွေနဲ့ ဇာတ်ကား ၂၀၁၅ ရုံတင်မည်

(ဧရာဝတီ)

၈၈ အရေးအခင်း ပုံရိပ်တွေ ထည့်သွင်းရိုက်ကူးထားတဲ့ “ကောင်းကျိုးကိုယ်၌ တည်စေမင်း” ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၅ မှာ ရုံတင်ပြသနိုင်ဖို့ ကြိုးစားနေတယ်လို့ ဒီဇာတ်ကားကို ထုတ်လုပ်တဲ့ အကယ်ဒမီ ခန့်စည်သူက ပြောပါတယ်။

ဇာတ်ကားကို မန္တလေးတိုင်းမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ၈၈ အရေးအခင်းတုန်းက ပုံရိပ် အစစ်အမှန်တွေကို ထည့်သွင်း ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရေနံနှင့် ဂက်စ် ပိုက်လိုင်းက တရုတ်-မြန်မာ အကျိုးရှိဟု သမ္မတ ဦးသိန်းစိန် ပြော

(ဧရာဝတီ)

ယခုနှစ်တွင် ပြီးစီးမည်ဖြစ်သည့် တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းသည် အရေးကြီး သကဲ့သို့ နှစ်နိုင်ငံ အပြန်အလှန် အကျိုးရှိသည့် စီမံကိန်း ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

သမ္မတ ဦးသိန်းစိန်က တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း (CNPC) မှ အထွေထွေ မန်နေဂျာ Mr. Liao Youngyuan နှင့် အဖွဲ့အား ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည် ဆင်ဟွာ သတင်းက ရေးသားဖော်ပြသည်။

အယ်ဒီတာ့ အာဘော်ကြောင့် သတင်းစာ လမ်းကြောင်းဖြတ်ခွင့် ပိတ်

(ဧရာဝတီ)

ပုဂ္ဂလိက သတင်းတစောင်ရဲ့ အယ်ဒီတာ့ အာဘော်ကြောင့် အဆိုပါ သတင်းစာ ပို့တဲ့ ကားတွေကို ဖြတ် သန်းခွင့် ပိတ်ပင်လိုက်တယ်ဆိုတဲ့ သတင်းဟာ မီဒီယာလွတ်လပ်ခွင့်တွေ တစုံတရာ ရလာနေပြီဆိုတဲ့ ဒီကနေ့အချိန်အခါမှာ အတွေးများစွာဖြစ်စေခဲ့ပါတယ်။ 


ဖြစ်ပုံကတော့ The Daily Eleven ပုဂ္ဂလိက သတင်းစာက မေလ ၂၆ ရက်နေ့ ထုတ် သတင်းစာမှာ အမြန် လမ်းနဲ့ ပတ်သက်တဲ့ အယ်ဒီတာ့ အာဘော်ကြောင့် သတင်းစာ ပို့တဲ့ ကားတွေကို ဖြတ်သန်းခွင့် ပိတ်လိုက် တယ်လို့ အမြန်လမ်းပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်သူ အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က ပြောလိုက်တာ ကို Eleven Media Group က ရေးသားဖော်ပြထားပါတယ်။ 

အစိုးရသစ် တက်လာပြီးနောက် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှု ပိုမိုဆိုးရွားခဲ့ပြီး အချို့နေရာများတွင် အုပ်ချုပ်ရေးပိုင်းမှ ပူးပေါင်းဆောင်ရွက်သည်ဟု ကြားသိရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(Eleven Media Group)

အစိုးရသစ် တက်လာပြီး သုံးနှစ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ထုတ်လုပ်မှု ပိုမိုဆိုးရွားခဲ့ပြီး အချို့နေရာများတွင် အုပ်ချုပ်ရေးပိုင်းမှ ပူးပေါင်းဆောင်ရွက်သည်ဟု ကြားသိရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်သည့် ဗဟိုကော်မတီဝင်များ အစည်းအဝေး အပိတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထိုအစည်းအဝေးကို မေ ၂၇ ရက်က တော်ဝင်နှင်းဆီခန်းမတွင် မနက် ၉ နာရီမှ စတင်ခဲ့ပြီး တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့သည်။

Monday, May 27, 2013

သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အလုပ်မဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

(ဧရာဝတီ)

သမ္မတ ဦးသိန်းစိန်ကို ယုံကြည်ပါသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် လက်တွေ့တွင် အလုပ်မဖြစ်သေးဘဲ အမှန်တကယ် အလုပ်လုပ်ရန် လိုအပ်နေကြောင်း ဝေဖန်ပြောဆိုလိုက်သည်။

ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမတွင် ယနေ့ ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ အစည်းဝေးအပြီး ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က  သမ္မတ ဦးသိန်းစိန် အပေါ် ယင်းသို့ ဝေဖန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

လေတပ် ဗိုလ်ကြီးနှင့် အရပ်သား ခိုက်ရန်ဖြစ်မှု စစ်ခုံရုံးဖွဲ့ စစ်ဆေး

(ဧရာဝတီ)

အိမ်ရှေ့တွင် ကားရပ်သည့် ဇနီးမောင်နှံ နှစ်ဦးအား ရိုက်နှက် ထိုးကြိတ်ခဲ့သည့် ဧရာဝတီ တိုင်း ပုသိမ်မြို့ရှိ လေတပ်စခန်း ဌာနချုပ် မှ ဗိုလ်ကြီး ဖြိုးပြည့်အောင် ဆိုသူကို မိခင်တပ်ရင်း လေတပ်ဌာနချုပ်မှ ခုံရုံးဖွဲ့၍ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ပုသိမ်မြို့ အောင်ဧရာဈေး (ဘူတာဈေး) အနီးတွင် မေလ ၂၃ ရက်နေ့ မနက်ပိုင်းက အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး နေ့တွင်းချင်း ပင် ပုသိမ် လေတပ်စခန်း ဌာနချုပ်က စုံစမ်း စစ်ဆေးရေး ခုံရုံးဖွဲ့၍ ဗိုလ်ကြီး ဖြိုးပြည့်အောင် ကိုယ်ပိုင်အမှတ်(လေ – ၃၂၆၂) ကို စစ်ဆေးနေခြင်း ဖြစ်ကြောင်း ပုသိမ် လေတပ်မှ အမည်မဖော်လိုသည့် အရာရှိတဦးက ဧရာဝတီကို ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တင်ပြရန် NDF ပြင်ဆင်

(ဧရာဝတီ)

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ကန့်သတ်ထားသော အချက် အလက် များ ပြင်ဆင် ရေးဆွဲနိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက  ကြိုးပမ်းသွားမည်ဟု သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ တခုခုကို ပြင်ဆင်လိုပါက “လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းနှင့် အထက် ထောက်ခံမှုရပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်၍ ပြင်ဆင်နိုင်မည်” ဆိုသော အချက်နှင့် တခြား အချက် တချို့ကို ပြင်ဆင်နိုင်ရန် ဆောင်ရွက်သွားမည်ဟု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။

ဖြတ်သန်းခဲ့ပြီးသော ရွေးကောက်ပွဲများနှင့် ၂၀၁၅

(ဧရာဝတီ)

၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို ထိုစဉ်က အာဏာသိမ်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န.၀.တ) စစ်အစိုးရက ကျင်းပပေးခဲ့တာ ဒီကနေ့ဟာ ၂၃ နှစ်ပြည့်ခဲ့ပါပြီ။

၁၉၉၀ ခုနှစ်နောက်ပိုင်း ၂၀၁၀ ခုနှစ်လောက်ထိ မေလ ၂၇ ရက်နေ့ ရောက်တိုင်း အနိုင်ရ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအ၀င် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေကြတဲ့ အတိုက်အခံ အဖွဲ့တွေဟာ ရွေးကောက်ပွဲ အောင်ပွဲနေ့အဖြစ် နှစ်စဉ် ကျင်းပခဲ့ကြပါတယ်။ ၂၀၁၀ နောက်ပိုင်းမှာတော့ NLD က ဒီအခမ်းအနားကို မကျင်းပတော့ပါဘူး။


အရှိကိုအရှိအတိုင်းကြည့်မြင်ရမည့် “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး”

(မိုးမခ)

တူမောင်ညို (၂၀၁၃ ခုနှစ်၊ မေလ ၂၅ ရက်) 

“၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးသည် လက်တွေ့အကောင် အထည်ဖော်ကြရမည့် ကိစ္စဖြစ်လာပြီ။

 သို့အတွက် ပြင်ဆင်နိုင်ရေးဆိုင်ရာလက်တွေ့ကိစ္စများကို ပြောကြရာတွင် အရှိကို အရှိတိုင်း ကြည့်မြင်နိုင်ကြဖို့လိုပါသည်။ အရှိ ကို အရှိအတိုင်းကြည့်မြင်၍ “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲသို့ ဝင်ခဲ့ကြပြီးပြီမဟုတ်ပါသလော။

ပြင်ဆင်ရေးလက်တွေ့ကိစ္စများကို ပြောရမည်ဆိုလျှင် လွှတ်တော်တွင်းပြင်ဆင်မည်ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်အတွင်း ရရှိထားသည့်  မိမိပါတီ၏ လွှတ်တော်အမတ်အရေအတွက် နှင့် “၂၀၀၈ အခြေခံဥပဒေ” အခန်း (၁၂) တွင်ပြဋ္ဌာန်းထားသည့် အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ [ပုဒ်မ ၄၃၆ (က) (ခ) ] သည် လက်တွေ့အကျဆုံးအချက်အလက်များဖြစ်ပါလိမ့်မည်။

မြန်မာ ဝမ်ပေါင် ကုမ္မဏီတာဝန်ခံ ဖြေရှင်းချက် (အပိုင်း - ၁)

(VOA)

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ထဲမှာ အခြေစိုက်ထားတဲ့ ကြေးစင်တောင်၊ စံပယ်တောင်၊ စံပယ်တောင် (တောင်ပိုင်း) နဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လေးခုကို၊ “မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်” Myanmar Economics Holding Ltd. (MEHL) နဲ့ ဖက်စပ်လုပ်ကိုင်နေပြီး တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီကတော့ “မြန်မာ ဝမ်ပေါင် ကြေးနီသတ္ထုတူးဖေါ်ရေး လီမိတက်” Myanmar Wanbao Mining Copper Ltd. (MWMCL) ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ (၄)ရက်နေ့က၊ ဝမ်ပေါင်ကုမ္ပဏီရဲ့ ဖိတ်ခေါ်ချက်နဲ့ ဒီ ကြေးနီစီမံကိန်း လေးခုထဲက အကြီးဆုံးဖြစ်တဲ့ လက်ပံတောင်းတောင်က ကြေးနီသတ္ထုတူး ဖေါ်ရေးနယ်မြေရုံးမှာ ဗွီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်းက သွားရောက်ပြီး  ဦးဆောင်ညွှန်ရေးမှူး Mr. Geng Yi ကို သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အခြေခံဥပဒေပြင်ဆင်ရေး သဘောထားထုတ်ပြန်

(Mizzima)

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြင်ဆင်ရန် မူကြမ်းကို မေလ ၂၃ ရက်တွင် ထုတ်ပြန်လိုက်ရာ သမ္မတတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသည်
နိုင်ငံသားအဖြစ် ရောက်ရှိနေလျှင်သော်လည်းကောင်း ကွယ်လွန်ပြီးလျှင်သော်လည်းကောင်း အကျုံဝင်ခြင်း မရှိစေရဟု ပြင်ဆင်လိုက်သည်။


လက်ရှိဖွဲ့စည်းပုံပါ သမ္မတဖြစ်ခွင့်နှင့်ပတ်သက်၍ ကန့်သတ်မှု လွန်ကဲနေသည်ဟု NDF က ဝေဖန်လိုက်သည်။

''သမ္မတအရည်အချင်းမှာ နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုတာ တို့ ထပ်မွေးဖွားလာတဲ့ သားတွေသမီးတွေအထိပါ သတ်မှတ်ထားတာဟာ လူတစ်ဦးတစ်ယောက်ကို ရည်ရွယ် သတ်မှတ်ထားတာဟာ ဒါမဖြစ်သင့်ဘူး။ မြန်မာနိုင်ငံသား တစ်ယောက်ဟာ လူ့အခွင့်ရေးတွေ နိုင်ငံသား အခွင့်ရေးတွေ ရှိရပါမယ်။ သူ့ကို ပစ် မှတ်ထားပြီး ပိတ်ပင်တဲ့ သဘောနဲ့ ထုတ်ထားတာဟာ ဥပဒေ မဟုတ်ပါဘူး''ဟု NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

Sunday, May 26, 2013

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)

ရှေးခေတ်မြန်မာစစ်သူကြီး တစ်ဦး ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေပုံ ပန်းချီကား

ဤတွင် တရုတ်ဧကရာဇ်သည် ယူနန် ဘုရင်ခံအသစ် ခန့်အပ်လိုက်သည်။ ဘုရင်ခံသစ် ယန်ယင်းကျူသည် ပွဲဦးထွက်တွင် စစ်ပွဲငယ် ကလေးများ၌ မြန်မာတို့ကို နိုင်လိုက်သည့်အတွက် မြန်မာတို့ကို မန်ချူးလက်အောက်သို့ အပြီးတိုင် သိမ်းသွင်းရန် သဘောပေါက် လာလေသည်။

Saturday, May 25, 2013

ဆန်ရှင် ရုတ်လျှင် ဗိုလ်ချုပ်မှုးကြီး ဟောင်း မိသားစု အမေရိကန် မှာ စိန် ဆိုင်ဖွင့်မယ်

(FNG)


အမေရိကန် နိုင်ငံ က ဒဏ်ခတ် အရေးယူ ပိတ် ဆို့ ထား မှု များ ကို အပြီး တိုင် ဖယ်ရှားလိုက် ပါ က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုသည် အမေရိကန် နိုင်ငံ ကာလီဖိုးနီးယားပြည် နယ် ဉ် စိန် နှင့် ကျောက် မျက် ရတနာ အရောင်း ဆိုင် ဖွင့် လှစ် ရန် စီစဉ် ထား သည် ဟု FNG မှ သိရှိ ရသည်။
 
ယခင် မြန်မာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် သူ၏ မိသားစုသည် စိန် စု ဆောင်း ခြင်း ကို ၀ါသနာ ပါ ပြီး  ဒေသတွင်း သာမကကမ္ဘာ တစ်လွှား မှ စိန် များ ကို ပါ ၀ယ်ယူ စု ဆောင်း သည်။ 

ဦးသိန်းစိန် အမေရိကန်မှာ အမြတ်လာထုတ်သွား – Win Aung Gyi

(မိုးမခ)

မြန်မာပြည်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် အုပ်ချုပ်လာခဲ့ကြတဲ့ စစ်ခေါင်းဆောင်တွေ သူတို့ကို သူတို့ဘယ်လိုခေါ်ရမှန်းမသိ ကမောက်ကမ နိုင်ခဲ့တာ စဟေ့ဆိုကတည်းမို့ ၁၉၁၃ ခု၊ မေလ ၂၀ ရက်နေ့က အိမ်ဖြူတော်မှာ အမေရိကန်သမတ အိုဘားမားနဲ့တွေ့ဆုံတဲ့ ဦးသိန်းစိန်ကိုလည်း သနားရမလား? စိတ်မကောင်းဖြစ်ရမလား? ဝေခွဲလို့မရ။ သမ္မတကြီးလို့ဝိုင်းခေါ်နေကြသံတွေကြားရပြန်တော့လည်း ရယ်ချင်လာတယ်။ မဟာအင်အားကြီး အမေရိကန်နဲ့ ဆိုဗီယက်ယူနီယန်တို့မှာ သမတတွေသာရှိကြသလို လူဦးရေ ဘီလျံနဲ့ချီနေထိုင်ကြတဲ့ တရုတ်တို့ အိန္ဒိယတို့မှာလည်း သမတွေသာ ရှိကြတာပါ။ ကျနော်သိသလောက် ဒီကနေ့ကမ္ဘာပေါ်မှာ သမ္မတကြီးဆိုလို့ ဦးသိန်းစိန်သာ ရှိပါလိမ့်မယ်။ လိုအပ်လျှင် ကာကွယ်ရေး ဦးစီးချုပ်က ဖယ်ရှားတာခံရမယ့်သူကများ  သမ္မတကြီးဖြစ်နေတာလား?
 

Friday, May 24, 2013

ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရေစီကျင့်ဝတ်နှင့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲ

(မိုးမခ)
ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရေစီကျင့်ဝတ်နှင့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲ
ကိုထွဋ် ။ မေ ၂၃ ၊ ၂၀၁၃၊ မိုးမခသို့ပေးစာကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအိပ်မက်
ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ မှာ သမ္မတဖြစ်ချင်ကြောင်း၊ ဖြစ်မယ်လို့ မျှော်လင့်ကြောင်း အလျဉ်း သင့်သလို တွင်တွင် ထုတ်ပြောနေတယ်။ ဘယ်အကွက်ကိုကြည့်ပြီး၊ ဘယ်နည်းနဲ့ တွက်ကာ ပြောနေ တာ လည်းတော့ မသိပါ။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမှာ ဖြစ်ပြီး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အရေးအပါဆုံးဖြစ်သော သမ္မတဖြစ်ခွင့်၊ စစ်တပ်မှရယူထားသော ၂၅ ရာခိုင်နူန်း.. အစရှိသည်ဖြင့်တို့အား စစ်တပ်နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့မှ လာမည့် ဆယ်နှစ်အတွင်း ပြင်ဆင်ပေး မည်ဟု မိမိမထင်ပါ။ ဖွဲ့စည်းပုံပါ ထိုအရေးပါသော အချက်တို့အား လုံးဝ ပြင်ဆင်ပေးမည် မဟုတ်ဟု မိမိမှ ရဲဝံ့စွာ အတတ်ပြောလိုပါသည်။ 

“၂၅ ရာခိုင်နှုန်းဆိုတာ ရှိသင့်ရှိထိုက်တယ်” ဆိုပါလား

(မိုးမခ)

“၂၅ ရာခိုင်နှုန်းဆိုတာ ရှိသင့်ရှိထိုက်တယ်” ဆိုပါလား
တူမောင်ညို။ မေ၂၃၊  ၂၀၁၃

ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်၏ စစ်တပ်နှင့်ပတ်သက်သော သူ့သဘောထားကို အမေရိကန်ခရီးစဉ်မှာ ကြားလိုက် ကြရသည်။ ဘာမျှမဆန်းပါ။ ဒီမေးခွန်းကို လွှတ်တော်ဥက္ကဋ္ဌ လုပ်နေသူများဖြစ်သော (ဗိုလ်) ဦးရွှေမန်း၊ (ဗိုလ်) ဦးခင်အောင်မြင့် တို့ကို မေးလျှင်လည်း ဤနည်းနှင်နှင်သာဖြေကြမည်ဖြစ်သည်။ ကြံ့ဖွံ့ပါတီခေါင်းဆောင် ဗိုလ်ဟောင်းများကိုမေးလျှင်လည်း အလားတူ အဖြေ မျိုးသာကြားရမည်။ လက်ရှိစစ်တပ်ဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်ကို မေးလျှင်လည်း ထူးမခြားနားအဖြေသာရမည်ဖြစ်သည်။

သူတို့ထံမှ ကွဲပြားခြားနားသော အခြားအဖြေမျှော်လင့်၍မဖြစ်နိုင်။ 

အခကြေးယူ ဆန္ဒပြတယ်ဆိုတဲ့ သမ္မတပြောဆိုချက်အပေါ် ကန့်ကွက်ဆန္ဒပြ

(RFA)

နိုင်ငံရေး အကျဉ်းသူဟောင်း ဒေါ်နော်အုံးလှ အပါအ၀င် တက်ကြွလှုပ်ရှားသူ ၁၀ ဦးလောက်ဟာ ရန်ကုန်မြို့ တာမွေအ၀ိုင်းကနေ ဆူးလေဘုရားအထိ ဒီနေ့ညနေပိုင်းက ဆန္ဒပြလမ်းလျှောက်ကြပါတယ်။
အခုလို ဆန္ဒပြလမ်းလျှောက်တာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ဒေါ်နော်အုံးလှက သတင်းထောက်တွေကို အခုလိုပြောပါတယ်။

“အန်တီတို့က လက်ပံတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းရေးနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ၊ ကိုယ့်နိုင်ငံမှာ မတရားဖိနှိပ်မှုတွေကို အန်တီတို့က ဝိုင်းကူညီတယ်၊ ဒါကို သမ္မတက အမေရိကန် သွားတဲ့အခါကျတော့ နေ့စားခယူပြီးတော့ လုပ်တာဆိုပြီးပြောတယ်၊ အဲဒါကို အန်တီတို့က ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်”

လင်မယားနှစ်ယောက်ကိုအုတ်ခဲနဲ့ထုတဲ့ ပုသိမ်ကဗိုလ်ကြီး

(ဧရာဝတီ)

 နေအိမ်ရှေ့မှာ ကားရပ်လို့ဆိုပြီးတော့ ပုသိမ်မြို့အခြေစိုက် လေတပ်စခန်းက ဗိုလ်ကြီး ဖြိုးပြည့်အောင်က ကားပိုင်ရှင်လင်မယားကို ပါးရိုက်၊
ထိုးကြိတ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ပုသိမ်မြို့ ဘူတာဈေးအနီးမှာ ဒီကနေ့ ရုတ်ရုတ်သည်းသည်း ဖြစ်ပွားခဲ့ပါတယ်။

 ပုသိမ်မြို့ ဗွက်ကြီးတန်းလမ်းထဲမှာ ဖွင့်ထားတဲ့ “မျိုး” စားသောက်ဆိုင်ပိုင်ရှင် ဦးမျိုးဝေဟာ ဒီနေ့မနက် ၈ နာရီလောက်က သူ့ဇနီးနဲ့အတူ ဘူတာဈေး (အောင်ဧရာဈေး) ကို ဈေးဝယ်ဖို့ ရောက်လာခဲ့ပါတယ်။

 ဦးမျိုးဝေဟာ ဘူတာဈေးနားရောက်တော့ ဒေါက်တာ အောင်ငြိမ်းရဲ့နေအိမ်ရှေ့ ကားလမ်းဘေးမှာ ကားကိုရပ်ခဲ့ပါတယ်။ နေအိမ်နဲ့ ကားရပ်ထားတဲ့နေရာဟာ အနည်းဆုံး ပေ ၂၀ လောက် အကွာအဝေး ရှိတယ်လို့ ဦးမျိုးဝေက ဧရာဝတီကိုပြောပါတယ်။

“သမတကြီး ထွက်မပြေးနဲ့”

(ဒေါန်းမာန်ဟုန်)

ပြီးခဲ့တဲ့စနေနေ့ က မြန်မာ့တသွင်ဆန်း ဒီမိုကရေစီစနစ်   ဖော်ဆောင်နေ တဲ့သမတဦးသိန်းစိန်ရဲ့ နှစ် (၅၀)အတွင်း ပထမဆုံး အမေရိကန် ခရီးစဉ်မှာ (တကမ္ဘာလုံးက ဒီမိုကရေစီနိုင်ငံတွေနှာခေါင်းရှုံ့သွားစေနိုင်လောက်တဲ့ )သမိုင်းတွင်မဲ့ စကား တခွန်းပြောသွားပါတယ်။ ဒီစကားကြောင့်မြန်မာသမတကြီးဟာ မပြောသင့်တာကိုပြောတယ်၊ အင်မတန် ထုံထိုင်း န လွန်းတဲ့ သနားစရာသတ္တ၀ါလေးပါလားလို့လည်း သတင်းစာဖတ် ကမ္ဘာ့ပြည်သူကတထိုင်တည်း မှတ်ချက်ချကြပါတယ်။ ငါတို့ သမတကြီးကွလို့မြှောက်ထိုးပင့်ကော် သာကူးတွေရော၊ နိုင်ငံရေးသိက္ခာကို ရသမျှအောက်ထစ်ဈေးနဲ့ အသနားခံပြည်တော်ဝင်ပြီးစစ်ရာထူးပြုတ် ခေါင်းပေါင်းတွေဆီံ ပါးယက် နားယက် လုပ်နေတဲ့ ဒီမိုကရေစီ ကပ်းပါးပိုးတွေလည်းကိုယ့်မျက်နှာကိုယ့် ပေါင်ကြားထဲဝှက်ထားရမလိုလို ဖြစ်သွားကြတယ်။
သမတကြီး ဘာပြောသွားလဲစာဖတ်သူတွေ သိထားပြီးဖြစ်ပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးကိစ္စ ရပ်ကွက်ပြည်သူတွေ မီဒီယာကို ဖွင့်ချမယ်

(ဧရာဝတီ)

ရန်ကုန်တိုင်းအတွင်းက ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးကို ဥပဒေချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ရပ်ကွက် နေ ပြည်သူတွေက စုပေါင်း လက်မှတ်ထိုး တိုင်ကြားမှုတွေကို အခုထိ အရေးမယူသေးလို့ သတင်းစာမီဒီယာ ကို ဖွင့်ချဖို့ ရှိတယ်လို့ သတင်းရပါတယ်။ 

မကြာသေးခင်က ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်တင်မြှောက်ကြတာမှာ မဲ မသမာမှုတွေနဲ့ ရပ်ကွက် ပြည်သူတွေနဲ့ ပြဿနာပေါင်းများစွာ  မြန်မာပြည်အနှံ့ ဖြစ်ခဲ့တာမှာ အခု ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် လည်း အပါအ၀င်ဖြစ်ပါတယ်။

မြန်မာ့စစ်တပ် အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - အပိုင်း (၆)

(စည်းလုံးခြင်းရဲ့အင်အား)

စစ်တပ် အတွေးအခေါ် မြင့်မားအောင် ဘယ်လို ဖွင့်ပေးမလဲ ဆိုတာတွေ၊ နိုင်ငံခြားရောက် မြန်မာတပ်မတော် အရာရှိများ အတွေ့အကြုံကို ယခုအပိုင်းမှာ ဆက်လက် တင်ပြသွားပါမယ်။ ဗိုလ်ချုပ်ကြီးက ဆွေးနွေးလမ်းညွှန်ရာမှာ မြန်မာနိုင်ငံမှာ အားနည်းချက်တွေ ဘာတွေရှိလဲ ဆိုတာကတော့ စစ်တပ်နဲ့ အရပ်ဘက် နိုင်ငံရေးခေါင်းဆောင်တွေက ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ လုံးဝကို ဆက်ဆံရေးပြတ်သွားတာ။ အပြန်အလှန် ဆွေးနွေးမှု၊ တိုင်ပင်မှု၊ ယုံကြည်မှု လုံးဝ ပြတ်သွားတယ်လို့ ဆိုပါတယ်။ NLD ပါတီထဲမှာ ပါဝင်တဲ့ ဗိုလ်ချုပ်ကြီး ဦးတင်ဦးတို့  ဦးကြည်မောင်တို့ ဦးအောင်ရွှေတို့ စသဖြင့် သူတို့ဟာ စစ်တပ်ကလာတဲ့ သူတွေဖြစ်ပေမယ့်လို့ အဲဒီ စစ်အရာရှိ ဟောင်းကြီးတွေတောင်မှ တပ်တွေနဲ့ လုံးဝ အဆက်အသွယ် ပြတ်သွားတယ်။ အဲဒါက လှုပ်ရှားမှုအတွက် အားနည်းချက် ဖြစ်တယ်လို့ သုံးသပ်သွားပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာနနှင့် လုံခြုံရေး တပ်ဖွဲ့များ အသွင် ကူးပြောင်းရေး လုပ်ငန်း - အပိုင်း (၅)

(စည်းလုံးခြင်းရဲ့အင်အား)

ဆောင်းပါးရှင် - ယန်းဖရိုးလစ်။

ဒါပေမဲ့ နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားကို ကြီးကြပ်စီမံဆောင်ရွက်နေကြတဲ့ အရာရှိတွေက သူတို့ဟာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အစိတ်အပိုင်းတစ်ခု ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးသလို ဘယ်ဖိနှိပ်ရေး ယန္တရားရဲ့ အစိတ်အပိုင်းမှ မဖြစ်ခဲ့ဖူးဘူးလို့ အခိုင်အမာ ပြောခဲ့ကြပါတယ်။ သူတို့ရဲ့ ပြောစကားက အမှန် ဖြစ်ပါတယ်။ မကြာခဏဆိုသလို အဲသလို မဟုတ်ခဲ့ပါဘူး။ တကယ်တော့ ဖိနှိပ်မှု စနစ်ထဲမှာ နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားဟာ တစ်ခုလုံးအနေနဲ့ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကွန်မြူနစ်တွေဟာ စနစ်တကျ ထူထောင်ထားခဲ့တာလည်း ဖြစ်၊ ကာလကြာရှည် တည်ရှိခဲ့ပြီးလည်း ဖြစ်တဲ့ အာဏာရှင်ဆန်ဆန်

Thursday, May 23, 2013

လွှတ်တော်ကိုယ်စားလှယ် တဦး ခါးပိုက်နှိုက်ခံလိုက်ရ

(ဧရာဝတီ)

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တဦး ခါးပိုက်နှိုက်ခံလိုက်ရပေမယ့် အဲဒီခါးပိုက်နှိုက်ကို  ဖမ်းမိလိုက်ပါ တယ်။ 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိရင်ချွမ်းဟာ ဧပြီလ ၂ ရက်နေ့တုန်း က အောင်မင်္ဂလာ အဝေးပြေး ကားဂိတ်ကနေ လှည်းတန်းကို အမှတ် ၄၃ ကားလိုင်းက ဒိုင်နာကားစီးပြီး သမိုင်းလမ်းဆုံမှာ ဆင်းခဲ့ပါတယ် တဲ့။ 
အဲဒီမှာ သူ့ရဲ့ အိတ်က ဇစ်ပွင့်နေလို့ စစ်ကြည့်လိုက်ရာမှာတော့ ငွေ ၆ သိန်းကျပ်နဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျောက်နေလို့ ရဲစခန်းကို တိုင်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ရဲဇာနည်ဖေ့စ်ဘုတ်မှာ ဖော်ပြထား ပါတယ်။ 

မြန်မာအပေါ် ပိတ်ဆို့မှု ဆက်ထားဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း

(VOA)

မြန်မာနိုင်ငံရဲ့  ပြုပြင်ပြောင်း လဲမှုတွေဟာ ဆက်လက် စောင့်ကြည့်ရဦးမယ့် အခြေအနေဖြစ်တာမို့၊ ခုချိန်မှာ အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေ အပြီးပိုင် မရုပ်သိမ်းသင့်သေးဘူးလို့ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေသူတွေက ပြောပါတယ်။ မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားရေး ထောက်ခံသွားမယ်လို့ အမေရိကန် ထိပ်တန်း လွှတ်တော်အမတ်တစ်ဦးက ပြောဆိုလိုက်တဲ့အပေါ်မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေး က တင်ပြထားပါတယ်။

အမေရိကန် ပိတ်ဆို့ ဒဏ်ခတ်မှု ထိရောက်နိုင်ပါဦးမလား

(ဧရာဝတီ)

အကယ်၍ အမေရိကန် လုပ်ငန်းရှင်တဦးက မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက အမေရိကန် အစိုးရက ဥပဒေဖြင့် သတ်မှတ်ထားသော ရှောင်ကျဉ်ရမည့် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများ စာရင်း ရှိပါသည်။

သို့သော် မြောက်ကိုရီးယားနှင့် လက်နက် အရောင်းအ၀ယ်ကိစ္စတွင် ပွဲစားလုပ်ခဲ့သည်ဟု အမေရိကန် အစိုးရတာဝန်ရှိသူများ က သံသယရှိခဲ့သည့် ၀န်ကြီးဟောင်း တဦး၏သား နှင့် စစ်အစိုးရကို ၁၉ နှစ် ကြာ ဦးဆောင်ခဲ့သူတဦး၏ ဆွေမျိုးသားချင်းများအတွက်မူ အကျုံးမ၀င်တော့ပြီ။

လွှတ်တော်မှာ အမတ်မင်းများ မေးသင့်သော ဦးပိုင်အကြောင်း

(စည်းလုံးခြင်းရဲ့အင်အား)

ဆောင်းပါးရှင် - ဗိုလ်သိန်းတန်

ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်ဆိုသည်မှာ တပ်မတော်သားများ၏ လစာငွေများမှ ဖြတ်တောက်ထားသော တပ်ရင်းရန်ပုံငွေများနှင့် စစ်မှုထမ်းဟောင်းများ ထည့်ဝင်ထားသော အစုရှယ်ယာ ငွေများဖြင့် စုစည်း၍ ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ချမှတ်ထားသော မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်၏ ရည်ရွယ်ချက် (၄) ချက်မှာ -

(၁)    တပ်မတော်သားများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီး သားသမီးများ သက်သာချောင်ချိရေး။
(၂)    စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီး သားသမီးများ သက်သာချောင်ချိရေး။
(၃)    ပြည်သူလူထု သက်သာချောင်ချိရေးအား အထောက်အကူဖြစ်စေရေး။
(၄)    နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရေး။

ဦးသိန်းစိန် အမေရိကန်ခရီး အကျိုးရလဒ်

(VOA)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ သမ္မတဦးသိန်းစိန်နှင့်အတူ အမေရိကန်ကို လိုက်ပါလာတဲ့ အစိုးရတာဝန်ရှိသူတွေဟာ အမေရိကန်ဘက်က သက်ဆိုင်ရာပုဂ္ဂိုလ်တွေနှင့် စီးပွားရေး၊ ပညာရေး အပါအဝင် ကိစ္စအဝဝကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ ဘယ်လို မျှော်မှန်းချက် ဘယ်လို ရည်ရွယ်ချက်တွေနှင့် ဆွေးနွေးမယ်ဆိုတာကို ဒု-ဝန်ကြီးတွေဖြစ်ကြတဲ့ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာမျိုးမြင့်တို့နှင့်အတူ ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မနေ့တနေ့က ပြီးဆုံးသွားခဲ့တဲ့ မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ် ဒုတိယနေ့မှာ သမ္မတဦးသိန်းစိန်ဟာ အမေရိကန်ပြု လွှတ်တော်ဥပဒေအမတ်တွေနှင့် Capital Hill မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီ သွားရောက်တွေ့ဆုံရတဲ့ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီးတော့ သမ္မတနှင့်အတူ လိုက်ပါလာတဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ဦးရဲထွဋ်က VOA ကို အခုလို ပြောခဲ့ပါတယ်။

Tuesday, May 21, 2013

မြန်မာ့စစ်တပ် အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - (၅)

(စည်းလုံးခြင်းရဲ့အင်အား)

စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် အနေနဲ့ ပြည်တွင်းက တပ်ပိုင်းဆိုင်ရာ သတင်းများ ရောက်ရှိလာတဲ့ အခြေအနေပေါ် မူတည်ပြီး စည်းလုံးခြင်းရဲ့ အင်အားအဖွဲ့မှ မြန်မာ့နိုင်ငံရေး ဆွေးနွေးခန်းများကို အလှည့်ကျ တင်ပြနိုင်အောင် စီစဉ်ထားပါတယ်။ ယနေ့မှာတော့ ဆွေးနွေးခန်း ဆက်လက် ဖေါ်ပြမှာ ဖြစ်ပြီး ဆက်စပ် ပြန်လည် လေ့လာနိုင်ရန် အပိုင်း (၄) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည် လေ့လာ ကြည့်ရှုနိုင်ပါတယ်။

အင်ဒိုဗိုလ်ချုပ်ကြီးကို အင်ဒိုနီးရှားတပ်မတော်မှာ ပြုပြင်ပြောင်းလဲရေး အပိုင်းအား ထိပ်ပိုင်းက ဗိုလ်ချုပ်တွေက စတင်လိုက်ပြီ ဆိုတာနဲ့ အရာရှိငယ် အခြားအဆင့် စစ်သည်များက ဘယ်လိုများ တုန့်ပြန် ကြသလဲဆိုတာ သိချင်ပါတယ်လို့ စည်းလုံးခြင်းရဲ့အင်အားအဖွဲ့မှ မေးမြန်းခဲ့ပါတယ်။

ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ရတဲ့နိုင်ငံတွေစာရင်းထဲ မြန်မာပါဝင်

(VOA)

ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ဘာသာရေး လွတ်လပ်ခွင့်ဟာ စိန်ခေါ်အကဲစမ်း ခံခဲ့ရတယ်လို့ အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ပြောဆိုပါတယ်။ အစိုးရတွေကြောင့် သည်းခံနားလည်မှုမရှိတဲ့ ပတ်ဝန်းကျင် အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပြီး၊ အဲ့ဒီကနေ အမုန်းတရားတွေ၊ အကြမ်းဖက်မှုတွေ ပေါ်ပေါက်စေခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တာပါ။ မြန်မာနိုင်ငံကဆိုရင်လည်း ဘာသာရေး လွတ်လပ်ခွင့်အရ စိုးရိမ်ရတဲ့ နိုင်ငံစာရင်းထဲမှာပဲ အမေရိကန်ပြည်ထောင်စုက ထည့်သွင်းထားပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။
 

သမ္မတ အိုဘားမားနဲ့ သမ္မတ ဦးသိန်းစိန် အိမ်ဖြူတော်ပူးတွဲ သတင်းစာရှင်းလင်းပွဲ

ဗွီအိုအေ (မြန်မာပိုင်း)

အမေရိကန်  ပြည်ထောင်စု ကို နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် စနေနေ့က ရောက်လာခဲ့တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ မနေ့က တနင်္လာနေ့မှာတော့ အမေရိကန်သမ္မတ အိုဘားမားနဲ့ သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီလို တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေးအပြင် တိုင်းရင်းသား ပဋိပက္ခနဲ့ ဘာသာရေး တင်းမာမှု ပြဿနာတွေကို ဖြေရှင်းဖို့ အရေးကြီးတဲ့အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲအပြီး သမ္မတ အိမ်ဖြူတော်မှာ သမ္မတနှစ်ဦးတို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကိုလည်း ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကိုတော့ အခုပဲ နားဆင်ကြည့်ကြရအောင်ပါ။

၉၀ ခု ရွှေးကောက်ပွဲ အထိမ်းအမှတ် ကျေညာချက် ထုတ်ရခြင်းမှာ ဆက်လက် အလိမ်ခံရမည်ကို သတိပေးလို၍ ဖြစ်ကြောင်း မင်းပြားအမတ်ပြော

(နိရဉ္စရာ)
 
အုပ်ချုပ်သူများသည် ရခိုင်အမျိုးသားများအား နည်းလမ်း အမျိုးမျိုးဖြင့် ခေတ်အဆက်ဆက် လိမ်ညာနေ၍ ဆက်လက် အလိမ်မခံရစေရန် ရည်ရွယ်ပြီး ၂၃ နှစ်မြှောက် ၉၀ ခုနှစ် ရွှေးကောက်ပွဲ ကျေညာချက်ကို ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲနိုင် မင်းပြားမြို့နယ် အမတ် ဦးထွန်းဝင်းက ပြောသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ)မှ ၂၃ နှစ် မြောက် ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲ အထိမ်းအမှတ် ကျေညာချက် တစ်ခုကို ထုတ်ပြန်ခဲ့သည်။
ကျေညာချက် ထုတ်ပြန်သည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး နိရဉ္စရာမှ မေးမြန်းစဉ် အမေရိကန် နိုင်ငံတွင် နေထိုင်နေသူ မင်းပြား အမတ် ဦးထွန်းဝင်းက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတ အုပ်ချုပ်ရေး စနစ် အဆင့်ဆင့် ပြောင်းလဲ ဖြစ်ပေါ်လာခဲ့ပုံများ

(စည်းလုံးခြင်းရဲ့အင်အား)

အယ်ဒီတာအဖွဲ့၏ သုံးသပ်တင်ပြချက်။    ။ ယနေ့ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းကာလမှာ သမ္မတနှင့် လွှတ်တော်အကြား ဥပဒေအရ အငြင်းပွားမှုများ၊ အားပြိုင်မှုများ ရှိနေဆဲ ဖြစ်ပါတယ်။ အတွေ့အကြုံ နုနယ်သေးသဖြင့် မဖြစ်သင့်သည်များ မဖြစ်ရလေအောင် မိဘပြည်သူလူထုက ထိန်းကြောင်း ပေးလိုတဲ့ ဆန္ဒများ ရှိကြောင်း သိရှိရပါတယ်။ အမျိုးသား ညီလာခံတွင် အခြေခံ ဥပဒေ ရေးဆွဲစဉ်ကပင် ယခင် စစ်တပ်မှ ဗိုလ်ချုပ်ကြီးများက အင်ဒိုနီးရှားနိုင်ငံရဲ့ တိုးတက် ဖြစ်ပေါ် ပြောင်းလဲမှုများကို အားကျပြီး ကိုးကားခဲ့သည်ဟု စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ အင်ဒိုနီးရှား ပါလီမန်တွင် တပ်မတော်က ယူနီဖောင်းဝတ် ဝင်ရောက်နေရာယူခဲ့ပြီးမှ တဖြေးဖြေး လျော့လာကာ စစ်တန်းလျား ပြန်သွားသည့်စနစ် ဖြစ်ပါတယ်။

ဆောင်းပါးရှင် - အာကာ


သတင်းထောက်ဟောင်းကြီး သြဂတ်ဆူဟာနာဟာ အင်ဒိုနီးရှား နိုင်ငံရဲ့ သမ္မတ အုပ်ချုပ်ရေး စနစ် အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်ခဲ့ပုံ ဇာတ်ကြောင်းကို ရှေ့တန်းကျကျ မြင်တွေ့ သိရှိခဲ့ရသူ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးသည် ABSDF ၏ ဆန္ဒဖြစ်

(Mizzima)

တနင်္လာနေ့က ဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံပြီး နောက်ပိုင်း ABSDF မြန်မာနိုင်ငံလုံး
ဆိုင်ရာ ကျောင်းသားများ  ဒီမိုကရက်တစ် တပ်ဦး က မြန်မာနိုင်ငံတွင် ၎င်းတို့၏ အဖြစ်ချင်ဆုံးဆန္ဒကို ထုတ်ဖော် ပြောဆိုလိုက်ကြောင်း သိရသည်။


ABSDF တပ်ဖွဲ့ဝင်  ရဲဘော် ကျော်ကို က “ABSDF အနေနဲ့ အဖြစ်ချင်ဆုံးကတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးပါ” ဟု မဇ္စျိမ ကို ဖြေကြားသည်။

 ရဲဘော် ကျော်ကို သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် တဦးဖြစ်သည်။

Monday, May 20, 2013

ဗိုလ်ချုပ်ဟောင်း လွန်းမောင်ရဲ့ နောက်ကျောကို ဓားနဲ့ ထိုးတာ ဘယ်သူလဲ ?

(ဧရာဝတီ)

၉ နှစ်တာမျှ နိုင်ငံတော် စာရင်းစစ်ချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ယခုလက်ရှိ မွန်ပြည်နယ် ဘီးလင်းမြို့အဝင်တွင် အောင်ပြည့်စုံ အမည်ရှိ ထမင်းဆိုင်ကို ဦးစီးဖွင့်လှစ် လုပ်ကိုင်နေသည့် အငြိမ်းစား ဗိုလ်ချုပ် လွန်းမောင် (ယခု ဦးလွန်းမောင်) ၏ ပြည်ထောင်စု စာရင်းစစ်ချုပ် တာဝန်မှ အနားပေးခံခဲ့ရသော ဖြစ်ရပ်နှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် မေခက သွားရောက်
တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ 


မေး။ ။ လက်ရှိရွေးချယ်ခဲ့တဲ့ ဘ၀က ဦးလွန်းမောင်အတွက် အံဝင်ခွင်ကျတဲ့ ဘ၀တခုလို့ ပြောလို့ရပါ သလား။ 

ကျွန်းသစ်မှောင်ခိုမှု စစ်ကိုင်းတိုင်း ရဲမှူး ရ.က.ဖ (၃) ဦးသူရသွင်ကိုကို ပါဝင် ပတ်သက်နေ

(သစ်ထူးလွင်)

နိုင်ငံတော်မှ တားမြစ်ထားသော တရားမ၀င် ကျွန်းသစ်ခွဲသား အတုံးရေ (၁၁၅) တုံး ခန့်မှန်း ကုဗတန် ၁၂ တန်ခန့်အား (၁၉.၅.၂၀၁၃)ရက်နေ့ နံနက် (၆း၃၀)တွင် (UD counter) ၁၀ ဘီး ကား ၄ခ/၈၈၈၄ ဖြင့် မုံရွာ မှ မန္တလေး သို့ သယ်ဆောင်လာစဉ် စစ်ကိုင်း မန္တလေး (ရတနာပုံ) တံတား (စစ်ကိုင်း) စစ်ဆေးရေးဂိတ်မှ တာဝန်ကျ ရဲအုပ်နှင့်အဖွဲ့က မသင်္ကာ၍ ၎င်း(UD counter) ၁၀ ဘီး ကား ၄ခ/၈၈၈၄ အား ရှာဖွေစစ်ဆေး ခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။  ----


ကြံ့ခိုင်ရေးပါတီ နဲ့ သိမ်းထားတဲ့ပန်းခြံ

(ဧရာဝတီ)

ရန်ကုန်မြို့ ဝေဇယန္တာလမ်း နဲ့ သစ္စာလမ်းထောင့်မှာ ရှိတဲ့ အများပြည်သူ ကစားကွင်းနေရာကို ကြံ့ခိုင်ရေးအသင်းက သိမ်းတယ်၊ အသင်းကို ပါတီအဖြစ် အသွင်ပြောင်းပြီးတော့လည်း ဆက်သိမ်းထားတယ်၊ အခု အဲဒီနေရာမှာ အဆောက်အအုံကြီးတခု ဆောက်မယ် ဆိုတဲ့ သတင်းတွေ စာနယ်ဇင်းတွေက ရေးနေကြပါပြီ။

လွှတ်တော်တွင် စစ်တပ်က ကိုယ်စားလှယ်များ ရှိသင့်သေးသည်ဟု သမ္မတ ဦးသိန်းစိန် ပြော

(ဧရာဝတီ)

မြန်မာ့လွှတ်တော်များတွင် တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းသည် လတ်တလောတွင် ရှိသင့်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

နှစ်ပေါင်း ၅၀ အတွင်း မြန်မာခေါင်းဆောင်တဦး၏ ပထမဆုံး တရားဝင်ခရီးအဖြစ် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်က မေလ ၁၉ ရက်နေ့က ၀ါရှင်တန်ရှိ ဗီအိုအေ သတင်းဌာနတွင် ပြုလုပ်သည့် နယ်ပယ်စုံမှ မြန်မာ အသိုင်းအ၀ိုင်းများနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထိုကဲ့သို့ ပြောကြားသွားခြင်း ဖြစ်သည်။

Sunday, May 19, 2013

အမေရိကန်ရဲ့အရေးယူမှုအားလုံး ရုပ်သိမ်းပေးဖို့ မြန်မာသမ္မတတိုက်တွန်းမည်

(VOA)

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်ကို တရားဝင် အလည်အပတ်ခရီးအဖြစ် ရောက်ရှိလာတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်က အမေရိကန်သမ္မတ ဘရက်အိုဘားမား အပါဝင် အမေရိကန်အစိုးရ အရာရှိတွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေဟာ ဥပဒေကြောင်းအရ ကျန်နေသေးတဲ့အတွက်ကြောင့် ဆိုင်းငံ့ထားတဲ့ အနေအထားမျိုး မဟုတ်ဘဲနဲ့၊ လုံးဝရုပ်သိမ်းဖို့အတွက် တိုက်တွန်းပြောဆိုမှာ ဖြစ်ကြောင်း ပြောဆိုလိုက် ပါတယ်။

စနေနေ့ညပိုင်း ၀ါရှင်တန်ဒီစီက မြန်မာသံရုံးမှာ မြန်မာမိသားစုတွေ နဲ့ တွေ့ဆုံချိန်အတွင်း အခုလာခဲ့တဲ့ခရီးစဉ်မှာ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာတွေနဲ့ပတ်သက်ပြီး သမ္မတက ရှင်းလင်းပြရင်း ပြောဆို သွားတာဖြစ်ပါတယ်။ အပြည့်အစုံကို မမိုးဖြူက တင်ပြထားပါတယ်။  

ကန်-မြန်မာ နှစ်နိုင်ငံအရေး ဘာတွေ အလေးပေးမလဲ

(ဧရာဝတီ)

သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စုကို ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံး မြန်မာ သမ္မတ တဦးအနေနဲ့ တရားဝင် ခရီးစဉ်ကို စတင်ထွက်ခွာသွားခဲ့ပါပြီ။ အမေရိကန် သမ္မတ ဘားရက် အိုဘားမားက အိမ်ဖြူတော်မှာ သမ္မတ ဦးသိန်းစိန်ကို မေလ ၂၀ ရက်နေ့မှာ လက်ခံတွေ့ဆုံမှာဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမား ဘက်ကတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အသိအမှတ်ပြု လက်ခံပေမယ့် လိုအပ်ချက်တွေဖြစ်တဲ့ တိုင်းရင်းသား လူနည်းစုတွေနဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု၊ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေ ဆက်လက် မဖြစ်ပေါ်စေရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိစေရေး၊ နိုင်ငံရေး အကျဉ်းသားတွေ ကျန်ရှိနေသေးတဲ့ကိစ္စ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရေး ကိစ္စတွေ ဆွေးနွေးသွားဖွယ် ရှိပါတယ်။

ဝါရှင်တန်ရောက် ဦးသိန်းစိန် မြန်မာမိသားစုတွေနဲ့တွေ့ဆုံ၊ ဆန္ဒပြမှုနဲ့လည်းကြုံ

(ဧရာဝတီ)

အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ ၀ါရှင်တန်ဒီစီမှာ ရှိတဲ့ မြန်မာ သံရုံး မှာ အမေရိကားရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ 

မြန်မာသံရုံးရှေ့ သမ္မတ ဦးသိန်းစိန်အား ကန့်ကွက်ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ- Zaw Win

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)


ရှေးခေတ် မြန်မာစစ်သူကြီး၏ ပုံပန်းချီကား

အယ်ဒီတာအဖွဲ့၏ တင်ပြချက် (၁)။    ။ ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် ရှေးခေတ် ကာလကတည်းကပင် တစ်ထီးတစ်နန်း ခန့်ညားထယ်ဝါစွာဖြင့် ရပ်တည် နေထိုင်ခဲ့ပါသည်။ အာရှတိုက် အင်ပါယာ ထူထောင်ခဲ့သည့် တရုတ်နိုင်ငံ မန်ချူးတို့၏ ကျူးကျော်မှုကို မြန်မာတို့က ရဲဝံ့စွာဖြင့် တွန်းလှန် တိုက်ဖျက်နိုင်ခဲ့ပါသည်။ ဤသို့ ကာကွယ်တိုက်ဖျက်နိုင်သည့် သမိုင်းရာဇဝင်ကို တင်ပြရသည့် ရည်ရွယ်ချက်မှာ နောင်လာနောင်သား လူငယ်များအနေဖြင့် အမိနိုင်ငံကို ချစ်မြတ်နိုးတဲ့စိတ်၊ ကာကွယ်စောင့်ရှောက်တဲ့စိတ် စသော မျိုးချစ်စိတ်ဓာတ်များ ပေါက်ဖွား ရှင်သန်လာစေရန် ရည်ရွယ်ပါသည်။ ရှေးခေတ် မြန်မာ့တပ်မတော် စစ်သူကြီးများနှင့် တပ်မှူးများသည် မိမိတို့ထက် အင်အားကြီးမားသည့် တရုတ်စစ်တပ်ကြီးအား ခုခံတိုက်ခိုက်ရာတွင် စစ်မဟာဗျူဟာမြောက် စီမံချက်ကို ရေးဆွဲခဲ့ပြီး စစ်နည်းဗျူဟာမြောက် တိုက်နည်း စနစ်များနှင့်အတူ အောင်မြင်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်သွားနိုင်ခဲ့ပါသည်။ တစ်ဦးနှင့်တစ်ဦး ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်နိုင်မှု၊ ရှင်းလင်းပြတ်သား တိကျသော ရည်မှန်းချက် ထားရှိမှု၊ ရန်သူအား နောက်ကျောမှ ထိုးဖောက် တိုက်ခိုက်ရာတွင် ရန်သူ၏ ထောက်ပံ့ရေးလမ်းကြောင်းနှင့် စပါးကျီ ရိက္ခာစခန်းအား အောင်မြင်စွာ ဖြတ်တောက်ထားနိုင်မှု၊ ပြုပြင်ပြောင်းလွယ် ခံစစ်ဆင်နိုင်မှု၊ ဒုဖြင့်ခံစစ်ဆင်မှု၊ မြေအနေအထား အသာစီးရယူကာ အချက်အချာမြေနှင့် စစ်နည်းဗျူဟာမြောက် မြေ ရယူထားနိုင်မှု၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော ပြည်သူ့စစ် မဟာဗျူဟာနှင့် ပျောက်ကြား စစ်နည်းဗျူဟာများကို ဟန်ချက်ညီညီ သုံးစွဲသွားနိုင်မှုတို့ကို တွေ့ရှိရမှာ ဖြစ်ပါသည်။ 

ဝန်ကြီး ဦးအောင်မင်း သားမက်ဖြစ်သွားတဲ့ ရဲလေး

(ဧရာဝတီ)

နာမည်ကြီး အဆိုတော် သရုပ်ဆောင် ရဲလေးကတော့ သမ္မတ ရုံး ၀န်ကြီးတပါးဖြစ်တဲ့ ဦးအောင်မင်းရဲ့ သားမက်ဖြစ်သွားပါပြီ။ 

အဆိုတော် ရဲလေးနဲ့ ဇနီးသည် မအေးမြအောင် ( ဓာတ်ပုံ- Nyo Ohn Myint's facebook)

Saturday, May 18, 2013

နိုင်ငံရေးအရ သဘောတူညီချက်တရပ် လိုအပ်ခြင်း (အပိုင်း ၂)

(ဧရာဝတီ)

လုပ်ဖြစ်နိုင်ခြေရှိသည့် သဘောတူညီမှုကို ရှာဖွေခြင်း
ယေဘုယျကျကျ ပြောရမည်ဆိုလျှင် နိုင်ငံရေးပါတီတခုက ကျန်သည့် ပြိုင်ဖက်များအပေါ် ကာလကြာရှည် တဖက်သတ် အနိုင်ရရှိသည်ဆိုသည်မှာ ဒီမိုကရေစီစနစ်အတွက် မကောင်းပါ။ ဒီမိုကရေစီ စံတန်ဖိုးများကို ၎င်းပါတီက မည်သိုပင် ကျင့်သုံးပါမည်ဟုဆိုဆို ထိုသို့သော အနေအထားကိုက မကောင်းပါ။ အလားတူ အခြေအနေမျိုးပင် ၁၉၉၀ ခုနှစ် တောင်အာဖရိက ရွေးကောက်ပွဲတွင်လည်း ဖြစ်ခဲ့သည်။ မကြာသေးမီကမှ အကျဉ်းထောင်မှ ပူပူနွေးနွေး လွတ်မြောက်လာသူ နယ်လ်ဆင် မင်ဒဲလားနှင့် မကြာသေးမီကမှ တရားမ၀င်ပါတီအဖြစ်မှ ပယ်ဖျက်ပေးခြင်းခံရသည့် တောင်အာဖရိက အမျိုးသားကွန်ဂရက် (ANC) တို့က အခြေအနေကို အရှိအတိုင်း နားလည် သဘောပေါက်ခဲ့ကြသည်။ အခြားအင်အားစုများကို အာမခံချက် ပေးခြင်းဖြင့်သာ သူတို့၏အကောင်းဆုံး အကျိုးစီးပွားများကို ဖော်ဆောင်နိုင်မည်ဟု နားလည် သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် အနိုင်ရမဲ အရေအတွက် အချိုးအစားအရသာ လွှတ်တော်ထဲတွင် နေရာရနေသော လူဖြူများကို အာမခံချက်ပေးခြင်းဖြစ်သည်။ ထို့အပြင် ဖွဲစည်းပုံအခြေခံ ဥပဒေအရ စေ့စပ် ညှိနှိုင်းမှုများတွင် ANC က ထိုထက်ပို၍ ကမ်းလှမ်းမှုများပင် ပြုခဲ့သေးသည်။ လူဖြူများအတွက်သာ မကဘဲ အခြားလူနည်းစုများ ဖြစ်ကြသည့် ဇူးလူးဒေသ အခြေစိုက် အင်ကာသာ လွတ်မြောက်ရေးပါတီကိုပါ အာမခံချက်များ ပေးခဲ့သည်။

နေပြည်တော် နဲ့ နိုင်ငံခြား အကူအညီ

(VOA)

နိုင်ငံခြားအကူအညီ ရယူရာမှာ ပြဿနာဖြစ်နိုင်တာကို ဆန်းစစ်တဲ့ စာတမ်းတစောင် လွန်ခဲ့တဲ့ မတ်လက ထွက်လာပါတယ်။ ဝါရှင်တန်အခြေစိုက် Brooking Institution က ပညာရှင်တွေဖြစ်တဲ့ Lex Rieffel နဲ့ James Fox တို့ ရေးထားတဲ့ Too Much Too Soon ဆိုတဲ့ လေ့လာချက်ဖြစ်ပါတယ်။ အစိုးရသက်တမ်း (၂) နှစ်အတွင်းမှာ နိုင်ငံခြားအဖွဲ့အစည်း တရာကျော် နေပြည်တော်ကိုသွားပြီး ဆွေးနွေးကြပါတယ်။

သမ္မတဦးသိန်းစိန် VOA မှာ နယ်ပယ်စုံပုဂ္ဂိုလ်တွေရဲ့ မေးမြန်းမှုကို ဖြေကြားမည်

ဗွီအိုအေ (မြန်မာဌာန)

အမေရိကန်ပြည်ထောင်စု ကို နှစ်ပေါင်း ၅၀ နီးပါးအတွင်း မြန်မာအစိုးရသမ္မတ အဖြစ်နဲ့ ပထမဆုံးအကြိမ်ရောက်ရှိလာမယ့် သမ္မတ ဦးသိန်းစိန်ဟာ တနင်္ဂနွေနေ့ မှာတော့ ဗီအိုအေမှာ ပြုလုပ်မယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ၊ ဘာသာရေး ၊ ပညာရေး စတဲ့ နယ်ပယ်စုံက လူပုဂ္ဂိုလ်အသီးသီးနဲ့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲကို ဗီအိုအေမြန်မာပိုင်းက မြန်မာစံတော်ချိန် မနက်ပိုင်း အသံလွှင့်အစီအစဉ်မှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် ဟာ မြန်မာနိုင်ငံက နိုင်ငံရေး နဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေအပါအ၀င် ပြိးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ စတင် ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးအသွင်ဆောင် အကြမ်းဖက်မှု ပတ်သက်ပြီး ဆွေးနွေးသွားမယ်လို့ ခန့်မှန်းရပါတယ်။

Friday, May 17, 2013

ရိုဟင်ဂျာ ၆ ဦးကို ပါတီကနေ ထုတ်ပယ်ရန် ကော်မရှင်ညွှန်ကြား

(သစ်ထူးလွင်) (DVB)


ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ၆ ဦးကို ပါတီကနေ ထုတ်ပယ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က အဲဒီပါတီကို ညွှန်ကြား လိုက်ပါတယ်။ အဲဒီညွှန်ကြားစာကို မေ ၈ ရက်နေ့က ပေးပို့တာဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀ (က) နဲ့ ငြိစွန်းတာကြောင့်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးတင်မောင်ချိုက ဒီဗွီဘီကို ရှင်းပြပါတယ်။ ---

ဦးသိန်းစိန်နှင့် အိုဘားမား တွေ့ဆုံ ဆွေးနွေးမည့်အပေါ် သုံးသပ်ချက်အမြင်အချို့

(Mizzima)

သမ္မတဦးသိန်းစိန်သည် မကြာမီ ရက်ပိုင်းအတွင်း အမေရိကန် သမ္မတ အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စုသို့ သွားရောက်မည် ဖြစ်သည်။

ဦးသိန်းစိန်နှင့် အိုဘားမားတို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် တကြိမ်၊ အင်ဒိုနီးရှားနိုင်ငံတွင် တကြိမ်၊
မြန်မာနိုင်ငံတွင်တကြိမ် စုစုပေါင်း သုံးကြိမ်တိုင် တွေ့ဆုံခဲ့ကြဖူးပြီး ဖြစ်သည်။

ယခုတကြိမ် နှစ်နိုင်ငံ သမ္မတများ တွေ့ဆုံမှုနှင့် ပတ်သက်၍ မြန်မာ့ နိုင်ငံရေး လှုပ်ရှားနေသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ ထင်မြင်ယူဆချက်များကို မဇ္စျိမက မေးမြန်း ဖော်ပြပေးထားသည်။

ရှေ့တန်းလား နောက်တန်းလား မှုန်ဝါးဝါး ဖြစ်နေရတဲ့ တပ်မတော်သားများ

(စည်းလုံးခြင်းရဲ့အင်အား)

စစ်တွေမြို့အတွင်း ကင်းလှည့်လုံခြုံရေး ယူနေတဲ့ စစ်သည်ရဲဘော်များ

မြန်မာနိုင်ငံမှာ ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားရာ ဒေသများတွင် ရဲတပ်ဖွဲ့ဝင် အင်အားနှင့် မလုံလောက်ရာ တပ်မတော်မှ ဝင်ရောက် ထိန်းသိမ်း နေရတဲ့အပိုင်း ဖြစ်နေပါတယ်။ စစ်တပ်ထုံးစံအရ နောက်တန်းလို့ သတ်မှတ်ထားတဲ့ မြန်မာပြည် မြို့ကြီးပြကြီးများမှာ အဲဒီလို လုံခြုံရေးတာဝန် ယူရတာကြောင့် အနားမရတဲ့ တပ်မတော်သားများရဲ့ သတင်းကို စစ်ဖက်နီးစပ်သူများက တင်ပြလာပါတယ်။

ဂိတ်ကြေးကောက်နေတဲ့ ရွှေကျင်မြို့က တပ်စခန်း

(စည်းလုံးခြင်းရဲ့အင်အား)

ရွှေကျင်မြို့အတွင်းရှိ ညောင်ဝိုင်း၊ တရုတ္တန်းရပ်မှ မူလတန်းကျောင်း ပတ်ဝန်းကျင် ရေလွှမ်းမိုးခဲ့စဉ်

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ ဂိတ်ကြေးများ ပေးနေရဆဲ ဖြစ်သလို ကုန်ပစ္စည်း ဈေးနှုန်းများ အဆမတန် မြင့်တက်နေရတဲ့ အကြောင်းမှာ ဂိတ်ကြေးပေးရတာက အကြောင်းရင်း တစ်ချက်အဖြစ် ပါဝင်တယ်လို့ စီးပွားရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဆွေးနွေးပွဲများမှ သိရှိရပါတယ်။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ရွှေကျင်စစ်ဗျူဟာကို အလုပ်အကြွေး ပြုနေတဲ့ တပ်စခန်းဟာ မေးတင်ကုန်းစခန်း ဖြစ်ပါတယ်။ အဲဒီစခန်းမှူးဟာ ရွှေကျင် စစ်ဗျူဟာအတွက် ဂုမ္ဏာန်ဂိတ်မှာ ဂိတ်ကြေးဖွင့် ကောက်ခံပြီး လုပ်ပေးနေရကြောင်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ ရွှေကျင်မြို့ခံများက သတင်းပို့လာပါတယ်။ အဲဒီဂိတ်ဟာ ရွှေကျင်မြို့မှ ချောင်းဝ၊ ခလိန်၊ ငြိမ်းချမ်းသီတာ၊ နဘောဝ စသည့် နေရာများထံ သွားရာ လမ်းခရီးပေါ်မှာ ရှိပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာနနှင့် လုံခြုံရေး တပ်ဖွဲ့များ အသွင် ကူးပြောင်းရေး လုပ်ငန်း - အပိုင်း (၄)

(စည်းလုံးခြင်းရဲ့အင်အား)

ဆောင်းပါးရှင် - ယန်းဖရိုးလစ်။


ကျွန်တော်တို့ ရင်ဆိုင် ကိုင်တွယ် ဖြေရှင်းကြရမဲ့ ပြဿနာတွေဟာ သဘာဝချင်း လုံးဝကို ကွဲပြားခြားနားတဲ့ ပြဿနာတွေ ဖြစ်ကြပါတယ်။ ဒီမိုကရေစီ နည်းကျ ရွေးချယ်တင်မြောက်ခံထားရတဲ့ အစိုးရတွေကို အလုပ်အကျွေးပြုဖို့နဲ့ သူတို့အပေါ် နိုင်ငံရေး သြဇာ ဖြန့်ကျက်ဖို့ ဆွဲဆောင် သိမ်းသွင်းမှု တွေကို ခုခံတွန်းလှန်ဖို့ထက် ထောက်လှမ်းရေး တပ်ဖွဲ့ကို ဝန်းရံနေတဲ့ ထူးဆန်းဖွယ်ရာတွေကိုသာ ပိုမို ထက် မက်မောပြီး စိတ်အားထက်သန်လာနေသူတွေရဲ့ လှိုင်းတံပိုးကို ဘယ်လို တားဆီး ကာကွယ်မလဲ ဆိုတဲ့ ပြဿနာပါပဲ။ ဒီနေရာမှာ စကားမစပ် ပြောစရာ ရှိလာတာက အဲဒီအလုပ်ကို လုပ်ဖို့ လွယ်ကူတဲ့ တချိန်တည်းမှာ အဲဒီ အလုပ်ဟာ ပျက်ဆီးခြင်း ငါးပါးဆီသို့လည်း ဦးတည် သွားနေတယ် ဆိုတာပါပဲ။ တန်ပြန်ထောက်လှမ်းရေး လုပ်ငန်းရဲ့ အနေအထားကို ရှင်းရှင်းလင်းလင်း ဖွင့်ဆို သတ်မှတ်ရမှာ ဖြစ်ပြီး အထက် အာဏာပိုင်အဖွဲ့က ရွေးချယ်ခန့်အပ်ထားတဲ့ စီမံခန့်ခွဲ အုပ်ချုပ်သူ တစ်ယောက်ဟာ အစိုးရအဖွဲ့လိုမျိုး အဖွဲ့အစည်း တရပ်ရပ်အပေါ် ဝိုးတိုးဝါးတား လက်ညှိးထိုး နေမဲ့အစား မိမိရဲ့ လုပ်ရပ်အတွက် မိမိကိုယ်တိုင် အဲဒီလုပ်ငန်းရဲ့ တာဝန်ခံရမယ်ဆိုတဲ့ အချက်ဟာ မရှိမဖြစ် လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့ရဲ့ အတွေ့အကြုံကလည်း ပြသနေပါတယ်။

Thursday, May 16, 2013

ဘာသာရေးနှင့် တိုင်းရင်းသား ပဋိပက္ခများ ဖြေရှင်းရန် သမ္မတ နှစ်ဦး ဆွေးနွေးမည်

(Mizzima)

သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အတွင်း ဒီမိုကရေစီအရေး၊ တိုင်းရင်းသား
ရေးရာနှင့် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် အချက် လေးချက်ကို သမ္မတ အိုဘားမားနှင့်
ဆွေးနွေးပြီး အမေရိကန်နိုင်ငံက ကူညီဖြေရှင်းနိုင်ရန် မျှော်လင့်သည်ဟု အိမ်ဖြူတော်မှ မေလ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

“မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ဖွံ့ဖြိုးရေး၊ ဘာသာရေးနှင့် တိုင်းရင်းသားရေးဆိုင်ရာ တင်းမာမှုများ ဖြေရှင်းရေး၊
ပြည်သူများအတွက် စီးပွားရေး အခွင့်အလမ်းများ ဆောင်ကြဉ်းရေး စသည့် ကျန်ရှိနေသော စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ သမ္မတ ဦးသိန်းစိန်နှင့် ဆွေးနွေးနိုင်ရန် အမေရိကန် ပြည်ထောင်စုအနေဖြင့် မည်သို့ကူညီနိုင်မည် ကို ညှိနှိုင်းရှာဖွေရန် မျှော်လင့်ထားသည်” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သဘာဝ အရင်းအမြစ် စီမံခန့်ခွဲမှု အညွှန်း မြန်မာ အနိမ့်ဆုံးတွင် ရှိဆဲ

(ဧရာဝတီ)

သဘာဝ အရင်းအမြစ် စီမံခန့်ခွဲမှု ညွှန်းကိန်း (Resource Governance Index) ရလဒ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် (ဓာတ်ပုံ – လင်းသန့် / ဧရာဝတီ)

မြန်မာနိုင်ငံသည် သဘာဝ အရင်းအမြစ် စီမံခန့်ခွဲမှု ညွှန်းကိန်းအရ အဆင့် ၅၈ ဖြင့် အနိမ့်ဆုံးဖြစ်နေသေးကြောင်း သယံဇာတ၊ အခွန်၊ ဘဏ္ဍာ စောင့်ကြည့်ရေးအဖွဲ့ (Revenue Watch Institue) က ထုတ်ပြန်လိုက်သည်။

အခြေခံဥပဒေကို NLD ပြင်လျှင် ကြံ့ခိုင်ရေးပါတီ ထောက်ခံမည်ဟု ဦးအောင်သောင်းပြော

(ဧရာဝတီ)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်လိုမှုသည် နိုင်ငံနှင့် ပြည်သူ့အကျိုး ရှိမည်ဆိုပါက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ထောက်ခံသွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးအောင်သောင်းက ဧရာဝတီသို့ ပြောသည်။

လက်ရှိ အခြေအနေအရ NLD ပါတီနှင့် နှင့် ကြံ့ခိုင်ရေး ပါတီအကြား ယုံကြည်မှု တိုးတက်လျှက် ရှိနေကြောင်းလည်း သိရသည်။

Wednesday, May 15, 2013

လူအိုတွေ နိုင်ငံရေး မလုပ်သင့်ကြောင်း ပြောတဲ့ ဦးခင်ညွန့်နဲ့ …

(ဧရာဝတီ)

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ ၂၀၁၃ ခုနှစ် မေလ ၁၁ ရက်နေ့မှာတော့ န၀ဒေး ပန်းချီပြခန်း၊ န၀ဒေး ကော်ဖီကော်နာနဲ့ န၀ဒေး အမှတ်တရ ပစ္စည်း အရောင်းဆိုင်တွေကို သူ့ခြံတွင်းမှာ ဖွင့်လှစ်လိုက်ပါပြီ။ ဦးခင်ညွန့်ဟာ နအဖ စစ်အစိုးရလက်ထက်က တပ်မတော် ခေါင်းဆောင်ကြီးများ နေထိုင်ခဲ့ရာ န၀ဒေးလမ်း ခြံအမှတ် ၂၇ မှာ ပန်းချီပြခန်းနဲ့ ကော်ဖီကော်နာတွေ ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါတယ်။ တချိန်က ဘုန်းမီးတောက်ခဲ့တဲ့ ထောက်လှမ်းရေး ခေါင်းဆောင် ဗိုလ်ချုပ်ကြီး တဦးအနေနဲ့ အခုလို ပန်းချီပြခန်းနဲ့ ကော်ဖီကော်နာ ဖွင့်ဖို့ ဘယ်လို စိတ်ကူးရခဲ့သလဲ၊ ထောက်လှမ်းရေး ခေါင်းဆောင်ဘဝက အခြေအနေနဲ့ အခုအခြေအနေ ဘာကွာခြားလဲ၊ နိုင်ငံရေး လောကထဲကော ဝင်လာဖို့ အစီအစဉ်ရှိသလား ဆိုတာကို ဧရာဝတီ သတင်းထောက် လ၀ီဝမ်နဲ့ နန်းသီရိလွင်တို့က တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။     ။ Art Gallery နဲ့ Coffee corner ဖွင့်ဖို့ ဘယ်လို စိတ်ကူးရခဲ့တာပါလဲ။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဘက် ပဋိပက္ခများအား ဥပဒေ စိုးမိုးရေးအခြေခံမှ သုံးသပ်ခြင်း (အပိုင်း ၁)

(အောင်ထူး) (ရှေ့နေ)


 အောင်ထူး(ရှေ့နေ) သည်စာဖတ်အားနှင့် လေ့လာမှုအားအပေါ်အခြေပြုပြုထားသော
 ဆောင်းပါးကောင်းများစွာကိုပွင့်လင်းမြင်သာစွာ ရေးသားသော စာရေးဆရာတစ်ဦးဖြစ်ကြောင်း
အများကလက်ခံထားသည့်နည်းတူကိုးဒီးသွေးမှလည်း ဆောင်းပါးများ အောင်ထူး(ရှေ့နေ)၏  
ဆောင်းပါးများ လွယ်လင့်တကူရယူနိုင်ရန်အတွက် ကူညီပေးခဲ့သော ဆရာ အောင်ထူး(ရှေ့နေ)ကို ကျေးဇူးအထူးတင်ရှိပါသည်။



မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဘက် ပဋိပက္ခများအား ဥပဒေ စိုးမိုးရေးအခြေခံမှ သုံးသပ်ခြင်း

အပိုင်း (၁)

နိဒါန်း


ဒီမိုကရေစီကိုအသွင်ကူးပြောင်းနေသည်ဟု ကြွေးကြော်ဖေါ်ဆောင်နေသောဦးသိန်းစိန်အစိုးရ

လက်ထက်တွင်တိုင်းရင်း သားပြည်နယ်များ၌ စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးရရန် အလားအလာမတွေ့ရသေး။ လက်နက်ကိုင်တိုက်ပွဲ မဖြစ် ပွားသည့် မြေပြန့်ဒေသများမှာပင် အကြမ်းဘက်ပဋိပက္ခများတိုးများလာ၊ နိုင်ငံပြင်ပမှလည်း ဟိုကသည်က ခြိမ်းခြောက် မှု များပေါ်လာလျှက်ရှိနေကြောင်းတွေ့ရသည်။

ဥပဒေအထက်မှာ ဘယ်သူတွေရှိသေးလဲ-ဆောင်းပါးရှင်- ဇော်ဝင်းမောင်

နိုင်ငံတော်ရဲ့ အချုပ်အချာ အာဏာ ပိုင်ရှင် ဟာ ပြည်သူ ဖြစ် တယ် လို့ ဖွဲစည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်း ထားပါတယ်။ဒါပေမဲ့ပြည်သူလူထု အပေါ် တရာသူကြီးတွေ ဥပဒေကို ကြိုက်သလို အဓိပ္မါယ် ဖွင်ပြီး လုပ်စားနေတာ၊ ၀န်ကြီးဌာနတွေ လုပ်ချင်ရာ လုပ်စားနေ တာ ကြာပါပြီ။ ပြည်သူ တရပ်လုံး လည်စင်း ခံနေ ရတာ ကြာပါပြီ။ တရား ရုံးတွေ က တရားလက်လွတ် စီရင် တာတွေ ကို ပြည်သူ လူထု ဘက်က ရပ်တည်ပြီး အချိန်နဲ့ တပြေးညီ စီစစ်၊ စစ်ဆေးဘို့ အဖြစ်ပျက် မှန်တွေ ကို မေးမြန်းပေး ဘို့အဖွဲ့ အစည်းဆိုတာလည်းမရှိသေးပါ ဘူး။ ပြည်သူ လူထုရဲ့ အခွင့်အရေးများ ဟာ ဆုံးရှုံးနစ်နာ လျှက် ဘဲ ရှိနေပါသေးတယ်။ တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်ဟာ တည်ဆဲအစိုးရ အလိုတော်အရ ဆုံဖြတ်နေတာ အနှစ် (၅၀) ရှိပါပြီ။လက်ရှိ တွေ့မြင် နေကြရ တာ ကလဲ မြန်မာပြည်ထဲမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အဖွဲ့ ပေါင်းပြီး ဥပဒေ က မည်သို့ပင် ဆိုစေကာမူ ပြည်သူလူထုကို အထက်စီး က နိုင်လိုမင်းထက် ဆက်ဆံ နေတာကိုတွေ့နေရပါသေးတယ်။ ယခုအထိ တရားစီရင်ရေး အပိုင်းဟာ ထိပ်ပိုင်းကစပြီး မပြောင်းလဲသေး ပါဘူး။