Wednesday, May 15, 2013

ဥပဒေအထက်မှာ ဘယ်သူတွေရှိသေးလဲ-ဆောင်းပါးရှင်- ဇော်ဝင်းမောင်

နိုင်ငံတော်ရဲ့ အချုပ်အချာ အာဏာ ပိုင်ရှင် ဟာ ပြည်သူ ဖြစ် တယ် လို့ ဖွဲစည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်း ထားပါတယ်။ဒါပေမဲ့ပြည်သူလူထု အပေါ် တရာသူကြီးတွေ ဥပဒေကို ကြိုက်သလို အဓိပ္မါယ် ဖွင်ပြီး လုပ်စားနေတာ၊ ၀န်ကြီးဌာနတွေ လုပ်ချင်ရာ လုပ်စားနေ တာ ကြာပါပြီ။ ပြည်သူ တရပ်လုံး လည်စင်း ခံနေ ရတာ ကြာပါပြီ။ တရား ရုံးတွေ က တရားလက်လွတ် စီရင် တာတွေ ကို ပြည်သူ လူထု ဘက်က ရပ်တည်ပြီး အချိန်နဲ့ တပြေးညီ စီစစ်၊ စစ်ဆေးဘို့ အဖြစ်ပျက် မှန်တွေ ကို မေးမြန်းပေး ဘို့အဖွဲ့ အစည်းဆိုတာလည်းမရှိသေးပါ ဘူး။ ပြည်သူ လူထုရဲ့ အခွင့်အရေးများ ဟာ ဆုံးရှုံးနစ်နာ လျှက် ဘဲ ရှိနေပါသေးတယ်။ တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်ဟာ တည်ဆဲအစိုးရ အလိုတော်အရ ဆုံဖြတ်နေတာ အနှစ် (၅၀) ရှိပါပြီ။လက်ရှိ တွေ့မြင် နေကြရ တာ ကလဲ မြန်မာပြည်ထဲမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အဖွဲ့ ပေါင်းပြီး ဥပဒေ က မည်သို့ပင် ဆိုစေကာမူ ပြည်သူလူထုကို အထက်စီး က နိုင်လိုမင်းထက် ဆက်ဆံ နေတာကိုတွေ့နေရပါသေးတယ်။ ယခုအထိ တရားစီရင်ရေး အပိုင်းဟာ ထိပ်ပိုင်းကစပြီး မပြောင်းလဲသေး ပါဘူး။


စည်းကမ်းချက်များ၊ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ ဟာ အထက်အရာရှိကြီးများနှင့် မဆိုင်ဘဲ လက်အောက် ငယ်သားများအတွက်သာ ဖြစ်နေပါတယ်။အကြီးအကဲ များသည် ဥပဒေအထက်တွင်ရှိပြီး လိုသလို ခွစီးနေကြပါတယ်။ အောက်ခြေမှလူများမှာ ထုတ်ပြန်ထားသော ဥပဒေနှင့် ငြိစွန်းလျှင် ၄င်းပြစ်မှုပြစ်ဒဏ်များကို မလွဲမသွေ ကျခံရမည် ဖြစ်ပါတယ်။ သို့သော် ၄င်းဥပဒေများသည် အကြီးအကဲများ(သို့) အကြီးအကဲများ နှင့်ပါတ်သက်သူများနှင့်တော့ လားလားမျှ မသက်ဆိုင်ပေ။ အဘယ့်ကြောင့် ယခုကဲ့သို့ ပြောပါသနည်း။ ရှင်းပါသည်။ ဥပဒေနှင့် ငြိစွန်း၍ အပြစ်ပေးခံ၊ အပြုတ်ခံ၊ ထောင်ချခံရသူများကို ကြည့်ပါက အောက်ခြေမှ လူများကိုသာ တွေ့နေရပါတယ်။

ဥပမာပြောရရင် -ယနေ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင် ကို ဖမ်းဆီးတရားစွဲဆိုသည့်ကိစ္စမှာ ရဲတပ်ဖွဲ့ဝင်များကို လာဒ်စားသည် ဟုပြောဆိုမှုကြောင့်ပုဒ်မ(၅၀၀)အသရေပျက်မှု ဖြင့် ထောင်ဒါဏ်ကျခံစေခဲ့ပါတယ်။ထိုအပြင် ထောင်ကြွေးကျန်ပါပြန်ပေါင်းပြီး ထောင်ဒါဏ် ၆နှစ်ကျခံစေတယ်လို့သိရပါတယ်။မှန်ပါတယ် တရားဥပဒေအရ လုပ်ထုံးလုပ်နည်းအတိုင်း မှန်မှန်ကန်ကန်လုပ်ဆောင် မည်ဆိုလျှင် ကျွန်ုပ်တို့ပြည်သူလူထုမှာ လိုက်နာရန်ဝန်မလေးပါဘူး သို့သော်…သို့သော်…..

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ မြေး ဖိုးလပြည့်မှ ပြည်သူ့ ဝန်ထမ်း ယာဉ်ထိန်းရဲတဦးအား လက်သီးနဲ့ ထိုး ၊ ပါးရိုက် ၊ ရုံးခန်းအတွင်း ခေါ်ယူနှိပ်စက်ပြီး မိုက်ရိုင်းစွာပြုမူခဲ့4-3-2013 ရက်နေ့ (1400)ချိန် ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(9)ရပ်ကွက်၊ တက္ကသိုလ် ရိပ်သာလမ်းနှင့် အင်းယားလမ်း မီးပွိုင့်တွင် ယာဉ်ထိန်း တပ်ဖွဲ့စု(25)မှ လ 226993 တပ်သား စံသိန်းထွေး(ဘ) ဦးစံလှဘော်သည် ယာဉ်ထိန်း တာဝန်ဆောင်ရွက်နေစဉ် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ မြေး ဖိုးလပြည့်မှ ပြည်သူ့ ဝန်ထမ်း ယာဉ်ထိန်းရဲတဦးအား လက်သီးနဲ့ ထိုး ၊ ပါးရိုက် ၊ ရုံးခန်းအတွင်း ခေါ်ယူနှိပ်စက်ပြီး မိုက်ရိုင်းစွာပြုမူခဲ့ ကြောင်း သတင်းရရှိပါသည်။

ttps://www.facebook.com/photo.php?fbid=255976221206589&set=a.150121365125409.32843.100003826406332&type=1&theater
https://www.facebook.com/photo.php?fbid=247890128681371&set=a.120486168088435.20789.100003811585215&type=1&theater

ဦးသန်းရွှေမြေးလက်သံပြောင်မှု ယာဉ်ထိန်းရဲ အတည်ပြု
http://blog.irrawaddy.org/2013/04/blog-post_12.html

ဒေသခံကားသမားအား တံတားစောင့် စစ်ဗိုလ်ရိုက်နှက်
https://www.facebook.com/photo.php?fbid=442735305806674&set=a.106052826141592.13413.100002106266061&type=1&theater

ဝင်သွားတော့အကောင်းထွက်လာတော့အလောင်း
http://www.facebook.com/photo.php?v=4540321107366

ဝမ်းတွင်းမြို့မှာတာဝန်ကျရဲတပ်ဖွဲ့ဝင်တွေကိုစစ်တပ်ကခြိမ်းခြောက်
http://www.thithtoolwin.com/2013/04/blog-post_8304.html#.UWC4tzYlsl8.facebook

အဲဒီကောင်ကို သေခြာကြည့်ထားကြ ငွေရှိရင် ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ကောင်
https://www.facebook.com/photo.php?fbid=283286788470317&set=a.162439053888425.36755.161087474023583&type=1&theater

အထက်မှာပေးထားသောလင့် များကိုပြန်လည်ဖတ်ရှုကြည့်ကြပါ ။တရားဥပဒေလား မတရားဥပဒေလားဆိုတာတွေ့ရပါလိမ့်မယ်။

စာရွက်လေးတစ်ရွက် ဝေငှမိတဲ့ ကျောင်းသားလေးတစ်ယောက်ကိုတောင် အလွတ်မပေးဘဲ ဖမ်းဆီးတတ်တဲ့ တာဝန်ရှိသူတွေ ------ ဒါဘာသဘောလဲဆိုတာ ခင်ဗျားတို့ဖာသာပဲ ဖြေကြည့်ကြပါတော့ မိမိရဲ့ အသိဥာဏ်၊ အတွေးအခေါ်နဲ့ သေသေချာချာ ပိုင်းခြား၊ ချင့်ချိန် ဝေဖန်သုံးသပ်ပြီးတော့မှ လုပ်ကြပါ။ လူဟာလူပါပဲ၊ ဘာသာ၊ လူမျိုး၊ အသားအရောင်၊ ယဉ်ကျေးမှုတွေ၊ စကားတွေ တူချင်မှ တူပေမယ့် လူဖြစ်တာချင်းတော့ တူပါတယ်။ ဒါကြောင့် လူဟာ လူပါပဲ။

အထက်အရာရှိများအုပ်ချုပ်သူလူတန်းစားများကျူးလွန်သည်ကျတော့ရှိစေ။အောက်ခြေကလူတွေကျတော့ဥပဒေအရပါဆိုတဲ့စနစ်ကိုတိုက်ဖျက်ပစ်ရပါ မယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တရားမျှတမှုနှင့် အာဏာ ဆိုတာဟာ တစ်သီးတခြားစီ ဖြစ်နေပါတယ်။ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ဥပဒေ ကျွမ်းကျင်သူတွေက ဥပဒေကို အဓိပ္ပါယ် ဖွင့်ဆိုရာမှာ လူထုအကျိုးစီးပွားထက် နိုင်ငံတော် အကြီးအကဲဆိုသူတွေရဲ့ အကျိုးစီးပွားကိုသာ အဓိကထားကြလို့ပဲဖြစ်ပါတယ်။ဒီလိုပုံစံမျိုးတွေ နှင့် ဥပဒေရေးဆွဲနေသမျှ ကာလပါတ်လုံး တရားမျှတမှု ဆိုတာ ရှိမှာမဟုတ်ပါဘူး။ တရားမျှတမှုအပေါ်မှာ အခြေခံပြီး အာဏာဆိုတာ ဒွန်တွဲနေတာပါ။ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေပြီလို့ ဆိုကြပေမယ့် အရင်စစ်အစိုးရပုံစံအတိုင်း လုပ်ဆောင်နေဆဲဖြစ်နေဆဲဘဲ ဖြစ်တဲ့အတွက် ပြည်သူတွေပါဝင်တဲ့ စီမံကိန်းတွေ ဖြစ်လာမှာမဟုတ်သေးပါဘူး။ အထက်လူကြီး ဆိုသူများသည်ပင် ဥပဒေနှင့် မငြိစွန်းသော လုပ်ငန်းများ လုပ်ကိုင်နေသလား၊ သန့်ရှင်းနေသလား၊ သမာဓိရှိရှိ နေထိုင် ကျင့်ကြံနေသလားဟု စဉ်းစားမိပါတယ်။ မထင်ပါ။
ဥပဒေနှင့်ပါတ်သက်လို့ -အထက်လူကြီး ဆိုသူများသည်ပင် ဥပဒေကို အမှန်တကယ် လိုက်နာခြင်း ရှိမရှိဆိုတာ သက်သေ သာဓကတွေ အများကြီးရှိခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်က အာဏာပိုင်အဖွဲ့အစည်းများဖြစ် သူများရဲ့ ပိုင်ဆိုင်မှု ပစ္စည်းစာရင်းတွေကောက်ယူဖို့ ညွှန်ကြားချက်ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့က မကျေမနပ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။သူတို့ရဲ့နိုင်ငံတော်ဘဏ္ဍာတွေ ခိုးစားဖွက်စားတာတွေပေါ်မှာစိုးလို့ဝိုင်းပြီးကာကွယ်နေကြတာလေ။အပ်နှင်းထားသော အာဏာများကို အလွဲသုံးစားဆောင်ရွက်ခဲ့သူများအား အရေးယူနိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က ရှင်းလင်းပြတ်သားမှုရှိပြီး ပြည်သူလူထုအား အကာအကွယ်ပေးမည့် အထူးဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးပါရန် ဤလွှတ်တော်က တိုက်တွန်းကြောင်း ဦးသိန်းညွှန့်မှ အဆိုတင်သွင်းခဲ့ပါတယ်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခင်အစိုးရခေတ်က အာဏာအလွဲသုံးစားခဲ့သူများကို နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဘဲ ပြဋ္ဌာန်းရန် ကြိုးစားပါက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်ကြောင်း ပြည်ထောင်စု ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးကပြန်လည်ကန်ကွက်ခဲ့ပါတယ်။ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကမူ အာဏာအလွဲသုံးစား ခဲ့သူများကိုနောက်ကြောင်းပြန် အရေးယူနိုင်သည့် ဥပဒေ ပြဋ္ဌာန်းရန်ကိစ္စ မပြောဆိုသင့်တော့ဆိုပြီး ယင်းအဆိုကိုပါယ်ချခံရပါတယ်။


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးကမူ ဦးသိန်းညွှန့်၏ အဆိုသည် ရှင်းလင်းမှု မရှိဘဲ ယခင် စစ်အစိုးရ ခေါင်းဆောင်များ ကျူးလွန်ခဲ့သော ပြစ်မှုများ အလိုက် ပြန်လည်အရေးယူနိုင်မည့် ဥပဒေ ပြဋ္ဌာန်းသကဲ့သို့ ဖြစ်နေသည့်အတွက် ရှု့ပ်ထွေးမှုများ ရှိစေသည်ဟု ဆိုပြီးဝိုင်းဝန်းကန့်ကွက်ကြပြန်ပါတယ်။ဒါကျတော့ တရားမျှတမှုရှိပါသလား????။ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄ တွင် ''နိုင်ငံ သားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေး ချမ်း သာ ယာရေး သို့မဟုတ် ပြည်သူ တို့၏ ကိုယ်ကျင့် တရား အကျိုးငှာ ပြဋ္ဌာန်း ထားသည့် ဥပဒေ များနှင့် မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင် ယူဆချက် များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်၊ လက်နက် မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့်၊ အသင်း အဖွဲ့ သို့မဟုတ် အစည်း အရုံးများ ဖွဲ့စည်း ဆောင်ရွက်ခွင့်၊ တိုင်းရင်းသား လူမျိုး တစ်မျိုးနှင့် တစ်မျိုး သို့မဟုတ် တိုင်းရင်းသား လူမျိုး အချင်းချင်း ကိုလည်းကောင်း၊ အခြား ဘာသာ သာသနာကို လည်းကောင်း ထိခိုက် နစ်နာမှု မရှိစေဘဲ မိမိ ချစ်ခင် မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ ထုံးတမ်း များကို လွတ်လပ်စွာ ဆောင်ရွက် ပိုင်ခွင့် အခွင့် အရေး များကို လွတ်လပ် စွာ သုံးစွဲ ဆောင်ရွက်ခွင့် ရှိသည်''ဟု ပြဋ္ဌာန်းပြီး ဖြစ်ပါသည်။


သို့ဖြစ်၍ ပြည်သူ လူထုအား ဒီမို ကရေစီ ကျင့်စဉ်နှင့် အညီ ဆောင်ရွက် နိုင်ရန် ငြိမ်းချမ်းစွာ စုဝေး ခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ များကို ပြဋ္ဌာန်း ခဲ့ပြီး ဖြစ်ပါသည်။တရားဝင်ဆန္ဒပြခွင့်ကို သက်ဆိုင်ရာဌာနမှာ သွားရောက်လျှောက်ထားကြပါတယ် ၎င်းဌာနဆိုင်ရာမှ ခေါ်ယူမေမြန်းစစ်ဆေးသည်မှာ တရားခံတစ်ဦးကဲ့သို့ပင် စစ်ဆေးမေးမြန်းခြင်းခံရပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံး လမ်းပြပေးနေသော အစိုးရတရပ် အနေဖြင့် လူတစ်ဦးတစ်ယောက်၏ ပြောရေးဆိုခွင့်၊ လုပ်ပိုင်ခွင့်၊ လူ့အခွင့်အရေးများကို နားလည်ပေးနိုင်ရပါမယ်၊ အခွင့်အရေးများ ပေးနိုင်ရပါမယ်။ ၄င်းတို့ ကိုယ်တိုင်ကပင် ဒီမိုကရေစီ၏ စံနှုန်းများအတိုင်း လိုက်နာကျင့်သုံးနေရပါမယ်။ ထိုသို့မှ မဟုတ်လျှင်တော့ ဒီမိုကရေစီစနစ်ဆိုတာ နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် ဟန်ပြလုပ်ဆောင်နေတဲ့ အတုအယောင် ဒီမိုကရေစီသာ ဖြစ်ပါလိမ့်မယ်။



ဥပဒေအထက်မှာ ဘယ်သူတွေရှိသေးလဲ(၂)

အထက်လူကြီး ဆိုသူများသည်ပင် ဥပဒေနှင့် မငြိစွန်းသော လုပ်ငန်းများ လုပ်ကိုင်နေသလား၊ သန့်ရှင်းနေသလား၊ သမာဓိရှိရှိ နေထိုင် ကျင့်ကြံနေသလားဟု စဉ်းစားမိသည်။ မထင်ပါ။ န၀တမှ ပထမဦးဆုံးအကြိမ် ဖယ်ရှားခံရသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၊ ထွန်းကြည်၊ မြင့်အောင် ၊ မောင်သင့် စသည်တို့သည် တစုံတရာ အရေးယူခံရခြင်း မရှိဘဲ လွတ်မြောက်နယ်မြေမှာ ပျော်ရွှင် မြူးတူးနေကြပါတယ်။
(နိုင်ငံပိုင်ငွေတွေကို ထုတ်ယူအလွဲသုံးစားပြုလုပ်ရာတွင် ပါဝင်မှု အမှတ် ၆/၁၃၊ ပြစ်မှုပုဒ်မ ၄၀၉)
ဆက်သွယ်ရေးဝါယာကြိုးများရောင်းချခဲ့ရာကမ္ဘာ့ပေါက်ဈေးထက်၁၀ဆဈေးကြီးပြီးရောင်းခဲ့သည်
http://www.facebook.com/photo.php?fbid=437942676297271&set=a.329330483825158.78075.322396224518584&type=1&theater


ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း (ဗိုလ်မှုးချုပ်ဟောင်း) နေအိမ်မှာကန်ဒေါ်လာ၂သန်းပါသော လက်ဆွဲအိတ်တခု သူ၏နေအိမ်တွင် သိမ်းဆည်းရမိခဲ့ပါတယ်။ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီးဟောင်း သိန်းထွန်း ဘာကြောင့် အရေးယူ မခံရတာလဲ။
အရင် စက်မှု (၁) ဝန်ကြီးဟောင်း ဦးစိုးသိန်း(အခု သမ္မတရုံး ဝန်ကြီး) မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆိုတဲ့ ဥက္ကဌထိုင်ခုံမှာ အမြိုင့်သားထိုင်ရင်း တိုင်းပြည်ကို ရောင်းစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၀၉-၂၀၁၀ လောက်တုန်းက မြန်မာ့မော်တော်ယာဉ်နဲ့ ဒီဇယ်အင်ဂျင်ထုတ်လုပ်မှုလုပ်ငန်းကနေ အမြတ်ငွေကို ၂ဆကျော်လောက်စာရင်းလိမ်ပြခိုင်းတဲ့ကိစ္စတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ တာတာကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ ၁၀ ဘီးကားတွေ တစ်နှစ်ကို အစီးရေ (၁၀၀)ထုတ်ဖို့အကြောင်းကို လွန်ခဲ့တဲ့ နှစ်တွေမှာ ဂျာနယ်တွေ မီဒီယာတွေထဲမှာ ပါခဲ့ဖူးတာကို မှတ်မိကောင်း မှတ်မိနိုင်မယ့်သူတွေ ရှိပါတယ်။ မကွေးမှာ စက်ရုံတည်တော့ ကားပစ္စည်းအစိတ်အပိုင်းတွေကို ဆေးစိမ်တဲ့စက်ဝယ်ဖို့ပြင်ပါတယ်။ အဲဒီစက်တန်ဘိုးက အမေရိကန်ဒေါ်လာ (၇)သန်းလောက် တန်ပါတယ်။ ကာလတန်ဘိုးနဲ့သင့်ရင် မြန်မာငွေကျပ်သိန်းပေါင်း ခြောက်သောင်းသုံးထောင်ကျော်ရှိပါတယ်။ ဒီငွေတွေဟာ စက်ရုံနေ့စားအလုပ်သမားပေါင်း ၁၀၀၀ အတွက် (၇)နှစ်စာ ရှိပါတယ်။ သေးသေးလေးမဟုတ်ပါဘူး။

စက်မှု ၀န်ကြီးဌာန ယခင် စက်မှု(၁) ၀န်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်ဟာဆိုရင် သူ့လစာနဲ့မတန်လောက်အောင်ကိုချမ်းသာနေပါတယ် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ သိန်း ၄၀၀၀ ကျော်တန်မြေကွက်နဲ့အိမ်တစ်လုံးချက်ချင်းဆောက်ခဲ့ပါတယ် ။ ပုဂံ(၁)လမ်း၊ ခြံအမှတ် ( ၃၂၁၅ ) ဖြစ်ပါတယ် .. လက်ရှိခေတ်ကာလ ပေါက်ဈေး သိန်း ၄၀၀၀ ကျော်တန်ပါတယ်။ ဒါတောင် နေပြည်တော်ကအိမ်ပဲရှိပါသေးတယ်။ ရန်ကုန်မှာတင် အိမ် ၃ လုံးရှိပါသေးတယ်။ DG တယောက်ရဲ့တရားဝင်လစာက ၂၀၀၀၀၀/-ဖြစ်ပါတယ်။ (၁)နှစ်မှ (၂၄)သိန်းပဲ ရှိတယ်။ စားသောက်စရိတ်(၄)သိန်းနုတ်ရင် သိန်း(၂၀)အသားတင်ကျန်ပါတယ်။ ဒါဆိုဘယ်လိုလုပ်ဒီလိုသိန်း ၄၀၀၀ ကျော်တန်အိမ်ကို ဆောက်နိုင်ပါသလဲစဉ်းစားကြည့်ပေးပါ။
ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၂ (လူသတ်မှု)
၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်းလောက်က အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့ ကြွေထည်မြေထည်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး စိုးရီရဲ့ နေအိမ်မှာ အိမ်ဖော်ကလေးမလေး တစ်ယောက်ကို ဂေါက်တံနဲ့ ခေါင်းကို ရိုက်သတ်ခဲ့ပြီး သူမရဲ့  အလောင်းကို ဖျောက်ဖျက်ခဲ့တဲ့ ပြစ်မှုကြီးတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ရိုက်သတ်ခဲ့ပြီးတဲ့နောက် အင်းစိန်မြို့နယ်ရှိ ဒညင်းကုန်းရွာသို့ သေဆုံးသူ ကလေးမရဲ့  အလောင်းအား သွားရောက် မြှပ်နှံပေးဖို့နဲ့ အလောင်း ဖျောက်ဖျက်ပေးဖို့ ဦးပြုံးချို ကို အမိန့်ပေး ခိုင်းစေခဲ့ပါတယ်။ ဦးပြုံးချိုဟာ ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်စိုးရီရဲ့ ခိုင်းစေချက်ကြောင့် ဌာနဆိုင်ရာ အိမ်သုံးကားပေါ်မှာ ကလေးမရဲ့ အလောင်းကို တင်ဆောင်ကာ ဒညင်းကုန်းရွာ သင်္ချိုင်းကုန်း ရှိရာသို့ ညတွင်းချင်း သွားရောက် မြှပ်နှံဖို့ ကြိုးစားခဲ့ပါတယ်။ ရွာမှာ ရှိတဲ့ လူငယ် တချို့ဟာ မသင်္ကာဖွယ်ရာ ကားတစ်စီး ရွာပတ်လည်မှာ ဝေ့လည်လည် မောင်းနှင်နေကြောင်း တွေ့ရှိသွားကာ ကျေးရွာ ယရက မှ တဆင့် ရဲစခန်းသို့ အကြောင်းကြား ခဲ့ကြပါတယ်။ ရဲစခန်းက မသင်္ကာဖွယ်ရာ ကားကို သွားရောက်ခေါ်ယူ စစ်ဆေးရာက အလောင်း ဖျောက်ဖျက်မှုကြီး ဟာလည်း “ဗူး” ပေါ်သလို ပေါ်ခဲ့ရပါတယ်။ ဦးပြုံးချို ကိုလည်း ဖမ်းဆီးအရေးယူ ချုပ်နှောင်ထားလိုက်ပါတယ်။ ဗိုလ်မှူးကြီး စိုးရီဟာ အခုအငြိမ်းစား အပေးခံလိုက်ရတဲ့ ကာကွယ်ရေးစစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ ညီအကိုအရင်း တော်စပ်တာကြောင့် ပြည်ထဲရေး ၀န်ကြီးဌာနကို သူတို့ရဲ့ အာဏာပါဝါ အစွမ်းကုန်သုံးပြီး လူအင်အား ငွေအင်အားနဲ့ အမှုမှန် မပေါ်ပေါက်အောင် မှေးမှိန်ဖျောက်ဖျက်ဖို့ ကြိုးစားကြပါတယ်။သေဆုံးသူ အိမ်ဖော်မလေးရဲ့ မိဘ ဆွေမျိုးတွေကို ပစ္စည်းခိုးယူလေဟန် အပြစ်ပုံချကာ ရိုက်လိုက်မိရာမှ မတော်တဆ လှေကားမှ ချော်လဲကျပြီး လိမ့်ကျသေဆုံးသွားကြောင်း မဟုတ်မမှန် လိမ်ညာပြောဆိုပြီး ငွေအနည်းငယ်ပေးကာ နှုတ်ပိတ်လိုက်ကြပါတယ်။ သေဆုံးသူ မိန်းကလေးရဲ့ မိဘဆွေမျိုးတွေဟာ ရိုးသားဖြူစင်ကြပြီး လူ့အသက်တစ်ချောင်းကို ငွေနဲ့ မလဲနိုင်ကြပေမဲ့ စစ်အရာရှိကြီးတွေရဲ့ နိုင်ထက်စီးနင်း လုပ်ခြင်း ခံရကာ အားမတန်လို့ မာန်လျော့ခဲ့ရပါတယ်။ ဒီလူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုကို စုံစမ်းဖော်ထုတ်ခြင်း အရေးယူခြင်း တစုံတရာ မရှိတော့လို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြောကြားခဲ့တဲ့ “တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူး” ဆိုတဲ့ စကားဟာ ပြည်သူတွေကြားမှာ ရယ်စရာ ဟာသတခု ဖြစ်နေရပါတယ်။မူးယစ်ဆေးဝါး ဖြန့်ချီရောင်းဝယ်ရေး ပြုလုပ်နေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့ သား အောင်ဇော်ရဲမြင့်ကိုတောင် ထိထိရောက်ရောက် အပြစ်မပေးဘဲ ပြောင်ပြောင်တင်းတင်း ကာကွယ်ပေးနေကြပါတယ်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၃ဝ၂(လူသတ်မှု)ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၃၉၂(လုယက်မှု)
မိုးကုတ်ဦးမြမောင်ဆိုလျှင် ရှေ့မီနောက်မီ ပုဂ္ဂိုလ်တို့ သိကြပါတယ်။ ဆွေမျိုးစဉ်ဆက်မည်မျှ ချမ်းသာကြောင်း ယခုတိုင် သားသမီးမြေးတို့ကိုပင် ဘဏ်အကောင့်ဖွင့်၍ငွေကြေးသုံးစွဲရန်ထားရှိခဲ့ကြောင်းအများသိပင်ဖြစ်ပါတယ်။ထိုဦးမြမောင် ဆွေမျိုး - အသတ်ခံရသူတို့ဟာ လုပ်ငန်းဆောင်တာ ဆက်သွယ်မှုအရ
မပခတိုင်းမှူး ဗိုလ်ချုပ်မောင်မောင်ဆွေက ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ယောက်ဖဖြစ်ပါတယ်။ သူကလည်း အေးတိအေးစက်နဲ့ ဆိုပေမဲ့ ခေသူတော့ မဟုတ်ပါဘူး။ သစ်တစ်တန်ကို ကျပ်၂၀၀၀၀ိ/နှုန်းကောက်ခံတာဖြစ်ပါတယ်။ကျွန်းသစ်ကိုတော့ စာဖြင့် တရားဝင် ခွင့်ပြုခြင်း မရှိပါဘူး။ သစ်မာကိုသာ ခွင့်ပြုပါတယ်။ အဲဒီအခါ ကချင်ပြည်နယ်မှာ ပိတောက်ပွဲတော်/တမလန်း ပွဲတော်ကြီးကို ဒေသခံများရော တရုတ်များရော ကချင်ငြိမ်းချမ်းရေးများပါ သူ့ထက်ငါ ဦးအောင် အလုအယက် ပါဝင်ဆင်နွဲပါတော့တယ်။ မိုးမိတ်ဗျူဟာအောက်မှာပါတဲ့ မံစီနယ်ထဲက မံဝိန်း၊ ပါခမ်း၊ ဘလောင်ဒင်ဆာနယ်မြေမှာ သစ်ခုတ်ခွင့်ရဖို့ ဗျူဟာမှူးကို တစ်လသိန်းတစ်ထောင် ပေးရတယ်လို့ သိရပါတယ်။ ရှမ်းမြောက်က ကွတ်ခိုင်ဗျူဟာအပိုင် နမ့်ခမ်းဒေသမှာလည်း ဒီဈေးနှုန်းပေါက်တယ်လို့ ကြားသိရပါတယ်။ ကချင်ပြည်နယ်ဟာ သစ်အပါအ၀င် ကျောက်စိမ်း/ရွှေ စတဲ့ သဘာဝ အရင်းအမြစ်တွေ ပေါများလှတဲ့ ဒေသဖြစ်ပေမဲ့ ဒေသခံ ကချင်လူထု အများစုကတော့ မည်သည့် အကျိုးကျေးဇူးမျှ မခံစားရပဲ ဆင်းရဲတွင်းနက်လျှက် ရှိနေပါတယ်။ အမှတ် (၃၇) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူးဟာ ဂိတ်ထိုင်ရင် ပိုက်ဆံများများ ရပြီးတော့ မှောင်ခိုကားများ ဖြတ်သန်းသွားလျှင် ကားတစ်စီးလျှင် ငွေကျပ် (၅) သိန်းနှုန်းဖြင့် သူ့ကို လာဘ်ထိုးရကြောင်း သိရှိရပါတယ်။ ကုန်သည်များက တရားမ၀င်သစ်များ ခိုးထုတ်တဲ့အခါမှာလည်း တပ်ရင်းမှူးနှင့် အရာရှိ လက်အောက်ငယ်သားများအား ခိုးထုတ်သည့် သစ်များအား (၁) တန်လျှင် ကျပ် (၂) သိန်းနှုန်းဖြင့် လာဘ်ထိုးရကြောင်း သိရပါတယ်။ ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးဆိုလျှင် ကျပ်သိန်း (၂၀၀) ခန့် ၀င်ငွေ ရသွားခဲ့ပါတယ်။ နောက်ပြီး ဗလမင်းထင်တံတားတွင်လည်း ထိုနည်းအတိုင်း အရာရှိများက တံတားဂိတ်ကြေးအဖြစ် ကားများကို ကောက်ခံ လုပ်စားရပါတယ်။ ဒီလိုနဲ့ ရှေ့တန်းစခန်းထိုင် ထွက်ရတဲ့အခါမှာဆိုရင် တပ်ရင်းမှူးက တရားမ၀င် အကြံအဖန် ကျပ်သိန်း (၅၀၀) ခန့် ရပါတယ်။ တခါတလေဆို တပ်ရင်းမှူးက နောက်ဆုံးပေါ်ကား ၀ယ်နိုင်လောက်တဲ့အထိ ၀င်ငွေရပါတယ်။ ဦးတေဇရဲ့ Air Bagan လေကြောင်းပို့ဆောင်ရေး ရဲ့ လေယာဉ် တဝက်ကျော်ကျော်လောက်ကို ဦးသန်းရွှေသမီးက ပိုင်ဆိုင်တယ်။ သူဌေးတိုင်းရဲ့ လုပ်ငန်းတိုင်းမှာ မြန်မာပြည်ရဲ့ စစ်ဗိုလ်ချုပ်သမီးတွေ ရှယ်ယာ ပါပြီးသား။ ပုဂ္ဂလိက ခေါင်းစဉ်တပ်လိုက်၊ သူတို့က ယူလိုက်နဲ့ မြန်မာပြည်ကို အိမ်တိုင်ပါ ချွတ်ရောင်းတဲ့ပုံ ပေါက်နေကြတယ်။ ပြည်သူတွေနဲ့ဆိုင်တဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ မရှိတော့တဲ့ အခြေအနေပင်။ ပြောရလျှင် ပုဂ္ဂလိက အမည်ခံကာ အစိုးရပိုင်အဖြစ်မှ ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲနေခြင်းပင်။ ယခင် (လယ်ဆည်) ၀န်ကြီးဟောင်း ဦးမြင့်အောင်တို့အိမ်တွေမှာ ရွှေချောင်းများ သိမ်းထားသလို နိုင်ငံခြားဘဏ်တွေမှာ အပ်နှံထားတဲ့ ဒေါ်လာငွေစာရင်းတွေလည်း ရှိတယ်လို့ သတင်းတွေရှိခဲ့ပါတယ်။ ဒါတွေဟာ နိုင်ငံတော်ရဲ့ သယံဇာတပစ္စည်းများကို ဈေးပေါပေါနဲ့ ရောင်းချလို့ရတဲ့ငွေတွေအပေါ် အဂတိလိုက်စားမှုနဲ့ ရယူထားတာတွေပါ။ မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန်ဆိုရင်လည်း မြို့နေလူထုထံမှ လာဘ်စားခြင်း၊ တပည့်မွေးခြင်း ကိစ္စရပ်များ ဟာ် လူတကာသိသောကိစ္စရပ်များဖြစ်ပါတယ်။ မြို့တော်ဝန်၏ တဖက်စောင်းနင်း အရေးယူမှုကြောင့် ၀န်ထမ်းပေါင်း (၇၀)ဖြုတ်၊ ထုတ်၊ သတ်လုပ်ခဲ့သော်လည်း ၀င်ငွေရရှိနိုင်သောနေရာများတွင် သူ့တပည့် စစ်ဗိုလ်ဟောင်းများကို တာဝန်ပေးပြီး ကိုယ်ကျိုးစီးပွားရှာနေခြင်းမှာ အောက်ခြေ၀န်ထမ်းများအနေဖြင့် အလွန်အင်မတန် ဒုက္ခရောက် ကြရပါတယ်။ ဦးဖုန်းဇော်ဟန်သည် ၂၀၀၅ ခုနှစ်တွင် ဈေးချို ဟိုတယ် ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသိန်းသန်းကို ကတ္တရာသွင်းရန်တွက် ကြိုတင်ငွေ သိန်း(၄၀၀၀) ထုတ်ပေးခဲ့ပါတယ်။ ဦးသိန်းသန်းသည် ဗိုလ်မှူးဟောင်း တစ်ယောက် ဖြစ်ပါတယ်။ ပထမပိုင်းတွင် ဦးသိန်းသန်းကို ထုတ်ပေးခဲ့ပြီး နောက်ပိုင်းတွင် ကတ္တရာသွင်း သည့်လုပ်ငန်းကို မြို့တော်ဝန်၏ ယောက်ဖဖြစ်သူ ကိုဖြိုးနှင့်သာ လုပ်ကိုင်ခဲ့ပြီး ကြိုတင်ငွေ သိန်းပေါင်း(၃၅၀၀၀) ထုတ်ပေးခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်း အရဆိုပါက တင်ဒါခေါ်ရပါမယ်။ တင်ဒါရသော ကုမ္ပဏီမှ ကုမ္ပဏီပိုင်ငွေဖြင့် နိုင်ငံခြားမှ ကတ္တရာတင်သွင်းရပါမမယ်။ မန္တလေးစည်ပင်ရောက်မှသာ ဖွင့်ဖောက်စစ်ဆေးရေးဘုတ်အဖွဲ့ဖြင့် စစ်ဆေးလက်ခံပြီးမှသာ ငွေပေးချေရသည့် စနစ်ဖြစ်ပါတယ်။သို့ရာတွင် တင်ဒါမခေါ်ဘဲ စည်ပင်ပိုင်ငွေကို ယောက်ဖအား ကြိုတင်ပေးပြီး ထိုငွေဖြင့် ၀ယ်သောကတ္တရာများကို အမြတ်တင်၍ စည်ပင်သို့ပြန်သွင်းခဲ့ပါတယ်။ သို့ဖြစ်၍ ကိုဖြိုးသည် အရင်းအနှီးမရှိ သော်လည်း သိန်းထောင်ပေါင်းများစွာ အမြတ် ရရှိခဲ့ပါတယ်။ မန္တလေးမြို့ပေါ်ရှိ လမ်းခင်းခြင်းလုပ်ငန်းများဟာ မြို့တော်ဝန်ရဲ့ အဓိက စီးပွားရေး လုပ်ငန်းတစ်ရပ်သဖွယ် ဖြစ်နေပါတယ်။ လမ်းအတွက်လိုအပ်သည့် ကတ္တရာများကို စည်ပင်ငွေဖြင့် ၀ယ်ယူပြီး အသားတင် အမြတ်တင်ဝယ်ယူသည့် နည်းလမ်းမှာ အလွန်ရိုးရှင်းလှပါတယ်။ လမ်းအားလုံးအတွက် လိုအပ်သည့် ကျောက်သွင်းခြင်းများကိုလည်း ကော်မတီမှ ချုပ်ကိုင်ထားသော်လည်း နောက်ကွယ်က ကော်မတီကို ထပ်မံချုပ်ကိုင် ထားသူဟာ် မြို့တော်ဝန်သာ ဖြစ်တဲ့အတွက် ကျောက်ကျင်းများကို ပေးချေရသော ငွေများအားလုံးသည် ချုပ်ကိုင်ထားသူ မြို့တော်ဝန်အတွက်သာ ဖြစ်နေပါတယ်။ ကားကြီးဝင်းပွဲရုံတန်း ၆၇ လမ်းနှင့် ၆၈ လမ်းကြားတွင် ဦးဖုန်းဇော်ဟန်ပိုင် မြေကွက် ၂၁ ကွက်ရှိပါတယ်။ ကာလပေါက်ဈေးမှာ တစ်ကွက်လျှင် သိန်း(၂၅၀၀)ကျော်တန်ဖိုးရှိပါတယ်။ မန္တလေးစည်ပင်မှ ရောင်းချသည့် မြေကွက်၊ တိုက်ခန်းများတွင် သူ့အတွက် ရာခိုင်နှုံးတင်ပြီး ရောင်းချသလို တခြားက၀ယ်လျင် ဈေးကြီးပြ ၀ယ်လေ့ရှိသော ဦးဖုန်းဇော်ဟန်ဟာ မန္တလေးမြို့နေပြည်သူများ၏ အခွန်အခများပေါ်မှလည်း ဂုတ်သွေးစုပ် နေကြောင်းကို ထင်ထင်ရှားရှားကြီး မြင်တွေ့နေရပါတယ်။

ဥပဒေအထက်မှာ ဘယ်သူတွေရှိသေးလဲ(၃)

မြန်မာနိုင်ငံမှာတော့ အရှက်မရှိတဲ့ အာဏာပိုင် စစ်အရာရှိကြီးများဟာ အာဏာပါဝါကို အလွဲသုံးစား လုပ်ပြီး ဥပဒေကို လက်တစ်လုံးခြား ပြည်သူလူထု အပေါ်မှာနိုင်ထက်စီးနင်းလုပ်
နေကြပါတယ်။ ယခင်ဝန်ကြီးတွေခေတ်မှာတော့ မုန့်ပုံးထဲမှာ ရွှေချောင်းတွေထည့်ပြီး လက်ဆောင်ပေး ကန်တော့တဲ့ခေတ် ရှိခဲ့ဖူးပါတယ်။ နောက်တော့ ရွှေအစား စိန်ကိုလက်ဆောင်ပေးတဲ့ ခေတ်လည်း ဖြစ်လာဖူးပါတယ်။ပိုင်ဆိုင်မှုပစ္စည်းစာရင်းတွေကို ထုတ်ပြန်လိုက်မယ်ဆိုရင် ကြောက်ခမန်းလိလိ ချမ်းသာကြွယ်ဝမှုတွေကို တွေ့ရှိရမှာဖြစ်ပြီး ၀န်ကြီးတွေရဲ့လစာနဲ့ အနှစ် (၁၀၀) စုဆောင်းတဲ့တိုင် အဲ့ဒီ ငွေကြေးတွေ ပြည့်မီမှာ မဟုတ်ကြောင်း သိရှိရပါတယ်။ကြပ်ပြေး တည်ဆောက်ရာမှာ အနည်းဆုံး ဒေါ်လာသန်း (၃၀၀) ကုန်ကျခဲ့ပါတယ်။ကြပ်ပြေးရဲ့  အကြီးဆုံး ကန်ထရိုက်ကို ဗိုလ်ရွှေမန်းရဲ့ သားဖြစ်သူ အောင်သက်မန်းပိုင်တဲ့ ဧရာရွှေဝါကုမ္ပဏီက ရသွားပါတယ်။ အောင်သက်မန်းရဲ့ ဧရာရွှေဝါ ကုမ္ပဏီ ဟာ ဧရာဝတီတိုင်း တတိုင်းလုံးအတွက် မြေသြဇာ ရောင်းချခွင့်လိုင်စင်ကို တဦးတည်းပိုင် အဖြစ်နဲ့ ၀င်ငွေလမ်းဖြောင့်ခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ လယ်ဧက သုံးသောင်းကျော်ကို ကုမ္ပဏီပိုင် လုပ်ခဲ့လို့ လယ်သမားတချို့ အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်။၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရာထူး လက်ခံအပြီး ၂ နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင်ကာပူနဲ့ ဘင်္ဂလား ဒေရှ့်ကို ဆန်တင်ပို့ ရောင်းချခွင့် လိုင်စင် ရခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီကို ဆန် ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်းပါ။ နာဂစ်အပြီးမှာလည်း ဧရာရွှေဝါကုမဏီနဲ့ လက်ခွဲကုမ္ပဏီတွေဟာ ထူး/၀ါဝါ၀င်း/ အစရှိသောကုမ္ပဏီတို့နဲ့ အပြိုင် စပါးပေး (စိုက်ပျိုးစရီတ်ချေးငွေ) ကို လယ်သမားများထံ ထုတ်ချေးပြီး နိုင်ငံတော်မှ ချေးသလို စာချုပ်ချုပ် ခေါင်းစဉ်တပ်ကာ ကြွေးမဆပ်နိုင်တဲ့ လယ်များကို တရားရုံးမှတစ်ဆင့် သိမ်းယူသောအလုပ်များ (ခေတ်သစ်ချစ်တီးကဲ့သို့) အများအပြားလုပ်ကိုင်ခဲ့သော ကုမ္ပဏီဖြစ်ပါတယ်။ ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ထူး ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပြီး အခုအချိန်မှာတော့ စားအုန်း ဆီ၊ ဓာတ်မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခြင်း၊ ရွှေတူးဖော်ရေး လုပ်ငန်း၊ ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန် စတဲ့ ပစ္စည်းတွေကို တင်ပို့ရေးအပြင် လောင်စာဆီတင်သွင်း ရောင်းဝယ်ခြင်းလုပ်ငန်း တွေကို လုပ်ကိုင် နေပါပြီ။့  “လက်နက်ကလွဲရင် အကုန်လုပ်ပါတယ်” မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေး လုပ်ငန်းတွေ အကြီးအကျယ်လုပ်နေပြီး ရန်ကုန်မှာလည်း မြေကွက်အမြောက် အမြား ပိုင်ထားတယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့ သြစတြေးလျမှာ ကွန်ဒိုတွေ ၀ယ်ထားပြီး အမေရိကန်ရဲ့ ဆန်ရှင်ကို ရှောင်ဖို့ မလေးရှားနဲ့ ထိုင်းက ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားပါတယ်။ တပ်ထဲမှာ ဆက်ရှိနေတဲ့ သူရ ဦးရွှေမန်းရဲ့သားငယ် တိုးနိုင်မန်း ကလည်း စီးပွားရေး အသိုင်းအ၀န်းနဲ့ အဆက်အသွယ် ကောင်းကောင်းရှိတယ်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝနေတဲ့ ဇေကမ္ဘာ ဦးခင်ရွှေရဲ့သမီးနဲ့ ထိမ်းမြား ထားတာ မဟုတ်လား။ ကြားရတဲ့ သတင်းတွေအရ နာမည်ကြီး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Red Link နဲ့ ဖျော်ဖြေရေး ရေဒီယို ချယ်ရီ FM ဟာ တိုးနိုင်မန်း ပိုင်တယ်လို့ သိရတယ်။အဂတိလိုက်စားမှု နာမည်ဆိုးထွက်နေတဲ့ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဇော်မင်းလိုမျိုးယခင်ဝန်ကြီးများဖြစ်ကြတဲ့ ဦးအောင်သောင်းနဲ့ ဦးတင်ထွဋ်တို့လို စီးပွားရေး သောင်းကျန်းတဲ့ ၀န်ကြီးဟောင်းတွေကတော့ ကျေနပ်မှုရှိကြမှာမဟုတ်ပါဘူး။ တပ်ချုပ်ကြီးနဲ့ အလိုတူအလိုပါ ခေတ်ပျက်သူဌေးတွေ ဝက်ဝက် ကွဲအောင် တိုင်းပြည်ဘဏ္ဍာနဲ့ သယံဇာတတွေ ခိုးကြ၊ မျိုကြ၊ ဆို့ကြတဲ့အထဲမှာ အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး အောင်သောင်း ကတော့ နံပါတ်တစ်ပါပဲ။ ဦးအောင်သောင်းဟာ ကုန်သွယ်ရေးဒုဝန်ကြီးမှ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးအဖြစ်သို့ ဆက်လက် ရာထူးတိုးလာချိန်မှာတော့ စတင် ချမ်းသာလာပြီ ဖြစ်ပါတယ်။ ဦးအောင်သောင်းဟာ အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် ပြောင်းရွှေ့လာပြီးနောက် သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ မြန်မာပြည်မှာ ထိပ်တန်းစာရင်း ၀င်လာခဲ့ပါတယ်။ ဦးအောင်သောင်းဟာ အတ္တသမားပီပီ ငါ့အတွက်၊ ငါ့မိန်းမ၊ ငါ့သားသမီးအတွက်၊ ငါ့ဆွေမျိုး အတွက် ငါ၏အရှက်ကို ပေးဆပ်မည်လို့ ကြွေးကြော်ရင်း အရှက်သိက္ခာမဲ့စွာ ကိုယ်ကျိုး စီးပွါးကိုသာ တစိုက်မတ်မတ် လုပ်ကိုင်ရင်း စက်မှု ( ၁) ရဲ့ အဆီအနှစ်များအား ၀ါးမြိုကာ စက်ရုံများ အရူံးပေါ်အောင်နဲ့ ၀င်းသူဇာဆိုင်ကြီး နလံမထူပျက်ဆီးဆုံးရူံးအောင်စွမ်းဆောင်ဦးဆောင်မှုပေးနိုင်ခဲ့ပါတယ်။

ဒု ဗိုလ်ချုပ်ကြီး မောင်ဘိုဟာ ခလရ (၁၃) ချောက်မြို့တွင် တပ်ခွဲမှူး ဗိုလ်မှူးတာဝန်နှင့် ဌာနချုပ်တပ်ခွဲမှူး တာဝန်များကို ထမ်းဆောင် ခဲ့စဉ်က တပ်ပိုင်ခွဲတမ်းမှ ရေနံချေးနဲ့ ဖယောင်းတိုင် ပါမစ်များကို အလွဲ သုံးစားလုပ် ကိုယ်ကျိုးရှာမှုကြောင့် အမှုဖြစ်ပွားကာ စစ်တရားရုံး ဖွဲ့စည်း စစ်ဆေးခံရပြီး သူ့အား စစ်မှုထမ်းသက် (၄) နှစ် လျှော့ချ ပြစ်ဒဏ် ပေးခဲ့ပါတယ်။ ထောက်လှမ်းရေးတွေဟာ ဗိုလ်မောင်ဘိုရဲ့ ရန်ုကုန်ရှိ ပိုင်ဆိုင်မှု တိုက်တာ စည်းစိမ်ဥစ္စာတွေကို ဗွီဒီယိုပါ ရိုက်ကူးကာ မှတ်တမ်းတင်ခဲ့ပါတယ်။ ဒုချုပ် ဗိုလ်မောင်အေးရဲ့လူယုံ တပည့် ဖြစ်တဲ့ ဦးအောင်ကိုဝင်း (ဆရာကျောင်း) ကို မောင်ဘိုက ရပခတိုင်းမှူး ဘ၀မှာ ပါရာဒို ကားတစ်စီးအား မိုက်ကြေးခွဲ တောင်းခဲ့လို့ သူ့အား “ကတုတ်ကျင်း မောင်ဘို” ဆိုတဲ့ ဘွဲ့အပြင် “ပါရာဒို ဆရာဘို” လို့ နောက်ထပ် ဘွဲ့တစ်ခုအား ထပ်တိုးပေးခဲ့ကြပါတယ်။ သူ့ရဲ့သား ကျော်စွာမြင့် ဆိုရင် (၈) မိုင် မရမ်းကုန်းမှာ ကာရာအိုကေ၊ ဘီယာ စားသောက်ဆိုင် “ဟာရီကိန်း” ဆိုပြီး ဖွင့်လှစ်ထားပါတယ်။ စားသောက်ဆိုင်ကို လာရောက် လည်ပတ်ခဲ့တဲ့ Sponsor ကုန်သည်များနဲ့အတူ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်သန်းရဲ့ လုံခြုံရေး တပ်စုမှူး ဗိုလ်ကြီးတစ်ဦးဟာ မူးယစ်သောင်းကျန်းကာ ဆိုင်ရှိ ကောင်မလေး တစ်ဦးကို အတူတူ ညလိုက်မအိပ်လို့ ဆိုကာ ဆွဲလားရမ်းလား ပဋိပက္ခ ဖြစ်ကာ ဟိုးလေးတကျော် ရှိခဲ့ပါတယ်။ အင်းလျားကန် စောင်းနံဘေးမှာ ရှိတဲ့ ဒေါ်ဝါ၀ါဝင်းရွှေရဲ့ ဟိုတယ်မှာ အာဏာရှင်တွေ အားကိုးနဲ့ ဒုစရိုက်ပေါင်းစုံ ဖွင့်ခွင့်ပြုခဲ့ရာ လွတ်မြောက်နယ်မြေ ဖြစ်နေပြီး အာဏာရှင်တွေကိုယ်တိုင် ဟိုတယ် မယ်လေး တွေနဲ့ ပျော်ပါးရာ နေရာလေး ဖြစ်ခဲ့ပါတယ်။

ဗိုလ်အုန်းမြင့်ဟာ အပြောအဆိုမှာတော့ အင်မတန်ညက်ညောပြီး စီးပွားရေးအရ အလွန် သောင်းကျန်းသူ တစ်ဦးသာ ဖြစ်ပါတယ်။ သူဗိုလ်ကြီးဘ၀က မှတ်တမ်းရုံးမှာ တပ်မှူး ဗိုလ်မှူးကြီးခင်လတ်ရဲ့ အိမ်စီးပွားရေး လုပ်ငန်းများကို ရှာဖွေပေးရင်း သူ့ရဲ့ ကိုယ်ကျိုးစီးပွားပါ အိတ်ထဲ ထည့်တတ်သူ ဖြစ်ပါတယ်။ ကမ်းရိုးတန်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဘ၀တုန်းကပင် ကုန်သည်များထံမှ လိုင်စင်မဲ့ (4/4 Double cab) Tiger ကားများကို ချောကားအဖြစ် သုံးရင်း တစ်ခါတည်း ကိုယ်ပိုင်ကားအဖြစ် သိမ်းယူလိုက်လို့ ထိုစဉ်က တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ် သီဟသူရစစ်မောင်က ၀င်ရောက် ဖြန်ဖြေပေးလိုက်ရကာ တိုင်းစစ်ဌာနချုပ်ပိုင်ကား အဖြစ် အကာအကွယ်ပေးခဲ့ရဖူးပါတယ်။ ဗိုလ်အုန်းမြင့်ဟာ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်ကို တိုင်းမှူးဘ၀နဲ့ ပြန်လည်ရောက်ရှိခဲ့ရာ ပိုမိုလောဘတက်ပြီး ကော့သောင် - ရနောင်းက စီးပွားရေး လုပ်ငန်းများကို ချုပ်ကိုင်ခဲ့ ပါတယ်။ တဖန် သူ့ရဲ့မိန်းမဟာ ကချင်မဖြစ်လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကချင်ပြည်နယ်ကို တိုင်းမှူးအဖြစ် ထပ်မံ ပြောင်းရွှေ့ခဲ့ရာက စီးပွားရေး ပိုမို သောင်းကျန်းနိုင်ခဲ့ပြန်ပါတယ်။ ထိုမှ တဆင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်ပြန်တော့လည်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့ ပါဝင်တဲ့ မပခ၊ နမခ တို့ကို ကိုင်တွယ်ရပြန်လို့် “ရလေ လိုလေ အိုတစ္ဆေ” ဆိုသလို လောဘဇောတက်ပြီး စီးပွါးရေးနဲ့ နံမည်ပျက်လာပြန်ပါတယ်။ ဗိုလ်အုန်းမြင့် မပခတိုင်းမှူးဘ၀က တရားမ၀င် ဖမ်းဆီးသစ်များကို ဖမ်းဆီးရမိတဲ့ နေရာများမှ မြို.များ/သစ်ဆိပ်များသို့ သယ်ယူဖို့ ဗန်းပြပြီး တရုတ်ကို အဲဒီသစ်တွေ ခိုးထုတ်နေတဲ့ ဗိုလ်ချုပ်အုန်းမြင့်ရဲ့နောက်ခံ လက်ရုံးတစ်ဆူပမာဖြစ်သော “အောင်မိုင်ကုမ္ပဏီ” ဟာ ကချင်/စစ်ကိုင်း/ချင်းတွေကို ကိုင်တွယ် ရတဲ့ ဗိုလ်အုန်းမြင့်ရဲ့  ကစထမှူးးနေရာကို ဗိုလ်ချုပ် သာအေးနဲ့ ပြောင်းလဲလိုက်ပြီးတဲ့ နောက်ပိုင်းမှာတော့ အစစ်ဆေးခံရကာ ဖျက်သိမ်းလိုက်ခြင်း ခံခဲ့ရပါတယ်။ ကချင်ပြည်နယ်အနှံ့ ရှိနေတဲ့ ဖမ်းဆီးရမိ သစ်များကို သယ်ဆောင်ဖို့ဆိုပြီး နောက်တိုင်းမှူးဗိုလ်အုန်းမြင့်က သူနဲ့နီးစပ်တဲ့ ကုမ္ပဏီတစ်ခုကို ခေါ်သွင်းလာပါတယ်။ သစ်ဖမ်းတုံးကလည်း တပ်တွေပါပါတယ်။ ပိုက်ဆံယူ လွှတ်တာလည်း ဒီတပ်တွေပါဘဲ။ ဒီသစ်တွေဖမ်းပြီး ပြန်သယ်တော့လည်း ဒီတပ်တွေပါပဲ။ ပြန်သယ်ရင်းနဲ့ အယောင်ပြပြီး ပြန်ခိုးထုတ်တာလည်း ဒီတပ်တွေပါပဲ။ လုပ်စားနေလိုက်ကြတာများ မျက်စိလည်စရာတောင် ကောင်းလှပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက် ဒေသတွေမှာ ကျွန်း/တမလန်းနှင့် ပိတောက်အပါအ၀င် အဖိုးတန်သစ်များ ကုန်သွားလို့ တရုတ်တွေက ကညင်/ကြေးလန်/စကားဝါ စတဲ့ သစ်မျိုးများကိုပါ ခိုးယူနေကြကြောင်း သိရှိရပါတယ်။ တေဇ၊ ဇော်ဇော်၊ ထွန်းမြင့်နိုင်၊ အောင်ကိုဝင်း၊ စိုင်းစံထွန်း၊ ချစ်ခိုင်၊ ဌေးမြင့်၊ ဝင်းမြင့်၊ ခင်ရွှေ၊ မောင်ဝိတ် သူတို့ရဲ့ ပုဂ္ဂလိက လုပ်ငန်းကြီးများ မြန်မာပြည်မှာ ကြီးထွားလာတာနဲ့အမျှ အကျိုးဆက်က မတွေးရဲလောက်အောင် ဖြစ်ပါတယ်။ပုဂ္ဂလိက လုပ်ငန်း ဖြစ်သည့်အတွက် ဈေးကစားတာတွေ ကြုံရမယ်။ မကျေနပ်လို့ ပုဂ္ဂလိကလုပ်ငန်းက ဈေး (၁၀) ဆ တက်စေဦးတော့ ဘာမျှ ပြောမရ။ အစိုးရပိုင်လုပ်ငန်းက ဈေးတက်သွားပြီဆိုရင် ဆူပူမှုတွေ ဖြစ်သွားနိုင်တယ်။ ထိန်းထိန်းညှိညှိ လုပ်ရတဲ့ သဘာဝရှိတယ်။ အဲဒီလို ခြားနားချက်များကြားမှာ (၁၀) ဦးပိုင် ပုဂ္ဂလိကလုပ်ငန်းကြီးတွေ တွင်ကျယ်သွားရင်ဖြင့် မြန်မာပြည်သူတွေ အငတ်ဘေး ဆိုက်သွားနိုင်ချေရှိတယ်။

သံဃာတော်တွေ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို မီးလောင်ဗုံးတွေနဲ့ ပစ်ခွဲခဲ့တဲ့အတွက် ဒီဦးသိန်းစိန်အစိုးရဟာ ဘာတွေပဲ ပြောင်းလဲနေတယ်ပဲပြောပြော အရင်စစ်အစိုးရရဲ့ အမူအကျင့်တွေ အတိုင်းပဲ၊ ပြည်သူတွေအပေါ်မှာရက်စက်တုန်း ဆိုတာ ရက်ရက်စက်စက် ဖြိုခွင်းတဲ့အကျင့်တွေ ရှိနေတုန်းဆိုတာကို ကသက်သေပြုလို့နေပါတယ်။အမှန်တကယ်တော့ လွတ်လပ်မှုရှိပြီး လွှမ်းမိုးမှု မရှိတဲ့ သီးခြား အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသင့်ပြီး နိုင်ငံတော် မျက်နှာ တစ်ခုတည်းသာကြည့်ကာ ပြတ်ပြတ်သားသား ဆောင်ရွက်သင့်ပါတယ်။ ပြည်သူလူထုဟာ ယနေ့အချိန်အထိကို ဥပဒေရဲ့ အကာအကွယ်၊ ဥပဒေနဲ့ ချေပခွင့်ဆိုတာ လုံးဝ မခံစားခဲ့ရဘူး။

ဇော်ဝမ်းမောင်

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။