(ဒေါန်းမာန်ဟုန်)
ပါတီဥက္ကဋ္ဌရာထူးရယူ ထားခြင်းကြောင့် ဝေဖန်မှုများခံနေရသည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရာထူးမှ နုတ်ထွက်လိုက်သဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပါတီဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူလိုက်ကြောင်း ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဒု - ဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပါတီဥက္ကဋ္ဌရာထူး တရားဝင်လွှဲပြောင်းယူလိုက်ကြောင်းကို ယနေ့ ကျင်းပပြု လုပ်ခဲ့သည့် ကြံခိုင်ရေးပါတီလူငယ်ညီလာခံတွင် တရားဝင်ကြေညာခဲ့ခြင်းဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် ဦးအောင်သိန်းလင်း ကအတည်ပြုပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် ကြံခိုင်ရေးပါတီဗဟိုညီလာခံတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်အရွေးချယ်ခံခဲ့ရပြီး အခြေခံဥပဒေပုဒ်မ ၆၄ အရ နိုင်ငံတော်သမ္မတသည် ပါတီ တစ်ခု၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်ခွင့်မရှိသောကြောင့် သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်များ လွဲအပ်ထား ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌသစ် သူရဦးရွှေမန်းသည် ယနေ့နံနက်တွင်ကျင်းပခဲ့သည် ပါတီ၏ လူငယ်တွေ့ဆုံပွဲနှင့် လူငယ် စွမ်းရည်မြှင့်တင်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး သဘာပတိ ပြု လုပ်ကာ အဖွင့်မှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
၎င်း၏အမှာစကားတွင် ပါတီစတင်တည်ထောင်ခဲ့သော ၁၉၉၃ ခုနှစ် ကတည်းကပင် လူငယ်များနှင့်စတင်ဖွဲ့ စည်းခဲ့ ခြင်းဖြစ်ကာ ပါတီ၏ သမိုင်းကြောင်းကို ကြည့်ပါက လူငယ်များကို မဏ္ဍိုင်ပြု၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါအစဉ်လာ ကောင်း ကို ဆက်လက်ထိန်းသိမ်းရန်အတွက် လူငယ်များနှင့် အားသစ်လောင်းရန်လိုအပ်ကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြော ကြားခဲ့သည်။
ပါတီ၏ ရည်မှန်းချက်ဖြစ်သည့် ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောင်နိုင်ရန်အတွက် လွှတ်တော် အသီးသီးတွင် နေရာယူထားကြသော ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့အစိုးရ အကောင်အ ထည်ဖော်နေသော ကဏ္ဍများတွင် အဆင်ပြေချောမွေ့နိုင်ရန် ကူညီဆောင်ရွက်ရမည်ဖြစ်ပြီး သို့မှသာလျှင် ပါတီ၏အစဉ်လာကောင်းကို ထိန်းသိမ်း နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒီမိုကရေစီစနစ် အောင်မြင်ရန်အတွက် ဦးနှောက်နှင့်တွေး၊ ပါးစပ်နှင့်ပြောနေရုံဖြင့် မရဘဲ လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှသာ အောင်မြင်မည်ဖြစ်ပြီး အပြောနှင့်အလုပ်မညီပါကလည်း ပြည်သူလူထုမှ ပါတီအပေါ် ယုံကြည်မှုကျဆင်းသွားမည်ဖြစ်ကြောင်းနှင့် ယခင်ကာလများကဖြစ်ပွားခဲ့သည့် မကောင်းသည့် အစဉ်အလာကိစ္စရပ်များကို သင်ခန်းစာယူကာ ဖျောက်ဖျက်ရမည်ဖြစ်ပြီး ထိုသို့ဖျောက်ဖျက်နိုင်ရာတွင် အကြံပြုချက်များကို နားထောင်ရန်၊ ဆွေးနွေးချက် များကို လက်ခံရန်၊ အပြန်အလှန်ဆွေးနွေးမှုအပေါ်မူတည်ပြီး အကောင်းဆုံးရလဒ် တို့ကိုအကောင် အထည်ဖော်ရမည် ဖြစ် ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။
ပြည်သူများ၏ လိုအပ်ချက်များ၊ အခက်အခဲများကို မိမိတို့ပါတီအနေဖြင့် မပြတ်နားစွင့်နေရမည်ဖြစ်ပြီး လူပုဂ္ဂိုလ် တစ်ယောက်၏ အကျိုးနှင့် ပါတီ၏ အကျိုးကိုယှဉ်လာမည်ဆိုပါက ပါတီ၏အကျိုးကိုဦးစားပေးမည်၊ ပါတီ၏ အကျိုးနှင့် နိုင်ငံ၏ အကျိုးယှဉ်လာပါက နိုင်ငံ၏အကျိုးကိုဦးစားပေးမည် ဟူသည့် ပါတီ၏ခံယူချက်အတိုင်း လက်တွေ့ဆောင်ရွက်နိုင်ပါက ပြည်သူ များ၏ ယုံကြည်လေးစားမှုကို ရရှိလာမည်ဖြစ်ကြောင်း ၎င်းကပြောကြား ခဲ့ကြောင်းသိရှိရသည်။
အဆိုပါအစည်းအဝေးသို့ ဦးသူရရွှေမန်းအပါအဝင် ပါတီဒုတိယ ဥက္ကဋ္ဌများ၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပါတီဥက္ကဋ္ဌများ(ဝန်ကြီးချုပ်)၊ ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယများ အပါအဝင် ဖိတ်ကြား ခံရသူ ၆၂၇ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
Yangon chronicle

No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။