Sunday, May 19, 2013

ဝန်ကြီး ဦးအောင်မင်း သားမက်ဖြစ်သွားတဲ့ ရဲလေး

(ဧရာဝတီ)

နာမည်ကြီး အဆိုတော် သရုပ်ဆောင် ရဲလေးကတော့ သမ္မတ ရုံး ၀န်ကြီးတပါးဖြစ်တဲ့ ဦးအောင်မင်းရဲ့ သားမက်ဖြစ်သွားပါပြီ။ 

အဆိုတော် ရဲလေးနဲ့ ဇနီးသည် မအေးမြအောင် ( ဓာတ်ပုံ- Nyo Ohn Myint's facebook)
 
ဒီကနေ့ မနက် ဟာမစ်တစ် မဟာစည် သာသနာ့ ရိပ်သာမှာ ကျင်းပခဲ့တဲ့ ရဲလေးနဲ့ မအေးမြအောင်တို့ရဲ့ မင်္ဂလာ ဆွမ်းကျွေးမှာ သမ္မတ အကြံပေးတွေ၊ ၀န်ကြီး၊ ၀န်ကလေးတွေ၊ ကြံ့ခိုင်ရေးပါတီထိပ်တန်း 
ခေါင်းဆောင်တွေ၊ နယ်ပယ် အသီးသီးက ထင်ရှားသူတွေ နဲ့ အတော်စည်ကားပါတယ်။ 

  
ရဲလေးရဲ့ မင်္ဂလာပွဲကို လူအများက အတော်စိတ်ဝင်စားခဲ့ကြတာပါ။ လာမယ့် ဇွန်လ ၁ ရက်နေ့မှာ မင်္ဂလာ ဧည့်ခံပွဲကြီးကိုလည်း ကျင်းပသွားဖို့ ရှိတယ်လို့ သိရပါတယ်။ 


မင်္ဂလာဦးဆွမ်းကျွေးဟာ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းရဲ့ သမီးဖြစ်တာကြောင့် အခုလို အာဏာရှိ အသိုင်းအ၀ိုင်းက လူတွေအတော်များများ လာရောက်ကြတာဖြစ်ပါလိမ့်မယ်။ 

ရဲလေးရဲ့ မင်္ဂလာဆွမ်းကျွေးမှာ တွေ့ရတဲ့ သတို့သမီး ဖခင် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း 

ဒီပွဲမှာတော့ သတို့သမီးရဲ့ မိဘတွေဖြစ်တဲ့ ၀န်ကြီး ဦးအောင်မင်းတို့ ဇနီးမောင်နှံနဲ့အတူ သတို့သား ရဲလေး ရဲ့ မိခင်တို့ကို တွေ့ကြရပါတယ်။

တဖက်မှာလည်း ရဲလေးဆိုတာ မိခင်ဖြစ်သူရဲ့ ဆွဲကြိုပေါင်ပြီး စတူဒီယို စရိတ်ပေးလို့ အချိန်တို အတွင်း 

အောင်မြင်တဲ့ အဆိုတော်ဖြစ်ခဲ့သူပါ။ 


လူငယ်ပရိသတ်တွေအပြင် လူကြီးပိုင်းပရိသတ်တွေလည်း ရှိခဲ့တဲ့ ရဲလေးဟာ အခုတော့ သမ္မတရုံး ၀န်ကြီး တပါးရဲ့ သားမက်ဖြစ်သွာြး့ပီဆိုတော့ သူ့ အနုပညာ ဘယ်လို ဆက်လှမ်းမယ်ဆိုတာတော့ ပရိသတ်က 

စောင့်ဆိုင်းနေကြမှာပါ။ 
 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။