Friday, December 13, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အဆက်ဆက် နှိုင်းယှဉ်လေ့လာခြင်း - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)
စစ်သေနာပတိ ဗိုလ်ချုပ် အောင်ဆန်း
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များအကြောင်း သူတို့ရဲ့ တစိတ်တဒေသ အကျင့်စရိုက်၊ အသွင်ပြင် လက္ခဏာ၊ လှုပ်ရှားမှု ဓလေ့စရိုက်၊ အခြေအနေတွေကို စစ်ဖက်လေ့လာသူများ သိရှိနိုင်စေဖို့ စည်းလုံးခြင်းရဲ့အင်အားက နှိုင်းယှဉ် တင်ပြပေးလိုက်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု စတင်ခဲ့တဲ့ အချိန်မှ စပြီး ယနေ့အထိ တပ်မတော် အကြီးအကဲများ အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးချုပ် အယ်လ်သောမတ်စ်၊ ဗိုလ်ချုပ် စမစ်ဒွန်း၊ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီး စန်းယု၊ ဗိုလ်ချုပ်ကြီး သူရတင်ဦး၊ ဗိုလ်ချုပ်ကြီး သူရကျော်ထင်၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အသီးသီး ပေါ်ထွက်ခဲ့ပါတယ်။

သူရိယနေ၀န်း ဂျာနယ်၏ ရေးသားဖော်ပြနေခြင်းကို လိုအပ်သလို ညှိနှိုင်းဆောင်ရွက်နိုင်ရန် စာနယ်ဇင်း ကောင်စီသို့ ပြန်ကြားရေး ၀န်ကြီးဌာန အကြောင်းကြားစာပေးပို့

(Eleven Media Group)

သူရိယနေ၀န်း ဂျာနယ်၏ ရေးသားဖော်ပြ နေမှုများကို လိုအပ်သလို ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဟုဆိုကာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ ပြန်ကြားရေး ၀န်ကြီးဌာနက အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်တွင်လည်း ဖော်ပြထားကြောင်း သိရသည်။

Monday, December 9, 2013

ဖိုးလပြည့်နဲ့ မောင့်ပုလဲဇင့်ဟိုတယ်

(mmplayboys.blogspot.com)

ဦးသန်းရွှေမြေး ဖိုးလပြည့် ပိုင်ဆိုင်သည်ဆိုသော နေပြည်တော် ပဲခူရိုးမပေါ်ရှိ မောင့်ပုလဲဇင့်ဟိုတယ် နှင့် မိုင် ၃၀ အရှည်ရှိသော ကိုယ်ပိုင်ကွန်ကရစ်လမ်းမကြီးနှင့်သစ်တော်ကြိုးဝိုင်းများနဲ့ပတ်သက်တဲ့နေပြည်တော် က သတင်းပေးပို့ချက်ဖြစ်ပါတယ်။
  

၂၀၀၈ အခြေခံဥပဒေ နှင့် စစ်အုပ်စုကို ပြတ်ပြတ်သားသား ဖယ်ရှားနိုင်မှသာ

(မိုးမခ)


တူမောင်ညို
ဒီဇင်ဘာလ ၇၊ ၂၀၁၃

တပ်မတော်ကို စစ်အုပ်စု က ဂုတ်ခွစီး ထားပြီး ခါးပိုက်ဆောင် တပ် သဖွယ်လုပ် ထားနိုင် သမျှကာလ ပတ်လုံး ပရော်ဖက်ရှင် စစ်တပ် ဖြစ် မလာနိုင်။ စစ်အုပ်စု သည် ၁၉၆၂ ခုနှစ် စတင်ပြီး တပ်မတော် ကို လုံးလုံး လျားလျား အုပ်စီးသွား ခဲ့ခြင်းဖြစ်သည်။ ယနေ့ အထိ အုပ်စီး ထားနိုင် ဆဲဖြစ်သည်။
ယနေ့မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ ဆိုသည် တွင် “၂၀၀၈ အခြေခံဥပဒေ” ကိုသာကွက်ပြီး ပြင်ဆင်/ အသစ်ရေးဆွဲနေ၍ ဒီမိုကရေစီစနစ်ပီပီပြင်ပြင်ပေါ်ပေါက်မလာနိုင်သကဲ့သို့   တပ်မတော်အပေါ် စစ်အုပ်စု၏ အုပ်စီးထားမှုကို မဖယ်ရှားနိုင်လျှင် ဒီမိုကရေစီစံ နှုန်းနှင့်ပြည့်ဝသောနိုင်ငံဖြစ်လာနိုင်မည်မဟုတ်ပါ။

Saturday, December 7, 2013

ဦးသိန်းစိန်ပဲ မင်းသားကြီး လုပ်မှာလား

(Irrawaddy)

သမ္မတ ဦးသိန်းစိန်က “မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး ထိုးဖောက်တဲ့ နိမ့်ကျတဲ့ စိတ်ဓာတ်တွေ ဖျောက်ဖျက်ဖို့ လိုတယ်” လို့ ဧရာဝတီတိုင်း ဒေသကြီး ခရီးစဉ်တခုအတွင်းမှာ ထုတ်ဖော် ပြောဆိုတဲ့ သတိပေး စကားက ဒေါ်အောင်ဆန်း စုကြည်အပါ အဝင် နိုင်ငံရေးပြိုင်ဘက် အားလုံး ကို ရည်ညွှန်းတာမို့ စတက်ခါစ ကလို ညီညွတ်စည်းလုံးရေး ကို ရှေးရှုမနေတော့ဘဲ အပြိုင် အဆိုင် နိုင်ငံရေး အပေါ် အခြေခံပြီး စတင် လှုပ်ရှားလာခဲ့ပြီဖြစ်ပါတယ်။

Friday, December 6, 2013

ဗမာအစိုးရ ၏ နူကလီးယား လက်နက်ပိုင်ဆိုင်ရန် အစီအစဉ်


မြန်မာနိုင်ငံတွင် နူကလီးယား လက်နက်ပိုင်ဆိုင်ရန် သုသေသန ပြုလုပ် မှု့များကို ရပ်ဆိုင်းထားသည် ဟုကာကွယ်ရေး ၀န်ကြီး ဋ္ဌာနမှ နိုင်ငံတကာမဟာဗျူဟာ လေ့လာရေးဌာနIISS နိုင်ငံတကာ အနူမြူစွမ်းအင် အေဂျင်စီ IAEA တို့ ကို ငြင်းဆို ထားသော် လည်း ဆက်လက်ပြု လုပ်နေသည် မှာ ဒေသတွင်း နိုင်ငံ များအား ခြိမ်းခြောက် လာနိုင်သည့် အနေအထား သို့ ရောက်ရှိလာ ပြီဖြစ်

အခုအစီစဉ် မှာ ပူပေါင်းပါဝင်လာသူ မှာ ခရိုနီ တေဇ ဖြစ်ပြီး သန်းရွှေ ၏အိမ်မက် တစ်ခု ကို အကောင်ထည်ပေး ချင်တာ တစ်ကြောင်း နောက်ပြီး တေဇမှ ငါတို့ဆီမှာ နူကလီးယား လက်နက်သာ ရှိ ဘယ်နိုင်ငံမှ ကြောက်နေစရာ မလို ဘူးဟု ပြောတယ် လို့ လည်းကြားရပါတယ်
ဒီအစီစဉ်ကို အကောင်ထည် ဖော် ဖို့ အတွက် သန်းရွှေ အနာမယူ မှီကတည်းက ကြိုးပမ်း နေတာကတော့ အားလုံးအသိပါ DSA DSTA ကျောင်းဆင်း ဗိုလ်များ ထဲ မှ ထူးချွန် သူများအား ရှရှားနိုင်ငံသို့ စေလွှတ်ပြီး နူကလီးယား နက်နဲ့ ပက်သက် တဲ့နည်းပညာ တွေ ကိုသွားရောက် လေ့လာ ခိုင်းခဲ့ ပါတယ်

အင်္ဂလိပ်-အမေရိကန် နဲ့ ဗမာစစ်အုပ်စု

(VOA)

ဦးသိန်းစိန် အစိုးရရဲ့  ပြုပြင်ရေး လုပ်ငန်းကို ထောက်ခံ အားပေးတဲ့ အနောက်နိုင်ငံတွေ ဟာ ဗမာစစ်တပ် နဲ့ ပြန်လည်ဆက်သွယ်ရေး ကိုလည်း စိတ်ဝင်စားကြပါတယ်။ ဗိုလ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဗိယက်နမ်၊ စင်္ကာပူ နဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်ပြီး ဆက်ဆံရေးမြှင့်တင်နိုင်ခဲ့ပေမယ့် အင်္ဂလိပ်-အမေရိကန်နဲ့ ပြန်လည်ဆက်သွယ်ဖို့ကိစ္စမှာ အစပျိုးတဲ့အခြေအနေမှာ ရှိနေပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေအကြောင်း နားလည်းအောင် ဗမာစစ်ဗိုလ်တွေကို သင်တန်းပေးဖို့ စီစဉ်တာနဲ့ ပတ်သက်ပြီး အမေရိကန် နဲ့ အင်္ဂလန်မှာ အတော်လေး အငြင်းပွားကြပါတယ်။

တရုတ်ပြည်မှ မြန်မာအစိုးရကို တိုက်ရိုက် ရာဇာသံ ပေးတဲ့စာ

ဂိုရှယ်လေး (တင်ပြသူ)
 
 
တရုတ်တို့ ဖြစ်ချင်သည့် အတိုင်း မြန်မာအစိုးရမှ လက်ရှိ ပုဒ်မ (၁၈) အပါဝင် လက်ပံတောင်း ဒေသ တရုတ် ၀မ်ပေါင် စီမံကိန်းနှင့် ပတ်သက် ကာ လက်ရှိ တ၇ုတ် အကျိုးစီးပွား အားလုံး အား တ၇ုတ်ပြည်မှ မြန်မာပြည်သို့ ၀င်ရောက် ကာ တိုက်ရိုက် ကာကွယ် အရေးယူဆောင်ရွက် မှုမျိုး ပြုလုပ်လာနိုင် သည့် အနာဂတ် ပုံရိပ်ပြ စာတစောင် လည်း ဖြစ်နေတာမို့ စာရေးသူက တင်ပြရခြင်းပါ။ တရုတ်တို့ အဆောတလျင် ပေးပို့လိုက်သော အဆိုပါ ရာဇသံစာ အား မြန်မာနိုင်ငံခြားရေး ဌာနမှ နေပြည်တော် သမ္မတရုံးအား တိုက်ရိုက် တင်ပြခဲ့ပြီးနောက် မြန်မာနိုင်ငံ အနှံပြားက ဆန္ဒပြသူတွေ အားလုံးနည်းပါး ကို လက်ရှိ ဖမ်းဆီးအရေး ယူထောင်ချ တာတွေ ပြုလုပ်နေကြပြီဖြစ် ပါသည်။ 

နိုင်ငံရေး ပုံရိပ် ထင်ဟပ်စေတဲ့ တပ်ချုပ်ရဲ့ မဟာဗျူဟာမြောက် လှုပ်ရှားမှု

(စည်းလုံးခြင်းရဲ့အင်အား)
(၁၄) ကြိမ်မြောက် အာဆီယံ ကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး
 
တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က အမြဲတမ်း ပါဝင်ဆောင်ရွက်ရေး မဟာဗျူဟာ ချမှတ်ထားတာကို ကိုင်ဆွဲပြီး နိုင်ငံတကာ ခရီးစဉ်တွေမှာ နိုင်ငံတကာ အကြီးအကဲများနဲ့ တွေ့ဆုံခဲ့စဉ်က နိုင်ငံရေး မဟာဗျူဟာ ရည်မှန်းချက်နဲ့ အသုံးအနှုန်း ဝေါဟာရများ သုံးနှုန်း ပြောဆိုသွားသလို နိုင်ငံတော်ရဲ့ စီးပွားရေး ကဏ္ဍများကိုလည်း ထည့်သွင်းပြောဆိုသွားတယ်လို့ စစ်ဖက်နီးစပ်သူများက ပြောဆိုသွားပါတယ်။ ထိုင်းဝန်ကြီးချုပ် မစ္စရင်လပ်နဲ့ တပ်ချုပ် တွေ့ဆုံခဲ့စဉ်က ထားဝယ်ရေနက် စီမံကိန်း ထည့်သွင်းပြောဆိုတာမျိုး၊ တရုတ်နိုင်ငံသမ္မတနဲ့ တွေ့ဆုံခဲ့စဉ်ကလည်း

Thursday, December 5, 2013

မိုးဇေညိမ်း ဘာလဲ ဘယ်လဲ

(Irrawaddy)

၂၀၀၈ ခုနှစ်တုန်းက အနုပညာရှင်တွေ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ရန်ကုန်မူးယစ်အထူးရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့တဲ့ စစ်ဆေးချက်တွေကို ဖေ့စ်ဘုတ်စာမျက်နှာကနေ ဖွင့်ထုတ်ဖော်ပြခဲ့တာကြောင့် လူအများ စိတ်ဝင်တစား ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံး “ပတ်သက်ရာပတ်သက်ကြောင်း အဖွဲ့အစည်းများရဲ့ မေတ္တာရပ်ခံချက်တွေနဲ့ ကာယကံရှင်များရဲ့ မေတ္တာရပ်ခံမှုတွေကို ထောက်ထားပြီး ဆက်လက်မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်”တဲ့ မိုးဇေညိမ်း ဆိုတဲ့ အကောင့်ပိုင်ရှင်ကို ဧရာဝတီသတင်းထောက် မေစစ်ပိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။ “ဖော်ထုတ်တင်ပြနေခဲ့တာတွေရဲ့ ရည်ရွယ်ချက်ကတော့ အာဏာပိုင်ဆိုတဲ့ အကာအကွယ်ကို ယူပြီး တရားဥပဒေချိုးဖောက်တဲ့ လူတစ်စုအကြောင်းကို အများပြည်သူတွေ တိတိကျကျ သိရှိနိုင်ဖို့”လို့ မိုးဇေညိမ်းက ဆိုပါတယ်။

မျက်စိဒေါက်ထောက် ကြည်ရှုခြင်းခံရတော့မယ့် အာဆီယံဥက္ကဋ္ဌ

(Mizzima)

ဘရူနိုင်းမှာ အောက်တိုဘာ ၁၀ ရက်ကကျင်းပတဲ့ ရာထူးလွှဲပြောင်းရေး အခမ်းအနားမှာ မီဒီယာသမား တွေက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အခြေခံအဆောက်အအုံ နည်းပါးမှုတွေကို ထောက်ပြပြီး ၎င်းအနေနဲ့ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်ကနေစတင်ပြီး အာဆီယံဥက္ကဋ္ဌရာထူးကို တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်မဖြစ် သမ္မတဦးသိန်းစိန်ကို မေးမြန်းခဲ့ပါတယ်။

Wednesday, December 4, 2013

သရုပ်ဆောင်ဂန္တဝင် ဗိုလ်ချုပ်ကျော်ဘ သားနှင့် ခရိုနီများ အရှုပ်တော်ပုံ

(Thithtoolwin)

၂၀၀၈ ခုနှစ်၊ မူးယစ်ဗဟို အစီရင်ခံစာမှ ထုတ်နုတ်တင်ပြပါသည်-

(တရားခံ မင်းနိုင်(ခ) စိုးလှိုင်မြတ်၏ အစစ်ခံချက်မှ-)

ကိုအောင် (ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၏သား)နှင့် ဆက်သွယ်ရင်းနှီးမှု

၂ဝဝ၇ ခုနှစ် စက်တင်ဘာလခန့်က ပိုင်အိုးနီးယားကလပ်သို့ ကျွန်တော်သွားစဉ် ကိုအောင်နှင့်ရင်းနှီးခဲ့ပြီး ကိုအောင်မှ ကျွန်တော်အား စိတ်ပြောင်း/စိတ်ကြွဆေးပြားများ ပေးသုံးစွဲခဲ့ပြီး ကျွန်တော်မှလည်း အက်စ်တစီ ဆေးပြားများ ပြန်လည်ပေးသုံးခဲ့ဘူးပါသည်။ ကိုအောင်ကို ၄င်းနှင့်အမျိုးတော်သူ နဝရတ်(ခ)မဇာ မိတ်ဆက်ပေး၍ သိရှိရပါသည်၊ကိုအောင်နှင့် တစ်ခါတစ်ရံခန့်သာ ဆုံဖြစ်ပြီး ၄င်း၌ဆေးပြားရှိလျှင် ပေးပြီး ကျွန်တော်၌လည်း ရှိလျှင် တွေဆုံသည့်အခါတိုင်း ပေးဖြစ်ပါသည်။

ဌာနတွင်းကိစ္စ facebook မှာ ပျံ့နှံ့မှုကြောင့် မူးယစ်ရဲအဖွဲ့အတွင်း စုံစမ်းစစ်ဆေးနေ

(ဧရာဝတီ)

နာမည်ကြီး အနုပညာရှင် တချို့ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မူးယစ် အထူးရဲတပ်ဖွဲ့က ၂၀၀၈ ခုနှစ်မှာ ခေါ်ယူစစ်ဆေးခဲ့တဲ့ ဌာနတွင်း ကန့်သတ် အစီအရင်ခံစာ တချို့ အင်တာနက် လူမှု ကွန်ရက် facebook စာမျက်နှာမှာ ပျံ့နှံ့နေတာကြောင့် ဌာနတွင်း သတင်း ပေါက်ကြားမှုကိစ္စအပေါ် စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဌာနတွင်း ကန့်သတ်သတင်း ပေါက်ကြားမှု ဖြစ်တာကြောင့် စုံစမ်းနေပြီး ဌာနတွင်း အရေးယူမှု အနေနဲ့သာ ပြုလုပ်မှာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဌာနတွင်းမှာလည်း အင်တာနက် အသုံးပြုမှုတွေရှိတာကြောင့် ဟက်ကာ (Hacker) တွေက
ရုံးတွင်း အချက်အလက်ဖိုင်တွေကို ယူသွားတာလား ဆိုတာကို စုံစမ်းနေရကြောင်း မူးယစ်အထူးရဲတပ်ဖွဲ့က ဆိုပါတယ်။

တပ်မတော်သည် “ပြည်ထောင်စု တပ်မတော်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆို

(ဧရာဝတီ)

လက်ရှိ  “တပ်မတော် သည် တိုင်းရင်း သား လူမျိုး အားလုံး ပါဝင် ဖွဲ့စည်းထား သည့် ပြည်ထောင်စု တပ်မတော်” ဖြစ်ကြောင်း ကာ ကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောဆိုကြောင်း ယမန်နေ့ ထုတ် အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။

ယခုရက်ပိုင်း သွားရောက်နေသည့် ကာကွယ်ရေး ဦးစီးချုပ်၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း သံတွဲတပ်နယ်မှ အရာရှိ၊ စစ်သည် များကို ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောကြားချက်သည် တိုင်းရင်းသားများက ပြည်ထောင်စုတပ်မတော် တည်ဆောက်ရေး တောင်း ဆိုနေချိန်နှင့် တိုက်ဆိုင်နေသည်။

မီလျံနာဦးစိုးသိန်း နှင့် စောင့်လေမျိုးနွယ်

(AungLynnHtut Blog)
ပြီးခဲ့တဲ့ စက်တင်ဘာလက Myanmar Peace Centre မှာ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “စာပေလွတ်လပ်ခွင့်က မှန်မှန်ကန်ကန်ရှိရမှာပေါ့ဗျာ။ မှန်ကန်တဲ့သတင်းပဲပေးရမှာပေါ့။ ခုတော့ ဒီလိုမဟုတ်ဘဲ မမှန်ကန်တဲ့သတင်းဆိုတော့ ဒါဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ” လို့ မီဒီယာတွေကို တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် တကယ်လို့ Eleven ဂျာနယ်က ဖော်ပြတဲ့အတိုင်းမှန်ရင် သက်သေ အထောက်အထားနဲ့ဖော်ပြပြီး စစ်ဆေးထောင်ချပါလို့ ပြောခဲ့ပါတယ်။ ဦးစိုးသိန်းရဲ့ စိန်ခေါ်မှုတွေဟာ မသိတဲ့ သူတွေအတွက် အထင်ကြီး စရာဖြစ်ပေမယ့် အတွင်းသိတွေအတွက်တော့ စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။

Tuesday, December 3, 2013

အစွန်းနှစ်ပါးနှင့် ဒီချုပ်

(မိုးမခ)


တူမောင်ညို
ဒီဇင်ဘာ ၂၊ ၂၀၁၃

“အစွန်းနှစ်ပါးရှောင်ရှားရေး” ဆိုသည်မှာ အာဏာရအုပ်စိုး သူများနှင့် လူလိမ်များအတွက် လက်သုံးစကားဖြစ်လာခဲ့ပြီ။

သမ္မတ (ဗိုလ်)ဦးသိန်းစိန်သည် သူ၏ရေဒီယို မိန့်ခွန်းမှနေ၍ “၂၀၀၈ အခြေခံ ဥပဒေ” ပြင်ဆင်ရေးနှင့် စပ်လျဉ်းပြီး “အစွန်းနှစ်ပါး ရှောင်ရှား ရန်” တရားဟောသွားသည်။ သမ္မတ (ဗိုလ်)ဦးသိန်းစိန် ဆိုလိုသည့်အဓိပ္ပါယ်မှာ “ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ၁၀၉ ဦး ကော်မတီ”က “ကြောင်း”ပေးတဲ့ လမ်းအတိုင်းစည်းကမ်းသေဝပ်စွာသွားရေးဖြစ်သည်။

Monday, December 2, 2013

ဦးသိန်းစိန်အစိုးရ ပြုပြင်ပြောင်းလဲရေး မလိုလားဟု NLD ကြေညာချက်ထုတ်

(Irrawaddy)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး မေတ္တာ ရပ်ခံချက် အပေါ် အစိုး ရပြောရေးဆို ခွင့်ရှိသူ ဦးရဲထွဋ် ၏ တုံ့ပြန်ပြော ဆိုမှုသည် စစ် အစိုးရ တုံ့ပြန် ချက် ကဲ့သို့ ဖြစ်နေပြီး လက်ရှိအစိုးရ သည် ပြုပြင်ပြောင်း လဲရေး မလိုလား ဟု ယူဆစရာဖြစ်နေသည်ဟု NLDက ယနေ့ ကြေညာ ချက် ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ချောမွေ့စေရန် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ လွှတ်တော်တို့ပါဝင်သော တွေ့ဆုံဆွေးနွေးရန် မေတ္တာ ရပ်ခံချက် တစောင်  နိုဝင်ဘာလနှောင်းပိုင်းတွင် ပေးပို့လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက် သည် စောလွန်းပြီး ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာ ထွက်ရှိပြီးမှသာ တွေ့ဆုံသင့်၊ မတွေ့ဆုံသင့် ဆုံးဖြတ်သင့်ကြောင်း၊ ယခုအချိန် တွေ့ဆုံမည် ဆိုပါက လွှတ်တော် ကော်မတီအပေါ် ဖိအားပေးရာ ရောက်မည့်အပြင် ရှုပ်ထွေးမှုများ ရှိနိုင်သည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဧရာဝတီသတင်းဌာနအပါအ၀င် သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။

ဦးခင်ညွန့်သည် ရာဇဝတ်သား တရားခံ တစ်ဦး ဖြစ်သည်

(Irrawaddy)

ယခင် စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားများသည် ဥပဒေချိုးဖောက်သော ရာဇဝတ်သားများဖြစ်ပြီး ပြစ်မှုကျူးလွန်သူများ ဖြစ်သည်ဟု တချိန်က အများပြည်သူ ဖိန့်ဖိန့်တုန် ကြောက်ရွံ့ခဲ့ကြရသည်ထိ ရက်စက်စွာ ညှင်းဆဲခဲ့တတ်သော စစ်ထောက်လှမ်းရေးဌာန၏ အကြီးအကဲဟောင်း ဦးခင်ညွှန့်က ပြောဆိုလိုက်ခြင်းသည် ကျက်သရေ တုံးလွန်းလှသည်။

ဦးခင်ညွှန့် ယင်းသို့ပြောကြားခြင်းမှာ ဦးမြတ်ခိုင်ရေးသားသော ဦးခင်ညွှန့် အင်တာဗျူး စာအုပ် မိတ်ဆက်ပွဲတွင် ဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရစဉ် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခံခဲ့ကြရသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောဆိုနေခြင်းများကိုလည်း လက်မခံ ပယ်ချလိုက်သည့်အပြင် ယခင်စစ်အစိုးရလက်ထက် သူ ဦးဆောင်သော စစ်ထောက်လှမ်းရေးတပ်ဖွဲ့၏ တရားလက်မဲ့ လက်လွန်ခြေလွန်မှုများကြောင့် အကျဉ်းထောင်အတွင်း အသက်သေဆုံးခဲ့သူများ၊ အသက်မသေသော်လည်း ဘဝပျက်ခဲ့ရသူများကို နှစ်သိမ့်တောင်းပန်ရန် ရှိ မရှိ ဧရာဝတီ၏ မေးမြန်းချက်ကို “ကျနော်က ဘယ်သူ့ကို တောင်းပန်ရမှာလဲ”ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများ “အပြစ်ရှိတယ်” ဟု ဦးခင်ညွန့် ပြော

(Irrawaddy)

ယခင် စစ်အစိုးရ လက်ထက်က ဖမ်း ဆီးထောင် ချခံခဲ့ရသော နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ များသည် ဥပဒေကိုချိုးဖောက် ခဲ့သည့် ရာဇ၀တ်သားများ သာဖြစ်ကြောင်း မြန်မာနိုင်ငံ၏ စစ်ထောက် လှမ်းရေးအဖွဲ့ အကြီး အကဲဟောင်းက ပြောကြား လိုက်သည်။

ကြာသပတေးနေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော အခန်းအနားတခု၌ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်က နိုင်ငံရေး အကျဉ်း သားဟောင်းများသည် အကြောင်းမဲ့သက်သက် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည် ဆိုသည့် အချက်ကို ပယ်ချခဲ့၏။

Friday, November 29, 2013

ဒေါ်စု သမ္မတဖြစ်သွားရင် တိုင်းပြည် ဖရိုဖရဲ ဖြစ်သွားနိုင်တယ်

(ဧရာဝတီ)

မန္တလေးမြို့ မစိုးရိမ် တိုက်သစ်မှ ဦးဝီရသူသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အပြီး ဖြစ်လာမည့် သမ္မတ သစ် ရာထူးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဖြစ် သင့်ကြောင်း တရားဟောနေ သည်ဟု သတင်းများပေါ် ထွက်နေသောကြောင့် ဧရာဝတီ က တိုက်ရိုက် စုံစမ်းမေးမြန်းခဲ့ပါသည်။ “ဦးဇင်းဟောတာ က စောင့်လေမျိုးနွယ်နဲ့ ပက်သက်ပြီး ပဲ ဟောတာပါ။ ဒေါ်စုရဲ့ အိမ်ထောင် ဘက်သာ တိုင်းရင်း သားဖြစ်ခဲ့မယ်ဆိုရင် စစ်အစိုးရ လက်ထပ်မှာ နိုင်ငံခြားသားကို ယူခဲ့လို့ တိုက်တာ ကို ခံရမှာ မဟုတ်ဘူး။ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး” ဟု အရှင်ဝီရသူက ဧရာဝတီသတင်းထောက် စနေလင်းနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုတွင် ဖြေကြားခဲ့သည်။

ဒေါ်စု သမ္မတဖြစ်ရင်တော့ တိုင်းပြည် ငါးပါးမှောက်မယ်လို့ ဦးဝီရသူပြော

(Irrawaddy)

ဒေါ်အောင်ဆန်း စုကြည် သာ သမ္မတ ဖြစ်လာ မယ် ဆိုရင် တိုင်းပြည် ငါးပါးမှောက် လိမ့်မယ် လို့ မန္တလေး မစိုးရိမ် တိုက်သစ်က ဦးဝီရသူက ပြော လိုက်ပါတယ်။ 


ဒီအပြင် ဦးဝီရသူပြောတာက သမ္မတ ဦးသိန်းစိန် သာ ပြန်ပြီး သမ္မတအဖြစ် ရွေးချယ်ခံရင် သူက ထောက်ခံမှာ ဖြစ်ပြီး တကယ် လို့ ဦးသိန်းစိန်က ဆက်ပြီး အရွေးမခံတော့ဘူးဆိုရင်တော့ သူရ ဦးရွှေမန်းကို ထောက်ခံမှာဖြစ်တယ်လို့ ဧရာဝတီကိုပြောပါသေးတယ်။ 

Thursday, November 28, 2013

“ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံချက်က အချိန်မတန်သေးဘူး”

(ဧရာဝတီ)

ဒေါ်အောင်ဆန်း စုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော် တို့ နှင့် တွေ့ ဆုံဆွေးနွေး လိုကြောင်း မေတ္တာရပ်ခံစာ တစောင် ပေးပို့ခဲ့ရာ ယင်းစာအပေါ် သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ်တို့၏ တုံ့ပြန်မှုနှင့် ပတ်သက်၍ ဧရာဝတီ အယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက်က သမ္မတပြောရေး ဆိုခွင့်ရှိ သူ ပြန်ကြားရေး ဒုတိယ ၀န်ကြီး ဦးရဲထွဋ်နှင့် ဆက်သွယ်မေးမြန်း ထားပါသည်။

ဦးသန်းရွှေမြေး ဖိုးလပြည့်ပိုင်ဆိုင်သည်ဆိုသော နေပြည်တော် ပဲခူရိုးမပေါ်ရှိ မောင့်ပုလဲဇင့်ဟိုတယ် နှင့် မိုင် ၃၀ အရှည်ရှိသော ကိုယ်ပိုင် ကွန်ကရစ်လမ်းမကြီး နှင့် သစ်တော်ကြိုးဝိုင်းများ

(နေပြည်တော်သတင်း)

မောင့်ပုလဲဇင့် ဟိုတယ်ဆို တာ နေပြည်တော်မှ အလွန် နာမည်ကြီးပါ တယ် ၊ နေပြည်တော် ဟိုတယ်ဇုံ ၂ ခုထဲမှာ မရှိပဲ အမြင့်ပေ ၁၆၀၀ ကျော် ရှိတဲ့ ဖိုးစောက်တောင်ပေါ်မှာ ရှိတဲ့ ကြယ်ပွင့်များစွာ အဆင့်ရှိတဲ့ ဟိုတယ်ကြီးပါ ၊
၂၀၁၀ နှစ် ဆန်း ပိုင်းလောက်က စတင် ဖွင့်လှစ်ခဲ့ပြီး စစဖွင့်ချင်းမှာကိုပဲ ဟိုတယ်ပိုင် ဧရိယာက အနည်းဆုံး ဧက ၅၀ လောက်ရှိပါတယ် ၊
ဂျီဖိုးဂရုက တာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပြီး ဦးသန်းရွှေရဲ့ မြေးတော်လေး ဖိုးလပြည့်ကို လက်ဆောင်အဖြစ်ပေးတာလို့လဲ သိရပါတယ် ၊မောင့်ပုလဲဇင့် ဟိုတယ်ကို သွားမယ်ဆိုရင် နေပြည်တော် ဥတ္တရသီရိမြို့နယ် အင်ကြင်းပန်း အဝိုင်းအနီး ရွှေပုဇွန်ကိတ်မုန့်တိုက်အနီးကနေ တောင်ပေါ်လမ်းအတိုင်း တက်သွားရပါမယ် ၊အင်ကြင်းပန်းအဝိုင်းကို ဂူဂယ်မတ်မှာ 19.814272, 96.164138 ရိုက်ထည့်ပြီးကြည်ံနိုင်ပါတယ် ၊မောင့်ပုလဲဇင့် ဟိုတယ်နေရာကို 19.882087,96.137445 လို့ ဂူဂယ်မတ်မှာ ရိုက်ထည့်ရှာကြည့်နိုင်ပါတယ် ၊

အမှုမဲ့ အမှတ်မဲ့ တပ်ချုပ်ရဲ့ "အား" ကစားကွက် (Power Play)

(စည်းလုံးခြင်းရဲ့အင်အား)

သီလဝါဆိပ်ကမ်းရောက် ရုရှားစစ်သဘောင်္ Admiral Vinogradov 
 
တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတကာ ခရီးစဉ် လှည့်လည်ခဲ့တာ ရှိပါတယ်။ ဒီလို နိုင်ငံတကာ ချစ်ကြည်ရေး ခရီးစဉ်တွေဟာ သူ့အနေနဲ့ ဘယ်လို ရည်ရွယ်ချက်နဲ့ သွားနိုင်လဲ၊ နိုင်ငံတကာမှာ Power ဘယ်လို ကစားနေလဲဆိုတာ စစ်ရေးလေ့လာသူများက သိချင်နေကြပါတယ်။ ဒါကြောင့် POF စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်က စစ်ရုံးရှိ အရာရှိ တချို့နဲ့ စစ်ဖက်နီးစပ်သူများထံ ဆက်သွယ်ခဲ့ပြီး သုံးသပ် တင်ပြသွားပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံသို့ နှစ်ကြိမ် သွားရောက်ခဲ့ပြီး ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယနိုင်ငံတွေကို ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ပါတယ်။ အရှေ့တောင် အာရှနိုင်ငံများကို လှည့်လည်နေစဉ်မှာပင် ရုရှားနိုင်ငံကို ရုတ်တရက် ကြားဖြတ် သွားရောက်ခဲ့တာ သတိထားမိပါတယ်။ နောက်ဆုံးကျမှ တရုတ်နိုင်ငံကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့ပါတယ်။

Wednesday, November 27, 2013

၂၀၀၈ ဖွဲ့ စည်းပုံပြင် ရေး အတွက် တွေ့ ဆုံ ရေး ကာကွယ်ရေး ဦးစီးချုပ် က အထူးအရေး ပေါ် အစည်း အဝေး ခေါ်

(FNG)

၂၀၀၈ ခုနှစ် ဖွဲ့  စည်း ပုံ အခြေခံ ဥပဒေ ပြင်ဆင် ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ်က နေ ကာကွယ်ရေး ဦးစီးချုပ် ၊ သမ္မတတို့  နဲ့  တွေ့ ဆုံ ဖို့  အတွက် ဗဟို အလုပ်မှုဆောင်အဖွဲ့  ရဲ့  မေတ္တာ ရပ်ခံစာ ကို အကြောင်း ပြန် နိုင် ဖို့  အတွက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က တပ်ထဲ က ခေါင်းဆောင် တွေ ကို ဆင့် ခေါ် ပြီး အထူးအရေး ပေါ် အစည်း တစ်ရပ် ဒီနေ့  ပြု လုပ် တယ် လို့  FNG က သိရ ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ရဲ့  အထူး အရေး ပေါ် အစည်း အဝေး မှာ မြောက်ကိုရီးယား နဲ့ သံယောဇဉ် မပြတ် လို့  ဇူလိုင် လ က ဒဏ်ခတ် ပိတ်ဆို့  ခံရတဲ့ ဗိုလ်ချုပ်ကြီး သိန်းဌေး လဲ ပါဝင်တယ် လို့  သိရ ပါတယ်။

အမျိုးသားရေး စိတ်ဓာတ်နှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်

(Irrawaddy)

လွတ်လပ် ၍ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်ခွင့် အတွက် တိုက်ပွဲ ၀င်ခဲ့ကြသည် မှာ ယနေ့ ဆိုလျှင်  ၉၃ နှစ်ပင် ကြာခဲ့ပါပြီ။ ပန်းတိုင်ရောက် ရဲ့လား။
ပန်းတိုင်ကား နီး လိုက် ဝေးလိုက်၊ မှိန်လိုက် လင်းလိုက်နှင့် ၉၃ နှစ် ခရီးလမ်းကြောင်းသည် ကြမ်းတမ်းပေစွ။
ဘာကြောင့်များ ပန်းတိုင်သည် မှိန်လိုက်လင်းလိုက် ဖြစ်နေရသနည်းဟု အဖြေရှာသူများ ရှိပါသည်။ သို့သော် အဖြေသည် စာရွက် ပေါ်၌သာ ရှိနေလေ၏။ လက်တွေ့တွင် အဖြေကလည်း အားနည်းစွာ နွမ်းခွေနေလေသည်။

မြန်မာ့တပ်မတော်၏ မြေမြှုပ်မိုင်း အသုံးပြု တိုးတက်

(Irrawaddy)

မြန်မာနိုင်ငံ တွင် တိုင်းရင်း သား လက်နက် ကိုင် တပ်ဖွဲ့များ က မြေမြုပ်မိုင်း အသုံးပြုမှု ကျဆင်းလျက် ရှိသော် လည်း မြန်မာ အစိုးရ တပ်မတော် ၏ မြေမြှုပ်မိုင်း အသုံးပြုမှု မှာမူ မြင့်တက် လာကြောင်း နိုင်ငံ တကာ မြေမြုပ်မိုင်း အသုံးပြု မှု စောင့်ကြည့် လေ့ လာ ရေး အဖွဲ့(ICBL) ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာ သိရသည်။

ICBL က မြန်မာနိုင်ငံ၏ မြေမြုပ်မိုင်း သုံးစွဲမှုအခြေအနေ စောင့်ကြည့် လေ့လာခြင်း ရလာဒ် အစီရင် ခံစာ နှင့် ပတ်သက် သော သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမတွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ပြီး အစီရင်ခံစာ ရေးသား သူ သုတေသန ပညာရှင် Mr.Yeshua Moser Paungsuwan  ကိုယ်တိုင် တက်ရောက်ရှင်းလင်းခဲ့သည်။

Tuesday, November 26, 2013

သူရိယနေ၀န်း နှင့် ဦးတေဇ ပြဿနာ ပိုမိုကြီးထွားလာပြီလား

(Irrawaddy)

အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် ခရိုနီများကို ပြင်းထန်စွာ ဝေဖန်သည့် သူရိယနေ၀န်း ဂျာနယ်အား ထူးကုမ္ပဏီ အုပ်စု ဥက္ကဌ ဦးတေဇက တရားစွဲဆိုမည့် ဖြစ်စဉ်အပေါ် ပြည်တွင်း စာနယ်ဇင်းများနှင့် လူမှုကွန်ရက် စာမျက်နှာများ၌ စိတ်ဝင်တစား ရေး သား ဖော်ပြလာကြောင်း တွေ့ရသည်။

ယခင်စစ်အစိုးရ အကြီးအကဲ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟု လူအများက ပြောဆိုနေသော ဦးတေဇ ကလည်း သူ၏ လူမှု ကွန်ရက် စာမျက်နှာ ကိုယ်ပိုင် ဖေ့စ်ဘုတ်မှတဆင့် တုံ့ပြန်ထားသည်။

ခရိုနီကြီး ဦးတေဇ မြန်မာပြည်ကို ဆီဆွတ်ထားသလော…..

(Minmaha Bagan FB Page)


တေဇ (ဦးတေဇ)သည် အသက် ၅၀ နှစ်အရွယ်ရှိပြီး မြန်မာပြည်၏ ချမ်းသာဆုံးသော ထူးရင်းနှီးမြုပ်နှံ တူးဖေါ်ရောင်းချရေးကုမ္ပဏီနှင့် ကျွန်းသစ် ၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်များနှင့် လေကြောင်း ခရီးပို့ဆောင်ရေး မှ အကျိုးမြတ်များစွာ ရရှိနေသော သူ တဦးဖြစ်၏။

Tay Za, 50, is one of Burma’s richest men and is the chairman of Htoo Group, a conglomerate with businesses interests in teak trade, banking, hotels and the airline industry.
သူ့အား အမေရိကန်ပြည်ထောင်စု အစိုးရမှ ၂၀၀၈ ခုနှစ်ကတည်းကပင် အရေးယူပိတ်ဆို့ရေး နာမည်ပျက်စာရင်း သွင်းထားခြင်းခံရလေသော အကြောင်းမှာ သူသည် နိုင်ငံတကာမှ အောက်လမ်းနည်းများဖြင့် ပြည်သူလူထုအား မတရားဖိနှိပ်ရက်စက် အနိုင်ကျင့် အုပ်ချုပ်ထားသော မြန်မာစစ်အစိုးရအတွက် လက်နက်များ ၀ယ်ယူပေးခဲ့သူဖြစ်လေသည်။ ထိုကြောင့် အမေရိကန်ပြည်ထောင်စု ဘဏ်ဏာငွေ ကွပ်ကဲထိန်းချုပ်ရေး ဌာနမှ အဆိုပါ ဦးတေဇအား မြန်မာစစ်အစိုးရအတွက် စစ်ဘက်ဆိုင်ရာ ရံပုံ ငွေ အလုံးရင်းရှာပေးသူနှင့် လက်နက် ပွဲစားကြီး ဆိုသော ခေါင်းစဉ်အောက်တွင် ထည့်သွင်းသတ်မှတ်ကာ အရေးယူထားလေသည်။

Monday, November 25, 2013

နေပြည်တော်လျှို့ဝှက်သတင်း


ဦးသန်းရွှေ နှင့် လက်ရှိစစ်တပ်ခေါင်းဆောင်များ ကတောက်ကဆ ဖြစ်ခဲ့ရခြင်း နှင့် စစ်တပ်အတွင်း ဦးသန်းရွှေ သိက္ခာကျဆင်းမှုများ ဖြစ်နေရခြင်းများသည် လွှတ်တော်နာယက ဦးရွှေမန်း၏ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်သည်ဟု သမီးတော်များမှ စွပ်စွဲပြောကြား 


ဦးသန်းရွှေ နှင့် လက်ရှိစစ်တပ်ခေါင်းဆောင်များ ကတောက်ကဆ ဖြစ်ခဲ့ရခြင်း နှင့် စစ်တပ်အတွင်း ဦးသန်းရွှေ သိက္ခာကျဆင်းမှုများ ဖြစ်နေရခြင်းများသည် လွှတ်တော်နာယက ဦးရွှေမန်း၏ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်သည်ဟု သမီးတော်များမှ စွပ်စွဲပြောကြား လိုက်သည် ၊

“သမ္မတကြီးအား စာအားဖြင့်မေတ္တာရပ်ခံရန် ” ဆိုသည်နှင့်ပတ်သက်၍

(မိုးမခ)


တူမောင်ညို 
နိုဝင်ဘာ ၂၄၊ ၂၀၁၃

“နှစ်ယောက်ထဲသိတဲ့ ထိတွေ့မှု”၊ “နှစ်ယောက်အတူတွဲ ဓါတ်ပုံရိုက် တာသာရလဒ်အဖြစ် မြင်ကြရတဲ့ စကားပြောပွဲ” — မျိုးတွေ ကို စိတ်ကုန်ပါသည်။

ဝေးသော အတိတ်မှဖြစ်ရပ်များ ကိုမပြောတော့ပါ။ ၁၉၈၈ နောက်ပိုင်း မှစ၍ပြောရလျှင် အစိုးရနှင့်အတိုက်အခံ ပါတီများ အကြား၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား  ယနေ့အထိ “နိုင်ငံရေးဆွေးနွေးပွဲ” များပေါ်ပေါက်ခဲ့ခြင်းမရှိသေးပါ။

အာဏာရှင်ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၁၂)

(မိုးမခ)


နောက်ဆုံးခရီး
ဦးနေ၀င်းသည် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ကို ထူထောင်ကာ ၂၆ နှစ်တိုင်တိုင် လူထုအား နည်းမျိုးစုံဖြင့် နှိပ်ကွပ်ဖိနှိပ် စိုးမိုးအုပ်ချုပ်ကာ သယံဇာတပေါကြွယ်၍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်နေသော မြန်မာနိုင်ငံတော်အား ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်ဖြစ်အောင် ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်သွားခဲ့သည်။

ဦးနေ၀င်း ၂၆ နှစ်တိုင်တိုင် အာဏာရှင်စနစ်ဖြင့်  ထင်သလို အုပ်စိုးသွားခြင်းနှင့် ပတ်သက်၍ ၁၉၈၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ဗဟန်းမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့သော လူထုအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က -

အာဏာရှင်ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၁၁)

(မိုးမခ)


အိမ်ထောင်ရေးဘဝ
ဦးနေဝင်းသည် ၎င်း၏ ဘ၀တလျှောက်တွင် တရားဝင် အိမ်ထောင်ပေါင်း (၇) ကြိမ်ခန့် ကျခဲ့ပြီး ပထမဆုံး အိမ်ထောင်အဖြစ် ဒေါ်သန်းညွှန့်နှင့် ၁၉၃၁ ခုနှစ်တွင် လက်ထပ်ခဲ့သည်။ ဒေါ်သန်းညွှန့်သည် အပျိုမဟုတ်ပေ။ ပထမအိမ်ထောင်နှင့် သားတစ်ယောက်ပါခဲ့သူ ဖြစ်သည်။ ဒေါ်သန်းညွှန့်နှင့် ၁၉၃၇ ခုနှစ်အထိ ပေါင်းသင်းနေထိုင်၍ သားကိုသိန်း (တာတီး) ခေါ် ဦးကျော်သိန်းကို ဖွားမြင်ခဲ့သည်။ ဦးကျော်သိန်းသည် မြန်မာ့ရေနံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ပြည်မြို့နေ ဦးစိန်သီး၊ ဒေါ်ဆိုင်တို့၏ သမီး မကြည်ကြည်အေးနှင့် လက်ထပ်ခဲ့သည်။ ဦးကျော်သိန်းသည် အသက် ၄၅ နှစ်အရွယ် ၁၉၇၈ ၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။ ၎င်း၏ ဇနီးဒေါ်ကြည်ကြည်သိန်းသည် အသက် ၅၉ နှစ်အရွယ် ၁၉၉၇ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။

Friday, November 22, 2013

ဒီမိုကရေစီရဲ့ ထိချက်၊ တပ်မတော်နဲ့ မိတ်ဖက်

(စည်းလုံးခြင်းရဲ့အင်အား)
(၆၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်လာကြတဲ့ တပ်မတော် အရာရှိကြီးများ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို စည်းရုံးရနိုင်တယ်လို့ ဥရောပတိုက် (၅) နိုင်ငံ နိုင်ငံတကာ ခရီးစဉ်တစ်ခုမှာ ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်း အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ စပ်လျဉ်းပြီး NLD ရဲ့ လူထုဆန္ဒခံယူပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို ရည်ရွယ်ပြီး ပြောဆိုသွားခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနေတာဟာ တပ်မတော်ရဲ့ အခွင့်အရေးတွေကို လျှော့ချချင်လို့ မဟုတ်ဘဲ မြန်မာ့တပ်မတော်ကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့တပ်မတော်ဖြစ်ဖို့ ပြည်သူတွေက လေးစား ချစ်ခင်တဲ့ တပ်မတော်ကောင်း တစ်ခုဖြစ်စေချင်လို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ဆိုသွားပါတယ်။

နေပြည်တော်တိုင်းစစ်ဌာနချှုပ်အတွင်း ဦးသန်းရွှေ၏ ဓါတ်ပုံများကို ဖြူတ်ချနေကြ

လက်ပံခါး လှပွဲ ခွင့်ပြုမိန့်နှင့်ပတ်သတ်၍ ဦးသန်းရွှေ နှင့် ကာချုပ် မင်းအောင်လှိုင်တို့ သဘောထားကွဲလွဲမှု များဖြစ်ပေါ်လာခဲ့သည်။

ဦးသန်းရွှေမှ ကာချုပ်အား ပြစ် တင်ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး ဦးသန်းရွှေ အား လာရောက်တွေ့ဆုံရန် ဆင့်ခေါ်ခဲ့ရာ ဦးအောင်သောင်းနှင့် ဦးတင်အေး တို့မှ ဦးသန်းရွှေ အားတောင်းပန်နှစ်သိမ့်ကာ အခြေအနေ ကို ထိန်းသိမ်းခဲ့သည်။

ကာချုပ်ကလည်း လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ခဲ့ခြင်းဖြစ်၍ မိမိအားဖိအားပေးလာလျှင် ရာထူးမှ စွန့်လွှတ်ဖို့ အချိန်မရွေးရှိကြောင်း တုန့်ပြန်မည့်အနေအထားများ နေပြည်တော် စစ်ရုံးအတွင်း သတင်းပျံ့နှံ့ခဲ့သည်။

Wednesday, November 20, 2013

အာဏာရှင်ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၁ဝ)

(မိုးမခ)



ထို့နောက် ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အရေးပေါ် ပါတီညီလာခံ ကျင်းပ၍ တစ်ပါတီစနစ်မှ ပါတီစုံစနစ်အဖြစ် ပြောင်းလဲရန် ကြေညာပြီး ပါတီဥက္ကဌရာထူးမှ နုတ်ထွက်ခဲ့သည်။
နုတ်ထွက်သည့်နေ့၌ ပါတီညီလာခံတွင် ဦးနေဝင်းက “နောက်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။ အဲဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ်ဆိုရင်တော့ တပ်ကို သုံးလို့ရှိရင်တော့ အဲဒါ ဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့လို့ ကျွန်တော် ဒီကနေ့ ပြောပါတယ်” ဟူ၍ ပြောကြားကာ တပ်နှင့် ပြည်သူကို သွေးခွဲခဲ့လေသည်။

Sunday, November 17, 2013

အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၉)

(မိုးမခ)(သန်းဝင်းလှိုင်)



ဗိုလ်နေဝင်း၏ ဆင်ကွက်ထဲဝင်ခဲ့မိသော ဂဠုန်ဦးစော

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံတော်အကြီးအကဲများအား လုပ်ကြံသတ်ဖြတ်ခဲ့သော နိုင်ငံတော်လုပ်ကြံမှုတရားခံ ဂဠုန်ဦးစောနှင့် သူ့နောက်လိုက်များသည် လုပ်ကြံသည့်နေ့မှာပင် ဖမ်းဆီးခံရပြီး အထူးတရားရုံး၌ တရားရင်ဆိုင်ကာ ၁၉၄၇ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက်နေ့တွင် အပြီးသတ်စီရင်ချက် ချမှတ်ခြင်း ခံခဲ့ရသည်။

အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၈)

(မိုးမခ) (သန်းဝင်းလှိုင်)



● အဘယ်ကြောင့် အာဏာသိမ်းပိုက်ခဲ့သနည်း
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာ သိမ်းယူခဲ့ခြင်းမှာ ပထစ ခေါင်းဆောင်အချို့သည် တပ်မတော်အကြီးအကဲများ၏ သြဇာအာဏာကို လျော့နည်းသွားအောင် ဆောင်ရွက်ရန် ဆွေးနွေးခဲ့သောကြောင့် ဖြစ်နိုင်သည်ဟု ပထစအစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သော ဗိုလ်မှူးအောင် (ရဲဘော်သုံးကျိပ်ဝင်) က ပြောဆိုခဲ့သည်။

Friday, November 15, 2013

အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေး ၂ ဦးကို ပြန်လွှတ်ပေး

(Irrawaddy)

အာဏာ ရှင်ဟောင်း ဦးနေ၀င်း ၏ မြေး ၂ ဦးဖြစ်သော နိုင်ငံတော် ပုန်ကန်မှုဖြင့် သေဒဏ် ကျခံ နေရသည့် ကိုကျော်နေ၀င်း နှင့် ကိုအေးနေ၀င်း တို့ သည် အင်းစိန် အကျဉ်းထောင်မှ ယနေ့ ပြန် လည် လွတ်မြောက် လာကြောင်း သတင်း ရရှိသည်။

“ကျော်နေ၀င်းနဲ့ အေးနေ၀င်းရယ်၊ သူတို့ ၂ ယောက်အပြင် သူတို့ရဲ့ အမှုတွဲ ဘိုးတော် စကြာအောင်ပွင့်ခေါင်လည်း လွတ် လာ တယ်”ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP) (ရန်ကုန်အခြေစိုက်)မှ ကိုကျော်စိုး က ဧရာဝတီ ကို ပြောသည်။

Thursday, November 14, 2013

အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း(၇)

(မိုးမခ)



အာဏာသိမ်းရသည့်အကြောင်းပြချက
စစ်တပ်မှ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် အာဏာသိမ်းပိုက်ခဲ့ပြီးနောက် ယင်းသို့ အာဏာသိမ်းရာတွင် မတော်တဆ ထိခိုက်သေဆုံးမှုတစ်ခုမှအပ ချောမောအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ဟု ဝါဒဖြန့်ခဲ့သည်။ မတ်လ ၂ ရက်၊ နံနက် ဝ၇း၁၅ နာရီခန့်တွင် လုံခြုံရေးနှင့် စစ်ဆင်ရေး တာဝန်ယူရသော တာဝန်ခံအားလုံးက ညွှန်ကြားချက်အတိုင်း ချောမောအောင်မြင်စွာ အာဏာသိမ်းပြီးကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံးတွင် အစီရင်ခံခြင်း ၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း အိမ်သို့ သွားရောက်အစီရင်ခံခြင်း ကိစ္စများ ပြုလုပ်ကြသည်။

Wednesday, November 13, 2013

အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း(၆)

(မိုးမခ)


နိုင်ငံတော်အာဏာ သိမ်းပိုက်လိုက်ခြင်း
ဖက်ဒရယ်မူနှင့် ပတ်သက်သော လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ၁၉၆၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ကျင်းပပြီးနောက် နာရီပိုင်းမျှ အကြာ ည (၁၁) နာရီတွင် မင်္ဂလာဒုံတပ်နယ်မှ စစ်တပ်အဖွဲ့ဝင်များသည် ရန်ကုန်မြို့တွင်းသို့  တိတ်တဆိတ် ဝင်ရောက်လာခဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ နံနက်တွင် နိုင်ငံတော်အာဏာ သိမ်းယူရေးအတွက် ပထစအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တရားဝန်ကြီးချုပ်နှင့် ပြည်နယ်အကြီးအကဲများ၊ စော်ဘွားများကို ဖမ်းဆီးရန်နှင့် အချက်အချာဌာနများကို  ထိန်းသိမ်းထားရန် ရန်ကုန်မြို့တွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့တွင်းသို့ စစ်တပ်အဖွဲ့ဝင်များ ၀င်ရောက်ခြင်း မပြုမီ ရက်အနည်းငယ်ကပင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်းနှင့် စစ်တပ်အကြီးအကဲအချို့သည် နိုင်ငံတော် အာဏာကို သိမ်းပိုက်ရေးအတွက် အဆင်ပြေချောမွေ့စေရန်အတွက် ပြည်စောင့်ရဲတပ်ရင်း၏ အခြေအနေကိုပင် ကြိုတင်၍ စူးစမ်းလေ့လာထားခဲ့ကြသည်။ ထိုစဉ်က ပြည်စောင့်ရဲတပ်ဌာန၏ ဒုတိယရဲတပ်ချုပ်မှာ ဗိုလ်မှူးကြီး တန်ယုဆိုင် (ဗိုလ်မှူးချုပ်တင်ဖေ၏ယောက်ဖ)ဖြစ်သည်။

Tuesday, November 12, 2013

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၁၄) နိဂုံးချုပ်

(စည်းလုံးခြင်းရဲ့အင်အား)
ကုန်းဘောင် အင်ပါယာ
အယ်ဒီတာအဖွဲ့၏ တင်ပြချက် (၆)။ ။ ယနေ့ခေတ်ကာလတွင် ဦးအောင်မင်း၏ တရုတ်တို့အား ကြောက်နေရပါသည် ကျေးဇူး ရှိပါသည်ဆိုသော စကားလုံး အသုံးအနှုန်းများသည် ပြည်သူလူထုအဖို့ နားကန့်လန့်ဝင်စရာ စကားလုံးများပင် ဖြစ်ပါသည်။ 

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၁၃)

(စည်းလုံးခြင်းရဲ့အင်အား)
ဆင်ဖြူရှင်မင်း ရုပ်ပုံ ပန်းချီကားချပ်
မြန်မာ - တရုတ် စတုတ္ထအကြိမ် စစ်ပွဲ
အယ်ဒီတာအဖွဲ့၏ တင်ပြချက် (၅)။ ။ ရန်ကုန်မြို့တော် လသာမြို့နယ်နှင့် လမ်းမတော်မြို့နယ်များတွင် တရုတ်တန်း ၁၉/၂၀ လမ်းများမှာ ဗမာစကား လုံးဝ မတတ်သော ခြေသေး ဆံပင်ကျစ်ထားသော တရုတ်များ ရောက်ရှိနေသလို မန္တလေးမြို့ကိုလည်း တရုတ်လွှမ်းမိုးသွားပါသည်။ နဝတ အစိုးရ လက်ထက်တွင် တရုတ်အသွင်ပြောင်း ကိုးကန့်လူမျိုးများအား နိုင်ငံသားစီစစ်ရေး ယာယီကဒ် ထုတ်ပေးခွင့် ပြုလိုက်တဲ့အပေါ် အမျိုးသားရေး အန္တရယ်အဖြစ် မျိုးချစ်တပ်မတော်သား အချို့က ရှုမြင်ကြပါသည်။ ကချင်ပြည်နယ် ကျွန်းကဲ့သို့သော သစ်တောများသာမက သတ္တုများပါမကျန် မြန်မာပြည် အလယ်ပိုင်း မြွေ၊ ဖား၊ တောက်တဲ့ တိရိစ္ဆာန် သတ္တဝါများအဆုံး တရုတ်ပြည်သို့ တင်ပို့ လိုက်သဖြင့် မျိုးတုန်းမှု အန္တရယ် ကြုံတွေ့နေရပြီး တောင်သူ လယ်သမားများ၏ လယ်ကွက်များတွင် အကာအကွယ်မဲ့ကာ သဘာဝ ဘေးပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့နေရပါသည်။ 

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၁၂)

(စည်းလုံးခြင်းရဲ့အင်အား)
တရုတ်ဧကရာဇ် ချန်လုံတပ်မှ မြင်းစစ်သည်တော်ကို ပြန်လည် ပုံဖေါ်ထားခြင်း
အယ်ဒီတာအဖွဲ့၏ တင်ပြချက် (၄)။ ။၁၉၆၇ ခုနှစ် တရုတ် မြန်မာ အရေးအခင်း ပြီးခဲ့သည့်နောက် တရုတ် ကွန်မြူနစ် များသည် ပေါ်ပေါ်ထင်ထင် ဗကပများကို လူအင်အား၊ လက်နက်ခဲယမ်း အင်အားနှင့် ငွေကြေးအင်အား မြောက်မြားစွာကို ထောက်ပံ့ခဲ့ပြီး ဗကပ အသံလွှင့်ရုံကိုပင် ထူထောင် ပေးခဲ့ပါသည်။ ဗကပတို့သည် ပဲခူးရိုးမနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးမိတ်၊ မိုးကုတ်၊ မိုးကောင်း ရှမ်းပြည်နယ် မိုင်းယန်း၊ မိုင်းယောင်း၊ ပန်းဆိုင်း၊ ကျူကုတ်၊ ကွမ်းလုံ စတဲ့ မြို့နယ် ဒေသ ဧရိယာတွေကို ခရီးရှည် ထိုးဖောက်တိုက်ပွဲကြီးများ ပြုလုပ်ခဲ့ရာ တရုတ်တို့၏ ပရောဂ မကင်းကြောင်း သိရှိခဲ့ရပါသည်။ 

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၁၁)

(စည်းလုံးခြင်းရဲ့အင်အား)
စစ်သူကြီး မဟာဗန္ဓုလ၏ ချပ်ဝတ်တန်ဆာ
  
ဂုတ်တွင်းတိုက်ပွဲ။ ၀န်ကြီးမဟာစည်သူသည် တပ်ပေါင်း သီပေါအနီးမှ ဂုတ်တောင်အနားသို့ ဆုတ်ခွာ နေရာယူစေသည်။
သီပေါ့မှနောင်ချိုသို့ ယခု ၅၂ - မိုင် ဝေးသည်။ ရှေးခေတ်ချီတက်နှုန်းအရ ၂ - ညအိပ်၊ ၃ -ရက် ခရီးခန့်ဖြစ်သည်။

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၁၀)

(စည်းလုံးခြင်းရဲ့အင်အား)
ရှေးခေတ် တရုတ် စစ်သည်များ၏ တိုက်ပွဲဝင် ပန်းချီကား

သုံးသပ်ချက်
စစ်မဟာဗျူဟာ

၁၈ - ရာစုနှစ်တွင်း ကမ္ဘာအနှံ့ အတိုင်းတိုင်း အပြည်ပြည်တို့၌ ခံတပ်ကို ၀ိုင်းဝန်းသည့် စစ်မက်ဖက်ပြိုင်ခြင်း (FORT AND SIEGE WAR-FARE) ကို ကျင့်သုံးကြသည်။ ရန်သူခေါင်းဆောင်၊ သို့မဟုတ် စစ်သူကြီးကို စစ်မြေပြင်တွင် ဖမ်းဆီး ရမိလျှင်သော်လည်းကောင်း၊ ကျဆုံးလျှင်သော်လည်းကောင်း၊ ရန်သူတို့၏ မြို့တော်ကို တိုက်ခိုက် သိမ်းပိုက်ရလျှင် သော်လည်းကောင်း စစ်ပွဲ ပြီးဆုံးလေ့ရှိသည်။

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၉)

(စည်းလုံးခြင်းရဲ့အင်အား)
ရှေးခေတ် တရုတ် Qin တပ်မှ မြင်းစစ်သည်တော်


မြန်မာတို့၏ ထက်ကြပ်လိုက်စစ်

မင်ဂျွီ၏တပ်များသည် သုံးဆယ်မှ မိုင်းလုံ (MONG-L0NG) ဘက်သို့လှည့်၍ တက်သည်နှင့် ကသည်းဝန်နှင့် ဆယ်တပ်၊ တိုက်ဆင်တစ်ရာ၊ မြင်းတစ်ထောင်၊ စစ်သည်အင်အားတစ်သောင်း လက်ဝဲကြောင်း။ မက္ခရာဗိုလ်နှင့် ဆယ်တပ်၊ တိုက်ဆင်တစ်ရာ၊ မြင်းတစ်ထောင်၊ စစ်သည်သူရဲတစ်သောင်း လက်ယာကြောင်း။ ၀န်ကြီးမဟာစည်သူမှာ တပ်ပေါင်းဆယ်တပ်၊ တိုက်ဆင်တစ်ရာ၊ မြင်းတစ်ထောင်၊ စစ်သည်သူရဲတစ်သောင်းနှင့် အလယ်ကြောင်းနေပြီးလျှင် စစ်သုံးကြောင်းဖြန့်၍ လိုက်ကြသည်။ ရန်သူတို့သည် အထောက်ထောက် တပ်ခံထား၍ ဆုတ်ခွာကြသည်။ နောက်ချန်တပ်ကို မင်ဂျွီ (MIN JUI)၊ ကွမ်ယင်ပေါ (KUAN-YIN-PAO) နှင့် ဟကိုဆင် (HA-KUO-HSING)တို့ အလှည့်ကျ ကွပ်ကဲကြသည်။ ဘော်တွင်းကိုဖြတ်၍ သိန္နီဘက်သို့ ချီတက်ကြသည်။

သီတင်းကျွတ်ကန်တော့ပွဲမှ ဒေါ်ကြိုင်ကြိုင်ရဲ့ မှာကြားသံ

(စည်းလုံးခြင်းရဲ့အင်အား)
မြေးနဲ့အတူ တွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေတို့ ဇနီးမောင်နှံ (ဓာတ်ပုံ - ကိုနစ်နေမန်း)

တပ်မတော်မှာ ထုံးစံ တရပ်လို ဖြစ်နေတဲ့ တပ်ရင်းမှူး၊ တပ်မမှူး၊ တိုင်းမှူးနဲ့ အထက် အရာရှိကြီးတွေကို ခြင်းကြီး၊ ခြင်းငယ်အမျိုးမျိုး ဗူးကြီး ဗူးငယ် အသွယ်သွယ်၊ အရက်ပုလင်း မျိုးစုံ၊ အထည်လိပ် အကောင်းစားများနဲ့ သီတင်းကျွတ်နေ့တိုင်း လက်အောက်ခံ အရာရှိများနဲ့ ဇနီးတွေက တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ခေါင်းစဉ်တပ်ကာ ဂါရဝပြု ကန်တော့ကြရပါတယ်။

Monday, November 11, 2013

ဦးနေ၀င်းမြေးနှစ်ဦး လွတ်ငြိမ်းချမ်းသာခွင့် သမ္မတပေါ်မူတည်ဟုဆို

အမြင့် ဆုံးနိုင်ငံရေး ပုဒ်မဖြစ်သော နိုင်ငံတော် ပုန်ကန်မှုဖြင့် ဖမ်းဆီးခံ ထားရသော ဦးနေ၀င်း မြေးနှစ်ဦး ဒီဇင်ဘာ တွင် လွတ်ငြိမ်း ချမ်းသာခွင့် ရရှိမှုသည် သမ္မတပေါ် မူတည်ကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်း သား စိစစ်ရေးကော်မတီ ထံမှ စုံစမ်းသိရရှိသည်။

“ကော်မတီ အနေနဲ့ စစ်ဆေးတွေ့ ရှိချက်ကိုပဲ တင်ပြနိုင်တာ လွှတ်ဖို့ က သမ္မတပေါ် မှာပဲ မူတည်တယ်”ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသား များ စိစစ်ရေးကော်မ တီဝင် ဦးဘိုကြည် က ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပုဂ္ဂိုလ်ရေး အမုန်းပွားမှုမရှိဟု NLDမှ ရှေ့နေဦးကိုနီ ပြော

(Mizzima)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုလုပ်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲများတွင် ယခင် တပ်မတော် စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီးများ၏ ဆိုးကွက်များအား ထည့်သွင်းပြောဆို နေသော်လည်း လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပုဂ္ဂိုလ်ရေးအရ အမုန်းပွားမှု မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏  ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဝင် တရားလွှတ် တော်ရှေ့နေ ဦးကိုနီက ပြောသည်။

ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး ကျန်းမာရေး ယိုယွင်း

(Irrawaddy)

စစ်ခေါင်းဆောင်ဟောင်း ဒုတိ ယ ဗိုလ်ချုပ် မှူးကြီး ဦးမောင်အေးရဲ့ ကျန်း မာရေး အခြေ အနေ ယိုယွင်း လာနေပြီး ဘီးတပ် ကုလားထိုင်နဲ့ သွားလာနေ ရတယ်လို့ မိသားစု နဲ့ နီးစပ်သူတွေ များထံမှ သိရပါတယ်။

အသက် ၇၆ နှစ် ရှိပြီဖြစ်တဲ့ စစ်ခေါင်းဆောင်ဟောင်း ဟာ ပြီး ခဲ့တဲ့ သီတင်း ပတ် က ရန်ကုန်မြို့ သင်္ကန်း ကျွန်းမြိုနယ်ရှိ ပုည နိမိတ္တာရာမ ရွှေသုဝဏ်ကျောင်း မှာ ပြုလုပ်တဲ့  မိသားစု ကထိန် ကိုတောင်မှ တက်ရောက်နိုင်ခြင်း မရှိတော့ ဘဲ ဆရာတော်ကို အိမ်သို့ ပင့်ဆောင်ပြီး တရား နာယူခဲ့ရပါတယ်။
ဒါကြောင့် လက်ရှိကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်တွေလည်း ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ဂါရ၀ပြုခဲ့ကြတယ်လို့ သိရပါတယ်။

အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း - အပိုင်း(၅)

(မိုးမခ)


သန်းဝင်းလှိုင် ၊ နိုဝင်ဘာ ၁၀၊ ၂၀၁၃
ပထစ အစိုးရအကြပ်အတည်း
          ထို့နောက် ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ တွင် ပါလီမန် ပြည်သူ့လွှတ်တော် အထွေထွေရွေးကောက်ပွဲ ကို ကျင်းပပေးခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ရာ မဲဆန္ဒနယ် ၂၅ဝ ရှိသည့်အနက် သန့်ရှင်းဖဆပလ က ၂ဝ၃ မဲဖြင့် အနိုင်ရရှိခဲ့ပြီး တည်မြဲ ဖဆပလ က ၃၉ နေရာ အနိုင်ရရှိခဲ့သည်။ ပမညတသည် ရေးမြို့ တစ်နေရာသာ အနိုင်ရရှိခဲ့သည်။

Friday, November 8, 2013

ရေးချင်ရာရေး မတုန်လှုပ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံရေးသြဇာနှင့် ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲ လုပ်ရတော့မည့် ကြံ့ခိုင်ရေးပါတီ

ရေးချင်ရာရေး မတုန်လှုပ် သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နိုင်ငံရေးသြဇာနှင့်  ပါတီတွင်း သမ္မတလောင်း ရွေးကောက် ပွဲ လုပ်ရတော့ မည့် ကြံ့ခိုင်ရေးပါတီ

    တစ်ချိန်က ဗဟိုအလုပ်အမှုဆောင် ဦးသိန်းစိန်(ယခုအနားယူနေပြီး)ပြောကြား ခဲ့သလို ပါတီတွင်း ဒီမိုကရေစီ စနစ်ဖြင့် ရွေးချယ်တင် မြှောက်ကြမည့် ပါတီမှ ခေါင်းဆောင်များကို ရွေးချယ်သကဲ့သို့ ၂၀၁၅တွင် ကြံ့ခိုင်ရေး ပါတီမှ သမ္မတလောင်း အဖြစ် ပါတီတွင်း ရွေးကောက်ပွဲများ ကျင်းပရတော့မည်လောဟု ထင်မြင် . . .  စစ်အလေ့အထရောဂါ၊ အာဏာငမ်းရူး ရောဂါ၊ အချောင်သမားရောဂါ၊ သူလျှို၊ ဒလန်ရောဂါ၊ အကျင့်ပျက် ရောဂါ တည်းဟူသော သူငယ်နာ (၅)မျိုး စွဲကပ်နေခြင်း …””စသည်ဖြင့် ကြံ့ခိုင်ရေးပါတီအပေါ် သုံးသပ် . . .

ဘောလုံးပွဲ အကြွေးတင်နေသော တပ်မတော် အရာရှိတစ်ဦး ရွှေဆိုင်ကို ဓားပြတိုက်

မော်လမြိုင်၊ နိုဝင်ဘာ ၇

သထုံ အခြေစိုက် လေကြောင်းရန် ကာကွယ်ရေး (လကသ-၃၀၁၄) တပ်ရင်းမှ ဗိုလ်ကြီးအောင်ခန့်မင်း ဆိုသူသည် မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက် ကျေးရွာရှိ ဦးတင်မြင့် ရတနာရွှေဆိုင်ကို နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ တွင် ဓားပြတိုက်ခဲ့ကြောင်း ဇင်းကျိုက် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၎င်းသည် သထုံဈေး အနီးရှိ ဘောလုံးပွဲဒိုင် လုပ်ကိုင်သည့် သူငယ်ချင်း ဖြစ်သူ ဗိုလ်ကြီး သော်ဇင်ငြိမ်းထံ ဘောလုံးပွဲ ရှုံးထားသည့် အကြွေး ကျပ် ၁၁ သိန်း ပေးရန် ရှိနေခြင်းကြောင့် ဓားပြတိုက်ရခြင်း ဖြစ်သည်ဟု ဇင်းကျိုက် ရဲစခန်းတွင် ထွက်ဆိုထားကြောင်း အဆိုပါ ရဲစခန်း၏ အမှုမှတ်တမ်းများအရ သိရှိရသည်။

သူခိုးဝန်ကြီးဌာန ၁၈ ခုကို သာဓု ခေါ်ရမလား?

ဒီကနေ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်းတွင် ဘီဘီစီ အသံလွှင့်ဌာနမှ ညပိုင်း အစီစဉ်တွင် ထုတ်လွှင်သွား ၀န်ကြီးဌာ ၁၈ ခု၏ မြန်မာကျပ်ငွေ သိန်း သန်းပေါင်းများစွာအား ဘုန်းထားကြသည်မှာ အမေရိကန် ဒေါ်လာ ဘီလီယံပေါင်း ၆ ထောင်နီးပါမျှရှိသည်ဟု နိုင်ငံတကာ ငွေကြေးဆိုင်ရာ နှင့် အာဂတိ စောင့်ကြည့်သူများအဖွဲ့ အမေရိကန် နယူးယောက်တိုင်းမ်တွင် ယနေ့ ပြောဆိုပါသည်။

အာဏာရှင်ဗိုလ်နေဝင်း၏ဇာတ်သိမ်းခန်း – အပိုင်း(၄)

(မိုးမခ)


သန်းဝင်းလှိုင်၊ နိုဝင်ဘာ ၈၊ ၂၀၁၃
ဇာတာစန်း လဂ်တက်ခဲ့စဉ်
          ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် သခင်နု ယာယီနိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်လာချိန်တွင် ဗိုလ်နေဝင်းသည် ၁၉၄၇ အောက်တိုဘာ ၈ ရက်တွင် ဗိုလ်မှူးချုပ် ဖြစ်လာခဲ့သည်။ ယင်းနောက် ကာကွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်လက်ျာ၊ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်စမစ်ဒွန်း၊ ဒုတိယစစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ် စောကြာဒိုး၊ တောင်ပိုင်းတိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် အောင်သင်းတို့အား ခန့်အပ်ပြီးနောက် ဗိုလ်နေဝင်းအား ၁၉၄၇ ဒီဇင်ဘာလ ၂ ဝ ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။

Wednesday, November 6, 2013

အာဏာရှင်ဗိုလ်နေဝင်း၏ဇာတ်သိမ်းခန်း အပိုင်း(၃)

(မိုးမခ)


အာဏာရှင်ဗိုလ်နေဝင်း၏ဇာတ်သိမ်းခန်း အပိုင်း(၃)
သန်းဝင်းလှိုင်၊ နိုဝင်ဘာ ၆၊ ၂၀၁၃

ဂျပန် စစ်ပညာတော်သင်ဘဝ
          ဂျပန်နိုင်ငံသို့ စစ်ပညာသင်ရန်အတွက် ၁၉၄၁ ခုနှစ် ဇူလိုင်လ ၈ ရက် အင်္ဂါနေ့တွင် ကိုရီယုမာရူး (Koriyu Maru) သင်္ဘောဖြင့် ဂျပန်သို့ စေလွှတ်သော မြန်မာမျိုးချစ်လူငယ် စတုတ္ထအသုတ်တွင် သခင်ရူမောင်လည်း ပါဝင်ခဲ့သည်။ ယင်းအသုတ်သည် ရဲဘော်သုံးကျိပ်၏ နောက်ဆုံးအသုတ်လည်း ဖြစ်သည်။ ယင်းအဖွဲ့၌ သခင်ထွန်းအုပ်သည် အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး၊ သခင်ကျော်စိန် (ဗိုလ်မိုးညို)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်သစ် (ဗိုလ်စောနောင်)၊ သခင်စံလှိုင် (ဗိုလ်အောင်)၊ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊ သခင်ထွန်းလွင် (ဗိုလ်ဗလ)၊ သခင်မောင်မောင် (ဗိုလ်ဥာဏ)၊ သခင်လှ (ဗိုလ်မင်းရောင်)၊ သခင်သန်းညွှန့် (ဗိုလ်ဇင်ယော်) တို့ ပါဝင်သည်။

နေပြည်တော် အသုံးစရိတ် ကြမ်းဟု လွှတ်တော် ဝေဖန်

(Irrawaddy)

နေပြည်တော်ကောင်စီ က နေပြည်တော် တည်ဆောက်ရေး စီမံကိန်း များအတွက် ကျပ် ငွေ ၂၀၀ ဘီလျံကျော် တောင်းခံ ထားသည့်အပြင် ငွေလုံးငွေရင်း အသုံး စရိတ်အဖြစ် ၂၆ ဘီလျံ ထပ်မံတောင်းခံ လာသောကြောင့် နေပြည်တော်ကောင်စီ ဘတ်ဂျက် ကို  ပြည်ထောင်စုလွှတ်တော်တွင် အပြင်း အထန် ဝေဖန်ဆွေးနွေးမှု များ  ရှိနေသည်။ ထပ်မံတောင်းခံလာသော ငွေအလုံးငွေရင်း အသုံးစရိတ်ကို လွှတ်တော်က အပြည့်အ၀ခွင့်မပြုဘဲ ကျပ်သန်းပေါင်း ၁.၃ ဘီလျံကို လွှတ်တော်က စိစစ်ဖြတ်တောက်လိုက်ကြောင်းလည်း လွှတ်တော်အမတ်များက ဧရာဝတ်ီသို့ ပြောဆိုသည်။

နေပြည်တော်ကောင်စီ၏ နောက်ထပ်တောင်းခံငွေ လွှတ်တော် ထက်ဝက်ဖြတ်တောက်

(Mizzima)

နေပြည်တော်ကောင်စီမှ ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတောင်းခံသည့် ဘဏ္ဍာငွေ သန်း ၂၆၀၀တွင် သန်း ၁၃၀၀ ကျော်ကို လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒမဲအရ ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက်လျှော့ချခွင့်ပြုလိုက်သည်။

နေပြည်တော်ကောင်စီသည် နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံခြားဧည့်သည်တော်များ၊ သံတမန်များ သွားလာဝင်ထွက် နားနေရာ ကန့်သတ်နယ်မြေရှိ လမ်းလယ်ကျွန်းများအား ရေပေးရေး (ရေဖြန်းချနိုင်ရေး)အတွက် လည်းကောင်း၊ ချောင်းမကြီးဆည်အနီးတွင် ရေကန်ငယ်တစ်ကန်တည်ဆောက်ခြင်းနှင့် သပြေကုန်းအ၀ိုင်းအနီးရှိ မင်္ဂလာကန်တော်တွင် မီးအလှတပ်ဆင်ခြင်းတို့အတွက် လည်းကောင်း နောက်ထပ်တောင်းခံငွေကျပ်သန်း ၂၆၀၀ အား ခွင့်ပြုပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာခြင်းအပေါ် လွှတ်တော်က ၅၀ ရာခိုင်နှုန်းဖြတ်တောက် လျှော့ချခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ရဲ့ အရည်အသွေး ကျဆင်းနေပြီလား

(စည်းလုံးခြင်းရဲ့အင်အား)

၂၃ ကြိမ်မြောက် အာဆီယံနိုင်ငံရှိ တပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ ကျင်းပရာ ပြင်ဦးလွင်မြို့

တပ်မတော် အရည်အသွေး ကျဆင်းနေပြီဟု စစ်ဖက်နီးစပ်သူများက သတင်းပေးလာပါတယ်။

Tuesday, November 5, 2013

အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၂)

(မိုးမခ)
 အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၂)
ဗိုလ်နေဝင်းငယ်ဘဝ
သန်းဝင်းလှိုင်၊ နိုဝင်ဘာ ၅၊ ၂၀၁၃

Monday, November 4, 2013

အသွင်ကူးပြောင်းရေးနှင့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး

(ဧရာဝတီ)

သတင်း မီဒီယာတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကနေ မကြာခန တွေ့ရတတ်တဲ့ သတင်းကတော့ ရဲတပ်ဖွဲ့ဝင်တွေက သံသယရှိလို့ ဖမ်းဆီးစစ်ဆေးစဉ်မှာ အလွန်အကျွံ့ အင်အားသုံး၊ နှိပ်စက်ညှင်းပန်းလို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားကြတာ၊ ခြေလွန်လက်လွန်ဖြစ်လို့ သေဆုံးသွားတာတွေ အပြင် စစ်တပ်ကလည်း တိုင်းရင်းသားဒေသတွေမှာ ဒေသခံပြည်သူတွေအပေါ် နှိပ်စက်ညှင်းပန်းတဲ့ ကိစ္စတွေပါ။

နှစ်ရှည်ထောင်ဒဏ်တွေ ကျခံခဲ့ရပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေလည်း စစ်ကြောရေးကာလနဲ့ ထောင်တွင်းမှာ ထောက်လှမ်းရေးနဲ့ ထောင်ဝန်ထမ်းတွေရဲ့ နှိပ်စက်ညှင်းပန်းမှုတွေကြောင့် ဆေးရုံတက်ရောက် ကုသနေတဲ့ သတင်းတွေလည်း မကြာသေးမီက တွေ့ရပါတယ်။

ကိုနေရွှေသွေးအောင်ကို ဦးသန်းရွှေက နေပြည်တော် ပြန်ခေါ်ထား

(ဧရာဝတီ)

သူရိယ အလင်း ဂျာနယ်တိုက် ကို ဝင်ရောက်သိမ်းဆည်းမှုမှာ ပါတယ် ဆိုပြီး သတင်း ထွက်ပြီးနောက် ကိုနေရွှေသွေးအောင် ခေါ် ဖိုးလပြည့်ကို အဖိုးဖြစ် သူ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ရန်ကုန် ကနေ နေပြည်တော် ကို ပြန်လည် ခေါ်ယူထား လိုက်ပြီလို့ နေပြည်တော် သတင်း ရပ်ကွက် ကနေ သိရပါတယ်။

ဒီ လို ကိုနေရွှေသွေးအောင် ကို နေပြည်တော် ပြန်ခေါ်ထား လိုက်ရတာ ကတော့ သူရိယအလင်း ဂျာနယ်ရဲ့ အမှုဆောင် အရာရှိချုပ် (CEO) ဦးမိုးဟိန်းဟာ ၈၈ မျိုးဆက် ကျောင်းသားဟောင်း တဦး ဖြစ် တာကြောင့် နိုင်ငံရေးနယ်ပယ်ကလူတွေနဲ့ ပတ်သက် ရှုပ်ထွေးမှု ဖြစ်မှာ စိုးတာကြောင့် ဖြစ်နိုင် တယ်လို့ ခန့်မှန်း သုံးသပ်မှုများလည်း ရှိနေပါ တယ်။

Sunday, November 3, 2013

သတင်းစာ၊ဂျာနယ်များ မရေးရဲတဲ့ ခရိုနီ၊ စစ်အာဏာရှင်ဟောင်းများအကြောင်း

(မိုးမခ)
ဇာနီကြီး၊ နိုဝင်ဘာ ၃၊ ၂၀၁၃

အနာဂတ်မြန်မာပြည်သည် ထိုင်းနိုင်ငံပုံစံသွားမည်လော၊ ဗီယက်နမ်၊အင်ဒိုနီးရှား၊ဖိလစ်ပိုင် စသဖြင့် မည်သည့် ပုံစံသွားမည်လော ကျနော်မသိနိုင်၊ တရုပ်လိုတော့ မသွားလိုပဲ တောင်ကိုးရီးယားလို သွားစေချင်သော်လည်း ယခုဖြစ်ပျက်နေသောအခြေအနေသည် ဖိလစ်ပိုင်နိုင်ငံ ပုံစံဖြစ်နေသည်။ ထိုင်း၊မလေးရှား၊စင်ကာပူနိုင်ငံများတွင် ပြဲနေအောင်သွားရောက်လုပ်ကိုင်ရသည့်အထဲ၊ အိမ်စေအလုပ်သမများကို တရားဝင်ခွင့်ပြုမည်ဟု ဆိုလာသည်ကို ကြိုဆိုရင်း ဝမ်းနည်းမိပါသည်။